← Chapters

အခန်း ၃၄၄

Vol. 35 Ch. 344

အခန်း ၃၄၄

Vol. 35 Ch. 344

အခန်း (၃၄၄)

ရွှံ့နွံရှင်းလင်းသူများ

ထောင်ဂိတ်တံခါး၏ စစ်သူကြီးရှစ်ပါး ဆိုသည်မှာ လိမ်လည်လှည့်ဖြား၍ အသက်မွေးဝမ်းကျောင်း ပြုသည့် နည်းလမ်းတစ်ခုကို ခေါ်ဆိုခြင်း ဖြစ်လေသည်။

စစ်သူကြီး ရှစ်ပါးဆိုသည်မှာ ကျန်း၊ ထီ၊ ဖန်၊ ထျောက်၊ ဖုန်း၊ ဟော့၊ ချူ နှင့် ယောင် တို့ဖြစ်ကြပြီး ၎င်းတို့ကို ထောင်ဂိတ်တံခါး၏ စစ်သူကြီးရှစ်ပါး ဟု စုပေါင်းခေါ်ဆိုကြလေသည်။

လိမ်လည်မှုဂိုဏ်းများက ဤသဘောတရားများကို ပေါင်းစပ်ကာ ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲပြီး ၎င်းတို့၏ ကိုယ်ပိုင် စနစ်သစ်တစ်ခုကို ဖန်တီးခဲ့ကြလေသည်။

လျန်ထျန်း၏ အဖွဲ့မှာ ပရိုမိုးရှင်းအဖွဲ့ ဖြစ်လေသည်။

ဤနေရာတွင် ဤအဖွဲ့အတွက် ဗန်းစကား တစ်ခုရှိပြီး ခွေးတွန်းသူ ဟုလည်း ခေါ်ကြကာ အဓိကအားဖြင့် ယုံကြည်မှုရရှိရန် စကားပြောဆိုပြီး လူများကို ထောင်ချောက်ထဲသို့ သွေးဆောင်ခြင်း ဖြစ်လေသည်။

ဤသည်မှာ အခြေခံအကျဆုံး လိမ်လည်မှုဖြစ်ပြီး လူသစ်များအတွက် ပထမဆုံးအဆင့်အနေဖြင့် သင့်လျော် လှပေသည်။ ဤအတားအဆီးကို ကျော်ဖြတ်ပြီးမှသာလျှင် ပိုမိုနက်ရှိုင်းသော အဆင့်များသို့ ဆက်လက် လေ့လာနိုင်မည် ဖြစ်လေသည်။

ယခင်အကြိမ်က ခေါင်းဆောင်များ ၏ စားပွဲဝိုင်းတွင် ညစာစားပြီးကတည်းက လျန်ထျန်းသည် ဤလိမ်လည်မှု ဂိုဏ်းအကြောင်းကို အခြေခံအားဖြင့် နားလည်သွားခဲ့လေသည်။

ဤနေရာရှိ အထက်အောက် အဆင့်သတ်မှတ်ချက်မှာ အလွန် တင်းကျပ်လှပေသည်။ ကြီးကြပ်ရေးမှူး၊ ဌာနမှူး၊ အဖွဲ့ခေါင်းဆောင်၊ မန်နေဂျာနှင့် အမှုဆောင်အရာရှိချုပ် စသဖြင့် အဆင့်တစ်ခုစီသည် မိမိအထက်ရှိ အဆင့်ကို မဖြစ်မနေ နာခံရလေသည်။

အနိမ့်ဆုံးအဆင့် လှည့်စားခံရသူတစ်ဦးအနေဖြင့် သူသည် ဤနေရာတွင် အရေးပါသူတစ်ဦး မဟုတ်ဘဲ ခိုင်းစေ ချက်များကိုသာ လုပ်ဆောင်နိုင်ပြီး မည်သည့် လျှို့ဝှက်ချက်များကိုမျှ သိရှိခွင့် မရပေ။

