← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဆိုလွန်က သူ၏ အထူးမြှောက်စားပေးမှုကြောင့် မိန်းကလေးများ၏ တန်ဖိုး ဆယ်ဆထက်မက တက်လာစေရမည်ဟု ကတိပေးလိုက်၏။

ထိုစကားကို ကြားသည့်အခါ မိန်းကလေးများ အားလုံး မယုံနိုင်သည့်ပုံ ပေါက်သွားကြသည်။

တော်ဝင်မြို့တော် တစ်ခုလုံး၌ ရွှေဒင်္ဂါး တစ်ပြားအထက် ယူနိုင်သည့် မိန်းကလေး ဒါဇင်အနည်းငယ်သာ ရှိသည်။ သူတို့အားလုံးမှာ ငွေကြေးအမြောက်အမြား အသုံးပြုကာ နှစ်ပေါင်းများစွာ လေ့ကျင့်သင်ကြားခံထားရသူများ ဖြစ်ကြ၏။ ဆိုလွန်က တစ်ပြိုင်နက်တည်း အလှမယ် ဆယ့်ကိုးယောက်ကို မည်သို့ ရုတ်တရက် ဖန်တီးနိုင်မည်နည်း။

အမျိုးသမီးတစ်ဦးက မျက်မှောင်ကျုံ့လိုက်သည်။ "သခင်လေးဆိုလွန်... ရှင်က ကျွန်မတို့ကို တန်ဖိုးတက်လာအောင် ဘယ်လိုလုပ်ပေးမှာလဲ။ ရှင့်နောက်က ပန်းချီကားကြောင့်များလား..."

လန်လင်းက ယုံကြည်ချက်ပြည့်ဝဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ "အင်း... ဟုတ်တယ်။ ဒီပန်းချီကားက အရေးကြီးတယ်။ ဒါပေမဲ့ အရင်က ဘယ်သူမှ မမြင်ဖူးသေးတဲ့ အသစ်စက်စက် စတိုင်တွေ ၊ အဝတ်အစားသစ်တွေနဲ့ ခင်ဗျားတို့ကို မြှောက်စားပေးမယ့် နည်းလမ်းသစ်တွေလည်း ကျုပ်ဆီမှာ ရှိသေးတယ်..."

အမျိုးသမီးများက အပြင်ပန်း၌ မပြသော်ငြား သူ့ကို သံသယဝင်နေကြဆဲပင်။ ပန်းချီကားက အံ့မခန်းဖြစ်သော်လည်း သူတို့၏ တန်ဖိုးကို မည်သို့ ချက်ချင်း တက်သွားစေနိုင်မည်နည်း။ ဆိုလွန်ပြောနေသည့် အသွင်အပြင်သစ်ဆိုသည်မှာရော မည်သည်နည်း။

မြို့တော်ရှိ ပြည့်တန်ဆာအိမ်များ၌ အသွင်အပြင်နှင့် ဝတ်စုံမျိုးစုံကို စမ်းသပ်ဝတ်ဆင်ပြီးကြပြီ ဖြစ်၏။ အချို့ဆိုလျှင် ဧည့်သည်ရရန် လမ်းမပေါ်၌ ကိုယ်လုံးတီးပင် ရပ်ဖူးကြသည်။ အသွင်အပြင်သစ်တစ်ခုတည်းက သူတို့၏ ဈေးနှုန်းကို ချက်ချင်း မြှင့်တင်ပေးနိုင်မည်ဆိုသည်ကို သူတို့ လုံးဝ မယုံနိုင်ကြချေ။

လန်လင်း အားလုံးကို မျက်စိကစားကြည့်လျက် လေးနက်စွာ ပြောလိုက်သည်။ "အခု တော်ဝင်မြို့တော်ရဲ့ အလှမယ် ဆယ့်ကိုးပါးထဲက ပထမဆုံး နေရာအတွက် လေလံတင်မယ်။ စတင်မယ့်ဈေးက ရွှေဒင်္ဂါး ငါးဆယ်ပဲ။ ကျုပ်ရဲ့ အထူးပြင်ဆင်ပေးမှုနဲ့ မြှောက်စားပေးမှုကို ပထမဆုံး ရယူချင်တဲ့သူ ဘယ်သူရှိလဲ..."

