← Chapters

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄

Vol. 5 Ch. 44

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

“တုံးလိုက်တာ။ ရှားပါးတာတွေက ပိုတန်ဖိုးရှိတယ်ဆိုတာ သိတယ်မလား။ တစ်ရက်ကို ဧည့်သည်တစ်ယောက်ပဲ လက်ခံပြီး ရှားပါးဗျူဟာ သုံးရမယ်။ ဒါက ပဟေဠိဆန်မှုကို ထိန်းထားနိုင်ပြီး ယောက်ျားတွေကို ရူးသွပ်သွားစေသလို တန်ဖိုးကျတာကိုလည်း တားဆီးပေးလိမ့်မယ်။ တစ်ရက်ကို ဧည့်သည်ဆယ်ယောက်လောက် လက်ခံလိုက်ရင် ဆယ်ရက်တောင် မပြည့်ခင် ကြောင်မလေးအပေါ် စိတ်ဝင်စားမှု ပျောက်သွားလိမ့်မယ်...”

လန်လင်း၏ အဆိုကြောင့် မမကြီး၏ မျက်လုံးတို့ အရောင်တောက်လာသည်။

“သခင်လေးဆိုလွန် ၊ ရှင်က တကယ့် ပါရမီရှင်ပဲ။ ဒါပေမဲ့ နေ့တိုင်း လူဒါဇင် ဒါမှမဟုတ် ရာချီပြီး ကြောင်မလေးကို လိုချင်နေရင် တစ်ယောက်တည်းကို ဘယ်လိုရွေးမလဲ...”

လန်လင်းက ပခုံးတွန့်လိုက်၏။ “တရားမျှတသယောင်ဖြစ်အောင် မဲနှိုက်ရွေးမယ်။ ဒါပေမဲ့ အရေးကြီးပုဂ္ဂိုလ်တွေ လာရင်တော့ လှည့်စားပြီး သူတို့ကိုပဲ ရွေးပေးရမှာပေါ့...”

မမကြီးက သက်ပြင်းချလိုက်သည်။ “နှမြောစရာကြီး။ တစ်ရက်ကို ရွှေဒင်္ဂါး ဒါဇင်ချီ ရနိုင်တာကို အခုတော့ ငါးပြားပဲ ရတော့မှာလေ...”

လန်လင်း မျက်မှောင်ကြုတ်လိုက်၏။ “တုံးလိုက်တာ။ ကြောင်မလေးက ဒီမှာ တစ်ရက်ကို ဧည့်သည်တစ်ယောက်ပဲ တွေ့မှာဆိုပေမဲ့ တခြားပွဲတွေ တက်ပြီး အရေးကြီးပုဂ္ဂိုလ်တွေရဲ့ ခမ်းနားတဲ့ စားသောက်ပွဲတွေမှာ ပါဝင်နိုင်တယ်။ ဥပမာ ၊ ဆိုင်ဖွင့်ပွဲမှာ အထူးဧည့်သည်အနေနဲ့ သွားနိုင်သလို သူဌေးသားမင်္ဂလာဆောင်ကိုလည်း တက်လို့ရတယ်။ အဲဒါတွေအကုန်လုံးက ပိုက်ဆံရတာချည်းပဲ...”

မမကြီး၏ မျက်လုံးတို့ ပြူးကျယ်သွားသည်။ သူမက တုန်ယင်နေသည့် အသံဖြင့် ရေရွတ်လိုက်၏။ “သခင်လေးဆိုလွန် ၊ ရှင်က တကယ့် ပါရမီရှင်ပဲ...”

လန်လင်းက ခပ်တည်တည် ဆက်ပြောလိုက်သည်။ “နောက်ပြီး ရဲ့ရှောင်မိုက တခြားစွမ်းရည်တွေကို ဖြည်းဖြည်းချင်း သင်ယူဖို့ လိုအပ်ပြီး သာမန် ပြည့်တန်ဆာလို မနေသင့်တော့ဘူး။ ဒီလိုဆိုရင် ပိုက်ဆံပိုရှာနိုင်ပြီး ပြည့်တန်ဆာအစား ကြယ်ပွင့် ဖြစ်လာလိမ့်မယ်။ လေ့ကျင့်ပေးဖို့ လမ်းညွှန်ရေးပြီး စီမံခန့်ခွဲဖို့ မန်မန်ကို ပေးလိုက်မယ်...”

အနာဂတ်၌ ရီမန်မန်သည် တော်ဝင်မြို့တော်၏ အလှမယ် ဆယ့်ကိုးပါးအား စီမံခန့်ခွဲမည့် ကျစ်တူးအနုပညာကော်မတီဥက္ကဋ္ဌ ဖြစ်လာပေလိမ့်မည်။

မမကြီးက အားတက်သရော ခေါင်းညိတ်လိုက်၏။

ထိုစဉ် အစေခံမိန်းကလေးတစ်ဦး ပြေးဝင်လာကာ အော်ဟစ်လိုက်သည်။ “မမကြီး... အပြင်က လူတွေ ရူးတော့မယ်။ ကြောင်မလေး အမြန်ထွက်မလာရင် အကုန်လုံးကို ရိုက်ခွဲကြတော့မယ်...”

မမကြီးက အမြန် အမိန့်ပေးလိုက်၏။ “မြန်မြန်သွား။ ကြောင်မလေးကို ခေါ်ထုတ်ခဲ့...”

နောက်ထပ် မိန်းကလေးတစ်ဦး ပြေးဝင်လာသည်။ “ရဲ့ရှောင်ရှန်း... မဟုတ်ဘူး ၊ ရဲ့ရှောင်မို အရမ်း စိတ်လှုပ်ရှားနေတယ်။ ခြေထောက်တွေ တုန်နေပြီး အပြင်ထွက်ဖို့ ကြောက်နေတယ်...”

လန်လင်းနှင့် မမကြီးတို့ ဆွံ့အသွားကြ၏။ သူတို့က ရဲ့ရှောင်ရှန်းကို ဤမျှလောက်အထိ နာမည်ကြီးအောင် လုပ်ပေးသော်ငြား အရေးအကြီးဆုံးအချိန်၌ သူမက သတ္တိကြောင်သွားသည်။

မမကြီးမှာ ပြာယာခတ်ကာ ငိုလုမတတ် ဖြစ်သွား၏။ “သခင်လေးဆိုလွန် ၊ ဘယ်လိုလုပ်ကြမလဲ။ လူအုပ်ရှေ့မှာ ကြောင်မလေး ကြောက်နေရင် ကျွန်မတို့ ဂုဏ်သတင်း ပျက်စီးပြီး ယွီဟွာစံအိမ်လည်း ထိခိုက်လိမ့်မယ်...”

လန်လင်းက အသာအယာ ခေါင်းညိတ်လိုက်သည်။ “အင်း... ရတယ် ၊ ငါ သွားမယ်...”

သူမ၏ အခန်းဆီ တိုက်ရိုက်သွားလိုက်ရာ ရဲ့ရှောင်မိုကို တွေ့လိုက်ရ၏။ တစ်ကိုယ်လုံး တုန်ယင်လျက် ထိုင်နေသည်။ နှုတ်ခမ်းများမှာ ဖြူရော်နေပြီး လက်နှင့် ခြေထောက်များက တုန်ရီနေ၏။

ရဲ့ရှောင်မိုက လန်လင်းကို မြင်သည်နှင့် မျက်ရည်ဝဲသွားသည်။ “သခင်လေး... ထိန်းလို့မရဘူး။ အရမ်း စိတ်လှုပ်ရှားနေတယ်...”

လန်လင်းက နှစ်သိမ့်လိုက်၏။ “ရပါတယ် ၊ စိတ်လှုပ်ရှားတာ ပုံမှန်ပါပဲ။ ပုံမှန်ဆို အရက် ဘယ်လောက် သောက်နိုင်လဲ...”

သူမက ခေါင်းငုံ့လိုက်သည်။ “ကျင်းဝက်လောက် သောက်နိုင်ပါတယ်...”

လန်လင်းက ဝိုင်တစ်ခွက် ငှဲ့ကာ ရှေ့ချပေးလိုက်၏။ “ဒါ သောက်လိုက်...”

ရဲ့ရှောင်မိုက စကားတစ်ခွန်းမျှ မဆိုဘဲ ခွက်ကိုယူကာ အကုန် မော့သောက်လိုက်သည်။ အရက်ခံနိုင်ရည်မှာ မကောင်းသော်ငြား ပြင်းပြင်းထန်ထန် သောက်ချလိုက်၏။

သူမ၏ မျက်နှာမှာ ချက်ချင်း နီမြန်းသွားပြီး မျက်လုံးတို့ အရောင်တောက်လာသည်။

ခဏအကြာ၌ လန်လင်း မေးလိုက်၏။ “စိတ်လှုပ်ရှားနေသေးလား...”

ရဲ့ရှောင်မို မတ်တတ်ရပ်ကာ ခေါင်းခါပြလိုက်သည်။ “ဟင့်အင်း... စိတ်မလှုပ်ရှားတော့ဘူး...”

“အပြင်က ယောက်ျားတွေက ဘယ်သူတွေလဲ...”

“အကုန်လုံးက ဝက်တွေ ခွေးတွေပါပဲ။ လိုချင်သလို ကစားလို့ရတယ်...”

လန်လင်းက ဆက်မေးလိုက်၏။ “ငါ သင်ပေးထားတဲ့ သရုပ်ဆောင်ပုံကို မှတ်မိသေးလား...”

ရဲ့ရှောင်မိုက ခေါင်းမော့ကာ ခေါင်းညိတ်လိုက်သည်။ “အင်း... မှတ်မိပါတယ်...”

“ဧည့်သည်တွေကို ဧည့်ခံတဲ့အခါ ဘာလုပ်ရမလဲ မှတ်မိလား...”

“မှတ်မိပါတယ်။ သူတို့ကို နှိပ်စက်ဖို့ ကြာပွတ်တွေ ၊ ဖယောင်းတိုင်တွေ သုံးမယ်။ ပြီးတော့ လက်သည်းနဲ့ ကုတ်မယ်...”

လန်လင်းက ရဲ့ရှောင်မို၏ ပခုံးပေါ် လက်တင်ကာ ရှေ့သို့ တွန်းပို့လိုက်၏။ “ကောင်းပြီ။ အပြင်ထွက်တော့။ အခုကစပြီး တစ်ကမ္ဘာလုံးက မင်းအပိုင်ပဲ...”

**--**--**--**--**--**--**--**

ယွီဟွာစံအိမ်၏ ဧည့်ခန်းမဆောင်နှင့် အပြင်ဘက် လမ်းမများပေါ်၌ လူအုပ်ကြီး ပြည့်ကျပ်နေသည်။

ဒေါသထွက်နေသည့် လူအုပ်ကြီးက ခန်းမထဲရှိ ရဲ့ရှောင်မို၏ ဧရာမပိုစတာကြီးကို စိုက်ကြည့်ကာ နာမည်ကို စိတ်အားထက်သန်စွာ ဟစ်ကြွေးနေကြ၏။ “ရဲ့ရှောင်မို... ရဲ့ရှောင်မို...”

သူတို့ နာရီဝက်ကြာ စောင့်ဆိုင်းသော်လည်း ထွက်မလာသေးပေ။ လူအုပ်ကြီးက အဓိကရုဏ်းဖန်တီးရန် အသင့်ဖြစ်နေကြလေပြီ။

ရုတ်တရက် ယွီဟွာစံအိမ်ရှိ မီးများ ငြိမ်းသွားကာ အဆောက်အအုံတစ်ခုလုံး အမှောင်ကျသွားသည်။

အမှောင်ထဲမှ အသံတစ်သံ ထွက်ပေါ်လာ၏။ “ကျစ်တူးအနုပညာကော်မတီက ရွေးချယ်ထားတဲ့ တော်ဝင်မြို့တော်ရဲ့ အလှမယ် ဆယ့်ကိုးပါးထဲက ပထမဆုံးအလှမယ် ရဲ့ရှောင်မိုကို ကြိုဆိုပေးကြပါ...”

နောက်ဆုံး၌ အချိန်ကျရောက်လာလေပြီ။ ယွီဟွာစံအိမ် တစ်ခုလုံး၌ ကြီးမားသော အော်ဟစ်အားပေးသံများ ပေါက်ကွဲထွက်လာသည်။

ထို့နောက် လူတိုင်း တိတ်ဆိတ်သွားကြ၏။ ရဲ့ရှောင်မို ထွက်ပေါ်လာမည့်အချိန်ကို အသက်အောင့်ကာ စောင့်ဆိုင်းနေကြသည်။

အလင်းတန်းတစ်ခု ကျဆင်းလာ၏။ ထို့နောက် နှစ်ခု၊ သုံးခု၊ လေးခု... နောက်ဆုံး၌ အလင်းတန်း ဒါဇင်ချီကာ တစ်နေရာတည်းသို့ စုဆုံသွားပြီး ကျန်နေရာများ အမှောင်ကျနေချိန်၌ မျက်စိကျိန်းမတတ် လင်းထိန်နေသည့် စင်မြင့်တစ်ခုကို ဖန်တီးလိုက်သည်။ ဤကမ္ဘာပေါ်၌ လျှပ်စစ်မီး မရှိသဖြင့် မှန်များကိုသုံးကာ အလင်းပြန်စေ၍ အလင်းတန်းများ ဖန်တီးထားခြင်း ဖြစ်၏။

ကြောင်မလေးနှင့်တူသည့် အမျိုးသမီးတစ်ဦး အလင်းတန်းထဲ လျှောက်လှမ်းလာသည်ကို လူတိုင်း မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေကြသည်။

လူအုပ်ကြီးက ရူးသွပ်စွာ အော်ဟစ်အားပေးလိုက်ကြ၏။

ရဲ့ရှောင်မို နောက်ဆုံး၌ ထွက်ပေါ်လာလေပြီ။

မဂ္ဂဇင်းထဲရှိ ပုံနှင့် တစ်ပုံစံတည်း တူညီနေသည်။ ကြောင်နားရွက်များ ၊ ကြပ်ထုပ်နေသည့် သားရေအင်္ကျီ ၊ အလွန်တိုသည့် စကတ် ၊ သားရဲအရွတ်များဖြင့် ပြုလုပ်ထားသော ကွန်ရက်ပုံစံ ခြေအိတ်ရှည်များနှင့် ဒေါက်မြင့်ဖိနပ်တို့ကို ဝတ်ဆင်ထား၏။

သို့သော် အလင်းတန်းအောက်ရှိ သူမကို အပြင်၌ မြင်တွေ့ရခြင်းက ပုံထက် အများကြီး ပို၍ မျက်စိကျိန်းမတတ် လင်းလက်နေကာ ဆွဲဆောင်မှု ရှိလှသည်။

အထူးခြားဆုံးမှာ နောက်ကျောဘက်၌ လွှဲယမ်းနေသော အစစ်နှင့် အလွန်တူသည့် ကျားသစ်မြီးတစ်ခု ရှိနေခြင်းပင်။

သူမက အလင်းတန်းအောက်၌ ကျက်သရေရှိစွာ လှုပ်ရှားရင်း ကြောင်တစ်ကောင်ကဲ့သို့ ညင်သာသည့် ခြေလှမ်းများဖြင့် လူအုပ်ကြီးဆီ လျှောက်လှမ်းလာ၏။ သူမ၏ အကြည့်တို့က ရိုင်းစိုင်းကာ မောက်မာနေပြီး အောက်ဘက်ရှိ ယောက်ျားများကို အထင်သေးစွာ ငုံ့ကြည့်နေသည်။

ထိုမြင်ကွင်းက ယောင်္ကျားထုကြီးတို့အား တုန်လှုပ်သွားစေ၏။ ဤမျှ လင်းထိန်နေသည့် မီးရောင်များအောက်၌ ခေတ်မီပြီး ဆွဲဆောင်မှုရှိသည့် ကြောင်မလေးမျိုးကို မည်သူမှ အရင်က မမြင်ဖူးခဲ့ကြပေ။

ချက်ချင်းပင် ယောက်ျားထုကြီးမှာ ရူးသွပ်သွားကြပြီး မြင်ရုံနှင့်ပင် မူးယစ်သွားကြသည်။

ဒေါက်မြင့်ဖိနပ်စီးကာ ခေတ်သစ်မော်ဒယ်တစ်ဦးကဲ့သို့ လျှောက်လှမ်းလာသည့် ရှောင်မို၏ ခန္ဓာကိုယ်ကောက်ကြောင်းများ လှုပ်ရှားမှုက ကျက်သရေရှိကာ ဆွဲဆောင်မှုရှိပြီး ညို့ယူဖမ်းစားနိုင်စွမ်း ရှိ၏။

စကားတစ်ခွန်းမျှ မဆိုဘဲ ရဲ့ရှောင်မိုက စင်မြင့်အဆုံး၌ အသင့်ရှိနေသည့် ဟာ့ပ်ဆီကော့ဒ် စန္ဒရားရှိရာဆီ လျှောက်သွားလိုက်သည်။

ထို့နောက် အလွန်အမင်း ဆွဲဆောင်မှုရှိသည့် ကိုယ်နေဟန်ထားဖြင့် ထိုင်လိုက်ကာ အမြီးကို မြင့်မြင့်ထောင်လျက် သွယ်လျသော လက်ချောင်းလေးများကို ခလုတ်များပေါ် တင်လိုက်၏။

ဧည့်ခန်းမဆောင်တစ်ခုလုံး ပုရွက်ဆိတ်တွားသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ သာယာနာပျော်ဖွယ်ကောင်းပြီး ပြင်းထန်သည့် တေးသွားတစ်ခုက လေထုအား ရုတ်တရက် လွှမ်းခြုံသွား၏။

ဤသို့သော အခြေအနေမျိုး၌ အလွန်ဆိုးရွားသည့် ဂီတပင်လျှင် အံ့မခန်း ကောင်းမွန်နေမည် ဖြစ်သည်။ သို့သော် သူမ တီးခတ်နေသည်မှာ အလွန်အမင်း အရှိန်ပြင်းသည့် စပိန် ရက်ပ်ဆိုဒီတေးသွား ဖြစ်နေ၏။

သေချာပေါက် ရဲ့ရှောင်မိုက စန္ဒရားတီး ကျွမ်းကျင်သော်ငြား ဤမျှခက်ခဲသော တေးသွားကို နေ့ဝက်အတွင်း သင်ယူ၍ မရနိုင်ပေ။ လန်လင်းက နောက်ကွယ်မှ တီးခတ်ပေးနေခြင်း ဖြစ်ပြီး ရှောင်မိုကမူ ဟန်ဆောင်တီးခတ်နေခြင်းသာ ဖြစ်သည်။

လန်လင်းက တီးခတ်နေစဉ် လေဒီဂါဂါကဲ့သို့ သရုပ်ဆောင်ရန် သင်ပေးထား၏။ သူမ၏ လှုပ်ရှားမှုများက အလွန်အမင်း ချဲ့ကားထားပြီး ရိုင်းစိုင်းခက်ထန်နေသည်။ အပြင်းထန်ဆုံး အပိုင်းများ၌ စန္ဒရားပေါ် မှောက်လျက်နေခြင်း ၊ ထိုင်ခုံပေါ် ဒူးထောက်ခြင်း သို့မဟုတ် တူရိယာပေါ်၌ပင် လူးလိမ့်နေတတ်၏။

ပြင်းထန်သည့် ဂီတနောက်ခံနှင့်အတူ ရိုင်းစိုင်းသော ကြောင်မလေးသဘာဝက ပြီးပြည့်စုံစွာ ပေါက်ကွဲထွက်လာသည်။ ဤသည်က ဆွဲဆောင်မှုရှိပြီး ပူလောင်သည့် ခန္ဓာကိုယ်ကို အပြည့်အဝ ပေါ်လွင်စေ၏။

ဂီတရပ်တန့်သွားသည့်အခါ ရဲ့ရှောင်မိုက လူအုပ်ကြီးကို ကြည့်ကာ အော်လိုက်သည်။ “မြောင်းးး...”

ထိုအသံက တိုက်ခိုက်ရန် အသင့်ဖြစ်နေသော တောကြောင်တစ်ကောင် သို့မဟုတ် ရမ္မက်ကြွနေသည့် ကြောင်တစ်ကောင်နှင့် တူနေ၏။ အလွန်အမင်း အစစ်နှင့်တူကာ ခက်ထန်ရိုင်းစိုင်းလှသည်။

လူအုပ်ကြီး ရူးသွပ်သွားလေပြီ။

ထိုအသံက ထိုည၌ ရဲ့ရှောင်မို ပြုလုပ်သည့် တစ်ခုတည်းသော အသံပင်။ စကားတစ်ခွန်းမျှ မပြောဘဲ ရိုင်းစိုင်းသည့် ကြောင်အော်သံ တစ်သံသာ ပြုလုပ်၏။

ထို့နောက် ရဲ့ရှောင်မို၏ ပထမဆုံးညအတွက် လေလံဆွဲခြင်း စတင်လေပြီ။ ဧည့်ခန်းမဆောင်ကြီးတစ်ခုလုံး ရူးသွပ်ဖွယ်ကောင်းအောင် ဆူညံသွားတော့သည်။

“ငါ ရွှေဒင်္ဂါး တစ်ရာ့ငါးဆယ် ပေးမယ်...”

“ငါက ရွှေဒင်္ဂါး တစ်ရာ့ရှစ်ဆယ် ပေးမယ်ဟေ့...”

“ငါက ရွှေဒင်္ဂါး နှစ်ရာ ပေးမယ်ကွာ...”

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters