အခန်း ၄၂၆
Vol. 41 Ch. 426
အပိုင်း(၄၂၆)
လမ်းငှားမှာလား မရဘူး
ချန်ရှောင်ချိုးက သူတော်စင်သခင်ကပ်ဘေးအောက်တွင် သေသွားဖို့ မျှော်လင့်နေတာကိုသိလိုက်ရသောအခါ မဟာနှင်းတောင်အကြီးအကဲ ခါးသက်သက်သာ ပြုံးလိုက်မိသည်။
တကယ်တော့ ထိုဖြစ်နိုင်ချေက အတော်နည်းမှန်း သူတို့အားလုံး သိ၏။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များသည် အဆင့်ချိုးဖြတ်ဖို့ အတွက် နှစ်ရာချီ ထောင်ချီ ပြင်ဆင်ထားကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် မသေချာဘဲနှင့် ကပ်ဘေးကို ဘယ်တော့မှ ဆင့်ခေါ်မည် မဟုတ်ပေ။
ကပ်ဘေးဖြတ်ကျော်နေချိန်အတွင်း တကယ့်အန္တရာယ်က ဘယ်တုန်းကမှ မိုးကြိုးများ မဟုတ်ခဲ့ပေ။ အန္တရာယ်က ပြင်ပနှောင့်ယှက်မှုများသာ ဖြစ်၏။
ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်တစ်ယောက်က ကမ္ဘာကြီး၏ မျှချေကိုပြောင်းလဲပစ်နိုင်စွမ်းရှိသောကြောင့် ရန်သူဂိုဏ်းပေါင်းများစွာက ထိုအခွင့်အရေးကို အသုံးချကာ ကပ်ဘေးကျော်ဖြတ်သူကို နှောင့်ယှက်ကြမည်သာ။
သို့သော် အခုတော့ အဇူရာတိမ််ဂိုဏ်းက မိစ္ဆာများလွှတ်ပြီး ကာကွယ်ေပးထားသလို သူေတာ်စင်သခင်ကိုယ်တိုင်ကလည်း သေချာပြင်ဆင်ထားေသာေကြာင့် သူ့ကပ်ဘေးဖြတ်ကျော်ခြင်းက အောင်မြင်ဖို့ သေချာနေပုံပင်။
ထိုအကြောင်းစဉ်းစားရင်း ချန်ရှောင်ချိုး ပိုပိုပြီး ဒေါသထွက်လာခဲ့၏။
သူရုတ်တရက် အဇူရာတိမ်ဂိုဏ်းဘက်ကြည့်ကာ မဟာနှင်းတောင်အကြီးအကဲကို ပြောလိုက်သည်။
“ကျုပ်တို့အခု အဇူရာတိမ်ကုန်းမြေတိုက်ကြီးတိုက်ရင် အခွင့်အရေးတစ်ခု ရှိလာနိုင်လောက်လား”
မဟာနှင်းတောင်အကြီးအကဲချက်ချင်း သူ့နတ်အာရုံကိုဖြန့်ကာ လန်ကျားကုန်းမြေတိုက်ကြီးဆီ ကြည့်လိုက်ပြီးနောက် ခါးသက်သက်ပြုံးလိုက်၏။
“ဒီမှာမိစ္ဆာ ၅ကောင်ပဲရှိတယ်”
အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို ကာကွယ်နေသော မိစ္ဆာ ၁၀ကောင်ကျန်နေသေးသည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။
ထို့အပြင် ဟိုတလောကက အဇူရာတိမ်ဂိုဏ်းတွင် ကပ်ဘေးဖြတ်ကျော်သွားသည်က ချင်းယွင်ကျိကိုယ်တိုင်ဖြစ်နိုင်သည်ဟုလည်း သူတို့နှစ်ယောက်လုံး သံသယရှိနေသး၏။
ထိုစကားကြားသောအခါ ချန်ရှောင်ချိုး နားလည်သွားခဲ့သည်။
အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို မိစ္ဆာ ၁၀ကောင်နှင့် ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်တစ်ယောက်က ကာကွယ်နေသည်ဆိုလျှင် သူတို့အတွက် အခွင့်အရေးလုံး၀ မရှိနိုင်ပေ။
သူ့ကို စိတ်အနှောင့်အယှက်ပေးနေသောကိစ္စများထဲတွင် ချင်းယွင်ကျိ ဆယ်စုနှစ်အနည်းငယ်အတွင်း ကပ်ဘေးနှစ်ခါဖြတ်ကျော်သွားသည့်ကိစ္စလည်း ပါ၀င်ပေသည်။
ထိုကိစ္စကိုလုံး၀ကို သူ့နားလည်နိုင်စွမ်းကို ကျော်လွန်နေခဲ့၏။
မဟာနှင်းတောင်အကြီးအကဲလည်း ထိုကိစ္စကို နားမလည်နိုင်ပေ။
ထိုစဉ် သူတို့ဆီ ၀မ်လင်းဂိုဏ်းဘက်မှ နောက်ထပ်ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်တစ်ယောက် ချဉ်းကပ်လာတာကို သူတို့အာရုံခံလိုက်မိကြသည်။
“ကျိုးကျွင်းချန်”
သူတို့နှစ်ယောက်ချက်ချင်း အသစ်ရောက်ရှိလာသူကို သိရှိသွားခဲ့ကြ၏။
သို့သော် ဘယ်သူကမှ သူ့ကိုအရေးမလုပ်ခဲ့ကြပေ။ ကျိုးကျွင်းချန်သည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များကြားထဲတွင် အားအနည်းဆုံးသူဖြစ်ပြီး သူတို့နှင့် အဆင့်တူတွင် ရှိမနေပေ။
ထိုစဉ် ချင်းယွင်ကျိကိုယ်တိုင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးအပြင်သို့ ထွက်လာခဲ့ပြီး ကျိုးကျွင်းချန်လမ်းကို ပိတ်လိုက်၏။
ကျိုးကျွင်းချန် အေးစက်စက်ပင် သူလန်ကျားအထွတ်အမြတ်မြေဆီသွားဖို့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီက လမ်းငှားချင်ကြောင်း ရှင်းပြလိုက်သည်။
သို့သော် ချင်းယွင်ကျိကတော့ ချက်ချင်းငြင်းဆန်လိုက်၏။
“ခွင့်မပြဘူး”
ကျိုးကျွင်းချန် ချက်ချင်းပင် ဒေါသထွက်လာခဲ့လေသည်။
သူတို့ အဇူရာတိမ်ဂိုဏ်းကလည်း အရင်က ၀မ်လင်းဂိုဏ်းနယ်မြေမှ ဖြတ်သွားခဲ့ဖူးသည် မဟုတ်ပါလော။ အဘယ်ကြောင့် အခုသူတို့အလှည့်ကျမှ သူ့ကိုလာတားနေရပါသနည်း။
ချင်းယွင်ကျိ အေးအေးဆေးဆေးသာ ပြုံးလိုက်၏။
“သွားချင်ရင် မင်းလမ်းမင်းကြိုးစားဖောက်ကြည့်လေ”
ကျိုးကျွင်းချန် လှုပ်ရှားဖို့ ပြင်လိုက်ချိန်မှာပင် သူ့ပတ်ပတ်လည်ရှိ ကောင်းကင်နိယာမများက မရေတွက်နိုင်သော ဓားများအဖြစ်ပြောင်းလဲသွားပြီး သူ့ကို ဝိုင်းပတ်ထားလိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလို သူ့ကိုဦးတည်ချိန်ရွယ်ထားသော ဓား၀င်္ကပါကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။
ချင်းယွင်ကျိ အေးအေးဆေးဆေးသာ ပြောလိုက်သည်။
“အရင်က ငါမင်းကိုအနိုင်ယူဖို့ တာအိုပိုင်နက်သုံးဖို့လိုခဲ့တယ် အခုတော့ အဲ့တာကိုတောင်မလိုတော့ဘူး မင်းငါ့ဓား၀င်္ကပါကို ချိုးဖြတ်နိုင်ရင် ငါမင်းကို ဖြတ်သန်းခွင့်ပေးမယ်”
ကျိုးကျွင်းချန် ဒေါသကြောင့် လောင်မြိုက်လာခဲ့သော်လည်း အဆင်အခြင်မဲ့ ရှေ့မတက်ရဲပေ။
နောက်ဆုံးတွင် နောက်ဆုံးတစ်ခေါက် ကပ်ဘေးဖြတ်ကျော်ခြင်းစဦးအဆင့်တုန်းကပင် သူချင်းယွင်ကျိကို အသာစီးရအောင် မတိုက်ခိုက်နိုင်ခဲ့ဘူး မဟုတ်ပါလော။
အခု ချင်းယွင်ကျိက ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်ပိုင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်လေရာ သူ့အတွက် အနိုင်ရဖို့အခွင့်အရေး နည်းနေပြီဖြစ်မှန်း သူသိ၏။
နောက်ဆုံးတွင်တော့ အဇူရာတိမ်ဂိုဏ်းက ဘယ်တော့မှသူတို့ဆီက လမ်းငှားရဖို့ မမျှော်လင့်နဲ့တော့ဟု သတိပေးစကားပြောကာ ပြန်ဆုတ်ခွာသွားခဲ့သည်။
ထို့နောက် သူအဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ပတ်ပြီးမှ လန်ကျားကုန်းမြေတိုက်ကြီးဆီ ခရီးဆက်လာခဲ့ရ၏။
လန်ကျားကုန်းမြေတိုက်ကြီး အပြင်သို့ရောက်သောအခါ ကျိုးကျွင်းချန် အထဲအတင်းမ၀င်တော့ဘဲ အပြင်ဘက်ကသာ သူတော်စင်သခင်ကပ်ဘေးဖြတ်ကျော်တာကို ကြည့်ရှုဖို့ ရွေးချယ်လိုက်သည်။
ထိုစဉ် ကမ္ဘာပေါ်ရှိ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် အမြောက်အများ သူတော်စင်သခင်ကပ်ဘေးဖြတ်ကျော်နေတာကို အာရုံခံမိပြီး အလျင်အမြန် လန်ကျားကုန်းမြေတိုက်ကြီးဆီ ရောက်ရှိလာနေခဲ့ကြ၏။ သို့သော် မိစ္ဆာများစောင့်ကြပ်နေတာကို တွေ့သောအခါ သူတို့အထဲမ၀င်တော့ဘဲ အပြင်မှသာ စောင့်ကြည့်နေခဲ့ကြရသည်။
မင်ယွဲ့ပင် ယွင်မုန့်စိမ့်တောထဲကထွက်ကာ အခြေအနေကို လာစောင့်ကြည့်နေခဲ့၏။
သူ့ရောက်ရှိလာမှုကို အာရုံခံမိသောအခါ ဂူဒူအာ့အမူအရာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူအခြားမိစ္ဆာများအား ကျန်းယန်ကိုကာကွယ်ဖို့မှာခဲ့ပြီး သူကိုယ်တိုင်ကတော့ မင်ယွဲ့လမ်းကြောင်းကို တားဆီးဖို့ ထွက်သွားခဲ့၏။
မင်ယွဲ့နှင့်တွေ့သောအခါ မင်ယွဲ့က သူဒီကိုပွဲကြည့်ဖို့ လာခြင်းသက်သက်သာ ဖြစ်ကြောင်း အေးအေးဆေးဆေးရှင်းပြခဲ့သည်။
သူတို့နှစ်ယောက်စကားပြောနေရင်း မင်ယွဲ့ ကျန်းယန်၏သရုပ်မှန်အကြောင်း စိတ်၀င်စားလာခဲ့ပြန်၏။ အဘယ်ကြောင့် စွမ်အားကြီးမိစ္ဆာများက ထိုကလေးကို ဂရုတစိုက်ကာကွယ်ပေးနေကြသလဲ သူနားမလည်နိုင် ဖြစ်နေခဲ့သည်။
သို့သော် ဂူဒူအာကတော့ တစ္ဆေဘုံထံ လျှို့ဝှက်ချက်များ ပေါက်ကြားသွားမည်စိုးသောကြောင့် မေးခွန်းများကို ကွေ့ပတ်ကာ ရှောင်ရှားနေခဲ့၏။
တစ်ချိန်တည်းမှာပင် သူတော်စင်သခင်၏ မိုးကြိုးကပ်ဘေးကလည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့သည်။
ကောင်းကင်မိုးကြိုးများက အနက်ရောင်အဖြစ် လုံး၀ပြောင်းလဲသွားပြီဖြစ်သောကြောင့် မိုးကြိုးမုန်တိုင်းအလယ်တွင် ဘာတွေဖြစ်နေသလဲ ဘယ်သူမှ မမြင်ရခဲ့ကြပေ။
ထိုကြောက်မက်ဖွယ်ကောင်းကင်စွမ်းအားအောက်တွင် ဘယ်ပညာရှင်ကမှလည်း နတ်အာရုံသုံးပြီး မထောက်လှမ်းရဲကြပေ။
နောက်ဆုံး ဧရာမ မိုးကြိုးနက်ကြီးကျဆင်းသွားပြီးနောက်တွင်တော့ ကပ်ဘေးက ပြီးဆုံးသွားခဲ့လေသည်။
ချက်ချင်းဆိုသလို လန်ကျားကုန်းမြေတိုက်ကြီးပတ်ပတ်လည်က ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များ တောင့်တင်းသွားခဲ့ကြ၏။ အထူးသဖြင့် ချန်ရှောင်ချိုးပင်။
လူတိုင်းက ဤအခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်၏။
အကယ်၍ သူတော်စင်သခင်သာ ဒဏ်ရာအပြင်းအထန်ရပြီး အလွန်အားနည်းနေသောပုံစံဖြင့် ကပ်ဘေးထဲက ထွက်လာခဲ့လျှင် သူတို့အားလုံး လန်ကျားကုန်းမြေတိုက်ကြီးထဲ၀င်ပြီး သူ့ကို တိုက်ခိုက်ကြတော့မည်သာ။