"ရွှေဒင်္ဂါး ငါးဆယ်...။"

ဤနေရာရှိ မိန်းကလေးများ အားလုံးက သခင်လေးဆိုလွန်ကို ချစ်ခင်ကြ၏။ သူ့ကို ပံ့ပိုးပေးရန် ရွှေဒင်္ဂါး တစ်ပြား ၊ နှစ်ပြား ပေးရမည်ကို ဝန်လေးမည် မဟုတ်သော်ငြား ရွှေဒင်္ဂါး ဒါဇင်ချီ၍ ပေးရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။

ဤမိန်းကလေးများမှာ ဆင်းရဲနွမ်းပါးကြပြီး ကိုယ့်ကိုယ်ကိုယ်မှလွဲ၍ အားကိုးစရာ မရှိကြပေ။ သူတို့၏ တစ်ခုတည်းသော လုံခြုံမှုမှာ သေတ္တာများထဲ၌ စုဆောင်းထားသည့် ရွှေဒင်္ဂါးများပင် ဖြစ်၏။ ငွေအများကြီး ရှာနိုင်ကြသော်ငြား သူတို့၏ နုပျိုမှုက တိုတောင်းလှပြီး နှစ်အနည်းငယ်မျှသာ ငွေကောင်းကောင်း ရှာနိုင်ကြခြင်း ဖြစ်သည်။

ရီမန်မန်ကဲ့သို့သော မိန်းကလေး အနည်းငယ်သာလျှင် ရွှေဒင်္ဂါး ထောင်ချီ၍ စုဆောင်းနိုင်ကြသည်။ သို့သော် အများစုမှာ ဘဝတစ်လျှောက်လုံး၌ ရွှေဒင်္ဂါး ရာဂဏန်းခန့်သာ စုဆောင်းနိုင်ကြ၏။ ဤမိန်းကလေးများမှာ မြို့တော်၌ ဝင်ငွေအကောင်းဆုံးသူများ ဖြစ်နေကြပြီ ဖြစ်၏။

သူတို့က အလှမယ် ဆယ့်ကိုးပါးဆိုသည့် လေလုံးထွားနေသော ကတိတစ်ခုအတွက် ရွှေဒင်္ဂါး ငါးဆယ်ကို စွန့်စားမသုံးချင်ကြချေ။ ထို့အပြင် ပန်းချီကားတစ်ချပ် သို့မဟုတ် ဝတ်စုံအသစ်တစ်ခုက သူတို့ကို ချက်ချင်း ချမ်းသာသွားစေနိုင်မည်ဟု မယုံကြပေ။

ထို့ကြောင့် အခန်းထဲ၌ အနေရခက်ဖွယ် တိတ်ဆိတ်သွား၏။ ဆိုလွန်ကို ပံ့ပိုးပေးချင်သည့် မိန်းကလေးများပင်လျှင် ထိုမျှလောက် ငွေအများကြီး မသုံးချင်ကြချေ။

ထိုစဉ် လန်လင်း စီစဉ်ထားသည့် လျှို့ဝှက်အကူက ရှေ့သို့ လှမ်းထွက်လာသည်။ နှင်းပွင့်ကဲ့သို့ ဖြူစင်သော ဂါဝန်ကို ဝတ်ဆင်ထားသည့် ရဲ့ရှောင်ရှန်းက လက်ထောင်လိုက်သည်။ "သခင်လေးဆိုလွန်... ကျွန်မ ရှင့်ရဲ့ အလှမယ် ဆယ့်ကိုးပါးထဲက ပထမဆုံးတစ်ယောက် ဖြစ်ချင်ပါတယ်..."

