အခန်း ၂၇၃
Vol. 28 Ch. 273
အခန်း(273)
စုရှောင်လော်က သူမ၏ လက်သီးဆုပ်လေးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း တင်ပါးလေးကို ပင့်ပြီး အိပ်ချင်မူးတူးဖြင့် ငိုကြွေးချင်နေခဲ့သည်။
လီရှန်းက ကလေးကို စောင်ပြန်ခြုံပေးလိုက်ကာ စုရှောင်လော်ကိုသာ ဆက်လက်ဂရုစိုက်နေခဲ့လေ၏။
စုဝေ့ချင်းမှာ လီရှန်း၏ နားလည်ပေးမှုကြောင့် အနည်းငယ် ပျော်ရွှင်နေခဲ့သော်လည်း ထပ်မံ၍ ဂဏာမငြိမ် ဖြစ်သွားရပြန်လေပြီ။
သူက အရှေ့သို့ ခြေလှမ်းတိုးလိုက်ပြီး လီရှန်း၏ ပုခုံးပေါ်သို့ လက်ကို တင်လိုက်သော်လည်း သူမ၏ မျက်ဝန်းများ နီရဲနေသည်ကို မြင်တွေ့လိုက်ရချိန်တွင် ပျာပျာသလဲ ဖြစ်သွားရပြန်သည်။
“ရှန်းရှန်း၊ မင်း ငိုနေတာလား”
“ရှင် ဘယ်လိုမျိုး မိစ္ဆာမျိုးနဲ့ သွားပြီး ပတ်သက်မိတာလဲ၊ ဘာလို့ ကလေးကိုပါ ရောပါလာအောင် လုပ်ရတာလဲ”
လီရှန်းက ငိုကျွေးရင် စုဝေ့ချင်းကို တင်းကျပ်စွာ ပွေ့ဖက်လိုက်လေတော့သည်။
သူမက ထပ်မံ၍ မငိုနိုင်တော့ပေ။ ထို့ကြောင့် သူမ၏မျက်နှာကို စုဝေ့ချင်း၏ ရင်ခွင်ထဲတွင်သာ ဝှက်ထားရလေတော့၏။
စုဝေ့ချင်းက ရှင်းပြချင်သော်လည်း မည်သည့်စကားလုံးကိုမျှ ရှာဖွေမရနိုင်ဘဲ ရှိနေခဲ့လေသည်။
သူ၏စိတ်ထဲတွင် အပြစ်မကင်းမှုကို ပို၍ခံစားလာရလေ၏။
သူ့အနေဖြင့် ကလေးကိုပါ ဆွဲသွင်းမိသည်လား။
တစ်ချိန်တည်းမှာပင် လီရှန်းက သူမ၏စိတ်ထဲ၌ စနစ်၏ စိုးရိမ်တကြီး အော်ဟစ်သံများကိုတော့ လုံးဝ ဂရုမစိုက်ဘဲ လျစ်လျူရှုလိုက်လေသည်။
သူ၏ စိတ်ရင်းအမှန်ကို အမြဲ ထုတ်ဖော်ပြတတ်သော စုဝေ့ချင်းနှင့် မတူညီစွာဖြင့် လီရှန်းကတေား ဤကဲ့သို့သော နားကွဲမတတ် ဆူညံသံများကို ကျင့်သားရနေခဲ့လေပြီ။
စနစ်က လည်ချောင်းကွဲမတတ် အော်ဟစ်နေခဲ့လျှင်ပင် သူမအနေဖြင့် မျက်နှာအမူအရာ ပျက်ယွင်းခြင်းမရှိဘဲ သူမ၏ပြဇာတ်ကို ဆက်လက်၍ သရုပ်ဆောင်နိုင်သည်။
စုဝေ့ချင်းက လီရှန်းကို အထပ်ထပ် တောင်းပန်စကား ပြောနေခဲ့ရင်း သူ၏စိတ်ထဲတွင်လည်း စနစ်ကို ခေါ်နေခဲ့လေ၏။
စနစ်က သူ၏စိတ်ကို လျင်မြန်စွာ ပြန်လည် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် တရားဝင်ဆန်ပြီး အေးစက်လွန်းသော အသံဖြင့် ပြောလိုက်သည်။
[ဘာဖြစ်လို့လဲ]
“မင်း ငါ့ရဲ့ သမီးလေးကို လုံးဝ မထိခိုက်စေဘူးလို့ သေချာပေါက်အာမခံနိုင်ရဲ့လား”
စုဝေ့ချင်းက အတည်ပြုချက်ကိုရရှိရန်အတွက် စနစ်ကို ထပ်မံ၍ မေးမြန်းလိုက်လေသည်။
စနစ် : [ဒါပေါ့၊ ဒီစနစ်က လူသားတွေကို ထိခိုက်အောင် လုပ်ဆောင်ရမဲ့ အလုပ်ကိုတော့ လုံးဝအထင်သေးစရာလို့တွေးတောထားပါတယ်]
ဤစကားများက အနည်းငယ် ပြတ်သားလွန်းသော်လည်း စုဝေ့ချင်းကိုတော့ စိတ်အေးသွားရစေ၏။
သို့သော် သူက လီရှန်းကို မည်သို့ ပြန်လည် ရှင်းပြရမည်ကို မသိရှိတော့သောကြောင့် လီရှန်းကိုသာ စိုးရိမ်ပူပန်စွာဖြင့် တင်းကျပ်စွာ ပွေ့ဖက်ထားရင်း စကားတစ်ခွန်းမျှ ထွက်မလာနိုင်ခဲ့ပေ။
ဤကဲ့သို့သော တိတ်ဆိတ်နေခြင်းက လော်ယွီရှို့မှ သူတို့ကို ညစာစားရန်အတွက် လာရောက်ခေါ်ဆိုသည့်အချိန်အထိ ဆက်လက်ဖြစ်ပွားနေခဲ့လေ၏။
စုဝေ့ချင်းတို့ ဇနီးမောင်နှံက သူတို့ကိုယ်သူတို့ လျင်မြန်စွာပင် သန့်ရှင်းသေသပ်အောင် ပြင်ဆင်လိုက်ကြသည်။
ထို့နောက် စုရှောင်လော်ကို ကလေးပုခက်ထဲသို့ ထည့်သွင်းပြီး ကလေးကို ကြည့်ရှုရင်း ထမင်းစားနိုင်ရန်အတွက် ပုခက်ကို မီးဖိုချောင်၏ တံခါးဝဆီသို့ တွန်းရွှေ့ထားလိုက်ကြလေ၏။
ညစာစားနေချိန်အတွင်း၌ စုဝေ့မင်တို့ ဇနီးမောင်နှံက တတိယသား ဇနီးမောင်နှံ၏ အခြေအနေက တစ်စုံတစ်ခုပုံမှန်မဟုတ်သည်ကို ရိပ်မိလိုက်ကြလေ၏။
လီရှန်းက စကားတစ်ခွန်းမျှမပြောဘဲ တိတ်တဆိတ်သာ ထမင်းစားနေခဲ့ပြီး လော်ယွီရှို့ကို မကြာခဏစကားလှမ်းပြောနေခဲ့သည်။
“အမေ၊ ဒီဟင်းလေးကို မြည်းကြည့်ပါဦး၊ ဒါက ဒီနေ့ညနေက အကြီးဆုံးယောက်မလာပြီး ပေးသွားတာလေ၊
ဒါက အရှေ့မြောက်ဒေသက အချဉ်လို့ ပြောတာပဲ၊ ကျွန်မတို့တွေကို မြည်းစမ်းကြည့်စေချင်လို့တဲ့၊
တကယ်လို့ အရသာကောင်းရင် ကျွန်မတို့အတွက် ဝယ်ပေးမယ်လို့ ပြောတယ်”
အရှေ့မြောက်ဒေသမှ ချဉ်ဖတ်က အလွန်ပင် ကျော်ကြားလွန်းသည်။
သို့သော် သာမန်လူများက အိမ်၌သာ ကိုယ်တိုင်ပြုလုပ်ကြသောကြောင့် အပြင်တွင် ရောင်းချခဲလွန်း၏။
မည်သို့ပင်ဖြစ်စေ မိသားစုတိုင်းတွင် မတူညီသော လက်ရာများက ရှိကြ၍ လူတိုင်းက သူတို့ကိုယ်တိုင် ပြုလုပ်သော ချဉ်ဖတ်ကသာ အရသာအရှိဆုံးဟု ထင်မှတ်တတ်ကြလေသည်။
ထို့အပြင် ပဲငါးပိလည်း ပါဝင်သေးသည်။
အိမ်ရှင်မတိုင်းက သူမတို့ကိုယ်တိုင် ပြုလုပ်သော ပဲငါးပိကသာ အရသာအရှိဆုံး ဖြစ်သည်ဟု ယုံကြည်ကြသည်။
ထို့ကြောင့် ဝူလီက အိုးအသေးစားလေးတစ်လုံးကို သယ်ဆောင်လာပြီး ထိုအိုးထဲ၌ ချဉ်ဖတ်များက ပါဝင်ကြောင်းကို ပြောဆိုလိုက်ချိန်တွင် လီရှန်း အနည်းငယ်တော့ အံ့ဩသွားခဲ့ရလေ၏။
“ငါ ဒါကို အရင်က စားဖူးတယ်၊ ဒါက အတော်လေးကောင်းတယ်လေ၊ အရသာလည်း အတော်လေး ရှိတယ်”
လော်ယွီရှို့က ထိုချဉ်ဖတ်နှင့် ပဲပြားစွပ်ပြုတ်ကို ချက်ပြုတ်ခဲ့ခြင်း ဖြစ်လေ၏။
ပဲပြားကိုလည်း လီရှန်း ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။
ထိုပဲပြားက အိုးထဲမှ အသစ်စက်စက် ထွက်လာခါစ ဖြစ်သောကြောင့် စားသုံးရန်အတွက် အနည်းငယ်ပင် ပူပြင်းနေသေး၏။
သို့သော် ချဉ်ဖတ်နှင့် ပဲပြားစွပ်ပြုတ်၏ အဓိကအချက်က အငွေ့တထောင်းထောင်းဖြင့် ပူပူနွေးနွေး သောက်သုံးရသည့် အရသာကို ခံစားရန်ပင်ဖြစ်လေသည်။
စုဝေ့ချင်း၏ မျက်ဝန်းများက ချက်ချင်းပင် တောက်ပသွားရပြီး ပြောလိုက်လေ၏။
“တကယ်လား၊ ဒါဆိုရင် ကိုယ်လည်း မြည်းစမ်းကြည့်ဦးမယ်”
စုဝေ့ချင်းမှ စကားပြောလိုက်သည်နှင့် လီရှန်းက ခေါင်းကိုငိုက်စိုက်ချပြီး စကားတစ်ခွန်းမျှမပြောဘဲ ထမင်းကိုသာ စားနေတော့၏။
ထိုအချိန်တွင် စုဝေ့ချင်း၏ တူက တုံ့ဆိုင်းသွားရပြီး အနည်းငယ်လောကင အထီးကျန်နေသော မျက်နှာအမူအရာဖြင့် ဟင်းကို အနည်းငယ်မျှသာ ညှပ်ယူပြီး တိတ်တဆိတ်ဖြင့် ပြန်လည်၍ ရုပ်သိမ်းလိုက်ရရှာသည်။
လော်ယွီရှို့က စကားမပြောသော်လည်း သူမ၏ အကြည့်များက ထိုလူနှစ်ဦး၏ အကြား၌ လှည့်ပတ်ကြည့်ရှုနေခဲ့လေ၏။
ထို့နောက်တွင် စုဝေ့မင်က သူမ၏ ခြေထောက်ကို လှမ်းတိုက်လိုက်လေတော့သည်။
လော်ယွီရှို့ : “...”
စုဝေ့မင်က တူဖြင့် ချဉ်ဖတ်အမြောက်အမြားကို ညှပ်ယူပြီး သူ၏ ပန်းကန်လုံးထဲသို့ ထည့်လိုက်လေ၏။
လော်ယွီရှို့က သူ့ကို စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် စိုက်ကြည့်နေသည်ကို မြင်သောကြောင့် ပြောလာခဲ့သည်။
“မင်း ငါ့ကို ဘာလို့ စိုက်ကြည့်နေတာလဲ၊ စားလေ.. ဒီချဉ်ဖတ်က တကယ့်ကို လန်းဆန်းစေတာပဲ၊ သားကြီးရဲ့ မိန်းမကို ငါတို့အတွက် နှစ်ဗူးလောက် ဝယ်ခိုင်းလိုက်ရင် ကောင်းမယ်ထင်တယ်၊
နှစ်သစ်ကူးကျရင် ငါတို့တွေ ချဉ်ဖတ်နဲ့ဝက်နံရိုးတွေ ချက်စားကြတာပေါ့”
“ဒါလည်း ကောင်းတာပဲ၊ ဒါဆို မနက်ဖြန်ကျရင် ကျွန်မ သွားမေးကြည့်လိုက်မယ်”
လော်ယွီရှို့ကလည်း အမှန်တကယ်ပင် စိတ်ဝင်စားသွားခဲ့ရလေပြီ။
ဤပတ်ဝန်းကျင်ရှိ လူများက ဤချဉ်ဖတ်ကို မည်သို့ စားသုံးရမည်ကို မသိရှိကြသော်လည်း သူတို့က ကောင်းစွာ သိရှိကြလေ၏။
ဥက္ကဌယို၏ ဇာတိအိမ်ဟောင်းက အရှေ့မြောက်ဒေသတွင် ရှိသောကြောင့် သူ၏ မိသားစုတွင် ချဉ်ဖတ်ကို စားသုံးခြင်းက သာမန်ကိစ္စတစ်ခု ဖြစ်သည်။
သူနှင့် သူ၏ဇနီးသည်တို့ ယခင်က သူ၏အိမ်သို့ သွားရောက်လည်ပတ်ချိန်ကလည်း ထိုချဉ်ဖတ်ကို စားသုံးဖူးခဲ့ကြ၏။
သို့သော် ဥက္ကဌယို၏ ဇနီးဖြစ်သူက နင်ရှပြည်နယ်မှ လာရောက်သူဖြစ်သောကြောင့် ဟင်းလျာများထဲတွင် သကြားထည့်ရသည်ကို နှစ်သက်လေသည်။
ထို့ကြောင့် ထိုချဉ်ဖတ်ထဲတွင်လည်း သကြားများ ပါဝင်နေခဲ့သောကြောင့် အရသာက အနည်းငယ်လျော့နည်းခဲ့ရ၏။
ယနေ့တွင် လီရှန်းက ဟင်းသီးဟင်းရွက်များကို အချိန်ကြာမြင့်စွာ ရေစိမ်မထားခဲ့ရုံမျှမက လော်ယွီရှို့ကလည်း သကြားထည့်သွင်းခြင်း မပြုခဲ့ပေ။
ထို့ကြောင့် ဤချဉ်ဖတ်နှင့် ပဲပြားက ချဉ်စွပ်ပြုတ် ပဲပြားကဲ့သို့ အရသာမျိုး ရှိနေခဲ့ပြီး အမှန်တကယ့်ကို ထူးခြားစွာ မွှေးကြိုင်လွန်းလေ၏။
စုဝေ့မင်တို့ ဇနီးမောင်နှံက ကြိုတင်၍ တိုင်ပင်ထားခြင်း မရှိပါသော်လည်း စုဝေ့ချင်းတို့ဇနီးမောင်နှံ၏ ထူးဆန်းသော အမူအရာကို လျစ်လျူရှုထားခဲ့ကြသည်။
သူတို့ဇနီးမောင်နှံက တစ်ညလုံး ချဉ်ဖတ်အကြောင်းကိုသာ ဆွေးနွေးနေခဲ့ကြလေ၏။
သေသေချာချာ မသိသောသူဆိုလျှင် ထိုဇနီးမောင်နှံသည်လည်း အရှေ့မြောက်ဒေသမှ လာရောက်သူများဖြစ်ကြပြီး ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်မှသာ သူတို့၏ ဇာတိအရသာကိုပြန်လည် မြည်းစမ်းခွင့် ရရှိကြခြင်း ဖြစ်သည်ဟု ထင်မှတ်ကြပေလိမ့်မည်။
ညစာစားပြီးနောက် လီရှန်းနှင့် လော်ယွီရှို့တို့က မီးဖိုချောင်ကို သိမ်းဆည်း၍ သန့်ရှင်းရေးများကို လုပ်ဆောင်ခဲ့ကြပြီး အမျိုးသားနှစ်ဦးကတော့ ယခုလေးတင် နိုးလာခဲ့ပြီး မကျေမနပ်ဖြစ်နေသော စုရှောင်လော်ကို သွားရောက်၍ ချော့မြှူနေခဲ့လေ၏။
စုဝေ့မင်က လီရှန်းတစ်ယောက် အပြင်ဘက်ရှိ အခြေအနေများကို အာရုံမစိုက်မိသည်ကို မြင်ချိန်တွင် အသံခပ်တိုးတိုးဖြင့် ကပ်မေးလေသည်။
“မင်းတို့နှစ်ယောက် ရန်ဖြစ်ထားကြတာလား”
“မဟုတ်ပါဘူး”
စုဝေ့ချင်းက ချက်ချင်းပင် ငြင်းပယ်လိုက်လေ၏။
စုဝေ့မင်က သူ့ကို စိုက်ကြည့်လိုက်ရင်း ပြောလိုက်လေသည်။
“ငါ့ကို လာပြီး လိမ်ညာဖို့ မကြိုးစားနဲ့ဦး၊ မင်းတို့နှစ်ယောက်ကြားမှာ တစ်ခုခု ပုံမှန်မဟုတ်တာ သေချာတယ်၊ မင်း တစ်စုံတစ်ခု အမှားလုပ်ထားတာလား”
“ဒါက.. ကျွန်တော် သူမကို စိတ်ဆိုးအောင် လုပ်မိလို့ပါ”
စုဝေ့ချင်းအနေဖြင့် စနစ်မှလွဲ၍ လီရှန်းကို စိတ်ဆိုးစေမည့် တခြားအကြောင်းအရင်းကို တွေးတော၍မရနိုင်ပေ။
သူ ခဏမျှ ဆွံ့အသွားရပြီးနောက် သူ၏အဖြေကလည်း မရေမရာ ဖြစ်သွားခဲ့ရလေတော့၏။
စုဝေ့မင်က သက်ပြင်းချလိုက်ရင်း သူ၏ပုခုံးကို ပုတ်ပြပြီး အသံခပ်တိုးတိုးဖြင့် ပြောဆိုလေသည်။
“မင်းက ယောက်ျားတစ်ယောက်လေ၊ ယောက်ျားတစ်ယောက်ဆိုတာ သတ္တိရှိရမယ်၊ တာဝန်ယူတတ်ရမယ်၊ ပျော့ပျောင်းညင်သာမှုရှိသလို ကြံ့ခိုင်မှုလည်း ရှိရမယ်၊
တကယ်လို့ ကိုယ်က မှားရင်လည်း တောင်းပန်ရမယ်၊ တံခါးပိတ်ထားတဲ့ နောက်မှာ မာနတွေကို ထိန်းသိမ်းထားလို့ ဘာထူးမှာလဲ”
စုဝေ့ချင်းက ရယ်လည်းရယ်ချင်၊ စိတ်လည်းညစ်ရပြီး စိတ်ရှုပ်ထွေးသွားခဲ့ရလေ၏။
သူအနေဖြင့် သူက မာနများကို စိုးစဉ်းမျှ ဂရုမစိုက်ပါကြောင်းကိို ထုတ်ဖော်ပြောဆိုရလိမ့်မည်လား။
လီရှန်း၏ ဒေါသများက တစ်ညတာ ဖြတ်သန်းပြီးနောက်တွင် လျော့နည်းသွားခဲ့လေပြီ။
သို့သော် စုဝေ့ချင်းက အလွန်ပင် ထိတ်လန့်ကြောက်ရွံ့နေခဲ့ရလေ၏။
လီရှန်းက ဤမျှအထိ အချိန်ကြာမြင့်စွာ စိတ်မဆိုးဖူးခဲ့ပေ။
ထို့ကြောင့် ရက်ပေါင်းများစွာ ဆက်တိုက် သူ့ကိုယ်သူ နှိမ့်ချပြီး လီရှန်းကိုတော့ မင်းသမီးလေးတစ်ပါးကဲ့သို့ ဂရုတစိုက် ပြုစုစောင့်ရှောက်ခဲ့သည်။
ထိုလုပ်ရပ်က လီရှန်းအား ပို၍ နေရခက်စေခဲ့သည်။
*
ဆေးဝါးစက်ရုံ၏ စာမေးပွဲရလဒ်များကို လျင်မြန်စွာပင် စစ်ဆေး၍ အဆင့်သတ်မှတ်ပြီးစီးခဲ့လေ၏။
စုဝေ့ချင်းအနေဖြင့် တံခါးဝတွင် အောင်စာရင်းကို ကပ်ရန်အတွက် တာဝန်ယူခဲ့ရသည်။
သူက ဆေးဝါးစက်ရုံ၏ ဂိတ်တံခါးဝမှ အပြင်သို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် ဂိတ်ဝတွင် လူအမြောက်အမြားက စုရုံးရောက်ရှိနေကြသည်ကို မြင်တွေ့လိုက်ရလေ၏။
ယမန်နှစ်ကအချိန်ကို ပြန်လည်၍ တွေးတောကြည့်လျှင် သူလည်း ထိုလူအုပ်စုထဲမှ တစ်ဦး ဖြစ်ခဲ့ဖူးသည်။
သို့သော် ယခုအချိန်တွင် သူ၏အဆင့်အတန်းက ပြောင်းလဲသွားခဲ့ရပြီး စက္ကူနီကို ကိုယ်တိုင်လာရောက်ကပ်ရသူဖြစ်နေခဲ့လေ၏။
ဤသည်က စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းသော အဖြစ်အပျက်တစ်ခုပင်။
*