← Chapters

ကောင်းကင်ဘုံကျောက်စိမ်း (၁)

Vol. 007 Ch. 346

ကောင်းကင်ဘုံကျောက်စိမ်း (၁)

Vol. 007 Ch. 346

သည်လက်ဝါးကို ရိုက်ချပြီးနောက်တွင် ဝမ်လင်း ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များသည် ပျောက်ကွယ်လို့ သွား၏။ သားရဲချုပ်နှောင်ခြင်း လက်ကောက်ကြောင့်ပင် သူက စိတ်ဝိညာဉ် စွမ်းအင်များစွာ အသုံးပြုခဲ့ရသည်။ ထို့ကြောင့် သူက ဆေးလုံးအချို့ကို လျင်မြန်စွာ သောက်ချလိုက်၏။ သည်ဆေးလုံးများက ပြည့်ဝစွာ မပျော်ဝင်ခင်မှာမင် သူက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်ပြီး အစီအရင်ကို ဖွင့်ကာ နောက်တည်နေရာ အစိတ်အပိုင်း တစ်ခုအား ကြုံသလို ရွေးချယ်လိုက်၏။

အနီရောင်လိပ်ပြာက ခေါင်းမော့ကြည့်သည့်အခါ ဝမ်လင်းက ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ သူမ မျက်လုံးများက အေးစက်လို့ နေ၏။

“ဒီလူက တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု ရှိနေတာပဲ။ ဒါ့ကြောင့် သူက သာမန်တော့ မဟုတ်ဘူး။ သူ့တာအိုနှလုံးသားကလည်း သန်မာပြီး အလွန်လည်း သတိရှိတယ်။ သူ့မှာ ထူးဆန်းတဲ့ ရတနာတွေ့လည်း အများကြီး ရှိနေတယ်။ သူက အဆင့်ငါးနိုင်ငံတစ်ခုရဲ့ ထိပ်တန်းတပည့် တစ်ယောက် ဖြစ်ရမယ်…” အနီရောင် လိပ်ပြာ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီးနောက် သူက အကွာအဝေး တစ်ခုသို့ ပျံသန်းသွားပြီး ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကို ရှာဖွေလေသည်။

ဝမ်လင်းက သည်အချိန်တွင် သူသွားမည့် အစိတ်အပိုင်းကို ကောင်းစွာ မဆန်းစစ်နိုင်သေးပေ။ သူက ကြုံရာတစ်ခုကို ရွေးချယ်လိုက်ခြင်း ဖြစ်၏။ သူက နောက်ထပ် အစိတ်အပိုင်း တစ်ခုကို ရောက်သွားသည့်အခါ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်၏။ သည်အစိတ်အပိုင်းက မြေကြီးတစ်ခုလုံး ချော်ရည်များဖြင့် ဖုံးလွှမ်းနေပြီး မီးကမ္ဘာတစ်ခုနှင့်ပင် ဆင်တူ နေသေး၏။

သည်နေရာရှိ ကောင်းကင်သည်လည်း အလွန်နက်မှောင်နေ၏။ အချိန်တိုင်းလည်း အထူး အက်ကွဲကြောင်းများ‌ ပေါ်လာနေသည်။

ဝမ်လင်းက လေထဲတွင် ပျံဝဲနေရင်း ပတ်ပတ်လည်ကို ကြည့်ရှုနေ၏။ သည်အစိတ်အပိုင်းက သူပထမ ရောက်ခဲ့သော နှစ်ခုနှင့် လုံးဝ ခြားနားနေသည်။ သည်အစိတ်အပိုင်းက အချိန်မရွေးပြိုကျ ပျက်စီးမလို ဖြစ်နေသည်။ အထူးသဖြင့် ကောင်းကင်ထက်ရှိ အထူး အက်ကွဲကြောင်းများက နတ်ဆိုးပါးစပ်များနှင့် ဆင်တူနေသောကြောင့်ပင်။

ဝမ်လင်းက မျက်မှောင်ကြုတ် သွားသည်။ သူက တာလော့ကလန်က သည်လို အန္တရာယ်များသည့် နေရာတွင် ဘာကြောင့်များ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို ချထား ခဲ့ရသနည်းကို မသိနိုင် ဖြစ်နေသည်။ အန္တရာယ် ပိုများသည့် အစိတ်အပိုင်းက ပိုမိုများပြားသည့် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များ ရှိနေသည်ဟု ဆိုလိုခြင်းလား။

ဝမ်လင်းက ပျံသန်းနေရင်း တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်နှင့် ပတ်သက်၍ သူ့စိတ်ထဲတွင် မေးခွန်း မေးနေမိသည်။ သူက နတ်ဘုရားအာရုံကို ဖြတ်၍ အက်ကွဲကြောင်းများကို ရှောင်၍ ပျံသန်းနေသည်။ သူက‌ မြေပြင်ပေါ်မှာ ပေတစ်ရာလောက် ရောက်သွားသည်နှင့် အက်ကွဲကြောင်း တစ်ခုက သူ့ဘေးတွင် အမြဲပေါ်လာလေ့ရှိသည်။

ဝမ်လင်းက သူ့နတ်ဘုရားအာရုံက အကုန်လုံးကို သတိမပြုမိသည့် အတွက် အံ့ဩမိသည်။ သို့ရာတွင် သူက ကျင့်ကြံခြင်းကမ္ဘာသို့ ခုမှ စရောက်လာသူ တစ်ယောက် မဟုတ်သဖြင့် သည်အက်ကွဲကြောင်းများ ပေါ်လာသည်နှင့် ချက်ချင်း တုံ့ပြန်နိုင်ခဲ့၏။ သူက သည်အက်ကွဲ ကြောင်းများ ပေါ်လာတိုင်း သူ့ခန္ဓာကိုယ်ကို ဘေးတစ်ဖက်သို့ အားစိုက် ရှောင်တိမ်းနိုင်စွမ်း ရှိပေသည်။

အက်ကွဲကြောင်းများက ပေါ်လာပြီးသည်နှင့် ချက်ချင်း ပြန်ပျောက်ကွယ် သွားကြ၏။

ဝမ်လင်းနဖူးက ချွေးများဖြင့် အေးစက်နေခဲ့သည်။

သူက ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်နေ၏။ ထိုအခိုက်တွင် သည်အစိတ်အပိုင်း အန္တရာယ် ပမဏသည် ရှေးဟောင်းနတ်ဘုရား နယ်မြေ၏ အန္တရာယ်ပမာဏနှင့် နှိုင်းယှဉ်လို့ ရပေသည်။

သည်အက်ကွဲကြောင်းများ ထွက်ပေါ်လာမှုက ချောက်ချားဖွယ် ကောင်းလှသည်။ ဝမ်လင်းက အောက်သို့ မဆင်းသက်ခင် အနည်းငယ် စဉ်းစားလိုက်၏။ သူက တစ်နာရီလုံး ပေတစ်ရာ အတွင်းတွင် နေ၍ ကုန်ဆုံးပစ်လိုက်သည်။

သည်အနေအထားသည် သူ့အတွက် လုံခြုံစေ၏။ သည်ပေတစ်ရာ အမြင့်လောက်တွင် အက်ကွဲကြောင်းများစွာ ပေါ်ထွက်လာခြင်း မရှိသလို အောက်ခြေရှိ ချောရည်များ၏ အပူကလည်း အရမ်းအားကောင်းခြင်း မရှိချေ။ သည့်နောက် ဝမ်လင်းက သတိထား၍ ရှေ့သို့ တဖြည်းဖြည်းချင်း ဆက်သွားလေ၏။ သူက တာလော့ကလန်က သည်နေရာတွင် ဘာကြောင့်များ တည်နေရာ အစီအရင်ကို ချမှတ် ထားခဲ့သနည်းဆိုသည်ကို သိချင်နေ၏။

ပတ်ဝန်းကျင်က လုံးဝ တိတ်ဆိတ် နေခြင်းတော့မရှိပေ။ မြေပြင်ပေါ်မှ ထွက်ပေါ်လာသော ပလုံစီအသံများက အချိန်တိုင်း ကြားနေရ၏။ သည်ချောရည်ပူများထဲမှ ထွက်ပေါ်နေသည့် ပလုံစီ အသံများသည် လူတို့၏ စိတ်ထဲ၌ အပူဓာတ် ခံစားမှုကို ပေးစွမ်းနေ၏။

သူက တဖြည်းဖြည်းချင်း ဆက်လက် ပျံသန်းနေစဉ်မှာပင် သည်အစိတ်အပိုင်း၏ တည်နေရာ မြင်ကွင်းကို လေ့လာနေ၏။ သည်အစိတ်အပိုင်းက ကြီးမားခြင်း မရှိပေ။ တကယ်တော့ သည်နေရာက သူရောက်ခဲ့သော အစိတ်အပိုင်း များထဲတွင် အသေးငယ်ဆုံးပင်။ သူက အခုထိတော့ မည်သည့် ထူးခြားမှုကိုမှ မတွေ့မိသေးပေ။

အချိန်တစ်ခု ကြာပြီးနောက် ဝမ်လင်းက မြေပြင်ပေါ်ရှိ တွင်းတစ်ခုပေါ်သို့ ရောက်ရှိလာ၏။ သူက အောက်သို့ ငုံကြည့်လိုက်ရာ သည်တွင်းက မှောင်မည်းနေသည်ကိုသာ တွေ့လိုက်ရ၏။

သူက အနည်းငယ် စဉ်းစားပြီးနောက် အထဲသို့ လက်လွတ်စပယ် ဝင်ရောက်ခြင်း မပြုပေ။ ထိုအစား သူက အစိတ်အပိုင်း တစ်ခုလုံးကို သေချာရှာဖွေနေ၏။ သို့သော် မည်သည့် ထူးခြားသည့် အရာကိုမျှ မတွေ့ခဲ့ချေ။ သည့်နောက် သူက သည်တွင်းပေါက်သို့ တစ်ဖန် ပြန်ရောက်လာခဲ့ပြန်၏။

ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက သည်တစ်ကြိမ်တော့ တွင်းပေါက်ထဲသို့ ဝင်ရန်ပြင်လိုက်၏။ သည်အချိန်မှာပင် ကောင်းကင်ထက်ရှိ တည်နေရာ အစီအရင်ထံမှ အလင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဝမ်လင်းက ပျောက်ရွှင်သွား၏။ သူက သည်တွင်းပေါက်ထဲသို့ ဝင်ရောက်ရန် စိုးရိမ်နေဆဲ ဖြစ်သည်။ သို့သော် တစ်စုံတစ်ယောက်က သူ့အရင် ထိုတွင်းပေါက်ထဲသို့ ဝင်ရောက်ရန် ဆန္ဒရှိလျှင် သူ့အတွက် အတော်လေး လုံခြုံသွားပေလိမ့်မည်။

ထိုအခိုက်တွင် တည်နေရာ အစီအရင်ထဲ၌ နောက်ကျောတွင် ဓားတစ်လက်စီ လွယ်ထားသော လူနှစ်ယောက် ထွက်ပေါ်လာ၏။ သူတို့က အစီအရင်ထဲမှ လမ်းလျှောက် ထွက်လာပြီးနောက် နှစ်ယောက်ထဲက တစ်ယောက်က ပြောလိုက်၏။ “နံပါတ်ခြောက် ဂျူနီယာ ညီလေး… ဒီနေရာကို လာတာက မင်းအတွက် ပထမဆုံးအကြိမ် ဖြစ်တယ်။ ဒါ့ကြောင့် အထူး အက်ကွဲကြောင်းတွေကို အာရုံစိုက်ပါ။ အပြည့်အဝ ရှာဖွေခြင်း နည်းစနစ်ကို အသက်သွားထားဖို့ အမြဲသတိရနေပါ…”

ဂျူနီယာ နံပါတ်ခြောက်က ခပ်သွက်သွက် ခေါင်းညိတ် ပြလိုက်၏။ ထို့နောက် သူတို့နှစ်ယောက် တွင်းပေါက်ရှိရာသို့ ဂရုတစိုက် ပျံသန်းလာတော့သည်။

သူတို့တွင်းသို့ လာရာလမ်းတစ်လျှောက်တွင် အက်ကွဲကြောင်းများစွာက သူ့တို့အနားတွင် ပေါ်လာခဲ့သည်။ သို့သော် သူတို့နှစ်ယောက်က ၎င်းအက်ကွဲကြောင်းများကို ‌ထောက်လှမ်းနိုင်ခဲ့ပြီး ကြိုရှောင် နိုင်ခဲ့ကြသည်။ ထို့ကြောင့် သူတို့၏ အမြန်နှုန်းက ဝမ်လင်းထက် များစွာသာလွန်နေသည်။

သူတို့ နှစ်ယောက်လုံး၏ ကျင့်ကြံခြင်း အဆင့်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က ဝမ်လင်း၏ တည်ရှိမှုကို မသိရှိနိုင်ဘဲ ဖြစ်နေ၏။

နံပါတ်ခြောက် ဂျူနီယာက မြေကြီးပေါ်ရှိ တွင်းပေါက်ကို ကြည့်၍ မေးလိုက်သည်။ “တတိယ စီနီယာအစ်ကို… ဒါက ကောင်းကင်ဘုံ သားရဲကျောင်းလား…”

“မှန်တယ်…။ ဒီနေရာက ကောင်းကင်ဘုံ သားရဲကျောင်း (၁၆)ခုထဲက တစ်ခုပဲ။ ဘိုးဘေးက ကောင်းကင်ဘုံ နယ်မြေကို အကြိမ်ပေါင်းများစွာ ရောက်လာပြီးနောက် ဒီနေရာကို အမှတ်မထင် တွေ့ခဲ့တာပဲ၊ ဒါပေမဲ့ ဒီနေရာကို လူအများက သိကြတယ်။ နောက်ဆုံးတစ်ကြိမ် ငါလာတုန်းက ကောင်းကင်ဘုံ သားရဲ ဝိညာဉ်တွေကို ရှာဖွေနေတဲ့ အုပ်စုသုံးခုကို တွေ့ခဲ့ရတယ်…” တတိယ အစ်ကိုက သူ့ဂျူနီယာ အမေးကို ပြန်ဖြေ လိုက်၏။ ထို့နောက် သူမေ့နေခဲ့သော တစ်ခုကို သတိရ သွားဟန်ဖြင့် ထပ်မံပြောပြန်သည်။ “ မမေ့ပါနဲ့…မင်းက ဒီတွင်းပေါက်ထဲမှာ ဖျတ်ခနဲ တည်နေရာ ရွှေပြောင်းခြင်းကို အသုံးပြုလို့ ရနိုင်မှာ မဟုတ်ဘူး…ဒါကြောင့် အရမ်း ဂရုစိုက်ရနေရမယ်…”

သူတို့နှစ်ယောက်က တွင်းပေါက်သို့ လမ်းလျှောက် ဝင်သွားတော့၏။

ဝမ်လင်းအသွင်က အပြင်တွင် ပြန်ပေါ်လာခဲ့သည်။ သူက တွင်းပေါက်ထဲသို့ တိတ်ဆိတ်စွာ လိုက်ဝင်၏။ သူ့နတ်ဘုရား အာရုံကို ဖြန့်ကြက်ထားပြီး ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်၍ ရှေ့က နှစ်ယောက် နောက်ကို နောက်ယောင်ခံလိုက်သွားသည်။

“တတိယအကို နှစ်များစွာ ကြာပြီးနောက်မှာ ကောင်းကင်ဘုံသားရဲ ဝိညာဉ်တွေက ကျန်နေသေးလို့လား။ တကယ်လို့ ကြွင်းကျန်နေသေးမယ် ဆိုရင်လည်း ကျွန်တော်တို့ နှစ်ယောက် အတွက် ဒီဝိညာဉ်တွေကို ရဖို့ ခက်မှာပဲ မဟုတ်လား..”

“ညီခြောက်… မင်းနားမလည်သေးပါဘူး။ ကောင်းကင်ဘုံ သားရဲတွေက ကြွင်းကျန်နေမယ် ဆိုရင်တောင် သူတို့အစာဖြစ်တဲ့ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် မရှိတဲ့အတွက် သူတို့က အားနည်းလို့နေပြီ။ ငါတို့က ဝိညာဉ် တစ်ကောင်ကို တွေ့ခဲ့ပြီး ကလန်ကို ပြန်ယူသွားခဲ့မယ် ဆိုရင် ငါတို့က ကလန်အတွက် လုပ်ဆောင်ချက်ကြီး တစ်ခုကို ပြုလုပ် ပေးနိုင်လိမ့်မယ်။ အတိတ်တုန်းက ဘိုးဘေးက ဒီနေရာမှာ ကောင်းကင်ဘုံ သားရဲဝိညာဉ် တစ်ကောင်ကို ဒီမှာ ရှာတွေ့နိုင်ခဲ့ပြီး တာလော့ဂြိုဟ်ကို စုစည်းခဲ့ပြီး တာလော့ကလန်ကို ကျော်ကြားအောင် ပြုလုပ်နိုင်ခဲ့တယ်…”

ဝမ်လင်းက သည်နှစ်ယောက် ပြောနေသည့် စကားများကို နားထောင်ရင်း စိတ်လှုပ်ရှား မိနေသည်။ သူက ကောင်းကင်ဘုံ သားရဲ ဘုရားကျောင်းသည် မည်သည့်အရာ ဖြစ်သည်ကို မသိချေ။ သို့သော် ထိုနှစ်ယောက် ပြောပုံကို နားထောင် ကြည့်ပြီးနောက် သူက အကြမ်းဖျင်းတော့ ခန့်မှန်းနိုင်ခဲ့ပြီ ဖြစ်သည်။

သည်နေရာသည် ကောင်းကင်ဘုံနယ်မြေ၏ ကောင်းကင်ဘုံ သားရဲများ၏ နေအိမ် ဖြစ်ခဲ့ပေလိမ့်မည်။ ကပ်ဘေးတွင် သည်သားရဲများက အကုန်မသေဆုံးခဲ့ပဲ အချို့က ဆက်လက် တည်ရှိခဲ့ဟန် ရသည်။

ထို့ကြောင့်လည်း သည်နေရာတွင် တာလော့ကလန်၏ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင် ရှိနေခဲ့ခြင်း ဖြစ်သည်။

ဝမ်လင်းက သူ့ရှေ့က နှစ်ယောက်နောက်ကို လိုက်ရင်း သူ့မျက်လုံးက တလက်လက် ဖြစ်နေ၏။ သည်တွင်းပေါက်သည် သိပ်နက်လှခြင်း မရှိပေ။ ထို့ကြောင့် သူတို့က အောက်ခြေသို့ မြန်ဆန်စွာ ရောက်သွားသည်။ သူတို့နှစ်ယောက် ခြေချလိုက်ပြီးသည်နှင့် ရှေ့သို့ ထပ်မံ ပျံသန်း သွားကြသည်။

ဝမ်လင်းက သူ့နတ်ဘုရား အာရုံဖြင့် ဖြန့်ကြက် ကြည့်လိုက်ပြီးနောက် တုန်လှုပ်မိသွားသည်။ သည်နေရာက လိုဏ်ဂူအကြီးစား တစ်ခုပင်။ သူ့တည်ဆောက်ပုံက ဝင်ပေါက်များစွာဖြင့် ပျားအုံ တစ်ခုအလား တည်ဆောက်ထားခြင်းပင်။

သူက ဝင်ပေါက်ထဲက တစ်ခုသို့ ပျံသန်းသွား၏။ သည်ဝင်ပေါက်က ရှေ့ကလူနှစ်ယောက် ဝင်သွားသည့် အပေါက်ပင် ဖြစ်သည်။

သူက ပျံသန်းသွားစဉ်မှာ သူ့ရှေ့က လူနှစ်ယောက်က ပေတစ်ရာခန့်တွင် ရပ်တန့်သွားသည်ကို နတ်ဘုရား အာရုံကြောင့် သိရှိလိုက်သည်။ သည်နှစ်ယောက်၏ ရှေ့တွင် ဆယ့်နှစ်ပေခန့်ရှိသည့် ကျောက်ရုပ်ထု တစ်ခု ရှိလို့နေသည်။

သည်ကျောက်ရုပ်ထုက ဧရာမ ငှက်သားရဲအသွင် ရှိ၏။

“အတိတ်တုန်းက ဘိုးဘေးက ဒီနေရာမှာ ကောင်းကင်ဘုံ သားရဲကို ဒီနေရာမှာ တွေ့ခဲ့တာပဲ။ ဂျူနီယာ ညီလေးက ငါ ဒီနားပတ်လည်က ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကို စုစည်းနေချိန်မှာ ငါ့ကို ကာကွယ် ပေးထားပါ…”

ညီခြောက်က ထိုစကားကို ကြားလိုက်သည့်အခါ အလျင်အမြန် ခေါင်းညိတ်လိုက်ပြီးနောက် သူ့နောက်ကျောက ဓားကို ထုတ်ကာ ဦးခေါင်းထက်တွင် ဝှေ့ဝှိုက်စေလိုက်၏။ သူက ပတ်ဝန်းကျင်ကို အာရုံစိုက်၍ ကြည့်နေပြီး တစ်ခုခုမှားနေသည်နှင့် ချက်ချင်း သတိပြုမိပေလိမ့်မည်။

တတိယအကိုက သူ့ညီခြောက်ကို ကျေနပ်စွာ ကြည့်ပြီးနောက် အသက်ဝဝ ရှူသွင်း လိုက်သည်။ သူက နည်းစနစ်တချို့ကို အသုံးပြုလိုက်ရာ သူ့လက်ရှိ သွေးကြောများသည် ဖောင်းကြွလာပြီး သူက ကျောက်ရုပ်ထုကို တွန်းလိုက်၏။ တုန်ခါသံများ ကြားရပြီးနောက် သည်ကျောက်ရုပ်ထုက ဘေးတစ်ဖက်သို့ ရွေ့သွားသည်။ သူ့မျက်နှာကလည်း ဖျော့တော့သွားသည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ထပ်မံတွန်းပြန်၏။ ထို့နောက် ကျောက်ရုပ်တုပေါ်သို့ လေကြမ်းတစ်ချက် တိုက်ခတ်သွားသည်။

ကျောက်ရုပ်ထုက ထပ်မံ ရွှေ့လျား သွားပြန်သည်။ သည့်နောက် အောက်ခြေတွင် လက်သီးစုပ်ခန့် အပေါက်တစ်ခု ပေါ်လာခဲ့သည်။ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင် အမျှင်တန်းက သည်အပေါက်ထဲမှ ထွက်ပေါ်လာခဲ့သည်။

သည်လူက သိုလှောင်အိတ်ထဲသို့ လျင်မြန်စွာ လက်နှိုက်လိုက်ရာ အစိမ်းရောင် ဘူးသီးခြောက်လေး တစ်ခု ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များသည် သည်ဘူးသီးခြောက်၏ လျင်မြန်စွာ စုပ်ယူခြင်းကို ခံလိုက်ရ၏။

“ညီခြောက်… ဒီတစ်ကြိမ် စွမ်းအင်ရိတ်သိမ်းရတာ အတော်လေး ကောင်းတယ်။ ဒီစွမ်းအင်တွေ့က ကောင်းကင်ဘုံ ကျောက်စိမ်းပြားနှစ်ခုကို ရဖို့ လုံလောက်တယ်။ တစ်ခုက ငါတို့နှစ်ယောက် အတွက်၊ နောက်တစ်ခုက ကလန်အတွက်ပေါ့…”

တတိယအကိုက ရယ်မောလိုက်ပြီးနောက် သူက ကျောက်ရုပ်တုကို သူ့နေရာနှင့်သူ ပြန်ထားလိုက်သည်။

ညီခြောက်က ခေါင်းညိတ်လိုက်ပြီး ဘူးသီးခြောက်ကို ကြည့်ကာ မေးလိုက်သည်။ “ဒီဟာက ဝိညာဉ် သန့်စင်ခြင်း ဘူးသီးခြောက် ဖြစ်လိမ့်မယ်…”

အကိုသုံးက ဆေးလုံးတစ်လုံးကို ထုတ်၍ မျိုချလိုက်သည်။ သူက လက်ထဲရှိ ဘူးသီးခြောက်ကို လှုပ်ရမ်း၍ ဂုဏ်ယူစွာပြောသည်။ “ဒါ မှန်တယ်။ ဒါက ဘိုးဘေး ကိုယ်တိုင် သန့်စင်မွမ်းမံခဲ့တဲ့ ဝိညာဉ်သန့်စင်ခြင်း ဘူးသီးခြောက် သုံးခုထဲက တစ်ခုပဲ။ ဒါနဲ့ဆိုရင် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကို အချိန်ကုန်စရာမလိုဘဲ စုဆောင်းနိုင်တယ်…”

ဝမ်လင်းက သည်မြင်ကွင်းကို နတ်ဘုရားအာရုံဖြင့် တွေ့မြင်နေရသည်။ သူ့အာရုံစိုက်မှုက ရုတ်တရက် ဘူးသီးခြောက်ပေါ်သို့ ကျရောက်သွားသည်။ သည်ဘူးသီးခြောက်က တကယ့် ရတနာတစ်ခုပင်။ သူက သည်ဟာကို ရလျှင် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကို သန့်စင်ရန်သုံးသည့် အချိန်ပမာဏကို လျော့ချ ပေးနိုင်မည်အပြင် ပို၍လည်း စုဆောင်းနိုင်မည် ဖြစ်သည်။

သူက အေးစက်စွာ ပြုံးလိုက်သည်။ သည်နှစ်ယောက်ကို ကြည့်လိုက်သည်နှင့် သူတို့က တာလော့ကလန်မှ ဖြစ်ကြောင်း သိနိုင်သည်။ သူက သည်ကလန်ကို ဒေါသထွက်ပြီး ဖြစ်သဖြင့် သည်ရတနာကို ခိုးယူရန် နည်းလမ်း ရှာရမည် ဖြစ်သည်။

သူတို့နှစ်ယောက်လုံးက စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အစောပိုင်း အဆင့်များ ဖြစ်ကြသော်လည်း ညီခြောက်၏ အဆင့်က ခုမှတက်တာ မကြာသေးသဖြင့် မတည်ငြိမ်သေးပေ။ သို့ရာတွင် သူတို့နှစ်ယောက်က ဝှက်ဖဲများ ရှိပေလိမ့်မည်။ ထို့ကြောင့် ဝမ်လင်းက လက်လွတ်စပယ် လုပ်ခြင်း မပြုဘဲ အခွင့်အရေးကို စောင့်ဆိုင်းနေ၏။

သူတို့နှစ်ယောက်က စကားစမြည်ပြောပြီးနောက် လိုဏ်ဂူဝသို့ ပျံသန်းလာ၏။

သည်နေရာသည် အချိုးအကွေ့များစွာဖြင့် ပြည့်နေ၏။ ဝမ်လင်းက သူ့နတ်ဘုရား အာရံကို ထိုနှစ်ယောက်ပေါ်တွင် ထားရှိထားနိုင်ခြင်း မရှိပါက သူတို့ကို နောက်က လိုက်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။ သူတို့နှစ်ယောက်က အချိန်အတန်ကြာ ရွှေ့လျားသွားပြီးနောက် တတိယအစ်ကိုက ရပ်၍ အကွာအဝေး တစ်ခုကို ထူးဆန်းသော မျက်နှာပေးဖြင့် စူးစိုက်ကြည့်နေသည်။

အကွာအဝေး တစ်ခုတွင် နံရံနှင့် ကပ်ထားသည့် အလောင်းတစ်လောင်း ရှိနေသည်။ သည်အလောင်း၏ လက်ထဲတွင် အလင်းခပ်ဖျော့ဖျော့လှိုင်းများ ထုတ်လွှတ်နေသော အလင်းလုံး တစ်လုံး ရှိနေသည်။

***

All Chapters