သို့သော် စွမ်းဆောင်ရည် ကောင်းမွန်ပါက ရာထူးတက်ရန် အခွင့်အရေးများ ရှိနေဆဲ ဖြစ်လေသည်။ ဥပမာအား ဖြင့် လျန်ထျန်းကို စီမံအုပ်ချုပ်နေသော ကြီးကြပ်ရေးမှူးဆိုလျှင် အောက်ခြေမှနေ၍ အထက်သို့ တက်လှမ်းလာခဲ့ ခြင်း ဖြစ်လေသည်။

သို့ရာတွင် လုပ်ငန်းစဉ်မှာ ထိုမျှ မလွယ်ကူလှပေ။ ခိုင်မာသော စွမ်းဆောင်ရည်နှင့် ပံ့ပိုးကူညီမှုများ လိုအပ်ပေ သည်။ ပုံမှန်အားဖြင့် နှစ်နှစ်၊ သုံးနှစ်ခန့် အလုပ်မလုပ်ဘဲ မည်သည့်အရာကိုမျှ အောင်မြင်ရန် ခက်ခဲလှပေသည်။

လိမ်လည်မှုလုပ်ငန်း၏ ခက်ခဲမှုနှင့် ပြင်းထန်မှုမှာ ပုံမှန် အရောင်းအဝယ် လုပ်ငန်းများထက် အဆပေါင်းများစွာ ပိုမိုကြီးမားလှပေသည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ အရင်းအနှီး လုံးဝမရှိဘဲ အလကားနေရင်း ကြီးမားသော အကျိုးအမြတ်များ ကို ရယူသည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လေသည်။

အရောင်းအဝယ်လောကတွင် အလုပ်လုပ်ဖူးသူတိုင်း ရောင်းစရာ ပစ္စည်းရှိနေလျှင်ပင် ဖောက်သည်ရှာရန် ခက်ခဲ ကြောင်းကို သိရှိကြပြီး ရောင်းစရာဘာမျှမရှိဘဲ လိမ်လည်မှုသက်သက်အပေါ် မှီခိုနေရပါက ဆိုဖွယ်ရာပင် မရှိ တော့ချေ။

ကံကောင်းထောက်မစွာဖြင့် လျန်ထျန်းသည် မလာရောက်မီကတည်းက ကြိုတင်ပြင်ဆင်မှုများကို သေချာစွာ ပြုလုပ်ထားခဲ့လေသည်။

သူက မစ္စတာဝမ်ကို လူများနှင့် အကောင့်များစွာ စီစဉ်ပေးကာ သူ့ထံသို့ တဖြည်းဖြည်းချင်း ချိတ်ဆက်ရန် ခိုင်းစေခဲ့လေသည်။

ထို့ကြောင့် သူသည် အမှာစာများကို အလွယ်တကူ လက်ခံရရှိကာ အရောင်းအဝယ်များ ဖြစ်ပေါ်စေနိုင်ပြီး ၎င်းတို့အားလုံးမှာ အတော်လေး ကြီးမားသော အမှာစာများ ဖြစ်ကြလေသည်။

ထို့အပြင် သူသည် သူ၏ ကိုယ်ပိုင်ငွေများကိုသာ လိမ်လည် နေခြင်း ဖြစ်သောကြောင့် မည်သည့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး သို့မဟုတ် ဖိအားကိုမျှ မခံစားရဘဲ စိတ်အခြေအနေ အလွန် ကောင်းမွန်နေပုံ ရလေသည်။

ကြီးကြပ်ရေးမှူးပင်လျှင် တစ်ခါတစ်ရံ မသက်မသာ သက်ပြင်းချမိလေသည်။

"မင်းက ဒီအလုပ်အတွက် မွေးရာပါ ပါရမီရှင်ပဲ...။ မင်းက ဒီနယ်ပယ်ကို ရောက်လာတာ နောက်ကျသွားသလို တောင် ခံစားနေရတယ်...။”

"တကယ်လို့ မင်းသာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရောက်လာခဲ့ရင် ငါက မင်းလက်အောက်မှာ အလုပ်လုပ်နေရ လောက်တယ်...။ ဒါပေမဲ့ ခုလိုဆိုတော့လည်း ကောင်းပါတယ်လေ…၊ မင်းကြောင့် ငါ ရာထူးတက်ဖို့ အခွင့်အရေး ပိုများသွားတာပေါ့…၊ ဟားဟားဟား...။”

ဤနေရာတွင် ရာထူးတစ်ဆင့် တက်သွားတိုင်း အာဏာမှာ သိသိသာသာ တိုးလာပြီး ရရှိလာမည့် အကျိုးအမြတ် များမှာလည်း အများအပြား မြင့်တက်လာလေသည်။

အချုပ်အားဖြင့်ဆိုရသော် လျန်ထျန်းသည် ထူးချွန်သော ရလဒ်များကို အမြဲတစေ ရရှိခဲ့ပြီး အထက်လူကြီးများကို ဖားယားရန်နှင့် ဆက်ဆံရေး တည်ဆောက်ရန်လည်း ကျွမ်းကျင်ကာ တဖြည်းဖြည်းနှင့် ဤအဖွဲ့၏ အစိတ်အပိုင်း အစစ်အမှန်တစ်ခု ဖြစ်လာခဲ့လေသည်။

သူသည် ကြီးကြပ်ရေးမှူး အသစ် ဖြစ်လာချိန်တွင် နောက်ဆုံး၌ အာဏာတချို့ကို ရရှိလာခဲ့လေသည်။

ယခင် ကြီးကြပ်ရေးမှူးမှာ ဌာနမှူးသစ် အဖြစ် ရာထူးတိုးသွားခဲ့ပြီး ပိုမိုကြီးမားသော အာဏာကို ရရှိလာကာ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများ အချင်းချင်း ဆက်နွှယ်နေသောကြောင့် ၎င်းတို့၏ ဆက်ဆံရေးမှာလည်း ပို၍ ကောင်းမွန်လာခဲ့လေသည်။

သူ၏ အာဏာနှင့် အချိတ်အဆက်များမှတစ်ဆင့် လျန်ထျန်းသည် အဖွဲ့အစည်း၏ ပိုမိုနက်နဲသော လျှို့ဝှက်ချက် များကို တဖြည်းဖြည်း သိရှိလာခဲ့လေသည်။

တစ်နေ့တွင် လမ်းညွှန်မှု ခံယူလိုသည့် အကြောင်းပြချက်ဖြင့် ဌာနမှူးသစ်အဖြစ် ရာထူးတိုးသွားသော သူ၏ ယခင် ကြီးကြပ်ရေးမှူးဟောင်းနှင့်အတူ အရက်သွားသောက်ခဲ့လေသည်။

အရက်နှစ်ပုလင်း သောက်ပြီးနောက် ဌာနမှူးသစ်မှာ မူးဝေနေသည်ကို မြင်လိုက်ရပြီး အခွင့်ကောင်းဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် လျန်ထျန်းက တတ်နိုင်သမျှ သဘာဝအကျဆုံး မေးလိုက်လေသည်။

"ဌာနမှူး...၊ ဌာနမှူးက ကျွန်တော့်ရဲ့ အရင် ကြီးကြပ်ရေးမှူးပါ...။ ဌာနမှူးရဲ့ လမ်းညွှန်မှုအောက်မှာပဲ ကျွန်တော် ဒီအဆင့်ထိ ရောက်လာခဲ့တာပါ...။”

"ကြီးကြပ်ရေးမှူးကောင်း တစ်ယောက် ဘယ်လိုဖြစ်လာမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဌာနမှူးကို အကြံဉာဏ် တောင်းခဲ့တာ လုံလောက်ပြီလို့ ထင်ပါတယ်...။ အခု ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ပြောကြရအောင် လား...။”

"အခု ဌာနမှူးဖြစ်လာတော့ ဘယ်လိုခံစားရလဲ...၊ အရင်ကထက် ပိုပြီး ဂုဏ်သိက္ခာရှိလာပြီး ပိုက်ဆံတွေလည်း ပိုရနေပြီ မဟုတ်လား...။ ကျွန်တော်တို့ အဖွဲ့ဆယ်ဖွဲ့လုံးက ဌာနမှူးအတွက် အလုပ်လုပ်ပေးနေရတာလေ...။”

ဤအကြောင်းအရာ ပေါ်လာသောအခါ တကယ်မူးနေသော ဌာနမှူးသစ်က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်လေသည်။

"ငါ ပိုက်ဆံအများကြီး ရတာတော့ အသေအချာပေါ့...။ မဟုတ်ရင် ငါက ဘာကို မျှော်လင့်ရမှာလဲ...။”

"ဒါပေမဲ့ ငါ အာဏာရှိတယ် ဆိုတာကတော့ နည်းနည်း လျှော့ပြောတာပါ...။ ငါ့အထက်မှာ အဖွဲ့ခေါင်းဆောင် ရှိသေးတယ်...၊ ပြီးတော့ အဖွဲ့ခေါင်းဆောင်ရဲ့ အထက်မှာ မန်နေဂျာ ရှိတယ်...။ အဲ့ဒါ မင်းလည်း သိတာပဲလေ...။”

"အပေါ်က လူတွေက ပိုပြီး လောဘကြီးကြတာ...။ ငါ ရတာက သူတို့ရတာတွေနဲ့ ယှဉ်လိုက်ရင် ပင်လယ်ထဲက ရေတစ်စက်လောက်ပဲ ရှိတာ...။ ပြီးတော့ သူတို့ဆီက ဖိအားတွေကိုလည်း ငါက ခံရသေးတယ်...။”

"သူတို့က ဘယ်လောက်ပဲ ရရ ဘယ်တော့မှ မတင်းတိမ်နိုင်တဲ့ လောဘကြီးကောင်တွေလေ...၊ မင်း ကိုယ်တိုင် လည်း မြင်တာပဲ မဟုတ်လား...။ မကြာခဏဆိုသလို လူတွေအများကြီး ဒီနေရာကို အပို့ခံနေရတုန်းပဲ...။”

ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် အရေးကြီးသော အချက်တစ်ချက်ကို သဘောပေါက်သွားပြီး ဤကိစ္စကို ထပ်မံမေးမြန်းရန် အခွင့်အရေးကို လျင်မြန်စွာ အရယူလိုက်လေသည်။

"ဒီနေရာကို ရောက်လာတဲ့ လူအများစုက အရင်တုန်းက ကျွန်တော့် လိုပဲ အစားအသောက် ပို့တဲ့သူတွေ ဖြစ်နေပုံ ရတယ်...၊ ဘာဖြစ်လို့ သူတို့ကို သီးသန့် ပစ်မှတ်ထားနေရတာလဲ...။”

"သူတို့က ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ခံနိုင်ရည်ရှိမှုကို တန်ဖိုးထားလို့ ကျွန်တော်တို့ကို အဓိက ပစ်မှတ်ထားပြီး ခေါ်ယူနေတာများလား...။”

ဌာနမှူးသစ်က နောက်ထပ် တစ်ခွက် သောက်လိုက်ပြီး ကြို့ထိုးလိုက်လေသည်။

"မင်း သိလား...၊ မကြာသေးခင်က သူတို့ တကယ်ပဲ အစားအသောက် ပို့ဆောင်သူတွေကို အဓိက ပစ်မှတ်ထား ပြီး အလုပ်သမားတွေအဖြစ် ခေါ်ယူနေတာ...။”

"ဒါပေမဲ့ အရင်တုန်းက အခုလို မဟုတ်ဘူး...။ လွန်ခဲ့တဲ့ လအနည်းငယ်ကမှ စတာ...၊ ပြီးတော့ ငါလည်း အသေး စိတ်ကို သိပ်မသိပါဘူး...။”

"ယုတ္တိတန်တန် စဉ်းစားကြည့်ရင် ကောလိပ်ကနေ မကြာသေးခင်ကမှ ဘွဲ့ရလာတဲ့သူတွေနဲ့ လစာကောင်းတဲ့ အလုပ်ကို ရှာချင်နေတဲ့သူတွေက လှည့်စားရ အလွယ်ဆုံးလေ...။”

"အခုကျတော့ အလားအလာရှိတဲ့ အစားအသောက် ပို့ဆောင်သူတွေကို ရှာဖွေသွေးဆောင်ဖို့ ဒီလောက်တောင် အားထုတ်နေကြတာ တကယ်ကို နားမလည်နိုင်စရာပဲ...။ ငါ့မှာလည်း အဲ့ဒါကို စုံစမ်းဖို့ အာဏာမှ မရှိတာ...။”

မည်သည့် သတင်းအချက်အလက်မှ ရမည်မဟုတ်ဟု တွေးကာ လျန်ထျန်း အတန်ငယ် စိတ်ပျက်နေစဉ်မှာပင် ဌာနမှူးသစ်က နောက်ထပ် ကြို့တစ်ချက် ထိုးလိုက်ပြီး ဆက်ပြောလေသည်။

"ဒါပေမဲ့ ငါ ဌာနမှူး ဖြစ်လာပြီးတဲ့နောက် အစားအသောက် ပို့ဆောင်သူတွေကို ပစ်မှတ်ထားပြီး သွေးဆောင်ဖို့ သူဌေးက ကိုယ်တိုင် အမိန့်ပေးထားတယ် ဆိုတဲ့ ကောလာဟလ တချို့ ကြားခဲ့ရတယ်...။”

"သူဌေးက အရင်က ဟွာရှား အစားအသောက်ပို့ဆောင်ရေး ကုမ္ပဏီရဲ့ ရှယ်ယာရှင် တစ်ယောက် ဖြစ်ခဲ့ဖူးပုံရ တယ်... ။ ဒါပေမဲ့ သူ လှည့်စားခံရပြီး ရှယ်ယာတွေ အကုန်လုံး အသိမ်းခံလိုက်ရတယ်...။ ဒါကြောင့် လက်ရှိ အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီရဲ့ အဓိကရှယ်ယာရှင်အပေါ် သဘာဝကျကျ အငြိုးထားနေတာပေါ့...။”

"အခု အစားအသောက် ပို့ဆောင်သူတွေကို ပစ်မှတ်ထားပြီး လိမ်လည်နေတာက လက်စားချေတဲ့ နည်းလမ်း တစ်ခုပဲ...။ ရှယ်ယာရှင်တွေ ပြောင်းသွားပြီးတဲ့နောက် အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီက လိမ်လည်တဲ့ ကုမ္ပဏီ ဖြစ်သွားပြီလို့ ဟွာရှားမှာရှိတဲ့ လူတွေကို ထင်သွားစေချင်တာလေ...။ ကောလာဟလတွေကလည်း ဒီကိစ္စအတွက် အလုပ်လုပ်နေတာ အတော်လေးကြာနေပြီ...။”

"မင်း ကောလာဟလ ဖန်တီးတဲ့ အဖွဲ့အကြောင်း သိတယ် မဟုတ်လား...။ သူတို့က ကောလာဟလတွေ ဖြန့်ဖို့ အထူးပြုထားတဲ့ အဖွဲ့လေ...။ ပစ်မှတ်တွေရဲ့ အာရုံစိုက်မှုကို ရဖို့ သတင်းအချက်အလက်တွေ ထုတ်ပြန်ပြီး လူတွကို ထောင်ချောက်ထဲ သွေးဆောင်တဲ့နေရာမှာ သူတို့က ကျွမ်းကျင်သူတွေပဲ...။ သူတို့ရဲ့ နည်းလမ်းတွေက ငါတို့ထက် အများကြီး ပိုပြီး ဆန်းပြားတယ်လို့ ငါ အမြဲ ခံစားရတယ်...။”

