← Chapters

အခန်း (၃၈၉-၃၉၀)

Vol. 39 Ch. 389-390

အခန်း (၃၈၉-၃၉၀)

Vol. 39 Ch. 389-390

အခန်း (၃၈၉)

" ဟူအာ " တုန်ဟူဘုရင်က ခေါ်လိုက်သည်။

" ရှိပါတယ်။ " လူငယ်စစ်သူကြီးတစ်ယောက်က အမြန်ရောက်လာသည်။

" မင်း စစ်သည်သုံးသိန်းကို ဦးဆောင်ပြီး နန်းတော်ကို အမြန်သွားကယ်။ ချင်စစ်တပ်ကို တွေ့တာနဲ့ အပိုင်းပိုင်း ခုတ်ပစ်။ " တုန်ဟူဘုရင်က အေးစက်စွာ ပြောလိုက်သည်။

" ခမည်းတော်ကရော ဘာလုပ်မှာလဲ။ " ထို့ပါဟူက စိုးရိမ်စွာ မေးလိုက်သည်။

" နန်းတော်ကို တိုက်ခိုက်တဲ့ ချင်စစ်တပ်က တောင်ဘက်ကို ဆုတ်ခွာသွားလောက်ပြီ။ ငါ အမီလိုက်မှ ဖြစ်မယ်။ ချင်လူမျိုးတွေ အကုန်သတ်ပစ်မယ်။ " တုန်ဟူဘုရင်က ဒေါသတကြီး ပြောလိုက်သည်။ " မင်းပြန်ရောက်တာနဲ့ နန်းတော်က ရှုပ်ထွေးမှုတွေကိက ထိန်းချုပ်ထား။ ငါ ချင်စစ်တပ်ကို ဖျက်ဆီးပြီး နန်းတော်ကို ပြန်လာခဲ့မယ်။ "

" စစ်သည်တို့ ငါ့နောက်ကို လိုက်ပြီး ချင်ကို ချေမှုန်းကြ။ " တုန်ဟူဘုရင်က ဒေါသတကြီး အော်ဟစ်ပြီး ရှန်းကျိုးနယ်မြေ၏ ယန်နိုင်ငံဘက်သို့ ချီတက်သွားသည်။ သူ၏ နောက်မှ စစ်သည်သိန်းချီက လိုက်ပါသွားကြသည်။

တုအန်နိုင်ငံ။

ရှန်းကျိုး၏ အရှေ့မြောက်နယ်စပ်တွင်ရှိသော နိုင်ငံငယ်လေးက လူဦးရေ နှစ်သန်းသုံးသန်းသာရှိပြီး အခြားနိုင်ငံများထဲတွင် အင်အားအနည်းဆုံး ဖြစ်သည်။ တုအန်ကို လူသိနည်းသော်လည်း အိမ်နီးချင်းနိုင်ငံက သမိုင်းထဲတွင် အရေးပါပြီး ရှက်ရွံ့မှုမရှိခြင်းနှင့် ကျော်ကြားသည်။ ၎င်းက ဂိုဂူလျောဖြစ်ပြီး နောက်ပိုင်းတွင် ဂိုလီဟုလည်း ခေါ်ကြသည်။

ထိုနိုင်ငံငယ်လေးများက ကုန်သွယ်မှုတွင် ရှန်းကျိုးနယ်မြေကို များစွာ မှီခိုနေရသည်။ သူတို့က ရှန်းကျိုးနယ်မြေမှ ယှဉ်ပြိုင်မှုများတွင်လည်း ပါဝင်ခြင်းမရှိဘဲ ဘေးမှသာ ကြည့်မေကြသည်။

တုန်ဟူနှင့် ထိစပ်နေသော တုအန်နိုင်ငံ၏ နယ်စပ်မြို့လေး၏ မြို့ရိုးပေါ်တွင် တုအန်စစ်သည်များက အဝေးမှ လာနေသော မြင်းတပ်ကို ကြည့်ပြီး ထိတ်လန့်သွားကြသည်။

" စစ်သူကြီးဂျင် တုန်ဟူတွေ ကျွန်တော်တို့ကို လာတိုက်တာလား။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ "

မြို့ရိုးပေါ်မှ တုအန်စစ်သည်များက သူတို့၏ စစ်သူကြီးကို စိုးရိမ်စွာ ကြည့်လိုက်ကြသည်။ တုအန်က တုန်ဟူနှင့် ဂိုဂူလျောကိုသာ အဓိကခုခံရသည်။ အထူးသဖြင့် တုန်ဟူဖြစ်သည်။ တုန်ဟူက စစ်အင်အားသိန်းချီ စုစည်းနေသည်ဟူသော သတင်းကို ကြားသောအခါ တုအန်ဘုရင်က စစ်သူကြီးဂျင်ဖုန်းကို ချက်ချင်း စေလွှတ်ပြီး နယ်စပ်မြို့ကိုကာကွယ်ရန် စစ်သည်တစ်သိန်းကို စုစည်းခဲ့သည်။

