← Chapters

အခန်း ၄၃

Vol. 5 Ch. 43

အခန်း ၄၃

Vol. 5 Ch. 43

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄၃

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဆယ်နာရီကြာမျှ အချိန်ယူခဲ့ရပြီးနောက် လန်လင်းမှာ လုံးဝ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော်ငြား နောက်ဆုံး၌ အလုပ်ပြီးစီးသွားလေပြီ။

ကိုးပေနီးပါး ရှည်လျားသည့် ပိုစတာပေါ်၌ ခေတ်မီပြီး ကြောင်မလေးတစ်ကောင်ပမာ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးကို ရေးဆွဲထား၏။ ပုံထဲရှိ အမျိုးသမီးမှာ အသက်ဝင်လွန်းလှပြီး အလွန်တရာ ဆွဲဆောင်မှု ရှိလှသည်။

လန်လင်းက ရီမန်မန်နှင့် ရဲ့ရှောင်ရှန်းတို့ကို နှိုးကာ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "ကဲ... ငါဆွဲလို့ ပြီးသွားပြီ။ အခု ပိုစတာထဲကအတိုင်း အဝတ်အစားသစ်တွေ ၊ ဖိနပ်တွေနဲ့ ဇာခြေအိတ်ရှည်တွေကို ချုပ်ကြတော့။ မှတ်ထား ၊ ဇာခြေအိတ်ရှည်တွေကို ကျုံ့နိုင်ဆန့်နိုင်တဲ့ သားရဲအရွတ်တွေ သုံးပြီး ရက်လုပ်ရမယ်။ ပြီးရင် အနက်ရောင်ဆိုးရမယ်..."

ရဲ့ရှောင်ရှန်းနှင့် ရီမန်မန်တို့ အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးများကို ပွတ်သပ်လိုက်ကြ၏။ ပထမဆုံး မြင်လိုက်ရသည့်အရာမှာ သူတို့ရှေ့ရှိ ဧရာမ ပိုစတာကြီးပင် ဖြစ်သည်။

ချက်ချင်းပင် သူတို့ အိပ်ချင်ပြေသွားကြသည်။

ရဲ့ရှောင်ရှန်းကမူ သူမ၏ ရုပ်ပုံအား ရေးဆွဲထားသည့် ပန်းချီကားကို စိုက်ကြည့်ရင်း သူမ၏ မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်သွားရ၏။

"အာ..."

သူမက အံ့ဩမှင်တက်နေလျက် ပြောသည်။ "ဒါက... ဒါက တကယ်ပဲ ကျွန်မလား။ ကျွန်မက ဘယ်လိုလုပ် ဒီလောက်တောင် လှပြီး... ရင်သပ်ရှုမောဖွယ် ကောင်းနေရတာလဲ..."

ရီမန်မန်သည်လည်း ပိုစတာကို လုံးဝ အံ့ဩမှင်တက်စွာ စိုက်ကြည့်နေ၏။ လန်လင်း တကယ်ပဲ အောင်မြင်ပြီး အံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်တော့မည်ဟု သူမ ခံစားလိုက်ရသည်။

**--**--**--**--**--**--**--**

နာရီဝက်ကြာပြီးနောက် ယွီဟွာစံအိမ်မှ အလုပ်သမား ဒါဇင်ခန့်သည် ဧရာမပိုစတာကြီးကို သယ်ဆောင်ကာ လမ်းမများပေါ်သို့ ထွက်လာကြသည်။ သူတို့က အော်ဟစ်ကာ ဗုံတီးလျက် တော်ဝင်မြို့တော်အတွင်း လှည့်လည်သွားလာကြ၏။

သူတို့က ကြေးစည်များ တီးခတ်ကာ ကျယ်လောင်စွာ အော်ဟစ်ကြသည်။ "ကျစ်တူး အနုပညာကော်မတီက ယွီဟွာစံအိမ်က ရဲ့ရှောင်မိုကို တော်ဝင်မြို့တော်ရဲ့ အလှမယ် ဆယ့်ကိုးပါးထဲက တစ်ယောက်အဖြစ် ရွေးချယ်လိုက်ပြီဟေ့..."

