အခန်း ၂၈
Vol. 3 Ch. 28
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂၈
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဤပထမအချီ၌ မင်းသမီးကျိနင်ကို လန်လင်း အနိုင်ရသွားသည်ဟု ဆိုနိုင်လေပြီ။
ဆိုနင်ပင်း၏ လှပသည့် မျက်နှာလေးထက်၌ ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်နေသော်လည်း အနည်းငယ် ပင်ပန်းနွမ်းနယ်နေဟန် ပေါ်နေသည်။ ဤသည်က သူမ ရက်အတော်ကြာ ကောင်းကောင်းမအိပ်ရသေးကြောင်း ရှင်းလင်းစွာ ပြသနေ၏။ ကမ္ဘာမြေပေါ်ရှိ သူ၏အစ်မ လန်ခုံးသည်လည်း ထိုအတိုင်းပင်။ သူမ၏ စိတ်ထဲ၌ တစ်ခုခုရှိနေလျှင် လုံးဝ အိပ်မရတတ်ချေ။
လန်လင်းက စိုးရိမ်တကြီး မေးလိုက်သည်။ "အစ်မ... ဘာလို့ ကောင်းကောင်းမအိပ်တာလဲ။"
"အစ်မ စိတ်မပူဘဲ မနေနိုင်လို့ပါ။ မောင်လေးတောင် ပိန်သွားပြီပဲ။"
ရဲ့ကျင်းယွီမှာ ဆက်လက်သည်းမခံနိုင်တော့ဘဲ သူမ၏ လက်မောင်းများကို ပွတ်သပ်လိုက်ရာ တစ်ကိုယ်လုံး ကြက်သီးထနေကြောင်း ပြသနေသည်။
"သခင်မလေး... ဒီရိုးအတဲ့ကောင်လေးက တကယ်တော့ နှလုံးသားခိုးယူတဲ့နေရာမှာ အရမ်းကျွမ်းကျင်တဲ့သူဆိုတာ ဘယ်တော့မှ ခန့်မှန်းမိမှာ မဟုတ်ဘူး။"
ဆိုနင်ပင်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး တိုးညင်းစွာ ပြောလိုက်သည်။ "အဲဒီလိုလား..."
ထိုအပြုံးက အနည်းငယ် အတင်းလုပ်ပြုံးထားသကဲ့သို့ ဖြစ်နေသည်။
"အစ်မကျင်းယွီ ၊ တော်တော့။"
သူ၏ စိတ်ရှုပ်နေသည့် အမူအရာကို မြင်သော် ဆိုနင်ပင်းက ချစ်ခင်ကြင်နာစွာ ပြောလိုက်သည်။ "တော်ဝင်အကယ်ဒမီက အကြောင်းကြားစာ ပို့လိုက်တယ်။ မောင်လေး အတန်းတွေ ထပ်မပျက်သင့်တော့ဘူးတဲ့။ အမြန်ဆုံး အကယ်ဒမီကို ပြန်ပြီး အတန်းတက်ရမယ်တဲ့။"
တော်ဝင်အကယ်ဒမီအတွင်း၌ ဆိုလွန် မည်မျှနာမည်ပျက်နေကြောင်း တွေးမိလိုက်ချိန်၌ လန်လင်း ခေါင်းကိုက်လာ၏။
ဆိုလွန်ဟူသည့် ထိုလူယုတ်မာမှာ တော်ဝင်အကယ်ဒမီ၌ လူမုန်းများရုံသာမက လမ်းဘေးမှ ကြွက်တစ်ကောင်သဖွယ်ပင် ဖြစ်နေသည်။ ယောကျ်ားလေးများက ဆိုလွန်ကို မနာလိုဖြစ်ကြသလို အထင်လည်း သေးကြပြီး မိန်းကလေးများကမူ မုန်းတီးမှုနှင့် ဒေါသများ ပြည့်နှက်နေကြ၏။ လန်လင်းအနေဖြင့် သူ၏ စွမ်းရည်များကြောင့် အနိုင်ကျင့်မခံရနိုင်သော်ငြား အထီးကျန်စွာ ဖယ်ကြဉ်ခံရခြင်းကလည်း သာယာသော အတွေ့အကြုံတစ်ခုတော့ မဟုတ်ပေ။
"ကောင်းပြီ... မနက်ဖြန် အကယ်ဒမီ သွားလိုက်ပါ့မယ်။ အခုတော့ သွားနားပြီး အိပ်လိုက်ဦးမယ်။"
နေ့ရောညပါ ကောင်းကောင်းမအိပ်ရသည်မှာ ရက်အတော်ကြာပြီဖြစ်ရာ မူလက တစ်ရက်နှင့် တစ်ညတိတိ အိပ်ပစ်ရန် စီစဉ်ထား၏။
သို့သော် မွန်းတည့်ချိန်၌ ရဲ့ကျင်းယွီ အပြေးရောက်လာကာ လန်လင်း၏ စောင်ကို ရုတ်တရက် ဆွဲဖယ်ရင်း သူ့ကို နှိုးလိုက်သည်။
"နေ့တစ်ဝက် အချိန်ကျန်သေးတယ်။ သိုင်းပညာကျင့်ကြံပြီး ဉာဏ်အလင်းပွင့်ခြင်းရဲ့ တတိယအဆင့်ကို ဆက်သွားရမယ်။"
ရုတ်တရက် ရဲ့ကျင်းယွီမှာ အလွန်တရာ အနေရခက်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။
ဤကိစ္စအတွက် လန်လင်းကို အပြစ်တင်၍ မရချေ။ သူသည် ယန်စွမ်းအင်များ ပြည့်ဝနေသည့် စစ်မှန်သော လူပျိုစစ်စစ်တစ်ဦး ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ အလွန်ဆွဲဆောင်မှုရှိသော စမ်းသပ်မှုတစ်ခုကို ဖြတ်သန်းခဲ့ရပြီး ဆရာမနီယာကဲ့သို့ အလှပိုင်ရှင်နှင့် ထိုမျှရင်းနှီးသည့် ထိတွေ့မှုမျိုး ရှိခဲ့သေး၏။
ပြီးခဲ့သည့် သုံးရက်တိုင်တိုင် လမ်းခရီး၌သာ ရှိနေခဲ့ပြီး ကောင်းကောင်းမအိပ်ရပေ။ ယနေ့မှသာ ကုတင်ပေါ်၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရာ အိပ်မက်မက်ခြင်း သို့မဟုတ် သုက်လွှတ်ခြင်းတို့ ဖြစ်ပေါ်ခြင်းမှာ လုံးဝ ပုံမှန်ပင် ဖြစ်၏။
လန်လင်း နိုးလာပြီးနောက် သူနှင့် ရဲ့ကျင်းယွီတို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိကြပြီး ရုတ်တရက် စောင်ကို ပြန်ဆွဲခြုံလိုက်သည်။ "အမ... ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ။ ဒါက ကျုပ်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချိုးဖောက်နေတာပဲနော်။"
ရဲ့ကျင်းယွီက အေးစက်စွာ ပြောသည်။ "သခင်လေး ရက်အတော်ကြာ အချိန်ဖြုန်းပြီးနေပြီ။ အခုထတော့။ ဉာဏ်အလင်းပွင့်ခြင်းရဲ့ တတိယအဆင့်ဖြစ်တဲ့ နဂါးစွမ်းအား ထိန်းချုပ်ခြင်းကို ဆက်လုပ်ကြမယ်။"
ထို့နောက် သူမ လှည့်ကာ တင်ပါးများကို လွှဲယမ်းရင်း လန်လင်း၏ အခန်းထဲမှ ထွက်သွားသည်။
သားရေဝတ်စုံအကြပ် ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်အချိုးအစားမှာ အလွန်တရာ ဆွဲဆောင်မှုရှိ၏။ လမ်းလျှောက်သွားစဉ် တင်ပါးနှင့် ခြေတံတို့၏ အကွေးအကောက်များမှာ ရင်သပ်ရှုမောဖွယ်ပင်။ လန်လင်း သူ၏ လက်ထဲရှိ စောင်ကို အောက်သို့ အမြန် ဖိချလိုက်မိသည်။
**--**--**--**--**--**--**--**
သိုင်းပညာ ဉာဏ်အလင်းပွင့်ခြင်း၏ တတိယနှင့် နောက်ဆုံးအဆင့် နဂါးစွမ်းအား ထိန်းချုပ်ခြင်းဆိုသည်မှာ အရေးကြီးသည့် အဆင့်တစ်ခုဖြစ်သည်။
နဂါးစွမ်းအား ထိန်းချုပ်ခြင်းကို ကျွမ်းကျင်ပိုင်နိုင်သွားသည်နှင့် တစ်ပြိုင်နက် တကယ့် လက်တွေ့တိုက်ခိုက်ရေး သိုင်းပညာ လေ့ကျင့်မှုဆီသို့ ကူးပြောင်းရမည် ဖြစ်၏။
"ဒုတိယအဆင့် နဂါးစွမ်းအား အသက်သွင်းခြင်း ပြီးမြောက်သွားပြီးနောက်မှာ အချိန်မရွေး နေရာမရွေး နဂါးစွမ်းအားကို အသက်သွင်းနိုင်သွားပြီ။ ဒါပေမဲ့ အဲဒါက ခြေလက်တွေနဲ့ အရိုးတွေထဲ ချက်ချင်း စီးဆင်းသွားပြီး အရိပ်အယောင်မကျန် ပျောက်ကွယ်သွားလိမ့်မယ်။"
"တတိယအဆင့် နဂါးစွမ်းအား ထိန်းချုပ်ခြင်းဆိုတာ စိတ်ကိုသုံးပြီး နဂါးစွမ်းအားကို ထိန်းချုပ်ပြီး အမှတ်တစ်ခုတည်းမှာ စုစည်းလိုက်တာပဲ။ ပြီးရင် ခန္ဓာကိုယ်ရဲ့ သွေးကြောတွေကနေတစ်ဆင့် ချက်ချင်း ထုတ်လွှတ်ရတယ်။
"ဥပမာ ၊ ဓားနဲ့ တိုက်ခိုက်တဲ့အခါ ဓားကိုင်ထားတဲ့ လက်ကနေ နဂါးစွမ်းအားကို ထုတ်လွှတ်ရမယ်။ ပြေးတဲ့အခါ ခြေထောက်ကနေ နဂါးစွမ်းအားကို အသက်သွင်းရမယ်။ စိတ်နဲ့ ရန်သူကို အာရုံစိုက်ချင်ရင် ဦးနှောက်ထဲမှာ စိတ်ဝိညာဉ် နဂါးစွမ်းအားကို လည်ပတ်စေရမယ်။"
လန်လင်း နားလည်သွားသည်။ စွမ်းအားတစ်ခု ပြန့်ကျဲနေချိန်၌ မည်မျှပင် အစွမ်းထက်နေပါစေ အသုံးမဝင်ချေ။ သို့သော် အမှတ်တစ်ခုတည်း၌ စုစည်းလိုက်သည့်အခါ မည်မျှပင် အားနည်းနေပါစေ ဖျက်ဆီး၍ မရနိုင်တော့ပေ။
ဥပမာအားဖြင့် တစ်ပေါင်မျှသာရှိသည့် အင်အားဖြင့်ပင် အပ်တစ်ချောင်းက လူတစ်ယောက်၏ ခန္ဓာကိုယ်ကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်၏။
လန်လင်းက မေးလိုက်သည်။ "နဂါးစွမ်းအားကို ထိန်းချုပ်တာ ပြီးသွားပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။"
"နဂါးစွမ်းအား ထိန်းချုပ်မှုက အဆုံးအစမရှိဘူး။ သိုင်းပညာရှင်တစ်ယောက်ရဲ့ တစ်သက်တာလုံးက နဂါးစွမ်းအားကို ထိန်းချုပ်ဖို့ အချိန်ကုန်ဆုံးကြရတယ်။ အစပိုင်းမှာ နဂါးစွမ်းအားရဲ့ အစိတ်အပိုင်းတစ်ခုကိုပဲ ထိန်းချုပ်ပြီး အသုံးချနိုင်တယ်။ ကျင့်ကြံခြင်းအဆင့် တိုးတက်လာတာနဲ့အမျှ နဂါးစွမ်းအားကို ငါးဆယ်ရာခိုင်နှုန်း ၊ ခုနစ်ဆယ်ရာခိုင်နှုန်းနဲ့ ရှစ်ဆယ်ရာခိုင်နှုန်းအထိ တဖြည်းဖြည်း ထိန်းချုပ်လာနိုင်တယ်။"
လန်လင်း နားလည်သွား၏။ နဂါးစွမ်းအား မြင့်မားနေရုံမျှဖြင့် မလုံလောက်ပေ။ နဂါးစွမ်းအား အသုံးချနိုင်မှုနှုန်းလည်း ရှိသေးသည်။
"တတိယအဆင့် ဉာဏ်အလင်းပွင့်ခြင်း ပြီးမြောက်သွားပြီဆိုတဲ့ လက္ခဏာကတော့ စိတ်ကိုသုံးပြီး နဂါးစွမ်းအားကို ထိန်းချုပ်ပြီး သွေးကြောတွေကနေတစ်ဆင့် လည်ပတ်စေပြီး နောက်ဆုံးမှာ နှလုံးဆီ ပြန်ပို့ပြီးတော့ တစ်ပတ် ပြည့်အောင် လုပ်ဆောင်နိုင်ခြင်းပဲ။ အဲတာက တတိယအဆင့် ဉာဏ်အလင်းပွင့်ခြင်း ပြီးမြောက်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။"
"တတိယအဆင့် ဉာဏ်အလင်းပွင့်ခြင်း ပြီးမြောက်ဖို့ သာမန်အားဖြင့် အချိန်ဘယ်လောက် ကြာတတ်လဲ။" လန်လင်းက မေး၏။
"ဉာဏ်အလင်းပွင့်ခြင်း အဆင့်သုံးဆင့်ထဲမှာ တတိယအဆင့်က အရေးအကြီးဆုံးနဲ့ အခက်ခဲဆုံးပဲ။ ပါရမီအရှိဆုံးသူတောင် နှစ်လလောက် အချိန်ယူရလိမ့်မယ်။ နဂါးစွမ်းအားက ခန္ဓာကိုယ်အနှံ့ လည်ပတ်နေချိန်မှာ စိတ်ဝိညာဉ်ကနေ များပြားလှတဲ့ နဂါးစွမ်းအား စွမ်းအင်ကြိုးမျှင်တွေကို ပစ်မှတ်ထားပြီး စုစည်းဖို့ ခက်ခဲလို့ပဲ။ အဲဒီစွမ်းအင်တွေက အဆက်မပြတ် ကုန်ခမ်းပြီး ပျောက်ကွယ်သွားတတ်တယ်။"
ထို့နောက် ရဲ့ကျင်းယွီက လန်လင်းကို မျက်စောင်းထိုးလိုက်သည်။ "ဒါပေမဲ့ သခင်လေးကတော့ ပါရမီရှင်ဆိုတော့ အချိန်ဘယ်လောက်ကြာမလဲ မသိဘူး။"
"စိတ်ဝိညာဉ်ပါရမီက အရမ်းအရေးကြီးတယ်နော်။ အရာရာတိုင်းမှာ စိတ်ကို သုံးဖို့ လိုအပ်နေတယ်လေ။" လန်လင်းက ပြောသည်။
ရဲ့ကျင်းယွီက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ပါရမီငါးရပ်ထဲမှာ စိတ်ဝိညာဉ်ပါရမီက အဓိကပဲ။ သိုင်းပညာရှင်တစ်ယောက်က စိတ်ဝိညာဉ်ပါရမီ မြင့်မားမယ်ဆိုရင် ကျန်တဲ့ပါရမီလေးရပ်မှာ နိမ့်နေရင်တောင် ထိပ်တန်းသိုင်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်သေးတယ်။ ဒါပေမဲ့ စိတ်ဝိညာဉ်ပါရမီ နိမ့်နေမယ်ဆိုရင်တော့ တခြားပါရမီတွေ မြင့်မားနေရင်တောင် ကန့်သတ်ခံရလိမ့်မယ်။"
ဤကမ္ဘာရှိ သိုင်းပညာ၏ အနှစ်သာရမှာ စိတ်ဖြင့် နဂါးစွမ်းအားကို ထိန်းချုပ်ကာ ခန္ဓာကိုယ်၏ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲခြင်းပင်။ ထို့အတွက်ကြောင့် စိတ်ဝိညာဉ်ပါရမီက အလွန်အရေးပါ၏။
**--**--**--**--**--**--**--**
ရဲ့ကျင်းယွီက လန်လင်းကို တိတ်ဆိတ်သည့် အခန်းတစ်ခန်းထဲသို့ ခေါ်လာပြီးနောက် တင်ပျဉ်ခွေ ထိုင်ခိုင်းလိုက်သည်။
သူမသည် နှစ်ပေါင်းများစွာ သိုင်းပညာ လေ့ကျင့်ခဲ့သူဖြစ်ရာ ခါးနှင့် တင်ပါးများမှာ သဘာဝအတိုင်း ကျယ်ကားနေပြီး တင်ပါးများမှာ လုံးဝန်းကာ ကော့တက်နေ၏။ ထိုင်ချလိုက်သည့်အခါ ခါးနှင့် တင်ပါးများ၏ အကွေးအကောက်များမှာ လုံးဝ ရင်သပ်ရှုမောဖွယ်ပင်။
လန်လင်းသည်လည်း အမြန် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး အကြည့်ကို အောက်သို့ အမြန်ချလိုက်သည်။
သူမအား မကြည့်မိစေရန် ကြိုးစားလိုက်၏။
"ဒီတတိယအဆင့် ဉာဏ်အလင်းပွင့်ခြင်းမှာ ဂါထာမရှိဘူး။ ဒုတိယအဆင့် ဉာဏ်အလင်းပွင့်ခြင်းကနေ ရလာတဲ့ နဂါးစွမ်းအားကို အသုံးပြုပြီး နဂါးစွမ်းအားကို လှုံ့ဆော်ရမယ်။ ပြီးရင် ပထမအဆင့်က နဂါးစွမ်းအားကို သုံးပြီး အတွင်းပိုင်းကနေ စောင့်ကြည့်ရမယ်။ အဲဒီနောက်မှာ စိတ်ဝိညာဉ်ကို သုံးပြီး ဖြစ်နိုင်သမျှ နဂါးစွမ်းအား အများဆုံး ဖမ်းယူပါ။ ပြီးရင် ဒီပြန့်ကျဲနေတဲ့ နဂါးစွမ်းအား စွမ်းအင်တွေကို အတူတကွ စုစည်းပြီး နှလုံးဧရိယာကနေ အလယ်ဒန်တျန် ၊ အဲဒီကနေတစ်ဆင့် အောက်ဒန်တျန်ဆီကို လည်ပတ်လှုပ်ရှားဖို့ စတင်ထိန်းချုပ်ရမယ်။"
ထိုနေရာ၌ ရဲ့ကျင်းယွီက စကားရပ်လိုက်သည်။
လန်လင်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ "ပြီးတော့ရော..."
"ဒါက အရေးအကြီးဆုံးအဆင့်ပဲ။ အောက်ဒန်တျန်ဆိုတာ လူ့ခန္ဓာကိုယ် သွေးကြောတွေရဲ့ အဓိက ဗဟိုချက်ပဲ။ နဂါးစွမ်းအားကို လက် ၊ ခြေထောက် ဒါမှမဟုတ် ဦးနှောက်ဆီ ပို့ဆောင်ချင်တာပဲဖြစ်ဖြစ် အားလုံးက အောက်ဒန်တျန်ကို ဖြတ်သန်းသွားရမယ်။ နဂါးစွမ်းအားကို နှလုံးကနေ အောက်ဒန်တျန်ဆီ လည်ပတ်ဖို့တင် တစ်လကျော် အချိန်ယူရတယ်။ ဒါပေမဲ့ သခင်လေးကတော့ ပါရမီရှင်ဆိုတော့ ဘယ်လောက်ကြာမလဲ မသိဘူး။ ဒီအဆင့် ပြီးမြောက်သွားတဲ့အခါ ပြောပါ။ နဂါးစွမ်းအား ထိန်းချုပ်ခြင်းရဲ့ ဒုတိယပိုင်းကို ဆက်သွားကြမယ်။"
ရဲ့ကျင်းယွီ စကားပြောနေစဉ် သူမက သူမ၏ နှလုံးကို လက်ညှိုးထိုးပြပြီးနောက် ရင်ဘတ်ရှေ့ရှိ အလယ်ဒန်တျန်ဆီသို့ လက်ချောင်းကို ရွှေ့လိုက်ကာ ထိုမှတစ်ဆင့် ဝမ်းဗိုက်အောက်ပိုင်းဆီသို့ ဆင်းသွား၏။
နှလုံးမှ အလယ်ဒန်တျန်သို့ ဆင်းသွားခြင်းက တောင်ထွတ်မှ ချိုင့်ဝှမ်းဆီသို့ ဆင်းသွားသကဲ့သို့ပင်။
ထို့နောက် အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်၌ အလျှို့ဝှက်ဆန်းကြယ်ဆုံးနှင့် အဆွဲဆောင်နိုင်ဆုံး အစိတ်အပိုင်းဖြစ်သော အောက်ဒန်တျန်ဆီသို့ တောက်လျှောက် ဆင်းသွားလိုက်၏။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂၈ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team