← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

Chapter 85: ကွယ်ဝှက်တောင်ထိပ်၏တောင်သခင်။

ဂိုဏ်းချုပ်ကုမှာ ယွမ်ရေကန်ထဲရှိ ဝိညာဉ်ရေတို့လျော့နည်းသွားတာကိုမြင်တော့ ငြိမ်သက်သွားရ၏။

ထို့နောက်တွင်တော့ သူ ချက်ချင်းအော်ဟစ်မိလျက် ရွှေရောင်အလင်းတန်းအဖြစ်ပြောင်းကာ ပင်မတောင်ထိပ်နောက်ရှိ ကိုးတောင်မြောက်ကို အပြေးသွားတော့သည်။

သူ ယွမ်ချီတောင်ကြားဆီရောက်တော့ မီးခိုးရောင်ဝတ်လူအိုကြီးတစ်ယောက်က နွားကြီးတစ်ကောင်ဆီ မြက်ကျွေးနေတာကိုမြင်လိုက်ရ၏။

ဤသည်မှာ သာမာန်ကျေးလက်များတွင် လယ်သမားများနွားကျောင်းနေသောမြင်ကွင်းပုံစံသာဖြစ်သော်ငြား ကုချင်းကျူးကတော့ လန့်သွားပြီး လေထဲမှချက်ချင်းဆင်း၍ လူအိုကြီးနံဘေးရောက်သွား၏။

“အကြီးအကဲနန်ကုန်းကိုဂါဝရပြုပါတယ်။”

ဂိုဏ်းချုပ်ကု အလွန်ကိုတရိုတသေ နှုတ်ဆက်လိုက်သည်။

လူအိုကြီးမှာ ခေါင်းလှည့်လာပြီး ခပ်ယဲ့ယဲ့ပြုံးကာ ဆို၏။

“ရှောင်ကု၊ မင်းကတော့ ကသိုက်ကရိုက်နိုင်တုန်းပဲ။ မင်းမှာ ဂိုဏ်းချုပ်တစ်ယောက်ရဲ့အပြုအကျင့်တွေရှိမနေသေးဘူး။”

ကုချင်းကျူးမှာ ကြောင်အအသာ ရယ်လိုက်၍ ပြောလိုက်သည်။

“အဲ့ဒီစုယွမ်ကလေ ဘယ်လိုကောင်မျိုးလဲမသိတော့ပါဘူးဗျာ။ သူက ဝိညာဉ်ကျောက်တုံး၂ဘီလီယံစကလောက်ကို တစ်ခါတည်းသုံးပစ်တာ။ ကျွန်တော်ဆိုရင်တောင် အဲ့ဒီလောက်ပမာဏကိုသုံးနိုင်ဖို့လချီကြာမှာကို။ ကျွန်တော်လည်း နားမလည်နိုင်တော့တာနဲ့ လာကြည့်တာပါ။”

လူအိုကြီးက ယွမ်ရေကန်ရှိရာဆီ အတွေးနက်နေဟန််ကြည့်ဖြင့် ကြည့်လာသည်။

“ဒီမြင်ကွင်းက မင်းအတွက် ရင်းနှီးမနေဘူးလား။ ပြန်တွေးကြည့်ပါဦး။”

ကုချင်းကျူးလည်း ၎င်းကိုကြားတော့ အတွေးနက်သွားသည်။ အကြီးအကဲဘက်မှထုတ်ပြောလာပြီဆိုကတည်းက သူသိနိုင်လို့ပင်၊ သို့သော် ယခုအချိန်တွင် သူတကယ်ကို ဘာမှမတွေးနိုင်သေးပါချေ။

ကုချင်းကျူး၏ကြောင်အအပုံစံကိုတွေ့တော့ အကြီးအကဲနန်ကုန်း ပြောစရာစကားမရှိတော့ပုံဖြင့် ခေါင်းခါလာ၏။

သူက ပြောလာသည်။

“ကောင်းပြီ။ အဓိပ္ပါယ်မရှိတာတွေမပြောတော့ဘူး။ စုယွမ်ထွက်လာတာနဲ့ သူ့ကို ကွယ်ဝှက်တောင်ထိပ်ရဲ့တောင်သခင်လုပ်ခိုင်းလိုက်။”

ကုချင်းကျူး၏မျက်စံများမှာ ဤစကားကြောင့် ပြူးကျယ်သွားရသည်။

ကွယ်ဝှက်တောင်ထိပ်တဲ့လား။ ကွယ်ဝှက်တောင်ထိပ်ကဘာလဲ။

ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းတွင် အစကတည်းက ကွယ်ဝှက်တောင်ထိပ်ဟူ၍မရှိခဲ့စဖူး၊ ထိုအစား သီးသန့်တောင်ထိပ်ဟူ၍သာရှိခဲ့သည်။

အကြောင်းမှာ ရှေးယခင်များတုန်းက ဘိုးဘေးဆရာသခင်၏ကျင့်စဥ်ကိုဆက်ခံနိုင်သောတုနှိုင်းမဲ့ပါရမီရှင်တစ်ဦးပေါ်ထွက်တိုင်း တောင်ထိပ်အသစ်တစ်လုံးတည်ခဲ့ကြသည်။

သို့သော်လည်း ဆက်ခံသူသခင်တစ်ဦးထပ်မံထွက်ပေါ်လာပါကလည်း တောင်တစ်လုံးကြီးသပ်သပ်ပေး၍မဖြစ်၊ ထို့အတွက် ဂိုဏ်းက ဆက်ခံသူအသစ်အတွက် သီးသန့်တောင်ဟူ၍ကြိုစီစဥ်ခဲ့ကြသည်။ အကယ်၍ တုနှိုင်းမဲ့ပါရမီရှင်တစ်ဦးထွက်ပေါ်၍ အမွေအနှစ်ကိုဆက်ခံနိုင်ခဲ့ပါက အနှီသီးသန့်တောင်ထိပ်ကို ချက်ချင်းလွဲပြောင်းပေးမည်ဟူ၍ဖြစ်ပြီး ထိုမှတဆင့် ဂိုဏ်းတွင် ဆက်လက်ကာ နှောင်းမျိုးဆက်တို့ကို အမွေအနှစ်များကို သင်ကြားပေးနိုင်ချေမည်။

သို့သော်လည်း ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းတွင် ကျင့်စဥ်အသစ်ထပ်မံမရရှိတော့သည်မှာ အလွန်ကြာမြင့်နေချေပြီ။ ဤသို့ဖြင့် သီးသန့်တောင်ထိပ်မှာ လောကအမြင်မှပျောက်ကွယ်သွားရပြီး ကွယ်ဝှက်တောင်ထိပ်ဟူ၍သာအမည်ကျန်ခဲ့လျက် ဂိုဏ်း၏လျှို့ဝှက်ခွန်အားဟုထင်စေသော သို့လောသို့လော ကောလဟာလများသာကျန်ရစ်စေခဲ့သည်။

စင်စစ်တွင်မူ ထိုတောင်ထိပ်ရော၊ ထားရှိရခြင်းရည်ရွယ်ချက်ကရော ကျန်ရှိနေဆဲပင်။ လူတိုင်းက အနှိုင်းမဲ့ကျင့်စဥ်များကုန်ဆုံးသွားပြီထင်လျှင်တောင် သီးသန့်တောင်ထိပ်ကတော့ ဂိုဏ်း၏မျှော်လင့်ချက်ရောင်ခြည်ပါပေ။

ဤသည်မှာ ဝိညာဉ်အသွင်ကူးပြောင်းအဆင့်ကြီးအကဲများကတောင် မသေမျိုးမျိုးစေ့တောင်ကြားသို့ လျှို့ဝှက်ကာလာရောက်ကြည့်ရသည့်အကြောင်းလည်းဖြစ်၏။

ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းမှာကား ပိုင်နက်နယ်မြေ သို့မဟုတ် ကြွယ်ဝမှုတွင် မှီခိုထားသောဂိုဏ်းမဟုတ်ပါချေ၊ ထိုအစား လူတို့အပေါ်တွင်မူတည်နေခြင်းဖြစ်၏။ စဥ်ဆက်မပြတ်လူသစ်များမှာ ဂိုဏ်း၏အစစ်အမှန်အုတ်မြစ်ဖြစ်ပေသည်။

ထို့အတွက် နှစ်စဥ်နှစ်တိုင်းလူသစ်ခေါ်ချိန်တွင် စိတ်ဝိညာဥ်ဖွံဖြိုးခြင်းအဆင့်နှင့်ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်အကြီးအကဲတို့က လူသစ်များကို ကျင့်စရိုက်၊ အားနည်းချက်၊ နတ်ဆိုးဖြစ်သွားနိုင်ချေ၊ပါရမီအမျိုးမျိုး၊ နားလည်နိုင်စွမ်းသဖြင့် အခန်းကဏ္ဍများခွဲကာ လေ့လာကြ၏။

ထိုသို့ဆိုလျှင် စုယွမ်၏နားလည်နိုင်မှုအရည်အချင်းဖြင့်ဆိုပါက စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်အကြီးအကဲတစ်ဦးဦး၏အာရုံစိုက်မှုကို ဟိုယခင်ကတည်းက ရရှိခဲ့တာဖြစ်နိုင်၏။ ထို့အပြင် အကြီးအကဲက ထိုသို့ပြောလာပြီဆိုကတည်းက စုယွမ်က အနှိုင်းမဲ့ကျင့်စဥ်တစ်ခုခုကို ဆက်ခံနိုင်ခဲ့တာဖြစ်နိုင်သည်။

ကုချင်းကျူးလည်း ဖတ်ဖူးခဲ့သော ထိုသို့သောဆက်ခံနိုင်သူပါရမီတို့၏အရည်အချင်းများကို ပြန်တွေ့ကြည့်လိုက်သည်။ သူသည် ထိုသို့သောသူတို့၏အစွမ်းမှာ ကောင်းကင်၏နိယာမကိုပင်ကျော်လွန်နေလျက် ပင့်သက်ရှိုက်ဖွယ်အံ့သြဖို့ကောင်းစွာ လှပလွန်းသည့်အတွက် အလွန်အကြူးချဲ့ရေးထားသည်ဟုထင်ခဲ့ဖူး၏။ သို့သော် ယခု စုယွမ်၏အခြေအနေကိုပြန်တွေးကြည့်လိုက်လျှင်မှ ထိုသည်များမှာ ချဲ့ကားရေးထားခြင်းမဟုတ်ပေရာ၊ လက်တွေ့တွင် တကယ်ဖြစ်ပျက်ခဲ့သည်များ ဖြစ်နိုင်ပေသည်။

သူသာ ယခုအကြောင်းကို သမိုင်းတစ်ခုအဖြစ်ချရေးခဲ့ပါလျှင်လည်း နှောင်းမျိုးဆက်တို့က သေချာပေါက် ပုံကြီးချဲ့ထားသည်ဟုထင်မြင်ကြမှာပင်။

ထိုသို့ဆိုလျှင် ဤသည်မှာ ဂိုဏ်း၏သမိုင်းမျက်နှာစာထဲ နာမည်တစ်လုံးတွင်တော့မည့်အဖြစ်အပျက်မဟုတ်ပေလား။

ကုချင်းကျူး ရုတ်တရက်နားလည်သွားရာ မျက်လုံးများအရောင်တောက်သွားလေသည်။

“မင်း ဘာတွေတွေးနေတာလဲ။”

အကြီးအကဲနန်ကုန်းက မေးလာသည်။

“ဟင်၊ ဟုတ်ကဲ့။ စုယွမ်က အခုကျွန်တော့်ရဲ့တပည့်ရင်းဖြစ်နေတာဆိုတော့၊ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်လိုက်ရမလဲဟင်။”

ကုချင်းကျူးမှာ မထိန်းနိုင်တော့ဘဲ သူ၏နှုတ်ခမ်းထိပ်တို့မှာ ကော့တက်နေရလေပြီ။

အကြီးအကဲနန်ကုန်းကတော့ ပုံမှန်အတိုင်းသာ ပြန်ဖြေ၏။

“ဒါကိစ္စမှမရှိတာ။ အနာဂတ်ကျရင် သူက မင်းဆီကနေ ဂိုဏ်းချုပ်တာဝန်လွဲယူရမှာပုံမှန်ပဲကို။’

“ဟုတ်တာပေါ့။”

ကုချင်းကျူးက အပျော်ကြီးခေါင်းညိတ်လာ၏။

သူ အုတ်မြစ်တည်ဆောက်သူ၏ဆရာသခင်ဖြစ်လာတော့မှာဖြစ်သည့်အတွက် စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်အကြီးအကဲအုပ်စုသို့ ဝင်ချိန်တွင် ပို၍မျက်နှာသာရကာ အရင်းအမြစ်များလည်း သုံးမကုန်တော့မည်ကိုတောင် စိတ်ကူးယဥ်နေချေပြီ။

သူ၊ ကုချင်းကျူးသည်ကား ချမ်းသာပါ၏။ ဝိညာဉ်ကျောက်တုံး၂ဘီလီယံလောက်မှာကား ဘာမှမဟုတ်ပါချေ။

အမတအကြီးအကဲနန်ကုန်းကလည်း ကုချင်းကျူး၏အတွေးများကိုခန့်မှန်းမိသွားရာ နှုတ်ခမ်းတွန့်ကာပြုံးလိုက်မိသည်။

“မင်းကျင့်ကြံရေးကိုပဲအာရုံစိုက်။ မဟုတ်တာတွေလျှောက်မတွေးနဲ့။ သူများကိုမှီခိုတာက ကိုယ့်ကိုယ်ကိုယ်မှီခိုတာလောက်ကောင်းတာမဟုတ်ဘူး။”

“နားလည်ပါပြီ။ နားလည်ပါပြီ။”

ကုချင်းကျူး လိမ်လိမ်မာမာလေး ခေါင်းညိတ်လိုက်သည်။

အမတအကြီးအကဲနန်ကုန်းမှာ နွားကြီး၏ခေါင်းကိုသပ်ပေးပြီးသည်နှင့် ကောင်းကင်သို့ပျံတက်သွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်သွားတော့သည်။

နွားကြီးမှာ သက်ပြင်းတစ်ချက်ချ၏။ ၎င်း၏ကျင့်ကြံဆင့်က အရမ်းမမြင့်သည်ဖြစ်ရာ သူဟာ အကြီးအကဲ၏စီးတော်ယာဥ်ဖြစ်ဖို့တောင် အသုံးမဝင်သည်ပေ။

သို့သော် နွားကြီးက ရုတ်တရက် သူတို့ပြောခဲ့သောစကားများကိုပြန်လည်သတိရသွားပြီး မျက်လုံးထဲ အလင်းတစ်ချက်လင်းသွားခဲ့သည်။ သူသည်ကား အမတအကြီးအကဲနန်ကုန်း၏ကျင့်ကြံဆင့်ကိုမမီသောကြောင့် ထိုသူ၏စီးတော်ယာဥ်မဖြစ်နိုင်ခဲ့ပေ။ သို့သော်ကား ယခုအသစ် ဆက်ခံသူသခင်၏ကျင့်ကြံဆင့်ကတော့ အရမ်းမမြင့်သေးသည်ဖြစ်ရာ သူ၏စီးတော်ယာဥ်တော့ဖြစ်နိုင်သေးသည်မလား။

All Chapters