← Chapters

အခန်း ၃၄၇

Vol. 35 Ch. 347

အခန်း ၃၄၇

Vol. 35 Ch. 347

အခန်း (၃၄၇)

ခေါင်းဆောင် ပေါ်လာပြီ

မကောင်းမှုသည် နောက်ဆုံးတွင် မီးလောင်ပြာကျသွားရမည်သာ ဖြစ်လေသည်။

သူ၏ အစွမ်းထက်သော တိုက်ခိုက်မှုများနှင့် တိကျသော ထိန်းချုပ်မှုများဖြင့် ကျန်းချောင်သည် လိမ်လည်မှုဂိုဏ်း ၏ ခေါင်းဆောင်အားလုံးကို ချက်ချင်းပင် ရှင်းလင်းပစ်လိုက်လေသည်။

လျန်ထျန်း၏ အချိန်ကြာမြင့်စွာ လျှို့ဝှက်ဝင်ရောက်ခဲ့မှုကြောင့် သားကောင်များထဲမှ မည်သူတစ်ဦးတစ်ယောက် မျှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိဘဲ ထိုအချိန်အတွင်း လူကောင်းနှင့် လူဆိုးများကို သေချာစွာ စုံစမ်းစစ်ဆေးနိုင် ခဲ့ခြင်း ဖြစ်လေသည်။

ကျွန်ုပ်တို့သည် အပြစ်မဲ့သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေမည် မဟုတ်သကဲ့သို့ မည်သည့် လူဆိုးကိုမျှ လည်း အပြစ်မပေးဘဲ လွှတ်ထားမည် မဟုတ်ပေ။

ဤသည်မှာ လျန်ထျန်းက ရန်သူ့နယ်မြေအတွင်းသို့ အချိန်ကြာမြင့်စွာ ဝင်ရောက်ကာ အရှက်ကွဲမှုများကို သည်းခံပြီး ကြီးလေးသော ဝန်ထုပ်ဝန်ပိုးများကို ထမ်းရွက်ခဲ့ရခြင်း၏ အရေးပါမှုပင် ဖြစ်လေသည်။

ယခုအခါ ကယ်တင်ခံရသူများမှာ ယာယီ ဘေးကင်းသွားပြီဖြစ်ရာ ၎င်းတို့အားလုံးမှာ တွေဝေစွာဖြင့် ခေါင်းလှည့် လာကြပြီး ၎င်းတို့၏ မျက်လုံးများအားလုံးမှာ လျန်ထျန်းထံသို့ စူးစိုက်ကြည့်နေကြလေသည်။

ထိုနေရာရှိ လူတိုင်းသည် စောစောက လျန်ထျန်း အော်ဟစ်လိုက်သည်ကို ကြားခဲ့ကြရလေသည်။

ကျန်းချောင်၏ ဝင်ရောက်လာမှုမှာ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေသော်လည်း သူ ဆက်လုပ်ခဲ့ သည့် အရာများကလည်း ထပ်တူပင် တုန်လှုပ်ဖွယ် ကောင်းလှပေသည်။

သို့သော် လူများက ဘာဖြစ်နေသည်ကို သဘောပေါက်သွားသောအခါ ကောင်းကင်ပေါ်ရှိ လူမှာ လျန်ထျန်း ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း နားလည်သွားကြလေသည်။

တစ်စုံတစ်ယောက်က တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး တုန်ရီသော အသံဖြင့် ပြောလိုက်လေသည်။

"ခင်ဗျား...၊ အို မဟုတ်ဘူး ခင်ဗျားက တကယ်တော့ ဘယ်သူလဲ...။”

လျန်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်လေသည်။

"ကျွန်တော်က၊ ကျွန်တော်တို့ ဟန်းဂရီးအုပ်စုရဲ့ အဓိကအစုရှယ်ယာရှင်ကြီးပါ...။ ခင်ဗျားတို့ကို ကယ်တင်ပြီး အိမ်ပြန်ခေါ်သွားဖို့ ရောက်လာတာပါ...။”

ထိုစကားကို ကြားသောအခါ ယခင်က အစားအသောက်ပို့ဆောင်သူများအဖြစ် လှည့်စားခံခဲ့ရသော ဤလူများမှာ ချက်ချင်းပင် မျက်ရည်ကျသည်အထိ လှုပ်ရှားသွားခဲ့ကြလေသည်။

အချို့လူများမှာ အလွန် စိတ်လှုပ်ရှားလွန်းသဖြင့် ဒူးထောက်ကာ လျန်ထျန်းကို ကျေးဇူးတင်ရန် အကြိမ်ကြိမ် ဦးညွှတ်ကန်တော့ကြလေသည်။

ဤမြင်ကွင်းကို ရင်ဆိုင်ရသောအခါ လျန်ထျန်းက ဒူးထောက်နေသူများကို အလျင်အမြန် ဆွဲထူလိုက်ပြီးနောက် လေးနက်စွာဖြင့် ပြောလိုက်လေသည်။

"ကျွန်တော်လည်း အရင်က အစားအသောက်ပို့ဆောင်သူ တစ်ယောက်ပါ...။ ခင်ဗျားတို့ အားလုံးက ကျွန်တော့်ရဲ့ ညီအစ်ကိုတွေပါပဲ...၊ ယောကျ်ားတစ်ယောက်ရဲ့ ဒူးက ရွှေလောက် တန်ဖိုးရှိပါတယ်...။ ဒီလို မလုပ်ပါနဲ့...။”

"အခုချိန်မှာ ကျွန်တော်တို့ လုပ်ရမယ့် ပိုအရေးကြီးတဲ့ ကိစ္စ ရှိသေးတယ်...။ ဒီဒုက္ခပေးတဲ့ နေရာကနေ အမြန်ဆုံး ထွက်ခွာပြီး ကျွန်တော်တို့ရဲ့ မိခင်နိုင်ငံကို ပြန်ရမယ်...။”

လျန်ထျန်း ပြောသည်မှာ မှန်ပေသည်။ ၎င်းတို့သည် မြောက်ပိုင်းသရဖူ နယ်မြေအတွင်း ရှိနေဆဲဖြစ်ပြီး နိုင်ငံတော် သို့ မပြန်ရောက်မချင်း သတိလွတ်ထား၍ မရနိုင်ချေ။

ဤနေရာတွင် လူမဆန်သော နှိပ်စက်ညှဉ်းပန်းမှုများစွာကို ခံစားခဲ့ရသူများမှာ ထိုစကားများကို သဘောတူကြပြီး အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်း မရှိဘဲ ချက်ချင်းပင် စတင် လှုပ်ရှားကြလေတော့သည်။

ထိုစဉ်က ၎င်းတို့သည် ဤနေရာသို့ လှည့်စားခေါ်ဆောင်ခံရချိန်တွင် နယ်စပ်အနီးရှိ တောင်တန်းဒေသသို့ ဘတ်စ် ကားဖြင့် ခေါ်ဆောင်ခံရပြီးနောက် ဤနေရာသို့ ရောက်ရန် အချိန်ကြာမြင့်စွာ လမ်းလျှောက်ခဲ့ကြရလေသည်။

ယခုအခါ ၎င်းတို့သည် လမ်းလျှောက်၍ ပြန်ကြရမည် ဖြစ်လေသည်။ လျန်ထျန်းသည် မူလက ၎င်းတို့ကို လာ ကြိုရန် ရဟတ်ယာဉ်အချို့ စေလွှတ်လိုခဲ့ပြီး ထိုသို့ဆိုလျှင် ပို၍ မြန်ဆန်မည် ဖြစ်လေသည်။

သို့သော် ပြည်တွင်းမှ ရဟတ်ယာဉ်များမှာ နယ်စပ်ကို ဖြတ်ကျော်၍ မရနိုင်သကဲ့သို့ မြောက်ပိုင်းသရဖူ တွင် လေကြောင်းရန် ကာကွယ်ရေးအတွက် အခြားသော အင်အားစုများ ရှိမနေဘူးဟုလည်း အာမခံချက် မရှိချေ။

ရဟတ်ယာဉ်များကို အဆင်အခြင်မဲ့စွာ စေလွှတ်လိုက်ခြင်းက ၎င်းတို့ကို ပိုမိုကြီးမားသော ပစ်မှတ်တစ်ခု ဖြစ် သွားစေပြီး ပို၍ အန္တရာယ်များသွားစေမည်သာ ဖြစ်လေသည်။

ထို့ကြောင့် ကျွန်ုပ်တို့ ဤနေရာသို့ မည်သို့ ရောက်လာပြီး မည်သို့ ပြန်ရမည်ကို စဉ်းစားရမည် ဖြစ်လေသည်။ ကံကောင်းထောက်မစွာဖြင့် ကျန်းချောင်က လေထဲမှနေ၍ လမ်းပြပေးနိုင်သောကြောင့် ထပ်မံ၍ လမ်းပျောက် တော့မည် မဟုတ်ချေ။

ထို့အပြင် လူတိုင်းက အိမ်ပြန်ရန် စိတ်အားထက်သန်နေကြသောကြောင့် မည်မျှပင် ခက်ခဲပတ်ပန်းစေကာမူ ၎င်း တို့၌ မည်သည့် ညည်းတွားမှုမျှ မရှိကြချေ။ အားလုံးမှာ အိမ်ပြန်လိုသော ဆန္ဒဖြင့် စည်းလုံးနေကြလေသည်။

သို့ရာတွင် ဤလမ်းခရီးမှာ ထိုမျှ မလွယ်ကူလှပေ။

၎င်းတို့သည် တောင်တန်းများပေါ်ရှိ ထူထပ်သော တောအုပ်ကြီးများကို ဖြတ်သန်းသွားရာတွင် လမ်းတစ်ဝက် သို့ပင် မရောက်သေးမီ ကောင်းကင်ယံတွင် ပျံသန်းနေသော ကျန်းချောင်မှာ လျင်မြန်စွာ ဆင်းသက်လာပြီး လျန်ထျန်းအား တီးတိုး ပြောလိုက်လေသည်။

"နောက်ဆယ်မိုင်အကွာကနေ လမ်းကြမ်းသုံး ကားအချို့ ကျွန်တော်တို့ကို လိုက်လာနေတယ်...။ ဒီအမြန်နှုန်းနဲ့ ဆိုရင် မိနစ်နှစ်ဆယ်အတွင်း သူတို့ မှီလာနိုင်တယ်...။”

"ထုတ်ပြောလိုက်ရင် အထိတ်တလန့် ဖြစ်သွားနိုင်တယ်...။ ကျွန်တော် သွားပြီး သူတို့ကို တိတ်တဆိတ် ရှင်းပစ် လိုက်ရမလား...။ ဒါပေမဲ့ လှုပ်ရှားလိုက်တာနဲ့ အသံတချို့တော့ သေချာပေါက် ထွက်လာလိမ့်မယ်...။”

ဤစကားကို ကြားသောအခါ လျန်ထျန်းမှာ မျက်မှောင်အနည်းငယ် ကြုတ်သွားလေသည်။

ယခုလေးတင်မှ ကယ်တင်ခံရသူများမှာ မမျှော်လင့်ထားသော အခြေအနေကြောင့် ထပ်မံ၍ ထိတ်လန့်သွား မည်ကို စိုးရိမ်သဖြင့် သူ့အား တီးတိုးပြောဆိုရခြင်းဖြစ်သည့် ကျန်းချောင်၏ ထည့်သွင်းစဉ်းစားမှုကို သူ နားလည် လေသည်။

အကယ်၍ ကျန်းချောင်က နောက်မှလိုက်လာသူများကို ဖြေရှင်းလိုက်မည် ဆိုလျှင်ပင် ထွက်ပေါ်လာမည့် အသံ များက လမ်းပေါ်တွင် ထွက်ပြေးနေသော လူအုပ်ကြီးကို လန့်နေသော ငှက်များအလား ခံစားသွားရစေမည် ဖြစ် လေသည်။

မည်သို့ပင်ဆိုစေ လူတို့သည် အကြောက်တရားနှင့် ရင်ဆိုင်ရသောအခါ စိတ်ခံစားမှု များစွာမှာ ထိန်းချုပ်၍ မရနိုင်ချေ။

သေချာစွာ စဉ်းစားပြီးနောက် လျန်ထျန်းက ပြောလိုက်လေသည်။

"ဒါချောင်...၊ မင်း ဒါကို အမြန်ဆုံး ဖြေရှင်းလိုက်တာ ပိုကောင်းမယ်... .အကွာအဝေး ပိုနီးလာတဲ့အထိ မစောင့်နဲ့ မဟုတ်ရင် ဆူညံသံတွေ ပိုကြီးသွားလိမ့်မယ်...။”

"ဒီနေရာမှာရှိတဲ့ လူတိုင်းကို ငါ ကြိုတင်ပြီး စိတ်အေးအောင် လုပ်ထားပေးပါ့မယ်...။ သူတို့က သေချာပေါက် စိုးရိမ်ထိတ်လန့်နေတုန်းပဲဆိုတော့ ဘယ်သူ့ကိုမှ လမ်းပျောက်သွားခွင့် ပေးလို့မဖြစ်ဘူး...။”

ကျန်းချောင်က အမိန့်ကို လက်ခံကာ အပြေးအလွှား ထွက်သွားပြီး လျန်ထျန်းက လက်ခုပ်တီးကာ လူများကို ပြောလိုက်လေသည်။

"ကျွန်တော်တို့ လမ်းလျှောက်လာတာ တော်တော်ကြာနေပြီဆိုတော့ အားလုံး စုပြီး ခဏလောက် နားကြရ အောင်...။”

"အခု ကျွန်တော်တို့ အဲ့ဒီ ငရဲလိုနေရာကနေ လွတ်မြောက်လာပြီဆိုတော့ အားလုံး စည်းစည်းလုံးလုံး ရှိနေသရွေ့ ကျွန်တော်တို့ အိမ်ကို သေချာပေါက် ပြန်နိုင်မှာပါ...။”

"ဒါကြောင့် ဘာပဲဖြစ်ဖြစ် လူစုကွဲသွားလို့ မဖြစ်ဘူး...။ ခုနက လူဆိုးတွေကို ရှင်းလင်းပေးခဲ့တဲ့သူက ကျွန်တော် တို့ရဲ့ ဘေးကင်းလုံခြုံရေးကို သေချာစေဖို့ အမြဲတမ်း ရှိနေပေးမှာပါ...။”

"အခု သူက အနီးနားမှာ ဘေးကင်းလုံခြုံရေးအတွက် အန္တရာယ်တချို့ကို တွေ့ရှိခဲ့လို့ သွားရောက် ဖြေရှင်းနေပြီ...၊ ဒါကြောင့် ခနနေကြရင် ဆူညံသံ တစ်ခုခု ကြားရရင်လည်း ကျေးဇူးပြုပြီး စိုးရိမ်မနေကြပါနဲ့...။ သူက အန္တရာယ် တွေကို ရှင်းလင်းနေတာပါ...။”

သူ စကားပြော၍ ဆုံးသည်နှင့် တစ်ပြိုင်နက် အဝေးမှ ပေါက်ကွဲသံများ တစ်ဆက်တည်း ထွက်ပေါ်လာခဲ့ လေသည်။

ကံကောင်းထောက်မစွာဖြင့် လျန်ထျန်းက လူတိုင်းကို ကြိုတင်၍ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပေးထားသောကြောင့် ပေါက်ကွဲမှုအပြီးတွင် လူများမှာ ကြောက်ရွံ့နေဆဲ ဖြစ်သော်လည်း မည်သူမျှ ထိတ်လန့်တကြား ထွက်ပြေးသွား ခြင်း မရှိခဲ့ချေ။

ဤအချိန်တွင် လူတိုင်းမှာ ကြောက်လန့်နေသော တိရစ္ဆာန်များနှင့် မခြားနားပေ။ တစ်စုံတစ်ယောက်က ၎င်းတို့ကို ငြိမ်သက်သွားအောင် လုပ်ပေးရမည် ဖြစ်ပြီး သို့မဟုတ်ပါက အကျိုးဆက်များမှာ မှန်းဆ၍ပင် ရနိုင်မည် မဟုတ် ချေ။

ပေါက်ကွဲမှုမှာ လုံးဝ ရပ်တန့်သွားခြင်း မရှိမီ အတန်ကြာအောင် ဖြစ်ပွားခဲ့ပြီး အချိန်အတော်ကြာပြီးနောက်မှ ကျန်းချောင် ပြန်ရောက်ရှိလာခဲ့လေသည်။

ကျန်းချောင်၏ မျက်နှာအမူအရာမှာ သိပ်မကောင်းလှဘဲ လျန်ထျန်းအား တိုးညင်းသော အသံဖြင့် တိတ်တဆိတ် သတင်းပို့လိုက်လေသည်။

"ဒီရန်သူတွေက လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး အရမ်း အန္တရာယ်များတယ်...။ ခုနက သူတို့ကို ဖြေရှင်းဖို့ ကျွန်တော် အတော်လေး ခက်ခဲခဲ့တယ်...၊ ပြီးတော့ သူတို့က (...) နိုင်တယ်လို့ ကျွန်တော် ထောက်လှမ်းမိ တယ်...။”

စကားပင် ဆုံးအောင် မပြောရသေးမီ အဝေးမှ အမည်းစက်လေး အချို့ ပေါ်လာခဲ့ပြီး မကြာမီမှာပင် လေတိုး သံများ ထွက်ပေါ်လာခဲ့လေသည်။

ရဟတ်ယာဉ် တစ်စီးက သူတို့ နောက်သို့ လိုက်လာနေသည်ပင်။ တစ်စီးတည်းသာ မဟုတ်ချေ။ အဝေးမှ ကြည့်လိုက်သောအခါ မိုးကုပ်စက်ဝိုင်းမှ ပျံသန်းလာသော ကျိုင်းကောင်အုပ်ကြီးအလား ခံစားရလေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရဟတ်ယာဉ်များမှာ အနီးသို့ ရောက်ရှိလာပြီး တစ်စီးစီ၏ နှစ်ဖက်စလုံးတွင် စက်သေနတ်များနှင့် အမြောက်များ တပ်ဆင်ထားလေသည်။

ပို၍ပင် ဒေါသထွက်စရာ ကောင်းသည်မှာ အောက်ခြေတွင် အသံချဲ့စက်ကြီးများ တပ်ဆင်ထားပြီး ထိုမှတစ်ဆင့် တစ်စုံတစ်ယောက်၏ အသံ မထွက်ပေါ်လာမီ လျှပ်စစ် ဖြန်းဖြန်းမြည်သံများ ထွက်ပေါ်လာလေသည်။

ထိုအသံမှာ အလွန် ကျယ်လောင်လွန်းလှသဖြင့် ရဟတ်ယာဉ်များစွာ၏ ပန်ကာလည်နေသည့် အသံများကိုပင် ဖုံးလွှမ်းသွားစေနိုင်လေသည်။

"ဟားဟား...၊ အဓိကအစုရှယ်ယာရှင်ကြီးလျန်...။ ငါ့နယ်မြေထဲကို ဝင်လာဖို့ မင်းမှာ စွမ်းရည်နဲ့ ရဲစွမ်းသတ္တိ ရှိနေ မယ်လို့ ငါ တကယ် မျှော်လင့်မထားခဲ့ဘူး...။”

"မင်း ဖန်တီးထားတဲ့ လူသားပုံစံ လက်နက်တွေက ငါ့ရဲ့ နားလည်နိုင်စွမ်းထက် တော်တော်လေး ကျော်လွန်နေ တယ် ဆိုတာကိုတော့ ငါ ဝန်ခံရမယ်...။ ငါတောင် မနာလိုဖြစ်မိတယ်...။”

"ဒါပေမဲ့ သူ ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ သူ တစ်ယောက်တည်း ရှိတာလေ...။ ငါ့ရဲ့ ရဟတ်ယာဉ် ဒါဇင် ပေါင်းများစွာကို သူ အနိုင်ယူနိုင်ပါ့မလား...။”

လျန်ထျန်းသည် ထိုအသံကို မှတ်မိသွားလေသည်။ ၎င်းမှာ အယ်လာမာ ၏ ယခင် ဒုတိယမြောက် အစုရှယ်ယာ ရှင်ကြီး ဖြစ်ခဲ့သူ ပျောင်ရှင်း ၏ အသံပင် ဖြစ်လေသည်။

ပျောင်ရှင်းသည် မြောက်ပိုင်းသရဖူ သို့ ထွက်ပြေးသွားပြီးနောက် အမှန်တကယ်ပင် အင်အားစုကြီး တစ်ခုကို ထပ်မံ စုစည်းနိုင်ခဲ့ပြီး ယခုအခါ လိမ်လည်မှုအဖွဲ့အစည်း တစ်ခု၏ အကြီးအကဲ ဖြစ်နေလေပြီ။

ပျောင်ရှင်း၏ မောက်မာသော လေသံကို ကြားသောအခါ ကျန်းချောင်မှာ ဆက်၍ သည်းမခံနိုင်တော့ဘဲ နောက် ထပ် လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် ပြင်လိုက်လေသည်။

လျန်ထျန်းက သူ့ကို အချိန်မီ တားဆီးလိုက်ပြီး ခေါင်းခါပြလိုက်လေသည်။

"အဆင်အခြင်မဲ့ မလှုပ်ရှားလိုက်နဲ့...၊ ရဟတ်ယာဉ် ဒါဇင်ပေါင်းများစွာက အကွာအဝေး အများကြီး ခြားပြီး ပျံသန်းနေတာ…။ ပြီးတော့ ဧရိယာကလည်း အရမ်း ကျယ်လွန်းတယ်...။”

"မင်း တစ်ခဏအတွင်း သူတို့ တစ်ဝက်ကို ဖျက်ဆီးပစ်နိုင်ရင်တောင် ကျန်တဲ့ တစ်ဝက်က ပစ်လိုက်တာနဲ့ ငါတို့ အားလုံးကို တစ်ခဏအတွင်း အကုန် ရှင်းပစ်သွားနိုင်တယ်...။”

လျန်ထျန်း၏ စကားကို ကြားပြီးနောက် ကျန်းချောင်မှာ သူ၏ လက်ကို ပြန်ချထားရုံမှတစ်ပါး အခြား ရွေးချယ် စရာ မရှိတော့ချေ။

ပျောင်ရှင်းက ဤမြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့နေရပြီး ထိုဧရာမ အသံချဲ့စက်ကြီးများမှတစ်ဆင့် အသံကို ကျယ်လောင်စွာ ထုတ်လွှင့်လိုက်လေသည်။

"ဟားဟား...၊ လျန်…၊ မင်း လုပ်တာ မှန်တယ်...။ မင်းရဲ့ လူသားလက်နက်ကို စိတ်လိုက်မာန်ပါ မလုပ်ခိုင်းနဲ့ လေ...၊ ငါတို့ သေချာလေး စကားပြောကြရအောင်...။”

All Chapters