ဤအရာအားလုံးကို ကြားပြီးနောက် လျန်ထျန်း၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားလေသည်။

*မှားစရာ အကြောင်း မရှိတော့ဘူး...။*

*ဒီဂိုဏ်းရဲ့ နောက်ကွယ်က ကြိုးကိုင်သူက တခြားသူ မဟုတ်ဘူး…၊ အယ်လာမာရဲ့ အရင် ဒုတိယမြောက် အစု ရှယ်ယာရှင်ကြီး ဖြစ်ခဲ့တဲ့ ပျောင်ရှင်း ပဲ...။*

*အခု သူက ငါ မမြင်နိုင်တဲ့ နေရာတွေကနေတောင် ငါ့ကို ထောင်ချောက်ထဲ သွေးဆောင်ဖို့ ဒီလိုအရာတွေ အကုန် လုံးကို စီစဉ်နေတာပဲ...။*

အကြောင်းစုံကို သဘောပေါက်သွားပြီးနောက် လျန်ထျန်းမှာ စိုးရိမ်ပူပန်မှု များစွာ ဖြစ်ပေါ်လာလေသည်။

သို့သော် အရန်အစီအစဉ်နှင့် အနိုင်ကတ်များ ရှိနေသောကြောင့် တည်ငြိမ်မှု ပျက်ပြားသွားလောက်အောင်ပင် ထိတ်လန့်သွားခြင်းမျိုးတော့ မရှိခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ 'လူသတ်လက်နက်' တစ်ခုဖြစ်သော ကျန်းချောင် မှာ မှောင်ရိပ်ထဲတွင် ပုန်းကွယ်နေလေ သည်။

အကယ်၍ မည်သည့်အန္တရာယ်မျိုးမဆို ဖြစ်ပေါ်လာခဲ့လျှင်ပင် လျန်ထျန်းအနေဖြင့် သူ၏ ဘေးကင်းလုံခြုံမှုကို သေချာစေရန် ကျန်းချောင်ကို ချက်ချင်း ခေါ်ယူ နိုင်ပေသည်။

အနိုင်ကတ် တစ်ခု ရှိနေခြင်းက လူကို မထိတ်လန့်စေရန် ကာကွယ်ပေးလေသည်။ အခြေအနေများကို တည် ငြိမ်စွာ တွေးတောပြီးနောက် လျန်ထျန်းသည် ကောက်ချက်အချို့ကို ချနိုင်ခဲ့လေသည်။

*အခု ငါ လုပ်ဖို့ လိုအပ်တာက တည်တည်ငြိမ်ငြိမ် နေပြီး ဤအဖွဲ့အစည်းရဲ့ အဓိကနေရာကို တဖြည်းဖြည်း ထိုးဖောက်ဝင်ရောက်ဖို့ပဲ...။*

*ကယ်ဆယ်ရေး လုပ်တဲ့အခါ ဘယ်သူမှ ကျန်မနေခဲ့စေဖို့ သားကောင်တွေ အားလုံးရဲ့ သတင်းအချက်အလက် တွေနဲ့ အခြေအနေတွေကို ငါတို့ မြန်မြန် စုံစမ်းရမယ်...။*

ထိုမတိုင်မီ ဤအလယ်အလတ်နှင့် အထက်တန်း စီမံခန့်ခွဲသူများ၏ ယုံကြည်မှုကို ရယူရန်မှာ အရေးကြီးနေဆဲ ဖြစ်လေသည်။ အနစ်နာမခံဘဲ အောင်မြင်မှု မရနိုင်ချေ။ ရွှံ့နွံများကို ရှင်းလင်းသူများအနေဖြင့် မိမိတို့ကိုယ်တိုင် ရွှံ့များ ပေကျံသွားမည်ကို မကြောက်ရွံ့သင့်ပေ...

All Chapters