← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

Chapter 67

ချန်ကျိုးသည် ခေါင်းကို မတ်လျက် "အဲဒါပေါ့၊ ဒါက ရှေးဟောင်းရတနာကြီးပဲ၊ ချစ်တပည့်အနေနဲ့ ကျင့်ကြံခြင်းကို သေသေချာချာ လုပ်ဆောင်ဖို့ လိုအပ်သေးတယ်၊ ဒါမှ ဝိညာဉ်တစ်ရာ ခေါင်းလောင်းရဲ့ အကြီးမားဆုံး စွမ်းအားကို ထုတ်ဖော်နိုင်မှာ" ဟု ပြောလိုက်သည်။

ချန်ကျိုး ပြောဆိုသော စကားမှာ မှားယွင်းခြင်း မရှိချေ။ ကျန်းယိုယိုသည် ကျင့်ကြံသူ လက်မှတ်ကို ရရှိရုံသာ ရှိသေးပြီး ကျင့်ကြံခြင်း လမ်းစဉ်သို့ တရားဝင် ဝင်ရောက်ရခြင်း မရှိသေးသဖြင့် ခုနက စွမ်းအားမှာ ဝိညာဉ်တစ်ရာ ခေါင်းလောင်းက သာမန်လူအပေါ် အကျိုးသက်ရောက်စေရုံမျှသာ ဖြစ်သည်။

အကယ်၍ နောင်တစ်ချိန်တွင် ကျန်းယိုယို၏ စွမ်းရည် တိုးတက်လာပြီး ဝိညာဉ်တစ်ရာ ခေါင်းလောင်းကို စွမ်းအား ဖြည့်တင်းပေးနိုင်လျှင် ထိုစွမ်းအားမှာ မည်မျှ ပြင်းထန်မည်ကို ခန့်မှန်းနိုင်ပေသည်။

ရှင်းရှင်းပြောရလျှင် ပထမအဆင့် သန့်စင်ခြင်း အဆင့်ရှိသော အခြေခံ ကျင့်ကြံသူလေးတစ်ဦးသည် ထိပ်တန်း ရတနာကောင်းတစ်ခုကို ရရှိသွားခြင်း ဖြစ်သည်။

"ဆရာ ဆုံးမတာ မှန်ပါတယ်၊ ဒါပေမဲ့ ဆရာ၊ အဘွားအိုသရဲက ဝိညာဉ်ပြိုကွဲ ပျက်စီးသွားပြီပဲ၊ ဝိညာဉ်နယ်ပယ်က ဘာလို့ ရှိနေသေးတာလဲ"

ဝိညာဉ်နယ်ပယ်နှင့် အဘွားအိုသရဲတို့သည် သီးခြား ဖြစ်တည်မှုများ ဖြစ်ကြသည်။ ဝိညာဉ်နယ်ပယ်ကို အဘွားအိုသရဲက အခြားသရဲများထံမှ လှည့်စားရယူထားခြင်း ဖြစ်သည်။

"ဒါကိုတောင် နားမလည်ဘူးလား၊ ဒီဝိညာဉ်နယ်ပယ်က နင့်ရဲ့ ဝိညာဉ်တစ်ရာ ခေါင်းလောင်းလိုပဲ ရတနာတစ်ခုပဲ" ချန်ကျိုးသည် လေလွင့်ဝိညာဉ်လေးထံသို့ လှည့်ကြည့်လိုက်ရင်း "ဒီဝိညာဉ်နယ်ပယ်က နင့်အတွက်ပဲ" ဟု ပြောလိုက်သည်။

လေလွင့်ဝိညာဉ်လေးသည် နားမလည်နိုင်ဘဲ "ကျွန်မလား" ဟု မေးလိုက်သည်။

လေလွင့်ဝိညာဉ်လေးသည် ဝိညာဉ်နယ်ပယ်ကို ကြည့်ရင်း ဆွံ့အသွားရသည်။

“ဒါကို ဘယ်လို ယူရမှာလဲ”

[ပိုင်ရှင်မဲ့ ဝိညာဉ်နယ်ပယ် - အရှင်သခင်အဖြစ် သတ်မှတ်ခြင်း၊ လေလွင့်ဝိညာဉ်လေး]

လေလွင့်ဝိညာဉ်လေးနှင့် ချန်ကျိုး ပထမဆုံး ဆုံတွေ့စဉ်က ပေးအပ်ခဲ့သော တေးဂီတသေတ္တာလေးသည် မသိမသာဖြင့် လေလွင့်ဝိညာဉ်လေး၏ လက်ထဲတွင် ပေါ်လာခဲ့သည်။

လေလွင့်ဝိညာဉ်လေး၏ စိတ်ထဲတွင် အသံတစ်ခုက “ဖွင့်လိုက်ပါ၊ ဖွင့်လိုက်ပါ” ဟု ပြောဆိုနေသည်။

ဝိညာဉ်ပူးသကဲ့သို့ လေလွင့်ဝိညာဉ်လေးသည် တေးဂီတသေတ္တာလေးကို ဖွင့်လိုက်ရာ ငြိမ့်ညောင်းသော ဂီတသံသည် တေးဂီတသေတ္တာလေးထဲမှ လွင့်ပျံလာခဲ့သည်။

ဂီတသံနှင့်အတူ ချန်ကျိုး ရောက်ရှိနေသော ဝိညာဉ်နယ်ပယ်သည် အရှိန်အဟုန်ဖြင့် ပြိုကျပျက်စီးသွားခဲ့သည်။

အဆောက်အအုံ အမိုးပြားတစ်ခုက ချန်ကျိုးထံသို့ ကျရောက်လာသည်ကို မြင်သောအခါ ချန်ကျိုးသည် အသိစိတ်အရ မျက်လုံးကို မှိတ်ထားလိုက်သည်။

အချိန်အနည်းငယ် ကုန်ဆုံးသွားသော်လည်း အရှိန်အဟုန်ဖြင့် အရိုက်ခံရသော ခံစားချက်မျိုး မရှိသည့်အပြင် နာကျင်မှုလည်း မရှိချေ။

ချန်ကျိုးသည် မျက်လုံးကို ပြန်လည် ဖွင့်ကြည့်လိုက်သည်။

ရှည်လျားစတုရန်းပုံစံ နေရာတစ်ခု ဖြစ်သည်။

ဒီနေရာက

ဓာတ်လှေကား

[စနစ် : လေလွင့်ဝိညာဉ်လေးသည် ဝိညာဉ်နယ်ပယ်ကို အောင်မြင်စွာ ရရှိသွားပြီ ဖြစ်သည်]

ဒီမျှနှင့် ပြီးဆုံးသွားခဲ့သည်။

ဖြစ်စဉ်မှာ ဆယ်မိနစ်ပင် မကြာလိုက်ချေ။

အိမ်ခြံမြေ ပရိသတ်မလေး၏ တက်ကြွစွာ လိုက်လံပို့ဆောင်မှုအောက်တွင် ချန်ကျိုး၏ကားလေးသည် ကျန်းပေ့ကျေးရွာ လူနေရပ်ကွက် တံခါးကြီးအပြင်သို့ မောင်းနှင်ထွက်ခွာလာခဲ့သည်။

အလွန်တိုက်တိုက်ဆိုင်ဆိုင်ပင် ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ ရုံးသုံးကားနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့ခဲ့သည်။

ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ ကျင့်ကြံသူသည် ကားပေါ်မှ ဆင်းဆင်းချင်း ချက်ချင်းပင် "ကျွန်တော် မေးပါရစေ၊ ခုနက ကားလေးထဲက လူတွေက ဘယ်သူတွေလဲ" ဟု မေးမြန်းလိုက်သည်။

"ဆရာကြီးချန်လေ၊ ဆရာကြီးချန်က ကျွန်မတို့ ရပ်ကွက်ကို တမင်လာပြီး သရဲနှိမ်နင်းပေးတာ၊ ခုနတင် ပြီးသွားပြီ"

"တစ်ဆယ့်လေးလွှာက အမှုတွဲ ပြီးသွားပြီလား"

ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ ကျင့်ကြံသူသည် မယုံကြည်နိုင်လောက်အောင် မေးမြန်းလိုက်သည်။ နောက်ဆုံးအကြိမ် ကားလေးနှင့် ဆုံတွေ့ခဲ့သည့်အချိန်မှစ၍ ယခုအထိ တတွဲလုံး တစ်ဆယ့်ငါးမိနစ်ပင် မပြည့်သေးချေ။

သေချာစေရန်အတွက် ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ ကျင့်ကြံသူသည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက် စစ်ဆေးခဲ့သည်။

ဘာမျှ ရှာမတွေ့ဘဲ တိုက်ခိုက်ခဲ့သော အထောက်အထားပင် မရှိချေ။

ဝိညာဉ်ချုပ်ထိန်းရေးဌာန ကျင့်ကြံသူက "ကြည့်ရတာ တကယ်ပဲ ပြီးဆုံးသွားပြီ ထင်တယ်၊ ဌာနကို အစီရင်ခံလိုက်ဦး၊ နောက်ထပ် အမှုတွဲရှိတဲ့ လမ်းဆုံသုံးခွကို သွားကြမယ်" ဟု ပြောလိုက်သည်။

လမ်းဆုံသုံးခွ

သရဲမတစ်ကောင်သည် ရူးသွပ်စွာ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းနေသည်။

နောက်ဘက်သို့ ထွက်ပြေးသောအခါ လေလွင့်ဝိညာဉ်လေးက အပြစ်ကင်းစင်စွာဖြင့် တေးဂီတသေတ္တာလေးကို ကစားနေသည်။

ရှေ့ဘက်သို့ ထွက်ပြေးသောအခါ ကျန်းယိုယိုက ဝိညာဉ်တစ်ရာ ခေါင်းလောင်းကို လေ့လာနေသည်။

မြောက်ဘက်သို့ ထွက်ပြေးသောအခါ နှစ်တစ်ထောင်ကျားဝိညာဉ်ကြီးက ပျင်းရိစွာဖြင့် အမွှေးများကို လျှာဖြင့် ရက်နေသည်။

တောင်ဘက်သို့ ထွက်ပြေးသောအခါ မြွေပါငယ်က ဟိုခုန်ဒီခုန်ဖြင့် ပျော်ရွှင်နေသည်။

လမ်းအလယ်တွင်မူ ချန်ကျိုးက ကြက်တောင်ပံ ကိုက်ရင်း ပွဲကြည့်နေသည်။

ကြက်တောင်ပံ ကိုက်ပြီးနောက် ချန်ကျိုးသည် ညာဘက်လက်ကို မြှောက်ကာ အသံမထွက်သော လက်ဖျောက်တစ်ချက် တီးလိုက်သည်။

လေးဘက်လေးတန်မှ တစ်ပြိုင်နက် တိုက်ခိုက်ကြသည်။

ပြီးမြောက်သည်။

ကားလေးသည် နောက်ထပ် အော်ဒါတစ်ခုဆီသို့ ဆက်လက် မောင်းနှင်သွားခဲ့သည်။

ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ ကားသည် နောက်ကျမှ ရောက်ရှိလာပြီး ချန်ကျိုး၏ ကားနောက်မီးကိုပင် မမြင်လိုက်ရချေ။

စစ်ဆေးမှုအချို့ ပြုလုပ်ပြီးနောက်။

"ဘာမှ မတွေ့ရပြန်ဘူး"

"ဒီနေ့ညတော့ တကယ်ပဲ ထူးဆန်းနေပြီ၊ ချန်ကျိုးက ဘာဖြစ်လို့ လေလွင့်ဝိညာဉ်တွေနဲ့ အငြိုးကြီးတစ္ဆေတွေကို လိုက်ရိုက်နေတာလဲ၊ သူက တတိယအဆင့်ထက် မြင့်တဲ့ ကြမ်းကြုတ်သောသရဲတွေကို သွားရိုက်ရမှာ မဟုတ်ဘူးလား"

ချန်ကျိုးသည် ဟိုပြေးဒီပြေးဖြင့် တစ်ညလုံး အလုပ်ရှုပ်နေခဲ့ပြီး ကျင့်ကြံသူစခန်းတွင် ချန်ကျိုး၏ အော်ဒါလက်ခံသည့် အချက်အလက်များက အဆက်မပြတ် တက်လာနေသည်။ အခြားသော ကျင့်ကြံသူတစ်ဦးသည် အော်ဒါတစ်ခု ပြီးမြောက်ရန် အနည်းဆုံး တစ်ညအချိန် ယူရသော်လည်း ချန်ကျိုးကမူ တစ်ညတည်းဖြင့် သာမန်ကျင့်ကြံသူတစ်ဦး၏တစ်လစာ အော်ဒါများကို လက်ခံခဲ့သည်။

မသိမသာဖြင့် ချန်ကျိုးသည် ကျင့်ကြံသူစခန်း၏ရေပန်းစားသော ခေါင်းစဉ်စာရင်းထဲသို့ ရောက်ရှိသွားခဲ့သည်။

[ကြေးနီအဆင့် ကျင့်ကြံသူဝမ်လုဟူ - ချန်ကျိုးဆိုတဲ့ ညီအစ်ကိုက ဘယ်သူလဲ သိတဲ့လူ ရှိလား၊ အစစ်လား အတုလား၊ တစ်ညတည်းနဲ့ အော်ဒါ နှစ်ဆယ်နီးပါး လက်ခံထားတယ်]

[ကြေးနီအဆင့် ကျင့်ကြံသူဂါရီ - ချန်ကျိုးကို မသိကြဘူးလား၊ ကျင်းဟိုင်မြို့ဘက်က နာမည်ကြီးလူပဲ၊ လတ်တလော အမှုကြီးတွေ အားလုံးကို သူပဲ ဖြေရှင်းခဲ့တာ]

[ငွေအဆင့် ကျင့်ကြံသူကျန်းထဲ့တန်း - ကျင့်ကြံသူ အဆင့်တက်ဖို့အတွက် ဆရာကြီးအနေနဲ့ လက်လွှတ်ပေးဖို့ အသနားခံပါတယ်]

[ကြေးနီအဆင့် ကျင့်ကြံသူဆွန်မင်ယွမ် - ဆရာကြီးချန်ရဲ့ ချစ်တပည့် ကျန်းယိုယိုကို တကယ်ပဲ အားကျမိတယ်၊ ဆရာကြီး၊ ခြေသလုံးမွှေးမှာ တွဲလောင်းခိုဖို့ နေရာအလွတ် ရှိသေးလား]

[ငွေအဆင့် ကျင့်ကြံသူ လျိယုံထောင် - ကျွန်တော် ပစ္စည်းတွေ သိမ်းပြီး ထွက်ပြေးဖို့ပြင်ဆင်နေပြီ၊ ဘယ်မြို့မှာ ဆရာကြီး မရှိဘူးလဲ၊ ခိုလှုံခွင့်ပေးဖို့ တောင်းပန်ပါတယ်]

ဝိညာဉ်ချုပ်ထိန်းရေးဌာနတွင် တာဝန်ပေးအပ်ခြင်းခံရသော ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် အောင်မြင်မှုမရှိဘဲ ပြန်လာခဲ့ကြသည်။

"ဌာနမှူး၊ ကျွန်တော်တို့အတွက် အခွင့်အရေး လုပ်ပေးပါဦး၊ ကျွန်တော်တို့ အဖွဲ့တစ် အော်ဒါ ထွက်ထွက်ချင်းပဲ၊ ချန်ကျိုး... ဟမ်း ဟမ်း၊ ဆရာကြီးချန်က အရင် ဖြေရှင်းပြီးသွားပြီ"

"ကျွန်တော်တို့ အဖွဲ့ နှစ်လည်း တူတူပဲ၊ ဆရာကြီးချန်ရဲ့ ကားလေးက နီကျားရဲ့မီးဘီးတပ်ထားသလိုပဲ၊ မျက်စိတစ်မှိတ်အတွင်း ပျောက်သွားတာပဲ"

"ငါးမိနစ်ကတင် ဆရာကြီးချန်ရဲ့ ကားလေးကို မြင်လိုက်ရသေးတယ်၊ ငါးမိနစ်အကြာမှာ ကျွန်တော်တို့ အခင်းဖြစ်ပွားရာနေရာကို ရောက်တော့ ဆရာကြီးချန်က ဖြေရှင်းပြီးသွားပြီ၊ မျက်နှာတောင် မမြင်လိုက်ရဘူး"

"ဌာနမှူး၊ ကျွန်တော်တို့က မိသားစုတွေနဲ့ဆိုတော့ မလွယ်ကူကြဘူး၊ ဒီဆုကြေးငွေလေးကိုပဲ အားကိုးပြီး အသက်မွေးနေရတာပါ"

"ဟုတ်ပါတယ် ဌာနမှူး၊ ခင်ဗျားက ဆရာကြီးချန်ကို သွားပြီး ဖြောင်းဖြပေးပါဦး၊ ကျွန်တော်တို့ကို အသက်ရှူပေါက်လေး ပေးပါဦးလို့"

နောက်တစ်ကြိမ်လည်း ချန်ကျိုး

နောက်တစ်ကြိမ်လည်း ချန်ကျိုး

နောက်တစ်ကြိမ်လည်း ချန်ကျိုး

ယခုအခါ ချန်ကျိုးဆိုသည့် စာလုံးနှစ်လုံးကို ကြားလိုက်သည်နှင့် လော့ယွီမင်သည် တကယ်ပင် ခေါင်းနှစ်လုံးကြီး ဖြစ်သွားရသည်။ နားမလည်နိုင်သော ကိစ္စရပ်အားလုံးသည် ချန်ကျိုး၏ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပွားသောအခါ အလွန်ပင် သဘာဝကျနေသကဲ့သို့ ဖြစ်နေသည်။

"ဒီကိစ္စကို ငါ သိပြီ၊ ငါ နည်းလမ်း ရှာကြည့်ပါ့မယ်"

လော့ယွီမင်သည် လက်အောက်ငယ်သားများကို ဤကဲ့သို့သာ နှစ်သိမ့်လိုက်ရတော့သည်။

လက်အောက်ငယ်သားများ ထွက်ခွာသွားပြီးနောက် လော့ယွီမင်သည် ဖုန်းကို ထုတ်ယူကာ ချန်ကျိုး၏ဝီချက်ကို ရှာဖွေလိုက်သည်။

ချန်ကျိုး၏ ပရိုဖိုင်ပုံသည် အကြိမ်ပေါင်းများစွာ ပြောင်းလဲခဲ့သော်လည်း အကြိမ်တိုင်းတွင် သွားဖြဲပြနေသော ခေါင်းကြီးမှ လွတ်မြောက်ခြင်း မရှိချေ။

ယခုကြည့်ရသည်မှာ အလွန်ရန်စလိုသော ပုံစံမျိုး ဖြစ်နေသည်။

ချန်ကျိုး၏မိတ်ဆွေများဝိုင်းကို ဖွင့်ကြည့်လိုက်ရာ ပို့စ်တိုင်းတွင် ရင်းနှီးသော အမည်တစ်ခုက တကောက်ကောက်ဖြင့် လာရောက်၍ လိုက်ခ်ပေးကာ မှတ်ချက်ပေးထားသည်ကို တွေ့ရပြီး ပို့စ်တင်ပြီး တစ်မိနစ်ပင် မပြည့်မီ သေချာပေါက် ပေါ်လာတတ်သည်။

ကျိုးအိုက်ကော်သည် နှစ်ဆယ့်လေးနာရီလုံးလုံး ချန်ကျိုး၏ မိတ်ဆွေများဝိုင်းကို စောင့်ကြည့်နေသကဲ့သို့ ဖြစ်နေသည်။ ဤဖားကောင်၏ လှုံ့ဆော်မှုကြောင့် အိမ်ခြံမြေ သူဌေးကြီး ဝူပေါ်ထုံပင် ဖားလိုသော အနံ့အသက်များ ပါဝင်နေသည်။

အလားတူပင် ဖားကြခြင်း ဖြစ်သော်လည်း ကျိုးအိုက်ကော်ကို ကြည့်လိုက်လျှင် ထူးချွန်သော ရဲစခန်း စခန်းမှူးအဖြစ် ရွေးချယ်ခံရတော့မည် ဖြစ်ပြီး အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော်လည်း ကျင့်ကြံသူပင် ဖြစ်လာခဲ့သည်။

လော့ယွီမင်သည် နားမလည်နိုင်ချေ။ သူ ဖားခြင်းနှင့် ကျိုးအိုက်ကော် ဖားခြင်းသည် ဘယ်နေရာတွင် ကွာခြားနေသနည်း။

ကျိုးအိုက်ကော်၏မွေးရာပါ ဖားနိုင်သော ပါရမီကိုမူ လော့ယွီမင်သည် မည်သို့ပင် လေ့လာပါစေ အနှစ်သာရကို မရရှိနိုင်ချေ။

နံနက် လေးနာရီအချိန်တွင် ချန်ကျိုးသည် ပင်ပန်းနွမ်းနယ်စွာဖြင့် ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံ၏ အခန်းလေးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

သူသည် စိတ်လှုပ်ရှားစွာဖြင့် ကုတင်ပေါ်တွင် ထိုင်ရင်း ဖုန်းကို ကစားနေသည်။

"ငါ အော်ဒါတွေကို ပြီးအောင် လုပ်ခဲ့တယ်၊ ဘာလို့ ငါ့ကို စစ်ဆေးအတည်မပြုပေးသေးတာလဲ"

မြွေပါငယ်က "အော်ဒါတင်တဲ့လူက အတည်ပြုပေးမှ ရမှာလေ" ဟု ပြောလိုက်သည်။

"ဒါဆို အော်ဒါတင်တဲ့လူကို ဖုန်းဆက်လိုက်"

"ချန်ကျိုး၊ သူတို့လည်း အိပ်ရဦးမှာလေ၊ မင်း အိပ်လိုက်ဦး၊ နိုးလာရင် ပြီးသွားလိမ့်မယ်"

"ငါ အိပ်မပျော်ဘူး၊ ဒါမှမဟုတ် ငါတို့ အော်ဒါတင်တဲ့လူရဲ့ အိမ်တံခါးဝမှာ သွားစောင့်နေကြမလား၊ သူ မေ့သွားရင် ဘယ်လိုလုပ်မလဲ"

မြွေပါငယ်သည် သမ်းဝေလိုက်ရင်း "စိတ်ချပါ၊ မမေ့ပါဘူး၊ အိပ်လိုက်ဦး၊ စကားနားထောင်ပြီး အိပ်လိုက်ရင် ပြီးသွားလိမ့်မယ်" ဟု ပြောလိုက်သည်။

"ငါ အိပ်မပျော်ဘူး၊ နင်တို့ပဲ အိပ်ကြတော့"

တစ်နာရီ ကြာပြီးနောက်။

ချန်ကျိုးသည် ဖင်ဘူးတောင်းထောင်ကာ ကုတင်ပေါ်တွင် မှောက်လျက် အိပ်ပျော်နေပြီး ပါးစပ်မှလည်း မိုးခြိမ်းသကဲ့သို့ ပြင်းထန်စွာ ဟောက်နေတော့သည်။

ကျန်းယိုယိုသည် ဆူညံသံကြောင့် တကယ်ပင် အိပ်မပျော်နိုင်တော့ဘဲ မိုးလင်းသည်နှင့် တစ်ပြိုင်နက် ကားမောင်းကာ အိမ်ပြန်၍ အိပ်စက်တော့သည်။

နံနက်ပိုင်းတွင် ချန်ကျိုး၏ဖုန်းထဲသို့ သတိပေးချက်တစ်ခု ဝင်လာခဲ့ပြီး ဖုန်းမျက်နှာပြင်ပေါ်တွင် “အော်ဒါ ပြီးမြောက်ပါပြီ” ဟု ပြသနေသည်။

အိပ်မက်ကမ္ဘာထဲရှိ ချန်ကျိုးသည် မနည်းဘဲ မျက်ခွံတစ်ဖက်ကို ဖွင့်ကြည့်လိုက်ပြီး အားယူကာ မှိတ်ချလိုက်သည်။

“တုန်၊ တုန်”

ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

“ဝူး”

အသစ်ဝယ်ထားသော ဖုန်းသည် လှပသော စက်ဝန်းပုံစံ လမ်းကြောင်းတစ်ခုဖြင့် ကုတင်အောက်သို့ ပျံသန်းကျဆင်းသွားခဲ့သည်။

“အင်း၊ ပျော်ဖို့ကောင်းရုံသက်သက်ပါပဲ”

All Chapters