← Chapters

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း ၂၇၄

Vol. 28 Ch. 274

အခန်း(274)

“လူတွေက မနှစ်ကလောက် ရှိရဲ့လား”

ရှုဝမ်ချန်က ဘေးနားတွင် ရပ်နေရင်း နှုတ်ခမ်းတွင် ဆေးလိပ်တစ်လိပ်ကို ကိုက်ထားပြီး လူအုပ်ကြီးစုကို မေးစေ့ဖြင့် ညွှန်ပြလျက် မေးမြန်းလိုက်လေ၏။

သူက ဆေးဝါးစက်ရုံသို့ သာမန်လမ်းကြောင်းအတိုင်း ဝင်ရောက်ခဲ့ခြင်း မဟုတ်ပေ။

သူက အဓိကအားဖြင့် ဥက္ကဌယို၏ ကိုယ်ပိုင်အတွင်းရေးမှူးအဖြစ် လုပ်ဆောင်နေခြင်း ဖြစ်သည်။

သူ စက်ရုံသို့ ပြန်လည်ရောက်ရှိလာချိန်တွင်မှသာ အတွင်းရေးမှူးရုံးရှိ တခြားသော လုပ်ဖော်ကိုင်ဖက်များထံမှ အတွင်းရေးမှူးဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ယူခဲ့ရလေ၏။

သို့သော် သူက အရက်သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်း ကိစ္စရပ်များတွင် ထိန်းချုပ်မှု မရှိပေ။

မည်သို့ပင်ဖြစ်စေ ဥက္ကဌယိုက အရောင်းဌာနတွင် ရှိနေသူဖြစ်၍ သူ၏အတွင်းရေးမှူးအနေဖြင့်လည်း ဤကဲ့သို့သော လူမှုရေးဆိုင်ရာကိစ္စများကို ကျွမ်းကျင်မှုများရှိရန် လိုအပ်လေ၏။

“မနှစ်ကထက် အများကြီး ပိုပြီး များတာ”

ယမန်နှစ်က လူတိုင်းအနေဖြငာ် ဆေးဝါးစက်ရုံများက ဝန်ထမ်းများကို ပြည်နယ်မြို့တော်မှသာ ရွေးချယ်ခေါ်ယူလေ့ရှိသည်ဟု ထင်မှတ်ခဲ့ကြသည်။

ထို့ကြောင့် ပိုင်မားခရိုင်မှ လာရောက်ဖြေဆိုသူဦးရေက မများပြားခဲ့ပေ။

ရလဒ်အနေဖြင့် ယမန်နှစ်က အောင်စာရင်းကို ထုတ်ပြန်ချိန်တွင် အတော်လေးကို ဆူညံလှုပ်ခတ်သွားခဲ့ရဖူးသည်။

စုဝေ့ချင်းက ယခုနှစ်တွင် လာရောက်ဖြေဆိုသူ ဦးရေများပြားလိမ့်မည်ကို သိရှိထားသော်လည်း ဤမျှအထိ များပြားလိမ့်မည်ဟုတော့ မျှော်လင့်မထားခဲ့ပေ။

“ဒါပေမဲ့ လက်ခံမဲ့ လူဦးရေကတော့ တိုးမလာဘူးလေ”

ရှုဝမ်ချန်က ခေါင်းကိုခါပြလိုက်ရင်း သက်ပြင်းချပြီး ပြောလိုက်လေသည်။

“တကယ်လို့ ငါသာ စာမေးပွဲဖြေပြီး ဝင်ရမယ်ဆိုရင်တော့ ကျွန်တော့်ဘဝမှာ ဆေးဝါးစက်ရုံကို ဝင်ခွင့်ရတော့မှာ မဟုတ်ဘူး”

“ဦးလေးယိုရဲ့ လူခေါ်ယူရေးစံနှုန်းက တခြားသူတွေနဲ့ မတူဘူးလေ၊ ဒါပေမဲ့ သူက စာမေးပွဲဖြေပြီး ဝင်လာတဲ့ ငါတို့တွေကိုလည်း နှိမ့်ချကြည့်တတ်သူတော့ မဟုတ်ပါဘူး”

စုဝေ့ချင်းက ပြုံးလိုက်ရင်း ရှုဝမ်ချန် ကမ်းလှမ်းလာသော ဆေးလိပ်ကို ငြင်းပယ်လိုက်လေသည်။

သို့သော် ရာသီဥတုက အလွန်ပင် အေးစက်လွန်းသည်။ ဂိတ်ဝတွင် တိုက်ခတ်နေသော လေအေးများကြောင့် သူ၏ခြေထောက်များကို အဆက်မပြတ် လှုပ်နေခဲ့လေ၏။

“ဘယ်လောက်တောင် ကြာဦးမှာလဲ၊ တကယ့်ကို အေးခဲမတတ် ဖြစ်နေပြီ”

“မကြာပါဘူး”

ရှုဝမ်ချန်က သူ၏လက်ပတ်နာရီကို မြှောက်၍ ကြည့်လိုက်လျှင် ဆယ်မိနစ်မျှသာ ကြာမြင့်သေးလေသည်။

သို့သော် ထိုအချိန်က အလွန်ပင် ကြာမြင့်လွန်းသည်ဟု ထင်ရ၏။

စာမေးပွဲအောင်မြင်သွားကြသူ တချို့က ဝမ်းသာလွန်းသောကြောင့် မျက်ရည်ကျနေကြလေသည်။

တချို့က လက်မောင်းများကို မြှောက်လျက် အော်ဟစ်အောင်ပွဲခံနေကြလေ၏။

တချို့က ထိုသတင်းကောင်းကို လျင်မြန်စွာ မျှဝေနိုင်ရန်အတွက် သူတို့၏ စက်ဘီးများကို အစွမ်းကုန်စီးပြီး အိမ်သို့ အလောတကြီး ပြန်သွားခဲ့ကြလေသည်။

သို့သော် စာမေးပွဲကျရှုံးသွားခဲ့ကြရရှာသော အများစုသောလူများ၏ မျက်နှာအမူအရာက အလွန်ပင် ဆိုးရွားနေခဲ့ကြရလေ၏။

တချို့က စိတ်မထိန်းနိုင်တော့ဘဲ အတူတကွ စုရုံးလျက် အော်ဟစ်ငိုကြွေးနေကြလေသည်။

“ဒါနဲ့ စကားမစပ်၊ ငါ နှစ်သစ်ကူးပြီး မတ်လလောက်ကျရင် မြို့တော်ကို သွားရလိမ့်မယ်၊ အဲဒီအချိန်ကျရင် မင်းကို အကူအညီတစ်ခုလောက် တောင်းချင်လို့”

“ဘာဖြစ်လို့လဲ”

စုဝေ့ချင်းက တိတ်တဆိတ်ဖြင့် ဘေးသို့ ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်လေ၏။

ရှုဝမ်ချန်၏ ပါးစပ်မှ ထွက်ပေါ်လာသော ဆေးလိပ်နံ့က အမှန်တကယ့်ကို စူးရှလွန်းလွန်းသောကြောင့် သူမခံနိုင်ပေ။

“ငါ့မိန်းမမှာ ကိုယ်ဝန်ရှိနေပြီလေ၊ ငါက အိမ်မှာမရှိဘဲ အပြင်ကိုသွားရမှာဆိုတော့ သူမအတွက် စိုးရိမ်မိတယ်၊

အဲဒါကြောင့် မင်းတို့အိမ်က ရဲဘော်လီကို အားတဲ့အချိန်ကျရင် သွားပြီး ကြည့်ရှုစစ်ဆေးပေးဖို့ တောင်းဆိုချင်တာပါ”

ဤသို့ ပြောဆိုလိုက်ချိန်တွင် ရှုဝမ်ချန်၏ မျက်နှာ၌ ဂုဏ်ယူဝင့်ကြွားလွန်းသော အမူအရာကို ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ပေ။

“ငါ တွက်ချက်ကြည့်ပြီးပြီ၊ ဒါက သေချာပေါက် သားယောက်ျားလေးပဲ ဖြစ်ရမယ်”

“သားသမီးဆိုတာ အတူတူပါပဲ”

စုဝေ့ချင်းက ရှုဝမ်ချန်၏ ယောက်ျားကို သဘောကြပြီး မိန်းကလေးကို အထင်သေးသော အတွေးအခေါ်ကို မနှစ်သက်ပေ။

“ငါလည်း သမီးမိန်းကလေးတွေကို ပိုပြီးသဘောကျပါတယ်၊ ဒါပေမဲ့ သားယောက်ျားလေးကို ရ

တော့လည်း ကောင်းတာပဲလေ၊ ဘယ်လိုလဲ၊ ငါတို့တွေ ခမည်းခမက်အဖြစ် သတ်မှတ်လိုက်ကြမလား”

စုဝေ့ချင်း : “...”

တစ်ဖင်လူမှာ သူ၏ သားကို မွေးဖွားခြင်းပင် မရှိသေးမီကတည်းက သူ့အိမ်မှ သမီးငယ်လေးကို မျက်စိကျနေလေပြီ။

“မရဘူး”

သူက တွေးတောနေခြင်းမရှိဘဲ ချက်ချင်းပင် ငြင်းပယ်လိုက်လေ၏။

ရှုဝမ်ချန် ကြောင်အသွားရပြီးပြောလိုက်လေသည်။

“ ဘာဖြစ်လို့လဲ၊ ငါ့သားက မကောင်းလို့လား”

“မင်းရဲ့ ဦးနှောက်ကို ဆက်ခံရရှိသွားမှာကို စိုးလို့”

စုဝေ့ချင်းက မျက်လုံးကို အသာစောင်း၍ ကြည့်လိုက်မိ၏။

ဆေးဝါးစက်ရုံ၏ စာမေးပွဲကိုပင် အောင်မြင်အောင် မဖြေဆိုနိုင်သော ဉာဏ်ရည်မျိုးနှင့် လူက အဘယ်ကြောင့် သူ၏ ရှောင်လော်အပေါ် စိတ်ကူးယဉ်နေရသည်လဲ။

သူ့အိမ်မှ သမီးငယ်လေး နောင်တစ်ချမှာတွင်ကျရင် လေယာဉ်များနှင့်ဒုံးပျံများကို တည်ဆောက်ရမည့်သူ ဖြစ်သည်။

ဟင်း!

ရှုဝမ်ချန်တစ်ယောက် ဒေါသထွက်လွန်းသောကြောင့် အနောက်သို့ပင် လန်ကျလုမတတ် ဖြစ်သွားရသော်လည်း ပြန်လည်ချေပရန်အတွက် စကားလုံးမရှိရှာပေ။

သူက စုရှောင်လော်ကို အမှန်တကယ်ပင် သဘောကျလွန်းသောကြောင့် သူ၏ဇနီးသည်ကို သားယောက်ျားလေးတစ်ဦးကိုမွေးဖွားလာနိုင်ပါစေရန် မျှော်လင့်မိခဲ့သည်။

သူက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ရင်း ပြောလိုက်လေ၏။

“နောက်ပိုင်းကျရင် ငါ့သားရဲ့ စာမေးပွဲအဆင့်အတန်းက မင်းရဲ့သမီးထက် အများကြီး ပိုကောင်းလိမ့်မယ်၊ အဲဒီအချိန်ကျမှ မင်းရဲ့သမီးကို လိုလိုလားလားနဲ့ လာပေးစားရလိမ့်မယ်”

“မဖြစ်နိုင်တာ”

စုဝေ့ချင်းက ဤကိစ္စတွင် အမှန်တကယ့်ကို ပြတ်သားလွန်းသော ယုံကြည်ချက် ရှိနေခဲ့လေပြီ။

စနစ်၏ စောင့်ကြပ်ကြည့်ရှုမှု ရှိနေသမျှ ကာလပတ်လုံး စုရှောင်လော်တစ်ယောက် ဉာဏ်ထိုင်းသွားရန် အကြောင်းမရှိပေ။

သို့ပေမဲ့လည်း…

ရှုဝမ်ချန်၏ အတွေးအမြင်များက စုဝေ့ချင်းကို အရာတစ်ခုကို သတိရသွားစေခဲ့လေ၏။

သူ၏ စုရှောင်လော်က လှပလွန်းရုံမျှမက နောင်တစ်ချိန်တွင် ပါရမီရှင် ကျောင်းသူတစ်ဦးလည်း ဖြစ်လာဦးပေလိမ့်မည်။

ပြည်တွင်း ပြင်ပတွင် တောဝံပုလွေများစွာ ရှိနေကြပြီး လူအမြောက်အမြားက သူမကို မျက်စိကျနေကြလိမ့်မည် မဟုတ်ပါလား။

ချက်ချင်းပင် စုဝေ့ချင်း၏ စိတ်ထဲ၌ ဖခင်တစ်ဦး၏ လေးလံလွန်းသော ပူပန်မှုများက ဖြစ်ပေါ်လာခဲ့ရသည်။

သူက လက်နှစ်ဖက်ကို အနောက်သို့ ပစ်လျက် လေးလံလွန်းသော အတွေးများဖြင့် အိမ်သို့ ပြန်လည်လျှောက်လှမ်းလာခဲ့လေ၏။

သူက တံခါးဝထဲသို့ ဝင်လိုက်သည်နှင့် စုဝေ့ဟိုင်က စုရှောင်လော်ကို ပွေ့ချီထားရင်း ပြုံးနေသည်ကို မြင်တွေ့လိုက်ရလေသည်။

သူက ကလေးကို ပွေ့ချီထားသော ပုံစံက သူ၏ တူမလေးကို ပွေ့ချီထားခြင်း မဟုတ်ဘဲ သူ၏ သမီးအရင်းကို ပွေ့ချီထားသကဲ့သို့ ရှိနေခဲ့လေ၏။

စုဝေ့ချင်း : “!”

စုဝေ့ဟိုင်က ယခုနှစ်၏ ဒုတိယနှစ်ဝက်အတွင်း၌ အလွန်ပင် အလုပ်ရှုပ်နေခဲ့ရရှာ၏။

သူ နောက်ဆုံးအကြိမ် ပြန်လာခဲ့ချိန်က စုရှောင်လော်ကို မွေးဖွားခြင်းပင် မရှိသေးပေ။

သို့သော် ယခုအကြိမ်တွင် သူမက အသက်သုံးလနီးပါးပင် ရှိနေခဲ့လေပြီ။

စုရှောင်လော်ကို မွေးဖွားခဲ့သည့် အချိန်ကို လွဲချော်သွားခဲ့ရသောကြောင့် စုဝေ့ဟိုင်နှင့် သူမတို့က ပထမဆုံး ဆုံတွေ့ရချိန်တွင်

သူမက ဝဝကစ်ကစ်လေးနှင့် အရွယ်ရောက်နေခဲ့ပြီ ဖြစ်လေ၏။

အထူးသဖြင့် သုံးလသားအရွယ် ကလေးငယ်လေးက လူများနှင့် စတင်၍ ဆက်ဆံတတ်နေပြီဖြစ်၍ စုရှောင်လော်က အမှန်တကယ့်ကို ဖော်ရွေပြီး ချစ်စရာကောင်းလွန်းသော ကလေးငယ်လေးဖြစ်နေခဲ့သည်။

စုဝေ့ဟိုင်က သူမကို ပွေ့ချီလိုက်ပြီး ညင်သာစွာ စနောက်လိုက်လေသည်။

စုရှောင်လော်က သူ့ကို ကြည့်ပြီး အားရပါးရ ပြုံးပြနေခဲ့လေ၏။ ထိုပုံစံက ယခင်က စုချန်နှင့် စုကျွင့်တို့ ငယ်စဉ်က ပုံစံနှင့် လုံးဝ ခြားနားလွန်း၏။

ထိုအချိန်က ထိုညီအစ်ကိုနှစ်ယောက်မှာ သူ့၏ အနားသို့ပင် မကပ်ရသေးမီကတည်းက လည်ချောင်းကွဲမတတ် အော်ဟစ်ငိုကြွေးတတ်ကြသည်။

သူက ကလေးများကို ပွေ့ချီလိုက်သည်နှင့် သူ၏ ဇနီးဟောင်းက ပျာပျာသလဲ ပြေးလာတတ်ပြီး ကလေးများကို လွှဲပြောင်းယူဆောင်ပြီး ထွက်ခွာသွားလေ့ရှိခဲ့၏။

စုဝေ့ဟိုင်တွင် ဖခင်တစ်ဦး၏ ချစ်မြတ်နိုးတတ်သော စိတ်အာရုံ အနည်းငယ် ရှိနေခဲ့လျှင်ပင် ထိုကဲ့သို့သော သတိကြီးစွာ ထားတတ်သည့် လုပ်ရပ်များကြောင့် ပျောက်ကွယ်သွားခဲ့ရရှာသည်။

လူစိမ်းများကို ကြောက်ရွံ့ခြင်းမရှိသော ကလေးငယ်လေးနှင့် ဆုံတွေ့ရခဲလွန်းသောကြောင့် စုဝေ့ဟိုင်က သူမကို ပွေ့ချီထားရင်း အခန်းထဲတွင် အရှေ့အနောက် လျှောက်လှမ်းနေခဲ့လေ၏။

စုဝေ့ချင်းတစ်ယောက် ပြန်လည်၍ ရောက်ရှိလာချိန်တွင် စုဝေ့ဟိုင်တစ်ယောက် စုရှောင်လော်ကို ပွေ့ချီထားသည်ကို တိုက်ဆိုင်စွာ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

သူ၏ သတိပြုရေးရေဒါက ချက်ချင်းပင် အချက်ပေးလာခဲ့ရလေ၏။

သူက သုံးလှမ်းတည်းဖြင့် အနားသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့ပြီး စုဝေ့ဟိုင်၏ ဘေးတွင် ဟန်ဆောင်အပြုံးဖြင့် နှုတ်ဆက်လိုက်ပြီးပြောလိုက်လေသည်။

“အစ်ကိုကြီး၊ ပြန်ရောက်ပြီလား၊ ဒီရက်ပိုင်းတွေမှာ အတော်လေး ပင်ပန်းနေမှာပေါ့၊ ကလေးကို ကျွန်တော့်ဆီ ပေးပါဦး”

“ရပါတယ်၊ ငါ မပင်ပန်းပါဘူး”

စုဝေ့ဟိုင်က စုဝေ့ချင်း၏ ထူးဆန်းသော အမူအရာကို သတိမပြုမိဘဲ ခန္ဓာကိုယ်ကို လှည့်လိုက်ရင်း စုဝေ့ချင်း၏ ကမ်းလှမ်းလာသော လက်ကို ရှောင်လွှဲပစ်လိုက်တော့သည်။

စုဝေ့ချင်း : “!”

စုဝေ့ဟိုင်က သူ၏မေးစေ့ဖြင့် စုရှောင်လော်ကို ညွှန်ပြလိုက်ရင်း သူ၏လေသံကလည်း အနည်းငယ် ကလေးဆန်စွာ တွတ်တီးတွတ်တာ ပြောဆိုလာခဲ့လေ၏။

“ငါ ပင်ပန်းနေရင်တောင် ငါတို့ရဲ့ ရှောင်လော်လေးကို ပွေ့ချီဖို့အတွက်တော့ အားရှိပါသေးတယ်

ငါတို့ရဲ့ ရှောင်လော်က ဒီအရွယ်လေးပဲ ရှိသေးတာကို၊ အကြီးဆုံးဦးလေးက သူမကို လက်ညှိုးတစ်ချောင်းတည်းနဲ့တင် မြှောက်နိုင်တယ် မဟုတ်ဘူးလား”

စုရှောင်လော်က ပြန်လည်၍ တုံ့ပြန်ခြင်း မပြုနိုင်ပါသော်လည်း သူမက ချိုသာစွာဖြင့် ထပ်မံ၍ ပြုံးပြပြန်လေသည်။

“ကြည့်စမ်း၊ ရှောင်လော်က ငါ့ကို ပြုံးပြနေပြန်ပြီ၊ သူမက အကြီးဆုံးဦးလေးဖြစ်တဲ့ ငါ့ကို သဘောကျတာ သေချာပေါက်ပဲ”

စာရေးသူမှာ ပြောစရာရှိပါတယ် :

စုဝေ့ချင်း : လူတိုင်းက ငါ့သမီးကို မက်မောနေကြတာပဲ။

All Chapters