← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လန်လင်းက လက်ကို ပေါ့ပေါ့ပါးပါး ဆန့်ထုတ်ကာ သူမ၏ ရင်ဘတ်ကို ဆွဲကိုင်ပြီးနောက် သူ၏ နှာခေါင်းဝသို့ ယူဆောင်ကာ ရှူရှိုက်လိုက်၏။ "မွှေးနေတုန်းပဲ..."

ထိုအမျိုးသမီးက ဆွဲဆောင်မှုအပြည့်ရှိသည့် မျက်လုံးများဖြင့် လန်လင်း၏ လက်မောင်းကို ဖမ်းဆွဲလိုက်သည်။ သူမက လန်လင်း၏ ကိုယ်ပေါ်သို့ မှီချလိုက်ပြီး သူမ၏ ပေါင်တံဖြင့် ပွတ်သီးပွတ်သပ်လုပ်ကာ အက်ကွဲကွဲအသံဖြင့် တိုးညှင်းစွာ ပြောလိုက်၏။ "ဒီထက် ပိုမွှေးတဲ့ နေရာတွေ ရှိသေးတယ်။ ရှင် စမ်းကြည့်ချင်လား..."

လန်လင်း မျက်ခုံးပင့်လိုက်သည်။ "ဘာလို့ ခင်ဗျားက ကျွန်တော့်ဟာကို အရင် မစမ်းကြည့်တာလဲ..."

ပိုင်ရှင်မဖြစ်သူက လျှာထုတ်ပြကာ နောက်ပြောင်ဟန်ဖြင့် စိန်ခေါ်လိုက်၏။ "စမ်းကြည့်လေ။ ရှင် ဒီနေရာမှာ လုပ်ရဲလို့လား။ ရှင် ထုတ်ပြရဲရင်... ကျွန်မက မြည်းကြည့်ရဲတယ်..."

လန်လင်း ရယ်မောလိုက်သည်။ "ဟားဟား... ကောင်းပြီ ၊ ကျွန်တော် အရှုံးပေးပါတယ်။ မျက်နှာပြောင်တိုက်တဲ့ နေရာမှာ ခင်ဗျားကို ကျွန်တော် မနိုင်ပါဘူး..."

ပိုင်ရှင်မက နှုတ်ခမ်းဆူလိုက်၏။ "ဟမ့်... ရှင် ကျွန်မကို သက်သက်လာစနေမှန်း သိသားပဲ။ ရှင်က ကျွန်မလို အသက်ကြီးတဲ့ မိန်းမတွေကို အထင်သေးနေတာကို။ ပြောစမ်းပါဦး... ဒီနေ့ ရှင် ဘယ်သူ့ကို ရှာနေတာလဲ။ ကျွန်မဆီက ဘယ်ကောင်မလေး ကံကောင်းမလဲဆိုတာ ကြည့်ရသေးတာပေါ့..."

လန်လင်းက ပခုံးတွန့်လိုက်သည်။ "မန်မန် ဘယ်မှာလဲ..."

ပိုင်ရှင်မက အလုပ်သမားများကို အသံကျယ်ကျယ်ဖြင့် အော်မေးလိုက်၏။ "မန်မန် ဘယ်မှာလဲ..."

အနီးနားရှိ အစေခံတစ်ဦးက မျက်လွှာချလိုက်သည်။ "သခင်မလေးမန်မန်ရဲ့ ခြံဝင်းထဲမှာ ဧည့်သည်တစ်ယောက် ရှိနေပါတယ်..."

ပိုင်ရှင်မက ခါးထောက်လိုက်၏။ "သူ့ကို နှင်ထုတ်လိုက်။ အပြင်ကို နှင်ထုတ်လိုက်စမ်း။ သခင်လေးဆိုလွန် ဒီကို ရောက်နေမှတော့ တခြားဧည့်သည်တွေကို ဘာလုပ်ရမှာလဲ။ သခင်လေးဆိုကို ကြိုဆိုဖို့ မန်မန်ကို အဝတ်အစား ချက်ချင်းသွားလဲခိုင်းလိုက်..."

