← Chapters

အခန်း ၄၂၂

Vol. 41 Ch. 422

အခန်း ၄၂၂

Vol. 41 Ch. 422

အပိုင်း(၄၂၂)

သူတော်စင်သခင်၏ ကပ်ဘေးဖြတ်ကျော်ခြင်း

လန်ကျားအထွတ်အမြတ်မြေကလူများ ‌သူတော်စင်သခင်၏စံအိမ်ကိုကြည့်ပြီး စိတ်လှုပ်ရှားမှုနှင့်စိတ်ရှုပ်ထွေးမှုများ ရောပြွန်းနေခဲ့ကြသည်။ စံအိမ်ထဲက အရှိန်အဝါ ပိုပိုအားကောင်းလာသည်ကို လူတိုင်းခံစားမိနေခဲ့ကြ၏။

ကြည့်လိုက်ရုံနှင့်ပင် သူတော်စင်သခင် ကပ်‌ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်သို့တက်ကာ ကမ္ဘာ့ဒုတိယ နှောင်းပိုင်းအဆင့်တစ်ယောက်ဖြစ်လာတော့မှာကို ထင်ထင်ရှားရှားမြင်နိုင်ပေသည်။

လန်ကျားအထွတ်အမြတ်မြေမှလူများအတွက်တော့ ထိုကိစ္စက ကောင်းချီးကြီးတစ်ခုပင်။ သို့သော် နှစ်ရာချီကြာအောင် ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်တွင်ပိတ်မိနေပြီး အဆင့်ချိုးဖြတ်ဖို့အရိပ်အယောင်လုံး၀မပြခဲ့သည့် သူတော်စင်သခင်က ရုတ်တရက်ကြီး ဘယ်လိုဖြစ်ပြီး အဆင့်ချိုးဖြတ်သွားလဲဆိုတာကိုတော့ သူတို့နားမလည်နိုင်ခဲ့ကြပေ။ ကျန်းယန်၏စာစောင်လေးများကြောင့် အခြေအနေများက ရုတ်တရက်ပြောင်းလဲသွားတာဖြစ်နိုင်ကြောင်းကိုတော့ အားလုံးသိကြ၏။ သို့သော် ထိုစာစောင်လေးများထဲတွင် ဘာပါသလဲဆိုတာကို ဘယ်သူမှမသိခဲ့ကြပေ။

စာကြည့်ခန်းထဲရှိ ကျင့်ကြံရေးမြေပြင်ပေါ်တွင် သူတော်စင်သခင်ကျန်းယန်ပေးခဲ့သည့် စာစောင်များကို ဆက်လှန်နေခဲ့သည်။ သူဖတ်နေရင်း သူ့တာအိုအရှိန်အဝါကလည်း ဆက်လက်မြင့်တက်နေခဲ့၏။

သူတော်စင်သခင်သည် ကျောင်းတော်သားပညာရှ်ိတစ်ယောက်ဖြစ်ကာ သူ့ကျင့်ကြံခြင်းကို သူ့သီအိုရီများအပေါ်တွင် အခြေခံထားသူ ဖြစ်သည်။ နှစ် ၂၀၀၀ကြာ သူ့အတွေ့အကြုံများ အတွေးအခေါ်များကို ဖြန့်ထုတ်ပြီးနောက်တွင်တော့ သူ့တွင် ထုတ်စရာ သီအိုရီအသစ်မရှိတော့ပေ။ ထို့ကြောင့် သူ့တာအိုက တိုးတက်မှုရပ်တန့်သွားပြီး ဤအဆင့်တွင် ပိတ်မိနေရသူ ဖြစ်သည်။

မင်ယွဲ့နှင့်တိုက်ပွဲတွင်လည်း သေခြင်းနိယာမပိုင်နက်၏ တိုက်စားမှုကြောင့် သူရေးဆွဲထားသော စည်းမျဉ်းဥပဒေသများ ပျက်ဆီးသွားခဲ့ရသေး၏။ သူ့အတွက်တော့ ဤအရာက အလွန်ကြီးမားသောဆုံးရှုံးမှုဖြစ်ပြီး ထိုစည်းမျဉ်းများအားလုံး ပျောက်ကွယ်သွားခဲ့လျှင် သူလည်း အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း ကျန်းယန်က ထိုပျက်ဆီးနေသော သီအိုရီများကို ပြုပြင်ပေးခဲ့ရုံသာမကဘဲ သူ့နားလည်မှုကိုလည်း နောက်တစ်ဆင့်သို့ တွန်းပို့ပေးခဲ့သည်။ ထိုလွှမ်းမိုးမှုအောက်တွင် သူ့တာအိုက ပိုပိုပြည့်စုံလာခဲ့ပြီး နောက်ဆုံးတွင် ‌ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ကိုပင် တက်နိုင်သွားခဲ့ခြင်း ဖြစ်၏။

သူကပ်ဘေးဖြတ်ကျော်ရတော့မည်ဖြစ်မှန်း သိရှိနေသောကြောင့် သူတော်စင်သခင် တုရှန်ကိုလွှတ်ကာ သူကပ်ဘေးဖြတ်ကျော်နေစဉ် တာအိုစောင့်ရှောက်သူလုပ်ပေးဖို့ ကျန်းယန်အား ဖိတ်ကြားခိုင်းလိုက်သည်။

တုရှန်အစကတော့ ကြောင်သွားသော်လည်း ထို့နောက်တွင်တော့ အလွန်ပျော်ရွှင်သွားခဲ့၏။ သူ့ဆရာသခင်က ကပ်ဘေးဖြတ်ကျော်ဖို့ သေချာနေပြီ မဟုတ်ပါလော။ သို့သော် သူ့ကိုကာကွယ်ဖို့ ဘာလို့အဇူရာတိမ်ဂိုဏ်းကိုလိုလဲဆိုတာကိုတော့ သူမသိခဲ့ပေ။

သူသတိမထားမိသည်မှာ လန်ကျားကုန်းမြေတိုက်ကြီးသည် ယွင်မုန့်စိမ့်တောနှင့်ထိစပ်နေသည်ဟူသော အချက်ကို ဖြစ်သည်။ အကယ်၍ သူတော်စင်သခင် ကပ်ဘေးဖြတ်ကျော်နေစဉ်၌သာ တိုက်ခိုက်ခံခဲ့ရလျှင် လန်ကျားအထွတ်အမြတ်မြေသည် ဘာမှပင် တုန့်ပြန်ချိန်မရှိလောက်ဘဲ ချက်ချင်းပျက်ဆီးသွားရပေလိမ့်မည်။

သူတော်စင်သခင် ကပ်ဘေးဖြတ်ကျော်နေချိန်တွင် ဂိုဏ်း၌ သက်တမ်းလွန်နေသော ပညာရှင်ကြီးများသာ ကျန်ရစ်နေမည်ဖြစ်ပြီး ထိုပညာရှင်များက မင်ယွဲ့ကို ဘယ်လိုမှ တားဆီးနိုင်မှာမဟုတ်ပေ။ ထို့ကြောင့် အန္တရာယ်တစ်ခုခုကြုံလာလျှင် အားကိုး‌ရရန် အဇူရာတိမ်ဂိုဏ်းက မိစ္ဆာတွေကို သူအလိုရှိနေခြင်း ဖြစ်၏။

တစ်ချိန်တည်းမှာပင် သူကျန်းယန်ကိုလည်း ယုံကြည်ပေသည်။ သူ့ကို တန်ဖိုးဖြတ်မရသော အသိပညာများ ပေးခဲ့သူကို မယုံနိုင်စရာ အကြောင်းမရှိပေ။

