← Chapters

အခန်း ၄၂၃

Vol. 41 Ch. 423

အခန်း ၄၂၃

Vol. 41 Ch. 423

အပိုင်း(၄၂၃)

နောက်ထပ်မိစ္ဆာလက်နက်

ကျန်းယန် ချင်းယွင်ကျိက မိစ္ဆာလက်နက်နောက်တစ်ခုထပ်ထုတ်ပေးဖို့ သဘောတူလိုက်ကြောင်း မိစ္ဆာများကို လာသတင်းပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် သူတော်စင်သခင် အဆင့်ချိုးဖြတ်တော့မည်ဖြစ်ပြီး ထိုအချိန်တွင် မင်ယွဲ့၏ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရန် မိစ္ဆာလက်နက်များ လိုအပ်ကြောင်းကိုပါ သူရှင်းပြလိုက်၏။

လက်နက်မရှိသော မိစ္ဆာလေးယောက်ချက်ချင်း စိတ်လှုပ်ရှားကုန်ကြလေသည်။ အတန်ကြာအောင် စောင့်ဆိုင်းနေပြီးနောက် မိစ္ဆာလက်နက်များ သူတို့ဆီ ပြန်လာခဲ့ကြချေပြီ။

သို့သော် သူတို့ဂူဒူအာကိုသာ ကြည့်လိုက်ကြပြီး ဘယ်သူ့လက်နက်ကို ပြန်ယူသင့်လဲဆိုတာ သူဆုံးဖြတ်ပေးမှာကို စောင့်နေခဲ့ကြ၏။

ဂူဒူအာတုန့်ဆိုင်းခြင်းမရှိဘဲ ဂူမေ့ယင်ကို ကြည့်ကာ သူမ၏ပုံရိပ်ယောင်စွမ်းအားက သက်ရှိများကိုတိုက်ခိုက်ရာ၌သာ အသုံး၀င်ပြီး တစ္ဆေများကိုတိုက်ခိုက်ရာ၌ သိပ်အသုံးမ၀င်လှသောကြောင့် ဤအခွင့်အရေးကို သူမယူသင့်ကြောင်း ရှင်းပြလိုက်သည်။

ဂူမေ့ယင်အေးအေးဆေးဆေး‌သာ သူ့ဆုံးဖြတ်ချက်ကို လိုက်နာခဲ့၏။

ထို့နောက် သူဂူဟွမ်ဘက်လှည့်ကာ ရှင်းပြလိုက်ပြန်သည်။ ဂူဟွမ်၏ ဖျက်ဆီးခြင်းစွမ်းအားသည် ‌သူနှင့်ထိသောအရာများကို သေဆုံးသွားစေသောစွမ်းအားဖြစ်ပြီး ယခုတစ္ဆေများက သေဆုံးပြီးသာသတ္တဝါများဖြစ်သောကြောင့် သူ့စွမ်းအားက သူတို့အပေါ် သိပ်အလုပ်မဖြစ်လှပေ။

ဂူယွမ်လည်းပြုံးပြီးသာ ‌လက်ခံလိုက်လေသည်။

နောက်ဆုံးတွင် ဂူဒူအာ ဂူချမ်းနှင့်ဂူယန်တို့ကို ကြည့်လိုက်၏။

မီးတောက်စွမ်းအားရော ကောင်းကင်မိစ္ဆာခန္ဓာရောကပါ တစ္ဆေများနှင့်တိုက်ခိုက်ရာ၌ အလွန်အသုံးတည့်မှန်း ဂူဒူအာ ၀န်ခံရပေမည်။ သို့သော် တိုက်ခိုက်ရေးစွမ်းအား အားလုံးကို ခြုံငုံသုံးသပ်ပြီးနောက် နောက်ဆုံးတွင် ဂူယန်သာ မိစ္ဆာလက်နက်ကို ပြန်ရသင့်သည်ဟု သူဆုံးဖြတ်လိုက်၏။

မိစ္ဆာများကြားတွင် ဂူယန်၏တိုက်ခိုက်ရေးစွမ်းအားက အသန်မာဆုံးများထဲမှ တစ်ယောက်ဟု ဆိုနိုင်ပြီး အကယ်၍ သူသာ သူ့မိစ္ဆာလက်နက်ကို ပြန်ရသွားလျှင် တိုက်ပွဲ၀င်စွမ်းအားများစွာ တိုးတက်လာနိုင်ပေသည်။

အခြားသူများ သူ့ဆုံးဖြတ်ချက်ကို လက်မခံချင်ခံချင်ဖြင့် လက်ခံလိုက်၏။

ဂူယန်ကတော့ ချက်ချင်း စိတ်လှုပ်ရှားသွားခဲ့ပြီး သူ့လက်နက်အကြောင်း ကျန်းယန်ကိုပြောပြခဲ့ကာ လက်နက်မှားမယူလာဖို့ အထပ်ထပ်မှာနေခဲ့သည်။

“အဲ့တာက လက်မောင်းကာတစ်စုံနော်” ဂူယန် ပြောလိုက်၏။

“အရောင်က မီးခိုးရောင် ငါ့အရေပြားနဲ့ အရောင်အတူတူနီးပါးပဲ မှတ်မိဖို့ အရမ်းလွယ်တယ်”

ကျန်းယန် ဂူယန်၏ကျောက်တုံးရောင်အသားအရေကိုကြည့်ပြီးနောက် မှတ်မိဖို့ တကယ်လွယ်မှန်း သဘောတူလိုက်လေသည်။

ထို့နောက် သူချင်းယွင်ကျိဆီပြန်သွားကာ ဂူယန်၏လက်နက်အကြောင်း ပြန်ပြောလိုက်၏။

ကျန်းယန်ကို ၀င်္ကပါနယ်မြေထဲ ခေါ်သွားပြီးနောက် ချင်းယွင်ကျိ သူ‌သိချင်နေသော မေးခွန်းကို မေးလိုက်လေသည်။

“မင်းတကယ်ကြီး သူတော်စင်သခင်ကိုတစ်ခုခုပေးလိုက်တာလား”

ကျန်းယန် ခေါင်းငြိမ့်ပြလိုက်ကာ သူသူတော်စင်သခင်ကို အသက်ရှင်အောင် ကယ်တင်ပေးချင်ပြီး တစ္ဆေသံတမန်နှင့် ဆက်လက်ရင်ဆိုင်ပေးစေလိုသေးသောကြောင့် အချက်အလက်အနည်းငယ်ကို ရေးပေးလိုက်ကြောင်း ၀န်ခံခဲ့၏။ သူ့စာအနည်းငယ်ဖြင့် သူတော်စင်သခင် အဆင့်ပင်ချိုးဖြတ်သွားမည်လို့တော့ သူဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိပေ။

ချင်းယွင်ကျိလည်း ထိုစာများက အမတခန်းမထဲမှ စာများသာ ဖြစ်ရမည်ဟု ခန့်မှန်းခဲ့လိုက်သည်။

သို့သော် ကျန်းယန်ကထူးဆန်းစွာခေါင်းခါလိုက်ပြီး သူ့ကို စာစောင်လေးများ ထုတ်ပေးလိုက်၏။

ထိုစာစောင်များကို ဖွင့်ကြည့်လိုက်ပြီးနောက် သူတော်စင်သခင်ကြောင်သွားခဲ့လေသည်။

ထိုထဲတွင် မည်သည့် အမတပညာရပ် ကျင့်ကြံခြင်းနည်းစနစ်မှ ရှိမနေဘဲ ရိုးရှင်းသော အတွေးအခေါ်များသာ ရှိနေခဲ့၏။

“မည်သည့်လူ ၃ယောက်တွင်မဆို အမြဲ တစ်ယောက်က ငါ့ဆရာဖြစ်လာနိုင်တယ်”

“အသိပညာနဲ့အတတ်ပညာရဲ့ ပေါင်းစပ်မှု”

“နှလုံးသားရဲ့ပြင်ပမှာ ဘာမှမတည်ရှိ”

