အခန်း (၃၈၇-၃၈၈)
Vol. 39 Ch. 387-388
အခန်း (၃၈၇)
" စစ်သည်အားလုံး ငါ့အမိန့်ကို နာခံကြ။ ချင်စစ်တပ်ကို ဝိုင်းပြီး အပိုင်းပိုင်း ခုတ်သတ်ပစ်ကြ။ " တုန်ဟူဘုရင်က အော်ပြောလိုက်သည်။
" သတ်ကြ။ ချင်လူမျိုးတွေအကုန် သတ်ပစ်ကြ။ " တူန်ဟူစစ်တပ်က အော်ဟစ်လိုက်ပြီး မြင်းတပ်အနည်းငယ်နှင့် အများစုက ခြေလျင်တပ်များ ဖြစ်ကြသည်။
ဤတစ်ကြိမ်တွင် တုန်ဟူဘုရင်က မျိုးနယ်တစ်ခုလုံးကို စုစည်းခဲ့သည်။ တုန်ဟူစစ်သည် လေးငါးသိန်းရှိနေသည်။ ချင်မြင်းတပ်နှင့် ရှေ့ပြေးတပ်တို့ တွေ့ဆုံသော နေရာသို့ ရောက်သောအခါ တုန်ဟူစစ်သည်ထောင်ချီ၏ အလောင်းများက သွေးအိုင်ထဲတွင် ပြန့်ကျဲနေပြီး စစ်မြင်းများက မြားဒဏ်ရာကြောင့် သေဆုံးနေကြသည်။ သို့သော် အသက်ရှင်နေသော စစ်မြင်းများက မရှိတော့ပေ။
" ခွေးမသား ချင်လူမျိုးတွေ။ " တုန်ဟူဘုရင်၏ မျက်လုံးများက နီရဲနေသည်။ သူက ဤမြင်ကွင်းမျိုးကို အကြိမ်ကြိမ် မြင်ဖူးနေသည်။
မျိုးနွယ်စုများတွင် တုန်ဟူစစ်သည်အားလုံး သတ်ခံရပြီး ရိက္ခါအားလုံး မီးရှို့ခံခဲ့ရသည်။ ချင်စစ်တပ်က သူတို့၏ မျိုးနွယ်ဝင်သိန်းချီ သတ်ဖြတ်ခံလိုက်ရသည်။ ထိုအရှက်ကွဲမှု၊ မုန်းတီးမှုများနှင့် အငြိုးအတေးများအတွက် တုန်ဟူဘုရင်က လက်စားချေရန် ကျိန်ဆိုထားသည်။
" အရှင်မင်းကြီး ချင်စစ်တပ်က အရှေ့ဘက်ကို ထွက်ပြေးသွားတယ်။ " တုန်ဟူစစ်သည်တစ်ယောက်က သတင်းပို့လိုက်သည်။
" အင်း " တုန်ဟူဘုရင်၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ " လိုက်ကြ။ သူတို့ကို အမီလိုက်မယ်။ "
" အရှင်မင်းကြီး ချင်စစ်တပ်က အခြားဘက်ကို ထွက်ပြေးသွားတာ ဖြစ်နိုင်မလား။ " တရှုံက မေးလိုက်သည်။
" ဒီအချိန်မှာ ငါတို့ မျိုးနွယ်စုရဲ့ အဓိကနယ်မြေဖြစ်တဲ့ အနောက်ဘက်ကို ထွက်ပြေးရဲပါ့မလား။ အခု ဆောင်းရာသီဆိုတော့ မြောက်ဘက်ကို ထွက်ပြေးရင်လည်း သေဖို့ပဲရှိတယ်။ သူတို့က အရှေ့ဘက်ကနေ တုအန်ကို ဖြတ်ပြီး တောင်ဘက်ကနေ ချင်နိုင်ငံကို သွားလိမ့်မယ်။ ဒါက သူတို့ ထွက်ပြေးဖို့ အခွင့်အရေးပဲ။ " တုန်ဟူဘုရင်က အေးစက်စွာ ပြောလိုက်သည်။
" ဒါပေမယ့် " တရှုံက ထိုကိစ္စမှာ မရိုးရှင်းဘူးဟု ခံစားနေရသည်။
သုံးလအတွင်း သူတို့က လူအင်အား အသာစီးရထားသော်လည်း ချင်စစ်တပ်က သူတို့ကို အမြဲတမ်း လှည့်စားသွားခဲ့သည်။ ဝိုင်းတိုက်ရန် ကြိုးစားသော်လည်း ချင်စစ်တပ်က အမြဲတမ်း လွတ်မြောက်သွားခဲ့သည်။ ထို့ကြောင့် ဤတစ်ကြိမ် ထွက်ပြေးခြင်းကလည်း မရိုးရှင်းဘူးဟု တရှုံက ခံစားနေရသည်။
" တော်ပြီ။ စစ်တပ်ကို ဦးဆောင်ပြီး လိုက်ကြ။ ဒီတစ်ခါ မင်းကို လက်စားချေဖို့ အခွင့်အရေး ပေးလိုက်မယ်။ " တုန်ဟူဘုရင်က အချိန်မဖြုန်းတော့ဘဲ အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " တရှုံက ခေါင်းညိမ့်ကာ တပ်ဖွဲ့များကို ဦးဆောင်ပြီး ထွက်ခွာသွားသည်။
" တလင်းနဲ့ ဝူတုံတို့ကို ချက်ချင်း ပတ်ဝိုင်းဖို့ အမိန့်ပေးလိုက်။ " တုန်ဟူဘုရင်က အမိန့်ပေးလိုက်သည်။
" ဟုတ်ကဲ့။ " သူ၏ ဘေးမှ စစ်သူကြီးများက ချက်ချင်း ပြန်ဖြေလိုက်သည်။
တုန်ဟူစစ်သည်လေးသိန်းကျော်က အရှေ့ဘက်သို့ ထွက်ပြေးနေသော ချင်စစ်တပ်ကို ဝိုင်းပတ်ရန် တပ်ဖွဲ့များကို ဖြန့်ကျက်သွားကြသည်။
" ညီအကိုတို့ ရှေ့ဆက်သွားကြ။ ပသ်မှတ်က တုအန်းပဲ။ တုန်ဟူလူမျိုးတွေကို ငါးစာကို ဟပ်လာပြီ။ ငါတို့မနားဘဲ ဆက်သွားရမယ်။ မြင်းတွေ မောလာရင် ချက်ချင်း လဲစီးကြ။ " ကျန်းဟန်က အော်ဟစ်လိုက်သည်။
" အမိန့်အတိုင်းပါ။ ဒီနေ့ ဒီအမှိုက်တွေနဲ့ ကစားကြတာပေါ့။ "
" သူတို့ကို မျှားခေါ်ထားနိုင်ရင် စစ်သေနာပတိချုပ်က တုန်ဟူနန်းတော်ကို ချေမှုန်းနိုင်လိမ့်မယ်။ "
" ဟားဟား မှန်တယ်။ သူတို့နန်းတော်ကို ဖျက်ဆီးပြီးတာနဲ့ တုန်ဟူတွေတော့ သွားပြီပဲ။ "
" ညီအကိုတို့ သွားရင်းနဲ့ စားကြ။ အဲ့ဒီအမှိုက်တွေ မီလာရင်တောင် အနည်းဆုံးတော့ ဗိုက်ဝနေတဲ့ သရဲဖြစ်ရမှာပဲ။ "
" ဟားဟား ဝိုင်မရှိတာ နှမြောစရာပဲ။ လူနှစ်ထောင်နဲ့ တုန်ဟူစစ်သည်သိန်းချီကို ခေါ်လာနိုင်တာ တကယ် ဂုဏ်ယူစရာပဲ။ " စစ်သည်များက မြင်းစီးရင်း ရယ်မောနေကြသည်။
အချိန်များ ကုန်လွန်လာခဲ့ပြီး သုံးရက်ကြာသွားခဲ့သည်။ ညဦးပိုင်းတွင် တုန်ဟူနန်းတော်၌ ကျောက်ဖုန်းက တပ်ဖွဲ့ကို ဦးဆောင်လာခဲ့သည်။ ချင်မြင်းစီးစစ်သည်တစ်သောင်းနီးပါကလည်း နန်းတော်ပတ်ပတ်လည်တွင် ဖြန့်ကျက်ထားသည်။
" တုန်ဟူနန်းတော် တကယ်ခမ်းနားတာပဲ။ ဒီမျိုးနွယ်စုတစ်ခုတည်းနဲ့ လူဦးရေနှစ်သိန်းထက်မနည်းလောက်ဘူး။ ရှန်းကျိုးနယ်မြေက မြို့တော်တွေနဲ့ယှဉ်ရင် မများပေမယ့် တုန်ဟူနယ်မြေမှာတော့ ဒီလောက်များတည တကယ်ရှားတယ်။ "
တုန်ဟူနန်းတော်က တဲတိုင်းတွင် မီးများထွန်းထားကြပြီး မီးရောင်များ လင်းလက်နေသည်။
" စစ်သေနာပတိချုပ် အခု ထောက်လှမ်းကြည့်တာကတော့ ဒီတုန်ဟူနန်းတော်မှာ ကင်းထောက်မျှော်စင်တွေ အများကြီးရှိတယ်။ စုစုပေါင်း ရာချီရှိပြီး တစ်ခုစီမှာ စစ်သည်သုံးယောက်စီ စောင့်နေကြတယ်။ သူတို့ကို အထူးသတိထားနေတဲ့ပုံပဲ။ ဒီမှာ တပ်စွဲထားတာ အနည်းဆုံး နှစ်သောင်းကျော်လောက် ရှိလမ့်မယ်။ " ကျန်းမင်က ပြောလိုက်သည်။
" သူတို့က အကြိမ်ကြိမ် ခံထားရပြီပဲ။ ဒါပေမယ့် နန်းတော်တစ်ခုကို စစ်သည်နှစ်သောင်းကျော်လောက်နဲ့ စောင့်တာက မလုံလောက်ဘူး။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။
" စစ်သေနာပတိချုပ် ကျွန်တော်တို့ ဘယ်အချိန် လှုပ်ရှားမလဲ။ " ဝေချွမ်က မေးလိုက်သည်။ ညအမှောင်အောက်တွင် ပုန်းကွယ်နေသော ချင်စစ်သည်များက စိတ်လှုပ်ရှားစွာ စောင့်နေကြသည်။
" ကျန်းမင်၊ ဝေချွမ် " ကျောက်ဖုန်းက ခေါ်လိုက်သည်။
" ရှိပါတယ်။ " နှစ်ယောက်လုံးက ပြန်ဖြေလိုက်သည်။
" အရင်လုပ်နေကျအတိုင်းပဲ။ နန်းတော်နဲ့ ကျန့်တစ်ရာအကွာရောက်ရင် ရုတ်တရက် တိုက်ခိုက်မယ်။ တိုက်ပွဲရလဒ်ကို တစ်ချက်တည်းနဲ့ ဆုံးဖြတ်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ချင်စစ်သည်များက တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ပြောလိုက်ကြသည်။
" တက်ကြ။ "ကျောက်ဖုန်း၏ အမိန့်နှင့်အတူ ချင်မြင်းတပ်က တုန်ဟူနန်းတော်ဆီသို့ ချီတက်သွားသည်။
သုံးလကြာ တိုက်ခိုက်ပြီးနောက် ချင်နိုင်ငံမှ ယူလာသော မြားများ ကုန်သွားသည်မှာ ကြာပြီဖြစ်သည်။ ယခုသုံးနေသော မြားများက တုန်ဟူလူမျိုးများဆီမှ ရထားခြင်းဖြစ်သည်။
ကျောက်ဖုန်းတို့တပ်ဖွဲ့က ကျန့်တစ်ရာအကွာသို့ ရောက်သောအခါ တုန်ဟူမျိုးနွယ်၏ စခန်းဝတွင် မျှော်စင်များပေါ်မှ တုန်ဟူစစ်သည်များက မြင်းခွာသံမျကို သတိထားမိသွားကြသည်။
" မကောင်းတော့ဘူး။ ချင်စစ်တပ်ပဲ။ "
" ချင်စစ်တပ်က နန်းတော်ကို တိုက်ခိုက်နေပြီ။ "
" မြန်မြန်ခုခံကြ။ "
တုန်ဟူစစ်သည်များက ထိတ်လန့်သွားပြီး အော်ဟစ်လိုက်ကြသည်။ ယခင်က ငြိမ်သက်နေသော နန်းတော်က ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ တုန်ဟူနန်းတော်မှ စစ်သည်များက လျင်မြန်စွာ စုရုံးလာကြသည်။ မျှော်စင်ပေါ်မှ တုန်ဟူစစ်သည်များက သူတို့၏ လေးကြိုးများကို ဆွဲလိုက်ကြသည်။
" သတ်ကြ။ " ကျောက်ဖုန်းက ဟိန်းဟောက်လိုက်ပြီး သူ၏ မြားများက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ညအမှောင်ထုကို ထိုးဖောက်သွားသည်။
ဝုန်း ဝုန်း ဝုန်း...
မြားကျရောက်သွားသော နေရာတိုင်းက ပေါက်ကွဲသွားပြီး တုန်ဟူစစ်သည်များကို တိုက်ရိုက်သတ်ဖြတ်သွားသည်။ စခန်းတံခါးက ပျက်စီးသွားပြီး မျှော်စင်များက ပြိုကျသွားသည်။
" သတ်ကြ။ " စစ်သည်တစ်သောင်းနီးပါးက တစ်ညီတစ်ညွှတ်တည်း အော်ဟစ်လိုက်ကြသည်။ တစ်ချိန်တည်းတွင် မြားမိုးများ ရွာကျလာသည်။
ချင်မြင်းတပ်က နန်းတော်ဆီသို့ ရူးသွပ်စွာဖြင့် ချီတက်သွားကြသည်။ သူတို့က မြားများကိုလည်း အဆက်မပြတ် ပစ်ခတ်နေကြပြီး တုန်ဟူစစ်သည်များက မြားထိမှန်ပြီး သေဆုံးသွားကြသည်။
ထိုအချိန်တွင် တုန်ဟူမျိုးနွယ်စုရှိ အရပ်သားများက ထိတ်လန့်တကြား ထွက်ပြေးသွားသောကြောင့် မီးခွက်များကို တိုက်မိပြီး ဆီများဖိတ်ကာ တဲများကို မီးများကူးစက်သွားသည်။ မီးတောက်များက လျင်မြန်စွာ ပျံ့နှံ့သွားသည်။
သို့သော် ကျောက်ဖုန်းက ၎င်းတို့ကို ဂရုမစိုက်ပေ။ သူက တုန်ဟူနန်းတော်ကို ဖျက်ဆီးရန်သာ ဂရုစိုက်သည်။
မြားမိုးများက ဆက်တိုက်ကျဆင်းနေသည်။ ညဘက်တွင် မြားများကို မမြင်ရသော်လည်း လေထုကို ထိုးဖောက်သွားသော မြားသံများကို ကြားနေရသည်။ တုန်ဟူလူမျိုးများအတွက်တော့ ၎င်းက သေမင်းခေါ်သံပင်ဖြစ်သည်။
" လေးသမားတွေ ပစ်ကြ။ " မျိုးနွယ်စုခေါင်းဆောင်များက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
" အဲ့ဒီချင်လူမျိုးတွေကို သတ်ကြ။ "
တုန်ဟူစစ်သည်များက မပြိုကျသေးသော မျှော်စင်များပေါ်မှ အပြင်ဘက်မှ ချင်စစ်တပ်ဆီသို့ မြားများ ပစ်ခတ်လိုက်ကြသည်။ သူတို့က ချင်စစ်တပ်၏ အရိပ်အယောင်များကိုသာ မြင်နေရပြီး ကွဲကွဲပြားပြားမမြင်ရပေ။
နှစ်ဖက်လုံးက မြားများကို အပြန်အလှန်ပစ်ခတ်နေကြသည်။ နန်းတော်မှ တုန်ဟူစစ်သည်များက အထိနာနေပြီး ချင်မြင်းတပ်က ဖြန့်ကျက်ကာ လျင်မြန်စွာ နီးကပ်လာကြသည်။ တုန်ဟူစစ်သည်များ၏ မြားများအောက်တွင် သူတို့က ထိခိုက်မှုရှိသော်လည်း ရပ်တန့်ခြင်းမရှိကြပေ။
ကျောက်ဖုန်းက စခန်းတံခါးသို့ ရောက်သောအခါ ချက်ချင်း ဟိန်းဟောက်လိုက်ကြသည်။ " စစ်သည်အားလုံး သတ်ကြ။ တိုင်းတစ်ပါးလူမျိုးတွေ တစ်ယောက်မှ အသက်ရှင်မကျန်စေနဲ့။ "
သူက အာဏာရှင်လှံကို ဝှေ့ရမ်းလိုက်ပြီး လှံအလင်းတန်းတစ်ခုက ညအမှောင်ကို ဖြတ်သန်းသွားသည်။ ရှေ့သို့ ပြေးလာသော တုန်ဟူစစ်သည်များက တုန့်ပြန်ချိန်မရဘဲ လှံအလင်းတန်းကြောင့် သေဆုံးသွားကြသည်။
" တုန်ဟူတပ်မှူးတစ်ယောက်ကို သတ်ဖြတ်ပြီး ခွန်အား ၁မှတ် ရရှိပါတယ်။ "
" တုန်ဟူစစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး အမြန်နှုန်း ၁ မှတ် ရရှိပါတယ်။ "
" သတ်ကြ။ " ကျောက်ဖုန်းက အာဏာရှင်လှံကို လက်နှစ်ဖက်နှင့် ဆုက်ကိုင်ပြီး ရှေ့သို့ ခုတ်ပိုင်းလိုက်သည်။ လှံချက်တစ်ချက်စီတိုင်းတွင် ပြင်းထန်သော ချီစွမ်းအားများ ပါဝင်နေသည်။ စခန်းပတ်ပတ်လည်မှ တံတိုင်းများက အပိုင်းပိုင်း ပျက်စီးသွားကြသည်။
" စစ်သေနာပတိချုပ်နောက်ကို လိုက်ပြီး သတ်ကြ။ " စစ်သည်တစ်သောင်းကျော်က အော်ဟစ်ပြီး ကျောက်ဖုန်းနောက်မှ လိုက်ပြီး နန်းတော်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။
တုန်ဟူစစ်သည်များကို တွေ့သည်နှင့် သူတို့က ရူးသွပ်စွာဖြင့် တိုက်ခိုက်ကြတော့သည်။ ဤသို့သော တိုက်ပွဲတွင် ရန်သူမိတ်ဆွေ ရှင်းရှင်းလင်းလင်း သိနိုင်လေသည်။ တုန်ဟူလူမျိုးများက မြင်းတပ်မရှိဘဲ ချင်စစ်တပ်က အကုန်လုံး မြင်းစီးစစ်သည်များ ဖြစ်ကြသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၃၈၈)
" တုန်ဟူလူမျိုးတွေကို သတ်ကြ။ ရိက္ခါတွေကို မီးရှို့ကြ။ ဒီတိုက်ပွဲပြီးရင် တုန်ဟူနန်းတော်က လုံးဝ ပျောက်ကွယ်သွားစေရမယ်။ "
ချင်စစ်သည်များအားလုံးက တိုက်ခိုက်ရင်း မီးရှို့နေကြသည်။ ၎င်းက ကျောက်ဖုန်း၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။ တုန်ဟူနန်းတော်ကို ဖျက်ဆီးရန် ဖြစ်သည်။
ကျောက်ဖုန်းက သူ၏ စစ်သည်များကို ဦးဆောင်ပြီး ဆက်လက်သတ်ဖြတ်နေခဲ့သည်။ နန်းတော်ထဲမှ ကျန်ရှိသေယ တုန်ဟူစစ်သည်နှစ်ထောင်ကျော်က ကျောက်ဖုန်း၏ စစ်တပ်ကို မယှဉ်နိုင်ပေ။
မိုးလင်းသောအခါ တုန်ဟူနန်းတော်တစ်ခုလုံးက မီးတောက်များနှင့် ပြည့်နှက်သွားပြီး နေရာတိုင်းက မီးများ တောက်လောင်နေကြသည်။ မီးလောင်နေသော နန်းတော်ထဲတွင် အလောင်းများစွာ ရှိနေသည်။ တုန်ဟူလူမျိုးအချို့က ထွက်ပြေးသွားခဲ့ကြသည်။ သို့သော် နန်းတော်ထဲတွင် တုန်ဟူလူမျိုး အများအပြားရှိနေပြီး နေရာအနှံ့ ထွက်ပြေးနေကြသည်။
ကျောက်ဖုန်းက စစ်သည်များကို ဦးဆောင်ပြီး လိုက်လံသတ်ဖြတ်နေသည်။ ညမှ တိုက်ပွဲတွင် ချင်စစ်တပ်က တုန်ဟူလူမျိုးသောင်းချီကို သတ်ဖြတ်ခဲ့သည်။ နန်းတော်ထဲတွင် တုန်ဟူလူမျိုးများ၏ နာကျင်စွာ အော်ဟစ်သံများ ပြည့်နှက်နေသည်။ ချင်စစ်တပ်က သတ်ဖြတ်ခြင်းများကို ဆက်လက်လုပ်ဆောင်နေသည်။
" တုန်ဟူနန်းတော်။ " ကျောက်ဖုန်းက နန်းတော်၏ ပင်မနေရာသို့ ရောက်ရှိလာခဲ့သည်။ ယခင်က အစောင့်များစွာ ရှိသော်လည်း ယခုတော့ အလောင်းများ ဖြစ်သွားခဲ့သည်။
" တုန်ဟူဘဏ္ဍာတိုက်က ဒီစခန်းအောက်မှာပဲ။ " ကျောက်ဖုန်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး တုန်ဟူဘဏ္ဍာတိုက်ကို ရှာဖွေလိုက်သည်။ သူက တုန်ဟူဘဏ္ဍာတို့၏ ဝင်ပေါက်ကို ရှာတွေ့သွားခဲ့သည်။
သူက တုန်ဟူနိုင်ငံကို ကြီးမားသော ဆုံးရှုံးမှုဖြစ်အောင် လုပ်ရန် ရည်ရွယ်ထားသည်။ ရှန်းကျိုးနယ်မြေမှ နိုင်ငံတိုင်းတွင် ဘဏ္ဍာတိုက်များရှိပြီး တုန်ဟူတွင်လည်း အတူတူပင်ဖြစ်သည်။
" ဒီနေရာကို စောင့်ကြပ်ထား။ ငါ့အမိန့်မရှိဘဲ ဘယ်သူမှ အနားမကပ်စေနဲ့။ ပြီးတော့ စစ်သည်တွေကို ညအထိ တိုက်ခိုင်းထားလိုက်။ ညမှောင်တာနဲ့ ဒီနေရာက ဆုတ်ခွာကြမယ်။ " ကျောက်ဖုန်းက နောက်လှည့်ပြီး ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ကျန်းမင်က ချက်ချင်း ပြန်ပြောလိုက်သည်။
ကျောက်ဖုန်းက နန်းတော်၏ ပင်မစခန်းထဲသို့ ဝင်ရောက်သွားပြီးနောက် ကျားသားရေခင်းထားသော တုန်ဟူဘုရင်၏ ပလ္လင်ကို တွေ့လိုက်ရသည်။
" ကျားသားရေပေါ်ကို ထိုင်တာလား။ မင်းက ဒါနဲ့ မထိုက်တန်ဘူး။ " ကျောက်ဖုန်းက လှောင်ပြုံးပြုံးလိုက်ပြီး လက်ဝါးနှင့် ရိုက်လိုက်သည်။ ချီစွမ်းအားများ ထွက်ပေါ်လာပြီး ကျားသားရေကို အပိုင်းပိုင်း ဖျက်ဆီးသွားသည်။
ကျောက်ဖုန်းက ပလ္လင်အောက်တွင် ဝင်ပေါက်တစ်ခု တွေ့လိုက်ရသည်။ ၎င်းက ဘဏ္ဍာတိုက်၏ ဝင်ပေါက်ပင်ဖြစ်သည်။ ကျောက်ဖုန်းက ဝင်ပေါက်ထဲသို့ ဝင်ရောက်သွားသောအခါ ကြေးနီတံခါးတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းက အမှန်တကယ် မာကျော်ပုံရပြီး လူတစ်ယောက်၏ ခွန်အားနှင့် ဖွင့်နိုင်မည့်ပုံမပေါ်ပေ။
သို့သော် ကျောက်ဖုန်းက လုံချွမ်ဓားဖြင့် ခုတ်ပိုင်းလိုက်ပြီး ဓားချီကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။
ဝုန်း...
ဓားချီက ကြေးနီတံခါးကို အလွယ်တကူ ပိုင်းဖြတ်သွားပြီး တံခါးက ချက်ချင်း ပြိုကျသွားသည်။
" တုန်ဟူဘုရင် မင်းမှာ ဘာကောင်းတာတွေရှိလဲ ကြည့်ကြတာပေါ့။ "ကျောက်ဖုန်းက ပြုံး၍ ကြည့်လိုက်သည်။ သူက ဘဏ္ဍာတိုက်များ လုယက်ရသည်ကို သဘောကျသည်။ ဟန်နိုင်ငံကို ဖျက်ဆီးချိန်ကတည်းက သူက ထိုအရသာကို မြည်းစမ်းဖူးခဲ့ပြီး နောက်ပိုင်း နိုင်ငံများကို သိမ်းပိုက်ပြီးချိန်တွင် ကျောက်ဖုန်းက ၎င်းကို အရင်ဆုံး ပြုလုပ်ခဲ့သည်။
ကျောက်ဖုန်းက အတွင်းသို့ ဝင်လိုက်သည်နှင့် နံရံဘေးနှစ်ဖက်များ မီးများ လင်းလက်လာသည်။ သူက ဖြည်းညင်းစွာ လျှောက်ဝင်လာပြီး နတ်ဘုရာအာရုံကို ဖြန့်ကျက်ကာ ရတနာများကို ရှာဖွေလိုက်သည်။ နေရာကျယ်တစ်ခုတွင် ရွှေများ၊ သံထည်ပစ္စည်းများ၊ လက်နက်များနှင့် လေးမြားများရှိနေသည်။ ထိုနေရာတွင် သိမ်းဆည်းထားသော လက်နက်များက စစ်သည်တစ်သောင်းကို တပ်ဆင်ပေးရန် လုံလောက်သည်။
" အဲ့ဒီတုန်ဟူဘုရင်က တကယ် သတိထားလွန်းတယ်။ သူလက်အောက်င်သားတွေက သံချပ်ကာမရှိကြပေမယ့် ဒီမှာတော့ သံချပ်ကာ တစ်သောင်းကျော် သိမ်းထားတယ်။ သူက သူ့အသက်ကို ကယ်ဖို့ ကြိုတင်ပြင်ဆင်ထားတာထင်တယ်။ " ကျောက်ဖုန်းက လှောင်ပြောင်လိုက်သည်။ ထို့နောက် သူက နတ်ဘုရားအာရုံဖြင့် လက်နက်များအားလုံးကို လွှမ်းခြုံပြီး အားလုံးကို သိုလှောင်နေရာသို့ ထည့်လိုက်သည်။
" ဒီဘက်မှာလည်း ရှိသေးတယ်။ " ကျောက်ဖုန်းက ကျောက်ဖုန်းက အခြားအခန်းတစ်ခုထဲသို့ ဝင်လိုက်သည်။
" ဂျင်ဆင်းတွေ အများကြီးပဲ။ အားလုံးပေါင်း ငါးရာခြောက်ရာလောက်ရှိတယ်။ ပြီးတော့ ဟီရှိုးဝူ၊ နှင်းကြာပန်းတွေနဲ့ ဆေးဖက်ဝင်အပင်တွေ အများကြီးရှိတယ်။ ဒီတုန်ဟူတွေက တကယ်ချမ်းသာတာပဲ။ သူတို့ဆေးဖက်ဝင်အပင်တွေ စုဆောင်းတာက ချင်နိုင်ငံနဲ့တောင် ယှဉ်လို့ရတယ်။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားသွားပြီး ဆေးပင်များအားလုံးကို သိုလှောင်နေရာသို့ အကုန်သိမ်းလိုက်သည်။
ထို့နောက် ကျောက်ဖုန်းက မြင်သမျှ အကုန်လိုက်သိမ်းနေခဲ့သည်။ မကြာမီ တုန်ဟူလူမျိုးများ နှစ်ပေါင်းများစွာ စုဆောင်းထားသော အရင်းအမြစ်များအားလုံးကို ကျောက်ဖုန်းက သိမ်းပိုက်သွားခဲ့သည်။
" တုန်ဟူဘုရင်ပြန်လာရင်တော့ ဒီမြင်ကွင်းကို ကြည့်ပြီး တော်တော်ပျော်သွားလိမ့်မယ်။ " ကျောက်ဖုန်းက ဗလာဖြစ်နေသော ဘဏ္ဍာတိုက်ကို ကြည့်ပြီး ရယ်မောလိုက်သည်။
တုန်ဟူနန်းတော်က ပျက်စီးသွားပြီး အရာအားလုံးက ကျောက်ဖုန်း၏ အစီအစဉ်အတိုင်း ဖြစ်နေခဲ့သည်။ ဤတိုက်ပွဲက ကျောက်ဖုန်းလိုချင်သော အောင်ပွဲကို ရရှိခဲ့ပြီဖြစ်သည်။
တုန်ဟူနယ်မြေ၏ အရှေ့ဘက်တွင် တုန်ဟူမြင်းတပ်များက ရှေ့သို့ အရှိန်အဟုန်ဖြင့် ချီတက်နေကြသည်။
" ငါတို့လိုက်နေတာ ခြောက်ရက်တောင် ရှိပြီ။ ဒီချင်တပ်က ငါတို့နဲ့ ဘယ်လောက်တောင် ဝေးတာလဲ။ ချင်စသ်တပ်ရဲ့ အရိပ်အယောင်တောင် မတွေ့ရဘူး။ " တုန်ဟူဘုရင်က အေးစက်စွာ ပြောလိုက်သည်။
သူက တုန်ဟူလူမျိုးများကို ဦးဆောင်ပြီး မြက်ခင်းလွင်ပြင်ကို စိုးမိုးခဲ့ကတည်းက စစ်တိုက်ထွက်ခြင်း ရှားပါးသည်။ ယခု ခြောက်ရက်ကြာအောင် မြင်းစီးလာပြီးနောက် တုန်ဟူဘုရင်က ပင်ပန်းနေပြီဖြစ်သည်။
" အရှင်မင်းကြီး ချင်စစ်တပ်က နေ့ရောညပါ ထွင်ပြေးနေတာ။ ကျွန်တော်တို့ အမီမလိုက်နိုင်ဘူး။ လမ်းတစ်လျှောက်သေနေတဲ့ စစ်မြင်းတွေကို ကြည့်ရင် ချင်စစ်တပ်က သွားရင်းနဲ့ မြင်းတွေလဲနေပုံရတယ်။ " တရှုံက စိတ်ပျက်စွာ ပြောလိုက်သည်။
" တုအန်က ဘယ်လောက်ဝေးသေးလဲ။ " တုန်ဟူဘုရင်က တင်းမာစွာ မေးလိုက်သည်။
" အရှင်မင်းကြီး နေ့တစ်ဝက်စာလောက်ပဲ လိုတော့တယ်။ ချင်စစ်တပ်က တုအန်နယ်စပ်ကို ရောက်နေလောက်ပြီ။ " တရှုံက သက်ပြင်းချလိုက်သည်။
" ချင်စစ်တပ်က တုန်အန်ကနေ ချင်နိုင်ငံကို ပြန်သွားရင် ငါတို့ လိုက်လာတာ အလကားဖြစ်မသွားဘူးလား။ " တုန်ဟူဘုရင်က မျက်မှောင်ကြုတ်လိုက်သည်။
" ဒါက..." တရှုံနှင့် စစ်သူကြီးများက ဘာပြောရမှန်းမသိကြပေ။
အမှန်တကယ်လည်း ထိုကဲ့သို့ ဖြစ်သည်။ ချင်စစ်တပ်က တုန်အန်ထဲကို ထွက်ပြေးသွားလျှင် သူတို့ မလိုက်ရဲကြတော့ဘဲ နောက်ဆုံးတွင် ချင်စစ်တပ်က ရှန်းကျိုးနယ်မြေကို ပြန်သွားကြပေလိမ့်မည်။ သူ၏ တပ်ဖွဲ့လေးငါးသိန်းက ဟာသတစ်ခု ဖြစ်သွားပေလိမ့်မည်။
" သတင်းပို့ပါတယ်။ နန်းတော်ကနေ အရေးပေါ်သတင်းရောက်လာပါတယ်။ ချင်စစ်တပ်က နန်းတော်ကို အလစ်ဝင်တိုက်နေပါတယ်။ "
" အရှင်မင်းကြီး တုန်ဟူနန်းတော်ကို ချင်စစ်တပ်က တိုက်ခိုက်နေပါတယ်။ "
" အရှင်မင်းကြီး တပ်ပြန့်လှည့်ပြီး ကူညီပေးဖို့ တောင်းဆိုပါတယ်။ " စစ်သည်ဆယ်ယောက်ကျော်က မြင်းများ အပြင်းနှင်လာပြီး အော်ဟစ်လိုက်ကြသည်။
"ဘာ..." တုန်ဟူဘုရင်က မြင်းဇက်ကြိုးကို ဆွဲလိုက်သည်။ ပတ်ဝန်းကျင်မှ စစ်သူကြီးများကလည်း ရပ်တန့်သွားကြသည်။
" ပြန်ပြောစမ်း။ နန်းတော်က ဘာဖြစ်တာလဲ။ " တုန်ဟူဘုရင်က နောက်လှည့်ပြီး လိုက်လာသော မြင်းစီးစစ်သည်များကို မေးလိုက်သည်။
" အရှင်မင်းကြီး ချင်စစ်တပ်က နန်းတော်ကို တိုက်ခိုက်နေပါတယ်။ နန်းတော်က ပျက်စီးသွားပါပြီ။ "
" ချင်စစ်တပ်က ကျွန်တော်တို့ လူမျိုးတွေကို သတ်ဖြတ်နေပါတယ်။ သူတို့က နန်းတော်ကို ဖျက်ဆီးလောက်ပါပြီ။ "
" ကျွန်တော်တို့က အသက်စွန့်ပြီး သတင်းလာပို့တာပါ။ အရှင်မင်းကြီး စစ်ကူမြန်မြန်လွှတ်ပေးပါဦး။ " ရှေ့ဆုံးမှ စစ်သည်က ထိတ်လန့်စွာ ပြောလိုက်သည်။
တုန်ဟူဘုရင်က မျက်နှာပျက်သွားပြီး မြင်းပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
" အရှင်မင်းကြီး။ " ပတ်ဝန်းကျင်မှ စစ်သူကြီးများက ထိတ်လန့်သွားကြသည်။
" ငါတို့ လှည့်စားခံလိုက်ရပြီ။ ငါ အဲ့ဒီချင်လူမျိုးတွေရဲ့ ထောင်ချောက်ထဲကို ကျသွားပြီ။ တုန်အန်ဘက်ကို ထွက်ပြေးတဲ့ ချင်တပ်က ငါးစာပဲ။ ငါတို့စစ်တပ်လိုက်လာအောင် ရည်ရွယ်ချက်ရှိရှိ မျှားခေါ်ခဲ့တာပဲ။ အဓိကချင်တပ်ဖွဲ့က ဒီအခွင့်အရေးကို သုံးပြီး ငါတို့ နန်းတော်ကို ဝင်တိုက်ခဲ့တယ်။ " တုန်ဟူဘုရင်၏ မျက်နှာက ဖြူဖျော့သွားသည်။
လူသန်းပေါင်းများစွာကို အုပ်စိုးထားသော သူ့အတွက် ပထမဆုံးအကြိမ် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ သူက လုံးဝ လှည့်စားခံလိုက်ရပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် တုန်ဟူလူမျိုးများက များစွာ အထိနာသွားခဲ့သည်။ လူမျိုးများနှင့် အရင်းအမြစ်များစွာ ပျက်စီးသွားခဲ့သည်။ ချင်စစ်တပ်က သူတို့၏ နယ်မြေထဲတွင် ထိခိုက်မှုမရှိဘဲ လွတ်လပ်စွာ လှုပ်ရှားနေခဲ့သည်။
တရှုံကလည်း စိတ်ပျက်သွားသည်။ သူက သတိပေးခဲ့သော်လည်း တုန်ဟူဘုရင်က အလေးအနက်မထားခဲ့ပေ။
" အရှင်မင်းကြီး အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ "
တုန်ဟူဘုရင်က တုန်အန်ဘက်သို့ မုန်းတီးမှုများဖြင့် ကြည့်လိုက်သည်။ " ဆုတ်ခွာကြမယ်။ "
" အရှင်မင်းကြီး ချင်စစ်တပ်က နန်းတော်ကို တိုက်ခိုက်နေပြီ။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်ဆို နောက်ကျသွားလောက်ပြီ။ ချင်စစ်တပ်က ဆုတ်ခွာသွားလောက်ပြီ။ " စစ်သူကြီးတစ်ယောက်က ပြောလိုက်သည်။
" ခွေးသားတွေ ငါ အဲ့ဒီချင်စစ်တပ်ကို လုံးဝ အလွတ်မပေးဘူး။ " တုန်ဟူဘုရင်က အံကျိတ်ပြီး ကျိန်ဆဲလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့