← Chapters

အခန်း ၄၂၄

Vol. 41 Ch. 424

အခန်း ၄၂၄

Vol. 41 Ch. 424

အပိုင်း(၄၂၄)

သူတော်စင်သခင် ကပ်ဘေးဖြတ်ကျော်ခြင်း

ကျန်းယန်နှင့်မိစ္ဆာများ ချီရှန်အကယ်ဒမီဆီရောက်သောအခါ ထိုနေရာတွင် သူတော်စင်သခင်က သူတို့ကို စောင့်ဆိုင်းနေကြောင်း တွေ့လိုက်ရသည်။

အကယ်ဒမီဂိတ်တံခါးရှေ့တွင်ရပ်နေသော သူ့အရှိန်အဝါက အံ့ဩစရာကောင်းလောက်အောင် အားကောင်းနေခဲ့၏။

မိစ္ဆာများရောက်လာသည်ကို မြင်သောအခါ သူယဉ်ကျေးစွာ ခေါင်းငြိမ့်ပြလိုက်ပြီး သူ့တာအိုကို ကာကွယ်ပေးရန် ရောက်လာပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောလိုက်လေသည်။ သူတို့သည် မတူညီသောလမ်းစဉ်များတွင် လျှောက်လှမ်းကြသူများ ဖြစ်သော်လည်း သူ့ကိုလာကူညီသူများ ဖြစ်သောကြောင့် ကျေးဇူးတင်စကားပြောဖို့ ထိုက်တန်၏။

ထို့နောက် သူတော်စင်သခင် ကျန်းယန်ကို စိတ်၀င်တစား ကြည့်လိုက်သည်။

“မင်းအဲ့ဒီဒဿနာတွေကို ဘယ်လိုတောင်နားလည်ခဲ့တာလဲ” သူမေးလိုက်၏။

သူ့အမြင်၌ ကျန်းယန်သည် ထိုမျှအတွေးအမြင်နက်ရှိုင်းနေစရာ အကြောင်းမရှိပေ။

ကျန်းယန် ရိုးရှင်းစွာပြုံးကာ မေးခွန်းတစ်ခု ပြန်မေးလိုက်သည်။

“ဦးလေးသူတော်စင် ဦးလေးကျင့်ကြံခြင်းမရှိတဲ့ သာမန်လူတွေနဲ့ စကားမပြောဖြစ်တာ ဘယ်လောက်ကြာသွားပြီလဲ”

ကျင့်ကြံသူများသည် သက်တမ်း ထောင်ချီနေရပြီး သာမန်လူများကတော့ အများဆုံးမှ သက်တမ်း ၁၀၀ကျော်အထိသာ နေရကြောင်း သူရှင်းပြခဲ့၏။ သူတို့၏ သက်တမ်းများ မတူညီကြသောကြောင့် သူတို့ပြသသည့် တာအိုရစ်သမ်ကလည်း ကွဲပြားကြသည်။

ထို့နောက် ကျန်းယန်မေးလိုက်၏။

“သာမန်လူတွေနဲ့ ကျင့်ကြံသူတွေရဲ့ကြားက တာအိုအမြင်တွေက တူမယ်လို့ဦလေးသူတော်စင်ထင်လား”

သူတော်စင်သခင် သူ့ကိုစိုက်ကြည့်နေရင်း ကြိတ်၍ သက်ပြင်းချလိုက်မိသည်။

ထိုအခိုက်တွင် ကျန်းယန်ကိုရင်ဆိုင်ဖို့ အဘယ်ကြောင့်ဒီလောက်ခက်နေသလဲဆိုတာ သူနားလည်သွားခဲ့၏။ အတွေးအခေါ်အပိုင်းတွင် ကျန်းယန်၏ အမြင်က ကမ္ဘာပေါ်ရှ်ိ ပညာရှင်အများစုကိုပင် ကျော်လွန်နေခဲ့ချေပြီ။

ထို့နောက် အဇူရာတိမ်မြို့က စိတ်၀င်စားစရာကောင်းလိမ့်မည်ဟု သူယုံသောကြောင့် သူအဆင့်ချိုးဖြတ်ပြီးလျှင် ထိုမြို့သို့အလည်လာခဲ့ဦးမည်ဟု သူတော်စင်သခင် ပြောလိုက်လေသည်။

မကြာခင်တွင် သူ့အမူအရာက လေးနက်သွားခဲ့၏။

သူကပ်ဘေးဖြတ်ကျော်နေချိန်အတွင်း လန်ကျားအထွတ်အမြတ်မြေက အများကြီး မကူညီနိုင်မှန်း သူသိပေသည်။

ထိုသက်တမ်းလွန်နေသော အဖိုးကြီးများက တစ္ဆေဘုံမှမင်ယွဲ့၏ပစ်မှတ်များ ဖြစ်နေခဲ့၏။

မင်ယွဲ့ပြောစကားအရဆိုလျှင် သူတို့သက်တမ်းက ကုန်ဆုံးနေပြီဖြစ်ပြီး အခုလို အသက်ဆက်ရှင်နေစေဖို့ သေခြင်းရှင်ခြင်းပြန်လည်မွေးဖွားခြင်းအခွင့်အာဏာကို ခိုးယူထားသည်ဟု ဆိုသည်။

ထိုအချက်ကြောင့်ပဲ သူတို့သည် တစ္ဆေဘုံနှင့်ရင်ဆိုင်ရရာတွင် များစွာ အားနည်းနေခဲ့ရခြင်း ဖြစ်၏။

ထို့ကြောင့် သူတော်စင်သခင် ကပ်ဘေးဖြတ်ကျော်နေစဉ် သူ့ကိုကာကွယ်ပေးဖို့ အဇူရာတိမ်ဂိုဏ်းကို အားကိုးဖို့ကလွဲ ရွေးစရာမရှိခဲ့ပေ။

ကျန်းယန် သူတို့အပြင်အန္တရာယ်များကို ကိုင်တွယ်ထားမည်ဖြစ်ပြီး ကပ်ဘေးဖြတ်ကျော်ရာ၌သာ အာရုံစိုက်ထားဖို့ သူတော်စင်သခင်ကို အားပေးလိုက်လေသည်။

ထိုစကားကြားသောအခါ သူတော်စင်သခင် ယုံကြည်မှုရှိစွာ ရယ်မောလိုက်၏။

“ကောင်းကင်နဲ့မြေပြင်က သူတော်စင်တာအိုကိုပိုင်ဆိုင်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် ငါကျိန်းသေပေါက် အောင်မြင်လိမ့်မယ်”

ထို့နောက် ကျန်းယန်နှင့်အခြားသူများနောက်ဆုတ်လိုက်ကြပြီး သူ့ကိုအဆင့်ချိုးဖြတ်ဖို့ နေရာဖယ်‌ေပးလိုက်ကြ‌လေသည်။

စောင့်ဆိုင်းနေရင်း ကျန်းယန် ဂူဒူအာကို ပြန်လည်မွေးဖွားခြင်းအခွင့်အာဏာအကြောင်း စိတ်၀င်တစား မေးမြန်းလိုက်၏။

သက်ရှိအားလုံးသည် ကောင်းကင်နှင့်မြေပြင်နိယာမရ သေခြင်း ရှင်ခြင်း ပြန်လည်မွေးဖွားခြင်း ဟူသော အရာများကို တွေ့ကြုံခံစားရမည်ဖြစ်သောကြောင့် ပြန်လည်မွေးဖွားခြင်းသည် တစ္ဆေဘုံပိုင်ဆိုင်သောအရာဖြစ်ကြောင်း ဂူဒူအာ ရှင်းပြလိုက်သည်။

အကယ်၍ တစ်စုံတစ်ယောက်၏သက်တမ်းက ကုန်ဆုံးသွားသော်လည်း သဘာ၀မကျဘဲ ဆက်လက်ရှင်သန်နေဦးမည်ဆိုလျှင် ထိုအရာက ပြန်လည်မွေးဖွားခြင်းစက်၀န်းကို ဖျက်ဆီးလိုက်ခြင်း ဖြစ်၏။

ထို့ကြောင့် မင်ယွဲ့လိုသံတမန်များက ပြန်လည်မွေးဖွားခြင်းစက်၀န်းမျှချေညီနေစေရန် ထိုကဲ့သို့သော သူများကို လိုက်လံသတ်ဖြတ်နေခြင်း ဖြစ်သည်။

ထိုရှင်းပြချက်အကြောင်းကြားသောအခါ နောက်ဆုံးတွင် ကျန်းယန်နားလည်သွားခဲ့၏။

လန်ကျားအထွတ်အမြတ်မြေမှ စီနီယာပညာရှင်ကြီးများ မင်ယွဲ့ကို တိုက်ရိုက်ရင်မဆိုင်ရဲတာ အံ့ဩစရာတော့ မဟုတ်တော့ပေ။

တစ္ဆေဘုံသည် ပြန်လည်မွေးဖွားခြင်းစက်၀န်းကြောင့် အမတ မိစ္ဆာနှင့်အခြားမျိုးနွယ်များအပေါ် ရန်လိုကြောင်းပါ ဂူဒူအာရှင်းပြလိုက်သည်။

မိစ္ဆာဘုံတွင်လည်း သက်တမ်းလွန်နေပြီး နည်းလမ်းမျိုးစုံဖြင့် အသက်ရှင်နေစေရန် ဆွဲဆန့်ထားသော ပုဂ္ဂိုလ်များစွာရှိသောကြောင့် တစ္ဆေဘုံနှင့် ပဋိပက္ခများ မကြာခဏဆိုသလို ဖြစ်ကြရ၏။

ထိုအကြောင်းကြားပြီးသောအခါ ကျန်းယန်ရုတ်တရက် ထူးဆန်းစွာ ပြုံးလိုက်လေသည်။

“ဒီလိုဆိုမှတော့” သူပြောလိုက်၏။

“ကျွန်တော်သာ တစ္ဆေဂိတ်တံခါးကို ၀မ်လင်းဂိုဏ်းထဲမှာဖွင့်လိုက်ပြီးရင် သူတို့တွေ ဖရိုဖရဲဖြစ်ကုန်တာကို အေးအေးဆေးဆေးလေး ထိုင်ကြည့်နေရုံပဲ မဟုတ်လား”

အခြားမိစ္ဆာများ ရုတ်တရက် သူ့ကို အကူအညီမဲ့စွာ စိုက်ကြည့်လိုက်ကြသည်။

နောက်ဆုံးတွင် ဂိုဏ်းတိုင်း၌ သက်တမ်းလွန်နေသော ရှေးဟောင်းပညာရှင်ကြီးများ ရှိတတ်ကြသည်သာ။ ထိုပုဂ္ဂိုလ်များက ဂိုဏ်းကြီးတိုင်၏ အုတ်မြစ်ဆိုလျှင်လည်း မမှားပေ။

အကယ်၍ တစ္ဆေသံတမန်များသာ ရုတ်တရက်ပေါ်ပေါက်လာခဲ့မည်ဆိုလျှင် တစ်ကမ္ဘာလုံး ဖရိုဖရဲဖြစ်ကုန်မှာ သေချာပေသည်။

ဂူဒူအာပင် ကျန်းယန်စကားကိုဘယ်လိုတုန့်ပြန်ရမလဲ မသိတော့သောကြောင့် ဆိတ်ဆိတ်သာ နေခဲ့လိုက်၏။

ကျန်းယန်လည်း ထိုအကြောင်းဆက်မပြောတော့ပေ။ တစ္ဆေဂိတ်တံခါးကို ဖွင့်မဖွင့်ရ ဂိုဏ်းပြန်ရောက်မှ သေချာ အေးအေးဆေးဆေး ဆွေးနွေးရမည့် ကိစ္စ ဖြစ်သည်။

ထိုအခိုက်တွင် သူတော်စင်သခင်၏အရှိန်အဝါက ရုတ်ချည်းပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး တရား၀င် ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့၏။

ကောင်းကင်ကလည်း ရုတ်တရက် မှောင်မည်းသွားခဲ့သည်။

မိုးကြိုးတိမ်တိုက်များက မိုင်ပေါင်းများစွာအထိ ဖုံးအုပ်ထားခဲ့ပြီး ကောင်းကင်မိုးကြိုးများက ချီရှန်အကယ်ဒမီပေါ် မိုးရွာသလို စတင်ကျဆင်းလာခဲ့ကြ၏။

ကျန်းယန် မြင်ကွင်းကို တုန်လှုပ်စွာ စိုက်ကြည့်နေခဲ့လေသည်။ အမွှေးတိုင်အိုး ရင်ဆိုင်ခဲ့ရသော မိုးကြိုးကပ်ဘေးထက် ဤမိုးကြိုးကပ်ဘေးက အများကြီးပိုပြီး ကြောက်စရာကောင်းပေသည်။

မိုးကြိုးများက တစ်ချက်ချင်းကျလာရမည့်အစား အလျင်အမြန်ပင် ငွေဖြူရောင်မှ ကြက်သွေးရောင်အဖြစ်ပြောင်းလဲသွားပြီး မိုးကြိုးမုန်တိုင်းတိုက်ခတ်နေသလို ကျဆင်းနေခဲ့ခြင်း ဖြစ်၏။

ဤအရာက စစ်မှန်သောကပ်ဘေးဖြစ်ပြီး ဒဏ္ဍာရီလာ ၉၉ဆင့် မိုးကြိုးကပ်ဘေးလည်း ဖြစ်သည်။

ပတ်ပတ်လည်နယ်မြေအားလုံးတွင် ကောင်းကင်စွမ်းအင်များက အလျင်အမြန်ပင် နှောင့်ယှက်ခံလိုက်ရပြီး ဤအဖြစ်ကို ရှို့ယိဘုရားကျောင်း ပင်လယ်ကောင်းကင်မျှော်စင်နှင့်အဇူရာတိမ်ဂိုဏ်းတို့က ချက်ချင်း အာရုံခံမိသွားခဲ့ကြ၏။

အဇူရာတိမ်ဂိုဏ်းတွင်

ကပ်ဘေးစတင်နေပြီဖြစ်သောကြောင့် ကြည့်ချင်လျှင် သွားကြည့်လို့ရကြောင်း သူ့ဂျူနီယာများကို ချင်းယွင်ကျိ ခွင့်ပြုပေးလိုက်သည်။

ကောင်းကင်ကပ်ဘေးတစ်ခုကို မြင်တွေ့ရခြင်းမှာ ရှားပါးသော အခွင့်အရေးတစ်ရပ်ဖြစ်ပြီး တစ်ခါတရံတွင် ထိုကဲ့သို့သော ကပ်ဘေးမျိုးမှ အခွင့်အလမ်းများကို ရှာတွေ့နိုင်၏။

မကြာခင်တွင် လင်းယွင်ကျိနှင့်ဟွာလင်းကျိတို့ လန်ကျားအထွတ်အမြတ်မြေဆီ ဦးတည်ထွက်ခွာသွားခဲ့ကြလေသည်။

ထိုအချိန်တွင် လန်ကျားကုန်းမြေတိုက်ကြီးကိုတစ်ခုလုံးကို ချိတ်ပိတ်ထားခြင်း ဖြစ်၏။ သို့သော် သူတို့သည် အဇူရာတိမ်ဂိုဏ်းမှ ဖြစ်သောကြောင့် ဘာပြဿနာမှမရှိဘဲ ၀င်ခွင့်ရခဲ့သည်။ ပင်လယ်ကောင်းကင်မျှော်စင်အတွက်လည်း အတူတူပင်။

သို့သော် ရှို့ယိဘုရားကျောင်းမှလူများကတော့ ကုန်းမြေတိုက်ကြီးထဲ၀င်ခွင့် ပိတ်ပင်ခံခဲ့ရသည်။

ရှို့ယိဘုရားကျောင်း ဘုရားကျောင်းသခင် ချန်ရှောင်ချိုး လန်ကျားအထွတ်အမြတ်မြေဘက်သို့ မည်းမှောင်နေသော မျက်နှာထားဖြင့် စိုက်ကြည့်နေခဲ့၏။

သူတော်စင်သခင်က ကမ္ဘာပေါ်ရှိ ဒုတိယမြောက်ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု သူဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိပေ။

သူကပ်ဘေးကို မအောင်မြင်သေးသော်လည်း ဘယ်သူက ထိုကပ်ဘေးမျိုးကို လုံလောက်သောယုံကြည်မှုမရှိဘဲ ဆင့်ခေါ်ရဲမည် မဟုတ်ပေ။

ဤကပ်ဘေးကိုသာ အောင်မြင်သွားခဲ့လျှင် သူတော်စင်သခင်သည် ကမ္ဘာပေါ်ရှိ အသန်မာဆုံးပုဂ္ဂိုလ်များကြားထဲတွင် ထိပ်ဆုံးပိုင်းသို့ ရောက်ရှိသွားပေတော့မည်။

ထိုအချက်က ‌ချန်ရှောင်ချိုးကိုအတော်လေးစိတ်မသက်မသာဖြစ်နေစေခဲ့၏။

ယွင်စုန့်အား အခြားဂိုဏ်းကြီးများဖြစ်သော ၀မ်လင်းဂိုဏ်းနှင့်မဟာနှင်းတောင်ဂိုဏ်းများကို အကြောင်းကြားဖို့ အမိန့်ပေးလိုက်ပြီးနောက် ချန်ရှောင်ချိုး သူကိုယ်တိုင် ဓားပျံတစ်စင်းလို ကောင်းကင်ကိုဖောက်ပြီး လန်ကျားအထွတ်အမြတ်မြေဆီ ဦးတည်ထွက်ခွာသွားခဲ့လေသည်။

All Chapters