← Chapters

အခန်း ၄၁၈

Vol. 41 Ch. 418

အခန်း ၄၁၈

Vol. 41 Ch. 418

အပိုင်း(၄၁၈)

အရိုးခြောက်ဘုရင်

မင်ခုန်း အနာဂတ် ၁၅နှစ်ဆီ နှင်ထုတ်ခံလိုက်ရပြီးနောက် ယွင်မုန့်စိမ့်တောက အရင်အတိုင်းပင် ပြန်အေးချမ်းသွားခဲ့သည်။

ဆန်းကြယ်တာဟူ၍ အဆက်မပြတ်စီးဆင်းနေသော အဝါရောင်စမ်းချောင်းတစ်ခုသာ ရှိတော့၏။

စိမ့်တောအလယ်ဗဟိုတွင်တော့ ကီလိုမီတာ ၈၀ အချင်းရှိသည့် သေခြင်းစွမ်းအင်များရစ်သိုင်းနေသော နယ်မြေတစ်ခု ရှိနေခဲ့သည်။

သို့သော် ကမ္ဘာ့နိယာမများက ဖိနှိပ်ထားသောကြောင့် နယ်မြေ၏ ဆက်လက်ပြန့်ကားလာမှုက တဖြည်းဖြည်းပိုပိုနှေးလာနေခဲ့၏။

ပြင်ပနှောင့်ယှက်မှူတစ်ခုခုသာ ရှိမလာခဲ့လျှင် အခြေအနေက ဤအတိုင်းပင် ဆက်ရှိသွားတော့မည့်ပုံပင်။

ထိုစဉ် ရုတ်ချည်းဆိုသလို သေခြင်းနယ်မြေပြန့်ကားမှုက ဝုန်းကနဲ အရှိန်မြင့်သွားခဲ့လေသည်။

ထို့နောက် စမ်းချောင်း၏ အလယ်တွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။

ပုံရိပ်တစ်ခုက လူသဏ္ဍာန်ရှိပြီး တစ်ခုကတော့ ထူးဆန်းပေသည်။ သူ့တွင် ရှည်လျားသော ဦးချိုကြီးနှစ်ချောင်းရှိနေပြီး သူ့မျက်နှာကလည်း ဆိတ်နှင့်အလွန်တူလှ၏။

“မင်ခုန်းဘယ်မှာလဲ” ဆိတ်မျက်နှာနှင့်အရိပ်အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်သည်။

လူပုံစံအရိပ် လျှို့ဝှက်နည်းစနစ်တစ်ခုကိုသုံးကာထောက်လှမ်းလိုက်ပြီး အတန်ကြာအောင်တိတ်ဆိတ်သွားပြီးနောက် သူ့အမူအရာပြောင်းလဲသွားခဲ့၏။

“သူမရှိတော့ဘူး”

ဆိတ်မျက်နှာအရိပ်တုန်လှုပ်သွားခဲ့သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဆရာက သူ့ကိုအဲ့ဒီလျှို့ဝှက်လက်နက်ပေးထားတာမလား ဒီကမ္ဘာပေါ်က ဘယ်သူက သူ့ကိုသတ်နိုင်မှာလဲ”

လူအရိပ်‌အေးစက်စက်ပြန်ပြောလိုက်၏။

“သူ့အရိပ်အယောင်တကယ်ရှိမနေတော့တာ သူသေတာမဟုတ်ရင် ဟိုးအဝေးကြီးကိုရောက်သွားတာပဲ ဒီကမ္ဘာပေါ်မှာ မဟုတ်တော့တာတော့ သေချာတယ်”

“ဒါ‌ဆို သူဒီကျင့်ကြံခြင်းကမ္ဘာမှာ မရှိတော့တာပဲ ဖြစ်ရမယ်” ဆိတ်မျက်နှာနှင့်လူ ခပ်ပြတ်ပြတ်ပြောလိုက်သည်။

“အဲ့ဒီရတနာနဲ့ဆို သူ့ကိုဘယ်သူမှ မသတ်နိုင်သင့်ဘူး”

လူအရိပ်လှောင်ပြုံးပြုံးလိုက်၏။

“အသုံးမကျတဲ့အရူး ဆရာ့ရတနာနဲ့တောင် ဒီလာပြီး ဘာမှလုပ်ပြမသွားနိုင်ဘူး ငါတို့သူကို ဆက်အားကိုးနေလို့မဖြစ်တော့ဘူး ကိစ္စတွေကို ငါတို့ကိုယ်တိုင်ပဲ ကိုင်တွယ်ရမယ်”

ဆိတ်မျက်နှာအရိပ်ပတ်ပတ်လည်ကို အာရုံခံလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။

“သေခြင်းတရားနဲ့ထိုက်တန်တဲ့သူတွေအများကြီးပဲ…ငါတို့ ဘယ်ကစလိုက်သင့်လဲ”

လူမျက်နှာအရိပ်အေးအေးဆေးဆေးပြန်ဖြေလိုက်၏။

“မင်ခုန်းက လျှို့ဝှက်လက်နက်ကိုယူသွားပြီ‌ဆိုတော့ ငါတို့မှာ လူအင်အားနည်းနေပြီ ငါတို့နှစ်ယောက်တည်းနဲ့ တာ၀န်ကိုပြီးအောင်လုပ်နိုင်မှာမဟုတ်ဘူး

ငါဒီမှာနေခဲ့မယ် မင်းက ပြန်သွားပြီး ဆရာ့ဆီက စစ်ကူထပ်တောင်းခံလိုက်”

ဆိတ်မျက်နှာနှင့်လူခေါင်းငြိတ်ပြလိုက်ပြီးနောက် အဝါရောင်စမ်း‌ချောင်းထဲ ၀င်ရောက်ပျောက်ကွယ်သွားခဲ့လေသည်။

ထိုစဉ် လူမျက်နှာအရိပ်ပတ်ပတ်လည်က ကုန်းမြေများကို တိတ်တဆိတ်စစ်ဆေးကြည့်နေခဲ့၏။

၂ရက်ကြာပြီးနောက် အဝါရောင်စမ်းချောင်းထဲမှ မတူညီသော ပုံသဏ္ဍာန်များရှိသည့် အရိပ် ၇ခု ၈ခု ထွက်ပေါ်လာခဲ့ပြီး သူတို့နောက်တွင်မူများစွာသော မသေဆုံးနိုင်သည့် စစ်သားများက ကုန်းမြေပေါ် တွားသွားတက်လာခဲ့ကြသည်။

ဆိတ်မျက်နှာလူ လူမျက်နှာအရိပ်ဆီလှည့်ကာ ပြောလိုက်၏။

“ဆရာက ပြောလိုက်တယ် ဒါက လက်ရှိငါတို့ခေါ်နိုင်တဲ့အင်အား အကုန်ပဲ ဒီထက်စွမ်းအားကြီးတဲ့သူတွေကို ခေါ်မရဘူး”

လူမျက်နှာအရိပ်မျက်မှောင်အနည်းငယ်ကြုံ့ကာအခြားသူများကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“သေဆုံးခြင်းစွမ်းအားက အားကောင်းတာမှန်ပေမယ့် ကျင့်ကြံခြင်းကမ္ဘာက လူတွေကလည်းအားနည်းမနေဘူး

ငါတို့ချည်းပဲဆို ရိတ်သိမ်းဖို့ခက်နေမှာပဲ

ဆိုတော့ အရင်ဆုံးငါတို့တွေ အဝါရောင်စမ်းချောင်းကို အပြင်ထုတ်ပြီး သေခြင်းနဲ့ထိုက်တန်တဲ့သူတွေကို ရှာရမယ် အဲ့ဒီနည်းလမ်းနဲ့ဆို မသေဆုံးနိုင်တဲ့စစ်သည်တွေ အဆုံးမဲ့တိုးပွားလာမှာပဲ

မင်းတို့တစ်‌ေယာက်ချင်းစီက မသေဆုံးနိုင်တဲ့စစ်သည်တွေကို ဦးဆောင်ပြီး အဝါရောင်စမ်းချောင်းလမ်းကြောင်းကို ဖွင့်ရမယ် ကျင့်ကြံခြင်းကမ္ဘာရဲ့ ပညာရှင်တွေကိုတော့ ငါကိုယ်တိုင်သွားတွေ့မယ်”

ထို့နောက် လူမျက်နှာအရိပ် လူဦးရေအထူထပ်ဆုံးဖြစ်သော လန်ကျားအထွတ်အမြတ်မြေတည်ရှိရာသို့ ဦးတည်ပျံသန်းသွားခဲ့လေသည်။

ရှို့ယိဘုရားကျောင်း ယွင်ရှောင်နန်းတော်တို့နှင့်ယှဉ်လျင် လန်ကျားအထွတ်အမြတ်မြေက လူဦးရေများစွာထူထပ်သော နေရာဖြစ်၏။

သူ့အရှိန်အဝါကို လုံး၀ဖုံးကွယ်မထားဘဲ လူအရိပ်မျက်နှာ လန်ကျားအထွတ်အမြတ်မြေ အစွန်အဖျားသို့ ရောက်ရှိလာခဲ့သည်။

လန်ကျားအထွတ်အမြတ်မြေတွင် သူတော်စင်သခင်၏အမူအရာချက်ချင်းပြောင်းလဲသွားခဲ့၏။

“ယွင်မုန့်စိမ့်တောမှာ တစ်ခုခုထပ်ဖြစ်ပြန်ပြီ သတိအပြည့်နဲ့နေကြ” သူ့နတ်အာရုံက လန်ကျားအထွတ်အမြတ်မြေတစ်ခွင် ဟိန်းထွက်သွားခဲ့သည်။

လူတိုင်းကို သတိပေးနေစဉ်မှာပင် သူချက်ချင်းဆိုသလို လန်ကျားကုန်းမြေတိုက်ကြီး အစွန်သို့ တဟုန်ထိုးပျံသန်းသွားကာ လူအရိပ်မျက်နှာလူ၏ လမ်းကို ပိတ်လိုက်၏။

“မင်းကဘယ်သူလဲ” သူတော်စင်သခင်အေးစက်စက်မေးလိုက်သည်။

လူသဏ္ဍာန်အရိပ်ကိုကြည့်နေရင်း သူ့စိတ်ထဲ အချက်ပေးခေါင်းလောင်းသံများ မြည်နေခဲ့၏။

နောက်ဆုံးတစ်ခေါက် ၀တ်ရုံနက်ပေါ်လာပြီးနောက် နောက်ထပ်မကောင်းဆိုးဝါးတစ်ကောင်ထပ်ပေါ်လာခြင်းပေလော။

ယွင်မုန့်စိမ့်တောထဲတွင် ဘာတွေဖြစ်နေပါသနည်း။

“မင်းငါ့ကို မင်ယဲ့ လို့ခေါ်လို့ရတယ်”

အရိပ်ပြန်ပြောလိုက်၏။

“မင်းကငါ့ကိုတားဖို့စီစဉ်ထားတာလား”

သူတော်စင်သခင် လေးလေးနက်နက်ဖြေလိုက်သည်။

“ဒီနေရာရဲ့နောက်မှာ လန်ကျားအထွတ်အမြတ်မြေရှိတယ် မင်းကဒီနယ်မြေကို ကျူးကျော်ချင်တာဆိုရင်တော့ ငါ့မှာမင်းကိုတားဖို့ကလွဲ ရွေးစရာမရှိဘူး

ဒါပေမယ့် ငါနားမလည်တာတစ်ခုရှိတယ် ဘာလို့ မင်းတို့ကောင်တွေက လန်ကျားအထွတ်အမြတ်မြေကိုပဲ ကျူးကျော်ချင်နေကြတာလဲ မင်းတို့ဘာလုပ်ဖို့ ကြံနေကြပြန်ပြီလဲ”

ယခုအခါ သူပင် ထိုမကောင်းဆိုးဝါးများ၏ရည်ရွယ်ချက်ကို နားမလည်နိုင်တော့ပေ။

မင်ယဲ့မထူးခြားဟန်ဖြင့် ပြန်ပြောလိုက်၏။

“သေခြင်းနဲ့ထိုက်တန်တဲ့လူတွေဒီနေရာမှာ အများကြီးရှိနေတယ်”

“သေခြင်း ရှင်ခြင်း ပြန်လည်‌ေမွးဖွားခြင်းစက်၀န်းက ငါ့ဆရာရဲ့အခွင့်အာဏာအောက်မှာ တည်ရှိနေတာ

အဲ့တာကြောင့် သေသင့်ရက်နဲ့ မသေသေးတဲ့လူတွေက ငါ့ဆရာရဲ့ အခွင့်အာဏာကို အာခံနေကြတာပဲ

ငါ့ဆရာရဲ့ အာဏာကိုကာကွယ်ဖို့အတွက် ငါတို့က အဲ့ဒီလူတွေကိုသတ်ပြီး သူတို့နဲ့ သက်ဆိုင်တဲ့နေရာကို ပို့ပေးရမယ်”

သူတော်စင်သခင် လုံး၀ တုန်လှုပ်သွားခဲ့သည်။

ပြန်လည်မွေးဖွားခြင်း!

အခွင့်အာဏာ!

ပြီးတော့ သေသင့်တဲ့သူတွေဆိုတာ ဘယ်သူတွေကို ရည်ညွှန်းနေပါသနည်း။

မင်းယွဲ့ထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်အရှိန်အဝါကို အာရုံခံမိသောကြောင့် သူတော်စင်သခင်သတိထား၍ မေးလိုက်၏။

“မင်းပြောတာ ဘယ်သူတွေလဲ သူတို့က ဘယ်မှာရှိတာလဲ”

အကယ်၍ ယွင်မုန့်စိမ့်တောကပ်ဘေးကို ရှောင်ရှားဖို့ သာမန်လူအနည်းငယ် ဂိုဏ်းအနည်းငယ်ကို စတေးရမည်ဆိုလျှင် ထိုပမာဏလောက်ကို သူလက်ခံနိုင်ပေသည်။

နောက်ဆုံးတွင် ယွင်မုန့်စိမ့်တောဆိုသည်မှာ တားမြစ်နယ်မြေတစ်ခုသာ ဖြစ်၏။ တောင်တစ်သိန်းတောင်တန်းကတောင် လုံလောက်အောင် ကြောက်စရာကောင်းနေပြီဖြစ်လေရာ ယွင်မုန့်စိမ့်တောကလည်း မရိုးရှင်းလောက်ပေ။

မင်ယွဲ့ လန်ကျားအထွတ်အမြတ်မြေ အတွင်းပိုင်းထဲသို့ လက်ညှိုးထိုးလိုက်သည်။

“လီ ၇ထောင်အဝေးမှာ သေဖို့ထိုက်တန်တဲ့လူတွေ မရေတွက်နိုင်လောက်အောင် ရှိနေတယ်”

သူတော်စင်သခင်၏အမူအရာချက်ချင်း မည်းမှောင်သွားခဲ့၏။

သူ့ပစ်မှတ်က လန်ကျားအထွတ်အမြတ်မြေ ဖြစ်နေသည် မဟုတ်ပါလော။

“မင်းကလန်ကျားအထွတ်အမြတ်မြေကို တိုက်ခိုက်ချင်နေတာဆိုရင်တော့ မင်းအစီအစဉ်က စိတ်ကူးသက်သက်ပဲဖြစ်နေရမှာပဲ” သူအေးစက်စက်ပြောလိုက်သည်။

သူပြောနေရင်း သူ့တာအိုပိုင်နက်ကိုဖွင့်ထုတ်လိုက်ရာ ကောင်းကင်ပေါ်တွင် မဟာတာအိုများဖြင့် ပြည့်နှက်သွားခဲ့၏။

မင်းယွဲ့မောက်မာစွာ ရယ်မောလိုက်သည်။

“သိပ်ကောင်းတယ် ငါ့ကို မင်းတို့ကမ္ဘာကပညာရှင်တွေရဲ့ နည်းစနစ်တွေကို ပြစမ်းပါဦး”

ရုတ်ချည်းဆိုသလို သူ့ကိုယ်ထဲမှ မင်နှင့်တူသောအမှောင်ထု ပြန့်ကား‌ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်တစ်ခုလုံးက မည်းမှောင်သွားခဲ့၏။

သူ့ပတ်ပတ်လည်တွင် မှောင်အတိပြီးသော ကမ္ဘာကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် အဆုံးမဲ့‌ေသာအရိုးခြောက်စစ်သားများ ထိုအမှောင်ထုထဲမှ ထွက်ပေါ်လာခဲ့ပြီး သူတော်စင်သခင်ဆီ ပြေး၀င်သွားခဲ့ကြ၏။

“မောက်မာလွန်းမနေနဲ့” သူတော်စင်သခင် အော်ပြောလိုက်သည်။

မရေတွက်နိုင်သော စာအုပ်များ သူ့ပတ်ပတ်လည်တွင် ပေါ်ပေါက်လာခဲ့၏။

ထို့နောက် စာအုပ်များက ဖြည်းဖြည်းချင်းပွင့်လာခဲ့ပြီး စာအုပ်များထဲမှ ရွှေရောင်အလင်းများတောက်နေသော စာလုံးများ ထွက်ပေါ်လာခဲ့လေသည်။

ကုန်းရှို့ပင်းကိုဆုံးမရာ၌ သုံးခဲ့သော ပေတံလည်းသူ့လက်ထဲတွင် ပေါ်လာခဲ့၏။

သူပေတံကို မင်ယွဲ့ထံချိန်လိုက်ပြီး အမိန့်ပေးလိုက်သည်။

“လူသားကမွေးဖွားခဲ့သော သူသည် စည်းမျဉ်းကိုလုံး၀မလွန်ဆန်နိုင်စေရ”

ထိုအခါ ချက်ချင်းဆိုသလို တောက်ပနေသောစာလုံးများက ချိန်းကြိုးများအဖြစ် ‌အသွင်ပြောင်းသွားခဲ့ပြီး မင်ယွဲ့ကိုယ်ကို ပတ်သွားခဲ့၏။

သူ့ကိုယ်ပေါ် ကြီးမားသောဖိအားတစ်ခုသက်ရောက်လာသောကြောင့် မင်ယွဲ့အမူအရာမည်းမှောင်သွားခဲ့သည်။

မမြင်ရသောစည်းမျဉ်းများက သူ့စိတ်ရောကိုယ်ကိုပါ တုပ်နှောင်နေခဲ့ခြင်း ဖြစ်၏။

သူအသာအယာမျက်မှောင်ကြုံ့သွားခဲ့သည်။

“ငါကတစ္ဆေတစ်ကောင်ဖြစ်နေပြီးသားပဲလေ မင်းကငါ့ကိုချုပ်နှောင်ချင်သေးတာလား”

ထို့နောက်သူ ခပ်ဟဟရယ်မောလိုက်၏။

“စိတ်၀င်စားစရာပဲ”

သူ့စကားအဆုံး၌ သူနောက်တွင်ဧရာမအရိုးခြောက်ပလ္လင်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။

မင်ယွဲ့ ပလ္လင်ပေါ်ဖြေးဖြေးချင်းထိုင်ချလိုက်ပြီးနောက် သူ့အသွင်က အရိပ်သဏ္ဍာန်မှ စစ်မှန်သော အရိုးခြောက်ဘုရင်သဏ္ဍာန်ကို ကူးပြောင်းသွားခဲ့၏။

သူသည် သရဖူတစ်ခုကိုဆောင်းထားပြီး ကိုယ်ပေါ်တွင်နဂါးနက်၀တ်ရုံတစ်ခုရှိနေကာ လက်ထဲတွင်လည်း အလွန်ကြီးမားသော အရိုးတောင်ဝှေးတစ်ချောင်း ရှိနေခဲ့သည်။

သူတောင်ဝှေးကို သူတော်စင်သခင်ဘက်သို့ မြှောက်လိုက်ကာ အမိန့်ပြန်လိုက်၏။

“ငါ့မြင်ကွင်းမှာ ရှိနေသမျှနယ်မြေအားလုံးက ငါ့ပိုင်နက်ဖြစ်လာစေ”

ထိုအခါ မီးခိုးဖြူရောင်နယ်မြေတစ်ခုက ချက်ချင်း ပြန့်ကားလာခဲ့လေသည်။

ထိုနယ်မြေ သူတော်စင်သခင်၏ရွှေရောင်စာလုံးနယ်မြေနှင့်ထိပ်တိုက်မိသွားသော အခါတွင်တော့ ပေါက်ကွဲမှုများကနေရာအနှံ့တွင် ပေါ်ပေါက်လာခဲ့၏။

ထိုအခိုက်တွင် မီးခိုးဖြူရောင်စွမ်းအားက ဖြည်းဖြည်းချင်း အရည်ပျော်လိုက်လာသော်လည်း သူတော်စင်သခင်၏ရွှေရောင်စာလုံးနယ်မြေကလည်း တဖြည်းဖြည်း မီးခိုးဖြူရောင်အဖြစ် ပြောင်းလဲသွားခဲ့ရသည်။

All Chapters