← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

Chapter 63

ချန်ကျိုးသည် မျှော်လင့်ချက်များ အပြည့်ဖြင့် အိမ်သာထဲတွင် ရပ်နေရင်း ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်ယံကို လှမ်းမျှော်ကြည့်နေသည်။

[စနစ် : ဗဟိုဌာနချုပ်မှ သုန်းသုန်းချီ၏တောင်းဆိုချက်ကို လက်ခံရရှိပြီးဖြစ်ပါသဖြင့် အထူးတပ်ဖွဲ့ခွဲ တစ်ခုကို စောင့်ရှောက်ရန် စေလွှတ်လိုက်ပြီ ဖြစ်သည်၊ သုန်းသုန်းချီအနေဖြင့် တာဝန်ကို စိတ်အေးချမ်းသာစွာ ထမ်းဆောင်နိုင်ပါသည်၊ အိုး အိုး]

ချန်ကျိုးသည် ရင်ဘတ်မှ ကြယ်သီးကို ဆုပ်ကိုင်ထားရင်း လှုပ်ရှားသက်ဝင်နေသော နှလုံးသား၊ တုန်ရင်နေသော လက်အစုံတို့နှင့်အတူ စိတ်လှုပ်ရှားမှုကို အထိုင်းအလျောက် ဖော်ပြနေမိသည်။

"သုန်းသုန်းချီက ဗဟိုဌာနချုပ်ရဲ့ ကူညီစောင့်ရှောက်မှုကို ကျေးဇူးတင်ပါတယ်၊ အိုး အိုး"

ဤစနစ်သည် ထူးခြားသော ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိသွားပုံရသည်။

ဗဟိုဌာနချုပ်၏ အကြောင်းပြန်ကြားချက်ကို ရရှိပြီးနောက် ချန်ကျိုးသည် ယုံကြည်ချက်အပြည့်ဖြင့် ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ ဧည့်ခန်းသို့ ပြန်လာခဲ့သည်။

ချန်ကျိုး၏ မိတ်ဆွေများဝိုင်းထဲမှ ပို့စ်ကို ပရိသတ်များက စခရင်ရှော့ရိုက်ကာ ဝဘ်ဆိုက်အသီးသီးတွင် တင်ခဲ့ကြသဖြင့် ပရိသတ်များမှာ အားပေးဝန်းရံကြပြီး မိုးလင်းသည်နှင့် တစ်ပြိုင်နက် ထိုနေရာသို့ အရောက်လာခဲ့မည်ဟု တစ်ခဲနက် ဖော်ပြကြသည်။

လော့ယွီမင်ထံမှ မည်သည့်အကြောင်းပြန်ချက်မျှ မရှိသေးသဖြင့် ချန်ကျိုးသည် ဆိုဖာပေါ်တွင် ခွေကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

မိုးသောက်ယံ အလင်းရောင် ပျိုးစတွင် ဝူပေါ်ထုံသည် သမီးဖြစ်သူကို ခေါ်ဆောင်၍ လာရောက်ဝန်းရံပေးသည်။ ထို့နောက်တွင် ကျန်းယိုယို မိသားစု သုံးယောက်၊ သုန်းသုန်းချီနှင့် ၎င်း၏သား ဖြစ်သူ၊ ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံ အုပ်ကြီးနှင့် အားယွမ်တို့ ရောက်ရှိလာကြသည်။

မိုး ပို၍လင်းလာသောအခါ အနီးအနားရှိ ပရိသတ်များသည် ဝိညာဉ်ချုပ်ထိန်းရေးဌာန တံခါးဝအပြင်ဘက်သို့ ရောက်ရှိလာကြတော့သည်။

မြွေပါငယ်သည် ပြတင်းပေါက်ကို တွယ်တက်ရင်း ဝိညာဉ်ချုပ်ထိန်းရေးဌာန တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"ဟုတ်လှချည်လား ချန်ကျိုး၊ စိတ်ကူးပေါက်သလို အော်လိုက်တာတောင် လူတွေ အများကြီး ရောက်လာတာလား"

ချန်ကျိုးသည် ခေါင်းကို ပြတင်းပေါက်အပြင်သို့ ပြူးထွက်ကာ တံခါးအပြင်ဘက်သို့ လက်လှမ်းပြလိုက်သည်။

"ငါက အစွမ်းကုန်တောင် အားမထုတ်ရသေးဘူး"

ဝူပေါ်ထုံ "ဒါက ဆရာကြီးချန်အပေါ် လူထုရဲ့ ချစ်ခင်မြတ်နိုးမှုပဲ ဖြစ်ရမယ်"

ကျန်းယိုယို "ကျွန်မရဲ့ ဆရာက အတော်ဆုံးပဲ"

ဝူရွှမ်ချီ "ကျွန်မနဲ့ အဖေက သတင်းကြားတာနဲ့ ပထမဆုံးအချိန်မှာတင် လာခဲ့ကြတာ"

နိုင်ငံ့ဝန်ထမ်း ဖြစ်သော ကျိုးအိုက်ကော်မှာမူ ထောင့်တစ်နေရာတွင် ပုန်းကွယ်နေရင်း ဘာသံမျှ မထွက်ရဲချေ။ သူ့ စိတ်ထဲတွင်လည်း "ငါ့ကို မမြင်ပါစေနဲ့၊ ငါ့ကို မမြင်ပါစေနဲ့၊ ငါ့ကို မမြင်ပါစေနဲ့" ဟု ထိတ်လန့်တုန်လှုပ်စွာ ဆုတောင်းနေမိသည်။

လာရောက်အားပေးသူများ ပိုမိုများပြားလာသဖြင့် ဝိညာဉ်ချုပ်ထိန်းရေးဌာနသည် နောက်တစ်ကြိမ် လှိုင်းတံပိုးများကြားသို့ ရောက်ရှိသွား ရပြန်သည်။ ကြေညာချက်ပေါ်တွင် အသေအချာ ထင်ထင်ရှားရှား ရေးသားထားပြီး ဖြစ်သဖြင့် ဆွေးနွေးငြင်းခုံရန် အခွင့်အရေး မရှိတော့ချေ။

ငွေသား ယွမ်ဆယ်သန်းဆိုသည်မှာ အမှန်တကယ်ပင် များပြားလှသဖြင့် မြွေပါငယ်၏ တိုက်တွန်းမှုကြောင့် ချန်ကျိုးသည် ဘဏ်သို့သွားကာ ဘဏ်ကတ်တစ်ခု ပြုလုပ်ခဲ့ရသည်။

နံနက်ပိုင်းတွင် မြွေပါငယ်သည် ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ လူများနှင့် ဆက်သွယ်ကာ စာရင်းများကို တစ်ခုချင်းစီ စစ်ဆေးပြီး ငွေစာရင်းများကို ချန်ကျိုး၏ ဘဏ်ကတ်ထဲသို့ တိုက်ရိုက် လွှဲပြောင်းယူခဲ့သည်။

ချန်ကျိုးမှာမူ ဘေးတစ်နေရာတွင် ဖုန်းလေးပွတ်၊ မုန့်လေးစားရင်း ဆိုဖာပေါ်တွင် လှဲလျောင်းကာ ခဏတာ မှေးစက်နေလေသည်။

မွန်းတည့်ချိန်တွင် ယွမ်ဆယ်သန်းကျော် ဝင်ရောက်လာပြီးနောက် ချစ်စဖွယ် ကားလေးတစ်စီးသည် ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ မောင်းနှင်ထွက်ခွာသွားခဲ့သည်။ ကားအရှေ့ခန်း ပြတင်းပေါက်မှနေ၍ ချန်ကျိုး၏ခေါင်းကြီး ပြူးထွက်လာကာ လာရောက်အားပေးကြသော ပရိသတ်များကို အလွန်တရာ တက်ကြွစွာဖြင့် လက်ပြနှုတ်ဆက် ခွဲခွာသွားခဲ့သည်။

ကြီးမားသော စည်းစိမ်ဥစ္စာကြီးကို ရရှိခဲ့သော်လည်း မွန်းတည့်စာကိုမူ ဝူပေါ်ထုံကသာ စီစဉ်ကျွေးမွေးခဲ့ရသည်။

မွန်းလွဲပိုင်းတွင် အခြားလူများ လူစုခွဲသွားကြပြီး ကားမောင်းသူ ကျန်းယိုယိုသာ ကျန်ရစ်ခဲ့သည်။

ချန်ကျိုးသည် စိတ်မရှည်နိုင်တော့ဘဲ ဖုန်းဆိုင်သို့ အပြေးအလွှား သွားခဲ့တော့သည်။

ဖုန်းဆိုင်ထဲတွင် ချန်ကျိုးသည် နောက်ဆုံးပေါ် ဖုန်းမော်ဒယ်ကို ကိုင်ထားရင်း ၎င်း လက်ချောင်းများဖြင့် မျက်နှာပြင်ပေါ်တွင် ဟိုဟိုဒီဒီ နှိပ်နေမိသည်။

"ကြည့်စမ်း၊ ဒီဖုန်းက ဘယ်လောက်မြန်လိုက်သလဲ၊ စျေးကွက်ထဲမှာ အကောင်းဆုံး ဖုန်းပဲ၊ မင်း ဓာတ်ပုံတစ်ပုံလောက် ရိုက်ကြည့်လိုက်၊ မင်းရဲ့ လူအိုကြီးတွေသုံးတဲ့ ဖုန်းထက် အများကြီး ပိုပြီးကြည်လင်နေတာ မဟုတ်ဘူးလား"

မြွေပါငယ်၏ ရှင်းပြချက်ကို နားထောင်ရင်း ချန်ကျိုးသည် ဖုန်း၏ ရှေ့ကင်မရာကို ဖွင့်ကာ သွားဖွေးဖွေးကြီးများ ပေါ်အောင် ရယ်ပြလိုက်သည်။ နေရောင်ခြည်အောက်တွင် တောက်ပနေသော လူငယ်လေးတစ်ဦးနှင့် တူသော်လည်း ဆံပင်များမှာ အနည်းငယ် ရှုပ်ပွနေသဖြင့် ဆံပင်ညှပ်ရန် လိုအပ်နေချေပြီ။

စိတ်ကြိုက်ဖုန်းတစ်လုံးကို ဝယ်ယူပြီးနောက် ဆိုင်ပြင်ပသို့ ထွက်ကာ ညာဘက်သို့ ကွေ့ပြီး ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားခဲ့သည်။

ဆံပင်ညှပ်ဆိုင်၏ ဈေးနှုန်းစာရင်းတွင် အမြင့်ဆုံးအဆင့် ဆံပင်ညှပ်ခမှာ ၅၉၉ ယွမ် ဖြစ်သည်။

"၅၉၉ ယွမ်တန်နဲ့ ၃၀ ယွမ်တန်က ဘာကွာလို့လဲ" ဟု ချန်ကျိုးက ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ဆံပင်ညှပ်ဆရာကို မေးလိုက်သည်။

ဆံပင်ညှပ်ဆရာက "၅၉၉ ယွမ်တန်က အဆင့်မြင့် ဆံပင်ညှပ်ဆရာ ဖြစ်ပါတယ်၊ နာမည်ကြီး အနုပညာရှင် အများကြီးကို ဆံပင်ညှပ်ပေးဖူးပြီး လူကြီးမင်းနဲ့ အလိုက်ဖက်ဆုံး ဆံပင်ပုံစံကို ဖန်တီးပေးနိုင်ပါတယ်" ဟု ဆိုသည်။

"ဒါဆိုရင် အဲဒီ ၅၉၉ ယွမ်တန်ဆရာကို ငါ့ကို ကတုံးတုံးပေးဖို့ ပြောလိုက်စမ်း"

"လူကြီးမင်း၊ ကျွန်တော့်ကို နောက်နေတာလားခင်ဗျာ"

"ဘာလဲ၊ အဆင့်မြင့် ဆံပင်ညှပ်ဆရာက ငါ့ကို ကတုံးမတုံးပေးချင်ဘူးလား"

...

ပိုက်ဆံရှိလာသော ချန်ကျိုးသည် ချမ်းသာခြင်း၏ အရသာကို ရူးသွပ်စွာ ခံစားနေတော့သည်။

မှောင်ရီပျိုးစအချိန်တွင် ကျန်းယိုယိုသည် ကားလေးကို မောင်းနှင်ကာ ကုန်ပစ္စည်း အပြည့်ဖြင့် ချန်ကျိုးကို ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ မြွေပါငယ်မှာမူ ထိုကုန်ပစ္စည်းပုံကြီး၏ ကြားထဲတွင်သာ မနည်း အသက်ရှူနေရရှာသည်။

တစ်နေကုန် လည်ပတ်စားသောက်ခဲ့သဖြင့် ချန်ကျိုးသည် ကုတင်ပေါ်တွင် လှဲနေရင်း မည်သို့မျှ မလှုပ်ရှားချင်တော့ချေ။ မြွေပါငယ်သည် အလိုက်သိစွာဖြင့် အဲကွန်းကို ဖွင့်ပေးပြီး ချန်ကျိုး၏ ဘေးတွင် လှဲလျောင်းလိုက်သည်။

"ချန်ကျိုး၊ မင်း ငါ့အတွက်လည်း ကုတင်တစ်လုံး ဝယ်ပေးပါလား၊ ငါ့မှာ ကုတင်ရှိရင် မင်းရဲ့ နေရာကို လုတော့မှာ မဟုတ်ဘူးလေ"

ချန်ကျိုးသည် ဖုန်းကို မြွေပါငယ်၏ ဘေးသို့ ပစ်ပေးလိုက်ပြီး ဘာတစ်ခွန်းမျှ မပြောချင်တော့ဘဲ လှဲရုံသာ လှဲနေချင်တော့သည်။

မြွေပါငယ်သည် ဝမ်းသာအားရဖြင့် စျေးဝယ်ဆော့ဖ်ဝဲကို ဖွင့်ကာ မိမိအတွက် ကုတင်တစ်လုံးသာမက အဝတ်အစား အတော်များများကိုပါ ဝယ်ယူလိုက်တော့သည်။

ကျန်းယိုယိုသည် ဆိုဖာပေါ်တွင် ပျော့ခွေစွာ လှဲလျောင်းရင်း ဖုန်းကို မြှောက်ကိုင်ထားသည်။ ဖုန်းထဲမှ အသံများ တစီစီ မြည်နေပြီး သူမ၏ မျက်နှာထက်တွင်လည်း ပြုံးစိစိ ဖြစ်နေလေသည်။

ထိုအခြင်းအရာက ချန်ကျိုး၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

"ကျန်းယိုယို၊ မင်း ဘာတွေ ရယ်နေတာလဲ၊ ခွေးတစ်ကောင်လို ရယ်နေတာပဲ"

ချန်ကျိုး၏စကားကြောင့် ကျန်းယိုယိုသည် လက်တွေ့လောကသို့ ပြန်လည်ရောက်ရှိလာပြီး စိတ်ဆိုးချင်ယောင်ဆောင်ကာ "ဆရာကလည်း၊ တပည့်ကို ဒီလို ပြောရလား"

"ဒါဆို မင်းက တကယ်ပဲ ဘာကို ရယ်နေတာလဲ"

"ကျွန်မ ဒီနေ့ ကျင့်ကြံသူ အရည်အချင်းစစ် စာမေးပွဲ အောင်သွားလို့ ဖုန်းထဲမှာ ကျင့်ကြံသူစခန်းဆိုတဲ့ ဆော့ဖ်ဝဲကို ဒေါင်းလုဒ်လုပ်ထားတာ၊ အဲဒီထဲမှာ အခြားကျင့်ကြံသူတွေ သရဲတွေကို ဘယ်လို နှိမ်နင်းရမလဲဆိုတဲ့ အတွေ့အကြုံတွေ ဝေမျှထားတာကို ဖတ်နေတာပါ" ဟု ကျန်းယိုယိုက ပြောလိုက်သည်။

"ကျင့်ကြံသူစခန်း ဟုတ်လား"

မြွေပါငယ်က ဝင်ပြော၏။

"ဒါက အရပ်ဘက်က ဆုကြေးငွေ ထုတ်ပြန်တဲ့ နေရာတစ်ခုလိုမျိုးပဲ၊ ကျင့်ကြံသူ အများကြီးက သူတို့ရဲ့ ဈေးနှုန်းတွေကို အတိအကျ သတ်မှတ်ထားကြတယ်၊ လိုအပ်တဲ့လူက အော်ဒါတင်ရုံပဲ၊ တချို့လူတွေကလည်း တာဝန်တွေ ထုတ်ပြန်တတ်ကြတယ်၊ ကျင့်ကြံသူက မိမိကိုယ်ကိုယ် လုပ်နိုင်တယ်လို့ ထင်ရင် အဲဒီတာဝန်ကို လက်ခံလို့ရတယ်၊ ပြီးမြောက်သွားရင်တော့ အတော်လေး ကောင်းမွန်တဲ့ ဝင်ငွေတစ်ခု ရတာပေါ့"

ကျန်းယိုယိုကလည်း "ဟုတ်တယ်၊ ကျင့်ကြံသူ အများကြီး အဲဒီထဲမှာရှိတယ်၊ ကျွန်မက အခြေခံ ကျင့်ကြံသူမို့လို့ အန္တရာယ်မရှိတဲ့ သရဲအော်ဒါအသေးလေးတွေကိုပဲ လက်ခံလို့ရတယ်၊ ဆရာလည်း ဒေါင်းလုဒ်လုပ်ကြည့်ပါလား၊ ဆရာက ဒီလောက် တော်တာဆိုတော့ သေချာပေါက် အဆင့်သတ်မှတ်ချက်စာရင်းထဲ ဝင်မှာပဲ"

မြွေပါငယ်က အလောင်းအစားကဲ့သို့ လှဲနေသော ချန်ကျိုးကို တစ်ချက်ကြည့်ကာ "သူ မလုပ်ချင်ပါဘူး၊ သူ အခု လှဲပဲ လှဲနေချင်တာ" ဟု ပြောလိုက်သည်။

ချန်ကျိုးသည် ကုန်းထထိုင်လိုက်ရင်း "မင်းရဲ့ မာလာအမွှေးအကြိုင်တွေနဲ့ အချဉ်ဖောက်ထားတဲ့ ဖင်ပေါက်ကို ပိတ်ထားစမ်း၊ ငါလည်း ဒေါင်းလုဒ်လုပ်မယ်၊ ငါ အဆင့်သတ်မှတ်ချက်စာရင်းထဲ ဝင်ရမယ်" ဟု အော်လိုက်တော့သည်။

မြွေပါငယ်သည် လိမ္မာယဉ်ကျေးစွာဖြင့် ချန်ကျိုး၏ ဖုန်းထဲသို့ ကျင့်ကြံသူစခန်း ဆော့ဖ်ဝဲကို ဒေါင်းလုဒ်လုပ်ပေးခဲ့သော်လည်း ချန်ကျိုးသည် ကျင့်ကြံသူတစ်ဦး မဟုတ်သဖြင့် ကျင့်ကြံသူအဖြစ် အကောင့်ဖွင့်၍ မရဘဲ သာမန်အသုံးပြုသူ တစ်ဦးသာ ဖြစ်ခွင့်ရခဲ့သည်။

ထိုစဉ် ချန်ကျိုး၏ပရိုဖိုင်ပုံကို အသုံးပြုထားပြီး ကျင့်ကြံသူ အမည်ခံကာ ငွေရှာနေသော အကောင့်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်း၏ ကိုယ်ရေးအကျဉ်းတွင်လည်း "ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံမှ စိတ်ဝေဒနာရှင် တစ်ဦး"

ထိုအတုအယောင်ကောင်က ကျင့်ကြံသူအဖြစ် အကောင့်ဖွင့်နိုင်ပြီး ရေပန်းစားသော ကျင့်ကြံသူဖြစ်နေသည့်တိုင် မူရင်းအစစ်အမှန် ဖြစ်သော ချန်ကျိုးမှာမူ ကျင့်ကြံသူအဖြစ် အကောင့်ဖွင့်၍ မရ ဖြစ်နေရသနည်း။

မြွေပါငယ်၏စွမ်းဆောင်ရည်ကို ပြသရမည့် အချိန်သို့ ရောက်ရှိလာချေပြီ။

မြွေပါငယ်သည် ဘာမှမပြောဘဲ ကျင့်ကြံသူစခန်း၏ဖောက်သည်ဝန်ဆောင်မှုဌာနသို့ ဖုန်းတိုက်ရိုက် ဆက်လိုက်တော့သည်။

ဝန်ဆောင်မှုဝန်ထမ်း "မင်္ဂလာပါ၊ ဒါက ကျင့်ကြံသူစခန်း ဖြစ်ပါတယ်၊ ဘာများ ကူညီပေးရမလဲ ခင်ဗျာ" ဟု မေးသည်။

မြွေပါငယ် "ငါက ချန်ကျိုးရဲ့ ကိုယ်စားလှယ်ပဲ၊ ငါတို့ဘက်က ချန်ကျိုးက ကျင့်ကြံသူစခန်းမှာ အကောင့်မဖွင့်ရသေးဘူး၊ ဘာဖြစ်လို့ မင်းတို့ရဲ့ ဆော့ဖ်ဝဲထဲမှာ ချန်ကျိုးရဲ့အမည်ရင်းနဲ့ အတည်ပြုထားတဲ့ ကျင့်ကြံသူ ရှိနေရတာလဲ၊ ငါတို့ဘက်က ချန်ကျိုးရဲ့ စွမ်းအားကို မင်းတို့လည်း အနည်းနဲ့အများ သိထားမှာပဲ၊ ငါတို့ဘက်က ချန်ကျိုးကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းလင်းချက်တစ်ခု ပေးပါ၊ ဒီဖုန်းကို ငါ အသံသွင်းထား တယ်၊ မင်းတို့ဘက်က ဒါကို အလေးအနက်မထားရင် ငါတို့ဘက်က မျက်နှာပျက်ရလိမ့်မယ်"

ဝန်ဆောင်မှုဝန်ထမ်းက "ကောင်းပါပြီ၊ လူကြီးမင်းရဲ့ အခြေအနေကို ကျွန်တော် နားလည်ပါပြီ၊ လူကြီးမင်း တင်ပြတဲ့ ပြဿနာကို မှတ်တမ်းတင်ထားပြီး တာဝန်ခံဝန်ထမ်းက လူကြီးမင်းဆီကို အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါလိမ့်မယ်" ဟု အကြောင်းပြန်သည်။

လက်ရှိ အင်တာနက်စာမျက်နှာပေါ်တွင် အပူတပြင်းအောင်မြင်နေသော ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် ကျင့်ကြံသူစခန်းသည်လည်း အူတူတူ မဟုတ်ချေ။ ချန်ကျိုးကဲ့သို့သော သစ်ပင်ကြီးကို သူတို့က အမှီမပြုဘဲ နေပါမည်လော။

ဆယ်မိနစ်ပင် မပြည့်မီ အတုအယောင် ချန်ကျိုး၏ အကောင့်မှာ ပိတ်ပင်ခြင်း ခံလိုက်ရပြီး တောင်းပန်သည့် အနေဖြင့် ချန်ကျိုးအတွက် အထူးလမ်းကြောင်း ဖွင့်ပေးကာ အတည်ပြုခြင်း လုပ်ငန်းစဉ်ကိုပြီးမြောက်စေခဲ့သဖြင့် ချန်ကျိုးသည် ကျင့်ကြံသူစခန်း၏ အခြေခံ ကျင့်ကြံသူလေးတစ်ဦး ဖြစ်လာခဲ့တော့သည်။

ကျန်းယိုယိုသည် ချန်ကျိုး၏အကောင့်အောက်တွင် ကျင့်ကြံသူအဖြစ် ပါဝင်ရန်လုယူခဲ့ပြီး သူမ၏ ကိုယ်ရေးအကျဉ်းကိုလည်း "ဆရာကြီးချန်၏ချစ်တပည့် ကျန်းယိုယို" ဟု ပြောင်းလဲလိုက်လေသည်။

All Chapters