သေချာပေါက် ဤကျစ်တူးအနုပညာကော်မတီဆိုသည်မှာ လန်လင်း၏ လက်ချက်သာ ဖြစ်သည်။

တော်ဝင်မြို့တော်၏ လမ်းမများမှာ အမြဲတမ်း လူစည်ကားနေတတ်ပြီး လူဦးရေ တစ်သန်းကျော်ရှိသည့် ဧရာမမြို့ကြီးတစ်ခု ဖြစ်သည်။

ဧရာမ ပိုစတာကြီး ထွက်ပေါ်လာသည့် အခိုက်အတန့်၌ ကြီးမားသည့် ဂယက်ရိုက်ခတ်မှုကို ဖြစ်ပေါ်လာစေခဲ့သည်။

ပန်းချီကားတစ်ချပ်က မည်သို့လုပ် ဤမျှလောက်ပင် အစစ်အမှန်နဲ့ တူနေရသနည်း။ သက်ရှိလူတစ်ယောက်နှင့် တစ်ထပ်တည်း တူညီနေ၏။ ဤသည်က တကယ့် မှော်ဆန်မှုပင်။

ဤကမ္ဘာပေါ်ရှိ လူများမှာ ဤမျှအထိ အသက်ဝင်လှသည့် ပန်းချီကားမျိုးကို အရင်က တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။ ကင်မရာမပါဘဲ အရောင်အသွေး စုံစုံလင်လင်ဖြင့် ရေးဆွဲထားခြင်း ဖြစ်ရာ လူတိုင်း အံ့အားသင့် မှင်တက်သွားကြသည်။

ပို၍ အရေးကြီးသည်မှာ ပိုစတာထဲရှိ အမျိုးသမီးက အလွန်အမင်း ဆွဲဆောင်မှုရှိနေခြင်းပင်။

ရီမန်မန်၏ ပန်းချီကားနှင့် မတူဘဲ ရဲ့ရှောင်မို၏ ဤပန်းချီကားကို အတတ်နိုင်ဆုံး ဆွဲဆောင်မှုရှိစေရန် ရည်ရွယ်ရေးဆွဲထားခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ ယောက်ျားများ၏ ရမ္မက်ဆန္ဒများကို အပြည့်အဝ လှုံ့ဆော်ပေးရန်ပင်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤပန်းချီကားက အပြင်လက်တွေ့လူထက်ပင် ပို၍ ဆွဲဆောင်မှုရှိကာ လှပနေစေရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

ဤသည်က ကမ္ဘာမြေပေါ်၌ အလွန်အသုံးများသည့် လှည့်ကွက်တစ်ခု ဖြစ်သည်။

အချို့အမျိုးသမီးများမှာ အပြင်လက်တွေ့၌ အမှတ်ဆယ်အပြည့်တွင် ခုနစ်မှတ်ခန့်သာ ရှိနိုင်၏။ သို့သော် ဆွဲဆောင်မှုရှိသည့် ကိုယ်နေဟန်ထားများ ၊ ကောင်းမွန်သည့် ကင်မရာထောင့်ချိုးများ ၊ ပြီးပြည့်စုံသည့် အလင်းရောင်နှင့် ဓာတ်ပုံပြင်ဆင်ခြင်းများ ပါဝင်လာပါက အမှတ်ဆယ်အပြည့်တွင် ကိုးမှတ်ခန့်အထိ ရောက်သွားနိုင်သည်။

ထိုမော်ဒယ်မလေးများ၏ ဓာတ်ပုံများကို ကြည့်ရုံနှင့်ပင် ယောက်ျားတစ်ယောက်၏ ရင်ကို ခုန်မြန်လာစေရန် လုံလောက်နေပြီ ဖြစ်သည်။

လက်ရှိအချိန်၌ လန်လင်းက ထိုလှည့်ကွက်များအားလုံးကို အသုံးပြုထားခြင်း ဖြစ်၏။

ရဲ့ရှောင်မိုမှာ ကြောင်မလေးတစ်ကောင်ကဲ့သို့ အလွန်လှပနေပြီးသား ဖြစ်သည်။ လန်လင်းက သူမကို ခေတ်မီသည့် အသွင်အပြင်သို့ ပြောင်းလဲပေးလိုက်ကာ ဆွဲဆောင်မှုရှိသည့် ကိုယ်နေဟန်ထားဖြင့် ရေးဆွဲလိုက်သည့်အခါ လမ်းမပေါ်ရှိ ယောက်ျားတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ဖမ်းစားနိုင်သွားတော့၏။

လမ်းသွားလမ်းလာတစ်ဦးက တံတွေးမြိုချလိုက်သည်။ "ဒီမိန်းမက တကယ်မိုက်တာပဲ။ သူ့ကို တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ငါတော့ မီးလောင်တော့မလို ခံစားနေရပြီ..."

နောက်တစ်ဦးကလည်း မျက်လုံးပြူးသွားသည်။ "ဘုရားရေ... အဲဒီလိုဝတ်စုံမျိုး အရင်က တစ်ခါမှ မမြင်ဖူးဘူး ၊ အရမ်းဆွဲဆောင်မှု ရှိတာပဲ..."

အခြားတစ်ဦးကလည်း အသည်းအသန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ် ၊ ဟုတ်တယ်... ဟိုခြေအိတ်ရှည်တွေနဲ့ ဖိနပ်ကိုလည်း ကြည့်ဦး။ ငါတော့ ဆက်သည်းမခံနိုင်တော့ဘူး ၊ ငါတော့ မီးလောင်နေပြီ။ ငါ သွားပြီး မီးငြှိမ်းမှ ရတော့မယ်..."

နာရီဝက်ပင် မပြည့်မီ ယွီဟွာစံအိမ်၏ လှည့်လည်ပြသမှုက ကြီးမားသည့် အုတ်အော်သောင်းနင်းဖြစ်မှုကြီး ဖြစ်လာခဲ့သည်။

ကိုးပေမြင့်သည့် ပိုစတာကို ကြည့်ရှုရန် လူထောင်ပေါင်းများစွာ အလုအယက် ရောက်ရှိလာကြ၏။ ဤမျှ အသက်ဝင်ပြီး ထူးခြားစွာ ဒီဇိုင်းဆွဲထားကာ အလွန်အမင်း ဆွဲဆောင်မှုရှိသည့်အရာမျိုးကို သူတို့ အရင်က တစ်ခါမှ မမြင်ဖူးခဲ့ကြချေ။

ဤသည်မှာ မင်မင်းဆက်ခေတ် လမ်းမတစ်ခုပေါ်၌ ပလေးဘွိုင်း ဘီကီနီပိုစတာတစ်ချပ် ချိတ်ဆွဲထားသည်နှင့် တူညီနေသည်။ တုန်လှုပ်ချောက်ချားမှုနှင့် စိတ်လှုပ်ရှားမှုတို့မှာ တွေးကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။

နှစ်နာရီကြာပြီးနောက်တွင်မူ တော်ဝင်မြို့တော်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့၏။

သုံးနာရီကြာပြီးနောက် လှည့်လည်သည့်အဖွဲ့မှာ ရှေ့ဆက်တိုး၍ လုံးဝ မရနိုင်တော့ချေ။ သူတို့ကို ရေတွက်၍မရနိုင်သည့် လူအုပ်ကြီးက ဝန်းရံထားကြသည်။ ယောက်ျားများသာမက အမျိုးသမီးများစွာသည်လည်း ပိုစတာကိုကြည့်ကာ အော်ဟစ်နေကြ၏။

တော်ဝင်မြို့တော်မှာ လူမျိုးနွယ်ပေါင်းစုံ နေထိုင်သည့် နေရာဖြစ်သည်။ အချို့မှာ အလွန်ရဲတင်းကာ ပွင့်လင်းသည့် စိတ်ထားရှိကြသဖြင့် ပန်းချီကားထဲ၌ ပြသထားသည့် အဝတ်အစားများနှင့် မိတ်ကပ်အပြင်အဆင်ကို လုံးဝ သဘောကျသွားကြ၏။

ထိုအလွန်အမင်း ဆွဲဆောင်မှုရှိပြီး အသက်ဝင်လှသည့် ပိုစတာက ယောက်ျားများ၏ ရင်ထဲ၌ မီးတောက်တစ်ခုကို ချက်ချင်း ထွန်းညှိပေးလိုက်သည်။ ထို့ပြင် မြို့တော်ရှိ အမျိုးသမီးများ၏ ဆွဲဆောင်မှုအပေါ် တွေးမြင်ချက်ကိုပါ လုံးဝ ပြောင်းလဲသွားစေခဲ့၏။

ယွီဟွာစံအိမ်မှ ရဲ့ရှောင်မိုဆိုသည့် နာမည်မှာ ချက်ချင်းပင် ရေပန်းစားသွားတော့သည်။ သူမ၏ ကျော်ကြားမှုက ပေါက်ကွဲထွက်သွား၏။

လက်ရှိအချိန်၌ နေပင်မဝင်သေးဘဲ ယွီဟွာစံအိမ်လည်း မဖွင့်သေးချေ။ သို့သော် သူ အောင်မြင်သွားပြီဖြစ်ကြောင်း လန်လင်း သိလိုက်သည်။

ညအမှောင်ကျလာသည်နှင့်တပြိုင်နက် ရွှေဒင်္ဂါးများက ဧရာမ လှိုင်းလုံးကြီးတစ်ခုအလား စီးဝင်လာတော့မည် ဖြစ်၏။

**--**--**--**--**--**--**--**

ညအမှောင်ကျလာသည့်အခါ ယွီဟွာစံအိမ်ရှိ အလုပ်သမားများက လေးလံသော အရှေ့တံခါးကြီးများကို ဖွင့်ကာ မီးအိမ်သစ်များကို ချိတ်ဆွဲလိုက်ကြသည်။

သို့သော် တံခါးကို တွန်းဖွင့်လိုက်သည့် အခိုက်အတန့်၌ပင် အလုပ်သမားခမျာ ဘောင်းဘီထဲ သေးထွက်ကျမတတ် ကြောက်လန့်သွားရ၏။

အပြင်ဘက်၌ စောင့်ဆိုင်းနေသည့် လူသောင်းချီ၍ ရှိနေသည်။ ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းမျှသာ မဟုတ်ချေ။

ထို့ပြင် ယောက်ျားများသာမက အမျိုးသမီးများပါ ပါဝင်နေ၏။

ယွီဟွာစံအိမ် ဖွင့်လိုက်သည်နှင့်တပြိုင်နက် လူအုပ်ကြီးက ဒီရေလှိုင်းကြီးတစ်ခုအလား အတွင်းသို့ အလုအယက် ဝင်ရောက်လာကြသည်။

ပရိသတ်ထဲမှ တစ်ယောက်က လက်သီးဆုပ်ကာ အော်ဟစ်သည်။ "ရဲ့ရှောင်မို ဘယ်မှာလဲ။ ငါတို့ ရဲ့ရှောင်မိုကို တွေ့ချင်တယ်..."

နောက်တစ်ယောက်ကလည်း ဝင်လုကာ ရင်ဘတ်ကော့လိုက်သည်။ "ဒီည ရဲ့ရှောင်မို ငါ့ကို အဖော်ပြုပေးဖို့ လိုချင်တယ်။ ဈေးဘယ်လောက်ဖြစ်ဖြစ် ပေးမယ်..."

"ငါ ရွှေဒင်္ဂါး တစ်ပြား ပေးမယ်..."

"ငါ ရွှေဒင်္ဂါး နှစ်ပြား ပေးမယ်..."

"ငါ ရွှေဒင်္ဂါး သုံးပြား ပေးမယ်..."

"ငါ ရွှေဒင်္ဂါး ဆယ်ပြား ပေးမယ်..." ဟူ၍ အပြိုင်အဆိုင် အော်ဟစ်ဆူညံသွားကြသည်။

ယွီဟွာစံအိမ်မှာ အလွန်ကြီးမားသော်ငြား လူများစွာ တစ်ပြိုင်နက်တည်း ဝင်ရောက်လာကြသဖြင့် ကိုယ်လှည့်ရန်ပင် နေရာမရှိတော့ချေ။

ရေတွက်၍မရနိုင်သော ယောက်ျားများက ရဲ့ရှောင်မို၏ နာမည်ကို အသံပြဲကြီးများဖြင့် အော်ဟစ်နေကြ၏။ "ရှောင်ရဲ့... ရှောင်ရဲ့... ရှောင်ရဲ့..."

**--**--**--**--**--**--**--**

ပြည့်တန်ဆာအိမ်၏ မမကြီးမှာ အလွန်အမင်း ဝမ်းသာပျော်ရွှင်နေ၏။ ဖွင့်လှစ်ခဲ့သည့် နေ့မှစ၍ စီးပွားရေး ဤမျှလောက် မကောင်းခဲ့ဖူးချေ။

ထိုစဉ် အစေခံမိန်းကလေးတစ်ဦး ပြေးလာကာ မျက်လုံးများ ပြူးကျယ်လျက် အစီရင်ခံသည်။ "မမကြီး... ရှောင်ရှန်းအတွက် လေလံဆွဲတဲ့ဈေးက ရွှေဒင်္ဂါး နှစ်ဆယ်ကို ရောက်နေပြီ..."

ဤပမာဏမှာ မြို့တော်ရှိ အမြင့်ဆုံးဈေးနှုန်းထက် ဆယ်ဆမျှ ပိုများနေ၏။ ခေတ်သစ်ကမ္ဘာမြေမှ စံနှုန်းနှင့် တွက်လျှင် ယွမ်သိန်းဂဏန်းနှင့် ညီမျှသည်။

သို့သော် ဤသည်က ပုံမှန်ပင်။ ခေတ်သစ်ကမ္ဘာ၌ နာမည်ကြီးမင်းသမီးတစ်ဦးနှင့် တစ်ကြိမ် အိပ်စက်ရန်အတွက် သန်းနှင့်ချီ၍ ပေးချင်သည့်သူများလည်း ရှိကြသည် မဟုတ်လော။

ခဏအကြာ၌ ထိုမိန်းကလေးက ထပ်ပြီး ပြန်ပြေးဝင်လာကာ မျက်နှာကြီးနီရဲနေလျက် အော်ဟစ်ပြန်သည်။ "တစ်ယောက်က ရွှေဒင်္ဂါး ငါးဆယ် ပေးမယ်တဲ့..."

လန်လင်း အပါအဝင် အခန်းထဲရှိ လူတိုင်း လုံးဝ အံ့အားသင့်သွားကြ၏။ သူ၏ အစီအစဉ် အောင်မြင်ပြီး လှုပ်ခတ်သွားစေမည်ကို လန်လင်းာသိသော်ငြား ဤမျှအထိ ရူးသွပ်ဖွယ်ကောင်းလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

မမကြီးက သွားဖြီးပြလိုက်သည်။ "မြန်မြန်... မြန်မြန်... ဈေးအများဆုံး ပေးတဲ့သူကို ဝင်လာခိုင်းလိုက် ၊ ပြီးတော့ ကြောင်မလေးကို သူ့ကို အဖော်ပြုပေးခိုင်းလိုက်..."

လန်လင်းက မမကြီးကို အမြန်တားဆီးကာ မျက်မှောင်ကျုံ့လိုက်သည်။ "အဲဒီလို လုံးဝ လုပ်လို့မရဘူး။ အဲဒါက ငါးအကုန်ရဖို့ ရေကန်ကို ခမ်းအောင် လုပ်ပစ်လိုက်သလို ဖြစ်သွားလိမ့်မယ်။ ဒီဈေးက ယုတ္တိမရှိဘူး။ ပြီးတော့ ရဲ့ရှောင်ရှန်းက အပျိုမှ မဟုတ်တော့တာ..."

မမကြီးက မျက်လွှာချကာ အသံတိုးတိုးဖြင့် တီးတိုးဆိုသည်။ "ရှောင်ရှန်းက တကယ်တော့ အပျိုစစ်စစ်ပါပဲ..."

လန်လင်း အတော်လေး အံ့ဩသွားရ၏။ ရဲ့ရှောင်ရှန်းက ယောက်ျားများကို မြူဆွယ်ရန်နှင့် ကျေနပ်စေရန် အလွန် တော်သည်။ သို့သော် သူမက တကယ်ကြီး အပျိုစစ်စစ် ဖြစ်နေသည်လော။

မမကြီးက သက်ပြင်းချလိုက်သည်။ "ကျွန်မတို့က သူ့ရဲ့ ပထမဆုံးအကြိမ်ကို ရွှေဒင်္ဂါး နှစ်ပြားလောက်နဲ့ ဈေးကောင်းကောင်း ရောင်းဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ ဘယ်သူမှ အဲဒီလောက် မပေးချင်ကြလို့ အခုထိ သိမ်းထားရတာ..."

သူမမှာ အသက် ဆယ့်ခုနစ်နှစ်သာ ရှိသေး၏။

လန်လင်းက နားမလည်နိုင်စွာ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ "သူက အပျိုစစ်စစ် ဖြစ်နေသေးတာကို ဧည့်သည်တွေကို ဘယ်လို ဧည့်ခံပြီး တစ်ခါလာတိုင်း ငွေဒင်္ဂါး သုံးပြား ရနေတာလဲ..."

မမကြီးက မျက်စောင်းထိုးလိုက်သည်။ "သခင်လေးက ဖျော်ဖြေရေးလောကမှာ ကျွမ်းကျင်သူပဲကို။ မိန်းကလေးတွေက အဆုံးထိ မသွားဘဲနဲ့ ယောက်ျားတွေကို ဘယ်လို ဧည့်ခံနိုင်လဲဆိုတာ တကယ်ပဲ မသိတာလား..."

လန်လင်း၏ မျက်လုံးတို့က အရောင်တောက်လာသည်။ "သူ့က အပျိုစင်အဖြစ်ပဲ ရှိနေသေးတယ်ဆိုတော့ ပိုတောင် ကောင်းသေးတယ်။ ဒီညတော့ ကြောင်မလေးရဲ့ ပထမဆုံးအကြိမ်အတွက် ခမ်းနားတဲ့ လေလံပွဲတစ်ခု လုပ်မယ် ၊ ဈေးဘယ်လောက်ပဲ မြင့်မြင့်ပေါ့။ ဒါပေမဲ့ မနက်ဖြန်ကစပြီး ကြောင်မလေးက တစ်ရက်ကို ဧည့်သည်တစ်ယောက်ပဲ လက်ခံရမယ် ၊ ပြီးတော့ တစ်ခါလာတိုင်း ရွှေဒင်္ဂါး ငါးပြား တိတိ ယူရမယ်..."

မမကြီးက သဘောမတူစွာ ခေါင်းခါလိုက်သည်။ "အဲဒါက အကြီးကြီး ဆုံးရှုံးသွားတာ မဟုတ်ဘူးလား။ အခုချိန်မှာ ကြောင်မလေးက အရမ်း နာမည်ကြီးနေပြီး လူတွေက သူ့အတွက် ရွှေဒင်္ဂါး ဆယ်ပြားအထိ ပေးချင်နေကြတာ။ ပြီးတော့ ပုံမှန်ဆိုရင် သူက နေ့တိုင်း အနည်းဆုံး ဧည့်သည် ဒါဇင်လောက် လက်ခံတာလေ..."

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄၃ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters