အခန်း ၁၈၄၉
Vol. 124 Ch. 1849
အခန်း (၁၈၄၉ )
နယ်ပယ်ပင်လယ်၏ ဖိနှိပ်မှုကို ချေဖျက်ခြင်း
အာကာသနှင့် အချိန်စွမ်းအားကို လုချန်း ဆင့်ခေါ်လိုက်သည်ကို မြင်လျှင် လှုပ်ရှားရန် ပြင်ဆင်နေသည့် ယွမ်ယုတိလည်း လေထုထဲ၌ ကြောင်အမ်းသွားရ၏။
သူမကို လှုပ်ရှားခိုင်းကတည်းက ထိုကိုယ်ပွားကို နှိမ်နင်းရန် လုချန်း၌ နည်းလမ်းရှိမည်ဟု သူမ ကြိုတင်ခန့်မှန်းထားခဲ့သော်လည်း အာကာသနှင့် အချိန်လမ်းစဉ်ကို တိုက်ရိုက်ဆင့်ခေါ်ကာ ကိုယ်ပွားကို ထိန်းသိမ်းထားသည့် အာကာသနှင့် အချိန်စွမ်းအားကို စုပ်ယူပစ်မည့် လုချန်း၏ လုပ်ရပ်ကိုတော့ သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။
ဤနည်းလမ်းက လွန်စွာ တိုက်ရိုက်ကျပြီး ရက်စက်လွန်းလှ၏။
သို့သော်လည်း ဝူယာနတ်သခင်သည် နတ်သခင်တစ်ပါး ဖြစ်ပြီး လုချန်းကတော့ ယခုအခါ နတ်ဘုရင်အဆင့် စွမ်းအားသာ ရှိ၏။
အာကာသနှင့် အချိန်လမ်းစဉ်ကို နားလည်သဘောပေါက်မှုအပိုင်းတွင် ဝူယာနတ်သခင်ထက် သူ ပိုနက်ရှိုင်းပုံရသော်လည်း သူ လှုံ့ဆော်နိုင်သည့် လမ်းစဉ်စွမ်းအားကတော့ ဝူယာနတ်သခင်နှင့် နှိုင်းယှဉ်လျှင် ဧကန်မုချ မှေးမှိန်သွားရမည် ဖြစ်၏။
သူက အာကာသနှင့် အချိန်စွမ်းအားကို လှုံ့ဆော်နိုင်လျှင် ဝူယာနတ်သခင် ကလည်း ပိုမိုများပြားသော အာကာသနှင့် အချိန်စွမ်းအားကို လှုံ့ဆော်နိုင်ပေသည်။
ယခုတော့ လုချန်းက ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေကြောင်း သိသွားသဖြင့် လုချန်း ဆက်လက်နှောင့်ယှက်နေပါက စွမ်းအားမလုံလောက်မှုကြောင့် အချို့သော နတ်အတတ်များ ထုတ်ဖော်ရန် ခက်ခဲ့သွားမည်ကို ဝူယာနတ်သခင် သဘောပေါက်သွား၏။ ထို့ကြောင့် လုချန်းကို တိုက်ခိုက်နိုင်စွမ်း မရှိအောင် ပြုလုပ်ရန်က သူ၏ ပထမဦးစားပေး အစီအစဉ် ဖြစ်လာခဲ့သည်။
ကံကောင်းသည်က လုချန်းသည် ယခုလက်ရှိအထိ နတ်ဘုရင်အဆင့်မှာသာ ရှိသေးခြင်းပင်။
ထို့နောက် လုချန်းကို ဆုတ်ဖြဲပစ်ရန် ရည်ရွယ်ချက်ဖြင့် လျင်မြန်စွာ ချဲ့ထွင်လာသော နယ်ပယ်ပင်လယ်ကို ဝူယာနတ်သခင် လှုံ့ဆော်လိုက်၏။
သူထံသို့ ပြေးဝင်လာသည့် မရေမတွက်နိုင်သော အာကာသအပိုင်းအစများနှင့် အစိတ်စိတ်အမြွှာမြွှာ အက်ကွဲလာသော အာကာသကို မြင်သော်လည်း လုချန်း တုန်လှုပ်ခြောက်ခြားခြင်း မရှိပေ။ သူသည်လည်း အာကာသနှင့် အချိန်စွမ်းအားကို ထိန်းချုပ်ထားနိုင်သူ ဖြစ်ရာ ကြေမွနေသော အာကာသကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်ရန်က လွယ်ကူသောကိစ္စတစ်ခုတော့ မဟုတ်ပေ။
ဝူယာနတ်သခင်၏ နယ်ပယ်ပင်လယ်အတွင်းရှိ ပျက်စီးနေသော အာကာသကို ပြုပြင်ရန် အာကာသနှင့် အချိန်စွမ်းအားကို လုချန်း လျင်မြန်စွာ ထုတ်သုံးလိုက်၏။ ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကောင်းကင်ဘုံစွမ်းအားက ပျက်စီးသွားသော အာကာသကို အဆက်မပြတ် ပြုပြင်ပေးနေခြင်းနှင့်အတူ၊ ပျက်စီးနေသော အာကာသကို ပြုပြင်ရန် အာကာသနှင့် အချိန်စွမ်းအားကို လုချန်း တက်ကြွစွာ အသုံးပြုလိုက်ခြင်းကြောင့် ဝူယာနတ်သခင်၏ နယ်ပယ်ပင်လယ် ချဲ့ထွင်မှု ချက်ချင်း ရပ်တန့်သွားပြီး နယ်ပယ်ပင်လယ်အတွင်းရှိ အာကာသများမှာလည်း သိသာထင်ရှားစွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။
ဤမြင်ကွင်းကို မြင်လျှင် ဝူယာနတ်သခင်၏ မျက်နှာ အလွန်တရာ ညိုမှောင်သွား၏။ လုချန်း၏ လက်ရှိစွမ်းအားက များစွာနိမ့်ပါးသော်လည်း ဤလူက အာကာသနှင့် အချိန်စွမ်းအားကို အသုံးပြုနေခဲ့ပြီဖြစ်သည်။
အဓိကပြဿနာမှာ အာကာသနှင့် အချိန်လမ်းစဉ်အပေါ် လုချန်း၏ နားလည်သဘောပေါက်မှုက သူ့ထက် များစွာ သာလွန်နေပြီး ကြီးမားသော နှောင့်ယှက်မှုကို ဖြစ်ပေါ်စေခြင်းပင်။
အကယ်၍ ဤအတိုင်းသာ ဆက်ဖြစ်နေပါက ဝူယာနတ်သခင်သည် ယွမ်ယုတိ၏ ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ပေ။
ဝူယာနတ်သခင်၏ စိတ်ထဲ နားမလည်နိုင်အောင် ဖြစ်နေ၏။ သူ မှတ်မိနေတာ မမှားလျှင် လွန်ခဲ့သော နှစ်ပေါင်းကုဋေချီက လုချန်းနှင့် တိုက်ခိုက်စဉ်က လုချန်းသည် အချိန်လမ်းစဉ် သို့မဟုတ် အာကာသလမ်းစဉ်ကို ကျင့်ကြံထားခြင်း မရှိခဲ့ပေ။
ယခု လုချန်းက အဘယ်ကြောင့် အာကာသနှင့် အချိန်လမ်းစဉ်ကို ဤမျှ နက်ရှိုင်းစွာ သိမြင်နားလည်နေရသနည်း။
ထို့ပြင် နတ်သခင်တစ်ပါးဖြစ်သော သူ့ထက်ပင် နားလည်သဘောပေါက်မှု သာလွန်နေခဲ့ပြီဖြစ်သည်။
ဒါက လုချန်း ကစဉ့်ကလျား ပင်လယ်ထဲမှာ တစ်စုံတစ်ရာသော အခွင့်အရေးကို ရရှိခဲ့တာကြောင့်လား။
လမ်းစဉ်နားလည်သဘောပေါက်မှုကို မြှင့်တင်ပေးနိုင်တဲ့ ဉာဏ်အလင်းပွင့် လက်ဖက်ရည် ဒါမှမဟုတ် အလားတူအရာတစ်ခုခုကို သူ ဧကန်မုချ ရရှိထားရမည် ဖြစ်သည်။
ထိုသို့တွေးတောမိလျှင် ဝူယာနတ်သခင်၏ ရင်ထဲ၌ လောဘမီးများ ထပ်မံတောက်လောင်လာပြန်၏။ အာကာသနှင့် အချိန်စွမ်းအား ကန့်သတ်ခံရရုံက သူ့အတွက် ဘာမှမဟုတ်ပေ။
အာကာသနှင့် အချိန်စွမ်းအား ကန့်သတ်ခံနေရသဖြင့် ထိုအာကာသနှင့် အချိန်စွမ်းအားကို အသုံးမပြုရန် သူ ဆုံးဖြတ်လိုက်၏။
နောက်တစ်ခဏ၌ ဝူယာနတ်သခင်၏ နိယာမ ပုံရိပ်ထံမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီးနောက် ဝူယာနတ်သခင်က အသံကျယ်ကြီးဖြင့် ဟစ်အော်လိုက်၏။
“ဝူယာလမ်းစဉ်နယ်ပယ်”
ထိုအသံနှင့်အတူ သဲကန္တာရ ပင်လယ် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး နောက်တစ်ခဏ၌ သူတို့သည် အဆုံးအစမဲ့ပုံရသော မှောင်မိုက်သည့် ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားကြတော့၏။
ထိုလမ်းစဉ်နယ်ပယ်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်တွင်း စွမ်းအားများ ကန့်သတ်ချုပ်ချယ်ခံလိုက်ရသည်ကို ယွမ်ယုတိနှင့် လုချန်း ခံစားလိုက်ရ၏။
ဝူယာနတ်သခင်က အဝေးရှိ ယွမ်ယုတိနှင့် လုချန်းကို အေးစက်စွာ စိုက်ကြည့်နေခဲ့၏။ ဤအရာက သူကိုယ်တိုင် စည်းမျဉ်းများကို ထိန်းချုပ်ထားပြီး ယွမ်ယုတိနှင့် လုချန်း၏ စွမ်းအားများကို ပြင်းထန်စွာ ဖိနှိပ်ထားသည့် သူ၏ စစ်မှန်သော နယ်ပယ် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ဝူယာနတ်သခင်က လုချန်းကို
“လုချန်း... ခင်ဗျား ဒီနယ်ပယ်ကို အတော်လေး ရင်းနှီးနေသင့်တယ်။”
လွန်ခဲ့သော နှစ်သန်းထောင်ချီက ဝူယာနတ်သခင်နှင့် လုချန်းတို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ဝူယာနတ်သခင်သည် လုချန်းကို အနိုင်ယူရန် အချိန်အတော်ကြာ ရုန်းကန်ခဲ့ရပြီး နောက်ဆုံး၌ ဤနယ်ပယ်ကို အသုံးပြုခဲ့ရခြင်း ဖြစ်၏။ ထိုစဉ်ကပင် လုချန်းသည် နောက်ဆုံး၌ နယ်ပယ်ကို ချေဖျက်ကာ ကစဉ့်ကလျား ပင်လယ်ထဲသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့၏။
သို့သော်လည်း ယခုအကြိမ်တွင်တော့ သူ၏ နယ်ပယ်ကို လုချန်း ထပ်မံချေဖျက်နိုင်လိမ့်မည်ဟု ဝူယာနတ်သခင် မယုံကြည်ပေ။
ဝူယာနတ်သခင်၏ နယ်ပယ်ထံမှ ဖိနှိပ်မှု စွမ်းအားကို ခံစားလိုက်ရသော်လည်း လုချန်းထိတ်လန့်တုန်လှုပ်ခြင်း မရှိပေ။ ဤနယ်ပယ်မှ ထွက်ခွာနိုင်မည့် နည်းလမ်းကို သူ လျင်မြန်စွာ တွေးတောလိုက်၏။
နောက်တစ်ခဏ၌ လုချန်းက အသံလွှင့်ခြင်းဖြင့် ယွမ်ယုတိကို
“ခင်ဗျားရဲ့ စွမ်းအားတွေကို ကျုပ်ဆီ လွှဲပေးလိုက်။”
လုချန်း၏ ရည်ရွယ်ချက်ကို ယွမ်ယုတိ ချက်ချင်း သဘောပေါက်သွားပြီး ရှေ့သို့လှမ်းကာ လုချန်း၏ နောက်ကျောသို့ တိုက်ရိုက်ရောက်ရှိလျက် လုချန်းဆီသို့ နတ်စွမ်းအားများကို လွှဲပြောင်းပေးလိုက်၏။
သူ့ထံသို့ စွမ်းအားများ စီးဝင်လာသည်နှင့် ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာကိ တုံ့ဆိုင်းခြင်းမရှိပဲ လျင်မြန်စွာ ဖြန့်ကျက်လိုက်၏။
လုချန်း၏ ခြေဖဝါးအောက်၌ နည်းဗျူဟာ ပုံစံ ရုတ်တရက် ပေါ်ပေါက်လာသည်ကို မြင်လျှင် ဝူယာနတ်သခင်က လှောင်ပြောင်သရော်လိုဟန်ဖြင့်
“လှည့်ကွက်ဟောင်းကိုပဲ ထပ်သုံးချင်နေတာလား။ တကယ့်ကို တုံးအလွန်းတာပဲ။”
လမ်းစဉ်နယ်ပယ်ဆိုသည်မှာ အာကာသကို ချိပ်ပိတ်ထားသည့် သီးခြားနေရာတစ်ခု ဖြစ်ရာ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို အသုံးပြု၍ လုချန်း လွတ်မြောက်လိုခြင်းမှာ အိပ်မက်မက်နေခြင်းနှင့်သာ တူလှ၏။
သို့သော်လည်း ဝူယာနတ်သခင် မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာပေ။
လုချန်း ဧကန်မုချ ရှုံးနိမ့်တော့မည်ဟု သူ ထင်မှတ်လိုက်သည့် အခိုက်အတန့်တွင် လုချန်း၏ ခြေဖဝါးအောက်ရှိ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံထံမှ စူးရှတောက်ပသော အလင်းတန်းတစ်ခု ရုတ်တရက် ဖြာထွက်လာပြီးနောက် လမ်းစဉ်နယ်ပယ်အတွင်းရှိ အာကာသ အလွှာများ ပုံပျက်သွားကာ လုချန်းနှင့် ယွမ်ယုတိတို့၏ ရှေ့မှောက်၌ တွင်းနက်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။
နောက်တစ်ခဏ၌ ထိုတွင်းနက်ကြီးက လုချန်းနှင့် ယွမ်ယုတိတို့ကို စုပ်ယူပစ်လိုက်သဖြင့် လမ်းစဉ်နယ်ပယ်အတွင်းမှ သူတို့ လုံးဝ ပျောက်ကွယ်သွားကြတော့၏။
လူသူကင်းမဲ့နေသော လမ်းစဉ်နယ်ပယ်ကို ကြည့်ရင်း ဝူယာနတ်သခင် လုံးဝ ဇဝေဇဝါဖြစ်သွားရ၏။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
ဤအရာက သူ၏ ကိုယ်ပိုင်နယ်ပယ်ဖြစ်၏။ နယ်ပယ် အာကာသကို ချိပ်ပိတ်ထားသည့် အပြင် စည်းမျဉ်းများမှာလည်း သူ၏ အမိန့်အောက်တွင် ရှိနေသော နယ်ပယ်ဖြစ်၏။
လုချန်းက တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို အသုံးပြု၍ သူ၏ နယ်ပယ်မှ မည်ကဲ့သို့ လွတ်မြောက်သွားနိုင်ရသနည်း။
ဝူယာနတ်သခင်၏ နယ်ပယ်မှ ထွက်ခွာပြီးနောက် ယွမ်ယုတိက
“သူ့ရဲ့ နယ်ပယ်ထဲကနေ ထွက်လာစရာ မလိုပါဘူး။”
ဝူယာနတ်သခင်၏ နယ်ပယ်အတွင်း၌ သူတို့၏ စွမ်းအားများ တစ်စိတ်တစ်ပိုင်း ဖိနှိပ်ခံရမည် ဖြစ်သော်လည်း သူတို့ လွတ်မြောက်သွားလျှင်ပင် ဝူယာနတ်သခင်က မကြာမီ ထိုနယ်ပယ်ကို ထပ်မံ ဖြန့်ကျက်ဦးမည်သာ ဖြစ်၏။
မည်သို့ပင်ဆိုစေ စောနက တည်နေရာရွှေ့ပြောင်းခြင်းက ယွမ်ယုတိ၏ နတ်စွမ်းအားကို အမြောက်အမြား ကုန်ဆုံးစေခြင်း မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာအတွက် နတ်စွမ်းအား ကုန်ဆုံးမှုက အကွာအဝေးအပေါ်တွင် မူတည်နေသောကြောင့် ဖြစ်၏။ အနှစ်သာရအားဖြင့် သူတို့သည် မူလနေရာ၌ပင် တည်နေရာရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။ မူလနေရာအတိုင်း အခြားအာကာသတစ်ခုသို့သာ ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်သဖြင့် နတ်စွမ်းအား ကုန်ဆုံးမှု အနည်းငယ်မျှသာ ရှိခဲ့သည်။
ယွမ်ယုတိ၏ စကားဆုံးသည်နှင့် လမ်းစဉ်နယ်ပယ်ကို ဝူယာနတ်သခင်က ရုပ်သိမ်းလိုက်သဖြင့် သူ၏ ခန္ဓာကိုယ်က ယွမ်ယုတိနှင့် လုချန်းတို့၏ ရှေ့မှောက်၌ ပြန်လည်ပေါ်လာခဲ့၏။ နယ်ပယ်၏ ပျက်ပြားသွားပြီးနောက် ယွမ်ယုတိကို အနိုင်ယူရန် တစ်ခုတည်းသော နည်းလမ်းမှာ တိုက်ရိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း ဝူယာနတ်သခင်ကို ကောင်းစွာ နားလည်သွားစေခဲ့၏။
အမှန်စင်စစ် လုချန်း၏ အဓိပ္ပာယ်မရှိလှသော တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံက လူများကို သူ၏ နယ်ပယ်ပြင်ပသို့ ရွှေ့ပြောင်းပေးနိုင်စွမ်း ရှိနေသဖြင့် လုချန်းနှင့် ယွမ်ယုတိတို့ကို သူ အနိုင်ယူလျှင်ပင် ထိုတည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို အသုံးပြု၍ သူတို့ ထပ်မံလွတ်မြောက်သွားနိုင်သည်ဟု တွေးတောကာ ဝူယာနတ်သခင်စိတ်ထဲ ယာယီလက်လျှော့ရန် စဉ်းစားခဲ့မိသေး၏။
သို့သော်လည်း လုချန်း ပိုင်ဆိုင်ထားသည့် အဖိုးတန် ရတနာများကို တွေးတောမိပြန်လျှင် ဝူယာနတ်သခင် နောက်ဆုံး၌ လက်မလျှော့နိုင်တော့ပေ။ လုချန်းထံ၌ ရှိရှိသမျှသော အခွင့်အရေးမှန်သမျှကို သူ ဧကန်မုချ ရယူရမည် ဖြစ်ပြီး ထိုအရာများက သူ၏ နတ်ဧကရာဇ်အဆင့်တက်ရန် ရည်မှန်းချက်ကြီးအတွက် အလွန်အရေးပါလှသည်။
ထိုအတွေးနှင့်အတူ ဝူယာနတ်သခင်က သူ၏ စွမ်းအားကို လှုံ့ဆော်လျက်
“ကြယ်တာရာလမ်းကြောင်း ကောင်းကင်ချုပ်နှောင်ခြင်းအတတ်။”
မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ကြီး မှောင်မိုက်သွားပြီး ကြယ်တာရာများ ရွေ့လျားလာကာ ထွက်ပေါ်လာသော ကြယ်အလင်းတန်းများဖြင့် ကြီးမားလှသော ပိုက်ကွန်ကြီးတစ်ခုကို ရက်လုပ်လျက် လုချန်းနှင့် ယွမ်ယုတိတို့၏ ပတ်ဝန်းကျင် နယ်ပယ်ကို ချိပ်ပိတ်ပစ်လိုက်၏။
ဤအရာကို မြင်လျှင် လုချန်း အသံဖွဖွဖြင့် ရယ်မောလိုက်မိ၏။ လမ်းစဉ်နယ်ပယ်ဖြင့်ပင် သူတို့အား ပိတ်ဆို့ရန် မအောင်မြင်ပါလျက် ဤအတတ်ပညာက သူတို့အား ပိတ်လှောင်နိုင်လိမ့်မည်ဟု ဝူယာနတ်သခင်တစ်ယောက် တကယ်ပဲ ထင်မှတ်နေဆဲလား။
--
………….