← Chapters

အပိုင်း(၃၃၆):

Vol. 007 Ch. 336

အပိုင်း(၃၃၆):

Vol. 007 Ch. 336

အဘိုးအိုက သူ့နဂါးလိပ်ကို ပုတ်လိုက်ရာ ၎င်းက အပျက်အစီး ကြယ်များကို ကြည့်၍ ဟိန်းသံ ပြုလေ၏။

အဘိုးအိုက နဂါးလိပ် လက်ပေါ်သို့ ခုန်ချလိုက်သည်။ နဂါးလိပ်က ၎င်း၏ ပါးစပ်ကို ဟ၍ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူလေ၏။

ထို့နောက် သည်သားရဲက‌ နောက်ထပ် အော်ဟစ်ပြန်သည်။ သည်အချိန်တွင် အသံလှိုင်းများက အဝန်းအဝိုင်းများကို ဖြတ်၍ တိုက်ခိုက်သည်။ သည်အခါ အဝိုင်းထဲတွင် မီတာ တစ်ရာခန့် ကျယ်သော ဥမင်တစ်ခု ဖြစ်ပေါ်သွားပြီး အဝန်းအဝိုင်းထဲရှိ အပိုင်းအစများက ဖုန်မှုန် အဖြစ်သို့ ပြောင်းသွား၏။

ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူက သည်သားရဲ၏ စွမ်းအားအပေါ် အံ့ဩမိလေသည်။ သို့သော် သူက အမှန်အကန် တိုက်ခိုက်မည်ဆိုရင်တော့ သည်သားရဲကို မကြောက်ရွှံ့ပေ။

အဘိုးအိုက အော်သံကြောင့် ဖြစ်ပေါ်လာသည့် အသံလှိုင်းများ နောက်သို့ ထပ်ကြပ်မကွာ လိုက်လာခဲ့၏။ မျက်စိတစ်မှိတ်အတွင်း သူက အဝန်းအဝိုင်း၏ မီတာတစ်ရာ အတွင်းသို့ ရောက်သွားတော့သည်။ သိပ်မကြာခင်မှာပင် အဝန်းအဝိုင်းထဲရှိ အပိုင်းအစများက အဘိုးအို၏ ပုံတူများအဖြစ်သို့ ပြောင်းသွား၏။

အဘိုးအိုက ထိတ်ပျာသွားခြင်း မရှိပေ။ သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကျောက်စိမ်းပြား ဆယ်ခုကျော်က ပျံထွက်လို့လာ၏။ သည်ကျောက်စိမ်းပြား များက အဘိုးအိုနားတွင် လှည့်ပတ်နေပြီးနောက် သူ့ပုံတူများထံသို့ တိုးဝင်သွားသည်။

ကျောက်စိမ်းပြား တစ်ခုစီက ပုံတူတိုင်းထံသို့ လျင်မြန်စွာ ပျံသန်းလို့သွား၏။ ထို့နောက် ကျောက်စိမ်းပြားများက ပေါက်ကွဲ၍ ဖုန်မှုန် အမျှင်တန်း အဖြစ်သို့ ပြောင်းပြီးနောက် သူ့ပုံတူများ ဖြစ်ပေါ်လာ၏။

ထို့ကြောင့် အပျက်အစီး ကြယ်များ၏ အဝန်းအဝိုင်းထဲရှိ သည်မြင်ကွင်းက အလွန် ရူးသွပ်ဖွယ် ကောင်းကြောင်း သိနိုင်သည်။

အဘိုးအိုက ကျောက်စိမ်းပြားများကို အသုံးပြု၍ သူ့ပုံတူများကို ဖန်တီးပြီး အပိုင်းအစများကြောင့် ဖြစ်ပေါ်လာသည့် သူ့ပုံတူများကို တားဆီးလေ၏။ ထို့နေက သူက သည်အခိုက်အတန့် လေးကို အသုံးပြု၍ အပျက်အစီး ကြယ်များထဲသို့ ဆက်၍ တိုးဝင် သွားလေသည်။

သူဖြတ်ကျော် သွားသည့်အခိုက်တွင် ကျောက်စိမ်းပြားကြောင့် ဖြစ်ပေါ်လာသည့် အဘိုးအို၏ ပုံတူများက ပျောက်ကွယ်လို့ သွားသည်။ ထို့အတူ အပိုင်းအစများကြောင့် ဖြစ်ပေါ်လာသည့် သူ့ပုံတူများကလည်း ပျောက်ကွယ်လို့ သွား၏။

အဘိုးအိုက အဝန်းအဝိုင်းအပြင်တွင် ရှိသော ဝမ်လင်းကို လှည့်၍ ကြည့်လိုက်သည်။ သူက နှခေါင်းရှုံ၍ လက်ဝှေ့ယမ်း လိုက်သည်။ သည်အခါ သူ့နဂါးလိပ်က အနက်ရောင် အလင်းတန်း အဖြစ်သို့ ပြောင်းပြီး သူ့ထံသို့ ပျံသန်းလို့လာ၏။

သို့ရာတွင် အပျက်အစီး ကြယ်များက သည်အနက်ရောင် အလင်းတန်းကို တုံ့ပြန်မှု မပြုပေ။ ၎င်းကို အဘိုးအိုထံသို့ ရောက်ရှိ ခွင့်ပြုလိုက်သည်။ သည်အလင်းတန်းက အဘိုးအိုရှေ့သို့ ရောက်သည်နှင့် နဂါးလိပ်အသွင် ပြန်ပြောင်းသွား၏။

အဘိုးအိုက သားရဲအပေါ်သို့ ပြန်တက်၍ ပို၍ နက်သည့် နေရာသို့ ဆက်သွားလေ၏။

ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူက ချက်ချင်း ထမလှုပ်ရှားသေးပဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေတုန်းပင်။

ဝမ်လင်းက ခုနှစ်ရက်ကြာ စောင့်ဆိုင်းလို့ နေ၏။ ခြင်သားရဲကိုလည်း သိုလှောင်အိတ်ထဲသို့ ပြန်ထည့်ထားခြင်း မပြုပေ။ သည်သားရဲက မူလကတည်းက နတ်ဆိုးပင်လယ်မှ ဖြစ်၏။ အခုချိန်က သူ့အိမ်သူ ပြန်ရောက်နေသလို ဖြစ်ပြီး ၎င်းသားရဲက သက်တောင့်သက်သာ ဖြစ်လို့နေသည်။

ခုနှစ်ရက် ကြာပြီးနောက် နဂါးလိပ်၏ အသွင်က တစ်ဖန် ပြန်ပေါ်လာပြီး ၎င်းသားရဲ ခေါင်းပေါ်တွင်တော့ အဘိုးအိုက ထိုင်လျက်ရှိနေ၏။ အဘိုးအို၏ ဘေးတွင် ရွှေရောင် အလင်းပါး ခုနစ်ခုက လျင်မြန်စွာ ရွေ့လျားနေကြသည်။

သို့သော် ၎င်းအလင်းများက အဖိုးအို‌ဘေးမှ လွတ်မြောက်ရန် ကြိုးစားတိုင်း အလင်းမျက်နှာပြင်တစ်ခုက ၎င်းတိုး၏လမ်းကြောင်းကို ပိတ်ဆို့လေ၏။

အဘိုးအိုက ဝမ်လင်းကို အံ့ဩဟန်ဖြင့် ကြည့်သည်။ သို့သော် သူက ဘာမှပြောဆိုခြင်း မပြုဘဲ သူလာသော လမ်းကြောင်းအတိုင်း ပြန်ထွက်ခွာသွား၏။ သူက ထွက်ခွာလာပြီးနောက် ပြုံး၍ သူ့လက်ကို မြှောက်ကာ ရွှေရောင် အလင်းတန်းများထဲမှ တစ်ခုကို ဖမ်းဆုတ်၍ ဝမ်လင်းထံသို့ လှမ်းပစ်၍ ပြောလိုက်သည်။ “ရောင်းရင်း ကျင့်ကြံသူ… ငါမင်းကို ရောင်ဝါစုံ မီးအမျှင်တန်းကို ပေးလိုက်မယ်…”

ရွှေရောင် အလင်းတန်းတစ်ခုက လျှပ်စီးတစ်ခုအလား ဝမ်လင်းထံသို့ တိုးဝင်လို့သွား၏။ ချက်ချင်းပင် သည်အလင်းတန်းက သူ့ရှေ့သို့ ရောက်လာခဲ့၏။