တော်ဝင်အကယ်ဒမီ၌ ဆိုလွန်က လမ်းဘေးကြွက်တစ်ကောင်ကဲ့သို့ ဆက်ဆံခံခဲ့ရသည်။ သို့သော် ဤနေရာ၌မူ သူက အရေးပါအရာရောက်ဆုံး ဧည့်သည်တော်ကြီးတစ်ဦးကဲ့သို့ ဆက်ဆံခံရ၏။

အခြားမိန်းကလေးများ၏ မနာလိုဖြစ်နေသည့် အကြည့်များကို လျစ်လျူရှုကာ ပိုင်ရှင်မက လန်လင်းအား တောင်ပံမွှေးစံအိမ်၏ နာမည်အကြီးဆုံး အပျော်မယ်ဖြစ်သူ ရီမန်မန်၏ အခန်းဆီသို့ ခေါ်ဆောင်သွားလိုက်ကြသည်။

**--**--**--**--**--**--**--**

တစ်မြို့တော်လုံး၌ ထိပ်တန်းအပျော်မယ်တစ်ဦး ဖြစ်သည့်အားလျော်စွာ ရီမန်မန်၌ ကိုယ်ပိုင်အဆောက်အအုံနှင့် ဥယျာဉ်တစ်ခု ရှိနေသည်မှာ သဘာဝပင်။

ထို့အပြင် ဆိုလွန်သိထားသည့် ခန္ဓာကိုယ်ကို မရောင်းချဘဲ အနုပညာစွမ်းရည်များကိုသာ ရောင်းချသော မိန်းမအနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်သည်။

ပိုင်ရှင်မက လန်လင်းကို တံခါးဝအထိ လိုက်ပို့ပေးပြီးနောက် ပြုံးလိုက်၏။ "ဟမ့်... ရှင်တို့ ချစ်သူနှစ်ယောက် သီးသန့် နေချင်ကြမှာဆိုတော့ ကျွန်မ အထဲကို မလိုက်တော့ဘူး..." ထို့နောက် သူမ ထွက်သွားသည်။

လန်လင်း အပြင်ဘက်၌ ခေတ္တမျှ ရပ်နေလိုက်၏။ ရိုးရိုးသားသားပြောရလျှင် ရီမန်မန်၏ ရုပ်ရည်က မည်သို့ရှိမည်ကို သူ အလွန် သိချင်နေမိသည်။ သေချာပေါက် သူမက အလွန်တရာ လှပပေလိမ့်မည်။ ဤလုပ်ငန်း၌ ထိပ်တန်းနေရာသို့ ရောက်လာရန်ဆိုသည်မှာ လွယ်ကူသည့် ကိစ္စတစ်ခု မဟုတ်ချေ။

ဆိုလွန်နှင့် သူမက နှစ်ပေါင်းများစွာ ကြာရှည်ခဲ့သော အလွန် နီးကပ်သည့် ဆက်ဆံရေးမျိုး ရှိခဲ့ကြ၏။ သူမက သူ၏ အကြာရှည်ဆုံး ချစ်သူဟုပင် ဆိုနိုင်သည်။

သို့သော် ဆိုလွန်၏ ပန်းချီကားများထဲ၌ သူမ၏ ပုံတစ်ခုမှ ရှိမနေခဲ့ခြင်းက လန်လင်းကို အံ့ဩသွားစေ၏။ ဆိုလွန်က ရီမန်မန်ဟု အမည်ရသည့် ဤအပျော်မယ်ကို တိတ်တဆိတ် အထင်သေးနေခဲ့သည်လား။

နှစ်ရက်အတွင်း ရွှေဒင်္ဂါး သုံးထောင့်ကိုးရာဟူသည့် ကြီးမားလှသော ပမာဏကို သူ ရှာဖွေနိုင်မည် ၊ မရှာဖွေနိုင်မည် ဆိုသည်က ဤရီမန်မန် အပေါ်၌သာ လုံးလုံးလျားလျား မူတည်နေသည်။

ခဏအကြာ၌ လန်လင်းက တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွားလိုက်၏။

သူက အခန်းကန့်ကို ကျော်ဖြတ်ကာ အလွန် လှပခမ်းနားသည့် အခန်းတစ်ခုထဲသို့ ဝင်ရောက်သွားသည်။ အပြင်အဆင်များက ထင်ရှားပေါ်လွင်နေပြီး အလွန် ရိုမန့်တစ်ဆန်လှ၏။