အခြေအနေကိုနားလည်ပြီးနောက် တုရှန် ဂိုဏ်းတစ်ခုလုံးကို အလျင်အမြန်ပင် အကြောင်းကြားလိုက်၏။ မကြာခင်တွင် ဂိုဏ်းတစ်ခုလုံးက ဆေးများ ရတနာများ သတ္တုများ လျှို့ဝှက်လက်နက်များအားလုံးကိုထုတ်ပြီး လာမည့်ကပ်ဘေးအတွက် စတင်‌ပြင်ဆင်ခဲ့ကြသည်။

ထိုစဉ် တုရှန် အဇူရာတိမ်ဂိုဏ်းဆီရောက်သွားခဲ့ပြီး သူတော်စင်သခင်က ကာကွယ်ပေးဖို့ တောင်းဆိုထားကြောင်း ကျန်းယန်ကို ကိုယ်တိုင်သွားပြောခဲ့၏။

ချင်းယွင်ကျိကျန်းယန်နားတွင်ပေါ်လာခဲ့ပြီး ထိုသတင်းကိုကြားသွားသောအခါ အတော်လေး အံ့အားသင့်သွားခဲ့သည်။

“သူတော်စင်သခင် ကပ်ဘေးဖြတ်ကျော်တော့မှာလား”

သူမေးလိုက်၏။

“ဟုတ်ပါတယ်” တုရှန်လေးလေးစားစား ဖြေလိုက်၏။

“သူတော်စင်သခင်က သူကပ်ဘေးဖြတ်ကျော်နေတုန်း အဇူရာတိမ်ဂိုဏ်းကို သူ့ရဲ့တာအိုစောင့်ရှောက်သူအဖြစ် ကူညီပေးဖို့ မျှော်လင့်နေပါတယ်”

သူတော်စင်သခင်ဘာကြောင့် အဇူရာတိမ်ဂိုဏ်းကိုမှ တာအိုစောင့်ရှောက်သူဖြစ်စေချင်နေမှန်း ချင်းယွင်ကျိ အပြည့်အ၀ နားမလည်ခဲ့ပေ။

နောက်ဆုံးတွင် လန်ကျားအထွတ်အမြတ်မြေ၌ များစွာသော တာအိုပေါင်းစည်းခြင်းအဆင့်များနှင့် သက်တမ်းကုန်ဆုံးပြီးသား ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များ ရှိနေသည် မဟုတ်ပါလော။ ထိုအုတ်မြစ်နှင့်ဆိုလျှင် သူတို့အဇူရာတိမ်ဂိုဏ်း အကူအညီကို လိုမှာမဟုတ်ပေ။

ကျန်းယန် အလျင်အမြန်ပင် အခြေအနေကို ၀င်ရှင်းပြလိုက်၏။

“ဆရာ ကျွန်တော်မိစ္ဆာကျင့်ကြံသူတွေကို ခေါ်သွားလိုက်မယ် ကြည့်ရတာ စီနီယာသူတော်စင်က တစ္ဆေသံတမန်ကို အတော်ကြီး သတိထားနေပုံပဲ အဲ့ဒီသံတမန်ကလည်း လုံး၀ ရိုးရှင်းမနေဘူး”

ထို့နောက် သူတော်စင်သခင်ကပ်ဘေးဖြတ်ကျော်နေတုန်း တစ္ဆေသံတမန်ကျုးကျော်လာခဲ့လျှင် လန်ကျားကုန်းမြေတိုက်ကြီးပေါ်တွင် သူ့ကို တားဆီးမည့်သူ မရှိကြောင်းနှင့် မိစ္ဆာများကသာ ထိုသံတမန်ကို တိုကိခိုက်နိုင်ကြောင်းကိုပါ သူရှင်းပြလိုက်သည်။

သူလည်း တစ္ဆေသံတမန်နှင့်တုိက်ခုိက်ဖုိ့ ယုံကြည်ချက်မရှိသော‌ေကြာင့် ချင်းယွင်ကျိ ဖြည်းဖြည်းချင်း ခေါင်းငြိမ့်ပြလိုက်၏။ နောက်ဆုံးတွင် ထိုပုဂ္ဂိုလ်က အစစ်အမှန်အမတတည်ရှိမှုတစ်ခု မဟုတ်ပါလော။

ကျန်းယန် ထိုတစ္ဆေများနှင့်ပတ်သက်ပြီး စိတ်ပူနေဆဲပင်။ ထို့ကြောင့် သူချင်းယွင်ကျိ‌ကိုနောက်ထပ် မိစ္ဆာလက်နက်ထပ်ထုတ်း‌ေးနိုင်ဦးမလားဟု မေးမြန်းခဲ့၏။

ချင်းယွင်ကျိ အံ့အားသင့်သွားခဲ့သည်။ မင်ယွဲ့သည် မိစ္ဆာလက်နက်တစ်ခုနှင့်မလုံလောက်နိုင်လောက်အောင် ကြောက်စရာကောင်းနေခြင်းပေလော။

ကျန်းယန်လည်း သူသိသမျှအသေးစိတ်အချက်အလက်များကို ဝေမျှပေးလိုက်၏။

ဂူဒူအာနှင့်မင်ယွဲ့တို့၏ စကားဝိုင်းအရ သူတို့သည် အရင်ကတည်းက တစ်ယောက်နှင့်တစ်ယောက်သိကြပြီး တိုက်လည်းတိုက်ခိုက်ခဲ့ကြဖူးပုံပင်။ ယခုအခါတွင်တော့ မင်ယွဲ့သည် တစ္ဆေဘုံထဲမှ ထွက်လာခါစအချိန်သာဖြစ်သောကြောင့် ခွန်အားအပြည့်၀ဆုံးအနေအထားတွင်ရှိနေပြီး ဂူဒူအာကတော့ သူ့ခွန်အားအပြည့်ကို ရမနေပေ။ ထို့ကြောင့် အခု သူတို့တိုက်ခိုက်ကြမည်ဆိုလျှင် ဂူဒူအာ သူ့ကိုနိုင်မည် မဟုတ်ပေ။

သူတို့ အခုတိုက်ပွဲမဖြစ်‌ရသေးသည့် အဓိကအကြောင်းအရင်းမှာ မင်ယွဲ့သည် မိစ္ဆာများ နှစ်ပေါင်းများစွာအချုပ်ခံရပြီးနောက် များစွာ အားနည်းသွားသည်ကို မသိသေး၍သာ ဖြစ်သည်။ တိုက်ပွဲစတင်ဖြစ်ပွားလာမည်ဆိုလျှင်တော့ ဖြစ်ဖြစ်ချင်းပင် မင်ယွဲ့ထိုကိစ္စကို သတိထားမိသွားနိုင်၏။

ထို့ကြောင့်လည်း ကျန်းယန်က မိစ္ဆာလက်နက်တစ်ခု ထပ်လိုချင်နေခြင်း ဖြစ်သည်။ အကယ်၍ မိစ္ဆာလက်နက်များကိုင်ဆောင်ထားသည့် မိစ္ဆာများသာ ရှိနေမည်ဆိုလျှင် သူတို့မင်ယွဲ့ကို ကိုင်တွယ်နိုင်မည်ဖြစ်သလို မည်သည့်မမျှော်လင့်ထားသည့် အခြေအနေကိုမှလည်း ကြောက်စရာမလိုတော့ပေ။

ဒါပေါ့ ကျန်းယန်၏ရည်ရွယ်ချက်ထဲတွင် ပုဂ္ဂိုလ်ရေးလေးတစ်ခုလည်း ပါပေသည်။ အကယ်၍ မိစ္ဆာများသာ ပိုသန်မာလာမည်ဆိုလျှင် ဂူဒူအာက သူ့ကိုအဆက်မပြတ် မြေအောက်ကမ္ဘာမိစ္ဆာနယ်မြေကိုဖွင့်လှစ်ဖို့ ဖိအားပေးနေတော့မည် မဟုတ်ပေ။

အတန်ကြာတိတ်ဆိတ်နေပြီးနောက် ချင်းယွင်ကျိနောက်ဆုံးတွင်သဘောတူလိုက်ပြီး မိစ္ဆာများအား ဘယ်လက်နက်ပြန်လိုချင်သလဲဆိုတာ မေးခိုင်းလိုက်လေသည်။

ထို့ကြောင့် တခဏအကြာတွင် ကျန်းယန် တားမြစ်နယ်မြေဆီ ထွက်ခွာလာခဲ့၏။

ချင်းယွင်ကျိ မိစ္ဆာလက်နက်များပြန်ပေးရသည့် ကိစ္စကို အများကြီးတော့ ဂရုစိုက်မနေပေ။ အဘယ်ကြောင့်ဆိုသော် ပြန်မပေးလျှင်လည်း ထိုလက်နက်များကို သူတို့သုံးမရ၍ ဖြစ်သည်။ သူသိမ်းထားရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ မိစ္ဆာများကို ပိုအားနည်းသွားစေရန်သာ ဖြစ်သည်။

ယခုအခါ သူ့တွင်နာမည်အစစ်များရှိနေပြီဖြစ်သောကြောင့် လက်နက်များ ပြန်ရသွားလျှင်တောင် မိစ္ဆာများ သူ့ထိန်းချုပ်မှုအောက်မှ ဘယ်လို လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ထို့နောက် ချင်းယွင်ကျိ တုရှန်ဘက်လှည့်ကာ သူတော်စင်သခင်က ဘာကြောင့်ရုတ်တရက်ကြီး အဆင့်ချိုးဖြတ်နိုင်သွားသလဲဆိုတာကို စိတ်၀င်တစား မေးလိုက်၏။

တုရှန် သူ့ကိုထူးဆန်းစွာကြည့်ကာ ပြုံးလိုက်လေသည်။

“စီနီယာ စီနီယာတကယ်မသိဘူးလား”

ချင်းယွင်ကျိ ပဟေဠိဖြစ်သွားခဲ့၏။

ထို့နောက် တုရှန် ကျန်းယန်က သူတော်စင်သခင်ကိုစာစောင်ငယ်လေးများ ပေးခဲ့သည့်အကြောင်းကို ရှင်းပြခဲ့သည်။ လန်ကျားအထွတ်အမြတ်မြေက ဘယ်သူက ထိုထဲတွင် ဘာတွေရေးထားသလဲ မသိကြပေ။ သူတော်စင်သခင်ကတော့ ထိုစာစောင်ငယ်လေးများကို ဖတ်ပြီးပြီးချင်းပင် ကပ်ဘေးဖြတ်ကျော်ရန်အသင့်ဖြစ်သွားခဲ့ခြင်း ဖြစ်၏။

ထိုအကြောင်းကြားသောအခါ ချင်းယွင်ကျိ ကြောင်အသွားခဲ့လေသည်။

ဆိုတော့ သူတော်စင်သခင်၏အဆင့်ချိုးဖြတ်မှုက ကျန်းယန်နှင့်ဆက်စပ်နေခြင်းပေလော။

ထိုအခိုက်တွင် ချင်းယွင်ကျိလည်း ကျန်းယန်က သူတော်စင်သခင်ကိုဘာပေးခဲ့လဲဆိုတာစတင်သိချင်လာခဲ့မိ၏။

ထိုပြဿနာရှာတတ်သောကောင်စုတ်လေးက သူတော်စင်သခင်ကို အမတခန်းမထဲမှ ရရှိလာသည့် အမတပညာရပ်များစာအုပ်များထဲမှ တစ်အုပ်ကို ပေးလိုက်ခြင်းပေလော။

All Chapters