ဝမ်လင်းအသွင်က တည်ငြိမ်လျက်ပင်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး လေထဲသို့ လက်ညွှန်လိုက်ရာ သူ့သေခြင်းရှင်ခြင်း နယ်ပယ်က ချက်ချင်း အသက်ဝင်လာခဲ့၏။ သည်လို သူ့နယ်ပယ်ကို ထုတ်ဖော်လိုက်သည်နှင့် ရွှေရောင်အလင်းတန်းသည် အရှိန် လျော့ကျသွားပြီး ဝမ်လင်း လက်ညှိုးထိပ်တွင် လှည့်ပတ်လို့နေ၏။

ဝမ်လင်းက အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။ “ ငြင်းဆိုရင် မလေးစားရာ ကျသွားမှာပေါ့…”

အဘိုးအို၏ မျက်လုံးက လက်ခနဲ ဖြစ်သွားလေ၏။ သူက ခုချိန်တွင် ဝမ်လင်းမှာ စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်တစ်ယောက်မှန်း သေချာသိလိုက်၏။ တကယ်တော့ သည်ရောင်ဝါစုံမီးက စဦး စိတ်ဝိညာဉ် အဆင့်တစ်ယောက်ကို ဝါးမျိုနိုင်လေ၏။ မူလ စိတ်ဝိညာဉ် ဖြစ်ပေါ်ပြီး သူမှသာလျှင် ၎င်းကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ကြ၏။

သည့်နောက် အဘိုးအိုက လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။ “ရောင်းရင်းက ငါနဲ့ မပူးပေါင်း ချင်မှတော့ ငါထွက်သွားတော့မယ်…” သူက သူ့အောက်ရှိ သားရဲကို ပုတ်၍ ထွက်ခွာ သွားလေတော့သည်။

ဝမ်လင်းက သည်ရွှေရောင် အလင်းတန်းကို ကြည့်ငေးလျက်ရှိသည်။ သို့သော် သည်အခိုက်တွင် သူ့ရှေ့တွင် ခြင်သားရဲ ပေါ်လာခဲ့ပြီး ၎င်းကလည်း ရွှေရောင်အလင်းတန်းကို စူးစိုက် ကြည့်လို့နေ၏။ ခြင်သားရဲ၏ မျက်လုံးထဲတွင် ကြောက်လန့်မှုနှင့် လောဘကြီးမှုတို့က ပေါင်းစပ် ဖြစ်ပေါ် သွားလေ၏။

၎င်းခြင်သားရဲက သည်အလင်းတန်းကို ဝါးမျိုချင်ပေမဲ့ မဝံဖြစ်နေသည့်ပုံပင်။

ဝမ်လင်းက သူ့လက်ချောင်းထိပ်ရှိ အမိန့်နာခံနေသော သည်ရွှေရောင်အလင်းကို ကြည့်၍ အံ့အားသင့်မိ နေသည်။ ထို့နောက်သူက ခြင်သားရဲကို မေးလိုက်၏။

“ဒီဟာက မင်းအတွက် အသုံးဝင်လား…”

ခြင်သားရဲက ခေါင်းညိတ်မလို လုပ်ပြီးမှ ကြောက်လန့်တကြား ဖြစ်သွားပြန်၏။

ဝမ်လင်းက သူ့သေခြင်းရှင်ခြင်း နယ်ပယ်မှ သေခြင်းကို အသက်သွင်း လိုက်ပြီးနောက် ရွှေရောင် အလင်းတန်းကို ဝန်းရံလိုက်သည်။ သည်အလင်းက ချက်ချင်း တုန်ခါလာပြီး မှိန်ဖျော့ လာပြီးနောက် မတည်မငြိမ် ဖြစ်လာလေ၏။

ခြင်သားရဲက ဝမ်လင်းသည် သည်ဖျော့တော့လာသော ရွှေရောင်အလင်းကို သူ့ထံသို့ ပစ်လိုက်သည်ကို တွေ့လိုက်ရသဖြင့် ပျော်ရွှင်လို့သွား၏။

ရုတ်တရက် သည်ရွှေရောင်အလင်းက ခြင်သားရဲ ခေါင်းထဲသို့ ဝင်ရောက်လို့သွားသည်။

ခြင်သားရဲက မြေပေါ်တွင် လူးလှမ့်နေပြီး အထိတ်တလန့် အော်ညည်းလို့နေ၏။ သို့သော် ၎င်းမျက်လုံးထဲတွင်တော့ အပျော်များ ရှိလို့နေ၏။

ဝမ်လင်းက ခြင်သားရဲကို ကြည့်ရင်း အံ့ဩနေမိသည်။ သုံးနာရီခန့် ကြာပြီးနောက် ခြင်သားရဲက လူးလှိမ့်နေသည်ကို ရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ ပလုံစီအသံများ ထွက်ပေါ်လာပြီး အရွယ်အစား ပိုကြီးလို့ လာ၏။

ခြင်သားရဲက ခုချိန်တွင် မီတာ (၃၀) ခန့် ကြီးမားလို့နေပြီး တောင်အသေး တစ်လုံးအလားပင်။

၎င်း၏ ခြင်နှာမောင်းများကလည်း ပို၍ ရှည်လျားလာခဲ့သလို ၎င်းသားရဲက ပို၍ ထိန့်လန့်ဖွယ် ကောင်းလာခဲ့သည်။

အမှန်တော့ သည်ရောင်ဝါစုံမီးက စဦးစိတ်ဝိညာဉ်များကို ဝါးမျို၍ ကြီးထားနိုင်သလို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူများ အတွက်တော့ ၎င်းကို ထိန်းချုပ်ပြီး ရတနာများ သန့်စင်ရန် အတွက် အရာတစ်ခု ဖြစ်လေသည်။ သားရဲများက ပုံမှန်ဆိုရင် ရောင်ဝါစုံမီး၏ အဝေးမှာ နေလေ့ရှိသည်။

သို့သော် ခြင်သားရဲက ဝမ်လင်းနောက်သို့ အချိန်အတော်ကြာ လိုက်လာပြီး ဖြစ်သည့်အတွက် ဆေးလုံးများစွာကို ဝါးမျိုပြီးနောက် အဆင့်နိမ့် စိတ်ဝိညာဉ်သားရဲ အဆင့်မှ အလယ်အလတ် စိတ်ဝိညာဉ် သားရဲအဆင့်သို့ မြှင့်တက် လာခဲ့သည်။ သည်အဆင့်က စဦးစိတ်ဝိညာဉ် နောက်ဆုံး အဆင့်နှင့် ညီမျှလေသည်။

ပုံမှန်အားဖြင့် ခြင်သားရဲက ရွှေရောင် အလင်းတန်းကို မပေါင်းစပ်နိုင်ပေ။ သို့သော် ဝမ်လင်း၏ သေခြင်းနယ်ပယ် ၎င်းမီးကို အားနည်းအောင် လုပ်လိုက်ပြီးနောက် ခြင်သားရဲက စုပ်ယူနိုင်ခဲ့၏။

ဝမ်လင်းက မတ်တတ်ရပ်၍ ခြင်းသားရဲ ပုတ်လိုက်သည်။ ခြင်သားရဲက ချက်ချင်း အရိပ်အမြွက် နားလည်လိုက်ပြီး သိုလှောင်အိတ်ထဲသို့ ပြန်ဝင်သွားလေ၏။

အချိန်တစ်ခုကြာပြီးနောက် ဝမ်လင်းက အပျက်အစီး ကြယ်များထဲရှိ အဝန်းအဝိုင်းကို ဖြတ်သန်း လာခဲ့သည်။ သူက သည်အပျက်အစီး ကြယ်များထဲရှိ အဝန်းအဝိုင်းကို အမြုတေ ဖွဲ့တည်ခြင်း အဆင့်ထဲက လွယ်ကူစွာ ဖြတ်ကျော်နိုင်ခဲ့သည် မဟုတ်လော။

သူ့သေခြင်းရှင်ခြင်းနယ်ပယ်ကြောင့် သူ့ပုံတူက သူ့ထက် အလွန်အားနည်း ရလေသည်။

သည်အဝန်းအဝိုင်းကို ဖြတ်ကျော်ပြီးနောက် သူက ရပ်တန့်ခြင်း မပြုဘဲ ရှေးဟောင်း နတ်ဘုရား နယ်မြေရှိရာဆီသို့ ဆက်၍ လျင်မြန်စွာ သွားသည်။

သူက သိပ်မကြာခင်မှာ ဝင်ပေါက်သို့ ရောက်လာခဲ့တော့သည်။ သူက အထဲသို့ ခြေလှမ်းမလှမ်းခင် ခြင်သားရဲက ပျံသန်းထွက်လာခဲ့၏။ ဝမ်လင်းက အထဲသို့ မဝင်ခင် ဝမ်လင်း အနားတွင် လှည့်ပတ်လို့နေ၏။ သူက ဝမ်လင်းကို တောင်းပန်သည့် အကြည့်ဖြင့် ကြည့်သည်။

ဝမ်လင်းက နတ်ဘုရားအာရံကို ဖြန့်ကျက်လိုက်ရာ အကွာအဝေး တစ်ခုတွင် သေးငယ်သော အက်ကြောင်းတစ်ခုကို တွေ့လိုက်ရ၏။ သည်သေးငယ်သော အက်ကြောင်းထဲမှ ရွှေရောင် အလင်းတန်းတစ်ခုက တောက်ပစွာ ထွက်လာခဲ့တော့သည်။

ထိုအရာကို တွေ့လိုက်သည်နှင့် ဝမ်လင်းက သဘောပေါက် လိုက်ပြီး ရယ်မော လိုက်သည်။ “ဘာလဲ…တစ်ခုက မလုံလောက်သေးလို့လား…”

ခြင်သားရဲက လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။ ၎င်းသားရဲက သူ့နှာမောင်းဖြင့် ဝမ်လင်းကို ပွတ်သပ်၍ ကျေနပ်အောင် ကြိုးစားလို့နေသည်။ တစ်ယောက်ယောက်က သည်အရာကို မြင်လျှင် သည်ခြင်နှာမောင်းဖြင့် ခုလို ပွတ်သတ်ခြင်းကို ခံရမှာ မဟုတ်ပေ ကြောက်လန့် နေပေလိမ့်မည်။

ဝမ်လင်းက ပြုံး၍ အကွာအဝေးတစ်ခုရှိ ရွှေရောင် အလင်းတန်းကို ကြည့်ကာ ပြောလိုက်သည်။ “ အလျင်မလိုပါနဲ့…။ ဒီအနီးအနားမှာ အတားအဆီး အစီအရင်တွေ ချထားခဲ့မယ်။ ဘယ်သူကမှ ငါတို့ကို မနှောက်ယှက်ဘူး။ နောက်ကျရင် ငါ ဒီဟာတွေကို မင်းအတွက် စုဆောင်းပေးပါ့မယ်…”

ဝမ်လင်းက ထိုသို့ ပြောလိုက်ပြီးနောက် လက်လှုပ်ရှားလိုက်ရာ အတားအဆီးများစွာ ထွက်ပေါ်လာခဲ့၏။ သည်အတားအဆီးများက ဝမ်လင်း စဦးစိတ်ဝိညာဉ် အဆင့်တုန်းက ပြုလုပ်ခဲ့သော အတားအဆီးများနှင့် အလွန်ခြားနားနေပြီ ဖြစ်သည်။ အခု အတားအဆီးများတွင် သူ့နယ်ပယ် စွမ်းအားပါ ပါဝင်သဖြင့် ယခင်ထက် အစများစွာ အစွမ်းထက် လာခဲ့ပြီ ဖြစ်၏။

သည်အတားအဆီးများက လျင်မြန်စွာ ပျံ့နှံ့ လာခဲ့ပြီးနောက် ကြီးမားသည့် အစီအရင် တစ်ခုအဖြစ် မီတာရာပေါင်းများစွာကို ဖုံးလွှမ်း သွားလေတော့သည်။

သူက ထိုသိုလုပ်ဆောင်ပြီးနောက် နောက်ထပ် ရွှေရောင်အလင်းများ ရှိရာနေရာသို့ ရောက်သွားလေ၏။ သည်အခိုက်တွင် သည်ရွှေရောင် အလင်းမျာက သတိပြုမိဟန် ပေါ်သွားပြီး နောက်သို့လျင်မြန်စွာ ဆုတ်၍ ပြေးလေသည်။ မျက်စိတစ်မှိတ် အတွင်း အများစုက အက်ကြောင်းထဲသို့ ပြန်ရောက် သွားတော့၏။

ခြင်သားရဲက ထိန့်လန့်နေပြီး လှုပ်ရှားခြင်း မပြုရဲဘဲ ဝမ်လင်းကိုသာ ကြည့်၍ နေ၏။

ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားလေသည်။ ထို့နောက်သူက လက်ဆန့်ထုတ် လိုက်သည်။ သည်အခါ သူက ရွှေရောင် အလင်းတန်း တစ်ခုကို လှမ်းမိလိုက်ပြီး ခက်ခက်ခဲခဲ လှမ်းဆွဲ ယူလိုက်ရ၏။ သေခြင်းနယ်ပယ်က လျင်မြန်စွာ အသက်ဝင်သွားပြီး သည်ရွှေရောင် အလင်းများ မှိန်ဖျော့လို့ သွား၏။ သူက ၎င်းကို လေထဲသို့ ပစ်လိုက်ရာ ခြင်သားရဲနှင့် ပေါင်းစပ်လို့သွား၏။

သည်အခိုက်တွင် သည်ရွှေရောင် အလင်းတန်း ထွက်လာသော အက်ကြောင်းမှာ စတင် ကြုံ့လာခဲ့သည်။ ၎င်းအက်ကြောင်းက ပျောက်ကွယ်လုမတက် ဖြစ်နေစဉ် ဝမ်လင်းက သူ့မူလ စိတ်ဝိညာဉ်ကို ထုတ်ဖော် လိုက်ပြီးနောက် သည်အက်ကြောင်းထဲသို့ ဝင်ရောက်စေလိုက်သည်။

သူ့မူလစိတ်ဝိညာဉ်က အထဲသို့ ဝင်သွားသည့် အခိုက်မှာပင် သူ့မျက်လုံးများက ရွှေရောင် အလင်းများကြောင့် ဘာမှ မမြင်လု ဖြစ်သွားရသည်။ သူ သည်ရွှေရောင် အလင်းများ ထုတ်လွှတ်နေသော ဧရာမ ခန္ဓာကိုယ်ကြီး တစ်ခုကို တွေ့လိုက်ရပြီး သည်နေရာတွင် မရေမတွက် နိုင်သော ရွေရောင်အလင်းများက လှုပ်ရှားလို့နေကြသည်။

ဝမ်လင်းက သည်အလင်တန်းများကို လက်အပြည့် လှမ်းဖမ်းဆုပ်ကာ မူလစိတ်ဝိညာဉ်ထဲသို့ ထည့်သွင်းလိုက်၏။ သည့်နောက်သူက လျင်မြန်စွာပင် ပြန်ထွက် လာခဲ့တော့သည်။

သူ့မူလ စိတ်ဝိညာဉ်က အက်ကြောင်းထဲမှ ပြန်ထွက်လာသည့် အခိုက်တွင် သည်အက်ကြောင်းမှာ လုံးဝ ပြန်ပိတ်သွားပြီ ဖြစ်သည်။ ဆယ်ခုထက်ပိုသော ရွှေရောင် အလင်းများက သူ့ သေခြင်း နယ်ပယ်၏ စွမ်းအားကြောင့် မှိန်ဖျော့လို့ သွားလေ၏။ ထို့နောက် ဝမ်လင်းက သည်မှိန်ဖျော့ သွားသော အလင်းတန်းများကို ခြင်သားရဲထံသို့ ပစ်ပေးလိုက်လေ၏။

ခြင်သားရဲက စိတ်လှုပ်ရှားလို့ နေသည်။ သူ့တွင် ဝါးမျိုရန် ရွှေရောင် အလင်းတန်းများစွာ ရှိလို့နေသည်။ သည့်နောက် ဝမ်လင်းက ပြောလိုက်၏။ “မင်းက ဒီနေရာမှာ ဖြည်းဖြည်းချင်း စားနေခဲ့။ ငါက ရှေးဟောင်း နတ်ဘုရား နယ်မြေထဲကို ခရီးတစ်ခု သွားစရာရှိတယ်…”

ထိုသို့ပြောပြီးနောက် သူ့ခန္ဓာကိုယ်က ပျောက်ကွယ်လို့ သွားသည်။ သူက ပြန်ပေါ်လာသည့် အခိုက်တွင် ရှေးဟောင်းနတ်ဘုရားနယ်မြေ၏ ဝင်ပေါက်တွင် ရောက်လို့နေခဲ့ပေပြီ။ သူက အသက်ဝဝ ရှူသွင်းလိုက်ပြီးနောက် သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားလေသည်။ သူက အံကြိတ်၍ ရှေးဟောင်းနတ်ဘုရား၏လေသံအတိုင်း စကားတချို့ ပြောလိုက်သည်။ သည်အခါ ရုတ်တရက် သူ့ ခန္ဓာကိုယ်က မှုန်ဝါးကာ ပျောက်ကွယ်လို့သွားတော့၏။

ဝမ်လင်းက ပထမ စမ်းသပ်ချက်၏ အဆုံးမရှိ နက်မှောင်နေသော ဥမင်ထဲရှိ လှည့်ပတ် နေသော ကျောက်တိုင်ကြီး တစ်ခု၏ ထပ်တွင် ပြန်ပေါ်လာခဲ့သည်။

သူက သည်နေရာကို ပြန်ရောက် လာပြီးနောက် ဝမ်းနည်းမှုကို ခံစားနေရ၏။ သို့သော် သူက အမြန် အလျင်လို နေသည်။ သူက ချက်ချင်းထိုင်ချလိုက်ပြီး အတားအဆီးများကို ထုတ်ဖော်၍ နောက်ဆုံးတွင် မှင်ကျောက်တုံးကိုပါ ထုတ်ဖော်လိုက်သည်။

ဝမ်လင်းက အသက်ဝဝ ရှူလိုက်ပြီးနောက် မှင်ကျောက်တုံးပေါ်ရှိ လွတ်နေသော နေရာများတွင် အတားအဆီး တစ်ခုပြီးတစ်ခု ထားလို့နေ၏။

တဖြည်းဖြည်းဖြင့် မှင်ကျောက်တုံးပေါ်တွင် အတားအဆီးများ များသထက် များလာခဲ့သည်။

သူက အခုလိုစဦး အဆင့်တစ်ခုကို ပြုလုပ်ပြီးနောက် စိတ်ဝိညာဉ် အလံကို ထုတ်ယူ လိုက်သည်။ သည်အတားအဆီးများနှင့် အလံကို ပေါင်းစပ်၍ ဆက်ကာ ဆက်ကာ သန့်စင်လို့ နေသည်။

အချိန်က တဖြည်းဖြည်းဖြင့် ကုန်ဆုံးလာခဲ့သည်။ သူ့တွင် အချိန်သိပ်မရသဖြင့် ဝမ်လင်းက တက်နိုင်သမျှ မြန်အောင် ပြုလုပ်လို့နေသည်။

သည့်နောက် အလံပေါ်တွင် အတားအဆီးများက (၉၉၉)ခု ထိရှိလာခဲ့လေပြီ။ ပထမဆုံး အဆင့်ကို ပြီးမြောက်ရန်တွက် အတားအဆီး တစ်ခုသာ လိုတော့ပေ၏။

သည်အခိုက်တွင် ဝမ်လင်းက ချီတုံ့ချတုန် ဖြစ်လာခဲ့သည်။ သူ ခန့်မှန်းချက်က မှားသွားမည် ဆိုပါက နတ်ဘုရားပြစ်ဒဏ်က ကျဆင်းလာမည် ဖြစ်သည်။ သည်အခါ သည်အလံကို ကာကွယ်ရန် အလွန်ခက်ခဲ သွားပေလိမ့်မည်။

၎င်းက ပျက်စီး သွားသည်ဆိုလျှင် သူ့တွင် မှင်ကျောက်တုံးများ ထပ်မံ မရှိတော့သဖြင့် လီမူဝမ်ကို ပေးခဲ့သော အလံကိုသာ ပြန်ယူရန် ရှိတော့၏။

သူက ခုချိန်ရပ်မည်ဆိုလျှင် ခုထပ်မံ ပြုလုပ်နေသော အတားအဆီးအလံက အားနည်းမည် ဖြစ်သော်လည်း ပျက်စီး သွားလိမ့်မည်တော့ မဟုတ်ပေ။

သူက အနည်းငယ် စဉ်းစား လိုက်ပြီးနောက် သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားခဲ့သည်။ သည်အတားအဆီး အလံက ပထမ ပြီးပြည့်စုံခြင်း အဆင့်ကို မရောက်လျှင် မိုးကောင်းကင်ဘုံ နယ်မြေတွင် အသုံးပြုရန် အလွန်အားနည်း ပေလိမ့်မည်။

သူက အံ့ကြိတ်၍ နောက်ဆုံး အတားအဆီးတစ်ခုကို အတားအဆီး အလံပေါ်သို့ တင်လိုက်တော့၏။

ရုတ်တရက် အလံက တုန်ခါလာပြီး အမည်းရောင် အခိုးငွေ့များကလည်း ၎င်းထံမှ ထွက်ပေါ် လာခဲ့သည်။ ဝမ်လင်းက ၎င်းကို သူ့နတ်ဘုရား အာရုံဖြင့် သေချာ စစ်ကြည့်လိုက်ရာ တုန်လှုပ် မိသွားသည်။ သူက အတားအဆီး အလံ၏ စစ်မှန်သော တိုက်ခိုက်မှု တစ်ခုသည် အားကောင်းကြောင်း သိပြီး ဖြစ်၏။ သို့သော် သူက အခုတစ်ကြိမ် ပြုလုပ်လိုက်သော အတားအဆီး အလံက ယခင်ထက် အဆများစွာ ပိုအားကောင်း လာခဲ့လေသည်။

ရလဒ်အနေဖြင့် သည်အတားအဆီး အလံက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်များကိုပင် ထိတ်လန့်အောင် ပြုလုပ်နိုင်စွမ်း ရှိလို့နေ၏။

သည်အတားအဆီးများက တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ် သွားပြီးနောက် သူက အတားအဆီး အလံ၏ စိတ်ဝိညာဉ် စွမ်းရည်ကို အသုံးပြုရန် အတားအဆီး ကိုးခုကို စတေးရနိုင်၏။

သည်စွမ်းရည်က ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ် စွမ်းအင်များကို ထိန်းချုပ် နိုင်လေသည်။ ကျင့်ကြံသူများ၏ စိတ်ဝိညာဉ် စွမ်းအင်များပင် ဧရိယာတစ်ခု အတွင်း စိတ်ဝိညာဉ် စွမ်းအင်များ ကင်းမဲ့အောင် လုပ်၍ ထိန်းချုပ်နိုင်၏။ ရလဒ်အနေဖြင့် ကျင့်ကြံသူများက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်သာ မရှိဘူးဆိုလျှင် ၎င်းတို့၏ စိတ်ဝိညာဉ် စွမ်းအင်ကို ထိန်းချုပ်နိုင်သော စွမ်းရည်သည် ခဏတာ ဆုံးရှုံး သွားရပေလိမ့်မည်။

ဝမ်လင်းမျက်လုံးများက တောက်ပလို့ နေသည်။ သူက အတားအဆီးအလံကို ကျစ်နေအောင် ဆုပ်ကိုင်ထား၏။ သည်ခရီးတွင် မိုးကောင်ကင်ဘုံ နယ်မြေအတွက် သူ့ယုံကြည့်မှုက များစွာ တိုးလာခဲ့ရလေသည်။

နတ်ဘုရား ပြစ်ဒဏ်က ရောက်ရှိလာခဲ့ခြင်း မရှိပေ။ ဝမ်လင်းက သူ့ထင်မြင်ချက် မှန်ကန်ခဲ့ပြီကို သိသဖြင့် အလွန်စိတ်လှုပ်ရှားလို့ နေ၏။

ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်က သူ့ကိုယ်ပိုင်နယ်မြေ တစ်ခုပင်။ ထို့ကြောင့် နတ်ဘုရား ပြစ်ဒဏ်က သည်အတားအဆီး အလံ၏ တည်ရှိမှုကို မခံစားနိုင်ခဲ့ချေ။

သူက အသက်ဝဝ ရှူ၍ အလံပေါ်တွင် အတားအဆီးများ ထပ်မံ ပြုလုပ်နေ၏။ သို့ရာတွင် သန့်စင်သော အတားအဆီး တိုက်ခိုက်မှုများစွာ မရှိသည့်အတွက် ၎င်းအလံက ဒုတိယမြောက် ပြီးပြည့်စုံခြင်း အဆင့်ကို မရောက်ရှိနိုင်ပေ။

***

All Chapters