← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

Chapter 64

လတ်တလောတွင် ချန်ကျိုး၏အကောင့်အဆင့်ဖြင့်မူ အဆင့်နိမ့် လေလွင့်ဝိညာဉ်များကဲ့သို့ အန္တရာယ်မရှိသော သရဲအော်ဒါများကိုသာ လက်ခံနိုင်ပြီး စျေးနှုန်းမှာလည်း ယွမ်ငါးဆယ်မှနှစ်ရာကြားသာ ရှိလေသည်။

ချန်ကျိုးသည် သမ်းဝေလိုက်ရင်း "ငါ အခု အိပ်ချင်ပြီ၊ နိုးလာမှ အဆင့်သတ်မှတ်ချက်စာရင်းထဲ ဝင်အောင် လုပ်တော့မယ်"

ကျန်းယိုယိုသည် ချန်ကျိုးက သရဲနှိမ်နင်းရန် သွားတော့မည်ကို ကြားသည်နှင့် ချက်ချင်းဆိုသလို "ဆရာက ညဘက်ကျရင် သရဲမောင်းထုတ်ဖို့ သွားမလို့လား" ဟု ထပ်ဆင့်မေးမြန်းလေသည်။

"အင်း၊ နောက်ကျမှ သွားမယ်၊ အခုတော့ အိပ်တော့မယ်"

"ဆရာ၊ ကျွန်မကိုလည်း တပါတည်း ခေါ်သွားပါဦး၊ ဆရာက တပည့်ကို ပညာလေးဘာလေး သင်ပေးမှ နောင်တစ်ချိန်မှာ ဆရာ့အတွက် သောကတွေ မျှဝေပေးနိုင်မှာပေါ့"

"ငါ့မှာ ဒီလို လိမ္မာတဲ့ တပည့်တစ်ယောက်ပဲ ရှိတာဆိုတော့ အပြင်ခေါ်ပြီး လေ့ကျင့်ပေးရမှာပေါ့"

"ကျေးဇူးတင်ပါတယ်ဆရာ၊ ဆရာက အကောင်းဆုံးပဲ"

ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံ၏ ညစာကိုမူ ချန်ကျိုးသည် ပင်ပန်းလွန်းသဖြင့် ဂရုမစိုက်နိုင်တော့ဘဲ ကုတင်ပေါ်တွင် လှဲလျောင်းရင်း တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။

မြွေပါငယ်နှင့် ကျန်းယိုယိုသည် မြွေပါငယ်၏အိပ်ရာအကြောင်းကို ခဏမျှ ဆွေးနွေးပြီးနောက် အိပ်စက်ခြင်းသို့ ဝင်ရောက်သွားကြပြန်သည်။

အိမ်ထဲရှိ လူများ အိပ်ပျော်နေကြသော်လည်း အိမ်အပြင်ဘက်တွင်မူ လူများက ပျော်ရွှင်မြူးထူး နေကြကာ ဆေးရုံဝင်းထဲရှိ စိတ်ဝေဒနာရှင် များသည် လေအဖြစ်လည်းကောင်း၊ မိုးအဖြစ်လည်းကောင်း၊ နတ်ဘုရားအဖြစ်လည်းကောင်း၊ မိစ္ဆာအဖြစ်လည်းကောင်း ကူးပြောင်းနေကြပြီး လူအဖြစ်သာ မနေကြချေ။

ချင်ရှန်းဆေးရုံအုပ်သည် တစ်ခါတစ်ရံတွင် ချန်ကျိုး၏အိမ်အပြင်ဘက်သို့ ရောက်ရှိလာတတ်ပြီး လက်ကို မျက်ခုံးပေါ်တွင် တင်ကာ ကြည့်ရှုတတ်ရာ အိမ်ထဲရှိ လူများမှာမူ နှစ်ခြိုက်စွာ အိပ်ပျော်နေကြသည်။

"သုံးယောက်စလုံး အိပ်ပျော်နေကြတာပဲ၊ မွန်းလွဲပိုင်းက မာရသွန်ပြေးပွဲ သွားပြိုင်နေကြတာလား၊ ဒီလောက်တောင် ပင်ပန်းနေရအောင်" ဟု ချင်ရှန်းဆေးရုံအုပ်က တိုးတိုးရေရွတ်လိုက်သည်။

ချင်ရှန်းဆေးရုံအုပ်၏ နောက်ကွယ်တွင်မူ ဗိုက်ပူကြီးကို ဖော်ထားသော စိတ်ဝေဒနာရှင်တစ်ဦးသည် ခေါင်းတွင် အိမ်သာသုံးစက္ကူဖြင့် ပြုလုပ်ထားသော စက္ကူပန်းတစ်ပွင့်ကို ပန်ထားလေသည်။

"ဆေးရုံအုပ်ကြီး၊ မင်း ပစ္စည်းခိုးနေတာလား၊ ဟီးဟီးဟီးဟီး"

ခြေသံပင် မကြားရဘဲ ထွက်ပေါ်လာသော အသံကြောင့် ချင်ရှန်းဆေးရုံအုပ်မှာ ထိတ်လန့်တုန်လှုပ်သွားရသည်။

သူသည် ခုန်လှုပ်သွားသော နှလုံးသားကို ထိန်းချုပ်ကာ ခါးကို မတ်ပြီး လက်ကို နောက်ပစ်လျက် တိုးတိုးကြိမ်းမောင်းလိုက်သည်။

"မင်းကို ဘယ်သူက ဒီကိုလာခိုင်းလဲ၊ ဆေးရုံမှာ စည်းကမ်းရှိတယ် မဟုတ်လား၊ ကိစ္စမရှိရင် ဒီနေရာကို မလာနဲ့လို့၊ မင်းရဲ့ တာဝန်ခံဆရာဝန်က ဘယ်သူလဲ"

ထိုစိတ်ဝေဒနာရှင်သည် ခြိမ်းခြောက်ခံရသဖြင့် လက်နှစ်ဖက်ကို ခေါင်းပေါ်မြှောက်ကာ ကြီးမားသော ခန္ဓာကိုယ်ကြီးဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။

"အား၊ လူသတ်နေကြပြီ၊ လူသတ်နေကြပြီ"

သူသည် အော်ဟစ်ရင်း ပြေးထွက်သွားခဲ့သည်။

ချင်ရှန်းဆေးရုံအုပ်သည် အသိစိတ်အရ အိမ်ထဲရှိ ချန်ကျိုးကို လှမ်းကြည့်လိုက်ရာ ချန်ကျိုးသည် ကုတင်ပေါ်တွင် အနည်းငယ် လှုပ်ရှားသွားသဖြင့် ချင်ရှန်းဆေးရုံအုပ်သည်လည်း အသိစိတ်အရ ဆောင့်ကြောင့်ထိုင်ချကာ မိမိကိုယ်ကိုယ် ပုန်းကွယ်လိုက်မိသည်။

အိမ်ထဲတွင် ဘာလှုပ်ရှားမှုမျှ မရှိတော့သဖြင့် ချင်ရှန်းဆေးရုံအုပ်သည် ချန်ကျိုးကို ခိုးကြောင်ခိုးဝှက် ထပ်မံကြည့်ရှုရာ ချန်ကျိုးသည် ပုံစံပြောင်းကာ ဆက်လက်အိပ်ပျော်နေပြီး ဘေးရှိ မြွေပါငယ်မှာလည်း ဘာလှုပ်ရှားမှုမျှ မရှိချေ။ သို့သော် ဆိုဖာပေါ်ရှိ ကျန်းယိုယိုမှာမူ နိုးလာခဲ့သည်။ ချင်ရှန်းဆေးရုံအုပ်က အသံမထွက်ရန် လက်ဟန်ပြကာ လှည့်ထွက်သွားခဲ့တော့သည်။

ရုံးခန်းထဲရှိ ချင်ရှန်းဆေးရုံအုပ်သည် စိတ်ထဲတွင် ကိစ္စရပ်များရှိနေသဖြင့် ထိုင်ရခက်၊ ထရခက် ဖြစ်နေရသည်။

ကျိုးအိုက်ကော်ကဲ့သို့သော လူပင် ကျင့်ကြံသူဖြစ်လာခဲ့ပြီ။ သူသည် မည်သို့ပင်ဆိုစေ ကျိုးအိုက်ကော်ထက် ပိုရင်းနှီးသော ဆက်ဆံရေး ရှိသည်မဟုတ်ပါလား။ ချန်ကျိုးကို မည်သို့ ဖားရမည်နည်း။ ချန်ကျိုးတွင် ယခုအခါ ဘာမှမလိုတော့သဖြင့် ဖားရန် တကယ်ပင် မလွယ်ကူတော့ချေ။

သူသည်လည်း ကျင့်ကြံသူဖြစ်ချင်ပေသည်။

အိပ်မက်ကမ္ဘာတွင် ပျော်မွေ့နေသော ချန်ကျိုးသည် ညဥ့်နက် ၁၁ နာရီကျော်မှသာ နိုးလာခဲ့သည်။

မျက်စိဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းယိုယို၏မျှော်လင့်ချက် အပြည့်ရှိသော မျက်ဝန်းအစုံနှင့် တိုက်ရိုက် ရင်ဆိုင်လိုက်ရသည်။

လရောင်လင်းနေသော အခန်းထဲတွင် လူတစ်ဦးသည် ချန်ကျိုး၏ကုတင်ဘေးတွင် ရပ်နေပြီး မျက်နှာကို သဲသဲကွဲကွဲ မမြင်ရသဖြင့် သာမန်လူသာဆိုလျှင် အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်သွားပေလိမ့်မည်။

"ဆရာ၊ ဆရာ နောက်ဆုံးတော့ နိုးလာပြီပဲ၊ ဗိုက်ဆာလား၊ ကြက်ကြော်တွေ ရှိသေးတယ် မစားရသေးဘူး၊ ကြက်ကြော်စားပြီးရင် ကျွန်မတို့ အော်ဒါသွားယူကြမလား" ဟု ကျန်းယိုယိုက သရဲနှိမ်နင်းရန် စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။

ချန်ကျိုးမှာမူ ဆွံ့အသွားရသည်။

သူ မသွားချင်တော့ချေ။ ခဏတာ နှုတ်မြိန်စေရန်အတွက် ကျန်းယိုယိုကို ညဘက်တွင် သရဲနှိမ်နင်းရန် သဘောတူခဲ့မိသည်ကို အနည်းငယ် နောင်တရမိသွားသည်။

သူသည် မြွေပါငယ်ပြောသကဲ့သို့ တကယ်ပင် လှဲရုံသာ လှဲနေချင်တော့သည်။

သို့သော်လည်း မျှော်လင့်ချက် အပြည့်ရှိသော တပည့်ကျော်၏မျက်နှာကို ကြည့်ရင်း ငြင်းပယ်ရန်လည်း ခက်ခဲနေပြန်သည်။

တပည့်ကျော်၏ တက်ကြွမှုကို ဖျက်ဆီး၍မရချေ။

သွားရုံပေါ့

သူသည် သွားရည်တမြှားမြှားဖြင့် အိပ်ပျော်နေသော မြွေပါငယ်ကို ခြေထောက်ဖြင့် တစ်ချက်ကန်လိုက်သည်။

"အိပ်၊ အိပ်၊ အိပ်၊ အိပ်ဖို့ပဲ သိတယ်၊ ကြောင်ရုပ်ပေါက်ပြီး ဝက်လို အိပ်နေတယ်"

ခြေထောက်ဖြင့်ကန်ကာ နှိုးခြင်းခံလိုက်ရသော မြွေပါငယ်သည် ပါးစပ်ဘေးရှိ သွားရည်များကို သုတ်လိုက်ရင်း "ဗျာ၊ ဘာ၊ ဘာကိစ္စရှိလို့လဲ" ဟု မေးလိုက်သည်။

မှောင်မိုက်နေသော အခန်းထဲတွင် ကျန်းယိုယိုသည် ဖုန်းမျက်နှာပြင်ကို လင်းစေကာ မြွေပါငယ်၏ မျက်စိရှေ့တွင် ဟိုဟိုဒီဒီ လွှဲယမ်းလိုက် သဖြင့် မြွေပါငယ်မှာ မျက်စိ မဖွင့်နိုင် ဖြစ်သွားရပြီး "အော်ဒါ လုနေကြပြီ" ဟု ပြောလာသည်။

ချန်ကျိုးသည် ခေါင်းကို မကုတ်ဘဲ မနေနိုင်တော့ချေ။ ဒီမိန်းကလေးကော ဦးနှောက်ထဲမှာ ပြဿနာတစ်ခုခု ရှိနေတာလား။

ချန်ကျိုးသည် အပြင်သို့ ထွက်လာခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ အစီအစဉ်တကျ ရှိလှသည်။

ကားလေးထဲတွင်မူ မောင်းနှင်သူ နေရာတွင် ချက်ချင်းဆိုသလို ဝင်ထိုင်သူမှာ ကျန်းယိုယို ဖြစ်သည်။ ဘေးထိုင်ခုံတွင်မူ ချန်ကျိုး ဖြစ်သည်။ နောက်ခန်းတွင်မူ လေလွင့်ဝိညာဉ်လေး၊ မျက်စိစောင်းသူရဲမလေးနှင့် မြွေပါငယ်တို့ ဖြစ်ကြသည်။

ကားခေါင်မိုးပေါ်တွင်မူ နှစ်တစ်ထောင် ကျားဝိညာဉ်ကြီးက ခွေလိပ်နေသည်။

ကျားဝိညာဉ်၏ ခန္ဓာကိုယ်မှာ ကားလေးထက် နှစ်ဆမျှ ကြီးမားသဖြင့် ကားတစ်စီးလုံးမှာ တုန်တုန်ချည့်ချည့် ဖြစ်နေရရှာသည်။

ကားထဲတွင် ထိုင်နေသော ချန်ကျိုးသည် လက်တစ်ဖက်ဖြင့် ကြက်တောင်ပံကို ကိုက်ဝါးနေပြီး လက်တစ်ဖက်ဖြင့် ဖုန်းကို ကိုင်ထားသည်။

"အားလုံးက အခြေခံ လေလွင့်ဝိညာဉ် အမှိုက်လေးတွေပဲ၊ ယွမ်အနည်းငယ်ပဲ ရတာ၊ ငါ ကြည့်ဦးမယ်၊ ဘယ်ဟာကို ရွေးရမလဲ၊ အင်း၊ ဒါပဲ၊ နန်ချန်းလမ်း အောက်ထပ် ကားပါကင်မှာ လူတွေကို သက်သက် လိုက်ခြောက်လန့်နေတဲ့ သရဲတစ်ကောင် ရှိတယ်၊ ဆုကြေးငွေက နှစ်ရာ"

ချန်ကျိုးသည် ဆီများပေနေသော လက်မဖြင့် အော်ဒါလက်ခံခြင်းကို နှိပ်လိုက်သည်။

အော်ဒါ အောင်မြင်စွာ လက်ခံရရှိပါပြီ။

[စနစ်စွမ်းအား တိုးမြှင့်ခြင်း : အရှိန်မြှင့်တင်မှု]

“ဝူး….”

ကားလေးသည် လေးညှို့မှ လွတ်ထွက်သွားသော မြားတစ်စင်းကဲ့သို့ လမ်းမပေါ်တွင် ရူးသွပ်စွာ ပြေးလွှားနေတော့သည်။

ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ တာဝန်ထမ်းဆောင်နေသော ရုံးသုံးကား သုံးစီးကို ဖြတ်ကျော်သွားခဲ့သည်။

"ဟေ့လူရေ၊ ခုနက ဖြတ်သွားတာ ဘာကြီးလဲ၊ ဝူးခနဲဆို ပျောက်သွားတာပဲ"

"ကားတစ်စီးနဲ့ တူတယ်၊ နည်းနည်းတော့ ရင်းနှီးသလိုပဲ၊ ဘယ်မှာ မြင်ဖူးလဲတော့ မမှတ်မိတော့ဘူး"

"ကား ဟုတ်လား၊ ဘယ်ကားက ဒီလောက်မြန်ရမှာလဲ၊ ရော့ကတ်နဲ့တောင် ယှဉ်လို့ရနေပြီ"

"ငါ အရိပ်တစ်ခုကို လှမ်းမြင်လိုက်တယ်၊ ချန်ကျိုးရဲ့ ကားစုတ်လေးနဲ့ နည်းနည်းတူတယ်၊ ကြားတာတော့ ချန်ကျိုးရဲ့ ကားစုတ်က အရမ်းမြန်တယ်ဆိုပဲ"

"ဒါဆို ငါတို့ ဌာနကို အစီရင်ခံရမလား"

"ဘာအစီရင်ခံမှာလဲ၊ ငါတို့ ဌာနမှူးက အလောင်းကောင်ကိစ္စကြောင့် စိတ်တိုနေတာ၊ တစ်မွန်းလွဲလုံး ပါးစပ်မှာ အပူဖုတွေ ပေါက်နေတာ၊ ယွမ်ဆယ်သန်းကျော်ရေထဲမျှောသွားလို့ အထက်ကလည်း အကြီးအကျယ်ဆဲဆိုကြိမ်းမောင်းနေတာ၊ ပြဿနာမရှာပါနဲ့"

ကားလေးသည် နန်ချန်းလမ်းထဲသို့ မောင်းနှင်ဝင်ရောက်ကာ အောက်ထပ် ကားပါကင်သို့ ရောက်ရှိသွားခဲ့သည်။

စောင့်ကြပ်နေသော လုံခြုံရေးဝန်ထမ်းသည် ကားထဲရှိ လူမဟုတ် သရဲမဟုတ်သော သတ္တဝါများကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားရသည်။

ချန်ကျိုးသည် ဖုန်း၏ အော်ဒါစာမျက်နှာကို ပြတင်းပေါက်အပြင်သို့ ထုတ်ပြကာ လုံခြုံရေးဝန်ထမ်းကို ရှင်းလင်းစွာ မြင်စေလိုက်သည်။

အတားအဆီးပွင့်သွားပြီး ကားလေးသည် အောက်ထပ် ကားပါကင်သို့ ဝင်ရောက်သွားခဲ့သည်။

ကားလေးသည် အရှိန်ကို လျှော့ချကာ အောက်ထပ် ကားပါကင်ထဲတွင် လှည့်ပတ်မောင်းနှင်နေသည်။

တတိယအကြိမ်မြောက် လှည့်ပတ်မိသောအခါ ကားအရှေ့မှန်ပေါ်တွင် သရဲမျက်နှာတစ်ခု ရုတ်တရက် ပေါ်လာသဖြင့် ကျန်းယိုယိုသည် ထိတ်လန့်ကာ ဘရိတ်ကို အရှိန်အဟုန်ဖြင့် นင်းလိုက်မိသည်။

ကားရပ်သွားပြီးနောက် ထိုသရဲမျက်နှာသည်လည်း ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

[ပထမအဆင့် လေလွင့်ဝိညာဉ် - အလုပ်ဒဏ် ပိလွန်းသဖြင့် ရုတ်တရက် သေဆုံးခဲ့ရသူ ဖြစ်သည်၊ တစ်သက်လုံး သူရဲဘောကြောင်ကာ နာခံခဲ့ရသူဖြစ်ပြီး သေဆုံးပြီးနောက် အာဃာတများ ရှိသော်လည်း စရိုက်က သူရဲဘောကြောင်ကာ အားနည်းသဖြင့် ကြီးမားသော ဘေးဒုက္ခ မဖြစ်စေနိုင်ချေ၊ လူများကို ခြောက်လန့်ခြင်းကိုသာ အဓိကပြုလုပ်ပြီး ၎င်းတွင် အသက်နှစ်ချောင်း ကြွေးတင်နေသည်]

လေလွင့်ဝိညာဉ်လေးသည် ပြတင်းပေါက်မှ ပထမဆုံး ပျံထွက်ကာ ထိုပထမအဆင့် လေလွင့်ဝိညာဉ်ကို သွားရောက်ဖမ်းဆီးရန် ပြင်လိုက်သည်။

"ပြန်လာခဲ့၊ ငါ မင်းကို သွားခိုင်းလို့လား" ဟု ချန်ကျိုးက လေလွင့်ဝိညာဉ်လေးကို လှမ်းအော်လိုက်သည်။

"ဟုတ်ကဲ့"

လေလွင့်ဝိညာဉ်လေးသည် နှုတ်ခမ်းကို စူကာ ကားထဲသို့ ပြန်ဝင်လာခဲ့သည်။

"မျက်စိစောင်း ၊ မင်း သွား"

နောက်ခန်းတွင်မူ တိတ်ဆိတ်နေဆဲ ဖြစ်သည်။

ချန်ကျိုးသည် နောက်သို့ လှည့်ကြည့်လိုက်ရာ မျက်စိစောင်းသရဲမလေးသည် ကားထဲတွင် ခွေလိပ်နေရင်း ခေါင်းကို အဆက်မပြတ် ခါယမ်းနေလေသည်။

"စီနီယာ၊ ကျွန်မ မလုပ်နိုင်ဘူး၊ သူ့ကို မနိုင်ဘူး၊ သူက အရမ်းကြောက်စရာကောင်းတယ် စီနီယာ" ဟု ပြောရင်း ငိုသံပင် ပါလာခဲ့သည်။

ကျန်းယိုယိုက စိတ်ဆိုးမာန်ဆိုးဖြင့် "ဆရာ၊ ဒါဆိုရင် ကျွန်မပဲ သွားလိုက်မယ်" ဟု ဆိုသည်။

ချန်ကျိုး၏ခေါင်းမာသော စရိုက်က ထွက်ပေါ်လာပြီး မျက်စိစောင်းသူရဲမကို လက်ညှိုးထိုးကာ အော်ဟစ်ဆဲဆိုတော့သည်။

"နှမ်းစေ့လောက်ပဲ ရှိတဲ့ ကြွက်စိတ်ဓာတ်နဲ့ ငါ့မျက်နှာကို အရှက်ကွဲအောင် လုပ်ချင်တာလား၊ မင်းက ဘာမှအသုံးမကျဘူးလို့ ငါစောစော ကတည်းက ပြောသားပဲ၊ မင်းက ငါ့နောက်ကို ဇွတ်လိုက်ချင်နေတာ၊ အခု မင်းကို အသုံးချရမယ့်အချိန်ကျတော့ ထောင့်ထဲမှာ ပုန်းနေပြီး စကားတောင် အကောင်းမပြောနိုင်ဘူး၊ မင်းကို ရှိနေတော့ကော ဘာအသုံးကျမှာလဲ၊ ပြန်ရောက်တာနဲ့ မင်းနဲ့ စာချုပ်ဖျက်ပစ်မယ်၊ အသုံးမကျတဲ့ အမှိုက်ကောင်"

သရဲမသည် နောက်ခန်းထဲတွင် ခွေလိပ်နေရင်း မျက်ရည်များ တဖြောက်ဖြောက် ကျဆင်းနေရှာသည်။

"ဆရာ၊ ကျွန်မပဲ သွားလိုက်ပါ့မယ်၊ ဘယ်သူမဆို ကြောက်တတ်တဲ့အချိန် ရှိတာပဲ၊ နောက်ကျရင် ကျင့်သားရသွားမှာပါ" ဟု ကျန်းယိုယိုက ပြောလိုက်သည်။

ချန်ကျိုး နှာခေါင်းရှုံ့လိုက်ရင်း "ကြွက်လိုမျိုး သူရဲဘောကြောင်တဲ့သူ၊ ကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ မထိုက်တန်ဘူး" ဟု ဆိုသည်။

သရဲမလေးသည် နှုတ်ခမ်းကို စူကာ စိတ်ထဲတွင် စဉ်းစားတွေးခေါ်ပြီးနောက် အော်ဟစ် လိုက်တော့သည်။

"ကျွန်မ သွားမယ်၊ သွားဆိုရင်လည်း သွားမှာပေါ့၊ အားလုံးက သရဲအချင်းချင်းပဲ၊ ကျွန်မက သူ့ကို ကြောက်နေရဦးမှာလား"

စိတ်ကို ဒုံးဒုံးချကာ အားယန်သည် ကားလေးထဲမှ ပျံထွက်သွားခဲ့သည်။

ပုံမှန်အချိန်တွင် စကားကို ကျယ်ကျယ်ပင်မပြောရဲသော မျက်စိစောင်းသရဲမလေးသည် ယခုတစ်ကြိမ်တွင် ဤမျှ ကျယ်လောင်စွာ ပြောဆိုလိုက်သဖြင့် ချန်ကျိုးပင် အနည်းငယ်ထိတ်လန့်သွားရသည်။

"သွားရင်လည်း သွားပေါ့၊ ဘာလို့ ဒီလောက်အော်နေရတာလဲ" ဟု ချန်ကျိုးက လေသံပျော့ဖြင့် ပြောလိုက်ရတော့သည်။

All Chapters