← Chapters

အခန်း ၂၇၁

Vol. 28 Ch. 271

အခန်း ၂၇၁

Vol. 28 Ch. 271

အခန်း(271)

အဘိုးစုက အသက်ကြီးလွန်းသောကြောင့် သွားများပင် မရှိတော့ပေ။

သို့သော် သူက သွားမရှိသော ပါးစပ်ဖြင့် ရယ်မောလျက် ဦးလေးစုကို ပြောလာသည်။

“ရှောင်လော်က ဝေ့အာ့လေးနဲ့ တကယ့်ကို တူတာပဲ”

ဝေ့အာ့ဟူသည်က အဘိုးစု၏ ကွယ်လွန်သွားခဲ့ရှာသော အကြီးဆုံးသမီးဖြစ်သည်။

ထိုအကြောင်းကို ကြားလိုက်ရချိန်တွင် အဒေါ်စုက ဦးလေးစု၏ နောက်မှ သရော်လိုစွာပြုံးပြီး မျက်လုံးကို စောင်းကြည့်လိုက်လေတော့၏။

သူမက ပြန်လာခဲ့ပြီးနောက်တွင်လည်း မပျော်မရွှင်ဖြင့်ပြောနေခဲ့သည်။

“ဝေ့ဖင်း ငယ်ငယ်တုန်းကကျတော့လည်း ဝေ့အာ့ရဲ့ရုပ်က ဝေ့ဖင်းနဲ့ တူတယ်လို့ ပြောခဲ့ဖူးတယ်၊ အခု ရှောင်လော် လှပနေပြန်တော့လည်း ရှောင်လော်နဲ့ တကယ့်ကို တူတယ်လို့ ပြောပြန်ပြီ၊

ဝေ့ချင်းက ယွီရှို့နဲ့ တူတာဖြစ်ပြီး၊ ရှောင်လော်က ဝေချင်း၊ လီရှန်းတို့နဲ့ တူတာလေ၊ သူတို့တွေက ရှင်တို့ရဲ့ စုမိသားစုနဲ့ တူတဲ့အချက် ဘာတစ်ခုရှိလို့လဲ၊ တကယ့်ကို ကိုယ့်ကိုယ်ကိုယ် မြှောက်ပင့်ပြောဆိုတတ်ကြတာပဲ”

“စကားကိုလျှော့ပြောစမ်းပါ”

ဦးလေးစုက သူမကို အနောက်ဘက်မှနေ၍ တွန်းလွှတ်လိုက်လေသည်။

သူမက အခန်းထဲသို့ ဝင်ရောက်လာကတည်းက ခပ်တိုးတိုးရေရွတ်နေခဲ့ခြင်းဖြစ်ပြီး စကားအမြောက်အမြားကို ပြောဆိုနေခဲ့လေပြီ။

သို့သော်လည်း..

ရှောင်လော်ဟူသော ထိုကလေးက အမှန်တကယ်ပင် ရုပ်မဆိုးပေ။

မိဘနှစ်ပါးလုံးထံမှ ကောင်းမွန်သော အချက်အလက် အားလုံးကို ဆက်ခံရရှိထားခြင်း ဖြစ်လေ၏။

“သူတို့တွေ ကလေးကို ဘယ်လောက်တောင် ကောင်းကောင်းကျွေးမွေးထားလဲ ကြည့်ပါဦး”

စုမိသားစု၏ အကြီးဆုံးသားနှင့် အကြီးဆုံးချွေးမတို့က စကားများနေခဲ့ကြသော်လည်း စုမိသားစုမှ အဘိုးအိုက အမှန်တကယ်ပင် ပျော်ရွှင်နေခဲ့သည်။

သူက တစ်နေ့လုံး စုရှောင်လော်ကို ပွေ့ချီထားခဲ့ပြီး လက်မှ လုံးဝမချခဲ့ပေ။

စုရှောင်လော်ကလည်း အလွန်ပင် ပူးပေါင်းဆောင်ရွက်မှု ရှိလွန်း၏။

သူမက အဘိုးအို၏ ရင်ခွင်ထဲတွင် ရှိနေသရွေ့ ပြုံးပြနေခဲ့သည်။

သို့သော် စုဝေ့မင်နှင့် သူ၏ဇနီးဖြစ်သူတို့၏ ရင်ခွင်ထဲသို့ ပြန်လည် ရောက်ရှိသွားချိန်တွင်တော့ လျင်မြန်စွာပင် အိပ်စက်ခြင်း သို့မဟုတ် နို့စို့ခြင်းများကို လုပ်ဆောင်တတ်လေ၏။

ညနေပိုင်းသို့ ရောက်ချိန်တွင် အကြီးဆုံးဦးလေးစုပင်လျှင် ထိုကလေးငယ်လေးက အမှန်တကယ့်ကို ပါးနပ်လွန်းသည်ဟု တွေးတောမိသွားခဲ့ရလေပြီ။

ညနေအချိန်သို့ ရောက်ရှိလာချိန်တွင် ထိုလော်ယွီရှို့တို့ ဇနီးမောင်နှံလည်း ပြန်လည်၍ ထွက်ခွာရန်အတွက် ဘတ်စ်ကားပေါ်သို့ တက်ခဲ့ကြလေ၏။

လော်ယွီရှို့က ပြတင်းပေါက်၏ ဘေးနားတွင် ထိုင်နေခဲ့ခဲ့ကာ စုရှောင်လော်၏ တင်ပါးလေးကို လက်လှမ်း ထိတွေ့မိလိုက်လေသည်။

ထို့နောက် ထိုနေရာတွင် အဝတ်အိတ်အသေးစားလေးတစ်ခု ရှိနေသည်ကို မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရလေ၏။

လော်ယွီရှို့၏ လက်က ရုတ်တရက် ရပ်တန့်သွားခဲ့ရတော့သည်။

သူမက ထိုပစ္စည်းကို အပြင်သို့ ထုတ်မယူရဲပေ။ ထို့ကြောင့် သူမ၏လက်ကို ပြန်လည်၍ ထုတ်ယူလိုက်ပြီး စုဝေ့မင်၏ လက်ကို ဆွဲယူကာ ကလေးအနှီးထဲသို့ ဆွဲထည့်ပေးလိုက်လေသည်။

“ဘာဖြစ်လို့လဲ”

စုဝေ့မင်က ငြင်းပယ်ခြင်းမရှိသော်လည်း သူလည်း စိတ်ရှုပ်ထွေးသွားခဲ့ရ၏။

လော်ယွီရှို့က အသေးစိတ် ဂရုစိုက်တတ်သူဖြစ်ကြောင်းကို သူ သိရှိထားသည်။

စုဝေဖင်း ငယ်စဉ်ကတည်းက သူမက သူ့ကို ကလေးအနှီးလဲလှယ်ရန်အတွက် တစ်ခါမှ မတောင်းဆိုခဲ့ဖူးပေ။

စုရှောင်လော်အတွက်တော့ ပြောစရာပင် မလိုတော့ပေ။ ထို့ကြောင့် လော်ယွီရှို့၏ လုပ်ရပ်က သူ့အား အခြေအနေတစ်ခုခုက ထူးဆန်းနေသည်ဟု ခံစားရစေခဲ့သည်။

ထို့ကြောင့် သူက လော်ယွီရှို့၏ စကားကို နာခံပြီး သူ၏လက်ကို ကလေးအနှီးထဲသို့ ထည့်သွင်းလိုက်လေသည်။

ထို့နောက်တွင် ထိုအဝတ်အိတ်အသေးစားလေးကို ထိတွေ့မိလိုက်လေ၏။

သို့သော် လော်ယွီရှို့ကဲ့သို့ သာမန်ကာလျှံကာ ထိတွေ့လိုက်ခြင်းမျိုး မဟုတ်ဘဲ သူက သူ၏လက်ချောင်းများဖြင့် ထိုအဝတ်အိတ်ထဲရှိ ပစ္စည်းများကို သေသေချာချာ စမ်းသပ်ကြည့်ရှုခဲ့ပြီးနောက် ထိုအရာက မည်သည့်အရာ ဖြစ်ကြောင်းကို ခန့်မှန်းမိသွားခဲ့ရလေပြီ။

“ငါ့ရဲ့ ပထမအမေရဲ့ အတိတ်က ပစ္စည်းတွေပဲ”

စုဝေ့မင်က သူ၏လက်ကို ပြန်လည်၍ ရုပ်သိမ်းလိုက်ကာ မရေရာသော အဖြေတစ်ခုကို ပေးလိုက်လေ၏။

အမေဟုတ်လား။

လော်ယွီရှို့က ခဏမျှ ကြောင်အ သွားရပြီးမှသာ အခြေအနေကို နားလည်သဘောပေါက်သွားခဲ့ရ၏။

သူမအနေဖြင့် သူမ၏ယောက္ခမဖြစ်သူ၏ ပထမဆုံးသော ဇနီးဖြစ်သူ စစ်ဘေးရှောင်ရင်း ကွယ်လွန်သွားခဲ့ကြောင်းကိုသိထားသည်။

သူမ၏ ယောက္ခမက နောက်အိမ်ထောင်ပြုခဲ့ပြီးနောက် အခြေချနေထိုင်နိုင်ခဲ့ချိန်မှသာ အကြီးဆုံးသားကို မွေးဖွားခဲ့ခြင်း ဖြစ်လေ၏။

စုဝေဖင်းကိုလည်း အကြီးဆုံးသမီးနှင့်တူသည်ဟု ပြောခဲ့ပြီးနောက် သူမကို ငွေရောင်ဘူးသီးအသေးလေးတစ်ခုကို ပေးအပ်ခဲ့ဖူးသည်။

သို့သော် ထိုငွေရောင်ဘူးသီးက အရွယ်အစား သေးငယ်လွန်းသောကြောင့် တခြားသော ညီအစ်ကိုများက မြင်တွေ့ရချိန်တွင်ပင် မည်သည့်စကားကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ကြပေ။

သို့သော်လည်း ဤအဝတ်အိတ်က အတော်လေးကို လေးလံလွန်းသည်။

သေချာပေ၏။ အဘိုးအိုက သူ၏ဇနီးဖြစ်သူ ချန်ထားခဲ့သော ပစ္စည်းအားလုံးကို ရှောင်လော်ကို ပေးအပ်လိုက်ခြင်း ဖြစ်လေသည်။

လော်ယွီရှို့က အံ့ဩတုန်လှုပ်စွာဖြင့် မေးမြန်းလိုက်လေသည်။

“အစ်မကြီးရဲ့ ပုံစံက ရှောင်လော်နဲ့ တကယ်ပဲ တူလို့လား”

“ငါ့အထင်တော့ ဘယ်သူ့နဲ့မှ တကယ်တူတာမျိုး မဟုတ်လောက်ဘူး”

သို့သော်လည်း၊ အဘိုးအိုက အသက်ကြီးရင့်နေပြီဖြစ်၍ နောင်လာမည့် မျိုးဆက်သစ် ကလေးများကို ထပ်မံ၍ မြင်တွေ့နိုင်ရန်အတွက် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

စုရှောင်လော်က သူ မြင်တွေ့ခဲ့ရဖူးသမျှထဲတွင် အငယ်ဆုံးသော သမီးမိန်းကလေးဖြစ်နိုင်ခြေ များသည်။

ထိုအကြောင်းကို တွေးတောမိလိုက်လျှင် စုဝေ့မင်၏ မျက်နှာအမူအရာက ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်သွားရလေတော့သည်။

သူက အပြန်လမ်းတစ်လျှောက်တွင် စကားများများ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

သူတို့ ဆေးဝါးစက်ရုံထဲသို့ ဝင်ရောက်လာခဲ့ချိန်မှသာ စုရှောင်လော်တစ်ယောက် သူမတစ်နေ့လုံး မမြင်တွေ့ခဲ့ရသော မိဘနှစ်ပါးကို ပြန်လည်၍ တွေ့ဆုံရတော့မည် ဖြစ်ကြောင်းကို သိရှိသွားသကဲ့သို့ အော်ဟစ်ငိုကြွေးလာခဲ့လေတော့၏။

သူမက တအိအိနှင့် ငိုကြွေးနေခဲ့ပြီး အတော်လေး မကျေမနပ်ဖြစ်နေပုံရသည်။

သေသေချာချာ မသိသောသူဆိုလျှင် သူမက မြို့တော်တွင် မတရားမှုကို ခံစားခဲ့ရသည်ဟု ထင်မှတ်ကြပေလိမ့်မည်။

စုဝေ့မင်တစ်ယောက် သူ၏ ဝမ်းနည်းမှုများကို ချက်ချင်းပင် မေ့ပျောက်သွားရလေတော့၏။

ထိုဇနီးမောင်နှံက တစ်ဦးက ကလေးကို ပွေ့ချီထားပြီး တခြားတစ်ဦးက လီရှန်း ပြင်ဆင်ပေးခဲ့သော ကလေးအနှီးအိတ်ကို သယ်ဆောင်လျက် အိမ်သို့ အလောတကြီး ပြေးဝင်လာခဲ့ကြလေ၏။

လမ်းတွင် လုချင်းလန်နှင့် ဆုံတွေ့ခဲ့သော်လည်း နှုတ်ဆက်စကားပင် ထုတ်ဖော်ပြောဆိုရန် အချိန်မပေးနိုင်ကြပေ။

အိမ်သို့ ရောက်ရှိသည်နှင့် လော်ယွီရှို့က ကလေးကို လီရှန်း၏ လက်ထဲသို့ လွှဲပြောင်းပေးလိုက်လေ၏။

ထို့နောက် သူမကိုယ်တိုင် ဟင်းချက်ယောက်မကို အမြန်လှမ်းယူလိုက်ရင်း လှုံ့ဆော်လိုက်လေတော့သည်။

“အမြန်သွားပြီး ကလေးကို နို့တိုက်လိုက်ဦး၊ သူ တစ်နေ့လုံး နို့မှုန့်တွေပဲ သောက်နေခဲ့ရတာဆိုတော့ တကယ့်ကို နေရခက်နေရှာမှာပဲ”

လီရှန်းက ရယ်လည်းရယ်ချင်၊ စိတ်လည်းတိုရပြီး စိတ်ရှုပ်ထွေးသွားခဲ့ရလေ၏။

သို့သော် စုရှောင်လော်၏ ခေါင်းလုံးလုံးလေးက သူမ၏ရင်ခွင်ထဲသို့ အတင်းတိုးဝှေ့နေခဲ့ပြီဖြစ်သောကြောင့် သူမအနေဖြင့် ထပ်မံ၍ ငြင်းပယ်ခြင်းမပြုတော့ပေ။

“ကောင်းပါပြီအမေ၊ ကျွန်မ အရင်သွားနှင့်တော့မယ်နော်”

သူမက ချက်ပြုတ်ချင်သော ဟင်းလျာများကို လော်ယွီရှို့ကို ပြောပြခဲ့ပြီးနောက် လီရှန်းက ကလေးကို ပွေ့ချီကာ သူမ၏အိမ်ဘက်သို့ ပြန်လာခဲ့လေ၏။

ယခုအချိန်တွင် သူမနှင့် စုဝေ့ချင်းတို့က တစ်ဖက်အိမ်တွင် ပြောင်းရွှေ့နေထိုင်ကြပြီဖြစ်သည်။

ဧည့်ခန်းနှင့် အိပ်ခန်းများကို ကိုယ်တိုင်ပြင်ဆင်မွမ်းမံထားကြသောကြောင့် အလွန်ပင် နွေးထွေးပြီး သက်တောင့်သက်သာရှိလွန်း၏။

လီရှန်းတစ်ယောက် ကလေးကို ပွေ့ချီလျက် အိမ်ထဲသို့ ဝင်လာသည်နှင့် စုဝေ့ချင်းက ထွက်လာပြီး မေးမြန်းလိုက်လေ၏။

“ဘာဖြစ်လို့လဲ”

“အဖေနဲ့အမေ ပြန်ရောက်လာကြပြီလေ၊ ရှောင်လော်လည်း ဗိုက်ဆာနေလို့”

လီရှန်းက အဝတ်အစားများကို အမြန်လဲလှယ်လိုက်ပြီးနောက် ကလေးကို နို့တိုက်ကျွေးခဲ့၏။

ကလေးငယ်က အားအပြည့်ဖြင့် နို့စို့နေခဲ့သောကြောင့် ချွေးများထွက်လာခဲ့လေပြီ။

လီရှန်းက စုရှောင်လော်၏ ကလေးအနှီးများကို ဖြေလျှော့ပေးလိုက်လျှင် လေးလံလွန်းသော အဝတ်အိတ်အသေးစားလေးတစ်ခုက အနှီးထဲမှနေ၍ လိမ့်ကျလာခဲ့လေတော့သည်။

စုဝေ့ချင်းက လက်လှမ်း၍ ကောက်ယူလိုက်လေ၏။

ထိုအိတ်က ရွှေချည်မျှင်များဖြင့် ပန်းထိုးမွမ်းမံထားသော မဲနယ်ရောင် အဝတ်အိတ်အသေးစားလေးတစ်ခု ဖြစ်သည်။

“ဒါက ဘာလဲ”

လီရှန်းက စုရှောင်လော်ကို နို့တိုက်ကျွေးနေခဲ့ရင်း ကလေး၏ ငိုကြွေးသံက တိတ်သွားခဲ့ပြီဖြစ်သောကြောင့် စိတ်အေးသွားရသည်။

ထို့နောက် ထိုအဝတ်အိတ်၏ နောက်ခံအကြောင်းအရင်းကို မေးမြန်းရန် အချိန်ရသွားခဲ့လေပြီ။

စုဝေ့ချင်းက ခေါင်းကိုခါပြလိုက်လေ၏။ သူက ထိုအိတ်၏ ပုံစံကို ရင်းနှီးနေသည်ဟု ခံစားရသော်လည်းမည်သည့်ပစ္စည်းဖြစ်ကြောင်းကိုတော့ မသိရှိပေ။

“ဒါကအဖေနဲ့အမေတို့ ပစ္စည်းဖြစ်လိမ့်မယ်၊ ရှင် သွားပေးလိုက်ဦးလေ”

လီရှန်းက အထဲရှိ ပစ္စည်းများကို စိတ်ဝင်စားခြင်းမရှိသောကြောင့် စုဝေ့ချင်းကို မိဘများထံသို့ သွားပေးခိုင်းလိုက်လေ၏။

စုဝေ့ချင်းက ထိုအဝတ်အိတ်ကို သယ်ဆောင်ပြီး ထွက်သွားခဲ့သော်လည်း မကြာမီမှာပင် ပြန်လည်သယ်ဆောင်လာခဲ့ပြန်သည်။

လီရှန်း : “..ဒါ အဖေနဲ့အမေတို့ရဲ့ ပစ္စည်းမဟုတ်ဘူးလား”

ထိုအိတ်က စုမိသားစု၏ အိမ်ဟောင်းမှ ပစ္စည်းမျိုးတော့ မဖြစ်နိုင်ပေ။

“ဒါက အဘိုး ကိုယ်တို့ရဲ့ သမီးငယ်လေးကို ပေးလိုက်တဲ့ ရတနာပဲ”

ဝေ့ချင်းက သက်ပြင်းချလိုက်မိသည်။ သူက သူ၏မိခင်ထံမှ အတိတ်ကာလအဖြစ်အပျက်များကို ကြားသိခဲ့ရသောကြောင့် စိတ်ထဲတွင် ဝမ်းနည်းပူဆွေးမှုကို ခံစားနေရဆဲ ဖြစ်၏။

သူက အဝတ်အိတ်အသေးစားလေးကို ဖွင့်လှစ်လိုက်လျှင် အထဲ၌ ပစ္စည်းအများအပြား မရှိသော်လည်း အဘိုးအိုက လွန်ခဲ့သောနှစ်များအတွင်း ဤပစ္စည်းကို မည်မျှအထိ မြတ်နိုးစွာ ထိန်းသိမ်းထားခဲ့ကြောင်းကို သိလိုက်နိုင်ခဲ့သည်။

အထဲတွင်ရှိနေသည်က ငွေလက်ကောက်တစ်စုံပင် ဖြစ်လေ၏။

ထိုလက်ကောက်က ရိုးရှင်းပြီး ရှေးဆန်သော ပုံစံရှိသည်။

လက်ကောက်က ချိတ်ဆက်ထားခြင်းမျိုးမဟုတ်ဘဲ အစွန်းတစ်ဖက်စီတွင် မင်္ဂလာရှိသော တိမ်တိုက်ပုံစံ နှစ်ခုစီရှိကာ လက်ကောက်၏ မျက်နှာပြင်ပေါ်တွင်လည်း တိမ်တိုက်အရေးအကြောင်းများက ပါရှိလေသည်။

လီရှန်း : “...”

ဒီငွေလက်ကောက်တွေက..

ရုတ်တရက်ပင် မူရင်းဝတ္ထုထဲမှ ဇာတ်ကွက်တစ်ခုက သူမ၏ စိတ်အာရုံထဲသို့ ဖြတ်ပြေးသွားခဲ့ရလေသည်။

မူရင်းစာအုပ်ထဲတွင် ဤငွေလက်ကောက်ကို စုဝေဖင်းက ဝတ်ဆင်ခွင့်ရရှိခဲ့သည်။

ယခုအချိန်တွင် ဤလက်ကောက်က အဘယ်ကြောင့် စုရှောင်လော်ထံသို့ ရောက်ရှိလာရပါသနည်း။

ဆိုရလျှင် မူရင်းစာအုပ်ထဲတွင် ဤလက်ကောက်နှင့် ပတ်သက်၍ ပြဿနာအမြောက်အမြား ဖြစ်ပွားခဲ့ဖူးသည်။

အဘိုးအို ကွယ်လွန်သွားခဲ့ပြီးနောက် စုမိသားစုမှ သားအကြီးဆုံးက ဒုတိယမိသားစုခွဲထံသို့ လာရောက်ပြီး လက်ကောက်ကို တောင်းခံခဲ့ကြသည်။

ထိုပစ္စည်းက အဘိုးအို၏ ပစ္စည်းဖြစ်သောကြောင့် အိမ်ထောင်ကျပြီးသား သမီးမိန်းကလေးကို မပေးအပ်သင့်ဟု သူတို့ ပြောခဲ့ကြသည်။

စုဝေ့ဖင်းအနေဖြင့် ထိုလက်ကောက်ကို ပြန်လည်၍အပ်နှံရမည်ဖြစ်ပြီး ထိုပစ္စည်းကို ရောင်းချသည်ဖြစ်စေ၊ အပိုင်းပိုင်းဖြတ်သည်ဖြစ်စေ မိသားစုတိုင်းက အချိုးကျ ခွဲဝေယူကြရမည်ဟူ၏။

ဤလက်ကောက်က အမှန်တကယ့်ကို ပြဿနာရှာတတ်သော ပစ္စည်းတစ်ခုပင် ဖြစ်သည်။

“ကျွန်မတို့တွေ ဒါကို လက်ခံလို့မဖြစ်ဘူးနော်”

လီရှန်းက ထိုလက်ကောက်ကို အမြန်ပင် ပြန်လည်၍ တွန်းလွှတ်လိုက်တော့၏။

“လက်ခံထားလိုက်ပါ၊ အဘိုးက ကိုယ်တို့ရဲ့ ရှောင်လော်ကို အဒေါ်ဝေ့အာ့နဲ့ အတူဆုံးပဲလို့ ပြောခဲ့တာလေ၊

ကိုယ့်ရဲ့ အဘိုးက ရှောင်လော်ကိုမြင်ပြီး အများကြီးပျော်သွားလို့ ကလေးကို ပေးလိုက်တာ”

*

All Chapters