← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

Chapter 76

အခန်းထဲသို့ ဝင်လာပြီးနောက် ချန်ကျိုးသည် မအောင့်နိုင်တော့ဘဲ ကုတင်ပေါ်တွင် ကပျာကယာ ထိုင်ကာ အိတ်ကပ်ထဲမှ ပိုက်ဆံများကို အကုန်ထုတ်လိုက်သည်။

"တစ်ရာ၊ နှစ်ရာ၊ သုံးရာ၊ လေးရာ၊ ငါးရာ၊ ခြောက်ရာ၊ ခုနစ်ရာ၊ ရှစ်ရာ၊ ကိုးရာ၊ ဆယ်ရာ၊ တစ်ဆယ့်တစ်ရာ၊ တစ်ဆယ့်နှစ်ရာ၊ တစ်ဆယ့်သုံးရာ၊ သုံးဆယ့်သုံးရာ၊ သုံးဆယ့်လေးရာ"

ချန်ကျိုးသည် တစ်ရွက်ချင်းစီကို အသေအချာ ဂရုတစိုက် ရေတွက်နေပြီး အနည်းငယ်မျှပင် ပေါ့ဆမှုမရှိချေ။

ဟွမ်ရှောင်မော့(မြွေပါငယ်)သည် ချန်ကျိုး၏ ဘေးနားသို့ ပြေးလာပြီး ရေတွက်တာ မှားနေကြောင်း ပြောရန် ပါးစပ်ပြင်လိုက်သော်လည်း ချန်ကျိုးက သူ၏ ခေါင်းလုံးလုံးလေးကို ရိုက်လိုက်သည့် မြင်ကွင်းက ဖျတ်ခနဲ လှည့်လည်သွားသဖြင့် ပြန်မပြောရဲတော့ပေ။

စိတ်ဝေဒနာရှင်တစ်ယောက်ကို ဘာလို့ အတည်ပေါက် လိုက်လုပ်နေရမှာလဲ။

"ချန်ကျိုး၊ မင်းက တကယ်တော်တာပဲ၊ ပိုက်ဆံကို တကယ် ရေတွက်တတ်တယ်"

ဟွမ်ရှောင်မော့က ချီးမွမ်းစကားသို့ ပြောင်းလဲ၍ ပြောလိုက်သည်။

ချန်ကျိုးက ပိုက်ဆံရေတွက်ခြင်းကို ခေတ္တရပ်လိုက်ပြီး ဟွမ်ရှောင်မော့၏ ခေါင်းလုံးလုံးလေးကို လှမ်းရိုက်ကာ ပြောသည်။

"အဲဒါကတော့ အပိုပြောနေတာပေါ့"

ထို့နောက် ပိုက်ဆံ ဆက်ရေတွက်ပြန်သည်။

"နှစ်ဆယ့်ကိုးရာ၊ သုံးဆယ်ရာ၊ သုံးဆယ့်နှစ်ရာ"

ဟွမ်ရှောင်မော့မှာ စိတ်ထဲတွင် အတော်လေး မကျေမနပ် ဖြစ်သွားရသည်။

“ပိုက်ဆံ ရေတွက်တတ်တယ်လို့ ချီးမွမ်းတာကိုတောင် ငါ့ကို ရိုက်သေးတယ်ပေါ့”

ချန်ကျိုး ပိုက်ဆံရေတွက်နေချိန်သည် သူ၏ ကြောင်တက်စင်ကိစ္စတွင် ဝင်ရောက်မရှုပ်ယှက်နိုင်သည့် အချိန်ဖြစ်သဖြင့် ဤအခွင့်အရေးကို အသုံးချကာ ကြောင်တက်စင်ကို ချန်ကျိုး ဖျက်ဆီးမပစ်ခင် အမြန်တပ်ဆင်လိုက်သည်။

ချန်ကျိုးသည် အခန်းငယ်လေးထဲတွင် တစ်မနက်ခင်းလုံး အချိန်ယူ၍ ရေတွက်ပြီးနောက် နောက်ဆုံးတွင် အတိအကျ ပမာဏကို ရရှိသွားခဲ့သည်။

