အခန်း ၈၃
Vol. 9 Ch. 83
Chapter 83
ထိုအချိန်တွင်ပင် ရှောင်ချိုက်ထံမှ နဂါးတစ်ကောင်၏ဟိန်းဟောက်အသံနှင့်တူသော ဟစ်ကြွေးသံတစ်ခုထွက်လာ၏။ ငါးလေး၏ခန္ဓာကိုယ်မှာ သိသိသာသာကြီးမားလာပြီး အကြေးခွံများကလည်း ပိုမိုအရောင်စုံကာ သုံးရောင်ခြယ်မှ လေးရောက်ခြယ်အဖြစ်ပြောင်းလဲသွားတော့သည််။ ဝိညာဉ်သားရဲဘုရင်တစ်ပါး၏အရှိန်အဝါမှာ ဘေးပတ်လည်ပေါက်ထွက်သွားရာ အနားရှိငါးများကိုပါ အဝါရောင်အမြင့်တန်းအဆင့်အထိရောက်သွားစေလေသည်။
စုယွမ်မှာ ရှောင်ချိုက်၏အရှိန်အဝါကြောင့် အံ့သြတကြီးလှည့်ကြည့်လိုက်မိသည်။
သူသာ အမှတ်မမှားပါက အနှီအရှိန်အဝါသည်ကား ကောင်းကင်နှင့်မြေကြီးအရှိန်အဝါများထဲကတစ်မျိုးပါပေ။
ရှောင်ချိုက်မှာကား အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရောက်သည်နှင့် မျိုးရိုးထဲမှ နိုးကြွမှုတစ်ခုဖြစ်ပေါ်သွားသည့်အတိုင်း ကောင်းကင်နှင့်မြေကြီး၏အရှိန်အဝါကိုအလိုအလျောက်နားလည်သွားခြင်းဖြစ်သည်။ ဤသို့ဖြင့်အရည်အချင်းရှိမျိုးရိုးမှာ စုယွမ်ကိုတောင် ဝန်တိုအားကျစေပါ၏။ ရှောင်ချိုက်မှာ ဘာမှတောင်လုပ်သည်မဟုတ်၊ စားလိုက်၊ဆော့လိုက်နေရုံမျှဖြင့် ရွှေအမြူတေအဆင့်ရှိသောအရှိန်အဝါများကို နားလည်သဘောပေါက်သွားလေပြီ။ ဤသည်မှာ မလွန်လွန်းပေဘူးလား။
ရှောင်ချိုက်မှာ အမြီးလေးယမ်းလျက် လေထဲသို့ပျံတက်လာသည်။ ရေထုအနည်းငယ်မှာလည်း ရှောင်ချိုက်နံဘေးတွင်အလိုအလျောက်ပါလာကာ လေထဲတွင်ပင် ကူးခတ်လို့ရစေရန် ထောက်ပံ့ပေးထား၏။
ရှောင်ချိုက်လေးမှာ အလွန်ပျော်ရွှင်နေလျက် စုယွမ်ပတ်ပတ်လည်းကို ခဏခဏပတ်နေတော့သည်။
စုယွမ်မှာကား သူပတ်နေတာကိုကြည့်ရင်း ခေါင်းတောင်မူးလာရသည်။
“ရပ်တော့။”
စုယွမ် ဝင်တားလိုက်သည်။
ရှောင်ချိုက်မှာ ရပ်တန့်သွားပြီး စုယွမ်ကိုခေါင်းလေးဖြင့်ပွတ်လာသည်။
စုယွမ်လည်း လက်ဝှေ့ယမ်းလိုက်သည်။
“ဟုတ်ပါပြီ။ မင်းက အဆင့်တက်သွားပြီး။ အခုငါ့အလှည့်ပဲ၊ ဘေးကနေကာကွယ်ပေး။”
