အခန်း ၈၁
Vol. 9 Ch. 81
Chapter 81
အရှေ့ရှိ သဘာဝအစီအရင်ကိုကြည့်ရင်း ကောင်းကင်မြေပထဝီအဆောင်နိယာမနှင့်ထောင်ချီစီရင်ပညာအပေါ် နားလည်ခြင်းများမှာ ပို၍တိုးတက်လာတော့သည်။
“လုံးဝနားမလည်နိုင်သေးပေမဲ့လည်း ဒီကအစီအရင်ထဲကအတိုင်း ငါ့ခန္ဓာထဲမှာ လည်ပတ်ကြည့်လို့ရတယ်။”
စုယွမ် ရုတ်တရက်တွေးလိုက်မိရာ ကိုယ်ပိုင်အတွေးကြောင့်ပင် ချက်ချင်း အတွေးနက်သွားတော့၏။
ဤသည်မှာ သဘာဝတားမြစ်အခင်းအကျင်းဖြစ်၏။
ထောင်ချီစီရင်ပညာအဆိုရ တားမြစ်အခင်းအကျင်းတိုင်းက လွန်စွာအစွမ်းထက်လှသည်။ ထိုသို့သောအစီအရင်မျိုးကို သူ့ခန္ဓာထဲထည့်သွင်းခြင်းမျိုးကို အလုပ်နှင့်နားနေဖလှယ်မှုကိုအသက်သွင်းထားချိန်တွင်သာ ကြံစည်နိုင်ပါ၏။
သူလည်း ချက်ချင်း ဖြစ်နိုင်ချေတွေများတွက်ကြည့်လိုက်တော့ အခက်အခဲသိပ်မရှိလောက်ကြောင်းကို တွေ့လိုက်ရသည်။ ဆန့်ကျင်ဘက်အားဖြင့် ဤသို့သောသဘာဝအခင်းအကျင်းမှာ ထင်ထားသည်ထက်တောင် ပို၍သိမ်မွေ့နေဟန်ပေါ်နေလေ၏။
“မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်က နည်းနည်းဟောင်းချင်နေပြီ။ အခုထပ်ပြီး ပြုပြင်ရမဲ့အချိန်ပဲ။”
စုယွမ်၏စိတ်နှလုံးအတွင်းတွင် နားလည်မှုတစ်ခုပေါ်ပေါက်လာ၏။ သူဟာ အပြီးပြည့်စုံဆုံးသောအုတ်မြစ်နှင့် သဘာဝတားမြစ်အခင်းအကျင်းကို မီးသစ်သားဝိညာဉ်စုစည်းကျင့်စဥ်ထဲသို့ ပေါင်းထည့်ဖန်တီးချင်ပေသည်။ ထို့နောက်တွင်မှ သူ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ချိုးဖောက်ရန်ပြင်ပေမည်။
စုယွမ်မှာ ယွမ်ရေကန်၏မျက်နှာပြင်ထက် လွှင့်မျောနေရင်း သူ၏စိတ်ဝိညာဥ်အာရုံကို အစွမ်းကုန်အာရုံစိုက်ကာ နားလည်ရန် ကြိုးစားနေလိုက်သည်။
သို့သော် အချိန်ကုန်ဆုံးလာသည်နှင့်အမျှ စုယွမ်မှာ ခက်ခဲသည်ဟူသော ခံစားချက်မျိုးကိုခံစားလာရ၏။ ကျင့်စဥ်အတွက် နမူနာပုံစံကိုတည်ဆောက်ပြီးသည်ရှိသေး၊ သူ မမျှော်လင့်ထားသောတားဆီးမှုအခက်အခဲအတွင်းသို့ နစ်မြုပ်သွားရသည်။
ကိုးရောင်ခြယ်အမတငါးလေးမှာ စုယွမ်ကို ကြည့်နေ၏။ စုယွမ်ဘက်မှ မည်သည့်တုံ့ပြန်မှုကိုမှမပေးသည့်အခါ ငါးလေးမှာ အဆင့်တက်ရန် ပြင်တော့သည်။
ဤသို့ဖြင့် ၎င်း၏ခန္ဓာကိုယ်မှာ ရုတ်တရက် ဘာဖြစ်သွားမှန်းမသိ၊ အရူးအမူးကို ဘေးပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များကို စုပ်ယူတော့လေသည်။ သူ၏ခန္ဓာကိုယ်ရှိ ဝိညာဉ်စွမ်းအင်ဖိအားတို့မှာ များသထက်များလာကြ၏။
ဝိညာဉ်ငါးတစ်အုပ်မှာ ရေကန်ထောင့်သို့ တိုးဝေ့ရှောင်ပြေးသွားကြပြီး မျှော်လင့်တကြီးဖြင် အချင်းချင်းကြည့်နေကြလေသည်။
ရုတ်တရက် ကိုးရောင်ခြယ်အမတငါးထံမှ သုံးရောင်ခြယ်ရောင်စဥ်မှာ ပေါက်ထွက်လာလျက်၊ ယွမ်ရေကန်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။ ငါးများအားလုံးမှာလည်း ထိုရောင်စဥ်တန်းများအောက် ဖုံးလွှမ်းခံလိုက်ရလေသည်။ ထို့နောက်တွင် ၎င်းတို့မှာ သုံးရောင်ခြယ်ငါးအဖြစ်ပြောင်းလဲသွားကြသည့်အတိုင်း တို့၏ခန္ဓာကိုယ်မှလည်း သုံးရောင်ခြယ်ရောင်စဥ်တို့ထွက်ပေါ်လာလေသည်။
ဤသို့ဖြင့် ၎င်းတို့၏အရှိန်အဝါမှာ ထိုးတက်သွားလျက် ချီစွမ်းအင်စုပ်ယူမှုများလည်း များစွာ မြင့်မားသွားတော့၏။
ဝိညာဉ်ငါးများနှင့်ရှောင်ချိုက်ထံမှ အလွန်အကြူးချီစုပ်ယူမှုများက ယွမ်ရေကန်ထဲရှိချီစွမ်းအင်တို့ကို လျင်မြန်စွာ လျော့နည်းသွားစေသည်။ ရလဒ်အနေဖြင့် ယွမ်ရေကန်၏သဘာဝတားမြစ်အခင်းအကျင်းမှာ ပြန်လည်ဖြည့်တင်းရန်အတွက် ၎င်း၏အလုပ်လုပ်နှုန်းကိုမြင့်ကာ အဝေးကရှိချီစွမ်းအင်များကိုပါ စုပ်ယူတော့၏။
ဤသို့ဖြင့်သဘာဝအစီအရင်မှာ အလွန်ရှားပါးလှစွာဖြင့် အလျင်အမြန်လည်ပတ်လာတော့သည်။
ဤအချင်းအရာမှာလည်း စုယွမ်ကို အစီအရင်အကြောင်း ပိုမိုအသေးစိတ်မြင်သွားစေခဲ့ရာ သူ၏စိတ်အတွင်း အလင်းတစ်ချက်ပွင့်သွားတော့လေသည်။
ဤသို့ဖြင့် သဘာဝတားမြစ်အခင်းအကျင်း၏သွေးကြောမြစ်များနှင့်လူ၏မရီဒျာန်များမည်သို့ပေါင်းစပ်ရမလဲမသိဖြစ်နေသောပြဿနာမှာ မြန်မြန်ဖြေရှင်းနိုင်သွားတော့၏။
သူ စိတ်နှလုံးရွှင်မြူးစွာကို စိတ်ထဲ ရယ်မောမိသွားသည်။ ကောင်းကင်ဘုံဟာ တကယ်ကို သူ့ကို ကူညီနေသည်ပင်။ ရှောင်ချိုက်နှင့်ဝိညာဉ်ငါးများ၏အဆင်တက်မှုက သူ၏တာအိုပညာကိုနားလည်ရန်ကြိုးစားနေမှုအပေါ် အထောက်အကူဖြစ်သွားစေခဲ့သည်လေ။ ဤသည်များမှာ သူ ငါးများကို သေချာသင်ပေးထားခဲ့ခြင်း၏အကျိုးရလဒ်များပါပေ။ ဤသည်များမှာ ကံကြမ္မာက ကြိုတင်စီစဥ်ထားခြင်းပေများလား။ ကိစ္စများမှာကား ကောင်းကင်ဘုံတာအိုပညာ၏နိယာမအတိုင်း အကျိုးအကြောင်းပြန်လည်လှည်ပတ်နေခြင်းများလား။
တစ်ချိန်တည်းမှာပင် စုယွမ် တစ်ခုခုကိုတွေးမိသွားပြီး စိတ်ဝိညာဥ်အာရုံကို ရှောင်ချိုက်၏ခန္ဓာကိုယ်ထဲ သွင်းလိုက်ပြီး ငါးလေး၏အဆင့်တက်မှုကို လေ့လာလိုက်သည်။
ထို့နောက် သူ ရှောင်ချိုက်၏ခန္ဓာကိုယ်က အလိုအလျောက်ကိုစနစ်တစ်ခုဖွဲ့စည်းကာ ချီလည်ပတ်နေခြင်းကို တွေ့လိုက်ရသဖြင့် အံ့သြသွားရ၏။
ဤသို့သောအရာမျိုးသည်ကား သဘာဝအခင်းအကျင်းမျိုးမဟုတ်တော့၊ ကောင်းကင်ဘုံ၏လျှို့ဝှက်နိယာမများပင်ပါဝင်နေသည့်ပုံပါပေ။ အလွန်နက်နဲကာ ဆန်းကြယ်လှ၏။
သူ ရှောင်ချိုက်ထံမှ ခံစားရသောခံစားချက်ကို လိုက်ကာ သူ၏ချီလည်ပတ်ရေးစနစ်အတွင်း သဘာဝတားမြစ်အခင်းအကျင်းကို ထည့်ရန်ပြင်လိုက်သည်။ ဤသို့ဖြင့် သူ၏စိတ်ကူးများမှာ မြင်းရိုင်းတစ်ကောင်အလား၊ တားမရဆီးမရ အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာတော့သည်။
စုယွမ်၏နှုတ်ခမ်းထောင့်များမှာ သဘာဝအလျောက်ကွေးတက်သွားကြလေသည်၊ သူ၏ပုံစံမှာ ဈာန်ပွင့်သွားသော ဆရာသခင်ကြီးတစ်ဦးအလားပါပင်။ တာအိုပညာ၏နက်နဲမှုကိုခံစားမိသွားလေရာ သူ ကောင်းကင်ထက်ရှိ တိမ်များလွှင့်မျောနေတာကိုကြည့်ရင်းနှင့်ပင် စိတ်နှလုံးများ ယောက်ယက်ခတ်မတည်မငြိမ်မှုက လွင့်စင်ပပျောက်လျက် မှန်တစ်ချပ်အလားကြည်လင်လာရလေသည်။
“အံ့ဩစရာပဲ။ အံ့သြစရာပဲ။”
စုယွမ်မှာ လက်ခုပ်တီးလျက် တော်တော်လေးရယ်မိသွား၏။ သူ၏အမြင်ထဲ များစွာသောဝိညာဥ်စွမ်းအင်တို့ တိုးထွက်လာပြီး တစ်ခုပြီးတစ်ခု သဘောပေါက်လာလေသည်။
နောက်ဆုံးတော့ သူ နားလည်သွားချေပြီ။
ပင်မတောင်ထိပ်၏အဓိကခန်းမထဲတွင် ဂိုဏ်းချုပ်ကုမှာ အလောတကြီးဖြစ်နေ၏။
သူဟာ ချက်ချင်း ယွမ်ရေကန်ထိန်းချုပ်ရေးအစီအရင်ကို ဖွင့်ကြည့်လိုက်သည်။
သူမြင်လိုက်ရသည်ကား ယွမ်ရေကန်အပေါ်တွင် တင်ပျင်ခွေထိုင်နေသောဝေဝါးဝါးပုံရိပ်တစ်ခုနှင့် အနားတွင်လည်း များလှစွာသော ချီစွမ်းအင်တို့အစုပ်ယူခံလိုက်ရခြင်းပေ။ စင်စစ်တွင်မူ ၎င်းစွမ်းအင်များက ရှောင်ချိုက်နှင့်ဝိညာဥ်ငါးတို့ အဆင့်တက်ခြင်းကြောင့်ဖြစ်လာသော စုပ်ယူခြင်းပါပေ။
“ဒါဘာအခြေအနေကြီးလဲ။ အဆင့်တက်သွားတာလား။”
ဂိုဏ်းချုပ်ကုမှာ ယွမ်ရေကန်၏ချီစွမ်းအင်သုံးစွဲမှုနှုန်းက အလွန်ကိုများပြားနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဤသည်မှာ ချီစုဆောင်းခြင်းအဆင့်ရှိသူ၏လုပ်နိုင်စွမ်းကိုကျော်လွန်ကာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ဖြစ်နေချေပြီ။
“တကယ်အဆင့်တက်သွားတာပဲ။ ကောင်းတယ်၊ မဆိုးဘူးပဲ။”
ဂိုဏ်းချုပ်ကုလည်း ချက်ချင်း ဝိညာဉ်စွမ်းအင်များကို ယွမ်ရေကန်ထဲ မြန်မြန်ပြည့်တင်းစေရန် လုပ်လိုက်ရတော့၏။ သူအစကတော့ ယွမ်ရေကန်မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကိုလည်း အေးဆေးတောင့်ခံနိုင်သည့်အတွက် များစွား ဂရုမစိုက်ခဲ့။
သို့သော် သူ အစောတုန်းက ချီစုပ်ယူမှုနှုန်းကို အမှုမဲ့အမှတ်မဲ့မြင်လိုက်ရရာ မနေနိုင်တော့ပါပေ။