← Chapters

အခန်း ၃၅၀

Vol. 35 Ch. 350 - final

အခန်း ၃၅၀

Vol. 35 Ch. 350 - final

အခန်း (၃၅၀)

ဇာတ်သိမ်းပိုင်း

အချို့သောအရာများသည် မကောင်းမှန်း သိထားလျှင်ပင် မိမိသဘောဆန္ဒအရ ထိတွေ့ခဲ့ခြင်း မဟုတ်လျှင် တောင်မှ တစ်ကြိမ် ပါဝင်ပတ်သက်မိသည်နှင့် နောက်ကြောင်းပြန်လှည့်ရန် မဖြစ်နိုင်တော့ချေ။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် လူ့သဘာဝနှင့် အလိုဆန္ဒများကို ရောယှက်နေသောကြောင့် ဖြစ်လေသည်။

ပူပြင်းသော နွေရာသီတွင် ရေခဲရေ သောက်ခြင်းက အစာအိမ်အတွက် မကောင်းမှန်း သိထားသော်လည်း သောက်ချင်နေဆဲ ဖြစ်သကဲ့သို့ပင်။

အချိုစားခြင်းက ကိုယ်အလေးချိန် တိုးစေပြီး နှလုံးနှင့် သွေးကြောစနစ်ကို ထိခိုက်စေနိုင်မှန်း သိသော်လည်း ပထမတစ်လုတ် စားပြီးသည်နှင့် ဒုတိယတစ်လုတ်ကို အမြဲတမ်း စားချင်နေတတ်လေသည်။

အကယ်၍ တစ်စုံတစ်ယောက်က အထက်ပါ ကိစ္စရပ်နှစ်ခုကို ထိန်းချုပ်နိုင်သည် ဆိုလျှင်ပင် နောက်တစ်ဆင့်မှာ စနစ်ကို အဆင့်မြှင့်တင်ရန် ဖြစ်လာလေသည်။

နေ့စဉ်နှင့်အမျှ အရက်နှင့် ဆေးလိပ် ဖြတ်မည်ဟု ပြောဆိုနေသူ မည်မျှရှိသော်လည်း နောက်ဆုံးတွင် ၎င်းတို့ အားလုံး အောင်မြင်စွာ ဖြတ်နိုင်ကြပါသလော။

ငါက အပျော်သဘော အရက်သောက် ဆေးလိပ်သောက်တာပါ အချိန်မရွေး ဖြတ်လို့ရတယ် ဆိုသည့် စကားမျိုး ကို မပြောပါနှင့်။

အကယ်၍ သင့်တွင် ထိုစွမ်းရည် တကယ်ရှိသည် ဆိုပါက နောက်တစ်ကြိမ် ဘယ်တော့မှ မထိတော့ဘူး ဟု ဆုံးဖြတ်ချက်ချလိုက်ပါ….။

သင် ထိုသို့ လုပ်နိုင်ပါသလား…။

တစ်ပတ် နှစ်ပတ် သို့မဟုတ် တစ်လ နှစ်လခန့်မျှ ရှောင်ကြဉ်ခြင်းသည် အမှန်တကယ် ဖြတ်လိုက်ခြင်း မဟုတ်ဘဲ မိမိ၏ ဆန္ဒများကို ဖိနှိပ်ထားခြင်းသာ ဖြစ်လေသည်။

ရေရှည်အတွက် မပြောနှင့်ဦး။ တစ်နှစ်ထက်ပို၍ အမှန်တကယ် ဖြတ်နိုင်သူ မည်မျှရှိပါသနည်း။ ဆယ်ယောက် တွင် တစ်ယောက် နှစ်ယောက်မျှပင် ရှာတွေ့ရန် ခက်ခဲလှပေသည်။

ဤအရာသည် သေးငယ်သော အရာလေးတစ်ခုသာ ဖြစ်ပြီး ပိုမို အဆင့်မြင့်သော အရာများအကြောင်းကိုမူ ရှင်းပြနေစရာပင် မလိုတော့ချေ။

တစ်ခါက စွဲလမ်းမှု တစ်ခုရှိခဲ့သော သင်းအုပ်ဆရာ တစ်ဦး ရှိခဲ့ဖူးပြီး နောက်ပိုင်းတွင် သူ၏ ယုံကြည်မှုဖြင့် အောင်မြင်စွာ ဖြတ်နိုင်ခဲ့သည်ဟု ဆိုကြလေသည်။

