← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

Chapter 55

ချန်ကျိုးသည် ကိုယ်ကိုငုံ့လျက် အခန်းပြင်ပရှိ သေးငယ်သော ပုံရိပ်လေးကို အကဲခတ်လိုက်သည်။

မြွေပါသတ္တဝါမျိုးနွယ်၊ ကျင့်ကြံဆင့်က အဆင့်ခုနှစ် ဖြစ်ပြီး ပေခုန်းကျင့်စဉ်အဆင့်ရှိသည်။ အဓိက စွမ်းရည်များမှာ အဆိပ်ငွေ့တိုက်ခိုက်မှုနှင့် ပုံရိပ်ယောင်တိုက်ခိုက်မှုတို့ ဖြစ်ပြီး ထိုပုံရိပ်ယောင်ထဲသို့ ကျရောက်သွားသူများသည် စိတ်တွင်းရှိ အလိုလောဘများ၏ ထိန်းချုပ်ခြင်းကို ခံရတတ်သည်။

ဦးခေါင်းထက်တွင် သားရေဦးထုပ်အသေးလေး ဆောင်းထားသော ထိုအကောင်ငယ်လေးသည် သူ၏ မျက်ဝန်းအစုံဖြင့် ချန်ကျိုးကို စိုက်ကြည့်နေသည်။

"အစ်ကိုလေး၊ မင်းအမြင်မှာ ငါက လူနဲ့တူလား၊ နတ်ဘုရားနဲ့တူလား"

ထိုအကောင်ငယ်လေးသည် သွားကလေးများကို ဖြဲလျက် မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာပေးဖြင့် မေးရှာသည်။

ချန်ကျိုးကတော့ သမ်းဝေလိုက်ရင်း "ငါ့အမြင်မှာတော့ မင်းက လူမိုက်တစ်ယောက်နဲ့ တူတယ်"

တံခါးမှာ အေးစက်စွာ ပိတ်သွားခဲ့ပြီ ဖြစ်သည်။

ထိုအကောင်ငယ်လေးမှာ ဘာမျှမသိလိုက်ရသေးမီ တံခါးနှင့် နှာခေါင်းတို့ တိုက်မိသွားသဖြင့် ကိုယ်ကို နောက်သို့ လန်ကျသွားခဲ့ရကာ သူ၏ သားရေဦးထုပ်လေးမှာလည်း တစ်မီတာခန့် အကွာသို့ လွင့်စင်သွားခဲ့ရသည်။

သူသည် ခြေဖဝါးဖြင့် နှာခေါင်းကို အသာအယာ ကိုင်ကြည့်ရာ သွေးများ ပေကျံလာခဲ့သည်။

"ကောင်းပြီလေ ချန်ကျိုး၊ ငါက မင်းအပေါ် ဒီလောက်ယဥ်ကျေးတာတောင် မင်းက ငါ့ကို အရေးမစိုက်ဝံ့ဘူးပေါ့"

ထိုအကောင်ငယ်လေးသည် ဒေါသထွက်သွားခဲ့ပြီး သူ၏ ဦးထုပ်လေးကို ကောက်ယူကာ ဖုန်များကို ခါလျက် ဦးခေါင်းထက်သို့ ပြန်လည် ဆောင်းလိုက်ပြီးနောက် နောက်ခြေနှစ်ဖက်ဖြင့် မတ်တတ်ရပ်ကာ ဒေါသအပြည့်ဖြင့် တံခါးကို ထပ်မံ လာရောက် ခေါက်လေတော့သည်။

တံခါးခေါက်သံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။

ချန်ကျိုးသည် လဲလျောင်းလိုက်ချိန်တွင် တံခါးခေါက်သံကြောင့် စိတ်မရှည်စွာဖြင့် တုတ်တစ်ချောင်းကို ကိုင်ဆောင်လျက် ထ၍ တံခါးဖွင့်လိုက်သည်။

"ကောင်လေး၊ မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်၊ မင်းအမြင်မှာ ငါက လူနဲ့တူလား၊ နတ်ဘုရားနဲ့တူလား"

ထိုအကောင်ငယ်လေးက ခြိမ်းခြောက်သော လေသံဖြင့် မေးမြန်းလိုက်သည်။

ချန်ကျိုး တုတ်ကို မြှောက်လျက် "မင်းအမြင်မှာ ငါက မင်းရဲ့ အဘိုးကြီးနဲ့ တူလား၊ မတူဘူးလား" ဟု အော်ဟစ်လိုက်သည်။

ပြောဆိုနေရင်းမှ တုတ်ဖြင့် ထိုအကောင်ငယ်လေးကို လှမ်း၍ ရိုက်ပစ်လိုက်သည်။

ထိုအကောင်ငယ်လေးသည် ကိုယ်ထည် သေးငယ်လှသဖြင့် ချန်ကျိုး၏ တုတ်ချက်ကို လျင်မြန်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။

"ကောင်းပြီလေ ကောင်လေး၊ ဒီနေ့တော့ မင်းသေရင်သေ၊ မဟုတ်ရင် ငါသေရမယ်"

ထိုအကောင်ငယ်လေးသည် ချန်ကျိုး၏ တုတ်ကို အပိုင်ချိန်လျက် အပေါ်သို့ ခုန်တက်ကာ တုတ်ကို တင်းတင်းဆုပ်ကိုင်ပြီး ကိုယ်ကို လျင်မြန်စွာ လှည့်လျက် ဖင်ကို ချန်ကျိုးဘက်သို့ လှည့်လိုက်သည်။

ဝါဝင်းသော အဆိပ်ငွေ့များသည် ထိုအကောင်ငယ်လေး၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့ပြီး ချန်ကျိုး မျက်နှာတည့်တည့်သို့ ရောက်ရှိသွားခဲ့သည်။

ချန်ကျိုးသည် ထိုအနံ့အသက်မှာ အလွန်တရာ နံစော်လှသည်ဟု ခံစားလိုက်ရပြီးနောက် မျက်စိရှေ့မှောက်ရှိ လောကကြီးတစ်ခုလုံးမှာ လှည့်ပတ် ပြောင်းလဲလာခဲ့သည်။

သူ၏ ခြေထောက်အောက်တွင် မြင့်မားလှသော တောင်တန်းကြီး ရှိနေပြီး တောင်တန်းကြီး၏ အောက်ဘက်တွင်မူ ရင်းနှီးကျွမ်းဝင်သော မျက်နှာများ ဖြစ်ကြသည့် ကျန်းယိုယို ၊ သုန်းသုန်းချီ၊ လော့ယွီမင်၊ ဝူပေါ်ထုံ စသူတို့ ရှိနေကြသည်။

၎င်းတို့အားလုံးသည် သူ့အတွက် အော်ဟစ် အားပေးနေကြပြီး သူ့ကို သူရဲကောင်းကြီးတစ်ဦးကဲ့သို့ သတ်မှတ်နေကြသည်။

ချန်ကျိုးသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိကာ ပြုံးချင်စိတ်ကို အတင်းအောင့်ထားသော်လည်း စိတ်တွင်းရှိ ပျော်ရွှင်မှုများကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

[စနစ်သည် အဆိပ်အတောက်များကို သန့်စင်ပေးနေပါသည်]

ပုံရိပ်ယောင်ထဲတွင် နစ်မြုပ်နေသော ချန်ကျိုးသည် ဦးနှောက်မှာ တစ်ခဏချင်း ကြည်လင်သွားခဲ့ပြီး မျက်စိရှေ့မှောက်ရှိ ပုံရိပ်ယောင်များမှာလည်း မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်သွားကာ အဝါရောင် အမွှေးအမျှင်များ ရှိသော မျက်နှာတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ထိုအကောင်ငယ်လေးသည် ချန်ကျိုး၏ မျက်နှာပေါ်တွင် ကပ်လျက် သူ၏ ခြေသည်းများကို မြှောက်ကာ ချန်ကျိုး၏ မျက်နှာကို ရက်စက်စွာ ကုတ်ဖဲ့ရန် ပြင်နေသည်။

"ငါ့အဘိုးအကြောင်း ပြောမနေနဲ့၊ ငါ့ရဲ့ အောင်ပွဲကို လာနှောင့်ယှက်ရဲတယ်ပေါ့"

ချန်ကျိုးသည် မိမိ၏ မျက်နှာပေါ်ရှိ ထိုအကောင်ငယ်လေးကို ဆွဲယူလျက် မီတာအနည်းငယ်အကွာသို့ လွှင့်ပစ်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ကုတ်ခြစ်ရာ သုံးကြောင်း ပေါ်ပေါက်သွားခဲ့ပြီး သွေးစက်ကလေးများ ထွက်ပေါ်လာခဲ့သည်။

ထိုအကောင်ငယ်လေးသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး အကြိမ်အနည်းငယ်မျှ လိမ့်သွားခဲ့ရသည်။

"မင်း၊ ငါ့ရဲ့ ပုံရိပ်ယောင်ထဲ မဝင်သွားဘူးလား"

ထိုအကောင်ငယ်လေးသည် အလွန်တရာ အံ့အားသင့်သွားခဲ့သည်။

ချန်ကျိုးက စကားမဆိုဘဲ တုတ်ကို ကိုင်ဆောင်လျက် ရှေ့သို့ လှမ်းလာခဲ့သည်။

ထိုအကောင်ငယ်လေးသည် အသိစိတ်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိကာ သူ၏ ဦးနှောက်အနည်းငယ်ဖြင့် လျင်မြန်စွာ စဉ်းစားမိသည်မှာ

“လောင်ဝမ်ရှား ပြောတော့ ချန်ကျိုးက သာမန်လူတစ်ယောက်ပဲ ဆို၊ ဒါဆို ငါ့ရဲ့ အဆိပ်ငွေ့တွေက ဘာလို့ အလုပ်မလုပ်ရတာလဲ”

ထိုလောင်ဝမ်ရှားက သူ့ကို ချောက်ချလိုက်ခြင်း ဖြစ်ပေသည်။

ရက်စက်ကြမ်းကြုတ်သော အမူအရာ ရှိနေသည့် ချန်ကျိုးကို ရင်ဆိုင်ရသဖြင့် ထိုအကောင်ငယ်လေးသည် စိတ်ရောဂါဆေးရုံအပြင်ဘက်သို့ အပြေးအလွှား ထွက်ပြေးလေတော့သည်။

[စနစ်၏ စွမ်းရည် တိုးမြှင့်ခြင်း: နတ်မိစ္ဆာချုပ်နှောင်ကြိုး]

အပ်ချည်မျှင်ကဲ့သို့ သေးငယ်လှသော အဖြူရောင်လိုင်းတစ်ခုသည် လေထုထဲမှတစ်ဆင့် ထိုအကောင်ငယ်လေး၏ လည်ပင်းကို ရစ်ပတ်လိုက်သဖြင့် သူသည် နံရံနားသို့ အပြေးအလွှား ရောက်ရှိသွားစဉ်မှာပင် လဲကျသွားခဲ့ရသည်။

တုတ်ကို ကိုင်ဆောင်ထားသော ချန်ကျိုးက ပို၍ ပို၍ နီးကပ်လာသည်ကို မြင်တွေ့ရသဖြင့် ထိုအကောင်ငယ်လေးသည် လွတ်မြောက်ရန်အတွက် အပြင်းအထန် ရုန်းကန်နေမိသည်။

ချန်ကျိုးသည် ရှေ့သို့ လှမ်းလာခဲ့ပြီး ထိုအကောင်ငယ်လေး၏ ဦးခေါင်းကို တုတ်ဖြင့် တစ်ချက် ရိုက်ချလိုက်သည်။

ထိုအကောင်ငယ်လေးသည် ကိုယ်ကို ယိမ်းထိုးသွားခဲ့ပြီး "မူးလိုက်တာ" ဟု ညည်းတွားမိရှာသည်။

ထိုအကောင်ငယ်လေးသည် တိတ်တဆိတ် ပြန်လည် နိုးထလာခဲ့သည်။

သူသည် မိမိ၏ ခြေလက်လေးဖက်လုံးကို ဖြဲထားလျက် ယခင်ကမရှိဖူးသေးသော အရှက်ရဖွယ် ပုံစံမျိုးဖြင့် သစ်သားကုလားထိုင်၏ ခြေထောက်နှစ်ဖက်ကြားတွင် ချည်နှောင်ခြင်း ခံထားရသည်ကို သတိပြုမိလိုက်သည်။

သူ့ ရှေ့မှောက်တွင် လူတစ်ယောက်နှင့် သရဲတစ်ကောင် ရပ်နေကြသည်။

ထိုလူမှာ ချန်ကျိုးဖြစ်ပြီး သရဲမှာ လေလွင့်ဝိညာဥ်လေး ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ဘေးလူမရှိသကဲ့သို့ပင် သူ့ကို အကဲခတ်ဝေဖန်နေကြသည်။

လေလွင့်ဝိညာဥ်လေး "ချန်ကျိုး၊ စကားပြောတတ်တဲ့ ကြွက်မျိုးကို ငါတစ်ခါမှ မမြင်ဖူးသေးဘူး၊ ဒါကို တို့တွေ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားကြမလား"

ချန်ကျိုးက "မရဘူး၊ ဒီကြွက်ကလေးက အတော်လေး ဆိုးတယ်၊ စောစောက ငါ့ကို အဆိပ်ငွေ့နဲ့ လာလွှတ်သေးတယ်၊ နံစော်နေတာပဲ"

"ဟေး၊ မင်းတို့ မျက်လုံးကို သေသေချာချာ ဖွင့်ကြည့်ကြဦး၊ ငါက မြွေပါ ကွ၊ စစ်မှန်တဲ့ သွေးမျိုးဆက်ကလာတဲ့ ပညာရှင်ကြီးတစ်ပါးပဲ၊ ငါ့ရဲ့ ဘိုးဘွားဘီဘင် အဆက်ဆက်ကလည်း စစ်မှန်တဲ့ သွေးမျိုးဆက်တွေချည်းပဲ"

ထိုအကောင်ငယ်လေးသည် ဒေါသထွက်သွားခဲ့ပြီး မိမိ၏ လက်ရှိ အခြေအနေကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပြန်လည် ချေပလိုက်သည်။

ဒီစကားကို ကြားသောအခါ လေလွင့်ဝိညာဥ်လေး သည် ပို၍ စိတ်ဝင်စားသွားခဲ့ပြီး "ဒါက မြွေပါပေါ့၊ မြွေပါတွေက စေတနာကောင်း မရှိကြဘူး၊ တို့တွေ ဒါကို မထားတော့ဘဲ ကြောင်ကြီးကိုပဲ ကျွေးလိုက်ကြရအောင်" ဟု ဆိုသည်။

ထိုအကောင်ငယ်လေးက နှာခေါင်းရှုံ့လိုက်ရင်း "ကြောင် ဟုတ်လား၊ ငါက ပညာရှင်ကြီးကွ၊ ကြောင်ဆိုတာ ငါ့ကို ဒူးထောက် အရိုအသေပေးရမယ့်အကောင်" ဟု စိန်ခေါ်လိုက်သည်။

ချန်ကျိုးသည် စိတ်ဝင်စားသွားခဲ့ပြီး လေလွင့်ဝိညာဥ်လေးကို မေးမြန်းလိုက်သည်။

"ဟုတ်လို့လား၊ ကြောင်ကြီး၊ ကြောင်ကြီး"

နှစ်တစ်ထောင် ကျားဝိညာဉ်သည် အသံကြားသည်နှင့် ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။

ကျားဝိညာဉ်ကြီး၏ ဟိန်းဟောက်သံကြောင့် ထိုအကောင်ငယ်လေး၏ အမွှေးအမျှင်များမှာ ထောင်မတ်သွားခဲ့ရသည်။

ထိုအကောင်ငယ်လေးသည် ပေခုန်းကျင့်စဉ်အဆင့်ရှိ ပညာရှင်တစ်ဦး ဖြစ်သော်လည်း သွေးမျိုးဆက်၏ နက်ရှိုင်းသော နေရာမှ လာသည့် ဖိနှိပ်မှုများကြောင့် တစ်ကိုယ်လုံး တုန်ရီနေမိဆဲ ဖြစ်သည်။

"မင်း၊ မင်းတို့က ဒါကို ကြောင်လို့ ခေါ်တာလား"

ချန်ကျိုးသည် ကြောင်ကြီး၏ ဦးခေါင်းကို အသာအယာ ပုတ်လိုက်ရင်း "ဒီအကောင်ငယ်လေးက ပြောတယ်၊ မင်းက သူ့ကို မြင်ရင် ဒူးထောက်ရမယ်ဆို" ဟု မေးလိုက်သည်။

နှစ်တစ်ထောင် ကျားဝိညာဉ်သည် မကျေနပ်သဖြင့် ထိုအကောင်ငယ်လေးကို ထပ်မံ ဟိန်းဟောက်လိုက်ရာ သူ၏ နားနှစ်ဖက်စလုံး အူသွားခဲ့ရသည်။

ထိုအကောင်ငယ်လေးသည် ထိတ်လန့်တကြား တုန်ရီသွားခဲ့ပြီး သူ့မျက်လုံးငယ်များဖြင့် နှစ်တစ်ထောင် ကျားဝိညာဉ်၏ အစွယ်ကြီးများကို စိုက်ကြည့်နေမိကာ ယခုအခါ သူ့ကျင့်ကြံဆင့်မှာ ဖိနှိပ်ခြင်း ခံထားရသဖြင့် ထိုကျားဝိညာဉ်၏ စွယ်တစ်ချောင်းတည်းဖြင့်ပင် သူ့ ဦးခေါင်းကို ထိုးဖောက်သွားနိုင်ပေသည်။

သူ့ အသားအနည်းငယ်မှာ ထိုကြောင်ကြီး၏သွားကြားညှပ်ရန်အတွက်ပင် လုံလောက်မည် မဟုတ်ချေ။

လေလွင့်ဝိညာဥ်လေးက လှောင်ပြောင်လိုက်ရင်း "ချန်ကျိုး၊ မြန်မြန်ကြည့်ဦး၊ သူ ကြောက်လွန်းလို့ ဆီးထွက်ကျလာပြီ"

ကုလားထိုင်အောက်တွင် အဝါရောင်အရည်များ ပျံ့နှံ့လာခဲ့ပြီ ဖြစ်သည်။

ထိုအကောင်ငယ်လေးသည် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပြုံးလိုက်မိကာ မျက်လုံးများကိုမူ နှစ်တစ်ထောင် ကျားဝိညာဉ်ထံမှ တစ်ဖက်သို့ မလွှဲဝံ့ချေ။

"ချန်၊ ချန်ကျိုး၊ ဆရာကြီးချန်၊ ငါကလည်း အိမ်မွေးတိရစ္ဆာန် လုပ်လို့ရပါတယ်၊ ငါက အိမ်စောင့်ပေးနိုင်သလို သီချင်းဆို ကကွက်တွေလည်း တတ်ပါတယ်၊ အစားလည်း အများကြီး မစားပါဘူး၊ တကယ်ပါ၊ တို့တွေကြားထဲက ကိစ္စက တကယ့်ကို အထင်လွဲတာပါ၊ လူယုတ်မာရဲ့ သွေးထိုးမှုကို ခံလိုက်ရလို့ပါ"

ထိုအကောင်ငယ်လေးသည် သူ့ မျက်လုံးငယ်များကို လှုပ်ရှားလျက် ကပျာကယာ ပြောဆိုလေတော့သည်။

"လူယုတ်မာ ဟုတ်လား"

ချန်ကျိုးသည် တစ်ချက် ကြောင်အသွားခဲ့သည်။

"ဒါက လောင်ဝမ်ရှားပဲ၊ သူက ကောင်းကင်မိစ္ဆာဂိုဏ်းက မိစ္ဆာဂိုဏ်းသားတစ်ယောက်ဖြစ်ပြီး ကျင့်ကြံဆင့်က ပေခုန်းကျင့်စဉ်အဆင့်မှာ ရှိတယ်၊ ငါကလည်း ကံဆိုးမိုးမှောင်ကျလို့ အဖမ်းခံရပြီး ဒီလောင်ဝမ်ရှားဆီ ရောင်းစားခံလိုက်ရတာပါ၊ မတတ်နိုင်ဘူးလေ၊ သခင်အဖြစ် သတ်မှတ်လိုက်ရတော့ သူခိုင်းတာကိုပဲ လုပ်ရတော့တာပေါ့"

ထိုအကောင်ငယ်လေးသည် လောင်ဝမ်ရှား၏အကြောင်းများကို တရစပ် ပြောဆိုလိုက်ပြီး ချန်ကျိုး မယုံကြည်မည်ကို စိုးရိမ်သဖြင့် ဆက်လက် ပြောကြားပြန်သည်။

"ကျင်းဟိုင်ဆေးရုံက ဝိညာဉ်ကူပိုးကောင် ကိစ္စကလည်း ကျင့်ကြံဆင့်တွေကို ထုတ်ယူဖို့အတွက် ပြုလုပ်တာပါ၊ ဒီကျင့်ကြံဆင့်တွေကို မိစ္ဆာဂိုဏ်းသားတွေဆီ ပြန်လည် ရောင်းချပြီး သူတို့ရဲ့စွမ်းရည်ကို အတင်းအဓမ္မ မြှင့်တင်ပေးတာ ဖြစ်ပါတယ်”

“ငါက ဝိညာဉ်ကူပိုးကောင် မိနေတဲ့သူတွေကို ဘယ်လို ခွဲခြားရမလဲဆိုတာလည်း သိပါတယ်၊ ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ မှတ်တမ်းတွေအရ ဝိညာဉ်ကူပိုးကောင် မိနေတဲ့သူ နှစ်ထောင်သုံးရာခုနစ်ဆယ့်ခြောက်ယောက်ရှိပါတယ်"

"ဒါကြောင့်မို့လို့ ငါ့ရဲ့ အခန်းငယ်လေး ဖျက်ဆီးခံရတာပေါ့၊ တကယ်ပဲ ငါ့ကို ဒုက္ခပေးချင်တဲ့ လူယုတ်မာတွေ ရှိနေတာပဲ"

ချန်ကျိုးသည် မေးစေ့ကို လက်ဖြင့်ထောက်လျက် ရေရွတ်လိုက်သည်။

ထိုအကောင်ငယ်လေးက

"ဒါက မင်းက ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ တိုးတက်မှုကို အဟန့်အတား လုပ်ခဲ့လို့လေ၊ မင်းက စတေးမျက်လုံးကို ဖျက်ဆီးပစ်ခဲ့သလို အခြား အစီအရင်မျက်စိတွေကိုလည်း အကုန်လုံး ပျက်စီးစေခဲ့တယ်၊ ကောင်းကင်မိစ္ဆာဂိုဏ်းက မင်းကို သတ်ဖြတ်ဖို့ အသေအချာ ပြင်ဆင်နေတာပေါ့”

“ပြီးတော့ မင်းက လျောင်တယ်ဆရာတော်ကိုလည်း သတ်ပစ်ခဲ့လို့ ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ စီးပွားရေးလမ်းကြောင်းကို ဖြတ်တောက် လိုက်သလို ဖြစ်သွားတာကြောင့် သူတို့က မင်းကို ဘယ်တော့မှ လွှတ်ထားမှာ မဟုတ်ဘူး" ဟု ဆိုသည်။

ချန်ကျိုးသည် မျက်လုံးများကို ဝေ့ယံလိုက်ရင်း လေလွင့်ဝိညာဥ်လေးကို သံသယစိတ်ဖြင့် မေးမြန်းလိုက်သည်။

"စတေးမျက်လုံးဆိုတာ ဘာလဲ"

လေလွင့်ဝိညာဥ်လေးက စဉ်းစားလိုက်ရင်း "ဝိညာဉ်ချုပ်ထိန်းရေးဌာနကို သွားတဲ့ သစ္စာဖောက်မလေးက စတေးမျက်လုံးထဲမှာ ပိတ်မိနေခဲ့တာ ထင်တယ်၊ အဲဒီ အလောင်းခြောက်တွေ ရှိတဲ့နေရာ ဖြစ်လိမ့်မယ်" ဟု ပြန်ပြောသည်။

"အော်၊ ဒါဆို လျောင်တယ်ဆရာတော်ဆိုတာ ဘယ်သူလဲ"

လေလွင့်ဝိညာဥ်လေးက ခေါင်းခါလိုက်ရင်း "ငါလည်း မမြင်ဖူးဘူး"

ထိုအကောင်ငယ်လေးသည် ပါးစပ်ကို ဟစိဟစိ လုပ်နေမိကာ မည်သို့ စကားစရမှန်း မသိတော့ချေ၊ ဤမျှ ကြီးမားလှသော ကိစ္စရပ်ကြီးကို မင်းအနေဖြင့် ဘာမှတ်ဉာဏ်မျှ မရှိရတာလဲ။

“ကောင်းကင်မိစ္ဆာဂိုဏ်းကတော့ မင်းကို ဘယ်လို သတ်ဖြတ်ရမလဲဆိုတာ နေ့တိုင်း အစည်းအဝေး ပြုလုပ်ပြီး ဆွေးနွေးနေကြတာ”

All Chapters