"ရှစ်ဆယ့်သုံးရာ လေးပဲ ခြောက်ပြား"

[စနစ် : ချန်ကျိုး မင်းက တကယ်တော်တာပဲ၊ အကြွေမပါတဲ့ ငွေစက္ကူအုပ်ကြီးကနေ အကြွေစေ့တွေပါ ရေတွက်ထုတ်နိုင်တယ်]

ချန်ကျိုးသည် ဟွမ်ရှောင်မော့ အခန်းထဲတွင် မရှိခိုက် ပိုက်ဆံများကို အဝတ်ဗီရိုထဲတွင် ဝှက်ထားလိုက်ပြီး သူနှင့် ဗဟိုဌာနချုပ် ဆက်သွယ်သည့် ဖိနပ်အစုတ်ကြီးနှင့်အတူ ရောနှောသိမ်းဆည်းလိုက်သည်။

လီချင်ရှန်းသည် ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် စိတ်အားထက်သန်နေသဖြင့် ဇနီးမောင်နှံနှစ်ဦးကို ပို့ဆောင်ပြီးနောက် တန်းလျားရှည်လေးဆီသို့ ပြန်လာကာ ဝိညာဉ်ကမ္ဘာထဲသို့ ဝင်ရောက်နိုင်ရန် ဆက်လက် ကြိုးပမ်းနေပြန်သည်။

လီချင်ရှန်း၏ မလျှော့သော ဇွဲလုံ့လကြောင့် သူ၏ စိတ်အာရုံသည် ဖြူဖွေးနေသော ကမ္ဘာကြီးတစ်ခုကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။ သို့သော် နောက်တစ်စက္ကန့်တွင်မူ သူသတိမေ့မြောသွားခဲ့ရသည်။ ပြင်းထန်သော အပူရှိန်ဒဏ်ကို မခံနိုင်ဘဲ နေပူလျှံပြီး သတိလစ်သွားခြင်း ဖြစ်သည်။

တစ်နာရီခန့် ကြာပြီးနောက် ကျိုးအိုက်ကော်သည်လည်း လီချင်ရှန်း၏ ခြေရာအတိုင်း လိုက်ပါသွားခဲ့ပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ တွဲထူမှုဖြင့် အရိပ်ရသော နေရာသို့ သွားရောက် အနားယူခဲ့ရသည်။

လော့ယွီမင်မှာမူ ချန်ကျိုး၏ ပထမဆုံးအကြိမ် သင်ကြားပြသမှုကို ခံရပြီးကတည်းက နေ့တိုင်း နေပူထဲတွင် ထိုင်၍ လေ့ကျင့်နေကျဖြစ်သဖြင့် ပြင်းထန်သော အပူရှိန်အောက်တွင် တရားထိုင် ကျင့်ကြံခြင်းကို ကျင့်သားရနေပြီ ဖြစ်သည်။

ကျန်းယိုယိုမှာမူ လိပ်သွေးရည်များကို အလွန်အကျွံ သောက်သုံးထားသဖြင့် အရေပြား နေလောင်ဒဏ် မခံရခင်မှာပင် ပြန်လည် ကုသပျောက်ကင်းသွားခဲ့သည်။

ချန်ကျိုးသည် သစ်ပင်ရိပ်အောက်တွင် တစ်နေ့လုံး အိပ်ပျော်နေခဲ့ပြီး လူလေးဦးမှာမူ တစ်နေ့လုံး အဆက်မပြတ် ကျင့်ကြံနေခဲ့ကြသည်။ ညနေစောင်းအချိန် ရောက်သောအခါ သရဲပွဲတော် ရောက်ရှိတော့မည် ဖြစ်သဖြင့် ကျိုးအိုက်ကော်၊ လော့ယွီမင်နှင့် ကျန်းယိုယိုတို့သည် နှမြောတသစွာဖြင့် ချန်ရှန်း စိတ်ကျန်းမာရေးဆေးရုံမှ ထွက်ခွာသွားကြသည်။

ညစာစားပြီးစအချိန်တွင် မှောင်ရီမပျိုးသေးသော်လည်း လီချင်ရှန်းသည် ချန်ကျိုး၏နောက်မှ တကောက်ကောက် လိုက်နေပြီး ခရီးထွက်ရန် အဆက်မပြတ် တိုက်တွန်းနေတော့သည်။

မူလက ဟွမ်ရှောင်မော့သည် ညရှစ်နာရီ ကိုးနာရီခန့် ကြောင်ကြီး ဝိညာဉ်ကိုယ်ထင်ပြနိုင်သည့် အချိန်ကျမှ ထွက်ခွာရန် စီစဉ်ထားသော်လည်း လီချင်ရှန်း၏ပူဆာလွန်းမှုကြောင့်လည်းကောင်း၊ ချန်ကျိုးကိုယ်တိုင်ကလည်း အပြင်သို့ သွားချင်စိတ် ပြင်းပြနေမှုကြောင့်လည်းကောင်း လီချင်ရှန်း ကားကိုစီးကာ နေ့ခင်းက ကျန်းချွေ့လျန် ဇနီးမောင်နှံ ချန်ထားခဲ့သော လိပ်စာအတိုင်း ထွက်ခွာခဲ့ကြသည်။

ကျန်းချွေ့လျန် ဇနီးမောင်နှံ ချန်ထားခဲ့သော လိပ်စာသည် ကျင်းဟိုင်မြို့ နန်းချန်းခရိုင်ရှိ မြို့ပြဆင်ခြေဖုံး ကျေးရွာတစ်ခု၏ ကိုယ်ပိုင်ဆောက်လုပ်ထားသော အိမ်တစ်အိမ်တွင် ဖြစ်သည်။

ကျန်းချွေ့လျန် ဇနီးမောင်နှံ၏ဦးဆောင်မှုဖြင့် လူနှစ်ယောက်နှင့် မြွေပါတစ်ကောင်သည် သတိမေ့မြောနေသော သားဖြစ်သူ၏ အခန်းထဲသို့ ရောက်ရှိလာခဲ့ကြသည်။

အခန်းထဲတွင် နောက်ထပ် လူသုံးဦး ရှိနေသေးသည်။ သက်ကြီးရွယ်အိုတစ်ဦးနှင့် လူငယ်နှစ်ဦး ဖြစ်ပြီး လူငယ်များမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်ကာ အသက် နှစ်ဆယ် သုံးဆယ်အရွယ်ခန့် ရှိကြသည်။ ၎င်းတို့သည် ပိုးထည်ဝတ်စုံရှည်များကို ဝတ်ဆင်ထားကြပြီး ရင်ဘတ်တွင် တံဆိပ်များ ချိတ်ဆွဲထားကြသည်။ တံဆိပ်ပေါ်တွင် တင်းလီ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ အကျိုးဆောင်လုပ်ငန်း ဟု ရေးသားထားသည်။

ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာကတည်းက အမျိုးမျိုးသော ထူးဆန်းသော ဖြစ်ရပ်များ အဆက်မပြတ် ဖြစ်ပွားနေခဲ့သည်၊။

အစိုးရက ပထမဆုံးအချိန်၌ပင် မိစ္ဆာနှိမ်နင်းရေး ရဲစခန်းနှင့် ဝိညာဉ်ချုပ်ထိန်းရေးဌာနကို တည်ထောင်ခဲ့သလို အရပ်ဘက်တွင်လည်း ဝိညာဉ်များကို အခကြေးငွေဖြင့် နှိမ်နင်းပေးသည့် ကိုယ်ပိုင်အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့သည်။

တင်းလီ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ အကျိုးဆောင်လုပ်ငန်းဆိုသည်မှာ ဤကဲ့သို့သော အကြောင်းရင်းမသိရသည့် ထူးဆန်းသော ဖြစ်ရပ်များကို အထူးတလည် ဖြေရှင်းပေးသည့် အဖွဲ့အစည်း ဖြစ်သည်။

၎င်းတို့သည် သတိမေ့မြောနေသော အမျိုးသား၏ ကုတင်ဘေးပတ်ပတ်လည်တွင် မီးသီးများကို ဝိုင်းပတ်ချထားပြီး ခေတ်မီစက်ကိရိယာ အချို့ကိုလည်း တပ်ဆင်ထားကြသည်။

တစ်ခန်းလုံးတွင်လည်း အဝါရောင် အဆောင်စက္ကူများကို ကပ်ထားကြသည်။

"ခင်ဗျားတို့က တခြားလူတွေကိုလည်း ပင့်ဖိတ်ထားသေးတာလား"

လီချင်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။

ဒါက ချန်ကျိုးကို မယုံကြည်တဲ့ သဘောပဲ မဟုတ်လား။

တင်းလီ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ အကျိုးဆောင်လုပ်ငန်းမှ လူများသည် လီချင်ရှန်းထံသို့ အလိုအလျောက် ကြည့်လိုက်ကြသည်။ လီချင်ရှန်းသည် အသက်အရွယ်ကြီးရင့်ပြီး စိတ်ကျန်းမာရေးဆေးရုံအုပ်ကြီးတစ်ဦး၏ အရှိန်အဝါမျိုး ရှိသဖြင့် ဤအရှိန်အဝါကို ကြည့်ရုံဖြင့်ပင် စွမ်းဆောင်ရည်ရှိသူတစ်ဦး ဖြစ်ကြောင်း သိနိုင်ပေသည်။

ထို့ပြင် သူက မြွေပါတစ်ကောင်ကိုပင် ခေါ်ဆောင်လာသေးသည်။

ယခုခေတ်တွင် မြွေပါတစ်ကောင်ကို မွေးမြူနိုင်သည့် ကျင့်ကြံသူဆိုလျှင် စွမ်းအား မနိမ့်လှချေ။

မိသားစုဝင်များက နှစ်ဖက်စလုံး၏ တင်းမာမှုကို ရိပ်မိသွားကြသည်။

"ဆရာကြီးတို့ခင်ဗျာ၊ တကယ်ပဲ အားနာရပါတယ်၊ ကျွန်တော်တို့လည်း တခြားနည်းလမ်းမရှိလို့ပါ၊ မိဘတွေဖြစ်တဲ့အတွက် သားကို ကယ်တင်နိုင်မယ့် ဘယ်လိုအခွင့်အရေးမျိုးကိုမဆို လက်မလွှတ်နိုင်လို့ပါ၊ ဆရာကြီးတို့ နားလည်ပေးကြပါ"

မိသားစုဝင်များက ဤမျှအထိ ပြောလာပြီဖြစ်ရာ မည်သူကမျှ ဆက်လက်ငြင်းခုံနေလျှင် စိတ်သဘောထား သေးသိမ်ရာ ရောက်ပေလိမ့်မည်။

တင်းလီ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ အကျိုးဆောင်လုပ်ငန်းမှ လူများသည် မိမိတို့၏ အလုပ်ကို ဆက်လက် လုပ်ဆောင်နေကြသည်။

ဟွမ်ရှောင်မော့သည် သတိမေ့မြောနေသော အမျိုးသား၏ ကုတင်ပေါ်သို့ ခုန်တက်ကာ ခေါင်းရင်းသို့ သွားပြီး လက်သည်းလေးဖြင့် ထိုအမျိုးသား၏ မျက်ခွံကို ဖွင့်ကြည့်လိုက်ရာ မျက်ဝန်းများက မှေးမှိန်ဖျော့တော့နေသည်။

နှာခေါင်းဝတွင် အသက်ရှူခြင်းကို စမ်းသပ်ကြည့်ရာ ဟွမ်ရှောင်မော့၏ လက်သည်းပေါ်ရှိ အမွှေးအမျှင်များက အနည်းငယ်သာ လှုပ်ခတ်သွားပြီး အသက်ရှူသံက အလွန်အားနည်းနေသည်။

အမျိုးသား၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ရာ သွေးကြောများက လွင့်မျောပြီး အားနည်းနေသည်။

ဟွမ်ရှောင်မော့သည် အမျိုးသား၏ ရင်ဘတ်ပေါ်သို့ တက်ကာ လက်သည်းလေးကို နှလုံးရှိရာနေရာသို့ ပြန့်ပြန့်ချလိုက်ပြီး မြေပါမျိုးနွယ်စု၏ သီးသန့်ဂါထာတစ်ခုကို တိုးတိုးရွတ်ဖတ်လိုက်ကာ အခြားသော အင်္ဂါအစိတ်အပိုင်းများ ရှိရာနေရာများသို့လည်း အစဉ်လိုက် စမ်းသပ်ကြည့်လိုက်သည်။

မိသားစုဝင်များသည် ဘာမှမပြောရဲဘဲ ဟွမ်ရှောင်မော့၏ လှုပ်ရှားမှုများကို ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြသည်။

ဟွမ်ရှောင်မော့သည် တစ်ကိုယ်လုံးကို စစ်ဆေးပြီးနောက် ခေါင်းပေါ်ရှိ သားရေဦးထုပ်လေးကို ပြင်ဆင်လိုက်ပြီး ဇဝေဇဝါဖြင့် ပြောလိုက်သည်။

"ထူးဆန်းတယ်၊ တကယ်ကို ထူးဆန်းလွန်းတယ်၊ ဒီလူ့ခန္ဓာကိုယ်က သိသိသာသာ ကျန်းမာနေတာပဲ၊ ဝိညာဉ်ကလည်း ခန္ဓာကိုယ်ကနေ လွင့်ထွက်သွားတဲ့ အခြေအနေမျိုး မရှိဘူး၊ ဒါပေမဲ့ ဘာလို့ သတိမေ့မြောနေရတာလဲ၊ ချန်ကျိုး၊ မင်း ဘယ်လိုထင်လဲ"

ကုတင်ဘေးတွင် ရပ်နေသော ချန်ကျိုးသည် လက်ညှိုးကို ပါးစပ်ထဲ ထည့်ထားပြီး ကုတင်ဘေး စားပွဲခုံပေါ်တွင် တင်ထားသော အမည်းရောင် ဘူးတစ်ဘူးကို စောင်းငဲ့ကြည့်နေသည်။ အထဲတွင် အခိုင်လိုက်အခိုင်လိုက်ဖြင့် စပျစ်သီးလေးများကဲ့သို့ သေးငယ်သော အရာများ ရှိနေသည်။

ဘူးပေါ်တွင် ပိုးစာသီးဟု ရေးထားသော်လည်း စားလို့ရ၊ မရ သူ မသိချေ။

တခြားလူတွေ သတိမထားမိတဲ့အချိန်မှာ ဒါကို ငါ့အိတ်ကပ်ထဲ ဘယ်လိုလုပ် ထည့်ရမလဲ။

"ဟမ်းဟမ်း၊ ချန်ကျိုး၊ မင်း ဘယ်လိုထင်လဲလို့"

ဟွမ်ရှောင်မော့သည် ကုတင်ဘေး စားပွဲခုံပေါ်သို့ ခုန်တက်ကာ ထိုပိုးစာသီးဘူးကို ပွေ့ချီ၍ ချန်ကျိုး၏လက်ထဲသို့ ကမ်းပေးလိုက်သည်။

ချန်ကျိုး၏ဗိုက်ထဲက သံကောင်ဆိုသည်မှာ ဟွမ်ရှောင်မော့ပင်ဖြစ်တော့သည်။

ချန်ကျိုးသည် ပိုးစာသီးဘူးကို ပွေ့ချီကာ တစ်လုံးကိုယူ၍ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

“ပြစ်ပြစ်ပြစ်၊ ကောင်းလိုက်တာ၊ ကောင်းလိုက်တာ”

မိသားစုဝင်များမှာမူ ရင်တမမ ဖြစ်နေကြရသည်။

“ရ၊ မရ ဆိုတာကို ပြတ်ပြတ်သားသား စကားတစ်ခွန်းလောက် ပြောပေးပါဦး”

ချန်ကျိုးသည် နောက်ထပ် ပိုးစာသီးတစ်လုံးကို ယူ၍ ပါးစပ်ထဲ ထည့်ပြန်သည်။

သွားကြားညှပ်သွားသဖြင့် လက်ဖြင့် ကုတ်လိုက်ပြီး ကုတ်ပြီးနောက် လက်ကို အဝတ်အစားပေါ်တွင် သဘာဝကျကျ သုတ်လိုက်သည်။

ဟွမ်ရှောင်မော့က အသံကို မြှင့်လိုက်သည်။

"ချန်ကျိုး.... မင်း ဘယ်လိုထင်လဲလို့"

ချန်ကျိုးသည် ထိုအခါမှသာ အရသာရှိသော အစားအစာထဲမှ သတိပြန်လည်လာပြီး မေးသည်။

"ဘာကို ပြောရမှာလဲ"

ဟွမ်ရှောင်မော့က ကုတင်ပေါ်ရှိ လူကို စိတ်မရှည်စွာဖြင့် ညွှန်ပြကာ ပြောသည်။

"သူ၊ ဘာလို့ နိုးမလာရတာလဲ"

ချန်ကျိုး ကုတင်ပေါ်သို့ လှမ်းကြည့်လိုက်ပြီး ပြောသည်။

"ဟော၊ ဒီမှာ ဘယ်တုန်းက လူတစ်ယောက် လာအိပ်နေတာလဲ"

ဟွမ်ရှောင်မော့၏ စိတ်ထဲတွင် ရူးသွပ်မတတ် ဖြစ်သွားရသည်။ ထိုမျှလောက် သေးငယ်တဲ့ ပိုးစာသီးကိုကျမြင်ရပြီး ဒီလောက်ကြီးတဲ့ လူကျတော့ မမြင်ရဘူးလား။

[စနစ် - အမြွှာဝိညာဉ်၊ ပင်မဝိညာဉ်မှာ ဝမ်အန်းဖုန်း ဖြစ်ပြီး၊ ကပ်ပါးဝိညာဉ်မှာ ကျောက်ယာချန့်ဖြစ်သည်၊ ဤစနစ်သည် Host ၏ နားလည်နိုင်စွမ်းအပေါ် အခြေခံ၍ အောက်ပါ ဗီဒီယိုရှင်းလင်းချက်ကို ပေးပါမည်]

ချန်ကျိုး၏ ဦးနှောက်ထဲတွင် ခန္ဓာကိုယ်တစ်ခု ပေါ်လာပြီး ခန္ဓာကိုယ်၏ ဘေးတွင် လူရုပ်သေးသေးလေး နှစ်ရုပ် ရပ်နေသည်။ လူရုပ်လေးတစ်ရုပ်က အမျိုးသား ဖြစ်ပြီး အခြားတစ်ရုပ်က အမျိုးသမီး ဖြစ်သည်။

အမျိုးသား လူရုပ်လေးက ပြောနေသည်။

"ဒါ ငါ့ခန္ဓာကိုယ်၊ ငါ နိုးထရမယ်"

အမျိုးသမီး လူရုပ်လေးက ပြောနေသည်။

"ငါ ဒီခန္ဓာကိုယ်ကို လိုချင်တယ်၊ ငါ အသက်ပြန်ရှင်ချင်တယ်"

အမျိုးသား လူရုပ်လေးက ပြောသည်။

"ဒါ ငါ့ဥစ္စာ"

အမျိုးသမီး လူရုပ်လေးက ပြောသည်။

"ငါ့ဥစ္စာ"

အမျိုးသား လူရုပ်လေးက ပြောသည်။

"ဒါ ငါ့ဥစ္စာ"

အမျိုးသမီး လူရုပ်လေးက ပြောသည်။

"ငါ့ဥစ္စာ"

လူရုပ်လေးနှစ်ရုပ်သည် တစ်ယောက်ကိုတစ်ယောက် တစ်လှည့်စီဖြင့် သတ်ပုတ်နေကြသည်။

ချန်ကျိုးသည် ဦးနှောက်ထဲတွင် ကာတွန်းကားတစ်ကားကို ကြည့်ရှုလိုက်ရသည်။ လူရုပ်လေးနှစ်ရုပ် ရန်ဖြစ်နေကြသည်ကို ကြည့်ပြီး သူက တဟားဟား ရယ်မောနေကာ လူရုပ်လေးများ၏လှုပ်ရှားမှုများကို အတုယူ၍ လက်ဝှေ့ယမ်းကာ လိုက်လံထိုးသတ်ပြနေလေသည်။

All Chapters