သို့သော် ဆယ်စုနှစ်များစွာ ကြာပြီးနောက် သူ သေဆုံးခါနီး အချိန်တွင် တစ်စုံတစ်ယောက်က သူ့၌ မပြည့်ဝ သေးသော ဆန္ဒများ ရှိမရှိ မေးမြန်းခဲ့ရာ သူ မည်သို့ ဖြေကြားခဲ့သည်ကို သိပါသလော။

သူက နောက်တစ်လုတ်လောက် စားချင်သေးတယ် ဟု အမှန်တကယ်ပင် ပြန်လည် ဖြေကြားခဲ့လေသည်။

ဟုတ်ပေသည်။

အချို့သောအရာများသည် အရက် သို့မဟုတ် ဆေးလိပ် စွဲလမ်းခြင်းထက် အဆတစ်ရာ အဆတစ်ထောင် သို့ မဟုတ် အဆတစ်သောင်းခန့် ပို၍ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

ပုရွက်ဆိတ်များက သင့်အရိုးများကို ကိုက်ခဲနေချိန်တွင် ငြိမ်ငြိမ်နေရန် သင် မည်သို့ လုပ်နိုင်မည်နည်း။

မိုးကြိုးပစ်ခံရပြီးနောက် လူတစ်ယောက် မည်သို့လျှင် အေးချမ်းစွာ အိပ်ပျော်နိုင်မည်နည်း။

ဤအရာများအားလုံးမှာ ပြုလုပ်ရန် မဖြစ်နိုင်သောအရာများ ဖြစ်သောကြောင့် အရာတစ်ခုခုတွင် ပါဝင်ပတ်သက် မိသည်နှင့် ဆက်လက်၍ မပါဝင်ပါက ထိုကဲ့သို့သော နှိပ်စက်ညှဉ်းပန်းမှုများကို ခံစားရမည်သာ ဖြစ်လေသည်။

ငရဲနှင့် နှိုင်းယှဉ်နိုင်သော ထိုကဲ့သို့ ညှဉ်းပန်းနှိပ်စက်မှုမျိုးကို သက်ရှိလူသားတစ်ဦးက မည်သို့လျှင် ခံနိုင်ရည် ရှိနိုင် ပါမည်နည်း။

စပ်စုချင်စိတ်ဖြင့် ဘယ်တော့မှ မစမ်းသပ်ရန် ဤနေရာမှနေ၍ အားလုံးကို သတိပေးလိုက်ရပေသည်။ ချောက် ကမ်းပါးထဲသို့ ခြေတစ်လှမ်း ချော်ကျသွားခြင်းမှာ နောက်ပြောင်စရာ ကိစ္စမဟုတ်ချေ။

သို့ရာတွင် မိမိသဘောဆန္ဒအရ မဟုတ်သော အခြေအနေအချို့လည်း ရှိနေတတ်ပြီး လူဆိုးအချို့က လူကောင်း များကို ၎င်းတို့နှင့်အတူ ဆွဲချရန် အမြဲတမ်း ကြိုးစားနေတတ်ကြလေသည်။

ယခုအချိန်တွင် လျန်ထျန်းကဲ့သို့ပင် သူသည် ပျောင်ရှင်း၏ အတင်းအကျပ် ခိုင်းစေမှုကြောင့် ထိုကစားဝိုင်းများ တွင် ဝင်ရောက် ကစားနေရလေသည်။

နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ပွဲတိုင်းက သင့်အာရုံများကို လှုံ့ဆော်ပေးပြီး ပုံမှန် အခြေအနေမျိုးတွင် ပွဲအနည်း ငယ် ကစားပြီးသည်နှင့် ထိုအထဲတွင် နက်ရှိုင်းစွာ နစ်မြုပ်သွားနိုင်လေသည်။

သို့သော် လျန်ထျန်းက ထိုစည်းမျဉ်းများကို ရည်ရွယ်ချက်ရှိရှိဖြင့် မှတ်သားမထားခဲ့ချေ။ မကစားတတ်ပါက စွဲလမ်းသွားရန် မဖြစ်နိုင်သော ဂိမ်းတစ်ခုကဲ့သို့ပင် ဖြစ်လေသည်။

အခြားသူများက သူ့ကို မည်သို့ပင် သင်ကြားပေးစေကာမူ လျန်ထျန်းက စိတ်ထဲမှ ဤသို့သာ တွေးနေခဲ့ လေသည်။

