← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

Chapter 88

ကိစ္စအဝဝကိုပြောပြီးသည်နှင့် ဂိုဏ်းချုပ်ကုလည်း တောင်သခင်များကို လူစုခွဲစေလိုက်၏။

ဝမ့်စစ်မင်က ခန်းမအပြင်အထိလမ်းလျှောက်ပြီးမှ သီးသန့်အသံတစ်ခုလွှင့်လာ၏။

“လူငယ်လေးစု၊ မင်းပြီးရင် သာလွန်တောင်ထိပ်ဆီခဏလာလည်လှည့်ပါဦး။”

“ကျွန်တော်လာခဲ့ပါမယ်။”

စုယွမ်လည်း အသံပြန်လွှင့်လိုက်သည်။

လူတိုင်းထွက်သွားတော့ ဂိုဏ်းချုပ်ကုလည်း စုယွမ်ကို ကွယ်ဝှက်တောင်ထိပ်ဆီ ခေါ်သွားလိုက်သည်။

အနှီတောင်ထိပ်မှာ အကြမ်းဖျင်းတော့ အခြားတောင်ထိပ်များနှင့်မကွာခြား၊ တူညီဟန်ပုံစံပေါ်၏။

ဂိုဏ်းချုပ်ကုက သူ့ကိုခေါ်ပြီး အစီအရင်ကိုဖြတ်ကာ တောင်ထိပ်၏ခန်းမက အစီအရင်ထိန်းချုပ်ရာ

နေရာဆီ သွားလိုက်သည်။

“လက်ဆန့်ပြီး ဒီပေါ်ဖိလိုက်။ အခုကစပြီး ဒီတောင်ရဲ့အစီအရင်မှန်သမျှက မင်းလက်ထဲမှာပဲ။ များသောအားဖြင့်တော့ ဂိုဏ်းရဲ့အစီအရင်အစောင့်အရှောက်က မင်းကိုကူပြီး စီမံပေးလိမ့်မယ်။ အချိန်တိုင်းတော့ ထိန်းချုပ်နေစရာမလိုဘူး။ ဒါပေမဲ့ တစ်ခုတော့ သတိထားရမယ်။ အဲ့ဒီအစောင့်အရှောက်ဝိညာဥ်က တစ်ခါတလေ နည်းနည်းအမှားအယွင်းဖြစ်တတ်တယ်။”

ဂိုဏ်းချုပ်ကုက ပြောလာ၏။ ထိုအချိန်တွင် အစီအရင်ထိန်းချုပ်နေရာထံမှ အသံတစ်ခုထွက်လာသည်။

“ဂိုဏ်းချုပ်၊ ကျွန်တော်ရဲ့အစီအရင်တွေကိုစီမံခန့်ခွဲတာက လုံးဝကိုပုံမှန်ပါပဲ။ စိတ်ချလက်ချနေလို့ရပါတယ်။ ကျေးဇူးပြုပြီး အာဏာကိုအတည်ပြုဖို့ ဂိုဏ်းချုပ်ကတ်ပြားကို ပြပေးပါ။”

အစီအရင်အစောင့်အရှောက်က ခံစားချက်မဲ့သည့်အသံဖြင့် ပြောလာသည်။

“အဲ့ကောင်ကိုကြည့်စမ်း။”

ကုချင်းကျူး သက်ပြင်းချလိုက်ပြီး ဂိုဏ်းချုပ်ကတ်ပြားကို ထုတ်၍ အတည်ပြုလိုက်သည်။

စုယွမ် ပြုံးလိုက်မိသည်။ ၎င်းက ဥာဏ်မကောင်းသော်လည်း အနည်းငယ်တော့ ခေါင်းမာပေ၏။ အရာရာတိုင်းတွင် ကောင်းကျိုးဆိုးကျိုးရှိသကဲ့သို့ ထိုသို့ခေါင်းမာမှုမျိုးကလည်း စင်စစ်တွင် ပြဿနာများစွာကို တားဆီးပေးလာနိုင်၏။

ဆက်လက်၍ စုယွမ်လည်း တောင်သခင်အခွင့်အာဏာကိုရရှိသွားပြီး ဤတောင်ထိပ်မှာ သူ၏ထိန်းချုပ်မှုထဲ အပြည့်အဝကျရောက်သွားတော့သည်။

“ဒါပဲ။ မသေမျိုးမျိုးစေ့တောင်ကြားက နောက်နှစ်လလောက်အထိဖွင့်ဦးမှာမဟုတ်ဘူး။ မင်း အဲ့ဒီအခါမှ အဲ့ဒီသွားချင်ရင် သွားလို့ရတယ်။”

ဂိုဏ်းချုပ်ကု ပြောလိုက်သည်။

“ကျွန်တော် နားလည်ပြီ။”

စုယွမ် ခေါင်းညိတ်လိုက်သည်။

ဂိုဏ်းချုပ်ကုလည်း ကိစ္စတချို့ညွှန်ကြားပြီးနောက်တွင် ပြန်သွား၏။

ခန်းမထဲတွင် စုယွမ်သာလျှင် ကျန်ရစ်ခဲ့ပေသည်။

စုယွမ်လည်း တောင်သခင်နေထိုင်ရာနေရာဆီသွား၍ လေ့လာလိုက်၏။ ဤနေရာရှိဝိညာဉ်စွမ်းအင်များမှာ တကယ်ကိုသိသိသာသာပို၍သိပ်သည်းသော်ငြား အထဲတွင် ဘာမှရှိမနေပါချေ။ ထို့ကြောင့် သူလည်း ခေါင်းခါ၍ သုံးခြယ်အကြွင်းမဲ့တောင်ထိပ်မှထွက်ပြီး ပင်မတောင်ထိပ်ရှိခြံဝန်းဆီပြန်ကာ တရေးအိပ်လိုက်သည်။

စုယွမာအိပ်မောကျနေစဥ်တွင် စုယွမ်ကြောင့်ဖြစ်ပေါ်လာသောလှုပ်ခတ်မှုများကတော့ ဂိုဏ်းအတွင်း ပျံ့နှံ့နေချေပြီ။

တောင်ထိပ်အသီးအသီးတွင် သံသယဝင်ခံထားရသောတပည့်များမှာ ရှင်းလင်းခံရလျက် အချို့ကတော့ ဆွဲထုတ်ခံနေရသည်။ သံသယရှိသူများမှာ နည်းနည်းမှရှင်းပြခွင့်မရ၊ ချက်ချင်းဆွဲထုတ်ခံသွားရ၏။

ဂိုဏ်း၏အကာအကွယ်များကလည်း ပို၍ကြီးမားလာလေသည်။ လျှို့ဝှက်နယ်မြေထဲရှိ စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ကျင့်ကြံသူများမှာ တစ်ယောက်ပြီးတစ်ယောက်ထွက်လာကာ ဂိုဏ်း၏အကာအကွယ်ကို တိုးမြင့်လာ၏။ အချို့လေလွင့်သွားလာနေသောစိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်အကြီးအကဲများနှင့်ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲများတောင် တိတ်တဆိတ်ပြန်ဆင့်ခေါ်နေကြလေသည်။

ယခုသုံးခြယ်အကြွင်းမဲ့တောင်ထိပ်ဖြစ်နေပြီဖြစ်သော ကွယ်ဝှက်တောင်ထိပ်တွင်မူ အချို့ရွှေအမြူတေအဆင့်အကြီးအကဲများက သူတို့တွင် တောင်သခင်ရှိသွားပြီဆိုတာ သိသွားကြပြီပင်။

ကွယ်ဝှက်တောင်ထိပ်၏လျှို့ဝှက်ချက်ကိုမသိသောအချို့ရွှေအမြူတေအဆင့်ရှိသူများမှာ လက်မခံနိုင်ဖြစ်ကြလျက် တောင်သခင်ခြံဝန်းထံချက်ချင်းပြေးကာ အမှန်တရားကိုသိချင်နေကြ၏။ အချို့ကျတော့လည်း အခြေအနေများကိုခန့်မှန်းမိသဖြင့် တောင်သခင်ထံ ဂုဏ်ပြုရန် အပြေးရောက်လာကြသည်။ သို့သော် စိတ်မကောင်းစရာက ဘယ်သူမှ တောင်သခင်ဖြစ်သူကို ရှာမတွေ့ပါချေ။

ပြောင်းလဲမှုများမှာ သေးသေးမွှားမွှားမဟုတ်ပါချေ။ သို့သော်ငြား အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသူများအကြား လေထုတွင်တော့ အနည်းငယ်တည်ငြိမ်နေဟန် ရလေသည်။

စုယွမ်သည်ကား သုံးရက်သုံးညတိုင်တိုင်အိပ်ပျော်သွားခဲ့တာဖြစ်သည်။ သူ နိုးလာတော့ စနစ်မြည်သံတစ်ခုက ထွက်ပေါ်လာ၏။

【ဒင်၊ အဆင့်မြင့်ပါပြီ။】

“ဘာ။”

စုယွမ် ချက်ချင်း ထထိုင်ပြီး စနစ်မျက်နှာပြင်ကိုကြည့်လိုက်၏။

【အမည်】: စုယွမ်

【နယ်မြေ】: ချင်းခယ်ကုန်းမြေ

【အဆင့်】: ကျော်ကြားမှုမြင့်တက်နေဆဲ (13872 / 100000)

【ကျင့်ကြံမှုအဆင့်】: အစောပိုင်းအခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် (30/100)

【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: လက်ရှိနားနေချိန်: ၃.၅ရက်။

【ပါရမီစွမ်းရည်နှစ်】: တာအိုပညာနှင့်သဘာဝ။

【ပါရမီစွမ်းရည်သုံး】: ခုနစ်စဥ်ကြယ်။

【ပါရမီစွမ်းရည်လေး】: ရွေးချယ်ရန်။

တစ်ရေးအိပ်လိုက်ရုံသာရှိသေး၊ သူ၏ကျော်ကြားမှုအမှတ်မှာ လေးထောင်ကျော်ထပ်မြင့်သွားချေပြီ။

အကြောင်းအရင်းကတော့ ထွေထွေထူးထူးစဥ်းစားနေစရာမလို၊ သေချာပေါက်ကိုပင် သူ တောင်သခင်အဖြစ်တိုးမြင့်ခံလိုက်ရခြင်းကြောင့်ဖြစ်ပေမည်။

ထို့အတွက် သူ သိပ်၍အံ့သြမသွား။

သူလည်း စိတ်လှုပ်ရှားစွာဖြင့် ပါမီစွမ်းရည်လေးကို နှိပ်လိုက်ရာ ထုံးစံအတိုင်း ရွေးချယ်မှုလေးခုကပေါ်လာခဲ့သည်။

【မိုးကြိုးအသွင်ကျော်ကြားမှု】: သင့်ရဲ့ကျော်ကြားမှုက လွန်စွာမြင့်မားနေသည်။ သင့်ကိုရန်လိုစိတ်ရှိများက သင့်နာမည်ကိုကြားသည်နှင့် ဝိညာဉ်ဆိုင်ရာထိခိုက်မှုကို ဖြစ်ပေါ်သလို ချက်ချင်းမိုးကြိုးပစ်ခံရပေမည်။

【လွမ်းမိုးမှု】: သင့်ရဲ့ကျော်ကြားမှုက အလွန်မြင့်မားနေသည်။ သင့်ရဲ့ကျော်ကြားမှုက ဝံပုလွေအမျိုးအစားသတ္ထဝါများထံပျံ့နှံ့သွားသောအခါ အလိုအလျောက် အနှီဝံပုလွေတို့၏ဘုရင်ဖြစ်လာပြီး အမိန့်ပေးခိုင်းစေနိုင်မည့် အာဏာတစ်ရပ်ပေါ်လာချေမည်။

【စိတ်အာရုံ】: သင့်ရဲ့ကျော်ကြားမှုက အလွန်မြင့်မားနေသည်။ သင့်နာမည်ကို မည်သည့်သတ္တဝါကဟစ်ကြွေးပါစေ၊ သင်ကအာရုံခံနိုင်ပြီး အနေအထားတစ်ခုအထိပါ မြင်ကွင်းကိုမြင်နိုင်ချေမည်။

စုယွမ် ခေါင်းကုတ်လိုက်သည်။

ဤတစ်ခေါက် ရွေးချယ်ရသည်မှာ ကျော်ကြားမှုကို ထပ်ပေါင်းရမည့်စွမ်းရည်များဖြစ်နေ၏။ ပထမဆုံးစွမ်းရည်မှာ တော်တော်မိမိုက်သည်။ ၎င်းမှာ လုံးဝကို တိုက်ခိုက်စွမ်းရည်ဖြစ်၏။ တိုက်ပွဲနေရာများတွင်သာ သူ့နာမည်ကိုကြေညာလိုက်ပါက ပြိုင်ဘက်များမှာ လုံးဝ အလဲထိုးခံလိုက်ရပေမည်။

ထို့ကြောင့် စုယွမ်လည်း ပထမစွမ်းရည်ကို တိုက်ခိုက်ရေးစွမ်းရည်အနေဖြင့် သတ်မှတ်ထားလိုက်သည်။

ဒုတိယစွမ်းရည်ကတော့ စုယွမ်ကို အနည်းငယ်ထူးဆန်းသလို ခံစားရစေသည်။ ဤစွမ်းရည်မှာ ရယ်ချင့်စဖွယ်ကောင်းသော်ငြား သက်ရောက်မှုကတော့ မဆိုးပါပေ။ ဝံပုလွေမျိုးနွယ်ဆိုသည်ကလည်း လောကတွင် အတော်လေးအတွေ့များသည့်မျိုးနွယ်စုဖြစ်ရာ သူ၏နာမည်မှာ နယ်မြေကြီးတစ်လုံးဆီပျံ့သွားသည်နှင့် သူ့ထိန်းချုပ်မှုကလည်း နယ်မြေတစ်ဝှမ်းလုံးတွင် ရှိလာမည့်သဘောဖြစ်၏။

ထို့အပြင် ဝံပုလွေမျိုးနွယ်စုထဲတွင်လည်း အင်အားကြီးပုဂ္ဂိုလ်များစွာရှိရာ နောက်လိုက်အတွက်တော့ ပူပန်ရတော့မည်မဟုတ်။

ဤသည်ကို သူ အမိန့်ပေးသည့်အမျိုးအစားအဖြစ်သတ်မှတ်ထားလိုက်သည်။

နောက်ဆုံးတစ်ခုသည်ကား အဝေးမှမြင်ကွင်းများကိုမြင်နိုင်သည်ဖြစ်ရာ တီဗီကြည့်ရသလိုဖြစ်လိမ့်မည်ပင်။ ဤသည်မှာ လေအသွင်နား သို့မဟုတ် မိုင်ထောင်ချီမြင်ကွင်းဟူသောနတ်ဘုရားစွမ်းအင်တို့နှင့်ဆင်သည်ပေ။

အချုပ်ဆိုသော် အားလုံးမှာ နတ်ဘုရားသဖွယ်စွမ်းရည်များသဖွယ်ပင်။

စုယွမ်လည်း ဤသုံးခုကိုကြည့်ရင်း ရုတ်တရက်နားလည်လာရသည်။ သူ ကြည့်လေလေ ပိုသဘောပေါက်လေဖြစ်ရာ ဤသုံးမျိုးစလုံးက နတ်ဘုရားစွမ်းရည်အမျိုးအစားများဖြစ်ကြောင်း အတည်ပြုနိုင်သွားပေသည်။

All Chapters