သူ သူ၏တပည့်ကတ်ပြားဆီမှဂိုဏ်ချုပ်၏စာတစ်စောင်ကိုသတိထားမိလိုက်သည်။ ဝင်ကြည့်လိုက်တော့ အရေးတကြီးကိစ္စမဟုတ်လေရာ သူလည်း အာရုံမစိုက်တော့ဘဲ သစ်သတ္ထုသန့်စင်လောင်ကျွမ်းကျင့်စဥ်ကို စတင်ကျင့်တော့သည်။
ရုတ်တရက် ဧရာမရှေးဟောင်းသားရဲကြီးတစ်ကောင်က ပါးစပ်ဖွင့်ကာ အနီးအနားရှိချီစွမ်းအင်တို့ကို စုပ်ယူလိုက်လေသည့်အတိုင်း ယွမ်ရေကန်ထဲရှိ ချီစွမ်းအင်ပါရှိသောဝိညာဉ်ရေတို့မှာ စုယွမ်၏ခန္ဓာကိုယ်ထဲ အပြင်းအထန်ဝင်ရောက်လာကြသည်။
ထိုအချိန်မှာတင် စုယွမ် ဝိညာဉ်သွေးကြောများဆက်ဖွင့်ရန်ပြင်လိုက်သည်။
ထမင်းစားရေသောက်သလိုပင် ဝိညာဉ်သွေးကြောတစ်ခုမှာ ချက်ချင်းဖွင့်သွား၏။ ထို့အတူ တားမြစ်အခင်းအကျင်းကလည်း အသက်ဝင်လာလေသည်။
ယခင်ကအတိုင်း စုယွမ်၏မြောက်မြားလှစွာသောဝိညာဉ်စွမ်းအင်များကြောင့် ဝိညာဉ်သွေးကြောတို့မှာ တစ်ခုပြီးတစ်ခုပွင့်သွားကြလေသည်။
မျက်စိတစ်မှိတ်အတွင်းတွင်ပင် ဝိညာဉ်သွေးကြောကိုးခုတည်ဆောက်နိုင်သွား၏။
ဆယ်ငါးမိနစ်ကုန်ဆုံးပြီးနောက်တွင် စုစုပေါင်း၁၈ခုတောင် တည်ဆောက်နိုင်သွားသည်။
နာရီဝက်ကျော်လွန်ပြီးနောက် ၂၇ခုသောဝိညာဥ်သွေးကြောတို့ထပ်မံရရှိသွားချေ၏။
ဤသို့ဖြင့် အနှီဝိညာဉ်သွေးကြော၂၇ခုက ချီစုဆောင်းခြင်းအဆင့်ခုနစ်ဆီသို့ လမ်းဖွင့်သွားစေတော့သည်။
အသစ်ရရှိလာသောဝိညာဥ်သွေးကြောတိို့မှာ ယခင်ဝိညာဉ်သွေးကြောတို့နှင့်ချိတ်ဆက်သွားပြီး ပိုမိုခိုင်မြဲသောကွန်ရက်ဖြစ်ပေါ်လာတော့၏။ ရလဒ်အနေဖြင့် ဝိညာဉ်သွေးကြောအသစ်များဖွင့်ရန် ပိုလွယ်ကူသွားခဲ့သည်။
ဤသို့ဖြင့် ယွမ်ရေကန်ထဲရှိဝိညာဉ်ရေများမှာ တစ်ရာခိုင်နှုန်းမျှတောင် လျော့ကျသွားရလေသည်။
စာကြည့်တိုက်ထဲတွင် သားရဲအမျိုးအစားရှာနေသောဂိုဏ်းချုပ်ကုမှာ အစီအရင်အစောင့်အရှောက်ဆီမှ သတိပေးချက်တစ်ခုကို ရရှိလိုက်၏။
သူ ထုတ်ကြည့်လိုက်တော့ အမူအရာပြောင်းလဲသွားရသည်။
သူ တစ်ဝက်ကလေးသာ အာရုံမစိုက်ရသေးချိန်တွင် သူထည့်ထားခဲ့သောဝိညာဥ်ကျောက်တုံးတစ်ဝက်စာမှာ ကုန်ခမ်းသွားချေပြီ။
“အဲ့ဒါဝိညာဉ်ကျောက်တုံးသန်းတစ်ရာတောင်လေ။ စုယွမ်ဆိုတဲ့ကောင်က ဘယ်လိုမကောင်းဆိုးဝါးလဲဟ။”
ဂိုဏ်းချုပ်ကုမှာချက်ချင်း စာအုပ်ကိုချ၍ အမြန်ပြန်ပြေးရတော့သည်။
ထိုအချိန်မှာပင် စုယွမ်ဟာ ချီစုဆောင်းခြင်းအဆင့်ရှစ်ရောက်ရန်ကြိုးစားနေလေပြီ။
သူ၏ဒန်ထျန်ထဲရှိများလှစွာသောဆန်းကြယ်ပကတိချီစွမ်းအင်တို့မှာ စုယွမ်အတွက် ဝိညာဉ်သွေးကြောများဆက်လက်တည်ဆောက်နိုင်ရန် ကြိုးစားပေးနေ၏။
ဤသို့ဖြင့် ဝိညာဉ်သွေးကြော၂၇ခုထပ်မံရရှိသွား၏။
လေးဆယ်ငါးမိနစ်အတွင်းတွင် ယွမ်ရေကန်ထဲရှိဝိညာဉ်ရေငါးရာခိုင်နှုန်းမှာ အငွေ့ပျံသွားလေသည်။ စုယွမ်၏ကိုယ်ထဲရှိတားမြစ်အခင်းအကျင်းကလည်း များပြားလှသောဆန်းကြယ်ပကတိစွမ်းအင်တို့ကြောင့် ပိုမိုအဆင်ပြေလာရ၏။
စုယွမ်လည်း သူ့ကိုယ်ထဲရှိအခင်းအကျင်းက ထိုမျှဝိညာဉ်စွမ်းအင်များစွာ စုပ်ယူမည်ဟုမထင်ထားခဲ့ပါချေ။ ကံကောင်းစွာဖြင့် ဤသည်မှာ ယွမ်ရေကန်ဖြစ်နေရာ ချီစွမ်းအင်ကုန်ခမ်းသွားမည်ကို စုယွမ်စိတ်မပူပါချေ။
သို့သော် ကုချင်းကျူးကတော့ တော်တော်လေး စိတ်ပူနေရချေပြီ။
သူထည့်ထားသမျှဝိညာဉ်ကျောက်တုံးတို့မှာ အလျင်အမြန်ကြီးကိုလျော့နည်းလာရ၏။
ထည့်လိုက်သောဝိညာဥ်ကျောက်တုံးတို့က ယွမ်ရေကန်ထဲ ချက်ချင်းဝိညာဉ်စွမ်းအင်အဖြစ်စိမ့်ဝင်သွားသည်မျိုးမဟုတ်၊ အရင်ဆုံး အစီအရင်၏ပင်မဆီကိုရောက်ပြီးမှ တဖြည်းဖြည်းချင်း ဝိညာဉ်စွမ်းအင်အဖြစ်ပြောင်းကာ ယွမ်ရေကန်ထဲဖြည့်တင််းပေးခြင်းဖြစ်သည်။ အချုပ်ဆိုသော် ယွမ်ရေကန်ထဲရှိနေသောဝိညာဉ်ရေများမှာ ယခင်ကတည်းကဖြည့်တင်းထားခဲ့သောအရာများဖြစ်၏။
ဂိုဏ်းချုပ်ကုတစ်ယောက် အစီအရင်ကိုပင်မထိန်းချုပ်သည့်နေရာရောက်သွားချိန်တွင်တော့ ဝိညာဉ်ကျောက်တုံးသန်း၁၀၀လုံး ကုန်ဆုံးတော့မည်ကို မြင်လိုက်ရလေ၏။
“ကျေးဇူးပြုပြီး ဝိညာဉ်ကျောက်တုံးထပ်ဖြည့်ပေးပါ၊ ဂိုဏ်းချုပ်။ မဟုတ်ရင် အစီအရင်ထဲ ကျင့်ကြံနေတဲ့တပည့်ကို အစီအရင်အတွင်းကနေအလိုအလျောက်ဖယ်ထုတ်သွားပါလိမ့်မယ်။”
“ကျေးဇူးပြုပြီး ဝိညာဉ်ကျောက်တုံးထပ်ဖြည့်ပေးပါ၊ ဂိုဏ်းချုပ်။”
“သိတယ်။ သိတယ်လို့။ ငါ မပေးမှာလည်းမဟုတ်ဘူးလေကွာ။”
ဂိုဏ်းချုပ်ကု ပြောလိုက်သည်။
သူ နောက်ထပ် သန်းတစ်ရာကို ထပ်ထည့်လိုက််၏။
ပြီးလျှင် သူ ထွက်မသွားသေး၊ သူ ထိုအစား စုယွမ်၏နှုန်းကို စောင့်ကြည့်နေလိုက်သည်။
“ကိုးရောင်ခြယ်အမတငါးက အဲ့ဒီလောက်ဆိုးလို့လား။ အမတသားရဲလျှို့ဝှက်စာအုပ်ထဲမှာတော့ အဲ့ဒီလောက် မတော်ပါဘူး။”
ဂိုဏ်းချုပ်ကုမှာ ဘာတွေဖြစ်နေသလဲ တကယ်နားမလည်တော့ပါချေ။ ကိစ္စများမှာ သူ တတ်နိုင်သည်ထက်ကျော်လွန်နေချေပြီ။ အကယ်၍ အထဲမှာရှိနေတာသာ ရွှေအမြူတေအဆင့်ဆိုပါက သူ နည်းနည်းနားလည်နိုင်သေးသော်ငြား ယခုတစ်ယောက်မှာ အခြေခံအုတ်မြစ်ရောက်ရှိလုနီးပါးသူသာဖြစ်၏။
စုယွမ်ကတော့ ပျော်ရွှင်နေလေ၏။
“ကောင်းတယ်။ ချီစုဆောင်းခြင်းအဆင့်ကိုးရောက်တော့မယ်။”
သူလည်း အဆင့်ကိုးရောက်ရန် ကြိုးစားတော့သည်။
ဤသည်များမှာ သူ့အတွက် အနည်းငယ်တောင် အခက်မရှိပါချေ။ စုယွမ်အတွက်မူ ချီစုဆောင်းခြင့်အကြောင်းဆိုသည်မှာ ထုံးလိုကြေရေလိုနှောက်ပိုင်နိုင်ပြီးသာဖြစ်ရာ အဆင့်တက်ခြင်းမှာ အခက်အခဲနည်းနည်းမှမရှိ ချောမွေ့နေခဲ့၏။ သူ့အတွက် တားမြစ်အခင်းအကျင်းကသာ နည်းနည်းခက်သွားခဲ့ခြင်းဖြစ်ပေသည်။
ဤသိုဖြင့် ယွမ်ရေကန်မှာ ၁၀ရာခိုင်နှုန်းထပ်မံလျှော့နည်းသွားတော့၏။
စုယွမ်ကတော့ နည်းနည်းလေးမှ ဒါတွေကိုဂရုမစိုက်ပါဘဲ အခြေအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရောက်ရန်သာ ကြိုးစားနေလိုက်သည်။
ဆေးဝါးကူရန်မျိုးဆိုသည်မှာလည်း သူ့အတွက်မလိုအပ်ပါချေ။ ဤမျှများလှသော ချီစွမ်းအင်တို့ရှိနေပြီဖြစ်ရာ ဘယ်လိုဆေးလုံးမျိုးကများ ပိုအစွမ်းထက်ဦးမည်တုန်း။
စုယွမ်လည်း တွေးလေလေ၊ မထိန်းနိုင်ဘဲ ရယ်မိလေလေပင်။
“ဂိုဏ်းချုပ်က တကယ်ကောင်းတာပဲ။ ယွမ်ရေကန်က တကယ်ကိုမိုက်တာကွာ။ ငါတော့ ဒီအတိုင်းလေး ဂိုဏ်းချုပ်ကိုမှီရင် ထပ်နိုင်သွားပြန်ပြီ။ နှစ်ခေါက်တောင်ရှိပြီကွာ။”