← Chapters

အခန်း ၁၈၅၈

Vol. 124 Ch. 1858

အခန်း ၁၈၅၈

Vol. 124 Ch. 1858

အခန်း (၁၈၅၈ )

အကြီးမားဆုံး ခြိမ်းခြောက်မှုက လျှို့ဝှက်လဝန်းနန်းတော် မဟုတ်

ကြယ်မြစ် နတ်သခင်သည် သူ့ရှေ့ရှိ ကျောက်စိမ်းစာလိပ်အတွင်းမှ ထောက်လှမ်းရေး အစီရင်ခံစာကို စိုက်ကြည့်နေမိ၏။

ထို့နောက် သူ့ဘာသာသူ ကြားရုံသာ ရေရွတ်လိုက်သည်။

“ဘယ်လို ပုံမှန်မဟုတ်တဲ့ အရိပ်အယောင်မျိုးမှ မရှိပါလား။ သူက နေဝင်တောင်တန်းရဲ့ အဲဒီအန္တရာယ်များတဲ့ နယ်မြေတွေကနေ လာတာ မဟုတ်ဘူးလား။ ပြီးတော့ ဘာလို့ ခမ်းနားသော ကောင်းကင်ခန်းမထဲကို ခိုးဝင်လာရတာလဲ။”

ဝူယာနတ်သခင်ကို မည်သို့ကိုင်တွယ်ရမည်ကို မသေချာသဖြင့် ကြယ်မြစ် နတ်သခင် အနည်းငယ် အကျပ်ရိုက်နေ၏။

တစ်ဖက်တွင်လည်း ဝူယာနတ်သခင်၏ လက်ရှိအခြေအနေကို သူ မခန့်မှန်းနိုင်ပေ။ ဝူယာနတ်သခင်ကို လျှို့ဝှက်ဆန်းကြယ်သူတစ်ဦးက ပူးကပ်ထားတာလား သို့မဟုတ် လက်ရှိ ဝူယာနတ်သခင်က အခြားလျှို့ဝှက်ဆန်းကြယ်သူတစ်ဦးအဖြစ် ရုပ်ဖျက်ထားခြင်းလား ဆိုတာကို သူ ဝေခွဲမရဖြစ်နေ၏။

သို့သော် တစ်ဖက်လူက ပူးကပ်ခြင်းဖြစ်စေ၊ ဝူယာနတ်သခင်အဖြစ် ရုပ်ဖျက်ထားသည့် ကိုယ်ထည်ဖြစ်စေ ခမ်းနားသော ကောင်းကင်ခန်းမသို့ ရောက်ရှိလာခြင်းက ထိုအစွမ်းထက်ပုဂ္ဂိုလ်တွင် ရည်ရွယ်ချက်တစ်ခုခု ရှိရမည်ဟု သက်သေပြနေ၏။

ခမ်းနားသော ကောင်းကင်ခန်းမအတွင်းရှိ မည်သည့်အရာကို ထိုလျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက်ပုဂ္ဂိုလ်က လိုချင်တက်မက်နေသလဲဆိုသည်ကို ကြယ်မြစ် နတ်သခင် သိလိုစိတ်ပြင်းပြနေမိသည်။

အတွင်းစိတ်ထဲ၌ ကြယ်မြစ် နတ်သခင် အတွေးထဲနစ်မြောနေခိုက် ခန်းမအပြင်ဘက်မှ အစောင့်တစ်ဦး၏ အသံ ရုတ်တရက် ထွက်ပေါ်လာ၏။

“ခန်းမသခင်...တတိယအကြီးအကဲက တွေ့ခွင့်တောင်းနေပါတယ်။”

ထိုအရာကို ကြားလျှင် ကြယ်မြစ် နတ်သခင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။ သူ့လက်ထဲမှ ကျောက်စိမ်းစာလိပ်ကို သိမ်းဆည်းလိုက်ပြီးနောက်

“သူ့ကို ဝင်ခွင့်ပေးလိုက်”

နောက်တစ်ကိုယ်၌ ဝူယာနတ်သခင် ခန်းမထဲသို့ လှမ်းဝင်လာရာ ကြယ်မြစ် နတ်သခင်က တိုက်ရိုက် မေးမြန်းလိုက်၏။

“ဝူယာ... ခင်ဗျားမှာ ဘာကိစ္စရှိလို့လဲ”

ထိုအချိန်တွင် နှစ်ပေါင်း ကုဋေထောင်ချီ နေထိုင်ခဲ့သည့် မြေခွေးအိုကြီးပီပီ ကြယ်မြစ် နတ်သခင်သည် မည်သည့်အရာကိုမှ မသိသည့်အလား အလွန်တည်ငြိမ်နေပုံရသည်။ သူရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက်ပုဂ္ဂိုလ်မှာ အန္တရာယ်များလှသည့် နယ်မြေမှ ကြောက်မက်ဖွယ် သက်ရှိတစ်ဦးဖြစ်ကြောင်း သိနေလင့်ကစား ကြယ်မြစ် နတ်သခင်ကတော့ သူ၏ ပြင်ပတည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်၏။

ဝူယာနတ်သခင်က တိုက်ရိုက် မေးခွန်းထုတ်လာ၏။

“ခန်းမသခင်... လုချန်းရဲ့လက်ထဲမှာ ဧကရာဇ်ဖြစ်မယ့် အခွင့်အရေးရှိနေတာကို ခန်းမသခင်လည်း သိတာပဲ မဟုတ်လား။ အဲ့ဒါကို နည်းနည်းလေးမှ စိတ်မလှုပ်ရှားဘူးလား။”

လုချန်းအကြောင်းကို ဝူယာနတ်သခင် ပြောဆိုလာသည်ကို ကြားရလျှင် ကြယ်မြစ် နတ်သခင် အနည်းငယ် ဇဝေဇဝါဖြစ်သွားမိ၏။

ထိုအစွမ်းထက်ပုဂ္ဂိုလ်သည်လည်း လုချန်းထံမှ ဧကရာဇ်ဖြစ်မည့် အခွင့်အရေးကို စိတ်ဝင်စားနေခြင်းလား။

သူ့ရဲ့ စစ်မှန်တဲ့ ကျင့်စဉ်အဆင့်က နတ်သခင် အဆင့်မှာပဲ ရှိနေလို့လား။

ထိုသို့တွေးတောရင်း ကြယ်မြစ် နတ်သခင်က

“ဧကရာဇ်ဖြစ်မယ့် အခွင့်အရေးကို ဘယ်သူကမှ လျစ်လျူမရှုနိုင်ပါဘူး။”

ဝူယာနတ်သခင်က

“ဒါဆိုရင် ဘာဖြစ်လို့ လျှို့ဝှက်လဝန်းနန်းတော်နဲ့ ပြန်လည်သင့်မြတ်ဖို့ သံတမန် စေလွှတ်ခဲ့ရတာလဲ။ လျှို့ဝှက်လဝန်းနန်းတော်နဲ့ ခမ်းနားသော ကောင်းကင်ခန်းမက နောက်ပြန်လှည့်လို့မရတဲ့ အခြေအနေကို ရောက်နေပြီ။ နှစ်ဖက်စလုံးက ယာယီပြန်သင့်မြတ်ချင်ယောင်ဆောင်ရင်တောင် လျှို့ဝှက်လဝန်းနန်းတော်က လုချန်းကို ဘယ်တော့မှ အပ်မှာမဟုတ်ဘူး။”

ကြယ်မြစ် နတ်သခင်က

“မဟာလမ်းစဉ် ကပ်ဘေးက ပိုပိုပြီး ပြင်းထန်လာနေပြီ။ ကောင်းကင်ဘုံ လမ်းစဉ် ပုံမှန်အခြေအနေ ပြန်မရောက်ခင်မှာ နတ်ကိုယ်ထည်ရှိတဲ့ နတ်သခင်တစ်ယောက်ကို စိတ်လိုက်မာန်ပါ သွားတိုက်ခိုက်ရင် ကျုပ်တို့ရဲ့ ခမ်းနားသော ကောင်းကင်ခန်းမပဲ အကြီးအကျယ် ထိခိုက်လိမ့်မယ်။ အခုအချိန်မှာ အရေးကြီးဆုံးက မဟာလမ်းစဉ် ကပ်ဘေးကို ဖြေရှင်းဖို့ပဲ။ အခြားကိစ္စတွေကိုတော့ လောလောဆယ် ဘေးဖယ်ထားလို့ရတယ်။”

ဝူယာနတ်သခင်က

“မဟာလမ်းစဉ် ကပ်ဘေးဆိုတာ ကောင်းကင်ဘုံ လမ်းစဉ်နဲ့ ဆက်စပ်နေတာ။ တကယ်လို့ တစ်ယောက်ယောက်က ဧကရာဇ်ဖြစ်လာနိုင်ရင် ကောင်းကင်ဘုံ လမ်းစဉ်နဲ့ ဆက်သွယ်နိုင်ပြီး မဟာလမ်းစဉ်ရဲ့ ပြဿနာတွေကို ရှာဖွေပြင်ဆင်နိုင်လိမ့်မယ်။ ဒါကြောင့် ကျုပ်တို့က လုချန်းဆီမှာရှိတဲ့ ဧကရာဇ်ဖြစ်မယ့် အခွင့်အရေးကို ပိုတောင် လိုအပ်သေးတယ်။”

ကြယ်မြစ် နတ်သခင်က

“အကျိုးအပြစ်တွေကို စာထဲမှာ ရှင်းပြထားပြီးသားပဲ။ လျှို့ဝှက်လဝန်းနန်းတော်သခင်အနေနဲ့ ဘာလုပ်ရမလဲဆိုတာ သိလိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။”

ဝူယာနတ်သခင်က

“နတ်သခင်အဆင့်ရှိတဲ့ လျှို့ဝှက်လဝန်းနန်းတော်သခင်က ဧကရာဇ်ဖြစ်မယ့် အခွင့်အရေးကို လွှဲအပ်ပေးမယ်လို့ ခန်းမသခင်က ဘာ့ကြောင့် ထင်နေရတာလဲ။ သူကိုယ်တိုင်လည်း ဧကရာဇ် မဖြစ်ချင်ဘူးတဲ့လား။”

ကြယ်မြစ် နတ်သခင်က

“ဒီလိုအချိန်မျိုးမှာ မဟာလမ်းစဉ် ကပ်ဘေးကိုသာ ဖြေရှင်းနိုင်ရင် ဘယ်သူပဲ ဧကရာဇ်ဖြစ်ဖြစ် အရေးမကြီးပါဘူး။”

ကြယ်မြစ် နတ်သခင်၏ စကားကို ကြားလျှင် ဝူယာနတ်သခင် မျက်မှောင်အလွန် ကြုတ်သွားကာ

“ခန်းမသခင်က ဘယ်တုန်းကစပြီး ဒီလောက်အထိ အတ္တကင်းသွားရတာလဲ။ တကယ်လို့ လျှို့ဝှက်လဝန်းနန်းတော်သခင်သာ ဧကရာဇ်ဖြစ်သွားရင် သူတို့ ပထမဆုံး ကလဲ့စားချေမယ့် ပစ်မှတ်က ခမ်းနားသော ကောင်းကင်ခန်းမပဲ ဖြစ်လိမ့်မယ်။ အဲဒီကျရင် ကျုပ် တို့ ခမ်းနားသော ကောင်းကင်ခန်းမ ရှင်သန်ရပ်တည်ရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်။”

ထိုစကားများကြောင့် ကြယ်မြစ် နတ်သခင် စိတ်ဆိုးဒေါသထွက်မသွားပေ။ ဤအကြောင်းပြချက်ကို သူ အလိုအလျောက် နားလည်သော်လည်း ဝူယာနတ်သခင်သည် ဤစကားများကို အဘယ်ကြောင့် လာရောက်ပြောဆိုနေသနည်းဟူ၍ သူ ဇဝေဇဝါ ဖြစ်မိသည်။

အကယ်၍ ဝူယာနတ်သခင် ကိုယ်တိုင်က သူ့ကို လာရောက်စည်းရုံးခြင်းဆိုပါက သူ နားလည်နိုင်သေးသော်လည်း လက်ရှိဝူယာနတ်သခင်ကို လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက်ပုဂ္ဂိုလ်က ပူးကပ်ထားပြီး ဖြစ်ရာ မူလကိုယ်ထည်ပင် ဟုတ်မဟုတ် မသေချာချေ။

ကြယ်မြစ် နတ်သခင်က တည်ငြိမ်စွာ မေးလိုက်၏။

“ဒါဆိုရင် နောက်ထပ် ဘာဆက်လုပ်သင့်တယ်လို့ ခင်ဗျား ထင်သလဲ”

ဝူယာနတ်သခင်က

“အင်အား အားလုံးကို စုစည်းပြီး လျှို့ဝှက်လဝန်းနန်းတော်ကို အမြစ်ပြတ်ချေမှုန်းရမယ်။ လုချန်းဆီက ဧကရာဇ်ဖြစ်မယ့် အခွင့်အရေးကို လုယူပြီး လုချန်းဆီကလာမယ့် ခြိမ်းခြောက်မှုတွေကို ဖယ်ရှားပစ်ရမယ်။”

ဝူယာနတ်သခင်၏ စကားကို ကြားလျှင် ကြယ်မြစ် နတ်သခင် အတွေးထဲနစ်မြောသွားပြန်၏။ ခဏခန့်ကြာသော် ကြယ်မြစ် နတ်သခင်က

“ခင်ဗျားက လုချန်းအပေါ် အငြိုးအတေး အတော်ကြီးနေပုံရတယ်နော်။”

ဝူယာနတ်သခင်က

“လုချန်းမှာ ကြီးမားတဲ့ ကံစွမ်းအား ရှိနေတယ်။ ကျုပ် အမြင်အရတော့ ခမ်းနားသော ကောင်းကင်ခန်းမအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုက လျှို့ဝှက်လဝန်းနန်းတော်သခင် မဟုတ်ဘူး။ သူပဲ။”

ထိုပုဂ္ဂိုလ်သည် လုချန်းကို ဖယ်ရှားရန် ဤမျှအထိ အဘယ်ကြောင့် အလိုရှိနေရသနည်း။

ဧကရာဇ်ဖြစ်မည့် အခွင့်အရေးကြောင့်လား သို့မဟုတ် လုချန်းထံတွင် ခြိမ်းခြောက်မှုတစ်ခုခု ရှိနေ၍လား ဟု တွေးတောရင်း ကြယ်မြစ် နတ်သခင် တစ်ဖန် ပြန်လည်နှုတ်ဆိတ်သွားပြန်၏။

ကြယ်မြစ် နတ်သခင် စကားမဆိုသည်ကို တွေ့လျှင် ဝူယာနတ်သခင်က ဆက်လက်၍

“လျှို့ဝှက်လဝန်းနန်းတော်သခင်နဲ့ ရင်ဆိုင်စဉ်တုန်းက လုချန်းကျင့်ကြံတဲ့ လမ်းစဉ်ဟာ အရင်လမ်းစဉ်မဟုတ်တော့ပဲ အာကာသနှင့် အချိန် လမ်းစဉ် ဖြစ်နေတာကို ကျုပ် သတိထားမိခဲ့တယ်။ ပြီးတော့ အာကာသနှင့် အချိန် လမ်းစဉ်အပေါ် သူ့ရဲ့ နားလည်သဘောပေါက်မှုက ကျုပ် ထက် အများကြီး သာလွန်နေပြီ။ တကယ်လို့ သူ့ကို ဒီအတိုင်း ဆက်ပြီး ကြီးထွားခွင့်ပေးလိုက်ရင် သူ ဧကရာဇ်မဖြစ်လာရင်တောင် ကျုပ်တို့ သူ့ကို ကိုင်တွယ်ဖို့ လွယ်ကူမှာမဟုတ်ဘူး။ အာကာသနှင့် အချိန် လမ်းစဉ်ရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို ခန်းမသခင်လည်း သိမှာပါ။”

“တကယ်လို့ လုချန်းက အချိန် လမ်းစဉ် ဒါမှမဟုတ် အာကာသ လမ်းစဉ် တစ်ခုတည်းကိုပဲ ကျင့်ကြံတာဆိုရင် ခြိမ်းခြောက်မှုက ဒီလောက်မကြီးမားဘူး။ ဒါပေမဲ့ သူက အဲဒီလမ်းစဉ်နှစ်ခုစလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီးသွားပြီ။ တကယ်လို့ သူ့ကို ကြီးထွားခွင့်ပေးလိုက်ရင် တစ်နေ့ကျရင် သူက အချိန်နဲ့ အာကာသကို ပြောင်းပြန်လှန်ပစ်နိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် သူ့ကို အရေးယူဖို့ ကျုပ်တို့အတွက် အလွန်ခက်ခဲသွားလိမ့်မယ်။”

ကြယ်မြစ် နတ်သခင်က ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက်

“ခင်ဗျားကိုယ်တိုင်တောင် အချိန်နဲ့ အာကာသကို ပြောင်းပြန်လှန်နိုင်တဲ့အဆင့်ကို မရောက်သေးတာပဲ။ သူက ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။”

ဝူယာနတ်သခင်က

“ခန်းမသခင်က သူ့ကို အထင်သေးလွန်းနေပြီ။ အာကာသနှင့် အချိန် လမ်းစဉ်အပေါ် သူ့ရဲ့နားလည်မှုက ကျုပ် ထက် အများကြီး သာလွန်နေတယ်။ တကယ်လို့ သူသာ ကြီးထွားလာရင် အဲဒီလိုစွမ်းရည်မျိုး ရှိလာလိမ့်မယ်ဆိုတာ ကျုပ် ဧကန်မုချ ယုံကြည်တယ်။”

ကြယ်မြစ် နတ်သခင်က

“ဒါကို ကျုပ် အသေအချာ စဉ်းစားပါဦးမယ်။ ကျုပ် တို့ရဲ့ သံတမန်လည်း လျှို့ဝှက်လဝန်းနန်းတော်ကို သွားနေပြီဆိုတော့ မကြာခင် ပြန်ရောက်လာလိမ့်မယ်။ လျှို့ဝှက်လဝန်းနန်းတော်သခင်က ပြန်လည်သင့်မြတ်ရေးအပေါ် ဘယ်လိုသဘောထား ရှိမလဲဆိုတာ ကျုပ် အရင်ကြည့်ပါရစေဦး။”

ကြယ်မြစ် နတ်သခင်၏ အဖြေကို ကြားလျှင် ဝူယာနတ်သခင် မျက်လုံးများကို အနည်းငယ် မှေးလိုက်မိသော်လည်း ထပ်မံ၍ တိုက်တွန်းစည်းရုံးခြင်း မပြုတော့ပေ။

ထို့နောက် ကြယ်မြစ် နတ်သခင်က

“ဝူယာ... ခင်ဗျား အလွန် စိုးရိမ်စရာမလိုပါဘူး။ လောလောဆယ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေက မဟာလမ်းစဉ်ကို တိုက်စားနေတာကြောင့် လုချန်းအပါအဝင် လူတိုင်းရဲ့ စွမ်းအားနဲ့ ကျင့်စဉ်အဆင့်တွေကို ထိခိုက်နေတာ။ သူ ကြီးထွားဖို့ဆိုတာလည်း မလွယ်ကူပါဘူး။”

ဝူယာနတ်သခင်က

“ခန်းမသခင် ပြောတာ မှန်ပါတယ်။ ကျုပ် အတွေးလွန်သွားတာ ဖြစ်နိုင်ပါတယ်။”

ကြယ်မြစ် နတ်သခင်က

“ခင်ဗျားမှာ အခြားကိစ္စ ရှိသေးလား။”

ဝူယာနတ်သခင်က

“အခြားကိစ္စ မရှိတော့ပါဘူး။ ကျုပ် ခန်းမသခင်ကို ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး။”

ထိုစကားများနှင့်အတူ ဝူယာနတ်သခင်၏ ခန္ဓာကိုယ် ထိုနေရာ၌ပင် ပျောက်ကွယ်သွားတော့၏။

ဝူယာနတ်သခင် ထွက်ခွာသွားပြီးနောက် ဝူယာနတ်သခင် လုချန်းအား မုန်းတီးရသည့် အကြောင်းအရင်း မည်သည့်အရာ ဖြစ်နိုင်သနည်းဟု စဉ်းစားရင်း ကြယ်မြစ် နတ်သခင်သည် ရေခဲပလ္လင်၏ လက်တင်ပေါ်သို့ လက်ချောင်းများဖြင့် တတောက်တောက် ခေါက်နေမိ၏။

ဝူယာနတ်သခင်တွင် သူ၏ကိုယ်ပိုင် သတိစိတ် ရှိနေသေးလား သို့မဟုတ် ဤပုဂ္ဂိုလ်သည် ဝူယာနတ်သခင် လုံးဝမဟုတ်တော့ပဲ ဖြစ်နေသလား ဆိုသည်ကို သူ ယခုထိ မဝေခွဲနိုင်သေးပေ။ ဝူယာနတ်သခင်၏ အငွေ့အသက်အတွင်း ပုံမှန်မဟုတ်သော အရာတစ်ခုကို သူ ခံစားမိသော်လည်း ဝူယာနတ်သခင်၏ တိကျသော အခြေအနေကိုတော့ သူ ခွဲခြားသိမြင်နိုင်ခြင်း မရှိပေ။

ဝူယာနတ်သခင်ထံမှ အားနည်းသော အာကာသနှင့် အချိန်စွမ်းအားများ ထွက်ပေါ်နေပြီး ထွက်ခွာသွားချိန်တွင်လည်း အာကာသနှင့် အချိန်စွမ်းအားကို အသုံးပြုသွားခဲ့သော်လည်း သူ၏ အာကာသနှင့် အချိန်စွမ်းအားအတွင်း၌ ထူးဆန်းသော အငွေ့အသက်တစ်ခု ကိန်းဝပ်နေသေး၏။ ထိုသို့သော ထူးဆန်းသည့် အငွေ့အသက်မျိုးကို သူ တစ်ခါမှ မမြင်ဖူးသကဲ့သို့ ဤမျှ လျှို့ဝန်းဆန်းကြယ်သော စွမ်းအားမျိုးကိုလည်း သူ တစ်ကြိမ်တစ်ခါမှ မကြားဖူးပေ။

--

………….

All Chapters