" ဘာကိုကြောက်နေတာလဲ။ တုအန်က တုန်ဟူကို ကြောက်နေရမှာလား။ " ဂျင်ဖုန်းက အေးစက်စွာ အော်ပြောလိုက်သည်။ မြို့ရိုးပေါ်မှ စစ်သည်များက တိတ်ဆိတ်သွားကြသည်။

" တုန်ဟူတွေသာ လာရဲရင် ငါက စစ်သည်တွေကို ဦးဆောင်ပြီး တစ်ယောက်ချင်းစီကို သတ်ပစ်မယ်။ " ဂျင်ဖုန်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

ထိုအချိန်တွင် မြို့ရှေ့မှ တပ်ဖွဲ့က ပို၍ နီးကပ်လာသည်။

" စစ်သူကြီးဂျင် တုန်ဟူတွေ မဟုတ်လောက်ဘူး။ တုန်ဟူတွေက အနက်ရောင်သံချပ်ကာ မဝတ်ကြဘူး။ ပြီးတော့ လူတိုင်းမှာလည်း သံချပ်ကာမရှိဘူး။ ဒါက ရှန်းကျိုးနယ်မြေက တပ်တွေနဲ့ တူတယ်။ " တပ်မှူးတစ်ယောက်က ပြောလိုက်သည်။

" ကြည့်လိုက်။ သူတို့အလံက စာကလည်း ရှန်းကျိုးနယ်မြေက စာလုံးတွေနဲ့တူတယ်။ " အခြားတပ်မှူးတစ်ယောက်ကလည်း ပြောလိုက်သည်။

" ချင် " ဂျင်ဖုန်းက ချီတက်လာသော တပ်ဖွဲ့ကို ကြည့်ပြီး အံ့ဩသွားသည်။

" ဒါက ချင်စစ်တပ်ပဲ။ ရှန်းကျိုးနယ်မြေက ချင်နိုင်ငံ။ "

" ရှန်းကျိုးနယ်မြေက ချင်။ သူတို့က အနောက်ဘက်မှာ မဟုတ်ဘူးလား။ သူတို့က တုန်ဟူနယ်မြေထဲက ဘယ်လိုလုပ်ထွက်လာတာလဲ။ " တပ်မှူးတစ်ယောက်က ပြောလိုက်သည်။

" သတင်းစကားတွေက အမှန်ပဲလား။ တုန်ဟူတွေက ရှန်းကျိုးမှာ စစ်သည်နှစ်သိန်းနီးပါး ဆုံးရှုံးခဲ့ရတယ်။ ချင်စစ်တပ်က ဒါကို အခွင့်ကောင်းယူပြီး တုန်ဟူကို ဝင်တိုက်ခဲ့တာပဲ။ " ဂျင်ဖုန်းက စဉ်းစားပြီး ပြောလိုက်သည်။

တုအန်က တုန်ဟူနှင့် နယ်နိမိတ်ချင်း ထိစပ်နေသောကြောင့် တုန်ဟူနယ်မြေအတွင်း သူလျိုများထားရှိခဲ့သည်။ တုန်ဟူတွင် အရေးကြီးသော အရာတစ်ခု ဖြစ်ပျက်ခဲ့လျှင် သတင်းကို တုအန်သို့ ချက်ချင်း ပေးပို့သည်။

တုန်ဟူက သူတို၏ နယ်မြေသို့ ကျူးကျော်လာသော ချင်စစ်တပ်ကို ရင်ဆိုင်ရန် တပ်ဖွဲ့များ စုစည်းနေခဲ့သည်။ထိုသတင်းကို ကြားသောအခါ ဂျင်ဖုန်းက ၎င်းကို သတင်းမှားဟုသာ ထင်ခဲ့သည်။ ယခု တုအန်ဘက်သို့ ချီတက်လာသော ချင်စ်တပ်ကို တွေ့မှ ဂျင်ဖုန်းက ၎င်းကို ယုံကြည်သွားတော့သည်။

" ချင်စစ်တပ်က ကျွန်တော်တို့နယ်စပ်မြို့ကို ဘာလာလုပ်တာလဲ။ " တပ်မှူးတစ်ယောက်က မေးလိုက်သည်။

" အလောတကြီး မတိုက်ကြနဲ့။ ချင်စစ်သည်တွေက မြင်းတပ်ပဲ။ သူတို့က ငါတို့မြို့အတွက် ခြိမ်းခြောက်မှုမရှိဘူး။ ပြီးတော့ ချင်နိုင်ငံနဲ့ ငါတို့ ဘာရန်ငြိုးမှ မရှိဘူး။ " ဂျင်ဖုန်းက လက်မြှောက်ပြီး ပြောလိုက်သည်။

" နားလည်ပါပြီ။ " တပ်မှူးက ပြန်ပြောလိုက်ပြီး မြို့ရိုးပေါ်မှ လေးသည်တော်များကို ကြည့်လိုက်သည်။ " လေးတွေ ချထားကြ။ "

ဂျင်ဖုန်းက ချပ်တပ်ဖွဲ့ ပိုမိုနီးကပ်လာနေသည်ကို ကြည့်ပြီး ချင်တပ်ဖွဲ့က နယ်စပ်မြို့နှင့် ကျန့်တစ်ရာအကွာသို့ ရောက်သောအခါ လုံးဝ ရပ်တန့်သွားသည်။

" စစ်သူကြီး ရှေ့မှာ တုအန်နယ်စပ်မြို့ရှိတယ်။ ကျွန်တော်တို့ တုအန်နယ်မြေကို ဖြတ်ချင်ရင် ဒီနယ်စပ်မြို့က ဖြတ်ရမယ်။ခွင့်မတောင်းဘဲဝင်ရင် သူတို့ကို တိုက်ခိုက်သလိုဖြစ်သွားလိမ့်မယ်။ " ကိုယ်ရံတော်တစ်ယောက်က ပြောလိုက်သည်။

" တုအန်က နိုင်ငံငယ်လေးတစ်ခုပဲ။ အဲ့ဒီကိုသွားပြီး ငါတို့တပ်ဖွဲ့က တုအန်ကို ဖြတ်သန်းချင်လို့ တိုက်ခိုက်ဖို့မဟုတ်ဘူးလို့ ပြောလိုက်။ " ကျန်းဟန်က လေးနက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကိုယ်ရံတော်တပ်မှူးက ခေါင်းညိမ့်လိုက်ပြီး မြင်းကို မြို့ရိုးဆီသို့ မောင်းနှင်သွားသည်။

မြို့ရိုးသို့ ရောက်သောအခါ ကိုယ်ရံတော်တပ်မှူးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ " ချင်နိုင်ငံ ဝူအန်းစခန်း ပင်မစစ်သူကြီး ကျန်းဟန်ရဲ့ အမိန့်အရ ဒီမြို့ရဲ့ စစ်သူကြီးက ဘယ်သူလဲ။ "

၎င်းကို ကြားသောအခါ မြို့ရိုးပေါ်မှ တုအန်စစ်သည်များက အံ့ဩသွားကြသည်။

" တကယ်ပဲ ချင်စစ်တပ်ပဲ။ "

" ချင်နိုင်ငံရဲ့ ဝူအန်းစခန်း။ "

" အဲ့ဒါ ချင်နိုင်ငံရဲ့ အသန်မာဆုံး စစ်စခန်းပဲ။ ဝူအန်းစခန်းရဲ့ စစ်သေနာပတိချုပ် ကျောက်ဖုန်းက သတ်ဖြတ်ခြင်းနတ်ဘုရားပဲ။ "

" ရှန်းကျိုးနယ်မြေက အင်အားကြီးနိုင်ငံတွေက ကျောက်ဖုန်းလက်ချက်နဲ့ ပျက်စီးသွားကြတယ်လို့ ပြောကြတယ်။ "

တုအန်တပ်မှူးများက အချင်းချင်း ပြောလိုက်ကြသည်။

ရှန်းကျိုးနယ်မြေနှင့် နီးကပ်နေသော နယ်စပ်နိုင်ငံတစ်ခုအနေဖြင့် ကျောက်ဖုန်း၏ ကြောက်စရာကောင်းသော ဂုဏ်သတင်းကို သိထားကြသည်။ ထိုဂုဏ်သတင်းက စစ်မှန်သော တိုက်ပွဲများမှတစ်ဆင့် တည်ဆောက်ထားခြင်းဖြစ်သည။ ကျောက်ဖုန်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသော စစ်သေနာပတိချုပ်များက ကျော်ကြားသူများ ဖြစ်ကြသည်။

" နယ်စပ်မြို့ကို စောင့်ကြပ်နေတာက စစ်သေနာပတိချုပ်ဂျင်ဖုန်းပဲ။ " ဂျင်ဖုန်းက အောက်မှ ကိုယ်ရံတော်တပ်မှူးကို ကြည့်ပြီး ပြောလိုက်သည်။

" ဝူအန်းစခန်းက တုန်ဟူကို တိုက်ခိုက်ပြီးလို့ တုအန်ကနေ ချင်နိုင်ငံကို ပြန်ဖို့လိုအပ်တယ်။ ဒါကြောင့် တုအန်ကို ဖြတ်သန်းခွင့်ပေးဖို့ တောင်းဆိုပါတယ်။ " ကိုယ်ရံတော်တပ်မှူးက လက်သီးလက်ဝါးဆုပ်ပြီး မေးလိုက်သည်။

၎င်းကို ကြားသောအခါ ဂျင်ဖုန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ မြို့ရှေ့ရှိ စစ်သည်နှစ်ထောင်ကို ကြည့်ပြီး သူက အနည်းငယ် စိုးရိမ်သွားသည်။

" ဒီကိစ္စကို ငါတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး။ အရင်ဆုံး ငါတို့ဘုရင်နဲ့တိုင်ပင်ရမယ်။ " ဂျင်ဖုန်းက ပြန်ပြောလိုက်သည်။

" ဘယ်လောက်ကြာမှာလဲ။ " ကိုယ်ရံတော်တပ်မှူးက တိုက်ရိုက်မေးလိုက်သည်။

" အမြန်ဆုံးဆိုရင် ဆယ်ရက်ကြာမယ်။ " ဂျင်ဖုန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။

" အခွင့်အရေးတွေ ဆုံးရှုံးသွားလိမ့်မယ်။ ငါတို့တပ်ဖွဲ့က ဆယ်ရက်မစောင့်နိုင်ဘူး။ " ကိုယ်ရံတော်တပ်မှူးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

" ငါတို့ အရှင်မင်းကြီး အမိန့်မရှိဘဲ မင်းတို့တပ်ဖွဲ့ကို ဖြတ်သန်းခွင့်ပေးလို့မရဘူး။ " ဂျင်ဖုန်းက ပြန်ဖြေလိုက်သည်။

တုအန်တပ်မှူးများက ဂျင်ဖုန်းကို စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။

" စစ်သူကြီး ဒါက ချင်စစ်တပ်ကို စိတ်အနှောက်အယှက် ဖြစ်စေမှာမဟုတ်ဘူးလား။"

" ချင်နိုင်ငံက အင်အားကြီးတယ်။ တစ်နေ့ကျရင် သူတို့က ရှန်းကျိုးနယ်မြေကို စုစည်းနိုင်လိမ့်မယ်။ "

" ချင်စစ်တပ်က တစ်နေ့ ကျွန်တော်တို့ကို တိုက်ခိုက်ရင် ကျွန်တော်တို့ တိုက်ခိုက်နိုင်မှာမဟုတ်ဘူး။ "

တပ်မှူးများက ဂျင်ဖုန်းကို ကြည့်ပြီး ပြောလိုက်ကြသည်။ နောက်ဆုံးတွင် ချင်နိုင်ငံနှင့် တုအန်တို့က ရန်ငြိုးမရှိဘဲ ဤကိစ္စနှင့် စိတ်အနှောက်အယှက်ဖြစ်စေခြင်းမှာ မထိုက်တန်ပေ။

" တော်ကြစမ်း။ ချင်စစ်တပ်က ဘာရည်ရွယ်ချက်ပဲ ရှိရှိ ဒီအပြစ်ကို မင်းတို့ထဲက ဘယ်သူက ခံယူမှာလဲ။ " ဂျင်ဖုန်းက ဒေါသတကြီး ဆူပူလိုက်သည်။

" ဒါဆို စစ်သူကြီးက ကျုပ်တို့တပ်ဖွဲ့ကို ဖြတ်သန်းခွင့်မပေးဘူးပေါ့။ " ကိုယ်ရံတော်တပ်မှူးက အေးစက်သွားသည်။

" ငါတို့က အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်လိုတယ်။ နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်။ " ဂျင်ဖုန်းက ပြောလိုက်သည်။

" ကောင်းတယ်။ အရမ်းကောင်းတယ်။ ဒီကိစ္စကို ဝူအန်းစခန်းက မှတ်ထားလိုက်မယ်။ " ကိုယ်ရံတော်တပ်မှူးက ဂျင်ဖုန်းကို အေးစက်စွာ ကြည့်ပြီး မြင်းကို ပြန်လှည့်သွားသည်။

" စစ်သူကြီးဂျင် ဒီကိစ္စအတွက် ချင်ကို တကယ်ပဲ စိတ်အနှောက်အယှက် ဖြစ်စေမှာလား။ "

" အနာဂတ်မှာ ချင်က ဒါကို အကြောင်းပြပြီး တုအန်ကို တိုက်ခိုက်လာနိုင်တယ်။ "

တုအန်တပ်မှူးများက ထိန်လန့်နေကြပြီး ဂျင်ဖုန်းကို ဝိုင်းဝန်းတောင်းပန်လိုက်ကြသည်။

" တိတ်ကြ။ ငါပြောပြီးပြီ။ ဒီကိစ္စက အရှင်မင်းကြီး ခွင့်ပြုချက်လိုတယ်။ ငါ့သဘောနဲ့ ချင်တပ်ဖွဲ့ကို ဖြတ်သန်းခွင့်ပေးလိုက်ပြီး သူတို့ တုအန်ကို တိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ။ " ဂျင်ဖုန်းက ခေါင်းမာစွာ ပြန်ပြောလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၃၉၀)

" စစ်သူကြီး ဒီတုအန်စစ်သူကြီးက ကျွန်တော်တို့ တပ်ဖွဲ့ကို ဖြတ်ကျော်ခွင့်မပေးဘူး။ " ကိုယ်ရံတော်တပ်မှူးက ဒေါသတကြီး ပြောလိုက်သည်။

ကျန်းဟန်က မျက်မှောင်ကြုတ်သွားပြီး သူ၏ မျက်နှာတွင် ဒေါသအရိပ်အျယာင်များ ပေါ်လာသည်။

" တုအန် ကောင်းတယ်။ " ကျန်းဟန်က အေးစက်စွာ ပြောလိုက်သည်။

" ဒါဆို အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ တုန်ဟူတွေ လိုက်မီလာနိုင်တယ်။ " ကိုယ်ရံတော်တပ်မှူးက စိုးရိမ်တကြီး ပြောလိုက်သည်။

" ရက်အတော်ကြာသွားပြီ။ စစ်သေနာပတိချုပ်က တုန်ဟူနန်းတော်ကို အလစ်ဝင်တိုက်တာ အောင်မြင်သွားလောက်ပြီ။ တုန်ဟူစစ်တပ်က အဲ့ဒီသတင်းကြားရင် ဆုတ်ခွာသွားမှာပဲ။ ဒါကြောင့် တုန်ဟူတွေ လိုက်လာမှာ စိုးရိမ်စရာ မလိုလောက်ဘူး။ " ကျန်းဟန်က လေးနက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကိုယ်ရံတော်တပ်မှူးက ခေါင်းညိမ့်လိုက်သည်။

" အမိန့်ကို လက်ဆင့်ကမ်းလိုက်။ တောင်ဘက်ကို ချီတက်မယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က တုန်ဟူနယ်မြေကို ဖြတ်ပြီး ချင်နိုင်ငံကို တိုက်ရိုက်ပြန်လို့ရတယ်။ တကယ်လို့ တုန်ဟူစစ်တပ်က မဆုတ်ခွာသေးရင်တော့ သူတို့နဲ့ သူသေကိုယ်သေ တိုက်ရမှာပဲ။ " ကျန်းဟန်က လေးနက်စွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " စစ်သည်များက တစ်ပြိုင်နက် ဖြေလိုက်ကြသည်။

" ဒါပေမယ့် ဒီတုအန်က..." ကျန်းဟန်က အေးစက်သော အမူအရာနှင့် နယ်စပ်မြို့ကို ကြည့်လိုက်သည်။ " ဒီကိစ္စကို လွယ်လွယ်နဲ့ လွှတ်ထားလို့မရဘူး။ "

ကျန်းဟန်က လေးကိုကိုင်ပြီး နောက်ကျောမှ မြားတစ်ချောင်းကို ထုတ်ယူလိုက်သည်။ သူက တုအန်နယ်စပ်မြို့ကိုချိန်ရွယ်ပြီး မြားတစ်ချောင်းကို ပစ်လွှတ်လိုက်သည်။

ရွှီး...

မြားက လေထုကို ထိုးဖောက်သွားပြီး မျက်စိတစ်မှိတ်အတွင်း နယ်စပ်မြို့သို့ ရောက်သွားခဲ့သည်။

ဝုန်း...

မြားက နံရံကို စိုက်ဝင်သွားပြီး ၎င်း၏ ပတ်ပတ်လည်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများ ပေါ်လာသည်။

" ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျန့်တစ်ရာလောင်ကနေ မြို့ရိုးပေါ်ကို မြားစိုက်ဝင်အောင် ပစ်နိုင်တယ်ပေါ့။ " ဂျင်ဖုန်းက မြို့ရိုးတွင် စိုက်ဝင်နေသော မြားကို ကြည့်ပြီး မျက်နှာပျက်သွားသည်။ တပ်မှူးများကလည်း အလားတူပင်ဖြစ်သည်။

" ချင်နိုင်ငံနဲ့ တုအန်က နယ်နိမိတ်ချင်းမထိစပ်သေးပေမယ့် ချီနိုင်ငံကို အနိုင်ယူပြီးရင်တော့ ထိစပ်သွားမှာပဲ။ သွားကြစို့။ " ကျန်းဟန်က အေးစက်စွာ ပြောလိုက်ပြီး မြင်းကို လှည့်ကာ အခြားလမ်းကြောင်းတစ်ခုသို့ဦးတည်သွားသည်။

ချင်နိုင်ငံ ရှန်းယန်မြို့။

" စစ်သေနာပတိချုပ်ကျောက်ဖုန်း တုန်ဟူနယ်မြေကို သွားတာ သုံးလကျော်ပြီ။ "

"စစ်သေနာပတိချုပ်ကျောက်ဖုန်းက တကယ်သတ္တိကောင်းတယ်။ မြင်းစီးစစ်သည်တစ်သောင်းနဲ့ တုန်ဟူနယ်မြေထဲကို ဝင်သွားရဲတယ်။ "

" အဲ့ဒါက ချင်နိုင်ငံရဲ့ပြိုင်ဘက်ကင်း စစ်သေနာပတိချုပ်ပဲ။ ဒီလိုသတ္တိမျိုး ဘယ်သူမှမယှဉ်နိုင်ဘူး။ "

" လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ငါတို့က အောင်ပွဲသတင်းတွေကို ဆက်တိုက်ရခဲ့တယ်။ တိုင်းတစ်ပါးမျိုးနွယ်စုတွေ အများကြီးကို သတ်ပစ်ခဲ့ပြီး အားလုံးကို မီးလောင်တိုက်သွင်းခဲ့တယ်။ "

" မှန်တယ်။ အခုက မျိုးနွယ်စု နည်းနည်းကိုပဲ ရှင်းရသေးတာ။ ချင်နိုင်ငံက ရှန်းကျိုးနယ်မြေကို စုစည်းပြီးသွားရင် တိုင်းတစ်ပါးမျိုးနွယ်စုတွေကို အမြစ်ပြတ် ချေမှုန်းပစ်ရမယ်။ "

ချင်ပြည်သူများက သူတို့နိုင်ငံအတွက် ဂုဏ်ယူစွာ ဆွေးနွေးနေကြသည်။ ကျောက်ဖုန်းက တိုင်းတစ်ပါးမျိုးနွယ်စုများကို သတ်ဖြတ်ပြီးနောက် ရင်ကျန့်က ကျောက်ဖုန်း၏ အောင်မြင်မှုများကို တစ်ကမ္ဘာလုံးသိအောင် ကြေညာခဲ့သည်။ ချင်နိုင်ငံသားအားလုံးက ၎င်းကို ဂုဏ်ယူကြသည်။

တုန်ဟူက မြောက်ဘက်နယ်စပ်တွင် တည်ရှိသောကြောင့် သတင်းပေးပို့မှုက နှေးကွေးပြီး ဆယ်ရက်လောက်ကြာတတ်သည်။ ယနေ့ နေ့တစ်ဝက်လောက် ရှိပြီဖြစ်ပြီး ချင်ပြည်သူများက သတင်းပို့သူကို စိတ်အားထက်သန်စွာ စောင့်နေကြသည်။

ချင်နိုင်ငံတွင် ဂုဏ်သတင်းအကြီးဆုံး စစ်သေနာပတိချုပ်က သံသယဝင်စရာမလိုအောင် ကျောက်ဖုန်းပင်ဖြစ်သည်။ ဝမ်ကျန့်၊ မုန့်ဝူနှင့် ဟွမ်ယိတို့တောင် သူ့ကို မယှဉ်နိုင်ပေ။ ကျောက်ဖုန်းကို ချင်ပြည်သူများက ချင်၏ စစ်နတ်ဘုရားဟုပင် ခေါ်ဆိုကြသည်။

ထိုအချိန်တွင် အမိန့်အလံကို ကိုင်ဆောင်ထားသော သတင်းပို့သူတစ်ယောက်က ရှန်းယန်မြို့အတွင်းသို့ မြင်းစီးပြီး ဝင်ရောက်လာသည်။ မြို့သူမြို့သူများက သတင်းပို့သူကို စိုးရိမ်တကြီး ကြည့်နေကြသည်။ သူတို့က ကျောက်ဖုန်း၏ သတင်းဆိုး ကြားရမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

" အောင်ပွဲ မြောက်ဘက်နယ်စပ်က အောင်ပွဲသတင်း။ "

ထိုစကားများကိုကြားမှ မြို့သူမြို့သားများကလည်း သက်ပြင်းချလိုက်ကြသည်။

" ကောင်းတယ်။ အောင်ပွဲသတင်းပဲ။ "

" စစ်သေနာပတိချုပ်ကျောက်ဖုန်းက တုန်ဟူနယ်မြေမှာ ထူးခြားတဲ့ အရာတစ်ခု လုပ်ခဲ့ပုံရတယ်။ "

" စစ်သေနာပတိချုပ်ကျောက်ဖုန်းက တုန်ဟူဘုရင်ကို သတ်လိုက်တာများလား။ "

" ဟားဟား အဲ့လိုသာဖြစ်ရင် စစ်သေနာပတိချုပ် ကျောက်ဖုန်းရဲ့ အောင်မြင်မှုက ကမ္ဘာကို တုန်လှုပ်သွားစေမှာပဲ။ မြင်းစီးစစ်သည်တစ်သောင်းနဲ့ တိုင်းတစ်ပါးမျိုးနွယ်စုထဲ ဝင်ရောက်ပြီး သူတို့ဘုရင်ကို သတ်လိုက်တာလေ။ ဒီကမ္ဘာမှာ ဘယ်သူက အဲ့လိုလုပ်နိုင်မှာလဲ။ "

ကျောက်ဖုန်း အန္တရာယ်ကင်းကြောင်း သိလိုက်ရသောအခါ ပြည်သူများက တိုက်ပွဲရလဒ်နှင့် ပက်သက်ပြီး စိတ်အားထက်သန်စွာ ဆွေးနွေးကြပြန်သည်။

နန်းတော်၊ ညီလာခံခန်းမ။

ဝန်ကြီးများအားလုံးက သတင်းပို့သူကို မျှော်လင့်ချက်များဖြင့် ကြည့်လိုက်ကြသည်။ သတင်းပို့သူ ရောက်လာသည့်အကြိမ်တိုင်း အောင်ပွဲသတင်းဖြစ်ပြီး တိုင်းတစ်ပါးမျိုးနွယ်စုများက အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည်။

" ဖတ်ပြစမ်း။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" လျို့ဝှက်အစီရင်ခံစာတွေအရ စစ်သေနာပတိချုပ် ကျောက်ဖုန်းက စစ်သူကြီးကျန်းဟန်ကို လူအနည်းငယ်နဲ့ ငါးစာအဖြစ် အရှေ့ဘက်ကို ထွက်ပြေးခိုင်းခဲ့တယ်။ တုန်ဟူစစ်တပ်သိန်းချီက သူတို့နောက်ကို လိုက်လံဖမ်းဆီးခဲ့တယ်။ အဲ့ဒီနောက် စစ်သေနာပတိချုပ်က သူရဲ့ စစ်သည်တွေကို ဦးဆောင်ပြီး တုန်ဟူနန်းတော်ကို အလစ်ဝင်တိုက်ခဲ့တယ်။ တုန်ဟူနန်းတော်ကို တစ်ချက်တည်းနဲ့ ချေမှုန်းခဲ့ပြီး ရန်သူများစွာကို သတ်ဖြတ်ခဲ့ပါတယ်။ စစ်သေနာပတိချုပ်က ကြီးမားတဲ့ အောင်ပွဲကို ရရှိခဲ့ပါတယ်။ " သတင်းပို့သူက ကျယ်လောင်စွာ ပြောလိုက်သည်။

" တုန်ဟူနန်းတော်ကို ဖျက်ဆီးလိုက်တာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

" မဖြစ်နိုင်ဘူး။ တုန်ဟူနန်းတော်က အစောင့်အကြပ် ထူထပ်တာကို ကျောက်ဖုန်းက စစ်သည်တစ်သောင်းနဲ့ ဖျက်ဆီးခဲ့တာလား။ "

" လွန်ခဲ့တဲ့ လတွေကတည်းက ကျောက်ဖုန်းက သူတို့ရှေ့က လွတ်သွားလို့ တုန်ဟူဘုရင်က ဒေါသထွက်ပြီး သူ့တပ်တွေ အကုန်ထုတ်လိုက်တာထင်တယ်။ အဲ့ဒါကြောင့် နန်းတော်က အစောင့်အကြပ်နည်းသွားတာဖြစ်နိုင်တယ်။ "

" တိုက်ပွဲက ပြီးဆုံးသွားပြီ။ ရလဒ်က ထွက်သွားပြီ။ စစ်သေနာပတိချုပ် ပြန်လာတော့မှာပါ။ "

" တုန်ဟူနန်းတော်လည်း ပျက်စီးသွားပြီ။ တုန်ဟူလူမျိုးတွေကိုလည်း စစ်သေနာပတိချုပ်က ချေမှုန်းလိုက်ပြီ။ တုန်ဟူတွေက ဆယ်နှစ်လောက်ထိ အင်အားပြန်စုဖို့ ခက်ခဲသွားလိမ့်မယ်။ ချင်နိုင်ငံရဲ့ မြောက်ဘက်နယ်စပ်က ဆယ်နှစ်လောက် အေးချမ်းသွားလိမ့်မယ်။ "

" ဒါက စစ်သေနာပတိချုပ်ရဲ့ အောင်မြင်မှုပဲ။ "

" ချင်နိုင်ငံမှာ ဒီလိုစစ်သေနာပတိချုပ်မျိုးရှိတာ တကယ်ကံကောင်းတာပဲ။ "

" ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ "

ဝန်ကြီးများအားလုံးက ဂုဏ်ပြုစကား ပြောလိုက်ကြသည်။ သူတို့ထဲမှ အချို့က မကျေမနပ်ဖြစ်နေကြသော်လည်း ဘာမှမတတ်နိုင်ကြပေ။

" ကျောက်ဖုန်း ချင်နိုင်ငံရဲ့ စစ်နတ်ဘုရား။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ ချင်နိုင်ငံရဲ့ အင်အားက ထင်ရှားနေပါပြီ။ချီနဲ့ ချူတို့ ကြောက်ရွံ့သွားမှာ သေချာပါတယ်။ ချီနဲ့ ချူကို သိမ်းပိုက်နိုင်ဖို့က ပိုလွယ်ကူသွားပါပြီ။ " ဝမ်ကျန့်က ပြောလိုက်သည်။

" စစ်သေနာပတိချုပ်ကျောက်ဖုန်းက တိုင်းတစ်ပါးမျိုးနွယ်စုတွေကို ချေမှုန်းလိုက်လို့ သူတို့က ဆယ်နှစ်လောက်ထိ အင်အား ပြန်စုစည်းနိုင်မှာ မဟုတ်ပါဘူး။ ဒါတစ်ခုတည်းနဲ့ ဟွာရှလူမျိုးတွေအတွက် ဂုဏ်ယူစရာဖြစ်ပါလိမ့်မယ်။ စစ်သေနာပတိချုပ်က ယန်ပြည်သူတွေအတွက် လက်စားချေပေးလိုက်လို့ ယန်နယ်မြေက ထိန်းချုပ်ရ ပိုလွယ်ကူသွားပါလိမ့်မယ်။ " ဟန်ဖေးက တည်ငြိမ်စွာ ပြောလိုက်သည်။

ရင်ကျန့်က ခေါင်းညိမ့်လိုက်ပြီး သတင်းပို့သူကို ကြည့်လိုက်သည်။ " ကျောက်ဖုန်းက ဆုတ်ခွာလာပြီလား။ "

၎င်းက သူ၏ အဓိကစိုးရိမ်မှုဖြစ်သည်။ ယခု တုန်ဟူနန်းတော်ကို ကျောက်ဖုန်းက ဖျက်ဆီးလိုက်ပြီဖြစ်သောကြောင့် ထိုအောင်မြင်မှုက လုံလောက်နေပြီဖြစ်သည်။ သူက တုန်ဟူနယ်မြေထဲတွင် တိုက်ခိုက်နေသည်မှာ လေးလလောက် ရှိနေပြီဖြစ်သည်။

" အရှင်မင်းကြီး လျို့ဝှက်အစီရင်ခံစာတွေအရ တုန်ဟူနန်းတော်ကို ဖျက်ဆီးပြီးတဲ့နောက်မှာ စစ်သေနာပတိချုပ်က တောင်ဘက်ကို ဆုတ်ခွာလာပါပြီ။ ခန့်မှန်းခြေအားဖြင့် သူက အခုဆို ယန်နယ်မြေညက်ကို ပြန်ရောက်နေလောက်ပါပြီ။ " သတင်းပို့သူက ပြန်ဖြေလိုက်သည်။

" ကောင်းတယ်။ " ရင်ကျန့်က စိတ်သက်သာရာရသွားပြီး စိတ်အေးသွားသည်။ ထို့နောက် သူက ယွီလျောင်ကို ကြည့်လိုက်သည်။

" ဝန်ကြီးယွီ ယန်နယ်မြေမှာ တပ်ဖြန့်ထားတာ ဘယ်လိုရှိလဲ။ "

" အရှင်မင်းကြီး ယန်နယ်မြေမှာ စခန်းချထားတဲ့တပ်တွေက ရှန်ပင်းမြို့ကို သွားနေပါပြီ။ စစ်သေနာပတိချုပ် ပြန်ရောက်တာနဲ့ ကူညီဖို့ အဆင်သင့်ပါပဲ။ ပြီးတော့ ကျောက်နယ်မြေမှာ တပ်စွဲထားတဲ့ ဟန်ကုစခန်းကလည်း ယန်နယ်မြေမှ တပ်ဖြန့်ထားပါတယ်။ " ယွီလျောင်က ပြန်ဖြေလိုက်သည်။

" ငါ့အမိန့်ကို ထုတ်ပြလိုက်။ ကျောက်ဖုန်း ပြန်ရောက်တာနဲ့ မြို့တော်ကို ချက်ချင်း ပြန်လာပြီး အစီရင်ခံရမယ်။ ဒီအမိန့်ကို အရေးပေါ်ပို့လိုက်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ "ယွီလျောင်က ချက်ချင်း ပြန်ဖြေလိုက်သည်။

All Chapters