← Chapters

အခန်း (၃၈၃-၃၈၄)

Vol. 39 Ch. 383-384

အခန်း (၃၈၃-၃၈၄)

Vol. 39 Ch. 383-384

အခန်း (၃၈၃)

" တပ်ဖွဲ့ကို တတ်နိုင်သလောက် ဖြန့်ကျက်ထား။ အဲ့ဒီရွာရဲ့ ကျန့်သုံးဆယ်အကွာရောက်ရင် မြားတွေနဲ့ ပစ်ကြ။ တုန်ဟူလူမျိုးတွေရဲ့ စခန်းကို ထိုးဖောက်ပြီး မျိုးနွယ်တစ်ခုလုံးကို တိုက်ခိုက်ကြ။ တပ်ဖွဲ့တစ်ဖွဲ့ကို လူငါးယောက်နဲ့ ဖွဲ့မယ်။ လူစုမကွဲစေနဲ့၊ နောက်မကျန်ခဲ့စေနဲ့။ ငါ့အမိန့်ကို စောင့်ပြီး တိုက်ကြ။ "

ကျောက်ဖုန်းက ရှေ့ဆုံးမှ မြင်းစီးထွက်သွားသည်။ သူ၏ ကိုယ်ရံတော်များက နောက်မှ လိုက်လာကြပြီး ချင်မြင်းတပ်က ခွဲထွက်သွားသည်။ သို့သော် သူတို့က တုန်ဟူမျိုးနွယ်ဆီသို့ ချဉ်းကပ်သွားကြသည်။ ရွာရှေ့တွင် တုန်ဟူစစ်သည်များက ရိက္ခာပစ္စည်းများကို စောင့်ကျပ်ပြီး ရွာထဲသို့ သယ်ဆောင်လာကြသည်။

တိုင်းတစ်ပါးမျိုးနွယ်များက ရှန်းကျိုးနယ်မြေမှ နိုင်ငံအသီးသီးနှင့် ကုန်သွယ်မှုလုပ်ကြပြီး စစ်မြင်းများ၊ နွားများနှင့် သိုးများကို ရောင်းချကြသည်။ သို့သော် လက်နက်လုပ်ရန် ကြေးနှင့် သံများကိုတော့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည်။ ထို့ကြောင့် ကြေးနှင့်သံများကို ရတနာများအဖြစ် သတ်မှတ်ထားကြသည်။ ယခုတော့ တုန်ဟူဘုရင်၏ အမိန့်နှင့် ရိက္ခာပစ္စည်းများ၊ ကြေးနှင့် သံများကို နယ်စပ်သို့ သယ်ယူပို့ဆောင်နေကြသည်။

" ဒီညလည်း တစ်ညလုံး သယ်ရဦးမယ်ထင်တယ်။ ဒီညရောဆို သုံးရက်ဆက်တိုက်ဖြစ်နေပြီ။ "

" အရှင်မင်းကြီးက အမိန့်ပေးထားတယ်။ တစ်လအတွင်းမှာ ငါတို့က တောင်ဘက်ကို ချီတက်ရမယ်။ ဒီသုံးရက်တည်းမဟုတ်ဘူး။ စစ်သည်လေးသိန်းစာအတွက် ရိက္ခာတွေကို တစ်လလုံးသယ်ပေးရမှာ။ ဒါက တကယ်အရေးကြီးတဲ့ကိစ္စပဲ။ "

" အရှင်မင်းကြီး အမိန့်ပေးပြီးရင် ဘယ်သူမှ မဆန့်ကျင်ရဲဘူး။ ဒါပေမယ့် ဒါက ချင်နိုင်ငံရဲ့ အမှားပဲ။ တောင်ဘက်ကို ချီတက်သွားတဲ့ ငါတို့ တုန်ဟူစစ်သည်နှစ်သိန်းက နှစ်သောင်းကျော်ပဲ ပြန်လာနိုင်ခဲ့တယ်။ "

" ဟုတ်တယ်။ တောင်ဘက်ကို ချီတက်တာနဲ့ အဲ့ဒီချင်တွေကို သုတ်သင်ပစ်ရမယ်။ "

စခန်းတံခါးရှေ့တွင် တုန်ဟူစစ်သည်များက ဒေါသများနှင့် ဆွေးနွေးနေကြသည်။ ညကောင်းကင်ယံအောက်တွင်း သူတို့အနီးသို့ ချဉ်းကပ်လာသော စစ်တပ်ကိုတော့ သတိမထားမိကြသည်။ ချင်စစ်တပ်က သူတို့ကို တိုက်ခိုက်လိမ့်မည်ဟုလည်း သူတို့ မတွေးမိကြပေ။

" သတ်ကြ။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" စစ်သေနာပတိချုပ်နောက်ကို သေတဲ့အထိ လိုက်ပါမယ်။ သတ်ကြ။ " ချင်စစ်သည်များ၏ အော်ဟစ်သံက ကောင်းကင်ယံထိ ပဲ့တင်ထပ်သွားသည်။ နောက်ခဏတွင် ချင်မြင်းတပ်က သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တုန်ဟူစစ်သည်များကို အရှိန်အဟုန်နှင့် ဝင်တိုက်ကြတော့သည်။ ယခင်က တိတ်ဆိတ်နေသော နေရာက မြင်းခွာသံများဖြင့် ဆူညံသွားသည်။

စခန်းတံခါးမှ တုန်ဟူစစ်သည်များနှင့် ရိက္ခာသယ်နေသူများက ထိုအသံများကို ကြားလိုက်ရသောကြောင့် ရှေ့သို့ ကြည့်လိုက်ကြသည်။ ညအမှောင်အောက်တွင် ပုံရိပ်များစွာက လျင်မြန်စွာ ချဉ်းကပ်လာကြသည်။ ချက်ချင်းပင် သူတို့အားလုံးက ထိတ်လန့်သွားကြသည်။

" ရန်သူတိုက်ခိုက်နေပြီ။ "

" ချင်စစ်တပ်ပဲ။ မြန်မြန်အချက်ပေး။ "

" ချင်စစ်တပ် တိုက်ခိုက်နေပြီ။ " တုန်ဟူစစ်သည်များက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ထိုအချိန်တွင် ချင်မြင်းတပ်က အရှိန်အဟုန်ဖြင့် ချီတက်လာကြသည်။ ကျောက်ဖုန်းက သူ၏ လေးနှင့်မြားကို ထုတ်လိုက်သည်။ သံနက်လေးကို ကိုင်ပြီး မြားဆယ်ချောင်းကို လေးကြိုးပေါ်သို့ တင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ချီစွမ်းအားများက ထွက်ပေါ်လာပြီး မြားဆယ်‌ချောင်းကို ပစ်လွှတ်လိုက်သည်။

မြားဆယ်ချောင်းက လေထုကို ထိုးခွင်းသွားပြီး စခန်းတံခါးပေါ်သို့ ကျရောက်သွားသည်။ မြားပေါ်မှ စွမ်းအားများက ပေါက်ကွဲသွားပြီး ဆယ်ပေကျော်အတွင်းမှ တုန်ဟူစစ်သည်များက လွင့်ပါသွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များက ပေါက်ကွဲသွားပြီး ချက်ချင်း သေဆုံးသွားကြသည်။

" အား...."

" တုန်ဟူစစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး အမြန်နှုန်း ၁မှတ် ရရှိပါတယ်။ "

" တုန်ဟူစစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး ခွန်အား ၁မှတ် ရရှိပါတယ်။ "

" တုန်ဟူစစ်သည်...."

မြားတစ်ချက်နှင့် ကျောက်ဖုန်းက စွမ်းရည်များစွာ ရရှိသွားခဲ့သည်။ တုန်ဟူစစ်သည်များက ပြန့်ကျဲနေခြင်းမဟုတ်လျှင် သူက မြားဆယ်ချောင်းနှင့် လူရာချီကို သတ်ဖြတ်နိုင်သည်။ သို့သော် ကျောက်ဖုန်းက ရပ်တန့်ခြင်းမရှိဘဲ မြားဆယ်ချောင်းကို ထပ်ထုတ်လိုက်သည်။

ရွှီး.... ရွှီး....

မြားများက လေထဲတွင် ပျံသန်းနေပြီး စခန်းနံရံများကို နောက်တစ်ကြိမ် ထပ်ထိသွားသည်။ စခန်းနံရံများက ကျောက်ဖုန်း၏ စွမ်းအားများဖြင့် ပျက်စီးသွားခဲ့သည်။

" သတ်ကြ။ " ကျောက်ဖုန်း၏ နောက်မှ ချင်စစ်သည်များက ပစ်ခတ်နိုင်သော အကွာအဝေးသို့ ရောက်သည်နှင့် မြားများကို တစ်ပြိုင်နက် ပစ်လွှတ်လိုက်သည်။ ညအမှောင်အောက်တွင် မြားများကို မမြင်ရသော်လည်း တရွှီးရွှီး အော်သံများက ပဲ့တင်ထပ်နေခဲ့သည်။

"ပြေးကြ။ ချင်စစ်တပ်က တိုက်ခိုက်နေပြီ။ "

" မြားမိုးတွေ ကျလာပြီ။ ပြေးကြ။ "

တုန်ဟူအရပ်သားများက အိပ်ယာမှ နိုးလာကြပြီး အချို့က ထိတ်လန့်တကြား ထွက်ပြေးကာ အချို့က အိပ်ယာထဲတွင် မြားထိမှန်ပြီး သေဆုံးသွားကြသည်။ သို့သော် သူတို့ကို အရပ်သားဟု မခေါ်နိုင်ပေ။ အကြောင်းမှာ သူတို့မျိုးနွယ်စုက စစ်သည်များဖြင့် ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။ သူတို့က အပြစ်မဲ့သော ဟွာရှလူမျိုးများကို သတ်ဖြတ်သကဲ့သို့ ကျောက်ဖုန်းကလည်း သူတို့ကို ပြန်လည်သတ်ဖြတ်ပေးမည်ဖြစ်သည်။

" သတ်ကြ။ " ကျောက်ဖုန်းက အော်ဟစ်လိုက်ပြီး မြင်းကို အပြင်းနှင်လိုက်သည်။ မြင်းတပ်များက နောက်မှအနီးကပ် လိုက်ပါလာကြပြီး တုန်ဟူလူမျိုးများကို ရူးသွပ်စွာ သတ်ဖြတ်ကြတော့သည်။ ကျောက်ဖုန်းက တုန်ဟူလူမျိုးများဆီသို့ ရောက်သည်နှင့် သူ၏ လက်ဝါးကို မြှောက်ပြီး ရှေ့သို့ ရိုက်ထုတ်လိုက်သည်။

" နဂါးနိုင်လက်ဝါး " ချီစွမ်းအားများက ထွက်ပေါ်လာပြီး နဂါးပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ဆယ်မီတာကျော်အထိ ပေါက်ကွဲသွားသည်။ ရှေ့တွင် စုရုံးနေသော တုန်ဟူစစ်သည် ဆယ်ယောက်ကျော်က ထိုလက်ဝါချက်ကြောင့် သေဆုံးသွားကြသည်။ အချို့က လွင့်ပါသွားကြပြီး သွေးအန်ကာ အတွင်းအင်္ဂါများ ပျက်စီးပြီး သေဆုံးသွားကြသည်။

ကျောက်ဖုန်းက လက်ဝါးချက်များကို ဆက်လက်ရိုက်ထုတ်နေပြီး တုန်ဟူစစ်သည်ဆယ်ယောက်ကျော်ကို သတ်ဖြတ်သွားသည်။ ယခုက ညဘက်ဖြစ်သောကြောင့် ကျောက်ဖုန်းက သူ၏ စွမ်းအားများကို ထိန်းချုပ်ခြင်းမရှိဘဲ ရူးသွပ်စွာ သတ်ဖြတ်နေသည်။ စွမ်းရည်အမှတ်များ ရရှိလာသော အချက်ပေးသံများက အဆက်မပြတ် ထွက်ပေါ်နေသည်။

" စစ်သေနာပတိချုပ်နောက်ကို လိုက်ပြီး သတ်ကြ။ " ချင်စစ်သည်များက ကျောက်ဖုန်းနောက်သို့ လိုက်ပြီး တုန်ဟူလူမျိုးများကို ရူးသွပ်စွာ သတ်ဖြတ်နေကြသည်။ ရန်သူများနှင့် အနီးကပ်မရှိသူများက နောက်မှ မြားများဖြင့် ပစ်ခတ်နေကြသည်။ သူတို့က ယန်နိုင်ငံတွင် သေဆုံးခဲ့ရသော ဟွာရှလူမျိုးများအတွက် လက်စားချေနေကြသည်။

" အားလုံးကို မီးရှို့ပစ်။ လမ်းပိတ်နေတဲ့သူမှန်သမျှ အကုန်သတ်။ " ကျောက်ဖုန်းက အေးစက်စွာ အမိန့်ပေးလိုက်သည်။ သူက လက်တစ်ဖက်တွင် လှံကို ကိုင်ပြီး ကျန်လက်တစ်ဖက် လက်ဝါးရိုက်ချက်များကို ထုတ်ဖော်နေသည်။

" သူတို့ရဲ့ ရိက္ခာတွေနဲ့ တဲတွေကို မီးရှို့ပစ်ကြ။ " ချင်စစ်သည်များက တုန်ဟူလူမျိုးများ၏ တဲများနှင့် ရိက္ခာများကို ကြည့်ပြီး မီးများကို ပစ်ထည့်လိုက်သည်။ ခဏအတွင်း မီးတောက်များက နေရာအနှံ့ လောင်ကျွမ်းသွားကြသည်။

" မင်းတို့အတွက် လောင်စာတွေ ထပ်ဖြည့်ပေးမယ်။ " ကျောက်ဖုန်း၏ မျက်လုံးများက အေးစက်သွားပြီး သူ၏ ဒန်တျန်ထဲမှ မရဏမီးတောက်ကို ထိန်းချုပ်လိုက်သည်။ မရဏမီးတောက်က အနက်ရောင်‌တောက်ပနေပြီး ကျောက်ဖုန်း၏ စွမ်းအားများနှင့်အတူ ပြင်းထန်စွာ လောင်ကျွမ်းနေသည်။

၎င်းက မီးဖြစ်သောကြောင့် ဝိညာဉ်များကို လောင်ကျွမ်းနိုင်ရုံသာမက လောင်စာအဖြစ်လည်း အသုံးပြုနိုင်လေသည်။ သို့သော် စတင်လောင်ကျွမ်းသွားသည်နှင့် တုန်ဟူလူမျိုးများကို သတ်ဖြတ်နိုင်ရုံသာမက သူတို့ရဲ့ ဝိညာဉ်များကိုပါ တိုက်ရိုက်ပျက်စီးသွားစေနိုင်သည်။

" မီး မီး ချင်စစ်တပ်က မီးရှို့နေတယ်။ အား ငါ့ကို ကယ်ကြပါဦး။ "

" ကယ်ကြပါဦး..."

" မြန်မြန် ချင်စစ်တပ်ကို တိုက်ကြ..."

တုန်ဟူလူမျိုးများကြားတွင် နာကျင်စွာ အော်ဟစ်သံများနှင့် ပြည့်နှက်နေသည်။

ချင်မြင်းတပ်က အရှိန်အဟုန်ဖြင့် ဝင်တိုက်ကြပြီး တွေ့သမျှ လူတိုင်းကို သတ်ပစ်ကာ လမ်းတွင် ရှိနေသော တဲများကို မီးရှို့ပစ်ခဲ့သည်။ ကျောက်ဖုန်းက စစ်သည်များကို အတွင်းပိုင်းအထိ ခေါ်လာသည့် အကြောင်းရင်းမှာ တုန်ဟူလူမျိုးများစွာကို သတ်ဖြတ်ရန်မဟုတ်ဘဲ တုန်ဟူကို ရှုပ်ထွေးအောင်လုပ်ပြီး ရှန်းကျိုးကို ထပ်မကျူးကျော်နိုင်အောင်လုပ်ရန်ဖြစ်သည်။

အချိန်များ ကုန်လွန်လာသောအခါ သူတို့က တုန်ဟူလူမျိုးများကို တောင်ဘက်မှ မြောက်ဘက်သို့ တိုက်ခိုက်သွားခဲ့သည်။ လီအနည်းငယ် အကွာတွင် ကျောက်ဖုန်းက မြင်းကို ရပ်လိုက်ပြီး မီးများလောင်ကျွမ်းနေသော တုန်ဟူစခန်းကို လှမ်းကြည့်လိုက်သည်။ မီးတောက်များက ကောင်းကင်ယံအထိ လောင်ကျွမ်းနေသည်။

" စစ်သေနာပတိချုပ် ဒီတိုက်ပွဲက တကယ် ပြင်းထန်တယ်။ ကျွန်တော် တုန်ဟူလူမျိုး တစ်ရာလောက်ကို သတ်လိုက်နိုင်တယ်။ " ကျန်းဟန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" ကျွန်တော်လည်း အများကြီး သတ်လိုက်တယ်။ ပြီးတော့ သူတို့ တဲတွေနဲ့ ရိက္ခါတွေကိုလည်း မီးရှို့ပစ်ခဲ့တယ်။ "

" အဲ့ဒီမီးတွေကြောင့် တုန်ဟူလူမျိုးတွေ ဆုံးရှုံးမှု အများကြီး ဖြစ်သွားတယ်။ "

ချင်တပ်မှူးများနှင့် စစ်သည်များက စိတ်လှုပ်ရှားစွာဖြင့် ပြောလ်ုက်ကြသည်။ ဤတိုက်ပွဲက သူတို့အတွက် လွတ်လပ်စွာ သတ်ဖြတ်ခွင့်ရရှိခဲ့သည်။ ရှန်းကျိုးနယ်မြေထဲတွင် သူတို့က စည်းမျဉ်းများနှင့် တိုက်ခိုက်ကြပြီး ကိုယ့်ကိုကိုယ် ထိန်းသိမ်းရသည်။

" တပ်ရင်းမှူးတွေ ကိုယ့်တပ်ဖွဲ့ကို စစ်ဆေးကြ။ ဘယ်သူကျန်ခဲ့လဲ သေချာကြည့်။ " ကျောက်ဖုန်းက သူ၏ အကြည့်များကို ရုတ်သိမ်းပြီး လေးနက်စွာ ပြောလိုက်သည်။

" ပထမတပ်ဖွဲ့က ၁၀၀၀ လုံး ရှိပါတယ်။ ဒဏ်ရာရသူ ၃၀ ရှိပါတယ်။ ဒဏ်ရာတွေက အနည်းငယ်ပဲ ရပါတယ်။ "

" ဒုတိယတပ်ဖွဲ့ ၁၀၀၀လုံး ရှိပါတယ်။ ဒဏ်ရာရသူ ၄၅ ယောက်ရှိပါတယ်။ "

" တတိယတပ်ဖွဲ့ ၁၀၀၀ လုံးရှိပါတယ်။ ဒဏ်ရာရသူ ၂၇ ယောက်ပါ။ "

သူတို့၏ အစီရင်ခံချက်များကို နားထောင်ပြီးနောက် ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။

"ညီအကိုတို့ မင်းတို့ အားလုံးတော်တယ်။ စုစုပေါင်း ၁၂၀၀၀ တစ်ယောက်မှ မလျော့ဘူး။ ငါတို့တပ်ဖွဲ့ ရှန်းကျိုးနယ်မြေကို ပြန်တဲ့အခါ ငါတို့စစ်သည်တွေ တစ်ယောက်မှ မလျော့စေချင်ဘူး။ "ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" စစ်သေနာပတိချုပ်နောက်ကို သေတဲ့ထိ လိုက်ပါမယ်။ " စစ်သည်များက တစ်ညီတစ်ညွှတ်တည်း ပြန်ပြောလိုက်ကြသည်။

" အခု တုန်ဟူလူမျိုးတွေက ငါတို့ကို လိုက်တိုက်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ သူတို့လမ်းကြောင်းကိုလည်း ငါတို့ ပိတ်ထားလိုက်ပြီ။ ဒါကြောင့် အလျင်လိုစရာမလိုဘူး။ ဒီမှာ မိနစ်သုံးဆယ်လောက် နားကြ။ စစ်မြင်းတွေကို မြက်ကျွေးပြီး မင်းတို့လည်း အနားယူပြ။ ဒဏ်ရာရသူတွေလည်း ဆေးလိမ်းထားကြပါ။ တစ်နာရီကြာပြီးရင် နောက်ထပ်စခန်းတစ်ခုကို တိုက်ခိုက်မယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " စစ်သည်များက တစ်ညီတစ်ညွှတ်တည်း ပြန်ဖြေလိုက်ကြသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၃၈၄)

တုန်ဟူနန်းတော်။

" သတင်းပို့ပါတယ်။ နယ်စပ်စခန်းကနေ အရေးပေါ်သတင်းရောက်လာပါတယ်။ ချင်က စခန်းကို တိုက်ခိုက်နေပါတယ်။ ကျွန်တော်တို့ နယ်စပ်စခန်းက ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ချင်စစ်တပ်က စခန်းက ရိက္ခါပစ္စည်းတွေကို ဖျက်ဆီးသွားပါတယ်။ ကျွန်တော်တို့ လူမျိုးတွေ ခုနှစ်သောင်း ရှစ်သောင်းလောက် သတ်ခံလိုက်ရပါတယ်။ ကျွန်တော်တို့ လူငယ်တွေတင်မကဘဲ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။ " တုန်ဟူစစ်သည်တစ်ယောက်က ပြေးဝင်လာပြီး ထိတ်လန့်တကြား ပြောလိုက်သည်။

၎င်းကို ကြားသောအခါ တုန်ဟူဘုရင်က ဒေါသထွက်သွားပြီး တုန်ဟူစစ်သူကြီးများကလည်း မျက်နှာပျက်သွားကြသည်။ သို့သော် သူတို့ မတုန့်ပြန်နိုင်ခင်။

" ဝူယန်မျိုးနွယ်စုကို ချင်စစ်တပ်က တိုက်ခိုက်နေပါတယ်။ မျိုးနွယ်စုက ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်သွားပါတယ်။ ချင်စစ်တပ်က ရိက္ခါတွေနဲ့ တဲတွေကို မီးရှို့သွားပါတယ်။ ချင်စစ်တပ်က သတ်လိုက်တဲ့အရေအတွက်က ခြောက်သောင်းကျော်သွားပါပြီ။ သူတို့က သက်ကြီးရွယ်အိုတွေကိုတောင် မချန်ပါဘူး။ "

နောက်ထပ်သတင်းဆိုးတစ်ခုကြောင့် တုန်ဟူဘုရင်က မျက်နှာပိုပျက်သွားသည်။

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ချင်စစ်တပ်က ဘယ်လိုလုပ် ဒီလောက်ထိ ရဲတင်းရတာလဲ။ " တုန်ဟူဘုရင်က အံကျိတ်ပြီး ပြောလိုက်သည်။

" အရှင်မင်းကြီး အဲ့ဒီချင်စစ်တပ်ကိ ချေမှုန်းဖို့ စစ်တပ်ကို အမြန်ဆုံး စုစည်းရပါမယ်။ "

" အရှင်မင်းကြီး အမိန့်ပေးပါ။ ကျွန်တော်တို့က မျိုးနွယ်စုအတွက် တိုက်ခိုက်ပြီး ချင်စစ်တပ်ကို သုတ်သင်ဖို့ အဆင်သင့်ပါပဲ။ "

တုန်ဟူစစ်သူကြီးများက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ ထိုခံစားချက်က ယန်ပြည်မှ ဟွာရှလူမျိုးကို သူတို့သတ်ဖြတ်ခဲ့စဉ်က ဟွာရှလူမျိုးများ၏ ခံစားချက်နှင့် တူပေလိမ့်မည်။ သူတို့တုန်းကလည်း အသက်အရွယ်မရွေး သတ်ဖြတ်ခဲ့ပြီး အဓမ္မကျင့်ခြင်း၊ လုယက်ခြင်းများ လုပ်ခဲ့သည်။ သို့သော် ချင်စစ်တပ်က သတ်ဖြတ်ရုံသာဖြစ်ပြီး လူမဆန်သော လုပ်ရပ်များ မလုပ်ပေ။

" ချင် ငါ မင်းတို့ကို အရှင်မထားဘူး။ မဟုတ်ရင် ငါ ဘုရင်လုပ်ဖို့ မထိုက်တန်တော့ဘူး။ " တုန်ဟူဘုရင်က ထရပ်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ " ချင်စစ်တပ်မှာ စစ်သည်ဘယ်လောက်ပါလဲ။ "

" အရှင်မင်းကြီး ချင်စစ်တပ်က ညအချိန်မှာ အလစ်ဝင်တိုက်တာပါ။ ကျွန်တော်တို့က ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပါပေမယ့် ငါးသောင်းလောက်ပဲ ရှိပါမယ်။ " စစ်သည်က ပြန်ဖြေလိုက်သည်။

" ငါးသောင်းလောက်နဲ့ ငါ့ တုန်ဟူကို တိုက်ရဲတယ်ပေါ့။ သေချင်နေတာပဲ။ " တုန်ဟူဘုရင်က သတ်ဖြတ်လိုစိတ်များဖြင့် ပြောလိုက်သည်။

" ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်။ ချင်စစ်တပ်ကို အစွမ်းကုန်ရှာကြ။ စစ်သည်တစ်သိန်းကို ချက်ချင်း စေလွှတ်လိုက်။ အဲ့ဒီချင်စစ်တပ်ကို ငါကိုယ်တိုင် သုတ်သင်မယ်။ ပြီးတော့ ချင်စစ်တပ်ကို တွေ့ရင် အခြားမျိုးနွယ်စုတွေကို စစ်ကူပို့ခိုင်းလိုက်။ ချင်စစ်တပ်ကို ဝိုင်းပြီး ထွက်ပြေးခွင့်မပေးနဲ့။ " တုန်ဟူဘုရင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " စစ်သူကြီးများက အမိန့်ကို လက်ခံလိုက်ကြသည်။

" အရှင်မင်းကြီး ချင်စစ်တပ်ရဲ့ တိုက်ခိုက်မှုအရ ဒါက ချင်စစ်သေနာပတိချုပ်ကျောက်ဖုန်း ဖြစ်နိုင်ပါတယ်။ ယန်နိုင်ငံမှာ လူငယ် နှစ်သိန်းနီးပါး ဆုံးရှုံးအောင် လုပ်တဲ့သူပဲ။ သူ့ကိုသာ ဖမ်းမိရင် ချင်နိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းပြီး နယ်မြေတွေ ပေးခိုင်းလို့ရတယ်။ သူက ငယ်ရွယ်ပြီး ချင်နိုင်ငံမှာ ဂုဏ်သတင်းကြီးမားတယ်။ " တုန်ဟူစစ်သူကြီးတစ်ယောက်က အကြံပြုလိုက်သည်။

" ငါတို့မျိုးနွယ်စုထဲကို ဝင်လာရဲရင် သူ ပြန်မထွက်စေရဘူး။ " တုန်ဟူဘုရင်က အေးစက်စွာ ပြောလိုက်သည်။

စစ်သည်တစ်သိန်းဆိုလျှင်တောင် တုန်ဟူနယ်မြေထဲကို ဘယ်သူမှ ဝင်မလာရဲပေ။ မည်သို့ပင်ဖြစ်စေ ကျောက်ဖုန်းက တပ်ဖွဲ့ကို ဦးဆောင်ပြီး တုန်ဟူနယ်မြေထဲ ဝင်လာခြင်းက သေရန်သာရှိသည်။ သို့သော် သူတို့ မသိသည်မှာ ကျောက်ဖုန်းက စစ်သည်ငါးသောင်းခေါ်လာခြင်းမဟုတ်ဘဲ တစ်သောင်းတည်းသာ ခေါ်လာခြင်းဖြစ်သည်။

တုန်ဟူနယ်မြေ။

ချင်စစ်တပ်က အနားယူနေကြပြီး အသားခြောက်များ စားသောက်နေကြသည်။

" စစ်သေနာပတိချုပ် ငါးရက်ရှိသွားပြီ။ ကျွန်တော်တို့ တိုင်းတစ်ပါးမျိုးနွယ်စုသုံးလုကို ဖျက်ဆီးပြီးသွားပြီ။ ကျွန်တော်တို့က ရန်သူအများကြီးကိုလည်း သတ်နိုင်ခဲ့တယ်။ " ကျန်းဟန်က ကျောက်ဖုန်းကို ပြောလိုက်သည်။

" ငါးရက်ဆိုတော့ တုန်ဟူဘုရင်က သတင်းရသွားလောက်ပြီ။ တုန်ဟူဘုရင်က ငါတို့ကို ဝိုင်းဖမ်းဖို့ တပ်တွေ စုစည်းမှာ သေးချာတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" စစ်သေနာပတိချုပ် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ " ကျန်းဟန်က မေးလိုက်သည်။

" ငါ ဘာလို့လူအများကြီး မခေါ်လာတာလဲ မင်းသိလား။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" ဒီမြက်ခင်းလွင်ပြင်မှာ စစ်သည်တစ်သောင်းဆိုတာ နည်းနည်းလေးပဲ။ စစ်သေနာပတိချုပ်ရဲ့ ဦးဆောင်မှုအောက်မှာ သူတို့က ကျွန်တော်တို့ကို ဝိုင်းထားနိုင်မှာမဟုတ်ဘူး။ သူတို့ ဝိုင်းဖို့ ပြင်နေတဲ့အချိန်မှာ ကျွန်တော်တို့က ဖော်ထွက်သွားနိုင်ပြီ။ " ကျန်းဟန်က ချက်ချင်း ပြန်ဖြေလိုက်သည်။

ကျန်းဟန်က သမိုင်းတွင် စစ်ရေးကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ယခု ကျောက်ဖုန်းနောက်လိုက်ချိန်တွင် သမိုင်းထဲမှ ကျန်းဟန်ထက်ပင် ပိုတော်လာခဲ့သည်။

" ဒါကြောင့် ငါက တုန်ဟူတပ်ဖွဲ့တွေ ဝိုင်းတာကို စောင့်နေတာပဲ။ အင်အားအကုန်သုံးပြီး ငါတို့ကို ဝိုင်းလေ ပိုကောင်းလေပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" စစ်သေနာပတိချုပ်ရဲ့ အစီအစဉ်က တုန်ဟူတပ်ဖွဲ့တစ်ခုလုံးကို လှုပ်ရှားစေပြီး သူတို့ရဲ့ ရိက္ခါနဲ့ အင်အားကို လျော့နည်းအောင်လုပ်ပြီး တောင်ဘက်ကို ဆင်းမလာနိုင်အောင် တားဆီးဖို့လား။ " ကျန်းဟန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

" တုန်ဟူနန်းတော်မှာ လူတွေအတော်လေးများတယ်မလား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ကျန်းဟန်၏ အမူအရာက ပြောင်းလဲသွားပြီး အံ့ဩသွားသည်။ " စစ်သေနာပတိချုပ်က တုန်ဟူနန်းတော်ကို တိုက်ခိုက်ဖို့ စီစဉ်နေတာလား။ "

" နန်းတော်ကို ဖျက်ဆီးနိုင်ရင် ဒီတိုက်ပွဲက အောင်ပွဲပဲ။ တုန်ဟူဘုရင်ကို သတ်နိုင်ရင် ပိုတောင်ကောင်းသေးတယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။

ထိုစကားများကို ကြားသောအခါ ကျန်းဟန်က ထိတ်လန်သွားသည်။ သူသခင်၏ ရည်ရွယ်ချက်ကို လျော့တွက်မိမှန်း သူနားလည်လိုက်သည်။

တုန်ဟူနန်းတော်က နိုင်ငံတစ်ခု၏ မြို့တော်ဖြစ်သည်။ ၎င်းကို ဖျက်ဆီးနိုင်လျှင် တုန်ဟူလူမျိုးများကို အကြီးမားဆုံး ထိခိုက်အောင် လုပ်နိုင်မည်ဖြစ်သည်။ သူတို့က မျိုးနွယ်စုများကို ပြောင်းရွှေ့နိုင်သော်လည်း နန်းတော်ကတော့ အလွယ်တကူ ပြောင်းရွှေ့လေ့ မရှိပေ။

" စစ်သေနာပတိချုပ် နောက်ကို သေတဲ့အထိ လိုက်ပါမယ်။ " ကျန်းဟန်က ဦးညွှတ်ပြီး ပြောလိုက်သည်။

ထိုအချိန်တွင် ကျန်းမင်က ကိုယ်ရံတော်အချို့နှင့် မြင်းစီးပြီး ရောက်လာသည်။

" စစ်သေနာပတိချုပ် ရှေ့ငါးမိုင်အကွာမှာ လူဦးရေတစ်သောင်းနှစ်သောင်းလောက်ရှိတဲ့ မျိုးနွယ်စုတစ်ခု တွေ့ပါတယ်။ " ကျန်းမင်က ရိုသေစွာ ပြောလိုက်သည်။

" ငါတို့ နားပြီးပြီ။ ရန်သူတွေ ဆက်သတ်ကြမယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ထရပ်ပြီး မြင်းပေါ်သို့ တက်လိုက်သည်။

" စစ်သေနာပတိချုပ်နောက်ကို သေတဲ့အထိ လိုက်ပါမယ်။ " ချင်စစ်သည်အားလုံးက မြင်းပေါ်သို့ တက်လိုက်ကြသည်။

ထိုအချိန်တွင် တိုင်းတစ်ပါးမျိုးနွယ်စုမှ လူများက ရိက္ခါများ ပြောင်းရွှေ့နေကြဆဲ ဖြစ်သည်။

" ခေါင်းဆောင် ကျွန်တော်တို့ မျိုးနွယ်စုက ရိက္ခါတွေ အကုန်လုံးနီးပါး ပေးလိုက်ပြီ။ ဒီဆောင်းရာသီကို ဘယ်လိုဖြတ်ကျော်ကြမလဲ။ "

" ဟုတ်တယ်။ ဒီဆောင်းတွင်းမှာ ကျွန်တော်တို့ ငတ်သွားနိုင်တယ်။ "

တုန်ဟူလူမျိုးများက စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

" ဒါက ငါတို့ မျိုးနွယ်အတွက် ကပ်ဘေးတစ်ခုပဲ။ အဲ့ဒီချင်လူယုတ်မာတွေက ငါတို့စစ်သည်သိန်းချီကို သတ်ပစ်ခဲ့တယ်။ ဒီတစ်ခါ အရှင်မင်းကြီးက ချင်နိုင်ငံကို တိုက်ခိုက်ဖို့ ရိက္ခါတွေ စုဆောင်းခိုင်းတာပဲ။ ချင်ကိုသာ ဖျက်ဆီးပြီးရင် မျိုးနွယ်စုဝင်တိုင်းက အခုပေးလိုက်တာထက် ဆယ်ဆပိုရလိမ့်မယ်။ ချင်ကျွန်ငါးယောက်စီလည်း ရလိမ့်မယ်။ " ခေါင်းဆောင်က ပြတ်သားစွာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ရိက္ခါမပေးချင်သော တုန်ဟူလူမျိုးများက စိတ်လှုပ်ရှားသွားကြသည်။ တုန်ဟူက ချင်နိုင်ငံကို ဖျက်ဆီးပြီး ရိက္ခါနှင့် ချင်ကျွန်များ ရယူနေသည့်မြင်ကွင်းကို မြင်ယောင်နေပုံရသည်။

ထိုအချိန်တွင် ရုတ်တရက် မြင်းခွာသံများ ထွက်ပေါ်လာသည်။

" အဲ့ဒါဘာသံလဲ။ " လူတစ်ယောက်က အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

" ငါတို့ မြင်းတပ်တွေ လှုပ်ရှားနေတာ နေမှာပေါ့။ " ခေါင်းဆောင်က ပြောလိုက်သည်။

ကျောက်ဖုန်းက အစီအစဉ်မရှိဘဲ ရောက်သည့်နေရာတိုင်းတွင် သတ်ဖြတ်နေခြင်း ဖြစ်သည်။ ငါးရက်အတွင်းမှာပင် တုန်ဟူလူမျိုးများက သတင်းအပြည့်အစုံ မပို့နိုင်သေးပေ။

မြင်းခွာသံများ ပိုမိုကျယ်လောင်လာပြီး တုန်ဟူလူမျိုးများက လှည့်ကြည့်လိုက်ကြပြီး အချို့က တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိသွားကြသည်။

" မဟုန်ဘူး။ အဲ့ဒါ ငါတို့စစ်သည်တွေမဟုတ်ဘူး။ "

" အနက်ရောင်အလံ အဲ့ဒါ ချင်စစ်တပ်ပဲ။ "

" မြန်မြန် စခန်းတံခါးကို ပိတ်လိုက်။ ချင်စစ်တပ်က တိုက်ခိုက်နေပြီ။ "

တုန်ဟူလူမျိုးများက ထိတ်လန့်တကြား အော်ဟစ်ပြီး စခန်းတံခါးများကို ပိတ်လိုက်ကြသည်။ တုန်ဟူစစ်သည်များက လေးများကို ကိုင်ပြီး ကင်းစခန်းများဆီသို့ လျှောက်သွားကြသည်။ အမျိုးသမီးများက အထဲသို့ ပြေးဝင်ပြီး မြားများ သယ်ဆောင်ပေးလိုက်ကြသည်။ ၎င်းကို ကြည့်လျှင် တုန်ဟူလူမျိုးတစ်ခုလုံးက စစ်သည်များ ဖြစ်ကြသည်ကို သိနိုင်လေသည်။ ဘယ်သူကိုသတ်သတ် အပြစ်ရှိသည်ဟု ခံစားရမည်မဟုတ်ပေ။

" ငါတို့ တုန်ဟူနယ်မြေထဲကို ချင်စစ်တပ်က ဘယ်လိုလုပ် ရောက်လာတာလဲ။ "

" နယ်စပ်မျိုးနွယ်စုတွေကို ထိုးဖောက်ပြီး ဝင်ရောက်လာတာလား။ "

" မြန်မြန် ချင်စစ်တပ်က အင်အားများတယ်။ နန်းတော်ဆီက စစ်ကူတောင်းလိုက်။ "

" ချင်စစ်တပ်က အကွာအဝေးတစ်ခု ရောက်လာတာနဲ့ မြားတွေကို ပစ်ကြ။ " ခေါင်းဆောင်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

ကင်းစခန်းများပေါ်တွင် တုန်ဟူစစ်သည်များက သူတို့လေးများကို ကိုင်ပြီး အချို့က လှံများကို ကိုင်ကာ စိုးရိမ်တကြီး ကြည့်နေကြသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters