← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

Chapter 56

စစ်ဆေးမေးမြန်းနေစဉ် အခန်းပြင်ပမှ တံခါးခေါက်သံ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

“ဒေါက်၊ ဒေါက်၊ ဒေါက်”

ချန်ကျိုးသည် မြွေပါငယ်ထံသို့ မျက်လုံးအစုံ ရောက်ရှိသွားရာ မြွေပါငယ်က ၎င်းနှင့်မသက်ဆိုင်ကြောင်း ကပျာကယာ ခေါင်းခါပြလိုက်သည်။

ချန်ကျိုးသည် တံခါးဝဆီသို့ သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်ရာ တံခါးဘေးရှိ ပြတင်းပေါက်တွင် သရဲရိပ်တစ်ခု ဝဲပျံနေပြီး ထိုသရဲရိပ်က လက်ကို မျက်ခုံးပေါ်တင်လျက် မျက်မှောင်ကုပ်ကာ အခန်းတွင်း အခြေအနေများကို ချောင်းမြောင်းကြည့်ရှုနေသည်။

ဆံပင်ရှည်ရှည်နှင့် ဖြစ်သည်။

တစ်ဖက်စီသို့ စောင်းနေသော မျက်ဝန်းအစုံ ရှိသည်။

မျက်စိစောင်းသရဲမ ဖြစ်ပေသည်။

စောစောကတင် သူမအကြောင်းကို ပြောနေခဲ့ကြရာ ကျားလည်းနောက်က လူလည်းရှေ့က ဆိုသလိုပင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ချန်ကျိုးသည် လေလွင့်ဝိညာဉ်လေးအား တံခါးသွားဖွင့်ရန် မျက်ရိပ်ပြလိုက်သည်။

လေလွင့်ဝိညာဉ်လေးက တံခါးကို ဖွင့်ပေးလိုက်ရာ မျက်စိစောင်းသရဲမသည် တံခါးအပြင်ဘက်တွင် ဝဲပျံနေပြီး လက်နှစ်ဖက်ဖြင့် လက်ဆောင်ပစ္စည်းများကို ကိုင်ဆောင်လျက် ရှက်ကိုးရှက်ကန်း အမူအရာ လုပ်နေရှာသည်။

"ဆရာကြီး" မျက်စိစောင်းသရဲမက တိုးညှင်းသော အသံဖြင့် ခေါ်လိုက်သည်။

ချန်ကျိုးက ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး မျက်နှာကို တစ်ဖက်သို့ လွှဲကာ "မြေခွေးက ကြက်ကို လာရောက် ကန်တော့တယ်ပေါ့၊ မင်းက အခု ဓားပြဗိုလ်ကြီးရဲ့ ဂိုဏ်းထဲက မိန်းမဓားပြဖြစ်နေပြီ မဟုတ်လား၊ ငါ့ဆီကို ဘာလာလုပ်သေးတာလဲ"

မြွေပါငယ်ကတော့ စိတ်ထဲကနေ ငါနဲ့ ဘာဆိုင်လို့လဲဟု တွေးနေမိသည်။

"ဆရာကြီး၊ ဒီလိုမဟုတ်ပါဘူး၊ သမီးလို အာဏာရော အင်အားပါမရှိတဲ့ သရဲမတစ်ကောင်က အားကိုးရာ အခိုင်အမာ မရှာထားရင် ဒီလောကထဲမှာ ကြာကြာနေနိုင်မှာ မဟုတ်ပါဘူး၊ ညဘက်ရောက်တာနဲ့ ကောင်းကင်မိစ္ဆာဂိုဏ်းနဲ့ တခြားကျင့်ကြံသူတွေက မြို့ထဲမှာ သရဲ လိုက်ဖမ်းနေကြတာ၊ သမီးရဲ့စွမ်းရည်ကလည်း အလွန်အားနည်းလွန်းတော့ ဝိညာဉ်ချုပ်ထိန်းရေးဌာနက လူတွေနဲ့ တွေ့သွားတာနဲ့ပဲ ခိုလှုံရာနေရာတစ်ခု ရရှိသွားတာပါ"

မျက်စိစောင်းသရဲမကမူ အားငယ်စွာ ပြောရှာသည်။

ကုလားထိုင်တွင် ချည်နှောင်ခြင်း ခံထားရသော မြွေပါငယ်သည် သူ့ မျက်လုံးငယ်များဖြင့် ရောက်ရှိလာသော မျက်စိစောင်းသရဲမကို တိတ်တဆိတ် အကဲခတ်လိုက်ပြီး ခေါင်းကို စောင်းလျက် စဉ်းစားကာ အသက်ကို ပြင်းပြင်းရှူ၍ ထပ်မံ စဉ်းစားမိသည်။

"မင်းက ကိုးယင်ခန္ဓာပိုင်ရှင် မဟုတ်လား"

မြွေပါငယ်က သေချာရေရာခြင်းမရှိဘဲ မေးမြန်းလိုက်သည်။

ချန်ကျိုးသည် ပါးစပ်ကို ဟစိဟစိ လုပ်လျက် သံသယအပြည့် ဖြစ်သွားခဲ့ရသည်။

စနစ်က စိတ်ထဲကနေ ပြစ်တင်ဝေဖန်လိုက်သည်မှာ

[မင်းက ငါ့ရဲ့ သတိပေးချက်တွေကို လေထဲလွှင့်ပစ်လိုက်တာလား၊ စတေးမျက်လုံးကိုလည်း မှတ်မိခြင်းမရှိဘူး၊ လျောင်တယ်ဆရာ တော်ကိုလည်း မှတ်မိခြင်းမရှိဘူး၊ အခု စစ်မှန်လှတဲ့ ကိုးယင်ခန္ဓာပိုင်ရှင်ကိုတောင် မှတ်မိခြင်းမရှိဘူး]

မျက်စိစောင်းသရဲမက ခေါင်းငြိမ့်ပြလိုက်ရင်း "ဌာနမှူးကတော့ အဲ့လိုမျိုး ပြောတာပဲ၊ သမီးလည်း ကိုးယင်ခန္ဓာဆိုတာ ဘာလဲ မသိပါဘူး၊ ဒါပေမဲ့ ဌာနမှူးက ဒီကိစ္စကို ပြင်ပလူတွေကိုပေးမသိစေနဲ့လို့ မှာထားတယ်၊ သမီးရဲ့လက်ရှိ စွမ်းရည်က အရမ်းအားနည်းနေသေးတော့ ကိုးယင်ခန္ဓာပိုင်ရှင်မှန်း အများက သိသွားရင် လုပ်ကြံခံရလိမ့်မယ်တဲ့"

မြွေပါငယ်သည် မိမိကိုယ်တိုင် ချည်နှောင်ခံထားရသည်ကို လုံးဝ မေ့လျော့သွားခဲ့ပြီး ခေါင်းလေးကို ငြိမ့်ပြလိုက်ရင်း "မင်းတို့ ဌာနမှူး ပြောတာ မှန်ပါတယ်၊ ဘယ်ရန်သူကမှ ရန်သူ့ဘက်က အစွမ်းထက်လာမှာကို အလိုမရှိကြဘူး၊ မင်းက သရဲကျင့်စဉ်လမ်းရဲ့ ပါရမီရှင်ကြီး ဖြစ်နေတဲ့ ကိုးယင်ခန္ဓာပိုင်ရှင်ဖြစ်လိမ့်မယ်လို့ ငါ တကယ် တွေးမထားမိဘူး"

လေလွင့်ဝိညာဉ်လေးက ချန်ကျိုးအတွက် မကျေမနပ် ဖြစ်ပေးလိုက်ရင်း "နင်တို့ ဌာနမှူး ဟုတ်လား၊ အဟက်၊ အခုတော့ ဝန်ထမ်းသရဲ ဖြစ်သွားပြီဆိုတော့ ပါးစပ်ဖွင့်လိုက်တာနဲ့ နင်တို့ ဌာနမှူးချည်းပဲ ဖြစ်နေတော့တာပဲ၊ သစ္စာဖောက်ကတော့ သစ္စာဖောက်ပဲ"

လေလွင့်ဝိညာဉ်လေးက စကားနာထိုးလိုက်သဖြင့် ချန်ကျိုးသည် ပိုစိတ်မသက်မသာ ဖြစ်သွားခဲ့ရကာ "ဟွန်း၊ သစ္စာဖောက်" ဟု ရေရွတ်လိုက်သည်။

မျက်စိစောင်းသရဲမသည် မူလကပင် စကားပြော အလွန်ကောင်းမွန်သူမဟုတ်ရာ ချန်ကျိုးနှင့် လေလွင့်ဝိညာဉ်လေးတို့က သစ္စာဖောက်ဟု ပြောဆိုကြသဖြင့် မည်သို့ပြန်လည် ရှင်းလင်းရမှန်း မသိဘဲ စိုးရိမ်ပူပန်သွားရှာသည်။

"ဆရာကြီး၊ သမီး တကယ်ပဲ သစ္စာဖောက် မဟုတ်ပါဘူး၊ သမီး ဝိညာဉ်ချုပ်ထိန်းရေးဌာနမှာ ရှိနေရင်တောင် သမီးရဲ့ စိတ်ဝိညာဉ်က ဆရာ့ဆီမှာပဲ ရှိနေတာပါ၊ ဆရာကြီး၊ သမီးကို ယုံကြည်ပေးပါ၊ သမီးက ခိုလှုံရာ နေရာတစ်ခုရှာဖွေခဲ့ရုံသက်သက်ပါ"

ချန်ကျိုးသည် ဒီစကားကို ကြားသောအခါ ပိုဒေါသထွက်သွားခဲ့ပြီး "ဒါဆို မင်းရဲ့ သဘောက အဲဒီ ဓားပြဗိုလ်ကြီးက ငါ့ဆီထက် ပိုပြီး လုံခြုံတယ်ပေါ့ ဟုတ်လား" ဟု အော်ဟစ်လိုက်သည်။

ဒေါသထွက်စရာ ကောင်းလှပေသည်။

သူသည် ဓားပြဂိုဏ်းကြီးထဲသို့ သတ္တိရှိရှိ ဝင်ရောက်ကာ ခေါင်းတလားကြီးကို ပြန်လည်လုယူခဲ့သည့် သူရဲကောင်းကြီး ဖြစ်သည်ကို ဘယ်သူက မသိဘဲ နေပါမည်နည်း။

သေးငယ်လှသော မျက်စိစောင်းသရဲမက တကယ်ကို ရမ်းကားလွန်းလှပြီး ဓားပြထံသို့ သွားရောက် ခိုလှုံခဲ့ပါလျက်နှင့် ဓားပြဗိုလ်ကြီးကို ခိုလှုံရာနေရာဟု ဗြောင်ပြောဝံ့သေးသည်။

ချန်ကျိုး ဒေါသထွက်နေသည်ကို မြင်သောအခါ မျက်စိစောင်းသရဲမသည် ဒူးထောက်ချင်စိတ်ပင် ပေါက်နေတော့သည်။

"ဆရာကြီးကသာ သမီးကို လက်ခံမယ်ဆိုရင် ဝိညာဉ်ချုပ်ထိန်းရေးဌာန ဆယ်ခု ရှိရင်တောင် သမီး ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ပါဘူး၊ မဟုတ်ရင် သမီးလို မိန်းမသားတစ်ယောက်တည်း အထီးကျန်စွာနဲ့ ဒီလောကထဲမှာ ဘယ်လို ဆက်လက် ရပ်တည်နိုင်ပါ့မလဲ"

မျက်စိစောင်းသရဲမသည် မိမိ၏နာကျင်စရာများကို ပြောဆိုရင်း မျက်ရည်များ ကျလာရှာသည်။

မျက်စိစောင်းသရဲမ ငိုယိုနေသည်ကို မြင်သောအခါ ချန်ကျိုးသည် မိမိ၏လုပ်ရပ်မှာ အနည်းငယ် လွန်သွားသလားဟု စိတ်ထဲကနေ ပြန်လည် သံသယဝင်မိသွားသည်။ အစောပိုင်းကလည်း မျက်စိစောင်းသရဲမမှာ အသုံးမဝင်ဟု ပြောခဲ့သူမှာ သူဖြစ်ပြီး ယခုအခါ သစ္စာဖောက်ဟု ပြန်လည် ဆဲဆိုနေမိသည်မှာ သူ့အနေဖြင့် မည်သို့သင့်တော်ပါမည်နည်း။

တောင်းပန်ဖို့တော့ လုံးဝ မဖြစ်နိုင်ချေ။

ချန်ကျိုးသည် မျက်နှာကို တင်းထားလိုက်ပြီး အသိစိတ်ဖြင့် တံတွေးတစ်ချက် မျိုချလိုက်မိကာ သူ အမှန်တကယ်ပင် စိတ်ထဲတွင် အားနာသွားခဲ့ပြီ ဖြစ်သည်။

"ဒါဆိုရင်တော့ ငါ မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးပါ့မယ်၊ ဓားပြဗိုလ်ကြီးလား၊ ငါလား မင်းကိုယ်တိုင် ရွေးချယ်ပါ"

မျက်ရည်များ ကျနေသော မျက်စိစောင်းသရဲမသည် မိမိနောက်ခံအကြောင်းတရားများကို စကားအနည်းငယ် ထပ်မံရှင်းလင်းရန် ပြင်လိုက်သော်လည်း ချန်ကျိုးက ရွေးချယ်ခွင့်ပေးသည်ကို ကြားလိုက်ရုံဖြင့် မျက်နှာပေါ်ရှိ အမူအရာမှာ ချက်ချင်းပင် ဝမ်းမြောက်သွားခဲ့ပြီး ဘာမျှမစဉ်းစားတော့ဘဲ ဗြောင်ပြောလိုက်တော့သည်။

"ဆရာ့ကို ရွေးချယ်ပါတယ်၊ ဆရာကြီးကိုပဲ ရွေးချယ်ပါတယ်"

မျက်စိစောင်းသရဲမ ရောက်ရှိလာသည့် အချိန်မှာလည်း အလွန်တိုက်ဆိုင်လှပြီး ချန်ကျိုးသည် ဤလူယုတ်မာ မြွေပါငယ်ကြောင့် မျက်နှာတွင် ကုတ်ခြစ်ရာ ရရှိထားသည့် အချိန်ဖြစ်သည်။

ချန်ကျိုးသည် သွေးစက်ကလေးများ ထွက်နေသော မိမိ၏ကုတ်ခြစ်ရာကို အသာအယာ ကိုင်ကြည့်လိုက်ရင်း လက်မကို ဦးခေါင်းထက်သို့ မြှောက်ကာ မျက်နှာကိုတစ်ဖက်သို့ လွှဲလိုက်သည်။ သူသည် မျက်စိစောင်းသရဲမနှင့် ဒေါသတကြီးဖြင့် ဝိညာဉ်စာချုပ်ချုပ်ဆိုခဲ့ခြင်း မဟုတ်သလို သူကိုယ်တိုင်လည်း ချုပ်ဆိုချင်ခြင်း မဟုတ်ဘဲ မျက်စိစောင်းသရဲမက အတင်းအဓမ္မ တောင်းပန်လွန်းသဖြင့် ချုပ်ဆိုပေးလိုက်ခြင်း ဖြစ်ပေသည်။

မျက်စိစောင်းသရဲမကတော့ ဘာမျှအများကြီး မစဉ်းစားဘဲ ချန်ကျိုး၏သွေးပေကျံနေသော လက်မဆီသို့ ဝဲပျံသွားခဲ့ပြီး ၎င်း၏ နဖူးပြင်ကို အသာအယာ ကပ်လိုက်သည်။

မျက်စိစောင်းသရဲမ ကြမ်းပြင်ပေါ်သို့ ပြန်လည် ရောက်ရှိသွားသောအခါ နဖူးပြင်ထက်တွင် ချိုး ဆိုသည့် စာသားလေးတစ်ခု လင်းပွင့်လာခဲ့သည်။

လေလွင့်ဝိညာဉ်လေးက လက်နှစ်ဖက်ကိုရင်ဘတ်ပေါ်တွင် ပိုက်ထားလိုက်ရင်း မတတ်သာသော အမူအရာဖြင့် "ဒါဆိုရင်လည်း ငါက မင်းကို မတတ်သာဘဲ ခွင့်လွှတ်ပေးလိုက်ပါ့မယ်" ဟု ပြောလိုက်သည်။

မြွေပါငယ်သည် ဤမြင်ကွင်းကို ကြည့်လျက် မျက်စိစောင်းသရဲမအတွက် မကျေမနပ်ဖြစ်ပေးလိုက်မိသည်။

"အစ်မကြီး၊ မင်းက ဒီစိတ်ရောဂါသည်ရဲ့ ဘာကို သဘောကျလို့လဲ၊ မင်းက ကိုးယင်ခန္ဓာပိုင်ရှင်လေ၊ မင်းက သရဲကျင့်စဉ်လမ်းကို ကျင့်ကြံပြီး နတ်ဘုရားလမ်းစဉ်ကို လျှောက်လှမ်းရမယ့်သူ၊ ငါတို့လို ကျင့်ကြံသူတွေက အများရဲ့ကိုးကွယ်မှုကို ခံရမှာ၊ မင်းက ဘာဖြစ်လို့ ဒီလောက်တောင် အညံ့ခံနေရတာလဲ"

ပြောဆိုနေရင်းမှ ချန်ကျိုးသည် မိမိ၏လက်မပေါ်တွင် သွေးအချို့ကျန်ရှိနေသေးသည်ကို သတိပြုမိလိုက်ပြီး မျက်လုံးများကို မြွေပါငယ်ထံသို့ လွှဲလိုက်သည်။ သူသည် ဝိညာဉ်စာချုပ်က ဤကြွက်ကလေးအပေါ် အာနိသင် ရှိ၊ မရှိ သိချင်နေမိသည်။

"ဟေး ဟေး ဟေး နောက်ပြောင်နေတာ မဟုတ်ဘူးနော်၊ ငါ့မှာ စာချုပ် ရှိပြီးသား၊ မင်း ဒီလိုလုပ်ရင် ငါ စာချုပ်နှစ်ခုကြားထဲမှာ အပိုင်းပိုင်းအစစ ဖြစ်သွားလိမ့်မယ်၊ လွန်သွားပြီနော် ချန်ကျိုး၊ ဒါ ငါ့အသက်ကို ယူတာပဲ ချန်ကျိုး"

ချန်ကျိုး၏လက်မသည် မြွေပါငယ်၏ နဖူးပြင်ထက်သို့ အမှန်အကန် ဖိနှိပ်လိုက်ပြီ ဖြစ်သည်။

[စနစ်စစ်ဆေးချက် : တစ်ဖက်လူတွင် စာချုပ်ချုပ်ဆိုထားပြီးဖြစ်ပါသဖြင့် ၎င်း၏ စာချုပ်ဟောင်းအား ဖျက်သိမ်း၍ စာချုပ်အသစ်ပြန်လည် ချုပ်ဆိုနေပါသည်]

မြွေပါငယ်သည် ပါးစပ်ကို ဖြဲလျက် မျက်လုံးများကို တင်းတင်းပိတ်ကာ မျက်မှောင်ကုပ်ထားမိပြီး အသက်ပေးရန် အသင့်ရှိနေသည့် ပုံစံမျိုး လုပ်ထားလိုက်သည်။

မီးလင်းနေသော အလင်းတန်းများအောက်တွင် မြွေပါငယ်၏ခြေသည်းလေးများ ဘေးမှတစ်ဆင့် မည်းနက်သော လိုင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုလိုင်းသည် မီးစာကဲ့သို့ပင် လောင်ကျွမ်းပျောက်ကွယ်သွားခဲ့သည်။

စက္ကန့်အနည်းငယ်မျှ ကုန်ဆုံးသွားခဲ့သည်။

မြွေပါငယ်သည် မိမိ၏ ပျက်စီးသွားသော အမူအရာကြားထဲကနေ နာကျင်မှုများကို မခံစားရသဖြင့် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။

ဝဲယာသို့ ကြည့်လိုက်၊ အထက်အောက်သို့ ကြည့်လိုက်မိသည်။

သူ၏ ခြေသည်းများနှင့် အမြီးမှာ ရှိမြဲအတိုင်း ရှိနေသေးသည်။

“ဘာမှမဖြစ်ဘူးလား”

လောင်ဝမ်ရှားနှင့် ချုပ်ဆိုထားသော စာချုပ်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

"ငါ လောင်ဝမ်ရှားနဲ့ စာချုပ်ပျက်သွားတာလား၊ အာ၊ မင်းတို့ ဘယ်တွေကို ကြည့်နေကြတာလဲ၊ လျှောက်မကြည့်ကြနဲ့၊ မိန်းကလေးသားတွေ ဖြစ်ပြီးတော့ နည်းနည်းလေးမှ မရှက်ကြဘူး၊ မျက်စိပိတ်ထားကြစမ်း၊ လွန်လွန်းတယ်၊ ဘာပဲဖြစ်ဖြစ် ငါက ပညာရှင်ကြီးတစ်ပါးပဲ၊ မင်းတို့ ငါ့ကို နည်းနည်းလောက် ရိုသေကြဦးမှပေါ့"

[Host သည် ခုနစ်ဆင့် မြွေပါအား လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နေပါသည်]

[လိုက်လျောညီထွေဖြစ်မှု - ဆယ်ရာခိုင်နှုန်း၊ ငါးဆယ်ရာခိုင်နှုန်း]

မြွေပါငယ်သည် မိမိကိုယ်ကိုယ် ထူးဆန်းသော ခံစားချက်တစ်ခု ရရှိလာခဲ့သည်။ ထိုထူးဆန်းသော ခံစားချက်ကို မည်သို့ ဖော်ပြရမှန်း မသိသော်လည်း သူ့ ရှေ့မှောက်ရှိ လေလွင့်ဝိညာဉ်လေးအပေါ်တွင် အထူးတလည် ရင်းနှီးကျွမ်းဝင်မှု ခံစားလိုက်ရပြီး ထိုရင်းနှီးကျွမ်းဝင်မှုမှာ ပိုပိုပြင်းထန်လာခဲ့သည်။

[လိုက်လျောညီထွေဖြစ်မှု - တစ်ရာရာခိုင်နှုန်း]

[ပြီးပါပြီ]

“ဒီစိတ်ရောဂါသည်ကို ကြည့်ရတာ ဘာဖြစ်လို့ မျက်စိထဲမှာ အဆင်ပြေနေရတာလဲ”

တကယ်ပဲ ထွက်ပြေးချင်စိတ်တောင် မရှိတော့ဘူး။

မျက်စိစောင်းသရဲမက ချန်ကျိုးအား "ဆရာကြီး၊ သမီး ဟိုဓားပြဗိုလ်ကြီးကို သွားပြောလိုက်ရမလား၊ သူ့ကို စိတ်ပြတ်သွားအောင်လို့" ဟု မေးလိုက်သည်။

ချန်ကျိုးနှင့် ဝိညာဉ်စာချုပ် ချုပ်ဆိုထားပြီးဖြစ်သော မျက်စိစောင်းသရဲမသည် စကားပြောရာတွင်ပင် ပိုရဲတင်းလာခဲ့ပြီ ဖြစ်သည်။

ချန်ကျိုး လက်ကို ဝေ့ယမ်းလိုက်ရင်း သူမ စိတ်ကြိုက် ပြုလုပ်နိုင်ကြောင်း ပြသလိုက်သည်။

မျက်စိစောင်းသရဲမ ထွက်ခွာသွားပြီးနောက် ချန်ကျိုးသည် ဖုန်းကို ထုတ်ယူလျက် မြွေပါငယ်နှင့်အတူ ဓာတ်ပုံတစ်ပုံ တွဲရိုက်လိုက်သည်။

မြွေပါငယ်သည် ချန်ကျိုး၏ဟောင်းနွမ်းလှသော ဖုန်းစုတ်ကြီးကို မြင်သောအခါ လှောင်ပြောင်လိုက်သည်။

"ချန်ကျိုး၊ မင်းရဲ့ ဖုန်းက ဘယ်ခေတ်ကလဲ၊ ကင်မရာ အရည်အသွေးက မုန့်ပြားကြီးလိုပဲ မှုန်ဝါးနေတာပဲ"

ချန်ကျိုးကတော့ ရေတွင်းထဲက ဖားတစ်ကောင်ကဲ့သို့ ကောင်းမွန်သော ဖုန်းများကို မမြင်ဖူးသေးသဖြင့် မိမိ၏ဖုန်းမှာ အကောင်းဆုံးဟု ထင်မှတ်နေမိကာ "ဒါ ဖုန်းအသစ်ကွ၊ လဲတာ ရက်ပိုင်းပဲ ရှိသေးတယ်" ဟု ပြန်ပြောလိုက်သည်။

"မင်းရဲ့ မော်ဒယ်က အတော်လေးဟောင်းနေပြီ၊ မင်း ငါ့ကို အရင်ချပေးဦး၊ ငါလည်း မင်းနဲ့ စာချုပ်ချုပ်ထားပြီးပြီဆိုတော့ ထွက်ပြေးမှာ မဟုတ်ပါဘူး၊ ငါ မင်းအတွက် မော်ဒယ်အသစ်ရှာပေးမယ်"

All Chapters