သူမက ရှေ့သို့လျှောက်လာကာ ငွေသေတ္တာတစ်လုံးကို ရီမန်မန်ထံသို့ ကမ်းပေးလိုက်၏။ အထဲ၌ ရွှေဒင်္ဂါး အတိအကျ ငါးဆယ်ပါဝင်သည်။

သေချာပေါက် ဤငွေများကို စောစောကတည်းက ရီမန်မန် ပေးထားခြင်း ဖြစ်သည်။ ရဲ့ရှောင်ရှန်း၌လည်း ထိုမျှလောက် ငွေရှိသော်ငြား သူမ မသုံးချင်ပေ။ သူမ၏ ကိုယ်ပိုင်ငွေများကို ငွေဒင်္ဂါး တစ်ပြားချင်းစီဖြင့် အလွန်နှေးကွေးစွာ စုဆောင်းထားရခြင်း ဖြစ်၏။

လန်လင်း ခေါင်းညိတ်လိုက်သည်။ "အင်း... ကောင်းပြီ... ကျုပ်တို့ရဲ့ ပထမဆုံး ဝယ်သူကို ရပြီ။ အခု သူ့ကို စမ်းသပ်ရမယ်။ အလှမယ် ဆယ့်ကိုးပါးထဲက တစ်ယောက်ဖြစ်လာဖို့ ပိုက်ဆံပေးရုံနဲ့ မလုံလောက်ဘူး။ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆွဲဆောင်မှုလည်း ရှိဖို့ လိုသေးတယ်..."

လန်လင်းက ရဲ့ရှောင်ရှန်းကို မိနစ်အနည်းငယ်ခန့် အနီးကပ် စိုက်ကြည့်လိုက်၏။ ထို့နောက် သူက ခေါင်းညိတ်လျက်ပင် ဆက်ပြော၏။ "ကောင်းပြီ... မင်းက အလှမယ် ဆယ့်ကိုးပါးထဲက တစ်ယောက် ဖြစ်နိုင်တယ်။ ကဲ... ဒုတိယတစ်ယောက် ဖြစ်ချင်တဲ့သူ ဘယ်သူရှိလဲ..."

တစ်ဖန် အခန်းထဲ၌ အနေရခက်ဖွယ် တိတ်ဆိတ်သွားပြန်၏။

အချိန်အတော်ကြာသည်အထိ မည်သူကမျှ ပြန်မဖြေကြချေ။ အလွန် ရှက်ဖွယ်ကောင်းလှ၏။ အကယ်၍ လန်လင်းသာ သူ၏ ပုံမှန်စရိုက်အတိုင်းဆိုလျှင် မျက်နှာရဲတက်လာပြီး ထွက်ပြေးသွားသည်မှာ ကြာလောက်ပြီ ဖြစ်သည်။ သို့သော် လက်ရှိအချိန်၌ သူက ဆိုလွန်၏ ဇာတ်ရုပ်ကို သရုပ်ဆောင်နေသဖြင့် အနေရခက်မှုကို လွယ်ကူစွာ လျစ်လျူရှုထားနိုင်၏။

လန်လင်း ပခုံးတွန့်လိုက်သည်။ "ကောင်းပြီ... ဒုတိယတစ်ယောက်မှ မဖြစ်ချင်ကြတော့တဲ့အတွက် ရဲ့ရှောင်ရှန်းကို လုံးဝ အသစ်ဖြစ်သွားအောင် ကျုပ် စပြီး ပြင်ဆင်ပေးတော့မယ်။ ဒီညပဲ အားလုံး ရလဒ်ကို မြင်ရလိမ့်မယ်။ ရဲ့ရှောင်ရှန်းရဲ့ ဈေး တက်လာမလား ၊ သူ့ဆီမှာ ဧည့်သည်တွေ ပြည့်ကျပ်သွားမလားဆိုတာ ကျုပ်တို့ စောင့်ကြည့်ကြတာပေါ့..."

လန်လင်းက ရဲ့ရှောင်ရှန်းကို စိုက်ကြည့်လိုက်သည်။ "ရှောင်ရှန်း... အခု မင်းရဲ့ဈေးက ဘယ်လောက်လဲ..."

ရဲ့ရှောင်ရှန်း မျက်လွှာချလိုက်သည်။ "ငွေဒင်္ဂါး သုံးပြားပါ..."

လန်လင်း ယုံကြည်မှုအပြည့်ဖြင့် လေးနက်စွာ ပြောလိုက်သည်။ "ဒီည မင်းရဲ့ဈေးက ငွေဒင်္ဂါး ဆယ့်ငါးပြား အထက်ကို သေချာပေါက် ရောက်သွားစေရမယ်။ ယောက်ျားတွေ ရာနဲ့ချီပြီး မင်းကို ပိုက်ဆံပေးဖို့ လုကြလိမ့်မယ်။ အဲဒီလိုမှ မဖြစ်လာရင် မင်းကို ရွှေဒင်္ဂါး တစ်ရာ ငါ ပေးမယ်..."

ထိုစကားကြောင့် ရဲ့ရှောင်ရှန်းနှင့် အခြားသော အမျိုးသမီးများမှာ အံ့အားသင့်သွားကြ၏။

လန်လင်း လက်ယမ်းပြလိုက်သည်။ "လေလံဆွဲမယ့်သူ မရှိတော့တဲ့အတွက် ဒီနေ့အတွက်တော့ ဒီလောက်ပဲ။ မိန်းကလေးတို့... ပြန်ပြီး အနားယူကြတော့။ အိပ်ရေးမဝတာက ခင်ဗျားတို့ရဲ့ အလှတရားအတွက် မကောင်းဘူး။ ကျုပ် အလုပ်ရဲ့ ရလဒ်ကို ဒီည မြင်ရပါလိမ့်မယ်။ အခု ရဲ့ရှောင်ရှန်းကို စပြီး ပြင်ဆင်ပေးဖို့ လိုနေပြီ။ ခွင့်ပြုပါဦး..."

ထို့နောက် လန်လင်းက ရဲ့ရှောင်ရှန်း၏ လက်ကိုဆွဲကာ နောက်ဘက်ခြံဝင်းထဲသို့ ဆွဲခေါ်သွားလိုက်သည်။

မိန်းကလေးများက တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြ၏။ ယနေ့ည၌ မည်သို့ဖြစ်လာမည်ကို မြင်တွေ့ရရန် စိတ်လှုပ်ရှားနေကြသော်ငြား ရင်တွင်းနက်ရှိုင်းသော နေရာ၌မူ ဆိုလွန်က ရဲ့ရှောင်ရှန်း၏ ဈေးနှုန်းကို အမှန်တကယ် မြှင့်တင်ပေးနိုင်မည်ဟု မယုံကြသေးပေ။

**--**--**--**--**--**--**--**

အချိန်အနည်းငယ်ကြာပြီးနောက် ဥယျာဉ်ထဲ၌က ရီမန်မန် လှောင်ပြုံး ပြုံးလိုက်သည်။ "မြင်လား ကျွန်မရဲ့ သခင်လေး... ဘယ်သူမှ ရွှေဒင်္ဂါး ငါးဆယ် မပေးချင်ကြဘူး။ ရှင်ကတော့ ကတိတွေ အကြီးကြီး ပေးထားပြီ။ ဘယ်လိုလုပ်မလဲ ကြည့်ရသေးတာပေါ့။ ဒီည ရဲ့ရှောင်ရှန်းအတွက် ပိုက်ဆံပေးပြီး ဧည့်သည်အယောင်ဆောင်တွေ ငှားလိုက်ရမလား... ဟင်းဟင်း..."

လန်လင်း ခေါင်းရမ်းလိုက်သည်။ "မဟုတ်ဘူး။ မလုပ်နဲ့...။ အဲဒါက တကယ့် လိမ်လည်မှုကြီး ဖြစ်သွားလိမ့်မယ်။ ပြီးတော့ ဒီမိန်းမတွေက အရမ်း ပါးနပ်တယ်။ ရဲ့ရှောင်ရှန်းက ဝယ်သူအယောင်ဆောင်ထားတာကို သူတို့ သိပြီးနေပြီ။ ဧည့်သည်အယောင်ဆောင်တွေ သုံးလိုက်ရင် သူတို့ အလွယ်တကူ သိသွားပြီး ငါ့ကို ယုံတော့မှာ မဟုတ်ဘူး။ ငါ ကတိပေးတယ်... ရဲ့ရှောင်ရှန်းဆီမှာ တကယ့်ဧည့်သည်တွေ ပြည့်ကျပ်သွားစေရမယ် ၊ ပြီးတော့ သူ့ဈေးလည်း အများကြီး တက်သွားလိမ့်မယ်..."

ထို့နောက် လန်လင်းက ရဲ့ရှောင်ရှန်းအပေါ် သူ၏ အလုပ်များကို စတင်လိုက်၏။

လန်လင်း လက်ပိုက်လိုက်သည်။ "ပထမအဆင့်။ အခုကစပြီး မင်းရဲ့ အလုပ်နာမည်က ရဲ့ရှောင်ရှန်း မဟုတ်တော့ဘူး။ ရှောင်မို (ကြောင်မလေး) လို့ ပြောင်းရမယ်..."

လန်လင်းက လက်ပိုက်ထားလျက်ပင် ဆက်ပြော၏။ "မင်းက ဆွဲဆောင်မှုရှိပြီး ရဲတင်းရမယ် ၊ နည်းနည်းလည်း အရိုင်းဆန်ရမယ်။ ယောက်ျားတွေကို အမြဲတမ်း အလိုလိုက်ဖို့ ဒါမှမဟုတ် ချိုချိုသာသာ ဆက်ဆံဖို့ မကြိုးစားနဲ့။ မင်းက သူတို့ထက် သာနေတဲ့ပုံစံမျိုး လုပ်ပြီး သူတို့ကို ဂရုမစိုက်တဲ့ပုံစံနဲ့ အထင်သေးသလို ဆက်ဆံရမယ်..."

လန်လင်းက နှာခေါင်းရှုံ့လိုက်သည်။ "ဟမ့်... ပြီးတော့ ဒီဂါဝန်ရှည်ကြီးက မင်းနဲ့ လုံးဝ မလိုက်ဖက်ဘူး။ မင်းက ရမ္မက်ဆန်ပြီး ဆွဲဆောင်မှုရှိတဲ့ အသစ်စက်စက် တစ်ခုခုကို ဝတ်ဆင်ဖို့ လိုတယ်။ စိတ်မပူနဲ့ ၊ အဲဒါကို ဒီဇိုင်းဆွဲဖို့ ငါ ကူညီပေးမယ်..."

လန်လင်းက သူ၏ စုတ်တံများကို ကောက်ကိုင်လိုက်သည်။ ဤတစ်ကြိမ်၌ မီးသွေးခဲကိုသာ အသုံးပြုခြင်း မဟုတ်ချေ။ ရောင်စုံစုတ်တံ ဒါဇင်ချီ၍ အသုံးပြု၏။

ထို့ပြင် ဤသည်မှာ ပန်းချီကားသေးသေးလေး မဟုတ်ပေ။ ခြောက်ပေ သို့မဟုတ် ကိုးပေခန့် ရှည်လျားသည့် ဧရာမ ပိုစတာကြီးတစ်ခု ဖြစ်၏။ ဆွဲရန်အတွက် ကုလားထိုင်ပေါ်၌ပင် မတ်တတ်ရပ်ရသည်။

လန်လင်းက မေးငေါ့ပြလိုက်သည်။ "ရှောင်မို... ဂါဝန်ကို ချွတ်ချလိုက်ပြီး အတွင်းခံပဲ ဝတ်ထား။ ကြမ်းပြင်ပေါ်မှာ ဒူးထောက်ပြီး ခုံပုလေးကို မှီထား... မင်းရဲ့ ခန္ဓာကိုယ် ကောက်ကြောင်း ပေါ်လွင်အောင် တင်ပါးကို ပင့်ထား။ အရိုင်းဆန်ပြီး ကြမ်းတမ်းတဲ့ စောက်ရမ်းမိုက်တဲ့ အကြည့်မျိုး ပေး..."

စကားပြောနေစဉ် သူက မှန်ကန်သည့် ကိုယ်နေဟန်ထား ရရှိရန် ကူညီပေးပြီး မျက်နှာအမူအရာကိုပါ ပြင်ဆင်ပေးလိုက်၏။ ရိုးရိုးရှင်းရှင်းပြောရလျှင် သူမအား အလွန်အမင်း ရမ္မက်ဆန်ကာ ဆွဲဆောင်မှုရှိစေချင်ခြင်း ဖြစ်သည်။ ထို့နောက် ကြီးမားသည့် ပန်းချီဘုတ်အဖြူပြားကြီးပေါ်၌ စတင်ရေးဆွဲလိုက်သည်။

ဤသည်မှာ တော်ဝင်မြို့တော်ရဲ့ အလှမယ် ဆယ့်ကိုးပါးအတွက် သူ၏ ပထမဆုံး ပန်းချီကား ဖြစ်၏။ အောင်မြင်ရမည်ဖြစ်ပြီး လုံးဝ ကျရှုံး၍ မဖြစ်ချေ။ သူမ၏ ခန္ဓာကိုယ်ကို ရေးဆွဲထားခြင်း ဖြစ်သော်ငြား အရောင်အသွေး စုံလင်စွာဖြင့် ဖြစ်သည်။ အရောင်များက ပန်းချီကားကို ပိုမို အစွမ်းထက်လာစေ၏။

လုံးဝ အစစ်အမှန်နှင့် တူညီနေရန် မလိုအပ်ချေ။ ဓာတ်ပုံတစ်ပုံ၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့် တူညီနေခြင်းကပင် လုံလောက်နေပြီ ဖြစ်၏။

လန်လင်း၏ ပန်းချီကားထဲ၌ ရဲ့ရှောင်ရှန်း၏ အသွင်အပြင်နှင့် အဝတ်အစားများမှာ လုံးဝ ပြောင်းလဲသွားသည်။ သူမက တင်းကျပ်သည့် အနက်ရောင် ဘရာစီယာနှင့် အလွန်တိုပြီး တင်းကျပ်သော စကတ်ကိုသာ ဝတ်ဆင်ထား၏။

ရှည်လျားသည့် ခြေတံများ၌ အနက်ရောင်ခြေအိတ်ရှည်ကို စွပ်ထားကာ မည်သူမှ တစ်ခါမှ မမြင်ဖူးသည့် သားရေ ဒေါက်မြင့်ဖိနပ်ကို စီးထားသည်။ ဆံပင်များကို လှိုင်းတွန့်အဖြစ် ရေးဆွဲထားပြီး ခေါင်းပေါ်၌ ကြောင်နားရွက်များပင် တပ်ဆင်ထားသေး၏။

အတိုချုပ်ဆိုရလျှင် ရဲ့ရှောင်ရှန်းမှာ ခေါင်းအစ ခြေအဆုံး ပြောင်းလဲသွားသည်။ ဤရှေးဟောင်းကမ္ဘာမှ သာမန်အမျိုးသမီးတစ်ဦးအဖြစ်မှ ခေတ်မီပြီး ဟော့ရှော့ဖြစ်ကာ ဆွဲဆောင်မှုရှိသည့် ကြောင်မလေး တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်၏။

တင်းကျပ်သည့် အပေါ်ပိုင်း ၊ မီနီစကတ် ၊ ခြေအိတ်ရှည်နှင့် ဒေါက်မြင့်ဖိနပ်များ အားလုံးက ခေတ်မီစတိုင်များ ဖြစ်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ အမျိုးသမီးဖက်ရှင်အပေါ် လူများ၏ အမြင်က အမြဲတမ်း ပြောင်းလဲကာ ရှေ့သို့ ဆက်သွားနေတတ်၏။

ဆွဲဆောင်မှုရှိသည့် အသွင်အပြင်နှင့် ပတ်သက်လာလျှင် ခေတ်မီစတိုင်များက လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက စတိုင်များထက် များစွာ ပိုကောင်းကြသည်။

မီနီစကတ်တစ်ခုက ရှေးဟောင်း ဂါဝန်ရှည်တစ်ခုထက် အမြဲတမ်း ပို၍ ဆွဲဆောင်မှုရှိသည် မဟုတ်ပါလား။ ဘီကီနီကလည်း ပွယောင်းယောင်း ရှေးဟောင်းအတွင်းခံထက် များစွာ ပို၍ ဆွဲဆောင်နိုင်စွမ်း ရှိသည် မဟုတ်ပါလား။

ပန်းချီကားကို အဆုံးသတ်ရန် လန်လင်းမှာ ဆယ်နာရီနီးပါး အချိန်ယူလိုက်ရ၏။ ပြီးသွားသည့် အချိန်၌ ရဲ့ရှောင်ရှန်းနှင့် ရီမန်မန်တို့မှာ အလွန်အမင်း ပင်ပန်းသွားကြသဖြင့် အိပ်မောကျနေကြလေပြီ။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters