← Chapters

အခန်း ၁၈၅၅

Vol. 124 Ch. 1855

အခန်း ၁၈၅၅

Vol. 124 Ch. 1855

အခန်း (၁၈၅၅)

သံတမန်နှင့် တွေ့ဆုံခြင်း

သူမ နားကြားများမှားသွားသလားဟု ယွမ်ယုတိ တွေးတောမိ၏။

ခမ်းနားသော ကောင်းကင်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို ပြဿနာရှာရန် နတ်သခင်တစ်ပါး စေလွှတ်ခဲ့သည်မှာ မကြာသေးပေ။ ယခုတော့ သံတမန်တစ်ဦးကို ထပ်မံစေလွှတ်လိုက်ပြန်၏။

ဤသံတမန်ကလည်း လျှို့ဝှက်လဝန်းနန်းတော်အား ပြဿနာရှာရန် ရောက်ရှိလာခြင်းလား။

သို့သော်လည်း နဂါးနယ်မြေအတွင်း အခြားသော နတ်သခင်အဆင့် အငွေ့အသက်များ ရောက်ရှိလာခြင်းကို သူမ အာရုံမခံမိပေ။

ခမ်းနားသော ကောင်းကင်ခန်းမက စေလွှတ်လိုက်သည့် သံတမန်က နတ်သခင်အဆင့် မဟုတ်ဘူးလား။

လျှို့ဝှက်လဝန်းနန်းတော်၏ အခြေအနေကို စုံစမ်းစစ်ဆေးရန် သူမ၏ နတ်အာရုံကို ယွမ်ယုတိ ချက်ချင်းပင် အသုံးပြုလိုက်၏။

လျှို့ဝှက်လဝန်းနန်းတော်၏ ခန်းမကြီးအတွင်း၌ လူစိမ်း အငွေ့အသက်အချို့ ရှိနေပြီး နတ်ဘုရင်တစ်ပါး ရောက်ရှိနေခြင်းဖြစ်သည်။

ဝတ်စားဆင်ယင်ပုံအရ ထိုသူသည် ခမ်းနားသော ကောင်းကင်ခန်းမက စေလွှတ်လိုက်သည့် သံတမန် ဖြစ်လိမ့်မည်။

ယွမ်ယုတိက တံခါးဝရှိ သတင်းပို့သူကို

“သိပြီ”

သူတို့၏ နန်းတော်သခင်အနေနှင့် ခမ်းနားသော ကောင်းကင်ခန်းမမှ သံတမန်ကို တွေ့ဆုံခြင်း ရှိမရှိက သူမ၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်သဖြင့် သတင်းပို့သူကလည်း ဘာမှထပ်မံ၍ မပြောတော့ပေ။

ထိုအခိုက်အတန့်တွင် ယွမ်ယုတိက သူမ၏လက်ကို မြှောက်လိုက်ရာ နောက်တစ်စက္ကန့်၌ အဝေးရှိ လုချန်း၏ ခန္ဓာကိုယ် သူမ၏ ရေခဲနန်းတော်အတွင်းသို့ ရောက်ရှိလာ၏။

လုချန်းက ယွမ်ယုတိကို ပြုံးလျက်

“ဆရာ... ကျုပ်ကို ဘာလို့ ဆင့်ခေါ်တာလဲ။ စုံတွဲကျင့်စဉ် ကျင့်ဖို့လား”

ယွမ်ယုတိက လုချန်းကို အေးစက်စွာ ကြည့်ရင်း

“ခမ်းနားသော ကောင်းကင်ခန်းမက သံတမန်တစ်ယောက် စေလွှတ်လိုက်တယ်။ သူတို့ ဘာလုပ်ချင်နေတာလို့ ရှင်ထင်လဲ။”

ထိုအရာကို ကြားလျှင် လုချန်း အနည်းငယ် မှင်တက်သွား၏။

ခမ်းနားသော ကောင်းကင်ခန်းမက လျှို့ဝှက်လဝန်းနန်းတော်သို့ သံတမန်တစ်ဦး စေလွှတ်လိုက်တယ်တဲ့လား။

လျှို့ဝှက်လဝန်းနန်းတော်ကို ပြဿနာရှာရန် နတ်သခင်တစ်ပါးအား စေလွှတ်ခဲ့ပြီး မကြာမီမှာပင် အခြားသံတမန်တစ်ဦးကို ထပ်မံစေလွှတ်လိုက်ပြန်ပြီလား။

သံတမန်တစ်ဦး စေလွှတ်လာသဖြင့် သူတို့အနေနှင့် ပြန်လည်သင့်မြတ်လိုသော ရည်ရွယ်ချက် ရှိနိုင်သော်လည်း လျှို့ဝှက်လဝန်းနန်းတော်နှင့် ခမ်းနားသော ကောင်းကင်ခန်းမတို့၏ ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားကြည့်ပါက ပြန်လည်သင့်မြတ်ရန် ဖြစ်နိုင်ပါ့မလား။

တစ်ချိန်က ခမ်းနားသော ကောင်းကင်ခန်းမမှ ဦးဆောင်၍ လုချန်း အရှိန်အဟုန်နှင့် တက်လှမ်းလာမှုကို တားဆီးရန်၊ ဝိုင်းရံတိုက်ခိုက်ရန်နှင့် ကစဉ့်ကလျား ပင်လယ်အတွင်းသို့ မောင်းထုတ်ရန် ကြိုးပမ်းခဲ့ဖူး၏။ ထို့ပြင် လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်ကပင် လျှို့ဝှက်လဝန်းနန်းတော်ကို ဖျက်ဆီးရန် ကြိုးစားခဲ့သေးသည်။

ဤကဲ့သို့ ရန်ငြိုးအဟောင်းအသစ်များ အားလုံး စုပြုံနေခြင်းကြောင့် နတ်ဂိုဏ်းကြီးနှစ်ဂိုဏ်းကြား ပြန်လည်သင့်မြတ်ရေး ဆိုတာက မဖြစ်နိုင်သလောက်ပင်။

ခဏခန့် အတွေးထဲနစ်မြောသွားပြီးနောက် မဟာလမ်းစဉ် ကပ်ဘေးကြီးကြောင့် လျှို့ဝှက်လဝန်းနန်းတော်အပေါ် ထားရှိသည့် ခမ်းနားသော ကောင်းကင်ခန်းမ၏ သဘောထား ပြောင်းလဲသွားခြင်း ဖြစ်နိုင်ကြောင်း လုချန်း ချက်ချင်းပင် တွေးမိလိုက်၏။

အဆုံးတွင်တော့ မဟာလမ်းစဉ် ကပ်ဘေးကြီးက မည်သို့သော ဘေးဒုက္ခမျိုး သယ်ဆောင်လာမည်ကို မည်သူမှ ကြိုတင်မခန့်မှန်းနိုင်ချေ။

ပဋိပက္ခများ ရှိနေလျှင်ပင် ခဏခန့်ရပ်တန့်ကာ ကောင်းကင်ဘုံ လမ်းစဉ်ကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ရမည့်နည်းလမ်း ရှာဖွေခြင်းကသာ ပညာရှိရာရောက်ပေလိမ့်မည်။ ဆက်လက်တိုက်ခိုက်နေပါက အားလုံးအတွက် မကောင်းသော ရလဒ်များသာ ထွက်ပေါ်လာပေလိမ့်မည်။

ပြီးခဲ့သည့်အကြိမ် မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်တွင် ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရစဉ်က ထျန်းရန်နတ်ဘုရား နယ်မြေအတွင်း ပဋိပက္ခဖြစ်ပွားနေသော နတ်ဂိုဏ်းအင်အားစုများသည် သူတို့၏ ရန်ငြိုးများကို ချက်ချင်းပင် ဘေးဖယ်ထားရန် ရွေးချယ်ခဲ့ကြ၏။

ဤအရာက သေရေးရှင်ရေးဆိုင်ရာ ကိစ္စဖြစ်သည်။ မဟာလမ်းစဉ် ကပ်ဘေးကြီး၏ သက်ရောက်မှုသည် နတ်ဂိုဏ်းတစ်ဂိုဏ်းတည်းအပေါ်တင် သက်ရောက်ခြင်း မဟုတ်သဖြင့် ခမ်းနား‌သောကောင်းကင်ခန်းမက ထိုသို့စဉ်းစားတာ အံ့ဩစရာတော့ မဟုတ်ပေ။

လုချန်းက ယွမ်ယုတိကို

“မဟာလမ်းစဉ် ကပ်ဘေးကြောင့် သူတို့အနေနဲ့ လျှို့ဝှက်လဝန်းနန်းတော်နဲ့ ယာယီပြန်လည်သင့်မြတ်ဖို့ လာတာ ဖြစ်နိုင်တယ်။”

လုချန်း၏ စကားကို ကြားသောအခါ ယွမ်ယုတိက နားမလည်နိုင်စွာဖြင့်

“မဟာလမ်းစဉ် ကပ်ဘေး ဟုတ်လား”

ရေခဲလမ်းစဉ်တွင် ပြဿနာများ ရှိနေသည်ကို သူမ ရှာဖွေတွေ့ရှိခဲ့၏။ ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် ရေခဲလမ်းစဉ်တစ်ခုတည်းကိုသာ တိုက်စားနေခြင်း မဟုတ်ကြောင်း သူမ မသိခဲ့ပေ။

ထို့ကြောင့် လုချန်းက ဆက်လက်ရှင်းပြ၏။

“အခုအချိန်မှာ အမျိုးမျိုးသော ကျင့်စဉ်လမ်းစဉ်တွေအားလုံးဟာ လမ်းစဉ်ကို တိုက်စားတဲ့ လျှို့ဝှက်ဆန်းကြယ်စွမ်းအားရဲ့ ကျူးကျော်မှုကို ခံနေရတယ်။ ဒီစွမ်းအားက ကျင့်စဉ်လမ်းစဉ်တွေကို ဖျက်ဆီးပစ်တာကြောင့် နတ်တွေရဲ့ စွမ်းအားနဲ့ ကျင့်စဉ်အဆင့်တွေလည်း ကျဆင်းလာနေတာ။ နတ်ဘုရားနယ်မြေတစ်ခုလုံးမှာရှိတဲ့ အင်အားစုတွေက ဒီဖြစ်ရပ်ကို မဟာလမ်းစဉ် ကပ်ဘေးလို့ ခေါ်ကြတယ်။”

ဒါက...

ယွမ်ယုတိ၏ အေးစက်သော မျက်ဝန်းအစုံတွင် လေးနက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ ရေခဲလမ်းစဉ်တစ်ခုတည်းသာ ပြဿနာနှင့် ရင်ဆိုင်နေရသည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း အမှန်စင်စစ် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် အခြားသော ကျင့်စဉ်လမ်းစဉ်များကိုပါ တိုက်စားနေခြင်းဖြစ်သည်။

ကျင့်စဉ်လမ်းစဉ်အားလုံးကို တိုက်စားနိုင်သည့် ဤစွမ်းအားက မည်သို့သော စွမ်းအားမျိုး ဖြစ်နေမည်နည်း။

လုချန်းက

“ကျင့်စဉ်လမ်းစဉ်တွေထဲက မငြိမ်မသက်မှုတွေဟာ ကောင်းကင်ဘုံ လမ်းစဉ်နဲ့ ဆက်စပ်နေဖို့ များတယ်။ ထျန်းရန်နတ်ဘုရားနယ်မြေရဲ့ ကောင်းကင်ဘုံ လမ်းစဉ်မှာ တစ်ခုခု ဖြစ်ပျက်နေတာ ဖြစ်နိုင်တယ်။ အရင်တုန်းကလည်း မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်မှာ အလားတူပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးတယ်။ ဒါပေမဲ့ မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကို တိုက်စားတဲ့ အဲဒီလျှို့ဝှက်ဆန်းကြယ်စွမ်းအားက နောက်ဆုံးမှာတော့ ပျောက်ကွယ်သွားခဲ့တယ်။”

လုချန်း၏ အစောပိုင်း တွက်ဆချက်တစ်ခုကို ယွမ်ယုတိ ရုတ်တရက် သတိရမိသွား၏။ သူပြန်လည်ရောက်ရှိလာခြင်းကသာ မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကို ပြန်လည်ကောင်းမွန်စေမည့် သော့ချက်ဖြစ်နိုင်ပြီး နတ်ဘုရားနယ်မြေရှိ သက်ရှိများကို ပုံမှန်အတိုင်း ပြန်လည်မျိုးပွားနိုင်လာခြင်းဖြစ်သည်ဟု လုချန်း သူမကို ပြောခဲ့ဖူး၏။

မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်ကို လျှောက်လှမ်းသူ နည်းပါးလွန်းခြင်းကြောင့် ထိုလမ်းစဉ်ကို ဆုတ်ယုတ် ကျဆင်းစေပြီး ပြဿနာများကို လှုံ့ဆော်ပေးခြင်း ဖြစ်နိုင်သည်ဟု ထိုစဉ်က လုချန်း တွက်ဆခဲ့၏။

သို့သော်လည်း ယခုအခါတွင်တော့ အခြားသော လမ်းစဉ်များကို လျှောက်လှမ်းနေသည့် နတ်အမြောက်အမြား ရှိနေပါလျက်နှင့် အဘယ်ကြောင့် ပြဿနာများ ဖြစ်ပွားနေရသနည်း။

ထိုသို့တွေးတောကြည့်လျှင် မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ်၏ ယခင်ပြဿနာသည် လုချန်း၏ တွက်ဆချက်နှင့် သက်ဆိုင်ခြင်း ရှိပုံ မရပေ။ ထိုလမ်းစဉ် ပြန်လည်ကောင်းမွန်လာခြင်းက အခြားသော အကြောင်းရင်းများကြောင့် ဖြစ်ပေလိမ့်မည်။

အတွေးထဲနစ်မြောနေသော ယွမ်ယုတိကို ကြည့်ရင်း လုချန်းက

“ခမ်းနားသော ကောင်းကင်ခန်းမက သံတမန်ကို အရင်သွားတွေ့ပြီး သူတို့ ဘာလုပ်ချင်နေလဲဆိုတာ ကြည့်ကြရအောင်။”

ကျင့်စဉ်လမ်းစဉ်များ ပြဿနာနှင့် ရင်ဆိုင်နေရခြင်းမှာ နတ်ဘုရားနယ်မြေတစ်ခုလုံးကို လွှမ်းမိုးနေသည့် ကပ်ဘေးကြီးတစ်ခု ဖြစ်ရာ ဤကဲ့သို့သော အချိန်မျိုးတွင် ဆက်လက်တိုက်ခိုက်နေခြင်းက ပညာရှိရာ မရောက်ပေ။

ထို့သော် ဤအရာက ရန်ငြိုးများကို မေ့ပျောက်သွားစေမည်ဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။

လျှို့ဝှက်လဝန်းနန်းတော်အနေနှင့် ခမ်းနားသော ကောင်းကင်ခန်းမအား လက်စားချေမှာ သံသယဖြစ်ဖွယ် မရှိသော်လည်း တကယ်စာရင်းရှင်းမည့်အချိန်ကတော့ မဟာလမ်းစဉ် ကပ်ဘေးကြီး မည်သည့်အချိန်တွင် ပြီးဆုံးမည်နည်းဆိုသည့် အချက်အပေါ်တွင် မူတည်သည်။

ထို့နောက် ယွမ်ယုတိ သူမ၏လက်ကို မြှောက်လိုက်ရာ နောက်တစ်စက္ကန့်တွင် သူမနှင့် လုချန်းသည် လျှို့ဝှက်လဝန်းနန်းတော်၏ ခန်းမကြီးအတွင်းသို့ ရောက်ရှိသွားကြ၏။

ယွမ်ယုတိထံမှ ထွက်ပေါ်လာသော နတ်သခင်အဆင့် ဖိအားကို အာရုံခံမိသောအခါ ခမ်းနားသော ကောင်းကင်ခန်းမ၏ သံတမန်ဖြစ်သူ နတ်ဘုရင်မုန်ယန်လည်း ဤအမျိုးသမီးသည် လျှို့ဝှက်လဝန်းနန်းတော်သခင်ဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားကာ တွေဝေခြင်းမရှိပဲ ယွမ်ယုတိကို ချက်ချင်း ဂါရဝပြုလိုက်၏။

“ခမ်းနားသော ကောင်းကင်ခန်းမရဲ့ သံတမန်က လျှို့ဝှက်လဝန်းနန်းတော်သခင်ကို ဂါရဝပြုပါတယ်။”

ယွမ်ယုတိက နတ်ဘုရင်မုန်ယန်ကို တိုက်ရိုက်ပင်

“ပြောပါ... ရှင်တို့ရဲ့ ကျောင်းတော်သခင်က ရှင့်ကို ဘာလာလုပ်ခိုင်းတာလဲ။”

ယွမ်ယုတိထံမှ ထွက်ပေါ်နေသော ရေခဲစွမ်းအားကို ခံစားရသဖြင့် နတ်ဘုရင်မုန်ယန် အလွန် စိတ်မသက်မသာ ဖြစ်သွား၏။ ခမ်းနားသော ကောင်းကင်ခန်းမ၏ နတ်သခင်က လျှို့ဝှက်လဝန်းနန်းတော်ကို ပြဿနာရှာထားခဲ့သဖြင့် အပြန်အလှန် ရန်သူဖြစ်နေသည့် အခြေအနေမျိုးတွင် ဒေါသဖြေဖျောက်သည့်အနေနှင့် နတ်ဘုရင်တစ်ပါးကို သတ်ပစ်ခြင်းက လုံးဝမဖြစ်နိုင်သည့် ကိစ္စမဟုတ်ရာ ယွမ်ယုတိ သူ့အပေါ် အရေးယူလိမ့်မည်ကို သူ စိုးရိမ်ပူပန်နေမိ၏။

နတ်ဘုရင်မုန်ယန်က ကြယ်မြစ် နတ်သခင် ပေးအပ်လိုက်သည့် ကျောက်စိမ်းစာလိပ်ကို အလျင်အမြန် ထုတ်ယူကာ

“ဒီကျောက်စိမ်းစာလိပ်ထဲမှာ ကျုပ်တို့ သခင်ရဲ့ စာရှိပါတယ်။ မဟာလမ်းစဉ် ကပ်ဘေး ရုတ်တရက် ရောက်လာပြီး ကောင်းကင်ဘုံ လမ်းစဉ် မူမမှန်ဖြစ်နေတဲ့ အချိန်မှာ ကျုပ်တို့ နတ်ဂိုဏ်းကြီးနှစ်ဂိုဏ်း ရန်သူတွေအဖြစ်ကနေ ရပ်တန့်ဖို့ ကျောင်းတော်သခင်က မျှော်လင့်ပါတယ်။ နတ်ဘုရားနယ်မြေထဲမှာရှိတဲ့ နတ်ဂိုဏ်းအင်အားစုတွေအားလုံးဟာ မဟာလမ်းစဉ် ကပ်ဘေးကို ဆန့်ကျင်တိုက်ဖျက်ဖို့ အဖြေတွေကို အတူတကွ ရှာဖွေသင့်ပါတယ်။”

နတ်ဘုရင်မုန်ယန်၏ လက်ထဲမှ ကျောက်စိမ်းစာလိပ်ကို သူမ၏ နတ်စွမ်းအားဖြင့် ဆွဲယူလိုက်ပြီးနောက် နတ်စွမ်းအားကို အသုံးပြု၍ ထိုကျောက်စိမ်းစာလိပ်ကို လှုံ့ဆော်လိုက်ရာ ကြယ်မြစ် နတ်သခင် ရေးသားထားသော စာတစ်စောင် လေထုထဲတွင် ပေါ်လာ၏။

လေထုထဲတွင် ပေါ်နေသော အကြောင်းအရာကို မြင်လျှင် ယွမ်ယုတိက အေးစက်စွာဖြင့်

“ပြန်လည်သင့်မြတ်မယ် ဟုတ်လား။ အကြမ်းမရတော့ အခု အနုနည်းနဲ့ စမ်းချင်တာပေါ့။”

လုချန်းသည် ကစဉ့်ကလျား ပင်လယ်အတွင်းမှ ထွက်ပေါ်လာသူ ဖြစ်သဖြင့် နတ်ဧကရာဇ် ဖြစ်လာနိုင်မည့် အခွင့်အလမ်းအချို့ကို ဧကန်မုချ သိရှိလိမ့်မည်ဟု ဆိုကာ လုချန်းကို လိုချင်ကြောင်း ကြယ်မြစ် နတ်သခင်က စာထဲတွင် ရှင်းလင်းစွာ ဖော်ပြထား၏။

အကယ်၍ ထိုအခွင့်အလမ်းများကို မျှဝေပေးမည်ဆိုပါက နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်ရန် နီးစပ်နေသည့် နတ်သခင်များကို ကူညီပေးရာရောက်ပြီး နတ်ဧကရာဇ်အသစ်များ ပေါ်ထွက်လာကာ ကောင်းကင်ဘုံ လမ်းစဉ်၏ ပြဿနာ အကြောင်းရင်းကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည်ဟု အကြံပြုထားသည်။

ထင်ရှားသည်မှာ ကြယ်မြစ် နတ်သခင်သည် လျှို့ဝှက်လဝန်းနန်းတော်နှင့် လုချန်းတို့အပေါ် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ဖိအားပေးရန် အကြောင်းရှာကြံနေခြင်းပင်။

သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရုံမျှဖြင့် စာသားအကြောင်းအရာများနှင့် ကျောက်စိမ်းပေလွှာ တစ်ခုလုံးကို ပြာအဖြစ်သို့ ယွမ်ယုတိ ပြောင်းလဲပစ်လိုက်၏။

ဤအရာကို မြင်လျှင် နတ်ဘုရင်မုန်ယန်ထံမှ ချွေးစေးများ စီးကျလာပြီး သူ၏ အသက်အန္တရာယ်အတွက် စိုးရိမ်ထိတ်လန့်နေခိုက် ယွမ်ယုတိက ရုတ်တရက် စကားပြောလိုက်၏။

ယွမ်ယုတိက နတ်ဘုရင်မုန်ယန်ကို

“ရှင့်တို့ရဲ့ ခန်းမသခင်ကို ပြောလိုက်ပါ... အကယ်၍ လုချန်းမှာ နတ်ဧကရာဇ် ဖြစ်လာမယ့် အခွင့်အရေး တကယ်ရှိခဲ့ရင် ကျွန်မကိုယ်တိုင် အသုံးပြုပြီးဖြစ်မှာပဲ။ အခုအချိန်အထိ သိမ်းထားမှာ မဟုတ်ဘူး။”

--

……………

All Chapters