အခန်း ၄၂၁
Vol. 41 Ch. 421
အပိုင်း(၄၂၁)
များစွာသော စာစောင်ငယ်လေးများ
မိစ္ဆာများကို တားမြစ်နယ်မြေထဲ ပြန်ပို့ပေးပြီးနောက် ကျန်းယန် ချက်ချင်းအဇူရာတိမ်တောင်ထွတ်ဆီပြန်ကာ ဖြစ်ပျက်ခဲ့သမျှအားလံုးအား ချင်းယွင်ကျိကို တင်ပြလိုက်သည်။
“တစ္ဆေဘုံသံတမန်မှာ အစစ်အမှန်အမတတစ်ပါးရဲ့ ခွန်အားမျိုးရှိတယ်” ကျန်းယန်ခါးသက်စွာ ပြောလိုက်၏။
“သူ့ကြောင့် သူတော်စင်သခင်အတော်လေး ထိခိုက်သွားခဲ့တယ်”
ချင်းယွင်ကျိ အမူအရာချက်ချင်းမည်းမှောင်သွားခဲ့လေသည်။
အရင်ဆုံး သူတို့ကမ္ဘာဆီ မိစ္ဆာများရောက်ရှိလာခဲ့ပြီး အခုတော့ တစ္ဆေဘုံရောက်ရှိလာခဲ့ပြန်ချေပြီ။ ကမ္ဘာကြီးပေါ်တွင် ဖရိုဖရဲဖြစ်မှုများက စတင် ပြန့်ကားလာနေခဲ့၏။
လက်ရှိ အဇူရာတိမ်ဂိုဏ်းတွင် မိစ္ဆာများနှင့် အမတရတနာ ၈ခု ရှိနေသော်လည်း သူတို့အခြေအနေကလည်း အန္တရာယ်ရှိနေသေးသည်။ ကမ္ဘာကြီးတစ်ခုလုံးသာ ပျက်ဆီးသွားခဲ့လျှင် သူတို့မထိမခိုက်ဘဲ ဘယ်လောက်ကြာအောင် ဆက်နေနိုင်ပါတော့မည်နည်း။
ထိုသတင်းများကိုကြားပြီးနောက် ချင်းယွင်ကျိ သူ့ခွန်အားကိုမြှင့်တင်ရန် ချက်ချင်းဆိုသလို တံခါးပိတ်ကျင့်ကြံခြင်း ၀င်သွားခဲ့လေသည်။
ထိုစဉ် လန်ကျားအထွတ်အမြတ်မြေ၌ သူတော်စင်သခင် တစ္ဆေသံတမန်များကို တစ်ကမ္ဘာလုံးပူးပေါင်းကာ တိုက်ခိုက်ကြဖို့ ဂိုဏ်းကြီးများကို ဖိတ်ခေါ်ခဲ့၏။
သို့သော် အများစုက ငြင်းဆန်ခဲ့ကြသည်။
၀မ်လင်းဂိုဏ်းဆိုလျှင် ကူညီဖို့ငြင်းဆန်သည့်အပြင် လှောင်ပင်လှောင်ပြောင်ခဲ့သေး၏။ ဘာပဲဖြစ်ဖြစ် တစ္ဆေများက လန်ကျားကုန်းမြေတိုက်ကြီးကိုသာ အရင်ဆုံးတိုက်ခိုက်မည်မှန်း သူတို့သိနေ၍ ဖြစ်သည်။
ကွေ့ယွမ်ဘုရားကျောင်းနှင့်မြင့်မြတ်ဝိညာဉ်ဂိုဏ်းတို့ကတော့ အလွန်ဝေးနေသောကြောင့် ငြင်းဆန်ခဲ့ကြ၏။
ရှို့ယိဘုရားကျောင်းတွင်တော့ ကျောင်းထိုင်ချန်ရှောင်ချူးက သူ့ဓားဖြင့် တစ္ဆေသံတမန်များကို ခုခံနိုင်မည်ဟု ယုံကြည်မှုရှိနေသောကြောင့် ပူးပေါင်းဖို့ ဖိတ်ကြားချက်ကို ငြင်းဆန်ခဲ့သည်။
ရှို့ယိဘုရားကျောင်းကတောင် ငြင်းဆန်ခဲ့သောကြောင့် မဟာနှင်းတောင်တန်းကလည်း လန်ကျားအထွတ်အမြတ်မြေနှင့် ပူးပေါင်းစရာအကြောင်းမရှိ၍ ငြင်းခဲ့ပြန်၏။
ယွင်ရှောင်နန်းတော်တစ်ခုတည်းသာ နောက်ဆုံးတွင် ပါ၀င်လာခဲ့သည်။
တစ္ဆေသံတမန်များက ဘယ်လောက်ကြောက်စရာကောင်းလဲသိသောကြောင့် နန်းတော်သခင် အကူအညီမဲ့စွာသာ သက်ပြင်းချလိုက်မိ၏။
“မဟာမိတ်ဖွဲ့ကြရအောင်”
“ဒါပေမယ့် ငါတို့လန်ကျားအထွတ်အမြတ်မြေနဲ့ မဟာမိတ်ဖွဲ့တာက တစ္ဆေဘုံကို အတူတူတိုက်ခိုက်ကြဖို့ သက်သက်ပဲ
ပြီးတော့ လန်ကျားအထွတ်အမြတ်မြေနဲ့ပဲ မဟာမိတ်ဖွဲ့မှာ အဇူရာတိမ်ဂိုဏ်းမပါဘူး”
တစ္ဆေဘုံခြိမ်းခြောက်မှုနှင့် ရင်ဆိုင်လာရသောအခါ ယွင်ရှောင်နန်းတော်တွင် ရွေးချယ်စရာမရှိတော့ပေ။
အခုအချိန်မပူးပေါင်းလျှင် ယွင်ရှောင်နန်းတော်က ဘယ်သူမှမသိလိုက်ခင်မှာတင် ပျက်ဆီးသွားနိုင်ပေသည်။
လန်ကျားအထွတ်အမြတ်မြေတွင် ဂိုဏ်းကြီးများ၏တုန့်ပြန်မှုများအကြောင်း ပြန်သိရသောအခါ သူတော်စင်သခင် ဒေါသကြောင့် သွေးချောင်းများပင် ဆိုးသွားခဲ့၏။
တစ္ဆေဘုံသည် ဂိုဏ်းတိုင်း၏ အုတ်မြစ်ကို ပစ်မှတ်ထားနေခဲ့ခြင်း ဖြစ်သည်။
အကယ်၍ လန်ကျားအထွတ်အမြတ်မြေသာ ကျရှုံးသွားခဲ့လျှင် ထိုဂိုဏ်းများေရာ အန္တရာယ်ကင်းနိုင်ပါဦးမည်လော။
သို့သော် သူအကူအညီမဲ့သလို ခံစားလိုက်ရ၏။
လူသားများ၏ နှလုံးသားများက ရှုပ်ထွေးလွန်းလှသည်။
ပုဂ္ဂိုလ်ရေးအကျိုးအမြတ်နှင့် အတိတ်ရန်ငြိုးများကြောင့် ဂိုဏ်းများက ရေတိုကိုသာမြင်ခဲ့ကြပြီး ပိုကြီးသော အန္တရာယ်ကြီးကို မမြင်နိုင်ခဲ့ကြပေ။
သူ့အတွက် တစ်ခုတည်းသော စိတ်သက်သာစရာက အဇူရာတိမ်ဂိုဏ်းသည် မဟာမိတ်အဖြစ် အစွမ်းကုန်ကူညီပေးနေသေးေသာေကြာင့်သာ တော်သေးသည်။
မိစ္ဆာများ၏ အကူအညီနှင့်ဆိုလျှင် သူတို့အတွက် အခွင့်အရေးရှိလာနိုင်သေး၏။
သို့သော် သူတော်စင်သခင်စိတ်ပူနေဆဲပင်။
တစ္ဆေဘုံသံတမန်များက စွမ်းအားကြီးလွန်းလှသည်။
သူဒဏ်ရာအပြင်းအထန်ရထားမှန်းလည်း ဂိုဏ်းထဲက ဘယ်သူမှ မသိသေးပေ။
ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ ထောက်တိုင်ဖြစ်သော သူသာ ဒဏ်ရာအပြင်းအထန်ရထားမှန်း အားလုံးသိသွားခဲ့လျှင် အခြေအနေများက ချက်ချင်း ဖရိုဖရဲဖြစ်သွားနိုင်၏။
ထို့ကြောင့်လည်း သူ့နှလုံးသားထဲရှိ ၀န်ထုပ်၀န်ပိုးက သူအပြင်ပန်းတွင် ပြထားသည်ထက် ပိုလေးလံနေခြင်း ဖြစ်သည်။
အရိပ်မည်းကြီးက လန်ကျားအထွတ်အမြတ်မြေထက်တွင် အုပ်မိုးထားပြီး သူတို့ကောင်းကင်ကြီး ကိုယ်တိုင်ကပင် အချိန်မရွေး ပြိုကျသွားတော့မည့်ပုံပင်။
ထိုစဉ် အဇူရာတိမ်ဂိုဏ်းတွင် ကျန်းယန် အတန်ကြာအောင်စဉ်းစားနေပြီးနောက် နောက်ဆုံးတွင် စုတ်တံကိုထုတ်ကာ စာစောင်ငယ်လေးများ စတင်ရေးသားလေတော့သည်။
ထို့နောက် သူလင်းယွင်ကျိကို သွားရှာခဲ့၏။
“ဆရာဦးလေး ကျေးဇူးပြုပြီး လန်ကျားအထွတ်အမြတ်မြေဆီသွားပြီး ဒါလေးတွေကို ဆရာဦးလေးကိုယ်တိုင် သူတော်စင်သခင်ဆီ ပေးပေးပါဦး
မမေ့နဲ့ဦးနော် သူ့ကိုပဲပေးရမှာ ဒါတွေကို ဘယ်သူမှ မမြင်သင့်ဘူး”
ကျန်းယန် ဆန်းကြယ်သလိုပြုမူနေသောကြောင့် လင်းယွင်ကျိသူ့ကို ထူးထူးဆန်းဆန်းကြည့်လိုက်သည်။
ထို့နောက်တွင်တော့ စာစောင်ငယ်လေးများကိုယူကာ လန်ကျားအထွတ်အမြတ်မြေဆီ ထွက်ခွာလာခဲ့၏။
သူလန်ကျားအထွတ်အမြတ်မြေဆီ ရောက်သောအခါ သူတော်စင်သခင်ကို တွေ့ခွင့်တောင်းခဲ့သည်။
သူတို့ကြားက မဟာမိတ်ဆက်ဆံရေးနှင့် လောလောလတ်လတ်သူတို့ကို ကူညီပေးထားမှုကြောင့် လန်ကျားအထွတ်အမြတ်မြေမှလူများ လင်းယွင်ကျိကို နွေးထွေးစွာပင် ကြိုဆိုခဲ့၏။
နောက်ဆုံးတွင် လင်းယွင်ကျိ သူတော်စင်သခင်နှင့် တွေ့ဆုံခဲ့သည်။
“စီနီယာသူတော်စင်သခင် ကျန်းယန်က လက်ဆောင်တစ်ခုပေးလိုက်ပါတယ်” သူပြောလိုက်တာ စာစောင်ငယ်လေးများကို ထုတ်ပေးလိုက်၏။
“ဒါပေမယ့် ဒါတွေက စီနီယာသူတော်စင်သခင်တစ်ယောက်တည်းအတွက်လို့ သူကမှာလိုက်ပါတယ်”
ပတ်ပတ်လည်က ကျင့်ကြံသူများ ချက်ချင်းစိတ်၀င်စားကုန်ကြသည်။
ကျန်းယန်က ဘာတွေပို့လိုက်ပါသနည်း။
များစွာသောလူများက နတ်အာရုံဖြင့် ထိုစာစဉ်ငယ်လေးများကို စစ်ကြည့်ဖို့ ကြိုးစားလိူက်သော်လည်း သူတော်စင်သခင် သူတို့အာရုံများကို ပိတ်ဆို့ထားခဲ့၏။
သူရှင်းရှင်းလင်းလင်းနားလည်ပေသည်။
အားလုံးသိဖို့လိုသော ကိစ္စဆိုလျှင် ကျန်းယန်က ဘယ်တော့မှ လျှို့ဝှက်နေမည့်လူမဟုတ်ပေ။
စာစောင်ငယ်များကို လက်ခံပြီးနောက် ချင်းယွင်ကျိ ချက်ချင်းဖွင့်မကြည့်ခဲ့ဘဲ သိမ်းထားလိုက်၏။ ထို့နောက် သူလင်းယွင်ကျိကို ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။
ပစ္စည်းပို့ပြီးသည့်နောက်တွင်တော့ လင်းယွင်ကျိလည်းဂိုဏ်းဆီပြန်သွားခဲ့၏။
ထိုအခါ လန်ကျားအထွတ်အမြတ်မြေမှလူများ သူတော်စင်သခင်ကို စိတ်၀င်စားမှုအပြည့်ဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
သူတော်စင်သခင်ကတော့ သူတို့ကိုတစ်ချက်သာ ကြည့်ပြီး စာကြည့်ခန်းထဲ ၀င်သွားခဲ့၏။
အခန်းထဲရောက်မှသာ နောက်ဆုံးတွင် သူစာစောင်များကို ဖွင့်ဖတ်ကြည့်လိုက်သည်။
အထဲကအကြောင်းအရာများကို မြင်သည်နှင့် သူ့အမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့၏။
အတန်ကြာတိတ်ဆိတ်နေပြီးနောက်တွင်တော့ သူအားရပါးရ ရယ်မောလိုက်လေသည်။
“ခွေးကောင်လေး မင်းကငါ့ကိုအကြိမ်ကြိမ်လှည့်စားထားခဲ့တာ နောက်ဆုံးတော့ အကြွေးပြန်ဆပ်ပြီပေါ့ကွ”
သူစာရွက်များကိုစိတ်လှုပ်ရှားစွာ လှန်နေရင်း သူ့နှလုံးသားထဲတွင်လည်း ရှုပ်ထွေးမှုများနှင့် ပြည့်နေခဲ့၏။
ကျန်းယန်က ဤအရာများကို ဘယ်လိုဖန်တီးခဲ့ပါသနည်း။
အဘယ်ကြောင့် သူ့နားလည်မှုက သူတော်စင်သခင်ဖြစ်သော သူကိုယ်တိုင်ထက်ပင် ပိုနက်ရှိုင်းနေရပါသနည်း။
မကြာခင်တွင် ကျယ်ပြန့်လွန်းသော လမ်းမှန်လမ်းစဉ်အရှိန်အဝါများ သူတော်စင်သခင်၏ စာကြည့်ခန်းထဲမှ ထိုးတက်လာခဲ့သည်။
စာအံသံသဲ့သဲ့က လန်ကျားအထွတ်အမြတ်မြေတစ်ခုလုံးတွင် ဟိန်းထွက်နေခဲ့၏။
ထိုအသံထဲတွင် သင်ကြားခြင်းများ သတိပေးချက်များ လမ်းညွှန်ချက်များ စည်းကမ်းများ ပါ၀င်နေခဲ့လေသည်။