← Chapters

အခန်း (၃၈၁-၃၈၂)

Vol. 39 Ch. 381-382

အခန်း (၃၈၁-၃၈၂)

Vol. 39 Ch. 381-382

အခန်း (၃၈၁)

ရှန်းယန်မြို့။

" သတင်းပို့ပါတယ်။ ယန်နယ်မြေက ရှန်ပင်းမှာ ကြီးမားတဲ့ အောင်ပွဲကို ရရှိခဲ့ပါတယ်။ "သတင်းပို့သူတစ်ယောက်က အစီရင်ခံစာကို ကိုင်ပြီး ခန်းမထဲသို့ ဝင်ရောက်လာသည်။

အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးက သူ့ကို ကြည့်လိုက်ကြသည်။

" တင်ပြစရာမလိုဘူး။ ကျယ်ကျယ်ဖတ်ပြ။ " ရင်ကျန့်က သတင်းပို့သူကို လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

"အမိန့်အတိုင်းပါ။ " သတင်းပို့သူက စိတ်လှုပ်ရှားစွာဖြင့် အစီရင်ခံစာကို ဖွင့်လိုက်သည်။

" ကျွန်တော်မျိုး ကျောက်ဖုန်း သတင်းပို့ပါတယ်။ တိုင်းတစ်ပါးမျိုးနွယ်တွေက ကျွန်တော်မျိုးတို့ရဲ့ ရှန်းကျိုးကို ကျူးကျော်ပြီး ဟွာရှလူမျိုးတွေကို သတ်ဖြတ်ခဲ့တယ်။ ကျွန်တော်မျိုးက စစ်တပ်ကို ဦးဆောင်ပြီး ယန်နယ်မြေရဲ့ မြောက်ပိုင်းနယ်စပ်မှာ တိုက်ခိုက်ခဲ့ပါတယ်။ "

" ကျွန်တော်မျိုးတို့က ရှန်ပင်းမြို့မှာ အဆုံးအဖြတ်တိုက်ပွဲတိုက်ခိုက်ခဲ့ပြီး ရန်သူတွေကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။ သူတို့ထွက်ပြေးသွားချိန်မှာ မြောက်ပိုင်းနယ်စပ်အထိ လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ တိုင်းတစ်ပါးလူမျိုး နှစ်သိန်းနီးပါးကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။ ကျွန်တော်မျိုးက စစ်သည်တစ်သိန်းခွဲကို ဦးဆောင်ခဲ့ပြီး လေးသောင်းနီးပါး ထိခိုက်ကျဆုံးခဲ့ပါတယ်။ ဒါက ကြီးမားတဲ့ အောင်ပွဲတစ်ခုပါပဲ။ "

သတင်းပို့သူ၏ အသံက နန်းတော်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ထိုတိုက်ပွဲရလဒ်ကို ကြားသောအခါ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက မယုံကြည်နိုင်ဖြစ်သွားကြသည်။

" ကျောက်ဖုန်း ချင်စစ်သေနာပတိချုပ် ဖြစ်ထိုက်တယ်။ ဒီတိုက်ပွဲက ချင်ရဲ့ အရှိန်အဝါကို ပြသလိုက်သလို ဟွာရှရဲ့ အရှိန်အဝါကိုလည်း ပြသလိုက်တာပဲ။ " ရင်ကျန့်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ ဒီတိုက်ပွဲက တိုင်းတစ်ပါးလူမျိုးစုတွေကို ကြောက်ရွံ့သွားစေပြီး ကျူးကျော်ဖို့ မဝံ့မရဲ ဖြစ်သွားစေမှာပါ။ "

" ကျွန်တော်မျိုးက စစ်သေနာပတိချုပ် ကျောက်ဖုန်းကို ဆုလာဘ်တွေ ချီးမြှင့်ပေးဖို့ တောင်းဆိုပါတယ်။ "

" ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။ ဒီလို အောင်မြင်မှုမျိုးက ကြီးမားတဲ့ ဆုလာဘ်နဲ့ ထိုက်တန်ပါတယ်။ "

ခန်းမထဲမှ ဝန်ကြီးများက ကျယ်လောင်စွာ တောင်းဆိုလိုက်ကြသည်။ ယခုအောင်မြင်မှုက အခြားစစ်ဆင်ရေးများနှင့်မတူဘဲ ရှန်းကျိုးနယ်မြေကို ကျူးကျော်လာသော တိုင်းတစ်ပါးလူမျိုးများကို ချေမှုန်းခဲ့ခြင်းဖြစ်သည်။ ၎င်းက ချင်အတွက် ဂုဏ်ယူစရာဖြစ်သကဲ့သို့ ဟွာရှလူမျိုးများအတွက်လည်း ဂုဏ်ယူစရာဖြစ်သည်။

ဆုလာဘ်ချီးမြှင့်ပေးရန် တောင်းဆိုမှုများကို နားထောင်ရင်း ဝမ်ဝမ်နှင့် ချွန်းယွီယွဲ့တို့က မျက်နှာပျက်နေပြသည်။ ထိုကဲ့သို့ တိုင်းတစ်ပါးလူမျိုးများကို ချေမှုန်းသော စွမ်းဆောင်မှုက ယန်ကို ချေမှုန်းသော စွမ်းတောင်မှုထက် များစွာ ကျော်လွန်နေသည်။

" ဆုလာဘ်တွေကို သေချာပေါက် ချီးမြှင့်ရမှာပေါ့။ " ရင်ကျန့်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူက ကျောက်ဖုန်းအား နောက်ထပ်ဘွဲ့ထူးတိုးမြှင့်ပေးရန် အကြောင်းပြချက်မရှိမည်ကို စိုးရိမ်နေခဲ့သည်။ ယန်နိုင်ငံကို ချေမှုန်းသော စွမ်းဆောင်မှုက ဘွဲ့ထူးတစ်ခု ချီးမြှင့်ပြီးသားဖြစ်သည်။ သို့သော် ယခု တိုင်းတစ်ပါးလူမျိုးများကို ချေမှုန်းသော စွမ်းဆောင်မှုက ကျောက်ဖုန်းကို ဆုလာဘ်များ ချီးမြှင့်ပေးရန် အကြောင်းပြချက် ရရှိသွားခဲ့သည်။

" အရှင်မင်းကြီး အစီရင်ခံစာကို ဆုံးအောင်နားထောင်တာ ပိုကောင်းပါလိမ့်မယ်။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။

" ကောင်းပြီ။ ဆက်ဖတ်ပါ။ " ရင်ကျန့်က ပြောလိုက်သည်။

" ဒီအောင်ပွဲက ကျွန်တော်မျိုးတစ်ယောက်တည်းရဲ့ စွမ်းဆောင်မှုမဟုတ်ဘဲ ဝူအန်းစခန်းတစ်ခုလုံး၏ စွမ်းဆောင်မှုဖြစ်ပါတယ်။ ချင်စစ်သည်တွေက ကျွန်တော်မျိုးနဲ့အတူ တိုင်းတစ်ပါးလူမျိုးတွေကို သတ်ဖြတ်ပြီး ဟွာရှရဲ့ စွမ်းအားကို ပြသခဲ့ပါတယ်။ ဝူအန်းစခန်းက စစ်မြေပြင်မှာ ကျဆုံးသွားတဲ့ ချင်စစ်သည်တွေကို တစ်ဆင့်မြင့်တဲ့ ရာထူးရဲ့ နှစ်စဉ်လစာတွေ ထုတ်ပေးဖို့ ကျွန်တော်မျိုး တောင်းဆိုချင်ပါတယ်။ "

" ပြီးတော့ ဒီတစ်ခေါက် တိုင်းတစ်ပါးလူမျိုးတွေ ရှန်းကျိုးကို ကျူးကျော်ဝင်ရောက်လာပြီး ကျွန်တော်မျိုးတို့ စစ်တပ်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပေမယ့် သူတို့ရဲ့ ဆုံးရှုံးမှုတွေက သူတို့ကို ပြန်လာစေပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်မျိုးက မြင်းစီးစစ်သည်တစ်သောင်းကို ဦးဆောင်းပြီး မြောက်ဘက်အတွင်းပိုင်းထိ ဝင်ရောက်သွားခဲ့ပါပြီ။ အရှင်မင်းကြီးအနေနဲ့ ကျွန်တော်မျိုးဆီက သတင်းကောင်းကို စောင့်မျှော်ပေးပါ။ " အစီရင်ခံစာက ထိုနေရာတွင် ပြီးဆုံးသွားသည်။

ယခင်က ပြုံးရွှင်နေသော ရင်ကျန့်၏ မျက်နှာက လေးနက်သွားသည်။ ခန်းမထဲမှ အရာရှိအားလုံးက အံ့အားသင့်သွားကြသည်။

" ဝမ်ကျန့် မင်းရဲ့ သမက်ကောင်းကို ကြည့်ဦး။ တကယ်စဉ်းစားဉာဏ်မရှိဘူး။ " ရင်ကျန့်က ဝမ်ကျန့်ဘက်သို့ လှည့်ပြီး ဒေါသတကြီး ပြောလိုက်သည်။

ဝမ်ကျန့်က ရှေ့တိုးလာပြီး ပြောလိုက်သည်။ " ကျောက်ဖုန်းက အရှင်မင်းကြီးရဲ့ လက်အောက်ငယ်သားပါ။ ဒီတစ်ခေါက် သူ မြောက်ဘက်ထိ တက်သွားတာက ပိုမိုနက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေ ရှိလိမ့်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ "

" ဒီကျောက်ဖုန်းက တကယ်ကို သေလမ်းရှာနေတာပဲ။ စစ်သည်တစ်သောင်းနဲ့ မြောက်ဘက်ကို ဝင်ရောက်သွားတယ်။ "

" ကျောက်ဖုန်းက တကယ် အန္တရာယ်ကို ဖိတ်ခေါ်နေတာပဲ။ " ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဝမ်းသာသွားကြသည်။

ယခုအချိန်တွင် သူတို့က ကျောက်ဖုန်းကို ဖိနှိပ်ရန် နည်းလမ်းမရှိသော်လည်း ကျောက်ဖုန်းက စဉ်းစားဉာဏ်မရှိသော လုပ်ရပ်ကို လုပ်သွားခဲ့သည်။ စစ်သည်တစ်သောင်းကို ဦးဆောင်ပြီး မြောက်ဘက်အတွင်းပိုင်းထိ ဝင်ရောက်သွားခဲ့သည်။ ၎င်းက တိုင်းတစ်ပါးမျိုးနွယ်များ၏ အလယ်သို့ ခုန်ဝင်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။

" ဝမ်ချင်း ကျောက်ဖုန်းရဲ့ လုပ်ရပ်က အရမ်းအန္တရာယ်များတာ မင်းမသိဘူးလား။ စစ်သည်တစ်သောင်းတည်းနဲ့ မြောက်ဘက်ကို ဝင်ရောက်သွားတာ သေလမ်းရှာတာနဲ့ အတူတူပဲ။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

" ကျွန်တော်မျိုး ကျောက်ဖုန်းကို ယုံကြည်ပါတယ်။ " ဝမ်ကျန့်က ရိုသေစွာ ပြန်ဖြေလိုက်သည်။

သူက ကျောက်ဖုန်း၏ လုပ်ရပ်ကြောင့် အံ့အားသင့်ခဲ့ရသော်လည်း အခြေအနေက ပြောင်းလဲ၍မရသောကြောင့် တိုက်ရိုက်ထောက်ခံလိုက်ခြင်းက ပိုကောင်းပေသည်။

" ကျောက်ဖုန်းသာ တစ်ခုခုဖြစ်သွားရင် ချင်နိုင်ငံက အရည်အချင်းရှိတဲ့ စစ်သေနာပတိချုပ်တစ်ယောက် ဆုံးရှုံးသွားလိမ့်မယ်။ " ရင်ကျန့်က ဒေါသနှင့် ပြောလိုက်သည်။

သူက ကျောက်ဖုန်း မြောက်ဘက်နယ်စပ်တွင် အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်နေခဲ့သည်။ အကယ်၍ ကျောက်ဖုန်းသာ တစ်ခုခုဖြစ်ခဲ့လျှင် ရင်ကျန့်က သူ၏ အမေကို ဘယ်လိုရှင်းပြရမှန်းမသိပေ။

" ကျွန်တော်မျိုး သူ့ကို ယုံကြည်ပါတယ်။ " ဝမ်ကျန့်က ခေါင်းမော့ပြီး ထပ်ပြောလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးလည်း စစ်သေနာပတိချုပ် ကျောက်ဖုန်းကို ယုံကြည်ပါတယ်။ " ယွီလျောင်က ထရပ်ပြီး ပြောလိုက်သည်။

" အရှင်မင်းကြီး စစ်သေနာပတိချုပ် ကျောက်ဖုန်းက စခန်းတစ်ခုကို ကွပ်ကဲပြီး ယန်နိုင်ငံနဲ့ တိုင်းတစ်ပါးလူမျိုးတွေကို ချေမှုန်းနိုင်ခဲ့သူပါ။ သူက တိုက်ပွဲဝင်ချိန်မှာ ခိုင်မာတဲ့ ဗျူဟာတွေ ချမှတ်နိုင်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ " ဟန်ဖေးက ရှေ့တိုးပြီး ပြောလိုက်သည်။

