← Chapters

အခန်း ၁၈၁

Vol. 18 Ch. 181

အခန်း ၁၈၁

Vol. 18 Ch. 181

အခန်း (၁၈၁) အိမ်ရှေ့စံမင်းသား

ဝူကျိရှန်းသည် ပဉ္စမအဆင့်ရှိသော အရာရှိငယ်တစ်ဦးမျှသာ ဖြစ်၍ပုံမှန်အ‌‌ ခြေအနေအိမ်ရှေ့စံမင်းသားထံ တိုက်ရိုက်တင်ပြခွင့်မရှိပေ။

သို့သော်လည်း ယခုအချိန်တွင်ဌာနအကြီးအကဲဖြစ်သော အခွန်ဝန်ကြီးနှင့် ဒုတိယအကြီးအကဲဖြစ်သော ဒုတိယအခွန်ဝန်ကြီး နှစ်ဦးစလုံးမှာ ခေါင်းဖြတ်ကွပ်မျက်ခံထားရသည်။

ထို့ကြောင့် အခွန်ဦးစီးဌာနတွင် တာဝန်ခံမည့် ဝန်ကြီးအဆင့် အရာရှိတစ်ဦးမျှ မရှိတော့သဖြင့် ဝူကျိရှန်းနှင့် အခြားဌာနခွဲမှူးများသည် ပြည်နယ်အသီးသီး၏ ဘဏ္ဍာရေး အခြေအနေကို အိမ်ရှေ့စံမင်းသားထံ တိုက်ရိုက် တင်ပြရခြင်း ဖြစ်၏။

"ရှေ့တန်းမှာ စစ်ပွဲတွေ ဖြစ်နေတုန်းပဲ။ စစ်စရိတ်တွေက အရမ်းများနေတယ်။ ဒီနှစ် ပြည်နယ်တချို့ရဲ့ ဆောင်းဦးပေါက် အခွန်တွေကလည်း နိုင်ငံတော်ဘဏ္ဍာတိုက်ထဲကို ရောက်မလာသေးဘူး"

အိမ်ရှေ့စံမင်းသားသည် ဝူကျိရှန်း၏ အမည်ကို ဦးစွာ ခေါ်လိုက်၏။

"မင်းက ရှန်းရှီးပြည်နယ် အခွန်ဌာနခွဲရဲ့ တာဝန်ခံတစ်ယောက်ပဲ။ ဘာတွေဖြစ်နေလဲ ဆိုတာ ငါ့ကို ပြောပြစမ်း"

"အရှင်မင်းသားကို တင်ပြခွင့်ပြုပါ"

ဝူကျိရှန်းသည် ထိုအလုပ်ကိစ္စများအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သဖြင့် အိမ်ရှေ့စံမင်းသားထံ အခြေအနေများကို စတင် တင်ပြတော့၏။

"ဒီနှစ် ဆောင်းဦးပေါက်အခွန်အနေနဲ့ ရှန်းရှီးပြည်နယ်မှာ စပါးခွံ သုံးသန်း နှစ်သိန်းကျော် ပိုလျှံနေပါသေးတယ်"

"ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က ဝါးမြိုမြစ် ရေကြီးမှုကို ထိန်းချုပ်တဲ့ စရိတ်တွေကို ရှန်းရှီးပြည်နယ်က စိုက်ထုတ်ပေးခဲ့ရပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာ ရှန်းရှီးပြည်နယ် အုပ်ချုပ်ရေးရုံးက စပါးခွံ တစ်သန်း လေးသိန်းကို ပြန်နုတ်ပေးဖို့ တောင်းဆိုထားပါတယ်"

"ပြီးတော့ စစ်မှုထမ်းအိမ်ထောင်စုတွေ ထွက်ပြေးတာနဲ့ ရွှေ့ပြောင်းအခြေချသူတွေကို နေရာချထားပေးဖို့အတွက် စပါးခွံ ငါးသိန်း နှစ်သောင်း ထပ်လိုပါတယ်။ ဒါ့ကြောင့် စပါးခွံ တစ်သန်း နှစ်သိန်းပဲ ကျန်ပါတော့တယ်။ အဲဒီထဲက သုံးသိန်း ခြောက်သောင်းက ကောက်ပဲသီးနှံနဲ့အထွေထွေ ဖြစ်ပါတယ်"

"ပြီးခဲ့တဲ့နှစ်က ဝါးမြိုမြစ် ရေကြီးမှုကို ထိန်းချုပ်ဖို့ ရှန်းရှီးပြည်နယ် စိုက်ထုတ်ထားတဲ့ စပါးခွံ တစ်သန်း လေးသိန်းထဲက တစ်ဝက်ကို သူတို့ကို ပြန်ပေးလိုက်ပါ"

"အမိန့်အတိုင်းပါ အရှင်"

ကောက်ခံရရှိသော အခွန်ပမာဏမှာ အကန့်အသတ်သာ ရှိသဖြင့် ထိုအခွန်များကို နန်းတော်သို့ ပေးပို့ရမည်လား ဒေသန္တရအစိုးရက သုံးစွဲရမည်လား ဆိုသည်မှာ အလွန် အရေးကြီးသော ကိစ္စ ဖြစ်၏။ သို့သော်လည်း ကျူးပြန်သည် စကားတစ်ခွန်းတည်းဖြင့် ဆုံးဖြတ်ပေးလိုက်နိုင်သည်။

အခြားမင်းဆက်များ၏အိမ်ရှေ့စံမင်းသားသာ ဆိုလျှင် ကျူးပြန်ကဲ့သို့ ဝန်ကြီးဌာန ခြောက်ခု၏ အလုပ်ကိစ္စများတွင် ဝင်ရောက် စွက်ဖက်ရဲမည် မဟုတ်ပေ။

အတိတ်မင်းဆက်များမှ အိမ်ရှေ့စံမင်းသားများသည် အမြဲတမ်း စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရ၏။

အကယ်၍ အိမ်ရှေ့စံမင်းသားသည် လွန်းထက်ထက်မြက်ပြီး အရည်အချင်း ရှိလွန်းပါက ဧကရာဇ်မင်းမြတ်၏ သံသယဝင်ခြင်းကို ခံရတတ်သည်။

အကယ်၍ အလွန်အမင်း ညံ့ဖျင်းနေပါကလည်း အရည်အချင်းမရှိဟု ယူဆကာ အခြားမင်းသားတစ်ဦးနှင့် အစားထိုးခံရဖို့ အခွင့်အလမ်း အလွန်များ၏။

အရည်အချင်းရှိရင် မနာလိုခံရပြီး၊ ညံ့ဖျင်းရင် စွန့်ပစ်ခံရသည်ဟူသော အချက်သည် အိမ်ရှေ့စံမင်းသား အများစု ကြုံတွေ့ရသည့် အကြပ်အတည်း ဖြစ်သည်။

အထူးသဖြင့် အာဏာကြီးမားသော တည်ထောင်သူ ဧကရာဇ်မင်းမြတ်များ၏ လက်ထက်တွင် အိမ်ရှေ့စံမင်းသား၏ တည်ရှိမှုမှာ ပို၍ ခက်ခဲလှ၏။ ချင်ရှီဟွမ်၏ အိမ်ရှေ့စံမင်းသား၊ ဟန်မင်းဆက် တည်ထောင်သူ ဂေါင်ဇူ၏ အိမ်ရှေ့စံမင်းသားနှင့် နောက်ပိုင်း ဆွေမင်းဆက်၊ ထန်မင်းဆက်၊ စုန့်မင်းဆက်တို့အပြင် မွန်ဂိုတို့ တည်ထောင်ခဲ့သော ယွမ်မင်းဆက်တို့တွင်လည်း ထိုသို့ပင် ဖြစ်ခဲ့သည်။

တည်ထောင်သူ အုပ်ချုပ်သူတိုင်းသည် အရည်အချင်း ရှိလှသော သူရဲကောင်းများ ဖြစ်ကြသော်လည်း သူတို့၏ အိမ်ရှေ့စံမင်းသားများမှာမူ ကောင်းသော အဆုံးသတ်ကို မရရှိခဲ့ကြပေ။ ထိုအချက်သည် မလွတ်မြောက်နိုင်သော သမိုင်းဝင် ကျိန်စာတစ်ခုကဲ့သို့ ဖြစ်နေ၏။

သို့သော်လည်း မင်မင်းဆက်၏ အိမ်ရှေ့စံမင်းသားတွင်မူ ထိုသို့သော စိုးရိမ်ပူပန်မှုများ မရှိပေ။

ကျူးယွမ်ကျန်း၏အိမ်ရှေ့စံမင်းသား ကျူးပြန်အပေါ် ထားရှိသော ယုံကြည်မှုမှာ အကြွင်းမဲ့ ဖြစ်သည်။ အိမ်ရှေ့စံမင်းသား၏ အာဏာကြီးထွားလာမှုကို သူ လုံးဝ ဂရုမစိုက်ပေ။ အထူးသဖြင့် ကော်ဟွမ် အဂတိလိုက်စားမှုအရေးအခင်း ဖြစ်ပွားချိန်တွင် ကျူးယွမ်ကျန်းသည် အိမ်ရှေ့စံမင်းသားကို ပွင့်ပွင့်လင်းလင်းပင် အာဏာလွှဲပြောင်းရန် ပျိုးထောင်ပေးခဲ့သည်။

ထိုမျှကြီးမားသော အရေးအခင်းတွင် အရာရှိ ထောင်ပေါင်းများစွာ ပါဝင်ပတ်သက်ခဲ့သော်လည်း အိမ်ရှေ့စံမင်းသားနှင့် ဆက်သွယ်နိုင်သူတိုင်းမှာ ဘေးကင်းလွတ်မြောက်ခဲ့ကြ၏။ ဤသည်မှာ အိမ်ရှေ့စံမင်းသား၏ အင်အားစုကို တမင်တကာ တည်ဆောက်ပေးနေခြင်း ဖြစ်သည်။

ကျူးယွမ်ကျန်းသည် ကျူးပြန်ကို နန်းတွင်းရေးရာများတွင် ပါဝင်ခွင့်ပြုရုံသာမက ဆုံးဖြတ်ချက်ချသည့် နေရာများတွင်လည်း တမင်တကာ ပါဝင်စေခဲ့၏။

အခြေအနေ အများစုတွင် အိမ်ရှေ့စံမင်းသား ကျူးပြန်၏ အမိန့်များသည် ကျူးယွမ်ကျန်းကိုယ်တိုင် ထုတ်ပြန်သည့် အမိန့်များနှင့် အတူတူပင် ဖြစ်သည်။

ယခုတစ်ကြိမ်တွင် အခွန်ဦးစီးဌာနမှ အရာရှိများကို အိမ်ရှေ့စံနန်းတော်သို့ ဆင့်ခေါ်ခြင်းသည် အလွန် ထင်ရှားသော သာဓကတစ်ခု ဖြစ်၏။

သာမန်အခြေအနေမျိုးတွင် အိမ်ရှေ့စံမင်းသားသည် အရာရာကို ဧကရာဇ်ထံ ဦးစွာ တင်ပြရမည် ဖြစ်ပြီး သံသယ မဝင်စေရန် နန်းတွင်းအရာရှိများနှင့် အလှမ်းကွာကွာနေရမည် ဖြစ်သည်။

ဧကရာဇ်၏ အမိန့်မရှိဘဲ နန်းတွင်းအရာရှိများနှင့် သီးသန့် ဆက်သွယ်ခြင်းသည် အလွန် တားမြစ်ထားသော ကိစ္စ ဖြစ်၏။

သို့သော် ကျူးပြန်ကမူ ထူးခြားနေသည်။ သူသည် ဝန်ကြီးဌာန ခြောက်ခုမှ အရာရှိများကို အိမ်ရှေ့စံနန်းတော်သို့ တိုက်ရိုက်ဆင့်ခေါ်ကာ အစည်းအဝေး လုပ်နိုင်၏။

အကယ်၍ ထိုကိစ္စအပေါ် မကျေမနပ် ပြောဆိုသူ သို့မဟုတ် အတင်းအဖျင်း ပြောသူ ရှိပါက ကျူးယွမ်ကျန်းက ထိုသူကို တော်ဝင်မိသားစုကြား သွေးခွဲသူဟု သတ်မှတ်ကာ အပြစ်ပေးမည် ဖြစ်သည်။

လက်ရှိ မင်မင်းဆက်တွင် အိမ်ရှေ့စံမင်းသား ကျူးပြန်သည် ဆုံးဖြတ်ချက်များ၏ တစ်ဝက်ခန့်ကို ချမှတ်နိုင်စွမ်း ရှိ၏။ အထူးသဖြင့် အုပ်ချုပ်ရေးပိုင်းတွင် သူ့ကို မင်မင်းဆက်၏ နန်းရင်းဝန်ဟုပင် ရှုမြင်နိုင်၏။

ပြတ်သားလွန်းသော ကျူးယွမ်ကျန်းနှင့် မတူဘဲ ကျူးပြန်သည် အလွန် သဘောကောင်းပုံရ၏။

"ပြည်နယ်အသီးသီးရဲ့ ဘဏ္ဍာရေးကိစ္စကို ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်မယ်။

အကယ်၍ အောက်ခြေက မြို့စားတွေက အလုပ်ကိုအချိန်ဆွဲတာတွေ၊တာဝန်ရှောင်တာမျိုးတွေ ရှိရင် ငါ့ဆီ တိုက်ရိုက် သတင်းပို့နိုင်တယ်"

"အမိန့်အတိုင်းပါ အရှင်"

လူတိုင်းက ကန့်ကွက်မှုမရှိဘဲ သဘောတူညီကြသော်လည်း အမှန်တရားကိုမူ အားလုံး သိကြ၏။ မကြာမီ အချိန်အတွင်း အခွန်ဦးစီးဌာနတွင် အကြီးအကဲသစ်တစ်ဦး ရောက်လာဖို့ အလားအလာ မရှိပေ။

အခွန်ဦးစီးဌာနသည် နိုင်ငံတော် ဘဏ္ဍာရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးကို တာဝန်ယူရသဖြင့် အလွန် အရေးကြီးသော ဌာန ဖြစ်၏။

အခွန်ဝန်ကြီးသည် ဘဏ္ဍာရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့ ပေါင်းစပ်ထားသကဲ့သို့ ဖြစ်သဖြင့် အာဏာ အလွန်ကြီးမားသော ရာထူး ဖြစ်သည်။

ထိုရာထူးသည် လူအများအပြား အလိုချင်ဆုံး ရာထူး ဖြစ်သော်လည်း မင်မင်းဆက်တွင်မူ ချွင်းချက် ဖြစ်နေ၏။

ကျူးယွမ်ကျန်းသည် အလုပ်အကျွေးပြုရန် အလွန် ခက်ခဲသော ဧကရာဇ် ဖြစ်ပြီး အထူးသဖြင့် အခွန်ဝန်ကြီးကဲ့သို့ အရေးကြီးသော ရာထူးကို အမြဲတမ်း စောင့်ကြည့်နေတတ်သည်။

အနည်းငယ် မှားယွင်းရုံဖြင့် ဒုက္ခရောက်နိုင်၏။မင်မင်းဆက် တည်ထောင်ပြီးကတည်းက အနှစ်နှစ်ဆယ်ပင် မပြည့်သေးသော်လည်း အခွန်ဦးစီးဌာနတွင် အခွန်ဝန်ကြီး တစ်ဆယ့်ခြောက်ဦးအထိ ပြောင်းလဲခဲ့ပြီး ဖြစ်သည်။ သက်တမ်းအတိုဆုံး ဝန်ကြီးမှာ တစ်လသာ တာဝန်ထမ်းဆောင်ခဲ့ရ၏။

ထိုသူတို့ထဲမှ ထက်ဝက်ကျော်မှာ ခေါင်းဖြတ်ခံခဲ့ရပြီး အချို့မှာမူ နယ်နှင်ဒဏ်‌ ပေးခံရကာ သေဆုံးခဲ့ကြသည်။ သုံးပုံတစ်ပုံခန့်သာ အသက်ရှင်ခွင့် ရခဲ့ကြ၏။

ဟုန်ဝူခေတ်၏ အခွန်ဝန်ကြီး ရာထူးသည် ကိုရီးယားသမ္မတ ရာထူးထက်ပင် ပို၍ အန္တရာယ်များလှသဖြင့် မည်သူမျှ ထိုရာထူးကို မယူချင်ကြပေ။ ထို့ကြောင့် ယခုအချိန်အထိ အခွန်ဦးစီးဌာန၏ အကြီးအကဲနှင့် ဒုတိယအကြီးအကဲ ရာထူးများ လစ်လပ်နေခြင်း ဖြစ်သည်။

ဦးဆောင်မည့်သူ မရှိသဖြင့် သူတို့သည် အိမ်ရှေ့စံမင်းသားထံသာ အလုပ် ကိုတိုက်ရိုက်တင်ပြကြရသည်။ ကျူးပြန်က အခွန်ဦးစီးဌာနကို အတိုင်းအတာတစ်ခုအထိ လွှဲပြောင်းရယူထားခြင်း‌ ကြာင့်ပင် ဖြစ်၏။

"နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ အခုအချိန်မှာ နိုင်ငံတော်က မြောက်ပိုင်းမှာ စစ်တိုက်နေရလို့ စရိတ်တွေ အရမ်းများနေတယ်။ ဒါ့ကြောင့် စစ်တပ် ရိက္ခာကို ဦးစားပေးတဲ့အနေနဲ့ မြို့တော်မှာရှိတဲ့ ပဉ္စမအဆင့်နဲ့ အထက် အရာရှိတွေရဲ့ လစာကို ခေတ္တ ဆိုင်းငံ့ထားမယ်"

အိမ်ရှေ့စံမင်းသားသည် အလွန် သဘောကောင်းသောသူ ဖြစ်သဖြင့် အမြဲတမ်း ပြုံးနေတတ်၏။

"အရာရှိ အများစုက စားဝတ်နေရေးအတွက် လစာကို မျှော်နေကြရပြီး နန်းတော်ကပေးတဲ့ လစာအပေါ်မှာပဲ မှီခိုနေရတာကို ငါ သိပါတယ်။ ဒါပေမဲ့ ဒါကလည်း မလွှဲမရှောင်သာလို့ပါ။ ဧကရာဇ်ရဲ့ အမိန့်တော်ကို မနက်ဖြန် ထုတ်ပြန်လိမ့်မယ်"

သူသည် နိုင်ငံတော် ဘဏ္ဍာရေးကို စကားတစ်ခွန်းတည်းဖြင့် ဆုံးဖြတ်နိုင်သော်လည်း အရာရှိများ၏ လစာကို ဆိုင်းငံ့ခြင်းနှင့် မြောက်ပိုင်းစစ်ဆင်ရေးကို ထောက်ပံ့ခြင်းကဲ့သို့သော ကိစ္စငယ်များတွင်မူ ကျူးယွမ်ကျန်းကိုယ်တိုင် အမိန့်တော် ထုတ်ပြန်ရန် လိုအပ်၏။

အိမ်ရှေ့စံမင်းသားကို လူအများ ငြိုငြင်မည့် ကိစ္စရပ်များကို မလုပ်စေဘဲ ကျူးယွမ်ကျန်းကိုယ်တိုင်၏ အမည်ဖြင့် အမိန့်တော်များ ထုတ်ပြန်ပေးခြင်း ဖြစ်၏။၎င်းမှာ အိမ်ရှေ့စံမင်းသားကို ကာကွယ်ရန်ကျူးယွမ်ကျန်း၏ကြိုးပမ်းမှုပင် ဖြစ်သည်။

"ကဲ... အခြားကိစ္စ မရှိတော့ဘူး"

အခွန်ဦးစီးဌာနမှ ပဉ္စမအဆင့်ရှိသော ဌာနခွဲမှူး တစ်ဆယ်ကျော်တို့သည် အိမ်ရှေ့စံမင်းသားကို ညီညီညာညာ ဦးညွတ်ကာ နှုတ်ဆက် ထွက်ခွာသွားကြ၏။

ဝူကျိရှန်းသည် တံခါးဝသို့ ရောက်နေပြီ ဖြစ်သော်လည်း အိမ်ရှေ့စံမင်းသားက လှမ်းခေါ်လိုက်သည်။

"သမားတော် ဝူ... ခဏလောက် နေပါဦး"

"အရှင်မင်းသားမှာ အခြား အမိန့်ရှိပါသေးလား"

"တကယ်တော့ ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး"

အိမ်ရှေ့စံမင်းသားက ဝူကျိရှန်းကို အလွန်အမင်း အရိုအသေမပြုရန်အမူအရာဖြင့် ပြသလိုက်ပြီး အစေခံတစ်ဦးကို လက်ဖက်ရည်ပူပူတစ်ခွက် ယူလာခိုင်းလိုက်၏။

"အိမ်ရှေ့စံမင်းသမီးက တစ်ခါတရံ နေမကောင်းဖြစ်နေလို့ မင်းကို သွားရောက် စစ်ဆေးစေချင်တယ်"

အိမ်ရှေ့စံမင်းသမီး၏ ရောဂါကို ကုသရမည်လား။အကယ်၍ ကုသနိုင်ပါက လူတိုင်းအတွက် ကောင်းမွန်သော်လည်း အကယ်၍ မကုသနိုင်ပါက... မည်မျှအထိ ဒုက္ခရောက်မည်ကို မည်သူမျှ မသိနိုင်ပေ။

ဝူကျိရှန်း၏ ဆေးပညာမှာ ထူးချွန်သော်လည်း ထိုကဲ့သို့သော ကိစ္စရပ်များတွင် မပါဝင်ခြင်းက အကောင်းဆုံး ဖြစ်၏။

"အိမ်ရှေ့စံမင်းသမီးက မြင့်မြတ်တဲ့ အနွယ်တော် ဖြစ်ပါတယ်။ ကျွန်တော်မျိုးကတော့ တောရွာက လာတဲ့ တောသမားတော်တစ်ယောက်သာ ဖြစ်ပါတယ်။

"ကျွန်တော်မျိုးမှာ အခြေခံ ဆေးပညာ အနည်းငယ် ရှိပေမဲ့ နန်းတွင်းနဲ့ မထိုက်တန်ပါဘူး။ ဒါ့ကြောင့် အရှင်မင်းသားအနေနဲ့ နန်းတော်ထဲက နန်းတွင်းသမားတော်တွေကိုပဲ ရှာဖွေပြီး စစ်ဆေးခိုင်းဖို့ အကြံပြုလိုပါတယ်"

ကျွန်တော်မျိုးက တောရွာက လာတဲ့ တောသမားတော်တစ်ယောက်သာ ဖြစ်လို့ အိမ်ရှေ့စံမင်းသမီးရဲ့ရောဂါကို ကုသနိုင်မှာမဟုတ်ပါဘူး။ နန်းတော်ထဲက နန်းတွင်းသမားတော်များကိုသာ ရှာဖွေသင့်ပါတယ်"

"ငါ့ရဲ့ မယ်တော်လည်း နန်းတွင်းသမားတော်တွေကို လွှတ်ပြီး ကုသခိုင်းပေမဲ့ ဘာမှ သက်သာမလာဘူး"

အိမ်ရှေ့စံမင်းသားက ပြုံးပြီး ပြောလိုက်၏။

"မင်းက သမားတော်မျိုးရိုးက လာတာပဲ။ ပြီးတော့ သေမင်းတမန်ဆိုတဲ့ ဘွဲ့အမည်လည်း ရှိပြီးသား။ အသားမည်းကပ်ရောဂါ ဖြစ်တုန်းကလည်း ကြီးမားတဲ့ အကျိုးဆောင်မှုတွေ လုပ်ခဲ့တယ်ဆိုတော့ မင်းမှာ နည်းလမ်းတစ်ခုခု ရှိလိမ့်မယ်လို့ ငါ ယူဆတယ်..."

"ကျွန်တော်မျိုးရဲ့ ဆေးပညာက နန်းတွင်းသမားတော်တွေနဲ့ ယှဉ်ရင် တကယ်ကို မပြောပလောက်ပါဘူး။ အကယ်၍ နန်းတွင်းသမားတော်တွေတောင် မကုသနိုင်ဘူးဆိုရင် ကျွန်တော်မျိုးအနေနဲ့..."

"မင်း ဘာကို စိုးရိမ်နေလဲဆိုတာ ငါ သိပါတယ်"

အိမ်ရှေ့စံမင်းသားက ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်၏။

"ရောဂါကို မကုသနိုင်ရင် အပြစ်ပေးခံရမှာကို ကြောက်နေတာမလား။ အဲဒီလိုသာ အပြစ်ပေးကြေးဆိုရင် အဲဒီ နန်းတွင်းသမားတော်တွေ အားလုံး အပြစ်ပေးခံရပြီးလောက်ပြီ"

*******"

All Chapters