*ငါ နားမထောင်ဘူး…၊ ငါ နားမထောင်ဘူး…၊ မင်းတို့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ...။*

တဖြည်းဖြည်းနှင့် ပျောင်ရှင်းသည်လည်း လျန်ထျန်း၏ ဆန့်ကျင်မှုကို သတိပြုမိလာခဲ့လေသည်။ တစ်ဖက်လူမှာ အနိုင်အရှုံးကို လုံးဝ ဂရုမစိုက်ဘဲ သူ၏ ချစ်ပ်များဖြင့် ကျပန်း လောင်းကြေးထပ်နေခဲ့လေသည်။

ဤလှည့်ကွက်က အလုပ်မဖြစ်ကြောင်း မြင်သောအခါ သူက ဘေးဘက်သို့ လက်ယမ်းပြလိုက်ရာ ဆေးလုံး တစ်လုံး ရောက်ရှိလာခဲ့လေသည်။ ပျောင်ရှင်းက လျန်ထျန်းအား လှောင်ပြောင်သည့် အပြုံးဖြင့် ကြည့်လိုက် လေသည်။

“ဒါကို စားလိုက်...။”

လျန်ထျန်းက ထိုဆေးလုံးကို တည်ငြိမ်စွာ စိုက်ကြည့်နေသော်လည်း အတွင်းစိတ်ထဲတွင်မူ တွေးတောနေခဲ့ လေသည်။

*ငါ ဒီဆေးလုံးကို သောက်လိုက်ရင်တော့ တကယ် ဒုက္ခရောက်ပြီပဲ...။*

လျန်ထျန်းမှာ လှုပ်ရှားမှု မရှိသည်ကို မြင်သောအခါ ပျောင်ရှင်းက ဒေါသတကြီး ပြောလိုက်လေသည်။

“မင်း မစားဘူးဆိုရင် ငါ မင်းကို အရိုက်ခံရအောင် လုပ်ရလိမ့်မယ်… ။အဲ့ဒါက ဒီအရာထက် အများကြီး ပိုဆိုးတယ်နော်...။”

ထိုသို့ ပြောပြီးနောက် သူက လက်ကို ထပ်မံ ယမ်းပြလိုက်ရာ အခြားသူတစ်ဦးက ဆေးထိုးအပ် တစ်ချောင်းကို ကိုင်ဆောင်လျက် ရောက်လာခဲ့လေသည်။

ဆေးထိုးအပ်ကို မြင်သောအခါ လျန်ထျန်းက အလျင်အမြန် ပြောလိုက်လေသည်။

“ငါ စားပါ့မယ်….၊ ငါ စားပါ့မယ်…၊ ဟုတ်ပြီလား...။”

ထိုသို့ ပြောပြီးနောက် လျန်ထျန်းသည် ခက်ခဲစွာဖြင့် လက်ကို ဆန့်ထုတ်လိုက်ပြီး ပဲပုပ်စေ့ အရွယ်အစားရှိ ထို ဆေးလုံးလေးကို ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုအလား ကောက်ယူလိုက်လေသည်။

ဤအချိန်တွင် လျန်ထျန်းမှာ လုံးဝ မျှော်လင့်ချက် မဲ့သွားသလို ခံစားလိုက်ရလေသည်။ အကယ်၍ ရွေးချယ်ခွင့် သာ ရှိပါက သူသည် အရိုက်ခံရခြင်းကိုသာ ရွေးချယ်မိမည် ဖြစ်လေသည်။

သို့သော် ထိုနည်းလမ်းများကို လိမ်လည်မှုဂိုဏ်းများက ၎င်းတို့၏ လက်အောက်ငယ်သားများကို ကိုင်တွယ်ရာ တွင်သာ အသုံးပြုကြလေသည်။

မည်သို့ပင်ဆိုစေ ဆေးလုံးများတွင်လည်း ကုန်ကျစရိတ် ရှိပြီး ထုတ်လုပ်မှု စရိတ်မှာလည်း မနည်းလှချေ။ ဝက် ကလေး တိုင်းအတွက် ဤမျှ ကြီးမားသော ငွေကြေးပမာဏကို အသုံးပြုရန်မှာ မဖြစ်နိုင်ပေ။

လျန်ထျန်းကဲ့သို့ အရေးကြီးသော သူတစ်ယောက်အတွက်မူ ပျောင်ရှင်းက အရာအားလုံးကို အသုံးပြုလိုခဲ့ပြီး သူ့ကို အဆင့်ဆင့် တဖြည်းဖြည်း နှိပ်စက်ရန်ပင် ပြင်ဆင်ထားခဲ့လေသည်။

“မြန်မြန် စားလိုက်စမ်း...။”

ပျောင်ရှင်း၏ စောင့်ကြည့်မှုနှင့် အကျပ်ကိုင်မှုအောက်တွင် လျန်ထျန်းက သူ ကိုင်ထားသော ဆေးလုံးကို ပါးစပ် ထဲသို့ ထည့်လိုက်တော့မည့် ဆဲဆဲတွင်။

ထိုအချိန်မှာပင် အပြင်ဘက်မှ ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး အဆောက် အအုံ တစ်ခုလုံး တုန်ခါသွားရာ ၎င်းမှာ အတော်လေး အင်အားပြင်းထန်ကြောင်း ညွှန်ပြနေလေသည်။

ဤရုတ်တရက် အခြေအနေကြောင့် အဆောက်အအုံ တစ်ခုလုံး ထိတ်လန့်တကြား ဖြစ်သွားခဲ့လေသည်။

အမျိုးသမီးများက အော်ဟစ်နေကြပြီး အမျိုးသားများက အချင်းချင်း တွန်းတိုက်နေကြကာ မြင်ကွင်းမှာ ချက်ချင်းပင် ဖရိုဖရဲနှင့် ထိတ်လန့်စရာ ဖြစ်သွားခဲ့လေသည်။

သက်တော်စောင့် အဖွဲ့တစ်ဖွဲ့ကသာ ပျောင်ရှင်း၏ ဘေးတွင် လျင်မြန်စွာ နေရာယူလိုက်ပြီး ထိတ်လန့်တကြား ဖြစ်နေသော လူအုပ်ကြီး ဤဘက်သို့ ရောက်မလာစေရန် တားဆီးပေးထားလေသည်။

သို့တိုင်အောင် ပျောင်ရှင်းက မျက်မှောင်ကြုတ်လျက် အော်ဟစ်လိုက်လေသည်။

“ဘာဖြစ်တာလဲ မြောက်ပိုင်းသရဖူက တခြားအင်အားစုတွေ လာတိုက်တာလား...။”

လျှို့ဝှက်တံခါး တစ်ခု ပွင့်လာပြီး တစ်စုံတစ်ယောက်က ပျောင်ရှင်းထံသို့ သတင်းပို့ရန် အပြေးအလွှား ရောက် လာခဲ့လေသည်။

“သူဌေး တခြားအင်အားစုတွေ ပြဿနာလာရှာတာ မဟုတ်ဘူး အဲ့ဒါက ဟွာရှားစစ်တပ် ရောက်လာတာ...။”

ထိုစကားကို ကြားသောအခါ ပျောင်ရှင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဗြုန်းစားကြီး အော်ပြောလိုက် လေသည်။

“မဖြစ်နိုင်ဘူး…၊ လုံးဝ မဖြစ်နိုင်ဘူး...။”

“ဟွာရှားက အမြဲတမ်း အစွန်းနှစ်ဖက်ကို သတိထားတတ်တာ သူတို့က ဘယ်လိုလုပ် ငါတို့ကို ဒီလို လာတိုက် မှာလဲ...။”

“ပြီးတော့ အဲ့ဒီ လူသားလက်နက်က လူတွေအများကြီးနဲ့ နယ်စပ်ကို ဖြတ်ပြီး ထွက်ပြေးချင်တယ် ဆိုရင်တောင် ဒီလောက် မြန်မြန်ဆန်ဆန်နဲ့ ငါတို့ဆီကို ပြန်လာပြီး တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး...”

“မင်း မျက်စိမှားတာ ဖြစ်ရမယ် အပြင်ထွက်ပြီး ထပ်စုံစမ်းချေ….။ ငါ အခြေအနေမှန်ကို သိဖို့လိုတယ်….၊ မင်း ဘာလို့ မသွားသေးတာလဲ…..၊ အခု သွားစမ်း...။”

သို့သော် ပျောင်ရှင်း ဒေါသတကြီး အော်ဟစ်၍ မဆုံးမီမှာပင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထပ်မံ ထွက်ပေါ်လာခဲ့လေသည်။

ဤတစ်ကြိမ်တွင်မူ အဆောက်အအုံ၏ ပင်မဝင်ပေါက်ကြီးမှာ ပေါက်ကွဲပွင့်ထွက်သွားခဲ့လေသည်။

ထို့နောက် အပြင်ဘက် မြေပြင်ပေါ်တွင် တင့်ကားများ၊ ကောင်းကင်ယံတွင် လေယာဉ်များနှင့် တိုက်လေယာဉ် များကိုပါ အားလုံးက မြင်တွေ့လိုက်ကြရလေသည်။

မကြာမီမှာပင် အသံချဲ့စက်မှတစ်ဆင့် ပဲ့တင်ထပ်လာသော အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

“အထဲမှာ ရှိနေတဲ့သူတွေ အားလုံး ထွက်လာခဲ့ကြ...။”

“လျန်ထျန်းက ငါတို့နိုင်ငံရဲ့ အရေးကြီးပြီး ထူးချွန်တဲ့ ကိုယ်စားလှယ်နဲ့ ခေါင်းဆောင်တစ်ယောက်ပဲ…။ မင်းတို့က သူ့ကို ပြန်ပေးဆွဲရဲတယ်ပေါ့လေ...။”

“ဖမ်းဆီးထားတဲ့ သူတွေကို ချက်ချင်း လွှတ်ပေးပြီး တရားရင်ဆိုင်ဖို့ ငါတို့ တောင်းဆိုတယ်…၊ မဟုတ်ရင် ဟွာရှားကို စော်ကားတဲ့ သူတိုင်း ဘယ်လောက်ပဲ ဝေးဝေး ပြစ်ဒဏ်ပေးခံရမယ်...”

အမှန်တကယ်တွင် လျန်ထျန်းသည် မြောက်ပိုင်းသရဖူ သို့ မလာရောက်မီကတည်းက တိန့်ကော်ဟွာ နှင့် ဤကိစ္စ ကို ဆွေးနွေးထားခဲ့ပြီး ဖြစ်လေသည်။

လျန်ထျန်း၏ ခန္ဓာကိုယ်အတွင်း၌ ခေတ်မီဆန်းပြားဆုံး ခြေရာခံ စက်တစ်ခုကို ထည့်သွင်းထားခဲ့လေသည်။ ၎င်း ၏ ဇီဝနည်းပညာမှာ အလွန် အဆင့်မြင့်မားလွန်းသဖြင့် မည်သည့် စက်ကိရိယာကမျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ချေ။

ထို့အပြင် ၎င်းကို ပိတ်ဆို့၍ မရနိုင်ဘဲ သူ၏ တည်နေရာကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်လေသည်။

အစိုးရက လှုပ်ရှားရန် လူများကို စေလွှတ်ခဲ့ပြီး တရားဝင် ဖြစ်စေရန်အတွက် လျန်ထျန်း၏ ကိုယ်ရေးအချက် အလက်များတွင် အချက်အလက်အချို့ကို ထည့်သွင်းရန် နည်းလမ်းတစ်ခုကိုလည်း စဉ်းစားခဲ့ကြလေသည်။

ဟွာရှား၏ အရေးကြီးပြီး ထူးချွန်သော ပုဂ္ဂိုလ်များနှင့် ခေါင်းဆောင်များဟူ၍ ဖြစ်လေသည်။

ဤဂုဏ်ပုဒ်မှာ အတော်လေး ကြီးကျယ်ခမ်းနားလှပေသည်။ သင်တို့က ကျွန်ုပ်တို့ နိုင်ငံနှင့် ၎င်း၏ ခေါင်းဆောင် များကို ဆန့်ကျင် လှုပ်ရှားခဲ့သောကြောင့် ကျွန်ုပ်တို့ နိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်းမှာ မှားယွင်းပါသလော။

ယခုအခါ ဤကင်ဆာရောဂါဆိုးကြီးကို အမြစ်ပြတ် ချေမှုန်းရန် ကျွန်ုပ်တို့တွင် ခိုင်လုံသော အကြောင်းပြချက် တိုင်း ရှိနေပြီ ဖြစ်လေသည်။

အကယ်၍ တစ်စုံတစ်ယောက်က ဤဒေသတွင် ပြဿနာရှာရန် ရဲဝံ့ပါက ဟွာရှားတွင် အရေးပေါ် အစီအစဉ် တစ်ခု ရှိနေပြီး ဖြစ်လေသည်။ ကျန်းချောင် ပေါ်လာခဲ့ပြီ ဖြစ်လေသည်။

ကျွန်ုပ်တို့ နိုင်ငံသည် နောက်ဆုံးပေါ် နည်းပညာများကို ပိုင်နိုင်စွာ တတ်ကျွမ်းထားကြောင်း တစ်ကမ္ဘာလုံးကို ပြသလိုက်ပါစေ။

အကယ်၍ တစ်စုံတစ်ယောက်က ကျွန်ုပ်တို့၏ ရန်သူ ဖြစ်လာပါက နောင်အနာဂတ်တွင် သာမန်အသိဉာဏ်ဖြင့် နားလည်နိုင်စွမ်းမရှိသော ဤလူသားလက်နက် တစ်ဖွဲ့လုံးကို တည်ဆောက်ပြီး စစ်ပွဲ ဆင်နွှဲမည် ဖြစ်လေသည်။

သင် မည်သည့်နေရာတွင် ရှိနေပါစေ ဒေသတွင်း၊ နိုင်ငံတကာ သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ အဆင့်တွင်ဖြစ်စေ စကားပြောခွင့် ရှိသူများမှာ အမြဲတမ်း စွမ်းအားကြီးမားသူများသာ ဖြစ်လေသည်။

လုံးဝ ကွာဟနေသော အင်အားများကို ရင်ဆိုင်လိုက်ရသောအခါ ပျောင်ရှင်းမှာ ခုခံလိုစိတ် မရှိတော့ဘဲ တုန်လှုပ် စွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေတော့သည်။

ဤအခြေအနေကို အခွင့်ကောင်းယူ၍ လျန်ထျန်းသည် မိမိပါးစပ်ထဲသို့ ထည့်လုနီးပါး ဖြစ်နေသော ဆေးလုံးကို ပျောင်ရှင်း၏ ပါးစပ်ထဲသို့ အတင်း ထည့်လိုက်ပြီး ထိုလူဆိုးကို သူ၏ လုပ်ရပ်များအတွက် အကျိုးဆက်များကို ခံစားရစေခဲ့ပေတော့သည်…။

…..

အားလုံး ဘေးကင်းစွာ အိမ်ပြန်ရောက်ပြီးနောက် ကယ်တင်ခံရသူများက ၎င်းတို့၏ အတွေ့အကြုံများကို ပြန် လည် ပြောပြကြပြီး လျန်ထျန်းနှင့် နိုင်ငံတော်ကို အထူးပင် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ကြလေသည်။

လျန်ထျန်းသည်လည်း လိမ်လည်မှု တားဆီးကာကွယ်ရေးကို မြှင့်တင်ရန် ရှေ့ထွက်လာခဲ့ပြီး ထိုအချိန်မှစ၍ အစားအသောက် ပို့ဆောင်ခြင်းကို ရပ်နားကာ ဝမ်ရှောင်ရို့ နှင့်အတူ ခရီးသွားရန်နှင့် မိခင်နိုင်ငံ၏ လှပသော ရှုခင်းများကို ခံစားရန် သူ၏ ကတိကို ဖြည့်ဆည်းပေးခဲ့လေသည်။

သို့ရာတွင် နှစ်ပေါင်းများစွာ ကြာပြီးနောက် အချို့လူများမှာ လျန်ထျန်း ပို့ဆောင်ပေးသော အစားအသောက်များ ကိုမူ လက်ခံရရှိနေဆဲ ဖြစ်လေသည်။

သူ၏ မိသားစုဘဝ တည်ငြိမ်သွားပြီးနောက်တွင်ပင် လျန်ထျန်းသည် သူ၏ မူလရည်မှန်းချက်များကို သစ္စာ စောင့်သိကာ ပြဿနာများကို ရှာဖွေဖြေရှင်းရန် အောက်ခြေအဆင့်တွင် ဆက်လက် လှုပ်ရှားနေခဲ့လေသည်။

ထို့အပြင် အစားအသောက် ပို့ဆောင်ခြင်းမှ သူ ရရှိသော ကော်မရှင်ခမှာ ကမ္ဘာလုံးဆိုင်ရာ ကုန်ဈေးနှုန်းများ အဆတစ်သန်း ပြုတ်ကျသွားသည့်တိုင်အောင် သက်ရောက်မှု မရှိသေးသောကြောင့် ပိုက်ဆံနည်းနည်းလောက် ထပ်မရှာဘဲ အဘယ်သို့ နေရပါမည်နည်း….။

စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီကို အစဉ် လေးစားလျက်…..

Lucky Star Translation Team

All Chapters