၎င်းကို မြင်သောအခါ ရင်ကျန့်က ခန်းမတစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ကျောက်ဖုန်းက စစ်တပ်ကို ဦးဆောင်ပြီး တိုင်းတစ်ပါးလူမျိုးနှစ်သိန်းကို ချေမှုန်းခဲ့တဲ့အကြောင့် ကမ္ဘာကို ကြေညာလိုက်။ ကျောက်ဖုန်းက ဟွာရှလူမျိုးတွေကို ကာကွယ်တဲ့အကြောင်း တစ်ကမ္ဘာလုံး သိစေချင်တယ်။ ပြီးတော့ ကျောက်ဖုန်းက စစ်သည်တစ်သောင်းကို ဦးဆောင်ပြီး မြောက်ဘက်အတွင်းပိုင်းထိ ဝင်ရောက်သွားတာကိုလည်း ကြေညာလိုက်။ ကျောက်ဖုန်းရဲ့ ရဲစွမ်းသတ္တိကို လူတိုင်း သိစေချင်တယ်။ "

" အရှင်မင်းကြီးက ကျောက်ဖုန်းရဲ့ အောင်မြင်မှုတွေ သူ့ကို ကျော်လွန်သွားမှာကို တကယ်မကြောက်ဘူးလား။ လက်အောက်ငယ်သားတစ်ယောက်ကို ဒီလောက်ထိ ဂုဏ်သတင်းမြင့်မားခွင့်ပေးတာက ဘုရင်အာဏာအတွက် မကောင်းဘူး။ "

ဝမ်ဝမ်နှင့် နန်းတော်ထဲမှ ဝန်ကြီးများက အံ့အားသင့်သွားကြသည်။ ထိုသို့ပြုလုပ်လိုက်ခြင်းက ကျောက်ဖုန်း၏ ဂုဏ်သတင်းကို ပိုမိုကျော်ကြားသွားစေပေလိမ့်မည်။ ဘုရင်အာဏာနှင့် ပက်သက်လျှင် အကြီးမားဆုံး သက်ရောက်မှုက လူများ၏ စိတ်နှလုံးအပေါ်တွင် မူတည်သည်။ ထို့အပြင် လူများ၏ စိတ်နှလုံးက်ု ရရှိရန် အဓိကမှာ ဂုဏ်သတင်းဖြစ်သည်။ ဂုဏ်သတင်းမှတစ်ဆင့် လူများ၏ စိတ်နှလုံးကို လွှမ်းမိုးနိုင်သည်။

သမိုင်းတွင် လက်အောက်ငယ်သားတစ်ယောက်၏ ဂုဏ်သတင်းက ဘုရင်ထက် ကျော်လွန်သွားလျှင် ၎င်းက ထိုလက်အောက်ငယ်သား သေမည့်နေ့ဖြစ်သည်။ သို့သော် ရင်ကျန့်က ၎င်းကို လုံးဝ စိုးရိမ်ခြင်း မရှိခဲ့ပေ။

" အမိန့်အတိုင်းပါ။ " ဝမ်ဝမ်က ရှေ့တိုးလာပြီး ပြောလိုက်သည်။ ကြေညာချက်များကို ထုတ်ပြန်ခြင်းက သူ၏ တာဝန်ပင်ဖြစ်သည်။

" ယွီချင်း ယန်နယ်မြေရဲ့ မြောင်ဘက်နယ်စပ်ကို အနီးကပ်စောင့်ကြည့်ထား။ ကျောက်ဖုန်းဆီက သတင်းရတာနဲ့ ငါ့ကို ချင်ချင်း အစီရင်ခံ။ ငါ သူ့သတင်းကို အမြန်ဆုံး ကြားချင်တယ်။ " ရင်ကျန့်က ယွီလျောင်ကို ကြည့်ပြီး ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ယွီလျောင်က လေးစားစွာ ပြန်ပြောလိုက်သည်။

" ပြီးတော့ ဝမ်ကျန့်နဲ့ မုန့်ဝူ " ရင်ကျန့်က သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။

" ကျွန်တော်မျိုးတို့ ရှိပါတယ်။ " စစ်သေနာပတိချုပ်နှစ်ယောက်က ပြန်ပြောလိုက်သည်။

" စစ်စခန်းနှစ်ခုကို အချိန်မရွေး စုစည်းဖို့ အဆင်သင့်ဖြစ်တာပါ။ တကယ်လို့ ကျောက်ဖုန်းသာ တုန်ဟူလူမျိုးတွေကြောင့် တစ်ခုခုဖြစ်ခဲ့ရင် ငါ တုန်ဟူကို သွေးနဲ့ ဆေးကြောပစ်မယ်။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

သူက သူ၏ ရည်ရွယ်ချင်ကို ဖုံးကွယ်ထားခြင်းမရှိပေ။ ၎င်းကိုကြားသောအခါ ခန်းမထဲမှ ဝန်ကြီးများ၏ အမူအရာများက ပြောင်းလဲသွားကြသည်။ အလွန်စိုးရိမ်နေသေူ ရင်ကျန့်ကို ကြည့်ပြီး သူတို့က ဘာပြောရမှန်းမသိတော့ပေ။ ချင်နိုင်ငံ၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာကြီးကို စုစည်းရန်ဖြစ်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၃၈၂)