ခုတင်ခင်းများ ၊ မီးအိမ်များနှင့် ကော်ဇောများအားလုံးတို့က မှိုင်းပြပြ အနီရောင်လေးများ ဖြစ်ကြသည်။ နေရာတစ်ခုလုံးက မင်္ဂလာဦးအခန်းတစ်ခုနှင့် တစ်ထပ်တည်း တူညီနေ၏။

အမျိုးသမီးတစ်ဦးက မှန်ရှေ့၌ ထိုင်ကာ သူမ၏ ဆံပင်ကို ဖြီးသင်နေသည်။ သူမက တောက်ပနေသည့် အနီရောင် ရင်စည်းနှင့် လိုက်ဖက်သော အနီရောင် ပိုးသားဘောင်းဘီကို ဝတ်ဆင်ထား၏။

သူမ၏ ဖြူဖွေးချောမွေ့နေသည့် အသားအရေအများစုက ပေါ်လွင်နေပြီး မှိန်ပျပျ အလင်းရောင်အောက်၌ လှပစွာ တောက်ပနေသည်။

သူမ၏ ခန္ဓာကိုယ် အချိုးအစားက လန်လင်း စိတ်ကူးထားသည့်အတိုင်းပင်။ အလွန် တောင့်တင်းလှ၏။

ဝမနေချေ။ ထိုအစား အံ့မခန်း အချိုးအစားကျကာ ကျစ်လစ်နေပြီး ငြင်းဆန်၍ မရနိုင်သည့် ဆွဲဆောင်မှုရှိသည့် အလှတရားများ ဖြာထွက်နေသည်။

ကမ္ဘာမြေပေါ်ရှိ ထင်ရှားကျော်ကြားသူ တစ်ဦးဦးနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ခရစ္စတီချောင်နှင့် တူပေလိမ့်မည်။ သို့သော် သူမက ပိုအရပ်ရှည်ပြီး ၅ ပေ ၇ လက်မခန့် ရှိ၏။

သူမက သူ့ကို ကျောခိုင်းထားပြီး ဤကမ္ဘာရှိ ကြေးမုံမှန်များက ဝါးနေသောကြောင့် လန်လင်းအနေဖြင့် သူမ၏ မျက်နှာကို ရှင်းလင်းစွာ မမြင်ရချေ။

အမျိုးသမီးက ပျင်းရိကာ ခနဲ့တဲ့တဲ့ လေသံဖြင့် မေးလိုက်သည်။ "ရှင်က လူသစ်တစ်ယောက်အဖြစ် ပြောင်းလဲတော့မယ်ဆို။ မင်းသမီးကျိနင်အတွက် ကျွန်မတို့ဆီလို ညစ်ပတ်တဲ့နေရာကို ဘယ်တော့မှ ထပ်မလာတော့ဘူးလို့ ရှင် ကျိန်ဆိုထားခဲ့တာ မဟုတ်ဘူးလား..."

သူမ၏ အသံက တစ်မူထူးခြားနေ၏။ အလွန်အမင်း ချိုမြိန်မနေသလို အက်ကွဲကွဲလည်း မဟုတ်ချေ။ အရိုင်းဆန်သော အရိပ်အယောင်လေးများ ရောယှက်နေကာ နောက်ပြောင်မြူဆွယ်ချင်စရာ လေသံလေး ပါဝင်နေသည်။

အတိုချုပ်ဆိုရလျှင် အလွန်အမင်း ဆွဲဆောင်မှု ရှိလွန်းလှ၏။

လန်လင်းက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "ယောက်ျားတစ်ယောက်က ကတိတည်တာကို ခင်ဗျား မြင်ဖူးလို့လား..."

အမျိုးသမီးက ခေါင်းညိတ်လိုက်၏။ "အင်း... ဒါလည်း ဟုတ်တာပါပဲ။ အထူးသဖြင့် မိန်းမတွေရဲ့ ခြေတော်ရင်းမှာ အမြဲတမ်း တောင်းပန်ခယနေတတ်တဲ့ ရှင်လို ယောက်ျားမျိုးပေါ့..."

ထို့နောက် သူမက ခေါင်းလှည့်လာရာ သူမ၏ မျက်နှာတစ်ခြမ်း ပေါ်လာသည်။

လန်လင်း မျှော်လင့်ထားသည်နှင့်မတူဘဲ သူမ၏ အလှက ရိုးရာဆန်ပြီး ကျက်သရေရှိသော ပုံစံမျိုး မဟုတ်ချေ။ သူမက သီးသန့်ကို ဆွဲဆောင်မှုရှိနေခြင်း ဖြစ်၏။

သူမ၏ မျက်လုံးများက အထူး ထင်ရှားပေါ်လွင်နေသည်။ အလွန်အမင်း ကြီးမားမနေသော်လည်း အနည်းငယ် ပင့်တက်နေသည့် မျက်ထောင့်များကြောင့် သူမက အမြဲတမ်း နောက်ပြောင်နေသကဲ့သို့ ထင်မှတ်ရစေ၏။

သူမ၏ နှာတံက မြင့်မားဖြောင့်စင်းနေပြီး ဂုဏ်ယူဝင့်ကြွားဖွယ် ရည်မှန်းချက်ကြီးမားသော အသွင်အပြင်ကို ပေးစွမ်းနေသည်။

သူမ၏ မျက်နှာလေးက စံသတ်မှတ်ထားသော ဘဲဥပုံစံမျိုး မဟုတ်ဘဲ နူးညံ့ကာ အနည်းငယ် ပြည့်ဖောင်းနေ၏။ သူမ၏ ပါးစပ်လေးက သေးငယ်သော်လည်း နှုတ်ခမ်းများက ပြည့်အာစိုရွှဲနေကာ လူများကို နမ်းရှိုက်ချင်စိတ် ပေါက်သွားစေသည်။

လှပသော်ငြား ယောက်ျားတစ်ယောက်၏ ပထမဆုံး အမြင်၌ သူမ၏ အလှတရားထက် လွှမ်းမိုးနိုင်စွမ်းရှိသည့် ရမ္မက်ဆန်သော ဆွဲဆောင်မှုကိုသာ ခံစားရပေလိမ့်မည်။

ရီမန်မန်က မဲ့ပြုံး ပြုံးလိုက်၏။ "ဟမ့်... ဘာလဲ ၊ ဖားပြုတ်ရုပ်ဆိုးကြီးက ငန်းသားကို မစားလိုက်ရလို့ ကျွန်မလို တောဘဲမဆီ လာငိုပြတာလား..."

လန်လင်းက သူမအနောက်သို့ လျှောက်သွားကာ ဆင်စွယ်ဘီးကို သဘာဝကျကျ ယူလိုက်ပြီး သူမ၏ ဆံပင်များကို ဖြီးသင်ပေးလိုက်သည်။ "မဟုတ်ပါဘူး... အဲဒီလို မဟုတ်ပါဘူး။ ကျွန်တော် ကောင်းကင်မိစ္ဆာ တောင်တန်းကို သွားခဲ့တယ်။ အများကြီး မြင်ခဲ့သလို အများကြီးလည်း တွေးခဲ့တယ်။ ကျွန်တော့်ရဲ့ စိတ်ဝိညာဉ် သန့်စင်သွားသလို ခံစားခဲ့ရပြီး နောက်ဆုံးတော့ အရာများစွာကို နားလည်သွားခဲ့တယ်..."

မန်မန်က လန်လင်း၏ ရင်ခွင်ထဲသို့ သဘာဝကျကျ နောက်မှီချလိုက်ပြီး သူမ၏ လှပသည့် မျက်လုံးများက စိတ်ဝင်စားမှုဖြင့် တောက်ပကာ သူ့အား ကြည့်လာ၏။ "ပြောပါဦး... ရှင် ဘာတွေ နားလည်သွားတာလဲ..."

လန်လင်းက ပညာရှိ ဒဿနဆရာတစ်ဦးကဲ့သို့ အသက်ပြင်းပြင်း ရှူလိုက်သည်။ "ကျွန်တော် နက်ရှိုင်းတဲ့ ထိုးထွင်းသိမြင်မှုတွေ အများကြီး ရခဲ့တယ်..."

ရီမန်မန်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ "ရှင် ဘာတွေ သဘောပေါက်သွားတာလဲ..."

လန်လင်းက လေးနက်စွာ ပြောလိုက်သည်။ "ဥပမာအနေနဲ့ ပြောရရင်... ကျိနင်က အရမ်းကို ဆိုးရွားတဲ့ မိန်းမပဲ..."

"ခွီးးး" မန်မန်က သူမ၏ ရယ်မောမှုကို မထိန်းထားနိုင်တော့ချေ။ ဆိုလွန်၏ လေးနက်နေသည့် လေသံကြောင့် တောင်တန်းများပေါ်၌ သူ၏ စိတ်ဝိညာဉ် တကယ်ပဲ သန့်စင်သွားခဲ့ပြီး နက်ရှိုင်းသော အမှန်တရားအချို့ကို သင်ယူလာခဲ့သည်ဟု သူမ ထင်မှတ်ခဲ့မိ၏။ ဤအဖြေမျိုးကို သူမ လုံးဝ မမျှော်လင့်ထားခဲ့ချေ။

မန်မန်က လှောင်ပြုံး ပြုံးလိုက်၏။ "ဟမ့်... အို ၊ ရှင်က သူ့ရဲ့ နှလုံးသားကို မသိမ်းပိုက်နိုင်လို့ အခု ကွယ်ရာမှာ အတင်းတုတ်နေတာလား။ ဒါက လူကြီးလူကောင်းတစ်ယောက်ရဲ့ အပြုအမူ မဟုတ်ဘူးနော်..."

လန်လင်းက ပခုံးတွန့်လိုက်သည်။ "ကျွန်တော်သာ လူကြီးလူကောင်းဆိုရင် အခုချိန် ဒီမှာ ခင်ဗျားနဲ့ စကားပြောနေမှာ မဟုတ်ဘူး..."

မန်မန်က ခေါင်းညိတ်လိုက်၏။ "အင်း... ဒါလည်း ဟုတ်တာပဲ။ လူကြီးလူကောင်းတွေက သူတို့ရဲ့ သန့်စင်တဲ့ ဂုဏ်သိက္ခာတွေ မပျက်စီးသွားအောင် ကျွန်မတို့လို မိန်းမတွေနဲ့ အမြဲတမ်း အဝေးမှာပဲ နေကြတာလေ..."

လန်လင်းက တည်ငြိမ်စွာ ပြောသည်။ "မဟုတ်ဘူး... လူကြီးလူကောင်းတစ်ယောက်က ခင်ဗျားရှေ့မှာ ဒူးထောက်ပြီး ခင်ဗျားကို နမ်းရှိုက်ကိုက်ခဲဖို့ အလုပ်ရှုပ်နေမှာ။ သူ့ပါးစပ်က စကားပြောဖို့တောင် အချိန်ရမှာ မဟုတ်ဘူး..."

မန်မန်က သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်အထိ တခစ်ခစ် ရယ်မောလိုက်၏။ "ခစ်ခစ်... ရှင်က တကယ့် လူဆိုးလေးပဲ။ ထွက်သွားပြီးကတည်းက စကားပြော အရမ်းကောင်းလာတယ်..."

နောက်ဆုံး၌ သူမက ရယ်မောခြင်းကို ရပ်တန့်ကာ လန်လင်းအား စိုက်ကြည့်လိုက်သည်။ "ကောင်းပါပြီ ၊ အလေအလွင့်လေးရယ်။ ရှင် ဒီကိုလာတဲ့ တကယ့်အကြောင်းရင်းက ဘာလဲ။ ရှင် ကျွန်မဆီကို မလာတာ အတော်ကြာပြီလေ။ ရုတ်တရက် ကျွန်မရဲ့ ဆွဲဆောင်မှုတွေကို လွမ်းဆွတ်ပြီး အရင်က ပျော်ရွင်စရာဇာတ်လမ်းဟောင်းလေးကို ပြန်စဖို့ လာတာလို့တော့ မပြောနဲ့နော်..."

လန်လင်း သက်ပြင်းချလိုက်၏။ "ဟူး... ကျွန်တော် ခင်ဗျားနဲ့ ပိုက်ဆံရှာဖို့ ကိစ္စ ဆွေးနွေးမလို့ လာတာ..."

မန်မန်က နှာခေါင်းရှုံ့လိုက်သည်။ "ဟမ့်... ပိုက်ဆံရှာမယ်။ သခင်လေးဆိုလွန်... ရှင်က ပိုက်ဆံကို ရွှံ့လို သဘောထားတဲ့သူလေ။ ကျွန်မလို ပိုက်ဆံရူးသွပ်နေတဲ့ မိန်းမနဲ့ လာမနောက်ပါနဲ့..."

လန်လင်းက အလေးအနက်ထား၍ ပြောလိုက်၏။ "တကယ်ပြောတာပါ။ ကျွန်တော် နှစ်ရက်အတွင်း ရွှေဒင်္ဂါး သုံးထောင့်ကိုးရာ ရအောင် ရှာဖို့လိုတယ်။ မဟုတ်ရင် မြို့စားကြီးကျိထင်က ကျွန်တော့်ကို သတ်လိမ့်မယ်..."

မန်မန် မျက်နှာပျက်သွားသည်။ "ရှင် တကယ်ပြောနေတာလား။ နောက်နေတာ မဟုတ်ဘူးမလား..."

လန်လင်း ခေါင်းရမ်းလိုက်၏။ "မဟုတ်ဘူး... ကျွန်တော် မနောက်ပါဘူး..." ထို့နောက် သူက ဇာတ်လမ်းတစ်စအဆုံးကို သူမအား ပြောပြလိုက်သည်။

သူ့စကားများကို နားထောင်ပြီးနောက် ရီမန်မန်က အချိန်အတော်ကြာသည်အထိ လုံးဝ တိတ်ဆိတ်နေ၏။ နောက်ဆုံး၌ သူမ အံကြိတ်ကာ တိုးညှင်းစွာ ရေရွတ်လိုက်သည်။ "ကျိနင်... တကယ်ကို ဆိုးရွားတဲ့ မိန်းမပဲ..."

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမက မျက်မှောင်ကျုံ့လိုက်၏။ "ဒါဆို... ရှင် ကျွန်မဆီက ပိုက်ဆံ လာတောင်းတာပေါ့..."

လန်လင်း ခေါင်းကုတ်လိုက်သည်။ "အဲဒီလို ပြောလို့လည်း ရပါတယ်..."

ချက်ချင်းပင် ရီမန်မန်၏ လှပသည့် မျက်လုံးများထဲ၌ နက်ရှိုင်းသော စိတ်ပျက်မှု အရိပ်အယောင်နှင့် မျှော်လင့်ချက်မဲ့မှု အနည်းငယ်ပင် ပေါ်လာ၏။

သူမက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "ကောင်းပြီလေ။ ဘာပဲဖြစ်ဖြစ် ဒီနှစ်တွေအတွင်း ရှင် ကျွန်မအပေါ် ရွှေဒင်္ဂါး နှစ်ရာ သုံးရာလောက် သုံးခဲ့တာပဲ။ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း ကျွန်မ ရွှေဒင်္ဂါး တစ်ထောင်လောက် စုဆောင်းနိုင်ခဲ့တယ်။ ရှင့်ကို တစ်ဝက်ပေးမယ်... ကျန်တဲ့တစ်ဝက်ကိုတော့ ကျွန်မ အနားယူတဲ့အခါ သုံးဖို့ ချန်ထားမယ်..."

လန်လင်း တကယ်ကို အံ့ဩသွားရ၏။ သူ၏ အစ်မဖြစ်သူ ဆိုနင်ပင်းက ရီမန်မန်၌ အများဆုံးမှ ရွှေဒင်္ဂါး သုံးလေးရာခန့်သာ စုဆောင်းထားနိုင်မည်ဟု ခန့်မှန်းခဲ့သည်။ သူမ၌ ရွှေဒင်္ဂါး တစ်ထောင်ကျော် ရှိနေမည်ဟု သူ မမျှော်လင့်ထားချေ။

သို့သော် သူ သေချာ ပြန်တွေးကြည့်သည့်အခါ ဤသည်က ယုတ္တိတန်နေ၏။ ရီမန်မန်က ဖောက်သည်တစ်ဦးကို အဖော်ပြုပေးရုံမျှဖြင့် ရွှေဒင်္ဂါး နှစ်ပြား သုံးပြားခန့် တောင်းဆိုသည်။ သူမက ခန္ဓာကိုယ်ကို မရောင်းချချေ။ သူတို့နှင့်အတူ အရက်သောက်ရုံသာဖြစ်ပြီး သူမ၏ အပြုံးများကို အလွယ်တကူ မပေးစွမ်းတတ်ပေ။

ကမ္ဘာမြေပေါ်၌ဆိုလျှင် သူမကဲ့သို့သော သူမျိုးက ထိပ်တန်းအဆင့် နာမည်ကျော်တစ်ဦးအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး တစ်နှစ်လျှင် ငွေကြေးသန်းဆယ်ချီ၍ လွယ်ကူစွာ ရှာဖွေနိုင်ပေလိမ့်မည်။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters