← Chapters

အခန်း ၁၈၅၇

Vol. 124 Ch. 1857

အခန်း ၁၈၅၇

Vol. 124 Ch. 1857

အခန်း (၁၈၅၇)

ကြယ်မြစ် နတ်သခင်၏ သောက

လုချန်း၏ စည်းရုံးသိမ်းသွင်းတတ်သော စကားများကို ကြားရပြီးနောက် လုချန်းကို သူမ၏ ရေခဲနန်းတော်သို့ ယွမ်ယုတိ အမြန်ဆုံး ခေါ်ဆောင်သွားချင်လာ၏။ လုချန်း၏ နည်းလမ်းက ဖြစ်နိုင်ခြေရှိသည်ဟု သူမ ပို ခံစားလာရသောကြောင့်လည်း ဖြစ်သည်။

လောက၏ မဟာလမ်းစဉ်အားလုံးကို သိမြင်နားလည်ခြင်းဖြင့်သာ ထိုလမ်းစဉ်များမှ နိယာမများကို အနှစ်ချုပ်နိုင်မည်ဖြစ်ပြီး လုံးဝအသစ်စက်စက် လမ်းစဉ်တစ်ခုကို ဖန်တီးနိုင်မည့် မျှော်လင့်ချက် ရှိပေလိမ့်မည်။

ထိုသို့ တွေးတောရင်း ယွမ်ယုတိလည်း တုံ့ဆိုင်းမနေပဲ အာကာသ တည်နေရာရွှေ့ပြောင်းခြင်းကို တိုက်ရိုက် အသုံးပြုလိုက်၏။

နောက်တစ်စက္ကန့်တွင် ယွမ်ယုတိနှင့် လုချန်း တို့ ရေခဲနန်းတော်သို့ ပြန်လည်ရောက်ရှိသွားကြပြီ ဖြစ်သည်။

လုချန်း ဘာမှ မပြောနိုင်သေးခင်မှာပင် ယွမ်ယုတိက သူမ၏လက်ကို မြှောက်လိုက်ရာ နောက်တစ်ခဏ၌ လုချန်း၏ ဝတ်စုံအားလုံး ပျောက်ကွယ်သွားတော့၏။

ယွမ်ယုတိ ဆက်လက် လုပ်ဆောင်တော့မည့် ဆဲဆဲတွင် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး ရပ်တန့်လိုက်၏။

လွန်ခဲ့သည့် မိနစ်ပိုင်းက စိတ်စောနေပြီးမှ ရုတ်တရက် ရပ်တန့်သွားသော ယွမ်ယုတိကို ကြည့်ကာ လုချန်းက ဇဝေဇဝါဖြင့်

“ဆရာ... ဒါက ဘာဖြစ်လို့လဲ...”

ယွမ်ယုတိက

“ရှင် အခု ပြသနိုင်တဲ့ အမြင့်ဆုံး ကျင့်စဉ်အဆင့်က ရွှေနတ် အဆင့်ပဲလား။”

လုချန်းက

“ဟုတ်ပါတယ်”

ယွမ်ယုတိက

“ဒါဆိုရင် ရှင်က ဘာလို့ နတ်ဘုရင် တစ်ပါးရဲ့ ကျင့်စဉ်အဆင့်နဲ့ စွမ်းအားကို ထုတ်နိုင်ရတာလဲ”

လုချန်းသည် သူမ၏ ရှေ့မှောက်တွင် နတ်ဘုရင်၏ စွမ်းအားကို တစ်ကြိမ်ထက်မက အသုံးပြုခဲ့ဖူးသည်။

လုချန်းက

“အဲ့ဒါက ကျုပ် လျှို့ဝှက်ပညာတစ်ခုကို သုံးထားလို့ပါ။ အဲ့ဒီစွမ်းအားက ယာယီပဲ ရတာပါ။”

လုချန်း၏ အဖြေကို ကြားလျှင် ယွမ်ယုတိ အလွန် သံသယ မဝင်မိပေ။

လူတစ်ဦး၏ စွမ်းအားကို ယာယီမြှင့်တင်ပေးနိုင်သည့် လျှို့ဝှက်ပညာရပ်များသည် ထျန်းရန်နတ်ဘုရား နယ်မြေအတွင်း ရေတွက်၍မရနိုင်အောင် ရှိသည်။

ကစဉ့်ကလျား ပင်လယ်ထဲမှ ထွက်ပေါ်လာသူ ဖြစ်သည့် လုချန်းတွင် ဤကဲ့သို့သော လျှို့ဝှက်ပညာမျိုး ရှိနေခြင်းက အံ့ဩစရာ မဟုတ်ပေ။

လုချန်းသည် ကစဉ့်ကလျား ပင်လယ်အတွင်း၌ ကြီးမားသော အခွင့်အလမ်း အချို့ကို ရရှိခဲ့ပြီး လူတစ်ဦး၏ စွမ်းအားကို တိုတောင်းသော အချိန်အတွင်း အကြီးအကျယ် မြှင့်တင်ပေးနိုင်သည့် ထိုသို့သော လျှို့ဝှက်ပညာမျိုးကို ရရှိခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

လုချန်းက

“ဆရာက ဘာလို့ ဒါကို ရုတ်တရက် မေးရတာလဲ”

အဝတ်အစားအားလုံး အဖျက်ဆီးခံလိုက်ရပြီး စတင်တော့မည့်ဆဲဆဲ အနေအထား ရောက်မှ ဤမေးခွန်းက ရုတ်တရက် ပေါ်ထွက်လာခြင်း ဖြစ်၏။

ယွမ်ယုတိက မည်သည့် စကားမှ မဆိုပေ။ သူမက သူမ၏ နတ်အာရုံကို တိုက်ရိုက် ထုတ်လွှတ်လိုက်ရာ နောက်တစ်စက္ကန့်တွင် သူမ၏ နတ်အာရုံသည် လုချန်း၏ ချင်နတ်ဘုရား နိုင်ငံ ဆီသို့ ဖြန့်ကြက်သွားတော့၏။

ထိုအချိန်တွင် ချင်နတ်ဘုရား နိုင်ငံ အတွင်း၌ အရေးကိစ္စများကို စီမံနေသော လုချန်း၏ ရွှေနတ် ကိုယ်ထည်သည် ယွမ်ယုတိ၏ နတ်အာရုံကို အာရုံခံမိလိုက်၏။

သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ ရွှေနတ်ကိုယ်ထည်သည် ယွမ်ယုတိ၏ အာကာသကို ဖြတ်ကျော် ဖမ်းဆွဲခြင်း ခံလိုက်ရတော့သည်။

လုချန်း လန့်သွား၏။ ယွမ်ယုတိသည် လူတစ်ယောက်တည်းနှင့် မတင်းတိမ်နိုင်တော့ဟု သူ ထင်လိုက်မိခြင်း ဖြစ်၏။ သို့သော်လည်း နောက်တစ်ခဏတွင် သူ အတွေးလွန်သွားခြင်းသာ ဖြစ်ကြောင်း သဘောပေါက်သွားသည်။

ထို့နောက် ယွမ်ယုတိက သူ၏ ကောင်းကင်နတ် ကိုယ်ထည်ကို ပြန်လွှတ်လိုက်ပြီး ရွှေနတ် ကိုယ်ထည်ကိုသာ ချန်ထားခဲ့၏။ လုချန်း၏ ပိုသန်မာသော ကိုယ်ထည်နှင့် အတူတကွ ကျင့်ကြံပါက အခြားသော လမ်းစဉ်များကို သိမြင်နားလည်နိုင်မှု ပိုမို မြန်ဆန်လာနိုင်မလားဟု သူမ တွေးတောမိလိုက်သောကြောင့် ဖြစ်သည်။

အကယ်၍ ထိုသို့သာ ဖြစ်ပါက နောင်တွင် လုန်းချန်း၏ အစွမ်းထက်ဆုံး ကိုယ်ထည်နှင့်သာ အတူတကွ ကျင့်ကြံတော့မည် ဖြစ်၏။

သူမက သူ၏ ကောင်းကင်နတ် ကိုယ်ထည်ကို ပြန်လွှတ်လိုက်ပြီးနောက်တွင် ယွမ်ယုတိ၏ ရည်ရွယ်ချက်ကို လုချန်း ချက်ချင်း သဘောပေါက်သွား၏။

အမှန်စင်စစ် ယွမ်ယုတိ၏ အတွေးက မှန်ကန်လှသည်။ လုချန်း၏ ကျင့်စဉ်အဆင့် ပိုမိုမြင့်မားလေလေ သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအားများ ပိုမိုကြွယ်ဝလေဖြစ်ပြီး ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကို လည်ပတ်သည့် အခါတွင်လည်း အကျိုးသက်ရောက်မှုများ ပိုမိုထင်ရှားလာမည် ဖြစ်သည်။

သို့သော်လည်း ကျင့်စဉ်အဆင့် ပိုမြင့်‌လေလေ လုချန်း၏ စွမ်းဆောင်ရည် အချို့ကလည်း ပိုမိုအားကောင်းလာလေလေ ဖြစ်၏။

သို့သော်လည်း နတ်သခင် ဖြစ်သည့် ယွမ်ယုတိ၏ ရှေ့မှောက်တွင်တော့ ရွှေနတ်အဆင့်သာ ရှိသော သူသည် မည်သည့် လှိုင်းတံပိုးမှ ထအောင် မလုပ်နိုင်တာ ထင်ရှားလှပေသည်။ ထို့ပြင် သူတို့ အတူတကွ ကျင့်ကြံသည့် အခါတွင် ယွမ်ယုတိက ဘဝဆိုသည်မှာ အိပ်မက်တစ်ခု ပညာရပ်ကို လည်ပတ်စေမည် ဖြစ်ရာ ထိုအိပ်မက်ကမ္ဘာအတွင်း၌ နှစ်ဦးသားစလုံးမှာ ထိုသို့သော မိန်းမောဖွယ် ခံစားချက်များ၌သာ နစ်မျောခံစားကြရမည် ဖြစ်ပြီး လက်တွေ့ကမ္ဘာရှိ သူတို့၏ ခန္ဓာကိုယ်များအပေါ် မည်သည့် ထူးခြားသော သက်ရောက်မှုမှ ရှိလိမ့်မည် မဟုတ်ပေ။

စွမ်းအား အပေါ် ဆာလောင်မွတ်သိပ်မှုများဖြင့် ပြည့်နှက်နေသည့် ထိုအေးစက်လှသော နတ်မိမယ်၏ မျက်ဝန်းများကို ကြည့်ကာ သူ့ကိုယ်သူ အသုံးချခံနေရသည်ဟူသော ခံစားချက်မျိုး လုချန်း၏ ရင်ထဲ ရုတ်တရက် ပေါ်ပေါက်လာ၏။

သူသည် အမြဲတမ်း အရာရာကို ထိန်းချုပ်ထားသူ ဖြစ်ပြီး သူ၏ မိန်းမများအားလုံးသည် သူ့ကို လေးစားကြောက်ရွံ့ကြရသူများ ဖြစ်သည်။

ယခုတော့ အဘယ်ကြောင့် ယွမ်ယုတိ ကျင့်ကြံရန်အတွက် အသုံးချခံ ကိရိယာတစ်ခု ဖြစ်နေရသနည်း။

သို့သော်လည်း ဤအရာက အရေးမကြီးပေ။ သူမနှင့် ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားနိုင်ပါက တစ်နေ့နေ့တွင် ယွမ်ယုတိသည် သူ၏ ကျော့ကွင်းအတွင်းသို့ သက်ဆင်းလာရမည်ဟု သူ ယုံကြည်ထား၏။

လောလောဆယ်တွင် အခြားသော ကျင့်စဉ်လမ်းစဉ်များ အားလုံးသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ၏ တိုက်စားခြင်းကို ခံနေရသော်လည်း မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ် ကတော့ မပျက်မစီးပဲ နဂိုအတိုင်း ရှိနေဆဲဖြစ်၏။ မျိုးဆက်ပြန့်ပွားခြင်း လမ်းစဉ် အဆင်ပြေနေပါက တစ်နေ့နေ့တွင် ယွမ်ယုတိသည် သူ၏ ရင်သွေးကို လွယ်ထားရနိုင်သည်။

နှစ်ပေါင်း တစ်ရာ ကြာမှာလား သို့မဟုတ် နှစ်ပေါင်း တစ်ထောင် ကြာမလား ဆိုသည်က‌ တော့ သူ မထိန်းချုပ်နိုင်သည့် ကံတရားအပေါ်၌သာ မူတည်ပေသည်။

လုချန်း တစ်ယောက် အတွေးလွန်နေစဉ်မှာပင် ယွမ်ယုတိက သူ၏ ခန္ဓာကိုယ်ကို နူးညံ့လှသော ကုတင်ထက်သို့ ရုတ်တရက် လှဲချလိုက်ပြီးနောက် အပေါ်မှ အုပ်မိုးလိုက်သည်။

ထိုအခိုက်အတန့်တွင် လုချန်း၏ ဦးနှောက် ခဏခန့် ရပ်တန့်သွား၏။

နေဦး...

ကံတရားလား။

သူ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပုံရသည်။ အတိတ်တုန်းက သူ ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း ရှိနေစဉ်က သူ၏ ဇနီးမယားများ ကမ္ဘာငယ်လေးများ မွေးဖွားနိုင်စေရန် အခြားသော အင်ပါယာများထံမှ ကံစွမ်းအား များကို စုပ်ယူပေးခဲ့ဖူးသည်။

ကမ္ဘာငယ်လေးများဟူသည်မှာ ရင်သွေးသားသမီးများ မဟုတ်သော်လည်း ကမ္ဘာငယ်လေးများ ဖန်တီးခြင်းနှင့် ရင်သွေးရယူခြင်းက အလွန် ကွဲပြားခြားနားခြင်း မရှိပေ။ အကယ်၍ သူသာ အခြားသော နတ်ဘုရား နိုင်ငံများထံမှ ကံစွမ်းအားကို စုပ်ယူလိုက်လျှင် သို့မဟုတ် ထိုသို့ ပြုလုပ်နေစဉ်အတွင်း နိုင်ငံ၏ ကံစွမ်းအား အချို့ကိုပါ ထည့်သွင်းပေးလိုက်လျှင် အောင်မြင်နိုင်ခြေ ပို၍ မြင့်မားမသွားနိုင်ပေဘူးလား။

တကယ်တော့ ကံစွမ်းအားဟူသည်မှာ အလွန်တရာ ဆန်းကြယ်လှ၏။ နတ်များ ကိုယ်ဝန်ရရှိခြင်းက ကံတရားနှင့် သက်ဆိုင်နေပြီးသား ဖြစ်ရာ ကံစွမ်းအားများ ကြွယ်ဝလာသည်နှင့်အမျှ ကိုယ်ဝန်ရရှိမည့် ကံတရားကလည်း သဘာဝအတိုင်း ပို၍ကောင်းမွန်လာမည် ဖြစ်သည်။

ထိုသို့ တွေးတောရင်း လုချန်းသည် ချင်နတ်ဘုရား နိုင်ငံ၏ ကံစွမ်းအားများကို သူ၏ခန္ဓာကိုယ်အတွင်း ချက်ချင်း စုစည်းလိုက်၏။ ထိုအရာ လုပ်ဆောင်နေစဉ် အတောအတွင်း ထိုကံစွမ်းအားများကို ယွမ်ယုတိထံသို့ပါ တပြိုင်နက်တည်း လွှဲပြောင်းပေးလိုက်သည်။

လုချန်း၏ သိမ်မွေ့လှသော လှုပ်ရှားမှုများကို ယွမ်ယုတိ သဘာဝအတိုင်း သတိပြုမိသော်လည်း သူမ အလွန် ဂရုမစိုက်ပေ။ လုချန်း ဘာလုပ်ရန် ကြံရွယ်နေသည်ကို သူမ ကောင်းစွာ သိသော်လည်း လုချန်း အောင်မြင်လိမ့်မည်ဟု သူမ မယုံကြည်ပေ။

ပထမအချက် အနေနှင့် သူမသည် လုချန်းကို အမြဲတမ်း သတိထား စောင့်ကြည့်နေပြီး ကျင့်ကြံနေစဉ်အတွင်း အဆိပ်အတောက်များကို ဖယ်ရှားပစ်လေ့ ရှိသည်။ ထို့ပြင် သူမတွင် သူမ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည့် နတ်စွမ်းအားများ ရှိနေပြီး ထိုကဲ့သို့သော ကိစ္စရပ်များမှာလည်း အစကတည်းကပင် ဖြစ်နိုင်ရန် ခက်ခဲလွန်းလှသည်။

ဤမျှ များပြားလှသော အကြောင်းရင်းများ ရှိနေသည့်အတွက် နတ်ဘုရား နိုင်ငံ၏ ကံစွမ်းအားကို မည်မျှပင် အသုံးချပါစေ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

……

ခမ်းနားသော ကောင်းကင်ခန်းမ။

ကြယ်မြစ် ခန်းမ။

ခန်းမကြီးအတွင်း၌ ကြယ်တာရာများ တောက်ပစွာ လင်းလက်နေပြီး ကြယ်စုံလင်သော ကောင်းကင်ယံထဲ ရောက်ရှိနေသကဲ့သို့ ခံစားရစေ၏။

ကြယ်မြစ် နတ်သခင်သည် သူ၏ လက်ထဲရှိ ကျောက်စိမ်းစာလိပ်ကို လေးနက် သော မျက်နှာထားဖြင့် စိုက်ကြည့်နေ၏။

ကျောက်စိမ်းစာလိပ်အတွင်းရှိ အကြောင်းအရာများသည် နေဝင်တောင်တန်းနှင့် သက်ဆိုင်နေသည်။ လတ်တလောတွင် သူသည် နေဝင်တောင်တန်းအတွင်းရှိ ပုံမှန်မဟုတ်သော အခြေအနေများကို စုံစမ်းစစ်ဆေးရန် လူအတော်များများကို စေလွှတ်ခဲ့သော်လည်း မည်သည့် ပုံမှန်မဟုတ်သော အခြေအနေမျိုးကို ရှာဖွေရမည်နည်း ဆိုသည်ကိုတော့ အတိအကျ သတ်မှတ်ပြောကြားခဲ့ခြင်း မရှိပေ။

ကြယ်တာရာ နတ်ခန္ဓာကို ပိုင်ဆိုင်ထားသူ ဖြစ်သဖြင့် ဝူယာနတ်သခင် ခမ်းနားသော ကောင်းကင်ခန်းမသို့ ပြန်လည်ရောက်ရှိလာသည့် အခါက ဝူယာနတ်သခင် ထံမှ ထူးဆန်းသော အငွေ့အသက်ကို သူ သတိပြုမိလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း ဝူယာနတ်သခင်ကို သူ ဖွင့်ဟမေးမြန်းခြင်း မပြုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူအနေနှင့် ဝူယာနတ်သခင်ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိမရှိ သေချာမသိသောကြောင့် ဖြစ်၏။

ထိုခြောက်ခြားဖွယ်ရာ အငွေ့အသက်က သူ့ကို ကြီးမားသော ကြောက်ရွံ့မှုများ ပေးနေပြီး ယင်းကနတ်ဆိုးဧကရာဇ်၏ စွမ်းအား ထက်ပင် ပို၍ထိတ်လန့်စရာ ကောင်းနေသည်။

တကယ်တော့ ဝူယာနတ်သခင် သေဆုံးသွားခဲ့ပြီး ဖြစ်နိုင်၏။ ယခု ပြန်လည်ရောက်ရှိလာသူမှာ ဝူယာနတ်သခင် အစစ် မဟုတ်ဟု သူ အပြင်းအထန် သံသယဝင်မိသွား၏။

သူ နတ်သခင် အဆင့်သို့ တက်ရောက်အောင်မြင်ခဲ့ပြီးကတည်းက ဤမျှလောက်အထိ နက်ရှိုင်းသော ကြောက်ရွံ့ ထိတ်လန့်မှု ဖြစ်စေသည့် အရာကို ပထမဆုံးအကြိမ် ခံစားရခြင်း ဖြစ်သည်။

နတ်ဆိုးဧကရာဇ် ထျန်းရန်နတ်ဘုရား နယ်မြေသို့ ပြန်လည်ရောက်ရှိလာခဲ့စဉ်ကပင် သူ ဤမျှအထိ ကြောက်ရွံ့ခြင်း မရှိခဲ့ဖူးပေ။ ဝူယာနတ်သခင်ကို ဝန်းရံထားသည့် အငွေ့အသက်များကတော့ သူ့ကို အလွန် စိတ်မသက်မသာ ဖြစ်စေသည်။

ဤအရာက နေဝင်တောင်တန်းနှင့် ပတ်သက်သည့် ရှေးဟောင်းဒဏ္ဍာရီအချို့ကို ကြယ်မြစ် နတ်သခင်အား မလွှဲမရှောင်သာ သတိရစေခဲ့၏။

ရှေးဟောင်းဒဏ္ဍာရီများက ထိုနေရာတွင် ကြောက်မက်ဖွယ်ရာ အရာအချို့ တည်ရှိနေသည်ဟု ဆိုကြသည်။ ထိုအရာများသည် လောကပြင်ပမှ မြစ်ဖျားခံလာခြင်း ဖြစ်ပြီး တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် အိပ်မောကျနေခဲ့ကြခြင်း ဖြစ်၏။

သို့သော်လည်း ထိုကြီးမားသော ကြောက်မက်ဖွယ်ရာ အရာများ နိုးထလာသည့် အခါတိုင်းတွင် နတ်ဘုရား နယ်မြေတစ်ခုလုံးသည် ကမ္ဘာပျက်မည့် ကပ်ဘေးဆိုးကြီးနှင့် ရင်ဆိုင်ရလေ့ ရှိသည်။

ကောင်းကင်ဘုံ လမ်းစဉ်၏ ပြဿနာများသည် ထိုကြောက်မက်ဖွယ်ရာ အရာများအနက် တစ်ခု နိုးထလာခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယခု ကြယ်မြစ် နတ်သခင် သံသယဝင်နေမိပြီ ဖြစ်သည်။

သို့သော်လည်း ဤအရာများသည် ရှေးဟောင်းဒဏ္ဍာရီများသာ ဖြစ်ပြီး မည်သည့်အခါကမှ အတည်မပြုနိုင်ခဲ့ပေ။

သို့ပါသော်လည်း ကြိုတင်ကာကွယ်သည့် အနေနှင့် နေဝင်တောင်တန်းကို တိတ်တဆိတ် စုံစမ်းစစ်ဆေးရန် လူများကို စေလွှတ်ခဲ့သော်လည်း မည်သည့်အရာကိုမှ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပေ။

--

………….

All Chapters