“ဆရာသခင်က ထူးဆန်းတဲ့စွမ်းအားနဲ့စိတ်ဝိညာဉ်အကြောင်းမပြော”

“မဟာသင်ကြားမှု လမ်းစဉ်မှာ ရှင်းလင်းသောသူတော်ကောင်းတရား လူများအားချစ်ခြင်း နှင့် အန္တိမကုသိုလ်ဆီတစိုက်မတ်မတ်လျှောက်လှမ်းမှုပေါ်တွင် တည်ရှိနေသည်”

ထိုစာများကို ဖတ်ပြီးနောက် ချင်းယွင်ကျိပင် စိတ်ရှုပ်သွားခဲ့ရ၏။ ထိုရိုးရှင်းသော စာလေးများက သူတော်စင်သခင်ကို အဆင့်ချိုးဖြတ်ရာအခြေအနေအထိ တွန်းပို့လိုက်တာကို သူယုံရခက်နေခဲ့သည်။

ကျန်းယန် သူတော်စင်သခင်ကိုပေးလိုက်သောစာထဲတွင် ရေးထားသည်မှာ အရင်ဘ၀က ကွန်ဖြူးရှပ်လမ်းစဉ်မှ သူမှတ်မိသလောက် အကြောင်းအရာလေးများ ဖြစ်၏။ သူအားလုံးကိုမမှတ်မိသော်လည်း ထိုအကြောင်းအရာလောက်ကပင် သူတော်စင်သခင်ကို ကူညီနိုင်မည်ဟု သူယုံပေသည်။

ထိုအသိပညာများက ဘယ်လောက်ကြောက်ဖို့ကောင်းလဲ ဆိုတာကိုတော့ သူအတိအကျ မတွက်ချက်နိုင်ခဲ့ပေ။

သူတော်စင်သခင်အတွက် ဤအရာများက တန်ဖိုးဖြတ်မရသော အရာများဖြစ်ကြ၏။ နှစ်ပေါင်းများစွာ တာအိုကိုလေ့လာပြီးနောက် အခြားသူတစ်ယောက်တွင် သူ့ထက်ပိုပြည့်စုံသော လမ်းစဉ်တစ်ခုရှိနေကြောင်း သိလိုက်ရခြင်းမှာ လုံး၀ တုန်လှုပ်စရာ ကိစ္စမျိုးပင်။

ကံကောင်းစွာဖြင့် ကျန်းယန်က ကွန်ဖြူးရှပ်လမ်းစဉ်ထဲက စာသားအပိုင်းအစများကိုသာ မှတ်မိ၍ တော်သေးသည်။ အားလုံးကိုသာ မှတ်မိနေလျှင် သူတော်စင်သခင် ကျေးဇူးတင်လွန်း၍ သူ့ရှေ့ဒူးလာထောက်နေ‌ေလာက်၏။

သို့သော် ချင်းယွင်ကျိအတွက်တော့ ထိုအရာများက ခေါင်းကိုက်စရာစာများထက် ပိုမနေပေ။ ထိုစာသားလေးများကို ဖတ်ရုံနှင့် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ကို ဘယ်လိုချိုးဖြတ်သွားသလဲ သူမယုံနိုင် ဖြစ်နေခဲ့သည်။

သူနောက်ဆုံးတွင်တော့ ကျန်းယန်၏ ကောင်းကင်ကံကြမ္မာနှင့်ဤကိစ္စအကြောင်း ဆက်စပ်မိသွားခဲ့၏။ ဤအရာက ကံကြမ္မာသားတော်၏ ရိုးရှင်းသော စွမ်းအားပေလော။

မကြာခင်တွင် သူတို့ ၀င်္ကပါနယ်မြေထဲက လက်နက်များချိတ်ပိတ်ထားသောနေရာသို့ ရောက်ရှိလာခဲ့ကြသည်။ ကျန်းယန် အတန်ကြာအောင် စောင့်ဆိုင်းနေခဲ့ရပြီးနောက် နောက်ဆုံးတွင် ချင်းယွင်ကျိ မီးခိုးရောင်လက်မောင်းကာတစ်စုံးကိုယူကာ ပြန်ပေါ်လာခဲ့၏။

သူတို့နှစ်ယောက်ချက်ချင်းဆိုသလို လက်နက်ကိုတားမြစ်နယ်မြေဆီယူသွားကာ ဂူယန့်ကိုပေးလိုက်လေသည်။

ဂူယန် လက်မောင်းကာများကိုတပ်ဆင်ပြီးသွားသည်နှင့် လက်နက်က သူ့ကိုယ်နှင့်ပေါင်းစပ်သွားခဲ့၏။

ကျန်းယန် ထိုလက်နက်တွင် ဘယ်လိုစွမ်းအားများပိုင်ဆိုင်ထားလဲဆိုတာ စိတ်၀င်တစား‌မေးလိုက်‌သည်။ ဂူဒူအာ၏ သံသွေးစစ်အလံနှင့်ယှဉ်ပါက ဤအရာက သိပ်အံ့ဩစရာမကောင်းလှပေ။

ထိုလက်နက်သည် ဂူယန်ကိုယ်တိုင်ကို ပိုသန်မာလာအောင် လုပ်ပေးသောလက်နက်ဖြစ်မှန်း ဂူဒူအာရှင်းပြလိုက်၏။ ထိုလက်နက်နှင့်ဆိုလျှင် ဂူယန်သည် ပိုမြန် ပိုသန် ပိုခံနိုင်ရည်ရှိသွားကာ တိုက်ပွဲအတွင်း သူ့စွမ်းအားများကို အလျင်အမြန်ပြန်ဖြည့်နိုင်စွမ်းလည်း ရှိသွားပေလိမ့်မည်။

ထိုအကြောင်းကြားသောအခါ ဂူယန်၏ နဂိုတကည်းက လုံလောက်အောင်ကြောက်စရာကောင်းနေပြီဖြစ်သော ခန္ဓာက ထိုလက်နက်ဖြင့်ပေါင်းစပ်လိုက်လျှင် ဘယ်လောက်မွန်းစတားဆန်သွားလိုက်မလဲဆိုတာ ကျန်းယန် တအံ့တဩတွေးမိနေခဲ့သည်။

ထို့နောက် ကျန်းယန် မိစ္ဆာငါးယောက်နှင့်တုရှန်ကိုခေါ်ကာ လန်ကျားအထွတ်အမြတ်မြေဆီ ထွက်ခွာလာခဲ့၏။

သူတို့ လန်ကျားကုန်းမြေတိုက်ကြီးဆီရောက်သွားသောအခါ သူတော်စင်သခင် အဆင့်ချိုးဖြတ်တော့မည်ဖြစ်သောကြောင့် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို တင်းကြပ်စွာ ချိတ်ပိတ်ထားခဲ့ပြီး ဖြစ်သည်။

သူတော်စင်သခင် သူတို့ကို လန်ကျားအထွတ်အမြတ်မြေကို ခေါ်ရမည့်အစား သူအဆင့်ချိုးဖြတ်ဖို့ စီစဉ်ထားသည့် ချီရှန်အကယ်ဒမီကိုသာ တိုက်ရိုက်လာခဲ့ဖို့ ညွှန်ကြားခဲ့၏။

ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ကိုကျော်ဖြတ်ရာတွင် ၉၉ဆင့်မိုးကြိုးကို ဖြတ်ကျော်ရမည်ဖြစ်သောကြောင့် လန်ကျားအထွတ်အမြတ်မြေထဲတွင် အဆင့်ချိုးဖြတ်လျှင် အပျက်အဆီးများ ရှိလာနိုင်ပေသည်။

သို့သော် ချီရှန်အကယ်ဒမီကတော့ ယွင်မုန့်စိမ့်တောနှင့်ပိုနီးသော နယ်မြေဖြစ်သောကြောင့် ကိစ္စသိပ်မရှိပေ။

ထိုအရာက တစ္ဆေသံတမန်ဤကိစ္စကို ချက်ချင်းသတိထားမိသွားနိုင်သည်ဟုလည်း ဆို‌လိုနေခဲ့၏။

All Chapters