← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

အပိုင်း ၅၅

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ယိုရှာစစ်သူရဲဆိုသည်မှာ မည်သည်နည်း။ ယေဘုယျအားဖြင့် တော်ဝင်မိသားစုနှင့် မြေရှင်ပဒေသရာဇ်များက ခန့်အပ်ထားသည့် စစ်သူရဲများသည် လစာမြင့်မြင့်နှင့် မြေယာကျယ်ကြီးများကို ရရှိကြ၏။ သူတို့က တကယ်ကို သာလွန်ထူးကဲသူများ ဖြစ်ကြသည်။ ဥပမာအားဖြင့် လန်လင်းက ထျန်းရွှေမြို့၏ မြို့စားကြီးရာထူးကို အောင်မြင်စွာ ဆက်ခံပြီးနောက် အဆင့်မြင့် စစ်သူရဲနှစ်ဆယ် အပါအဝင် စစ်သူရဲ တစ်ရာခန့်ကို ခန့်အပ်ပိုင်ခွင့် ရှိ၏။

ယိုရှာစစ်သူရဲများဆိုသည်မှာ တော်ဝင်မိသားစုထံမှ ဘွဲ့ရာထူးများ မရရှိဖူးသူများ သို့မဟုတ် နိုင်ငံရေး အာဏာလုပွဲများ၌ သူတို့၏ သခင်များ ဆုံးရှုံးသွားပြီး ရာထူးမှ ဖယ်ရှားခံရသူများ ဖြစ်ကြ၏။

ငွေဒင်္ဂါးများနှင့် လူရိုင်းများ၏ ခေါင်းကို လဲလှယ်ခြင်းမှာ နုလန်ဘုရင့်နိုင်ငံ၏ အခြေခံမူဝါဒတစ်ခု ဖြစ်သည်။ ထိုအရာအတွက် ဘုရင့်နိုင်ငံက နှစ်စဉ် ငွေကြေးအမြောက်အမြား သုံးစွဲနေရသော်ငြား နယ်စပ်ကို ငြိမ်းချမ်းစေ၏။ အလယ်ပိုင်းဒေသ တစ်ခွင်မှ ရိုင်းစိုင်းသည့် စစ်သည်များက လူရိုင်းများကို အမဲလိုက်ရန် ဤနေရာသို့ စုရုံးရောက်ရှိလာကြသည်။ ဤအကြောင်းကြောင့် နုလန်ဘုရင့်နိုင်ငံက တောင်ပိုင်းနယ်စပ်သို့ စစ်တပ်စေလွှတ်ရန်ပင် မလိုအပ်တော့ချေ။

နှစ်ပေါင်းများစွာ မရပ်မနား အမဲလိုက်ပြီးနောက် ဘုရင့်နိုင်ငံအတွင်း သို့မဟုတ် နယ်စပ်မှ မိုင်တစ်ရာအတွင်း လူရိုင်းတစ်ယောက်ကို ရှာတွေ့ရန်ပင် အလွန်တရာ ခက်ခဲသွားလေပြီ။

နန်ရီမြို့သို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် လန်လင်းက မရေမတွက်နိုင်သည့် မုဆိုးများကို မြင်လိုက်ရ၏။ သူတို့က လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး လူဒါဇင် သို့မဟုတ် ရာဂဏန်းခန့် အုပ်စုဖွဲ့၍ သွားလာနေကာ အမျိုးသားနှင့် အမျိုးသမီးများ ရောနှောနေသည်။

ကျယ်လောင်ရိုင်းစိုင်းစွာ စကားပြောဆိုကြပြီး လမ်းမများပေါ်၌ မောက်မာဝင့်ကြွားစွာ သွားလာနေကြ၏။ ကမောက်ကမနိုင်လှသည့် လေထုကြောင့် အနည်းငယ် လွှမ်းမိုးခံလိုက်ရသဖြင့် လန်လင်းက ခေါင်းကုတ်လိုက်သည်။

ရဲ့ကျင်းယွီက လန်လင်းကို မြို့စောင့်တပ်စခန်းဆီသို့ ခေါ်ဆောင်သွား၏။ မုဆိုးတံဆိပ်များ ရယူရန် အရာရှိတစ်ယောက်ကို သူတို့ ရှာကြသည်။ ဤတံဆိပ်ဖြင့် မုဆိုးများမှာ အခြားအမဲလိုက်အဖွဲ့များ၏ တိုက်ခိုက်မှုကို မခံရဘဲ နယ်စပ်ကိုဖြတ်ကာ လူသူအရောက်အပေါက်နည်းသည့် တောင်တန်းများဆီသို့ ဝင်ရောက်နိုင်မည် ဖြစ်၏။

သေချာပေါက် အကယ်၍ အဖွဲ့တစ်ဖွဲ့က တန်ဖိုးကြီးပစ္စည်းများစွာ စုဆောင်းရရှိထားပါက အခြားမုဆိုးများအနေဖြင့် သူတို့ကို သတ်ဖြတ်ကာ ဆုလာဘ်များကို လုယူလိုသည့် ဆန္ဒကို တွန်းလှန်ရန် ခက်ခဲနေဆဲ ဖြစ်ပေလိမ့်မည်။ ထို့အတွက်ကြောင့် တောင်ပိုင်းနယ်စပ်မှာ အလွန်တရာ အန္တရာယ်များလှသည့် နေရာတစ်ခုအဖြစ် ကျန်ရှိနေဆဲပင်။

အရာရှိက ဖောင်တစ်ခု ကမ်းပေးလိုက်၏။ “နာမည် ၊ မွေးရပ်မြေနဲ့ သိုင်းပညာအဆင့် ဖြည့်လိုက်။”

ဖြည့်စွက်ရန် ရဲ့ကျင်းယွီက ရှေ့သို့ လှမ်းထွက်လာသည်။ သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ အလွန်တရာ ဆွဲဆောင်မှုရှိလှပြီး သူမ၏ ကျောပြင်နှင့် တင်ပါး အကွေးအကောက်များက ပတ်ဝန်းကျင်ရှိ အမျိုးသားများထံမှ တောက်လောင်နေသည့် အကြည့်များကို ချက်ချင်းပင် ဆွဲဆောင်သွား၏။ အရာရှိမှာ တံတွေးများ ကျမတတ် သူမကို ကြောင်တောင်တောင် စိုက်ကြည့်နေသည်။

သူမ ပြီးစီးသွားပြီးနောက် အရာရှိက မုဆိုးတံဆိပ်များကို လက်နှစ်ဖက်ဖြင့် ဆက်သလိုက်၏။ တက်ကြွမှုကြောင့် သူ၏ မျက်လုံးများ ပြူးကျယ်နေသည်။ “ဒါကို သေချာ သိမ်းထားပါ။ အများကြီး ရပါစေ။ လိုအပ်တာရှိရင် လာခဲ့။”

ရဲ့ကျင်းယွီက တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး တံဆိပ်များကို လန်လင်းနှင့် သူမကိုယ်တိုင်၌ တပ်ဆင်လိုက်၏။

လန်လင်း၏ တံဆိပ်မှာ အဖြူရောင်ဖြစ်ပြီး သိုင်းပညာစွမ်းရည် အလွန်နိမ့်ကျသည့် အငယ်တန်းမုဆိုးတစ်ယောက်ကို ကိုယ်စားပြုသည်။

ရဲ့ကျင်းယွီ၏ တံဆိပ်မှာ အနီရောင်ဖြစ်ကာ အဆင့်မြင့် စစ်သည်တော်တစ်ဦးကို ကိုယ်စားပြု၏။ အတိတ်ကာလက ဤတံဆိပ်များ ရယူရန် အလွန်တင်းကျပ်ပြီး ခွန်အား စမ်းသပ်မှုတစ်ခု လိုအပ်ခဲ့သည်။

သို့သော် အရာရှိများက ယခုအခါ ဖြတ်လမ်းနည်းများ သုံးနေကြပြီ ဖြစ်၏။ လူတစ်ယောက်က မည်သည့် ကျင့်ကြံမှုအဆင့်ဟု ပြောပြော လက်ခံပေးကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က ကြွားဝါပြီးနောက် တောထဲ၌ အသတ်ခံရပါက သူတို့၏ ပြဿနာသာ ဖြစ်ပေလိမ့်မည်။

တပ်စခန်းမှ ထွက်ခွာပြီးနောက် ရဲ့ကျင်းယွီက လန်လင်းကို တည်းခိုခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွား၏။

အထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ဆူညံသံများနှင့် ဆိုးရွားလှသည့် အနံ့အသက်များကြောင့် လန်လင်းမှာ နောက်သို့ လန်ကျသွားမတတ် ဖြစ်သွားသည်။ ရွံရှာမှုကြောင့် သူ နှာခေါင်းရှုံ့လိုက်၏။

ဧည့်ခန်းမအတွင်း၌ အဝတ်အစား နည်းပါးစွာ ဝတ်ဆင်ထားသည့် အမျိုးသမီးများစွာက အဝတ်အစားချွတ်ကာ ကပြဖျော်ဖြေနေကြသည်။ ကျယ်လောင်သည့် တေးဂီတသံ ၊ အမျိုးသားများ၏ အော်ဟစ်သံများနှင့် အမျိုးသမီးများ၏ စူးရှသည့် အသံများ ရောနှောနေမှုက နားအတွက် အလွန်တရာ ကြီးမားသည့် နှိပ်စက်မှုပင်။

ပြင်းထန်သည့် အရက်နံ့ ၊ ဈေးပေါသော အလှပြင်ပစ္စည်းများနှင့် အမျိုးသားများ၏ ချွေးနံ့တို့ ပေါင်းစပ်ကာ ပျို့အန်ချင်စရာကောင်းသည့် အနံ့ဆိုးတစ်ခုကို ဖန်တီးနေ၏။

လန်လင်းက ရဲ့ကျင်းယွီ၏ နားအနီးသို့ ကပ်အော်လိုက်သည်။ “တခြားတည်းခိုခန်း သွားရအောင်။”

သူ၏ နွေးထွေးသည့် ဝင်သက်လေက သူမ၏ နားရွက်ကို ပွတ်တိုက်သွားပြီး ယားယံသွားစေ၏။ သူမ၏ နူးညံ့သည့် ခန္ဓာကိုယ်လေး အနည်းငယ် တုန်ယင်သွားကာ မျက်နှာ နီရဲသွားသည်။

ရဲ့ကျင်းယွီက ကမောက်ကမဖြစ်နေသည့် လူအုပ်ကို စွေကြည့်လိုက်၏။ “ဒါ အသန့်ရှင်းဆုံးနဲ့ အတိတ်ဆိတ်ဆုံးပဲ။”

လန်လင်းတစ်ယောက် အံ့ဩမှုဖြင့် ခါးသီးသည့် အပြုံးတစ်ခု ပြုံးလိုက်သည်။ ဤနေရာက အတိတ်ဆိတ်ဆုံး တည်းခိုခန်းဆိုလျှင် အခြားနေရာများက မည်မျှပင် ဆိုးရွားနေမည်နည်း။ ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ရုံဖြင့် လူဝကြီးတစ်ယောက်ရှေ့၌ ဒူးထောက်ကာ လူမြင်ကွင်း၌ ရိုင်းစိုင်းသည့် အပြုအမူများ လုပ်ဆောင်နေသော အမျိုးသမီးတစ်ဦးကို သူ မြင်လိုက်ရ၏။

မူးယစ်နေသည့် အမျိုးသားများ၏ စမ်းသပ်ကိုင်တွယ်နေသော လက်များကို ရှောင်ရှားရင်း ရဲ့ကျင်းယွီက ကောင်တာဆီသို့ တိုးထွက်သွားသည်။ သူမက မျက်မှောင်ကြုတ်ထား၏။ “အခန်းတစ်ခန်း ပေး။ အကောင်းဆုံးအခန်း။”

သို့သော် လန်လင်းကမူ ထိုမျှ ကံမကောင်းချေ။ သူမနောက်မှ လိုက်ပါလာစဉ် မရေမတွက်နိုင်သည့် ရိုင်းစိုင်းသော အမျိုးသမီးများ၏ စမ်းသပ်ကိုင်တွယ်မှုကို သူ ခံလိုက်ရသည်။ သူတို့မှာ အလွန်တရာ ရဲတင်းလှပြီး သူ၏ လျှို့ဝှက်နေရာများကိုပင် လှမ်းကိုင်ကြသေး၏။

လန်လင်း အံကို တင်းတင်းကြိတ်ကာ သက်သောင့်သက်သာမရှိလှသည့် လမ်းလျှောက်ခြင်းကို တိတ်တဆိတ် သည်းခံလိုက်သည်။

ရဲ့ကျင်းယွီက အခန်းတစ်ခန်းတည်း တောင်းလိုက်သည်ကို ကြားသည့်အခါ သူ အနည်းငယ် အံ့ဩသွား၏။ သို့သော် သူမက ရှင်းပြနေရန် မလိုအပ်ချေ။ လန်လင်း၏ သိုင်းပညာမှာ အားနည်းလွန်းပြီး ဤနေရာကလည်း အလွန်တရာ အန္တရာယ်များလှသည်။ သူ့ကို ကာကွယ်ရန် သူမ အနီးကပ် နေရပေလိမ့်မည်။

တည်းခိုခန်းပိုင်ရှင်က ငွေအတွက် လက်ဖြန့်လိုက်၏။ ရဲ့ကျင်းယွီက သူ့ထံသို့ ငွေဒင်္ဂါး သုံးပြား ပစ်ပေးလိုက်သည်။

တည်းခိုခန်းပိုင်ရှင်က ခေါင်းရမ်းလိုက်၏။ “မလောက်ဘူး။ ငွေဒင်္ဂါး ငါးပြား ပေး။”

ဤဈေးနှုန်းမှာ အလွန်အမင်း မြင့်မားလွန်းလှသည်။ တော်ဝင်မြို့တော်ရှိ ဇိမ်ခံတည်းခိုခန်းများက ဆယ်ဆခန့် ပိုကောင်းမွန်သော်လည်း ငွေဒင်္ဂါး နှစ်ပြား ၊ သုံးပြားခန့်သာ ကျသင့်၏။

ဆက်လက်၍ မျက်မှောင်ကြုတ်ထားရင်း ရဲ့ကျင်းယွီက နောက်ထပ် ငွေဒင်္ဂါး နှစ်ပြားကို ထုတ်ပေးလိုက်သည်။ ရွံရှာသည့် အကြည့်ဖြင့် ကောင်တာပေါ်မှ အဆီပြန်နေသော အခန်းသော့ကို ယူရန် သူမ၏ လက်အိတ်များကို အသုံးပြုလိုက်၏။ ထို့နောက် လှေကားဆီသို့ လူအုပ်ကြားမှ တိုးထွက်သွားလိုက်သည်။

သူတို့ အပေါ်သို့ တက်သွားစဉ် ရဲ့ကျင်းယွီ၏ ဆွဲဆောင်မှုရှိလှသည့် ခန္ဓာကိုယ်အချိုးအစားက နောက်တစ်ကြိမ် အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာပြန်၏။ မရေမတွက်နိုင်သည့် အမျိုးသားများက လှုပ်ခါနေသည့် သူမ၏ တင်ပါးများနှင့် ရှည်လျားသော ခြေတံများကို သေသေချာချာ စိုက်ကြည့်ရင်း ရမ္မက်ဆန္ဒများဖြင့် တံတွေးမြိုချလိုက်ကြသည်။

နောက်ဆုံး၌ ရိုင်းစိုင်းသည့် စစ်သည်တစ်ယောက်က မခံစားနိုင်တော့ချေ။ သူက ရှေ့သို့ လှမ်းထွက်ကာ သူတို့၏ လမ်းကို ပိတ်ရပ်လိုက်ပြီး လှောင်ပြုံးတစ်ခု ပြုံးလိုက်၏။ “မိန်းကလေး... မင်းဘေးက ကောင်ချောလေးက အခွံသက်သက်ပဲ။ ငါနဲ့ ရက်အနည်းငယ်လောက် နေရင် ဘယ်လိုလဲ။ တစ်ရက် ရွှေဒင်္ဂါး တစ်ပြား ပေးမယ်။”

ရဲ့ကျင်းယွီက သူ့ကို မထီမဲ့မြင်ဟန်ဖြင့် လှောင်ပြုံးတစ်ခု ပြုံးပြလိုက်သည်။ သူမ၏ မျက်နှာအမူအရာကို မြင်လိုက်ရချိန်၌ စစ်သည်မှာ ရုတ်တရက် ကြောက်ရွံ့ထိတ်လန့်မှုတစ်ခုကို ခံစားလိုက်ရ၏။

မျက်စိတစ်မှိတ်အတွင်း ရဲ့ကျင်းယွီက ရှေ့သို့ လှမ်းထွက်လိုက်ကာ သူ၏ ပေါင်ခြံကြားသို့ ဒူးဖြင့် အပြင်းအထန် တိုက်ချလိုက်သည်။

ဂွပ်...

ဥများ ကွဲသွားသည့် အသံကိုပင် ကြားလိုက်ရသည်။

ခံရသူမှာ သူ မဟုတ်သော်ငြား ကိုယ်ချင်းစာမှုဖြင့် နာကျင်မှုကို ခံစားလိုက်ရပြီး လန်လင်း၏ မျက်နှာကြွက်သားများပင် တွန့်လိမ်သွား၏။ သူ၏ ကျောရိုးတစ်လျှောက် ကြက်သီးများ ထလာသည်။

“အားးး” ယိုရှာစစ်သူရဲက သွေးပျက်ဖွယ် ကောင်းလောက်အောင် အော်ဟစ်လိုက်ပြီး နာကျင်မှုကြောင့် မျက်လုံးနှစ်လုံးကို တင်းတင်းမှိတ်ထားကာ လှေကားပေါ်မှ ပြုတ်ကျသွား၏။

အောက်ဘက်ရှိ အမျိုးသမီးများက ချက်ချင်းပင် လှောင်ပြောင်ရယ်မောလိုက်ကြသည်။ အခြားအမျိုးသားများမှာ သူတို့ကိုယ်တိုင်ပင် အလွန်အမင်း နာကျင်မှုကို ခံစားလိုက်ရသကဲ့သို့ ကြောက်ရွံ့မှုဖြင့် နောက်သို့ ဆုတ်သွားကြ၏။

သို့သော် အဆင့်မြင့် ယိုရှာစစ်သူရဲ အနည်းငယ်ကမူ ရဲ့ကျင်းယွီကို ပို၍ လောဘကြီးသည့် အကြည့်များဖြင့် ကြည့်လာကြသည်။ သူမ၏ ကြမ်းတမ်းပြီး ဆူးပမာ စူးရှသည့် အလှတရားက သူတို့ကို နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်သွား၏။

လန်လင်းနှင့် ရဲ့ကျင်းယွီတို့၏ အခန်းမှာ တတိယထပ်၌ ရှိသည်။ စင်္ကြံတစ်လျှောက် လျှောက်သွားစဉ် အခန်းတိုင်းနီးပါးမှ ထွက်ပေါ်နေသည့် ရိုင်းစိုင်းကာ မသင့်လျော်သော အသံများကို လန်လင်း ကြားလိုက်ရ၏။

သူတို့၏ တံခါးဝသို့ ရောက်သည်နှင့် ဘေးခန်း ပွင့်လာသည်။ ပါးလွှာပြီး ဖောက်ထွင်းမြင်နေရသည့် အဝတ်စလေးကိုသာ ဝတ်ဆင်ထားသော တောင့်တင်းလှသည့် အမျိုးသမီးတစ်ဦး ထွက်လာ၏။ သူမက မည်သည်ကိုမှ ဖုံးကွယ်ထားခြင်း မရှိချေ။

လန်လင်း၏ ချောမောသည့် မျက်နှာကို မြင်သည့်အခါ သူမ၏ မျက်လုံးတို့က စိတ်ဝင်စားမှုဖြင့် တောက်ပလာသည်။ သူမက ဆွဲဆောင်ဖြားယောင်းသည့်ဟန်ဖြင့် မျက်တောင်များ ပုတ်ခတ်လိုက်၏။ “လူချောလေး... အဖော်ပြုပေးရမလား။ အလကားပဲနော်။”

လန်လင်းက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ချောမောနေခြင်းက တကယ့်ကို အတွေ့အကြုံသစ်တစ်ခုပင်။ အမျိုးသမီးများက သူ၏ ငွေကိုပင် မလိုချင်ကြချေ။

လန်လင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ “မလိုဘူး။”

လက်မလျှော့ဘဲ အမျိုးသမီးက ကမ်းလှမ်းလာသည်။ “ငွေဒင်္ဂါး ဆယ်ပြား ပေးမယ်။ ဘယ်လိုလဲ။”

လန်လင်း ဆွံ့အသွား၏။ အခမဲ့ဖြစ်ရုံသာမက တကယ်ကြီး ငွေပင် ရနိုင်သေးသည်လား။

ရဲ့ကျင်းယွီ၏ မျက်လုံးတို့က ရေခဲတမျှ အေးစက်သွားသည်။ သူမက အမျိုးသမီးကို ခြိမ်းခြောက်သည့်ဟန်ဖြင့် စိုက်ကြည့်လိုက်၏။ “နောက်တစ်ခွန်းဟရင် မျက်လုံးကို ဖောက်ထုတ်ပစ်မယ်။”

အမျိုးသမီးကမူ လုံးဝ မကြောက်ရွံ့ချေ။ သူမက ရဲ့ကျင်းယွီကို အထက်အောက် စုန်ဆန်ကြည့်လိုက်ရာ မနာလိုမှုအရိပ်အယောင်တစ်ခုက သူမ၏ မျက်လုံးထဲ၌ ဖြတ်ပြေးသွားသည်။

ထို့နောက် လန်လင်းကို ဆွဲဆောင်ဖြားယောင်းသည့် အကြည့်ဖြင့် နောက်တစ်ကြိမ် ကြည့်လိုက်ပြီးနောက် ဆော့ကစားချင်သည့်ဟန်ဖြင့် နှုတ်ခမ်းကို တွန့်ကာ တိုးတိုးလေး ပြောလိုက်၏။ “လူချောလေး... ဒီကျားမကြီး အိပ်တာနဲ့ လာရှာလို့ရတယ်။ ဘယ်လောက်လိုချင်လဲ။ ဈေးညှိလို့ရတယ်။”

ထိုသို့ပြောပြီးနောက် ကျက်သရေရှိစွာဖြင့် လျှောက်သွားသည်။ ဖြတ်သွားသည့် အမျိုးသားများက သူမကို ပေါ့ပေါ့ပါးပါး စမ်းသပ်ကိုင်တွယ်ကြသော်ငြား သူမက ဂရုမစိုက်ဘဲ ရိုင်းစိုင်းစွာ ရယ်မောကာ သူတို့ကို နောက်ပြောင်သည့်ဟန်ဖြင့် ပြန်လည်ရိုက်ပုတ်နေ၏။

ရဲ့ကျင်းယွီက စွေကြည့်နေဆဲဖြစ်ကာ မေးလိုက်သည်။ “သခင်လေး မလိုချင်ဘူးလား။ ယောက်ျားတွေက ဒီလိုမိန်းမမျိုးတွေကို အကြိုက်ဆုံးပဲမလား။ ညစ်ပတ်တယ်လို့ မထင်ဘူးလား။”

လန်လင်းက ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေလိုက်၏။ “ကျိနင်လို မြွေဟောက်မထက်တော့ ပိုကောင်းသေးတယ်မလား။ သူတို့အပေါ် ငါ့မှာ ဘာအစွဲမှ မရှိဘူး။”

ရဲ့ကျင်းယွီက မှတ်ချက်ပြုလိုက်သည်။ “ဒါဆို သခင်လေးက ဆိုလွန်နဲ့ တစ်ပုံစံတည်းပဲ။”

ထိုစဉ် ပြည့်တန်ဆာမ၏ ဖောက်သည်က တံခါးပိတ်ရန် ထွက်လာ၏။ သူက လုံးဝ ကိုယ်တီးလုံးဖြစ်နေသည့် အမျိုးသားတစ်ဦးဖြစ်ပြီး အံ့ဩစရာကောင်းလောက်အောင် ရိုးသားကာ အပြစ်ကင်းစင်သော ရုပ်သွင်ရှိနေ၍ အလွန်တရာ ထူးဆန်းသည့် မြင်ကွင်းတစ်ခု ဖြစ်နေသည်။

တံခါးလက်ကိုင်ကို သူ ကိုင်လိုက်စဉ် သူ၏ အကြည့်က ရဲ့ကျင်းယွီ၏ မျက်နှာပေါ်သို့ ကျရောက်သွား၏။

ချက်ချင်းပင် အမျိုးသား၏ မျက်နှာက ဖြူရော်သွားသည်။ သူက ကြောက်မက်ဖွယ် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ပေါင်ခြံကြားကို လက်နှစ်ဖက်ဖြင့် အမြန်အုပ်ကာ တံခါးကို ဆောင့်ပိတ်လိုက်၏။

သူ၏ တုံ့ပြန်မှုကို မြင်သည့်အခါ ရဲ့ကျင်းယွီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသော်ငြား တိတ်ဆိတ်နေဆဲပင်။ သူမက အဆီပြန်နေသည့် သော့ကို ထုတ်ကာ သူတို့၏ တံခါးကို ဖွင့်လိုက်သည်။

အထဲသို့ ဝင်လိုက်သည်နှင့် လန်လင်းမှာ အေးခဲသွား၏။ ဤသည်က အကောင်းဆုံးနှင့် အဈေးအကြီးဆုံး အခန်းတဲ့လား။ အခန်းက ကျယ်ဝန်းသော်ငြား ကုတင်ပေါ်မှ အိပ်ရာခင်းများက ရေမလျှော်သည်မှာ ပတ်နှင့်ချီ ကြာနေပြီဖြစ်သည့်ပုံ ပေါက်နေသည်။ အခန်းထဲ၌ အလွတ်ဖြစ်နေသည့် အရက်ပုလင်းများနှင့် ညစ်ပတ်နေသော ပန်းကန်များလည်း.ပြန့်ကျဲနေသေးသည်။ လုံးဝကို ကမောက်ကမနိုင်လှ၏။

ဤအခန်းက ငွေဒင်္ဂါး ငါးပြား ပေးရပြီး အဓိပ္ပာယ်မရှိသည့် ဈေးနှုန်းပင်။ လုံးဝကို လိမ်လည်မှုကြီးတစ်ခုပင်။

ရဲ့ကျင်းယွီက ခပ်ရေးရေးပြုံးကာ ပြောသည်။ “သခင်လေး... ဒီညတော့ ဒီတိုင်းပဲ အိပ်ရမှာပေါ့။ မနက်ဖြန်ကျရင် အမဲလိုက်ဖို့ နယ်စပ်ကနေ ထွက်ကြမယ်။”

ထို့နောက် သူမက လက်လျှော့လိုက်သည့်ဟန်ဖြင့် ပခုံးတွန့်လိုက်ပြီးနောက် သူမ၏ အိတ်ထဲမှ အသစ်စက်စက် သန့်ရှင်းသည့် အိပ်ရာခင်းတစ်ခုကို ဆွဲထုတ်ကာ ညစ်ပတ်နေသည့် ကုတင်ပေါ်၌ ဖြန့်ခင်းလိုက်၏။

အပိုင်း ၅၅ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters