← Chapters

အခန်း ၁၈၃

Vol. 18 Ch. 183

အခန်း ၁၈၃

Vol. 18 Ch. 183

အခန်း (၁၈၃) ပထမဆုံးအကြိမ် တွေ့ဆုံခြင်း

ဆောင်းရာသီ၏ နေ့ရက်များသည် အမြဲတမ်းတိုတောင်းပြီး ယူရှီချန်၏ ပထမဆုံး တစ်စိတ်ဒေသ လွန်မြောက်သွားပြီးနောက် ကောင်းကင်ယံသည် မှောင်မိုက်သွားခဲ့ပြီ ဖြစ်သည်။

နှင်းများ ကျဆင်းပြီးစ ဖြစ်သောကြောင့် ရာသီဥတုမှာ အလွန်အအေးစက်နေပြီး ကောင်းကင်ယံရှိ လပြည့်ဝန်းသည် ရေခဲတိုက်ခန်းထဲမှ မီးအိမ်တစ်ခုကဲ့သို့ ဖြစ်နေ၏။

အလုပ်ဆင်းလာသော ဝူကျိရှန်းသည် မ

အိမ်တံခါးဝသို့ ရောက်ရှိလာပြီး အတွင်းသို့ လှမ်းဝင်မည် အပြုတွင်

"ဟေး ခဏလောက် စောင့်ပါဦး"

ဟူသော တိုးညင်းသည့် ခေါ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

တံခါးရှေ့ရှိ မိုးမခပင်အိုကြီး၏ အောက်တွင် ကလေးငယ်တစ်ဦး ရပ်နေ၏။

ထိုကလေးငယ်မှာ တစ်ဆယ့်နှစ်နှစ် အရွယ်ခန့် ရှိပြီး မှေးမှိန်သော အလင်းရောင်ကြောင့် သူ၏ မျက်နှာကို လုံးဝ မမြင်ရပေ။ ၎င်းသည် ပွပွယောင်းယောင်းရှိသော နီလာပြာရောင် ကတ္တီပါအင်္ကျီကို ဝတ်ဆင်ထားသည်ကိုသာ မသဲမကွဲ မြင်ရ၏။

"မင်း ငါ့ကို ခေါ်တာလား"

"အင်း"

ကလေးငယ်က ခေါင်းကို ငြိမ့်ပြလိုက်၏။

"ကလေး မင်း ငါ့ကို သိလို့လား"

"မသိဘူး၊ ဒါပေမဲ့ သင်က ဝူကျိရှန်း ဆိုတာကိုတော့ ငါသိတယ်"

သူက ငါ့ကိုမသိဘဲ ငါ့နာမည်ကို သိနေခြင်းမှာ လွန်စွာ စိတ်ဝင်စားစရာ ကောင်းလှ၏။

"မင်း ငါ့ကို ဘာကိစ္စရှိလို့လဲ"

ကလေးငယ်သည် ဘာမျှမပြောဘဲ ပွပွယောင်းယောင်းကတ္တီပါအင်္ကျီထဲမှ ကြောင်တစ်ကောင်ကိုသာ ဆွဲထုတ်လိုက်၏။

ထိုကြောင်၏ အမွှေးများကို ပြောင်စင်အောင် ရိတ်ထားပြီး ၎င်းသည် တုန်တုန်ယင်ယင် ဖြစ်နေ၏။

ဝူကျိရှန်းသည် ထိုကလေးငယ်ကို မသိသော်လည်း ကြောင်ကိုမူ မှတ်မိ၏။

ထိုကြောင်သည် အိမ်ရှေ့စံနန်းတော်မှ ပိုင်ကွမ်းအာဖြစ်သည်။

"ခမည်းတော်က ပိုင်ကွမ်းအာ နေမကောင်းလို့ ဆိုပြီး လွှင့်ပစ်ခိုင်းတာ၊ ဒါပေမဲ့ ငါက မရက်စက်နိုင်ဘူး"

ကလေးငယ်သည် ကြောင်ကို ပွေ့ချီထားရင်း မျက်နှာတွင် မခွဲနိုင်မခွာရက် ဖြစ်နေမှုများ ပြည့်နှက်နေ၏။ "

ပိုင်ကွမ်းအာကို ငါကိုယ်တိုင် မွေးထားတာ၊ တကယ်လို့ လွှင့်ပစ်လိုက်ရင် သူ အေးခဲပြီး ငတ်မွတ်ပြီး သေသွားလိမ့်မယ်..."

"ခမည်းတော်ဒါဆို မင်းရဲ့ ခမည်းတော်က..."

"သင် နေ့ခင်းက ငါတို့အိမ်ကို လာတုန်းက ငါ အဝေးကနေ မြင်လိုက်တယ်။ သင်က ငါ့မယ်တော်ရဲ့ ရောဂါကို ကုနိုင်တာပဲ၊ ဒါဆို ပိုင်ကွမ်းအာကိုလည်း ကျိန်းသေပေါက် ကုပေးနိုင်မှာပါ"

ထိုကလေးငယ်သည် သူ၏ အသက်အရွယ်တူ ကလေးများနှင့် နှိုင်းယှဉ်လျှင် စကားကို အစီအစဉ်တကျ ပြောဆိုနိုင်ပြီး အမျှော်အမြင် ရှိကြောင်း ထင်ရှားလှ၏။

"ကျေးဇူးပြုပြီး ပိုင်ကွမ်းအာကို ကုပေးပါ၊ ငါ သင့်ကို ငွေပေးနိုင်ပါတယ်..."

ပိုင်ကွမ်းအာဟု အမည်ရသော အိမ်မွေးကြောင်သည် ကြောင်ပွေးနာ စွဲကပ်နေခဲ့ပြီ ဖြစ်၏။ သာမန်မိသားစုသာ ဆိုလျှင် ၎င်းကို စောစောစီးစီး စွန့်ပစ်လိုက်ကြမည် ဖြစ်သော်လည်း ဤကလေးငယ်သည် ဝူကျိရှန်းထံသို့ အထူးတလည် လာရောက်ကာ ကြောင်ကို ကုသပေးရန် တောင်းဆိုနေခြင်း ဖြစ်သည်။

ထိုအရာသည် သာမန်ကိစ္စဟုထင်ရသော်လည်း ဝူကျိရှန်းသည် ဤကိစ္စက လွန်စွာ အရေးကြီးကြောင်း ကောင်းစွာ သိရှိ၏။ကြောင်ကို ကုသပေးသင့်ရဲ့လားဟုဆုံးဖြတ်ရခက်နေတာမျိုးမဟုတ်ဘဲတော်ဝင်မြေးတော်တစ်ပါးဖြစ်နေသည့်ထိုကလေးကြောင့်ပင်ဖြစ်သည်။

ဝူကျိရှန်းသည် သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း‌ မေးလိုက်၏။

"မင်းသား၊ဒီကို တစ်ယောက်တည်း လာတာလား"

"အင်း၊ ငါ တစ်ယောက်တည်း လာတာ"

"အခြွေအရံတွေ မပါဘူးလား"

"ငါ ခိုးထွက်လာတာ"

ကလေးတစ်ယောက် အခြွေအရံပင်မပါဘဲ ခိုးထွက်လာခြင်းမှာ သာမန်အားဖြင့် အရေးကြီးကိစ္စ မဟုတ်သော်လည်း သူက ကျူးပြန်၏ သားဖြစ်နေ၏။

တကယ်လို့ တစ်စုံတစ်ခု မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့လျှင် ၎င်းသည် ကြီးမားသော ပြဿနာ ဖြစ်လာလိမ့်မည်။

"မြန်မြန် ပြန်တော့၊ မင်းသား မြန်မြန် ပြန်တော့"

ဝူကျိရှန်းက စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်၏။

"ကျွန်တော်မျိုး မင်းသားကို လိုက်ပို့ပေးမယ်"

"မပြန်ဘူး၊ ငါမပြန်ဘူး"

ကလေးငယ်က ဇွတ်ပင်ငြင်းဆန် နေ၏။

"သင် ပိုင်ကွမ်းအာကို ကုမပေးမချင်း ငါမပြန်ဘူး"

အကယ်၍သာမန်ကလေး သာ ဆိုလျှင် ဝူကျိရှန်းသည် သူ့ကို အိမ်သို့ အတင်းအကြပ် ပြန်လွှတ်လိုက်ပြီ ဖြစ်သော်လည်း ဤကလေးက မင်မင်းဆက်၏ တော်ဝင်မြေးတော် ဖြစ်နေသဖြင့် အတင်းအကြပ် လုပ်ရန်မသင့်တော်ပေ။

ဝူကျိရှန်းသည် အနည်းငယ် တွေဝေသွားပြီးနောက် ပြောလိုက်၏။

"ကောင်းပြီ၊ ကျွန်တော် ပိုင်ကွမ်းအာကို ကုပေးမယ်၊ ဒါပေမဲ့ ကုပြီးရင်တော့ မင်းသား အိမ်ပြန်ရမယ်"

"ကတိပဲနော်"

ထိုသို့ဖြင့် ဝူကျိရှန်းသည် ကလေးငယ်ကို အိမ်ထဲသို့ ခေါ်ဆောင်ခဲ့၏။

"သခင်‌လေးပြန်လာပြီလား။ ထမင်းဟင်းတွေ အဆင်သင့် ဖြစ်နေပါပြီ"

ထုံးစံအတိုင်း ချင်းချင်းက ပထမဆုံး ထွက်၍ ကြိုဆိုပြီး ကလေးငယ်ကို မြင်လျှင် မြင်ချင်း သူမ၏ မျက်နှာတွင် အံ့သြမှုများ ချက်ချင်း ပေါ်လာ၏။

"အို... ဘာလို့ ကလေးတစ်ယောက် ပါလာတာလဲ"

ကလေးငယ်၏ အဆင့်အတန်းက အလွန် ထူးခြားသဖြင့် ဝူကျိရှန်းက ဘာမျှ ရှင်းမပြဘဲ လေးနက်သော အသံဖြင့်သာ ပြောလိုက်၏။

"ချင်းချင်း၊ ရေနွေးတစ်ဇလုံ သွားယူချေ..."

"သခင်လေးကထမင်းမစားရသေးဘူးမလား"

"စားဖို့ မလောပါနဲ့၊ ရေနွေးအရင် သွားကျိုလိုက်ပါ"

"ဒါပေမဲ့..."

"ဘာမှမပြောနဲ့၊ မြန်မြန်သွား"

ဝူကျိရှန်း၏ တည်ကြည်သော မျက်နှာအမူအရာကို မြင်သဖြင့် ချင်းချင်းသည် တစ်စုံတစ်ခုကို မေးမြန်းချင်သော်လည်း ဘာမျှမပြောတော့ဘဲ ရေနွေးကျိုရန် နာခံစွာ ထွက်ခွာသွား၏။

ရေနွေးက မကြာမီ အဆင်သင့် ဖြစ်လာပြီး ဝူကျိရှန်းသည် အိမ်ရှိချဉ်ရည်ဟောင်းကို အထူးတလည် ထုတ်ယူကာ ဇလုံထဲသို့ လောင်းထည့်လိုက်၏။

"ဒီကြောင်ကို ချဉ်ရေနဲ့ ဆေးပေးလိုက်"

ချင်းချင်းသည် အမိန့်အတိုင်း ကြောင်ကို ဇလုံထဲတွင် ကိုင်ထားပြီး ဆေးပေးရန် ပြင်သော်လည်း မမျှော်လင့်ဘဲ ထိုတိရစ္ဆာန်သည် အော်ဟစ်ကာ အပြင်းအထန် ရုန်းကန်တော့၏။

ကလေးငယ်သည် ချင်းချင်းကို ကူညီရန် အနားသို့ လျှောက်လာပြီး တိုးညင်းစွာ ရေရွတ်လိုက်၏။

"ပိုင်ကွမ်းအာ၊ လိမ္မာစမ်းပါ၊ ဒါက မင်းကို ကုပေးဖို့လေ"

၎င်း၏ သခင်ဖြစ်သူက ချော့မော့လိုက်သဖြင့် ကြောင်သည် ချက်ချင်းပင် ငြိမ်သက်သွားပြီးချဉ်ရည်ဖြင့်ရေချိုးခြင်း ကို နာခံစွာ ခံယူလေ၏။

ချင်းချင်းနှင့် ကလေးငယ်တို့ ကြောင်ကို ရေချိုးပေးနေစဉ် ဝူကျိရှန်းသည် ဇာဂနာအသေးတစ်ခုကို ထုတ်လိုက်၏။

"ငါ အနာဖတ်တွေကို ဖယ်ဖို့ ဇာဂနာ သုံးရမယ်။ မင်းတို့နှစ်ယောက် ပိုင်ကွမ်းအာကို မြဲမြဲဖိထားပေး၊ သူ့ကို ပတ်ရုန်းမခံနဲ့"

ကြောင်၏ ကိုယ်ပေါ်ရှိ ရောဂါဖြစ်ပွားနေသော နေရာများသည် ပြည်တည်နေခဲ့ပြီ ဖြစ်ပြီး ပြည်များက အမွှေးများကို ပေကျံကာ အနာဖတ်များအဖြစ် မာခဲနေခဲ့ပြီ ဖြစ်သည်။အကယ်၍ အနာဖတ်များကို မဖယ်ရှားလျှင် ဆေးစွမ်းပြရန် ခက်ခဲလိမ့်မည်ဖြစ်သည်။

အနာဖတ်များကို အတင်းအကြပ် ခွာထုတ်ခြင်းသည် သေချာပေါက် အလွန်နာကျင်‌ ပေလိမ့်မည်။ထိုနေရာတွင်လူကို ကုသပါကအောင့်ခံနိုင်မည် ဖြစ်သော်လညယခုမှာ ကြောင်တစ်ကောင် ဖြစ် နေ၏။

ဝူကျိရှန်းသည် ကြောင်၏ ကိုယ်ပေါ်မှ အနာဖတ်များကို တစ်ခုချင်းစီ ခွာထုတ်လိုက်ရာ ၎င်းသည် အဆက်မပြတ် ကျယ်လောင်စွာ အော်ဟစ်လေ၏။ ကံကောင်းထောက်မစွာဖြင့် ချင်းချင်းက ၎င်းကို မြဲမြဲဖိထားသဖြင့် လူကို မကိုက်ခြင်း ဖြစ်သည်။

အနာဖတ်များ တစ်ခုပြီးတစ်ခု ကွာကျလာသည်နှင့် သွေးများ ချက်ချင်း စီးကျလာ၏။ကလေးငယ်၏ မျက်နှာတွင် ကြင်နာမှုများ ပေါ်လာ၏။

"ပိုင်ကွမ်းအာ တော်တော် နာနေမှာပဲ။ ငါတို့ တခြားနည်းနဲ့ လုပ်လို့မရဘူးလား"

"တခြားနည်းနဲ့ လုပ်လို့မရဘူး၊ ဒါက သူ့ကို ကုပေးတာပဲ"

"တကယ်လို့ သူက ခဏတာ နာကျင်မှုကို မအောင့်ခံရင် အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်"

ထိုကြောင်သည် ကလေးငယ်၏အချစ်ဆုံးအိမ်မွေးတိရစ္ဆာန် ဖြစ်ပြီး သူကိုယ်တိုင် မွေးမြူထားခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ စိတ်မကောင်းစရာ ဖြစ်သော်လည်း သူသည် စိတ်ကို တင်းထားကာ ကြောင်ကို မြဲမြဲဖိထားရင်း အဆက်မပြတ် ချော့မော့နေရှာ၏။

"ပိုင်ကွမ်းအာ၊ နည်းနည်းလောက် အောင့်ခံလိုက်ပါဦး၊ မကြာခင် ပြီးတော့မှာပါ၊ လုံးဝ မကြာတော့ပါဘူး..."

ပြင်ဆင်မှု လုပ်ငန်းစဉ်များ ပြီးဆုံးပြီးနောက် ဝူကျိရှန်းသည် ဟာသီလအချို့ကို ထုတ်ယူကာ ညှပ်ပစ်လိုက်ပြီး စမုံစပါးကို မှုန့်ညက်အောင်လုပ်ကာ အုန်းနွယ်မှုန့်နှင့် ကွမ်းသီးမှုန့်တို့ကို ရောစပ်လိုက်၏။ ထို့နောက် ၎င်းတို့ကို သစ်စိမ်းဆီဖြင့် သမအောင် မွှေပြီးနောက် ကြောင်၏ ကိုယ်ပေါ်သို့ လိမ်းပေးလိုက်၏။

"ကဲ၊ ဆေးလိမ်းလို့ ပြီးပြီ"

"ဒါပဲလား"

သူသည် တိရစ္ဆာန်သမားတော် မဟုတ်သဖြင့် ဝူကျိရှန်းသည် ဤသို့လုပ်ခြင်းက ကြောင်၏အနာကို ပျောက်ကင်းစေမလား မသိသော်လည်း ၎င်းဆေးများသည် ကျိန်းသေပေါက် ကုသမှု အာနိသင် ရှိ၏။

"အဆင်ပြေသွားမှာပါ။ အချိန်လည်း နောက်ကျနေပြီ၊ ကျွန်တော်အခုပဲ လိုက်ပို့ပေးမယ်"

"သင် လိုက်ပို့ဖို့ မလိုပါဘူး၊ ငါ လမ်းသိတယ်၊ ငါ့ဘာသာ ပြန်နိုင်တယ်"

"မရဘူး၊ ကျွန်တော်ကျိန်းသေပေါက် လိုက်ပို့ရမယ်၊ မင်းသားအိမ်ထဲဝင်သွားတာကို ကျွန်တော့်မျက်စိနဲ့ တပ်အပ် မြင်ရမှဖြစ်မယ်"

"ပိုင်ကွမ်းအာက ရေချိုးပြီးခါစမို့လို့ စိုနေသေးတယ်။ ငါ သူ့ကို ပတ်ဖို့ တစ်ခုခု ရှာချင်တယ်၊ မဟုတ်ရင် သူ အေးခဲသွားလိမ့်မယ်"

ချင်းချင်းသည် ဘာမှမပြောဘဲ ပိတ်စအကြီးတစ်ခုကို ကောက်ယူကာ သူ့ထံ ပေးလိုက်၏။

ကလေးငယ်သည် လွန်စွာ ဝဖြိုးလှသော ကြောင်ကို ထိုပိတ်စအကြီးဖြင့် သေချာစွာ ထုပ်ပိုးလိုက်၏။

ထိုသို့ဖြင့် ကလေးငယ်သည် ကြောင်ကို ပွေ့ချီကာ ထွက်ခွာသွားပြီး ဝူကျိရှန်းသည် သူ၏ နောက်မှ ကပ်လျက် လိုက်ပါသွားလေ၏။

သူတို့သည် အိမ်ရှေ့စံနန်းတော်၏ နောက်ဘက်တံခါးအသေးသို့ ရောက်သောအခါ ကလေးငယ်သည် တံခါးဝမှတိုးညင်းစွာ ခေါ်လိုက်ရာ နောက်တံခါးသည် ချက်ချင်းပင်အနည်းငယ် ပွင့်ဟလာ၏။

ကလေးငယ်သည် တံခါးထဲသို့ လျှိုဝင်သွားသည်ကို မြင်မှသာ ဝူကျိရှန်း စိတ်အေးသွားတော့၏။

*********

All Chapters