← Chapters

အခန်း ၄၂၀

Vol. 41 Ch. 420

အခန်း ၄၂၀

Vol. 41 Ch. 420

အပိုင်း(၄၂၀)

စစ်ပွဲမိစ္ဆာ

“မင်ယွဲ့ တကယ်ပဲမင်းကိုး” ဂူဒူအာအေးအေးဆေးဆေးပြောလိုက်သည်။

မင်ယွဲ့၏ ဧရာမအရိုးခြောက်မေးရိုးကြီးက ဖြည်းဖြည်းချင်း လှုပ်ရှားလာခဲ့၏။

“မင်းငါနဲ့အတူ တိုက်ခိုက်ပေးရင်တော့ အတော်လေးအံ့ဩစရာတွေဖြစ်လာလိမ့်မယ်”

ဂူဒူအာ အသာအယာပြုံးလိုက်သည်။

“မင်းကငါတို့ကိုမင်းသခင်ဆီမှာ အမှုထမ်းစေချင်တာလား”

“မင်းတို့အားလုံးနောက်ဆုံးတော့ သေမှာပဲလေ” မင်ယွဲ့ ‌လှောင်ရယ်ရယ်ကာ ပြောလိုက်၏။

“ကံကြမ္မာကို ရှောင်လွှဲလို့မရမှတော့ ဘာလို့ငါ့ဆရာသခင်ဆီမှာ အမှုထမ်းဖို့ မ‌ေရွးချယ်ရမှာလဲ ရာထူးနေရာက အကန့်အသတ်ရှိတယ်နော် ငါ့ဆရာဆီစောစောသတင်းပို့ပြီး ရာထူးကြီးကြီးယူထားတာ ပိုကောင်းလိမ့်မယ်”

ဂူဒူအာမထူးခြားဟန်ဖြင့် ပြန်ပြောလိုက်သည်။

“မင်းတို့က သေခြင်းရှင်ခြင်း ပြန်လည်မွေးဖွားခြင်းအခွင့်အာဏာကို ထိန်းချုပ်ထားတယ်ဆိုရုံနဲ့ ငါတို့အားလုံးရဲ့ အသက်တွေက မင်းတို့ပိုင်တာလို့ ဆိုလိုနေတာမဟုတ်ဘူး

အခု ငါတို့ဒီရောက်နေပြီဆိုမှတော့ ဒီနေ့မင်းဖြစ်ချင်တဲ့ ဘယ်ကိစ္စမဆိုမဖြစ်နိုင်တော့ဘူးဆိုတာ မင်းသိသင့်တယ်

ဆုတ်လိုက်တော့”

မင်ယွဲ့သူ့အရိုးခြောက်လက်မောင်းကြီးကို ပလ္လင်လက်ရမ်းပေါ်တင်လိုက်ပြီး ခေါင်းခါလိုက်သည်။

“ဒီနေရာမှာ မင်းတို့ရှိနေတာက ငါ့ကိုတကယ်ပဲ အံ့အားသင့်သွားစေခဲ့ပါတယ်

အခု ငါအတော်လေးစိတ်၀င်စားနေမိတယ် မင်းတို့အားလုံးက ဒီမှာဘာလုပ်နေကြတာလဲ

ပြီးတော့ မင်းဘေးက ပုရွက်ဆိတ်လေး…” သူကျန်းယန်ကို ကြည့်လိုက်သည်။

“ဘာလို့ သူကထူးဆန်းသလို ငါခံစားနေရတာလဲ”

ကျန်းယန်ဆီမှ သူရင်းနှီးသောအရှိန်အဝါကိုခံစားမိနေသလို တစ်ချိန်တည်းမှာပင် အန္တရာယ်ရှိသော အငွေ့အသက်ကိုလည်း ခံစားနေရ၏။

ထိုခံစားချက်က သူ့ကိုအတော်လေး ပဟေဠိဖြစ်နေစေခြင်း ဖြစ်သည်။

အဘယ်ကြောင့် သာမန်ပုရွက်ဆိတ်လေးတစ်ကောင်ထံမှ ခြိမ်းခြောက်ခံရသလို ခံစားချက်ကို သူရရှိနေရပါသနည်း။

ကျန်းယန် အရိုးခြောက်ကြီးကိုကြည့်ကာယဉ်ကျေးစွာ ပြုံးလိုက်၏။

“စီနီယာမင်ယွဲ့ ဒီဂျူနီယာကျန်းယန်က စီနီယာ့ကို ဂါရ၀ပြုပါတယ်”

“ဟီးးဟီးး”

မင်ယွဲ့ ကြောက်စရာအသံကြီးဖြင့် ရယ်လိုက်လေသည်။

ထို့နောက်ကျန်းယန်ဂူဒူအာဘက်လှည့်ကာ အလွန်စိတ်မကောင်းဖြစ်နေဟန်ဖြင့် သက်ပြင်းချလိုက်၏။

“စီနီယာဂူ သူ့ကိုကြည့်ပါဦး ဘယ်လောက်သနားဖို့ကောင်းလိုက်လဲ သူ့မှာနားတောင်မရှိဘူး အဲ့တော့ သူများတွေပြောတာကို ဘယ်ကြားနိုင်တော့မှာလဲ

သနားစရာကောင်းလိုက်တာ သူ့အာရုံတွေကိုဆုံးရှုံးလိုက်ရပြီးတဲ့နောက်မှာ လူအထင်ကြီးခံချင်လွန်းလို့ သူ့ကိုယ်သူ ဒီကြောက်စရာပုံစံကြီးအဖြစ် ပြောင်းလဲထားခဲ့ရတာ

စီနီယာ ဒီလောက်သနားစရာကောင်းရလောက်အောင်

သိမ်ငယ်စိတ်၀င်နေတဲ့လူကို ဘယ်လိုသိခဲ့တာလဲ”

မင်ယွဲ့ကြောင်သွားခဲ့သည်။

ထိုပုရွက်ဆိတ်လေးက သူ့ကို သနားနေ‌ခြင်းပေလော။

ဆွံ့အနားမကြားတဲ့လား။

သိမ်ငယ်စိတ်၀င်နေတယ်တဲ့လား။

ဂူဒူအာ မင်ယွဲ့ကိုတစ်ချက်ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

“ငါလက်ခံတယ် သူကအတော်လေးသနားစရာကောင်းတယ်”

ဝုန်းး!

လေဟာနယ်ထဲတွင် ပေါက်ကွဲသံကြီးတစ်ချက် ဟိန်းထွက်သွားခဲ့၏။

မရေတွက်နိုင်သော အရိုးခြောက်စစ်သားများက ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားခဲ့ပြီး လေဟာနယ်ပင် တုန်ရီသွားခဲ့ရသည်။

မင်ယွဲ့အသံကအေးစက်နေခဲ့၏။

“စစ်ပွဲမိစ္ဆာ မင်းကတိုက်ခိုက်ချင်နေတာလား”

ဂူဒူအာ ပြုံးရုံသာပြုံးလိုက်သည်။

“ငါတို့အရင်က မတိုက်ခိုက်ဖူးတာကျနေတာပဲ”

သူဘေးတွင် သံသွေးစစ်အလံကိုထောင်လိုက်ကာ ခပ်အေးအေးပင် ကြည့်နေခဲ့၏။

မင်ယွဲ့၏ အခေါင်းပေါက်မျက်လုံးကြီးများက ဂူဒူအာ ဂူယန် ဂူချမ်းနှင့်အခြားသူများကို တစ်ချက်ကြည့်ပြီးနောက် နောက်ဆုံးတွင် သူတော်စင်သခင်ဆီ ‌ပြန်ရောက်သွားခဲ့သည်။

သူဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါဒီနေ့ အလျင်စလိုရောက်လာခဲ့ရတာမလို့ နောက်တစ်ကြိမ်ကျမှ မင်းနဲ့စာရင်းရှင်းမယ်”

ပြောပြီးသည်နှင့် သူ့အရိုးပလ္လင်ကြီးက ပျောက်ကွယ်သွားခဲ့လေသည်။

မင်ယွဲ့လည်း သူ့အရိပ်ပုံစံပြန်ပြောင်းသွားပြီး ယွင်မုန့်စိမ့်တောဆီ ပြန်လည်ဆုတ်ခွာသွားခဲ့၏။

လူတိုင်းက သူလုံး၀ ပျောက်ကွယ်သွားချိန်ထိ တိတ်တဆိတ်သာစိုက်ကြည့်နေခဲ့ကြသည်။

ထို့နောက်မှ ဂူဒူအာသံသွေးစစ်အလံကို ပြန်သိမ်းလိုက်ပြီး ကျန်းာယန်ကိုပြောလိုက်၏။

“သူမတိုက်ခိုက်ခဲ့တာကောင်းတယ် အခုသူက သူ့ရဲ့စွမ်းအားအပြည့်ဆုံးအချိန်မှာရှိနေတာ ငါကတော့ ငါ့စွမ်းအားရဲ့ တစ်၀က်ကိုပဲ သုံးနိုင်တယ် အခုချိန်သာတိုက်ခိုက်ရင် ဒုက္ခများသွားနိုင်တယ်”

ကျန်းယန်တိတ်တဆိတ်ခေါင်းငြိမ့်ပြလိုက်သည်။

ဂူဒူအာသည်သူ့ကို မြေအောက်ကမ္ဘာမိစ္ဆာနယ်မြေကို ဖွင့်ဖို့ သဲလွန်စပေးနေခြင်းဖြစ်မှန်း သူသိ၏။

သို့သော် မိစ္ဆာများက သူ့ကိုတွန်းအားပေးလေလေ သူကလည်း မလုပ်ချင်လေလေပင်။

ထိုမိစ္ဆာများ ဘာတွေကြံစည်နေလဲ သူအရင်သိထားဖို့ လိုသေးပေသည်။

ထိုအခါမှ သူတော်စင်သခင် သက်ပြင်းမောကြီးတစ်ချက် ချလိုက်၏။

“အားလုံးပဲ လာကူညီပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်

ဒီတစ္ဆေသံတမန်မင်ယွဲ့က ငါထင်ထားတာထက် အများကြီး ပိုသန်မာနေတယ် တိုက်ပွဲသာဆက်ဖြစ်နေရင် ငါရှုံးသွားလောက်တယ်”

ဂူဒူအာ သူ့ကိုအေးအေးဆေးဆေးတစ်ချက်ကြည့်လိုက်သည်။

“မင်းအကောင်းဆုံးလုပ်ခဲ့ပြီးပါပြီ

တစ္ဆေဘုံကတာအိုနယ်‌ပယ်တွေကြားထဲမှာတောင် မင်ယွဲ့က ထင်ရှားတဲ့သူတစ်ယောက်ပဲ

သူ့အဆင့်က မင်းတို့အခေါ် အစစ်အမှန်အမတ လို့ခေါ်လို့ရနိုင်တယ်”

သူတော်စင်သခင်ကြိတ်၍ သက်ပြင်းချလိုက်မိ၏။

ဤတိုက်ပွဲအတွင်း သူလုံး၀မခုခံနိုင်ဘဲ သူ့တာအိုဖိနှိပ်ခံလိုက်ရခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။

“အစစ်အမှန်အမတ ပညာရှင်တစ်ယောက်…”သူတော်စင်သခင် တီးတိုးရေရွတ်လိုက်မိသည်။

ထိုပညာရှင်မျိုးကို သူတို့အနာဂတ်တွင် မည်သို့ခုခံရပါမည်နည်း။

သူသည် ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်သာရှိသူဖြစ်ပြီး သူ့အတွက် အစစ်အမှန်အမတတစ်ယောက်ကို တိုက်ခိုက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပေ။

ကြည့်ရတာ လတ်တလောအခြေအနေတွင် သူတို့မိစ္ဆာများအပေါ်သာ မှီခိုရတော့မည့်ပုံပင်။

ကျန်းယန်ကိုကြည့်ရင်း သူတော်စင်သခင် အကူအညီမဲ့စွာ သက်ပြင်းချလိုက်ပြန်သည်။

“စိတ်ကောင်းရှိတဲ့ ငါ့တူ‌လေး …ငါတို့တွေ မင်းတို့အကူအညီကိုထပ်လိုလာမှာ ကြောက်မိတယ်”

ကျန်းယန်ခါးသက်သက်ပြုံးကာ ခေါင်းခါပြလိုက်၏။

“သူတော်စင်သခင် ကျွန်တော်တို့လန်ကျားအထွတ်အမြတ်မြေမှာပဲ အကြာကြီးနေလို့တော့ မရဘူး အဇူရာတိမ်ဂိုဏ်းမှာလည်း လုပ်စရာတွေအများကြီး ရှိနေသေးတယ်

ကံကောင်းတာက ကျွန်တော်တို့က နီးနီးလေးမှာ ရှိနေကြတာလေ တစ်ခုခုဖြစ်လာရင် ချက်ချင်း အကြောင်းကြားလိုက်ပါ ကျွန်တော်တို့ လာကူပေးပါ့မယ်”

သူတော်စင်သခင် ကျန်းယန်တို့ကိုနေစေချင်သော်လည်း အတင်းအကြပ်ခေါ်ထား၍ မရမှန်းလည်း သူသိ၏။

သို့သော် နောက်တစ်ခါ တစ္ဆေသံတမန်ရောက်လာလျှင် ဘယ်လိုလုပ်ပါမည်နည်း။

ထိုအခိုက်တွင် ပင်လယ်ကောင်းကင်မျှော်စင်သခင်လည်း ကျားရှန်နှင့်အတူ ရောက်ရှိလာခဲ့သည်။

တိုက်ပွဲပြီးဆုံးသွားပြီး သူတော်စင်သခင်တို့ကမိစ္ဆာများနှင့်အတူရပ်နေတာကို မြင်လိုက်ရသောအခါ သူတခဏအံ့အားသင့်သွားသော်လည်း သူတို့က မဟာမိတ်များဆိုတာ ချက်ချင်း သတိရသွားခဲ့၏။

“သူတော်စင်သခင် ဘာဖြစ်ခဲ့တာလဲ” သူအလျင်အမြန်မေးလိုက်သည်။

မျှော်စင်သခင်ကိုယ်တိုင်ရောက်လာပေးသောကြောင့် ကျေးဇူးတင်စကားပြောပြီးနောက် သူတော်စင်သခင် ရှင်းပြလိုက်၏။

“တစ္ဆေသံတမန်က အစစ်အမှန်အမတ ဖြစ်တည်မှုတစ်ခုပဲ ငါတို့အတွက် သူ့ကိုရင်ဆိုင်ဖို့က အတော်ကြီးခက်လိမ့်မယ်

ပြီးတော့ ယွင်မုန့်စိမ့်တောထဲမှာ အဲ့ဒီလို သံတမန်မျိုးဘယ်နှစ်ယောက်ရှိသေးလဲ ငါတို့မသိဘူး

ဒီကိစ္စကို ကမ္ဘာကြီးကို ကြေငြာရမယ် တစ္ဆေဘုံကိုတိုက်ခိုက်ဖို့ ငါတို့အားလုံး ပူးပေါင်းကြရလိမ့်မယ်

မဟုတ်ရင် ဂိုဏ်ကြီးတိုင်း စိတ်ကူးလို့မရလောက်တဲ့ပမာဏထိ ဆုံးရှုံးကြရမှာ သေချာတယ်”

အကယ်၍ တစ္ဆေသံတမန်၏ ရည်ရွယ်ချက်ကသာ သက်တမ်းလွန်အသက်များကို ရိတ်သိမ်းဖို့ဆိုလျှင် ဂိုဏ်းကြီးတိုင်း၏ အုတ်မြစ်များက ခြိမ်းခြောက်ခံရမှာ သေချာပေသည်။

ဘယ်ဂိုဏ်းကြီးကမှလည်း ထိုကဲ့သို့သော ကိစ္စမျိုးကို သည်းခံနိုင်မှာမဟုတ်ပေ။

ထို့ကြောင့်လည်း သူတို့ပူးပေါင်းဖို့ ဖြစ်နိုင်နေခြင်းဖြစ်သည်။

သူတို့အားလုံးပူးပေါင်းမှသာ တစ္ဆေဘုံကိုတွန်းလှန်နိုင်ကြပေလိမ့်မည်။

ထိုအခိုက်တွင် ကျန်းယန်ရှေ့တက်လာခဲ့၏။

“သူတော်စင်သခင် မျှော်စင်သခင် ကျွန်တော်တို့ ဒီမှာကြာကြာမနေသင့်တော့ဘူး အဲ့တာကြောင့် အခုပဲ အဇူရာတိမ်ဂိုဏ်းကို ပြန်ပါတော့မယ်

တကယ်လို့ နောက်ထပ်ကပ်ဘေးတစ်ခုပေါ်လာခဲ့ရင်တော့ ကျွန်တော်တို့ချက်ချင်းပဲ ရောက်လာခဲ့ပါမယ်”

သူအမြန်ဂိုဏ်းကိုပြန်ပြီး ထိုကိစ္စကို ဆွေးနွေးချင်နေခဲ့ခြင်း ဖြစ်သည်။

သူတို့ကို ခေါ်ထားလို့မရတာသေချာသွားသောကြောင့် သူတော်စင်သခင် နောက်တစ်ကြိမ်ကျေးဇူးထပ်တင်လိုက်ပြီး လက်ဆောင်အဖြစ် သူကိုယ်တိုင်ရေးဆွဲထားသည့် လက်ရေးလှပန်းချီကားတစ်ချပ်ကိုပေးကာ တုရှန်အား ကျန်းယန်တို့ကို အဇူရာတိမ်ကုန်းမြေတိုက်ကြီးအထိ လိုက်ပို့ခိုင်းခဲ့၏။

သူကတော့ ကမ္ဘာကြီးမှ အခြားဂိုဏ်းများနှင့်ဆက်သွယ်ဖို့ကိစ္စအကြောင်း ဆွေး‌ေနွးဖို့ မျှော်စင်သခင်ကို ဂိုဏ်းဆီခေါ်သွားခဲ့သည်။

ကျန်းယန်တို့အဖွဲ့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ ပြန်ရောက်သည်နှင့် ဂူဒူအာ ချက်ချင်းပြောလိုက်၏။

“မင်ယွဲ့ က သေခြင်းအရှင်တစ်ပါးပဲ သူတာအိုပိုင်နက်ရဲ့ တကယ့်အဓိပ္ပာယ်က သိမ်းပိုက်ခြင်း သူတော်စင်သခင်ရဲ့ မဟာတာအိုက သူ့ကြောင့် အတော်ကြီး ထိခိုက်သွားပုံပဲ

အဲ့ဒီအတိုင်းသာ ဆက်တိုက်ခိုက်သွားရင် သူတော်စင်သခင်ရဲ့တာအိုတစ်ခုလုံး သိမ်းပိုက်ခံလိုက်ရလိမ့်မယ်”

ကျန်းယန်တုန်လှုပ်သွားခဲ့သည်။

“သိမ်းပိုက်ခံလိုက်ရရင် ဘာဆက်ဖြစ်မှာလဲ”

ဂူဒူအာအေးအေးဆေးဆေးပြန်ပြောလိုက်၏။

“သူကတာအိုနယ်ပယ်ကျင့်ကြံသူတစ်ယောက်လေ တကယ်လို့ သူ့တာအိုသိမ်းပိုက်ခံလိုက်ရရင်…သူလည်းသေမှာပဲ”

ထိုစကားပြောပြီးနောက် သူဘာမှ ဆက်မပြောတော့ပေ။

လန်ကျားအထွတ်အမြတ်‌ေမြဘက်ကြည့်ရင်း ဟွာလင်းကျိ အမူအရာ လေးလံသွားခဲ့သည်။

အကယ်၍ သူတော်စင်သခင်သာသေဆုံးသွားခဲ့လျှင် လန်ကျားအထွတ်အမြတ်မြေက လုံး၀ ပြိုကွဲသွားပေလိမ့်မည်။

ကျန်းယန်လည်းထိုကိစ္စကို နားလည်ပေသည်။

သူ သူတော်စင်သခင်ကိုအကြိမ်များစွာ လှည့်စားခဲ့သော်လည်း လက်ရှိအခြေအနေတွင် သူတော်စင်သခင်သေလို့တော့ လုံး၀မဖြစ်ပေ။

သူသေသွားခဲ့လျှင် နှစ်ထောင်ချီတည်တံ့ခဲ့သော လန်ကျားကုန်းမြေတိုက်ကြီး‌က ချက်ချင်း ဖရိုဖရဲဖြစ်သွားရပေလိမ့်မည်။

ထို့နောက်တွင်တော့ တစ္ဆေသံတမန်က အဇူရာတိမ်ဂိုဏ်းဆီ တည့်တည့်ကြီး ရောက်လာမှာ သေချာ၏။

အခု ကျန်းယန်နားမလည်နိုင်သည်မှာ တစ္ဆေသံတမန်၏တကယ့်ရည်ရွယ်ချက်က တကယ်ကြီး ‌သေခြင်းရှင်ခြင်းပြန်လည်မွေးဖွားခြင်းအခွင့်အာဏာကို ဆန့်ကျင်သူများကို ရှင်းလင်းဖို့သက်သက်ပဲလား ဆိုတာကိုသာ ဖြစ်သည်။

ထိုမရေရာမှုကြောင့် သူ့စိတ်ထဲ တစ္ဆေသံတမန်များ၏ ခြိမ်းခြောက်မှုက ပိုမိုကြီးမားလာခဲ့၏။

နောက်ဆုံးတွင် ထိုတစ္ဆေသံတမန်များက သူတို့တာ၀န်ပြီးမြောက်သည်နှင့် တစ်ကမ္ဘာလုံးကို သတ်သွားမသွား ဘယ်သူမှ တပ်အပ်မပြောနိုင်ပေ။

All Chapters