" အရှင်မင်းကြီး ယန်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားကို ဖမ်းခေါ်လာခဲ့ပါပြီ။ အရှင်မင်းကြီး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပါတယ်။ အရှင်မင်းကြီး သူ့ကို တွေ့ချင်ပါသလား။ " လီစီက ထရပ်ပြီး ပြောလိုက်သည်။

" ခေါ်လိုက်။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

" ယန်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားကို ခန်းမထဲကို ခေါ်ဆောင်လာခဲ့ပါ။ " ကျောက်ကောင်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

မကြာမီ နန်းတွင်းကိုယ်ရံတော်အချို့က အကျဉ်းသားဝတ်စုံကို ဝတ်ဆင်ထားသော ယန်တန်ကို ခန်းမထဲသို့ ခေါ်ဆောင်လာသည်။ ယနေ့တွင် ယန်တန်က ယခင်နှင့် လုံးဝ ကွဲပြားနေခဲ့သည်။ သူက စိတ်ဓာတ်ကျနေပြီး အားအင်ချည့်နဲ့နေသည်။ သူ၏ အကြီးမားဆုံးဆန္ဒက ယန်နိုင်ငံကို သန်မာအောင်လုပ်ရန်ဖြစ်သည်။ သို့သော် ယခု ယန်နိုင်ငံလည်း ပျက်စီးသွားပြီး သူ၏ အဖေလည်း သေဆုံးသွားခဲ့သည်။

" ဒူးထောက်။ " ရန်ရှောင်းက အော်ဟစ်လိုက်သည်။

သို့သော်ယန်တန်၏မျက်လုံးများက အသက်မဲ့နေပြီး ပလ္လင်ပေါ်တွင် ထိုင်နေသော ရင်ကျန့်ကို စိုက်ကြည့်နေသည်။ ရန်ရှောင်က ယန်တန်၏ ခြေထောက်များကို ကန်ပြီး ဒူးထောက်စေလိုက်သည်။

" ယန်တန် " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

ရင်ကျန့်၏ အသံကို ကြားလိုက်ရချိန်တွင် ယန်တန်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ပလ္လင်ပေါ်မှ ရင်ကျန့်ကို မုန်းတီးမှုများဖြင့် ကြည့်လိုက်သည်။

" ရင်ကျန့် ငါမင်းကို သတ်မယ်။ မင်းကောင်းကောင်း သေရမှာ မဟုတ်ဘူး။ " ယန်တန်က ရုန်းကန်ပြီး ရှေ့သို့ ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် နန်းတွင်းကိုယ်ရံတော်များက ယန်တန်ကို ကြမ်းပြင်ပေါ်တွင် ဖိချလိုက်သည်။

" ငါ့ကို မုန်းနေတာလား။ မင်းမှာ အခွင့်အရေးရှိလို့လား။ " ရင်ကျန့်က လှောင်ပြုံးပြုံးလိုက်သည်။

" ရင်ကျန့် မင်းက ကောက်ကျစ်တဲ့ ဝံပုလွေပဲ။ မင်းက စိတ်ရှိတိုင်း သတ်ဖြတ်နေတာ။ တစ်နေ့ကျရင် မင်းက အကျိုးဆက်ကို ခံစားရလိမ့်မယ်။ " ယန်တန်က မုန်းတီးစွာ အော်ဟစ်လိုက်သည်။

" ဟားဟားဟား... ယန်တန် မင်းက နိုင်ငံတစ်ခုရဲ့ အိမ်ရှေ့စံဖြစ်ပြီး တော်တော်ကလေးဆန်တာပဲ။ ဒါတွေအားလုံးက မင်းကြောင့်ဖြစ်လာတာလေ။ မင်းသာ ငါ့ကို လုပ်ကြံဖို့ မကြိုးစားခဲ့ရင် ငါက ယန်နိုင်ငံကို ဖျက်ဆီးဖို့ ဘယ်လိုအကြောင်းပြချက်ရှိမှာလဲ။ အခုတော့ ယန်နယ်မြေတစ်ခုလုံးက ချင်နိုင်ငံဆီ ရောက်သွားပြီ။ မင်းကိုတော့..." ရင်ကျန့်က ယန်တန်ကို သတ်ဖြတ်လိုစိတ်များဖြင့် ကြည့်လိုက်သည်။

" ဘုရင်ကို လုပ်ကြံတဲ့ ပြစ်မှုကို ဘယ်လိုကိုင်တွယ်သင့်လဲ။ " ရင်ကျန့်က လီစီကို မေးလိုက်သည်။

" ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဖြတ်တောက်ပြီး ကွပ်မျက်ရမယ်။ " လီစီက ချက်ချင်း ပြန်ဖြေလိုက်သည်။

" ဒါဆို ဘာလို့နှောင့်နှေးနေတာလဲ။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

နန်းတွင်းကိုယ်ရံတော်များက ယန်တန်ကို ဆွဲပြီး ခန်းမအပြင်ဘက်သို့ ခေါ်ထုတ်သွားကြသည်။

" တင်ပြစရာမရှိရင် ညီလာခံသိမ်းမယ်။ " ရင်ကျန့်က ထရပ်ပြီး ဝမ်ကျန့်ကို တစ်ချက်ကြည့်ကာ ထွက်ခွာသွားသည်။

ကျန်းထိုင်နန်းဆောင်အတွင်း။

" မင်းရဲ့ သမက်က သူ့အသက်ကို တကယ်ပဲ တန်ဖိုးမထားဘူး။ စစ်သည်တစ်သောင်းတည်းနဲ့ မြောက်ဘက်အတွင်းပိုင်းထိ ဝင်ရောက်သွားတာ သေလမ်းရှာတာနဲ့ အတူတူပဲ။ " ရင်ကျန့်က ဝမ်ကျန့်ကို ဒေါသတကြီး ပြောလိုက်သည်။

" ကျောက်ဖုန်းက ကျွန်တော်မျိုးရဲ့ သမက်ဖြစ်သလို အရှင်မင်းကြီးရဲ့ သားတော်လည်း ဖြစ်ပါတယ်။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ပြီးတော့ ကျွန်တော်မျိုးက သူ့ကို ဘယ်တော့မှ မညွှန်ကြားခဲ့ပါဘူး။ ဒါတွေအားလုံးက သူ့ရဲ့ စရိုက်အတိုင်း ဖြစ်လာတာပါ။ "

ဝမ်ကျန့်၏ စကားများက ၎င်းမှာ ဖခင်ဆီမှ လာသော အကျင့်စရိုက်ဖြစ်သည်ဟု ပြောလိုက်ခြင်းပင်ဖြစ်သည်။

" မင်းက ငါ့ကြောင့်လို့ ပြောချင်တာလား။ " ရင်ကျန့်က ဒေါသနှင့် ပြောလိုက်သည်။

" ကျွန်တော်မျိုး မဝံ့ရဲပါဘူး။ " ဝမ်ကျန့်က ဦးညွှတ်ပြီး ပြောလိုက်သည်။

" တော်ပြီ ထိုင်တော့။ " ရင်ကျန့်က ဘာမှမတတ်နိုင်ဘဲ ပြောလိုက်သည်။

" မင်း ကျောက်ဖုန်းရဲ့ ရည်ရွယ်ချက်ကို နားလည်လား။ " ရင်ကျန့်က မေးလိုက်သည်။

" ကျွန်တော်မျိုး နားလည်သလိုဆိုရင် ကျောက်ဖုန်းက တိုင်းတစ်ပါးလူမျိုးတွေ လက်ချက်နဲ့ သေသွားတဲ့ ယန်ပြည်သူတွေအတွက် လက်စားချေဖို့ သွားနေတာပဲ။ တုန်ဟူတွေကြောင့် သေသွားတဲ့ ယန်ပြည်သူတွေက သုံးသိန်းကနေ လေးသိန်းအထိ ရှိပါတယ်။ " ဝမ်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" လက်စားချေဖို့ပဲလား။ " ရင်ကျန့်က မျက်မှောင်ကြုတ်သွားသည်။

" အရှင်မင်းကြီးလည်း သိမှာပါ။ တုန်ဟူတွေက နှစ်သိန်းထဲမှ နှစ်သောင်းကျော်ပဲ ပြန်သွားနိုင်ခဲ့တယ်။ ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ ပြီးတော့ သူတို့က ယန်နယ်မြေက လုယက်ထားတဲ့ လူတွေ၊ ပစ္စည်းဥစ္စာတွေနဲ့ ရိက္ခာတွေကို ပြန်သယ်ဖို့ အချိန်မရခဲ့ပါဘူး။ ဒါကြောင့် တုန်ဟူတွေက မကျေနပ်ဘဲ သေချာပေါက် ပြန်တိုက်မှာပါ။ သူတို့ တပ်တစ်ခုလုံး စုစည်းလိုက်ရင် ယန်နယ်မြေက အန္တရာယ်ရှိသွားပါလိမ့်မယ်။ ကျောက်ဖုန်း မြောက်ဘက်ကို ဝင်ရောက်သွားတာက တုန်ဟူတွေကို ရှုပ်ထွေးအောင်လုပ်ပြီး နောက်တစ်ကြိမ် မကျူးကျော်နိုင်အောင် လုပ်ဖို့ပါပဲ။ " ဝမ်ကျန့်က စဉ်းစားပြီး ပြောလိုက်သည်။

" ငါလည်းအဲ့လိုပဲတွေးမိတယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " ဒီကောင်လေးက တကယ်ဘာမှဂရုမစိုက်ဘဲ မြောက်ပိုင်းအထိ ဝင်သွားရဲတာပဲ။ နည်းနည်းလေးမှားတာနဲ့ အဲ့ဒီမျိုးနွယ်စုတွေကြားမှာ ပိတ်မိသွားနိုင်တယ်။ ဒါပေမယ့် ငါက ရှန်းယန်ကနေပဲ စောင့်ကြည့်နေနိုင်တော့မယ်။ "

" အရှင်မင်းကြီး အခု ကျောက်ဖုန်းကို ယုံကြည်တာကလွဲရင် ဘာမှလုပ်မရတော့ဘူး။ ဒါပေမယ့် ကျောက်ဖုန်းက သေချာပေါက် ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ " ဝမ်ကျန့်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

" မှန်တယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

ယန်နယ်မြေ၏ နယ်စပ်နှင့် အနီးဆုံး ရွာတစ်ခုတွင် မီးများလင်းထိန်နေသည်။ ထိုရွာလေး၏ အဝေးတွင် ကင်းထောက်ဆယ်ယောက်လောက်က အလျင်အမြန် ရောက်လာသည်။

" စစ်သေနာပတိချုပ်ကို အစီရင်ခံပါတယ်။ ရှေ့မှာရှိတာက ရှန်းကျိုးနယ်မြေနဲ့ အနီးဆုံးရွာပါ။ ကျွန်တော်တို့ စုံစမ်းမိသလောက်က ဒီရွာက တုန်ဟူရဲ့ နောက်ဘက်က ရိက္ခါပစ္စည်းတွေ လက်ခံနေပုံရပါတယ်။ "

" ညဘက်တောင် ဖြစ်နေပြီ။ တုန်ဟူတွေက ရိက္ခါတွေ သယ်နေတုန်းပဲ။ ဒါပေမယ့် သူတို့က ကာကွယ်ရေးတော့ အားကောင်းပုံမရဘူး။ " ကင်းထောက်များက အစီရင်ခံလိုက်ကြသည်။

" ရိက္ခါပစ္စည်းတွေ သယ်နေတာက ချင်နိုင်ငံကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတာပဲ။ အခု ညတွေ သယ်နေတာဆိုတော့ တုန်ဟူဘုရင်က အမြန်ဆုံး ပြင်ဆင်ဖို့ အမိန့်ပေးထားတဲ့ ပုံပဲ။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" စစ်သေနာပတိချုပ် ဒီရွာက ရှန်းကျိုးနယ်မြေနဲ့ အနီးဆုံးဖြစ်နေတာတောင် ကာကွယ်ရေးအတွက် ကင်းမလှည့်ကြဘူး။ ဒါက ထူးဆန်းတယ်။ " ကျန်းဟန်က အံ့ဩစွာ ပြောလိုက်သည်။

ချင်စစ်တပ်က အခြားနိုင်ငံများကို တိုက်ခိုက်လျှင် ရန်သူတိုက်ခိုက်မှုမခံရအောင် အနည်းဆုံး ငါးမိုင်ပတ်လည်တွင် ကင်းထောက်ထောင်ချီကို နေရာချထားသည်။ သို့သော် ယခု သူတို့က တုန်ဟူရွာနှင့် တစ်ကီလိုမီတာ အဝေးသို့ ရောက်နေပြီဖြစ်သော်လည်း ကာကွယ်မှုတစ်ခုမှ မတွေ့ရပေ။

" ဘာလို့လဲဆိုတော့ တိုင်းတစ်ပါးမျိုးနွယ်တွေက ဟွာရှလူမျိုးက ဘာမဆိုသည်းခံတယ်။ သူတို့ကို ဘယ်တော့မှ မကျူးကျော်ရဲဘူးလို့ ထင်နေလို့ပဲ။ ဒါကြောင့် သူတို့က ဘာကာကွယ်မှုမှမလုပ်တာပဲ။ " ကျောက်ဖုန်းက လှောင်ပြုံးပြုံးလိုက်သ်။

ရှန်းကျိုးနယ်မြေက နယ်မြေအတွင်း စုစည်းရန်သာ အာရုံစိုက်နေကြပြီး တိုင်းတစ်ပါးမျိုးနွယ်များကို ဘယ်တော့မှ စပြီး မတိုက်ခိုက်ကြပေ။ ထို့အပြင် ရှန်းကျိုးနယ်မြေမှ နိုင်ငံများ၏ အမြင်တွင် မြောက်ဘက်နယ်သပ်မှ မြေများက ညံ့ဖျင်းပြီး သူတို့ မထိုက်တန်ဟု ယူဆထားကြသည်။

" ကောင်းပြီ။ ငါပြောတာတွေ မှတ်မိတယ်မလား။ " ကျောက်ဖုန်းက စစ်သည်များကို ကြည့်ပြီး မေးလိုက်သည်။

" ကျွန်တော်တို့ ကောင်းကောင်းမှတ်မိပါတယ်။ တိုင်းတစ်ပါးလူမျိုးတွေကို ကျူးကျော်ရင် ဘယ်သူကိုမဆို သတ်ပစ်။ " စစ်သည်များက ပြန်ဖြေလိုက်ကြသည်။

" ဒါက ရက်စက်တာမဟုတ်ဘူး။ တိုင်းတစ်ပါးလူမျိုးတွေက လူမဆန်လို့ပဲ။ ဒီနေ့တော့ ငါတို့ သွေးကြွေးဆပ်မယ်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပဲ။ သူတို့က ငါတို့ ရှန်းကျိုးနယ်မြေမှာ ဟွာရှလူမျိုးတွေကို သတ်ဖြတ်ခဲ့တဲ့အတွက် ဒီနေ သူတို့လူမျိုးတွေကို ငါတို့ သတ်ကြမယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

ယခု သတ်ဖြတ်ခံရမည့် တိုင်းတစ်ပါးလူမျိုးစုများက သနားစရာကောင်းနေနိုင်သည်။ သို့သော် သနားစရာကောင်းသူတိုင်းတွင် ရွံစရာတစ်ခု ရှိနေသည်။ သူတို့ ရှန်းကျိုးနယ်မြေတွင် ဟွာရှလူမျိုးများကို သတ်ဖြတ်ချိန်တွင် သနားစရာကောင်းလား၊အပြစ်မဲ့သလား သူတို့ ဘယ်တော့မှ မစဉ်းစားခဲ့ပေ။ ထို့ကြောင့် ကျောက်ဖုန်းတို့ကလည်း ဘာမှစဉ်းစားနေမည်မဟုတ်ပေ။

" ရိက္ခါပစ္စည်းတွေကိုတေည့ အားလုံးမီးရှို့ပစ်ကြ။ ဒီတိုက်ပွဲမှာ တိုင်းတစ်ပါးမျိုးနွယ်စုတွေကို ပြောင်းပြန်ဖြစ်သွားအောင် ငါတို့ လုပ်မယ်။ ဘယ်သူမှ မပိတ်မစေနဲ့။ ငါနောက်ကလိုက်ပြီး တိုင်းတစ်ပါးလူမျိုးတွေကို တိုက်ခိုက်ကြ။ " ကျောက်ဖုန်းက သူတို့ကို နောက်တစ်ကြိမ် သတိပေးလိုက်သည်။

တိုက်ပွဲတွင် ပိတ်မိနေလျှင် တုန်ဟူလူမျိုးများ၏ ဝန်းရံတိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။ ၎င်းက သူတို့၏ နယ်မြေဖြစ်သည်။ သူတို့က တပ်ဖွဲ့များကို စုစည်းပြီး ဝိုင်းလိုက်လျှင် အန္တရာယ်များသွားပေလိမ့်မည်။ ထို့ကြောင့်ပင် ကျောက်ဖုန်းက မြောက်ပိုင်းသို့ စစ်သည်တစ်သောင်းကျော်နှင့် လာရဲခြင်းဖြစ်သည်။

ရှန်းကျိုးနယ်မြေထဲတွင် ထိုသို့လုပ်ရန် မဖြစ်နိုင်ပေ။ ရှန်းကျိုးနယ်မြေတွင် ခံတပ်များရှိပြီး တုန်ဟူလူမျိုးများက လှည့်လည်သွားလာသူများဖြစ်သောကြောင့် ဘာမှမရှိပေ။

" အမိန့်အတိုင်းပါ။ " စစ်သည်များက ပြတ်သားစွာဖြင့် ပြန်ဖြေလိုက်ကြသည်။

" ငါလူတိုင်းကို အိမ်ပြန်ခေါ်နိုင်မယ်လို့ မပြောနိုင်ပေမယ့် ငါ့ညီအကိုတွေ အိမ်ပြန်နိုင်အောင် ငါ အစွမ်းကုန် ကြိုးစားမယ်။ ဒီတိုက်ပွဲအပြီးမှာ ငါတို့ညီအကိုတွေ ရှန်ပင်းမြို့မှာ အတူတူ သောက်ကြတာပေါ့။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters