← Chapters

အခန်း ၂၇၁

Vol. 19 Ch. 271

အခန်း ၂၇၁

Vol. 19 Ch. 271

အခန်း(၂၇၁)

“ ဒါဆို… နင်ဘာမေးချင်တာလဲ ”

ချန်းရှီက ခေါင်းယမ်းလိုက်ပြီး ကျူးအာကို ပြုံးပြလိုက်သည်။

“ ကျူးအာမေးနေတာက အကိုသီကို အမသဘောကျလားလို့ ”

ကျူးအာသည်လည်း ပြုံးလိုက်ပြီး မေးသည်။ သို့သော်လည်း သူ၏ လေသံထဲမှာ ကျီစယ်လိုသော အရိပ်အမြွက်ပါရှိသည်။ ယင်းက ဟာသတစ်ခုဖြစ်ဟန် ရ၏။

“ ဟေး… ကျူးအာ… နင့်ရဲ့ ဦးနှောက်သေးသေးလေးထဲမှာ ဘာတွေရှိနေတာလဲ ”

ချန်းရှီ၏ မျက်နှာက ရှက်သွေးဖြာသွားသည်။ သူက ပြောသည်။

“ ဒါ သီရှီထျန်ကို ပထမဆုံးအကြိမ် ငါမြင်ဖူးတာပဲ… ငါဘယ်လိုလုပ် သူ့ကို သဘောကျမှာလဲ… ငါ့မှာ သူ့အပေါ် စူးစမ်းချင်စိတ်ပဲ ရှိတယ် ”

မှန်ပေသည်။ သူက သီရှီထျန်အပေါ် အနည်းငယ် စူးစမ်းသိချင်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားသော်လည်း သီရှီထျန်က မည်သည့်ကျင့်ကြံခြင်းနည်းလမ်းကို ကျင့်ကြံထားကြောင်း သူမပြောနိုင်ပေ။ မည်သို့ကြောင့် သီရှီထျန်ထံမှ ဝမ်းနည်းသော စိတ်ခံစားမှုကို သူရရှိနေသနည်း။

ထို့ပြင် သီရှီထျန်၏ လုပ်ဆောင်မှုများက သူ၏ စူးစမ်းချင်စိတ်ကို ပိုတိုးပွားစေသည်။ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲတွင် နောက်ထပ် မိစ္ဆာသားရဲများ ထွက်ပေါ်လာကြသည်။ ထို့ပြင် ဝိညာဉ်သားရဲအရေအတွက်က သုံးလေးထောင်ခန့် ရှိသည်။ မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ တိုးတတ်မှုအမြန်နှုန်းက သူ့အား အံ့ဩမှင်သက်စေသည်။ ထို့ပြင် သီရှီထျန် အသုံးပြုခဲ့သော ဗျူဟာများနှင့် လှည့်ကွက်များက အံ့ဩဖွယ်ကောင်းသည်။ ထို့ကြောင့် သီရှီထျန်အပေါ် သူ၏ အမြင်က တမူထူးခြားသည်။

ဥပမာ အစောနက စကားဝိုင်းဖြစ်သည်။ သူသည် အတိတ်မှာ တခြားမိစ္ဆာသားရဲဘုရင်များဖြင့် ထိုသို့စကားမပြောခဲ့ဖူးပေ။

“ စူးစမ်းချင်ရုံပဲလား အမ… အကိုသီ အမကို မြင်လိုက်တဲ့အချိန် သူမိန်းမောသွားတာ ငါမြင်လိုက်တယ်… ဟီး ဟီး… အကိုသီသာ ငါ့ရဲ့ ခဲအိုဖြစ်လာရင် မျောက်မင်းဝိုင်ကို နေ့တိုင်း ငါသောက်လို့ ရပြီ ”

ကျူးအာသည် စကားပြောနေရင်း မျောက်မင်းဝိုင်အကြောင်း ရုတ်တရက် ပြောသည်။ သူ၏ မျက်လုံးက ချက်ချင်း တောက်ပသွားသည်။

“ ကျူးအာ… နင် မဟုတ်တာတွေ လျှောက်စဉ်းစားမနေနဲ့… အဲ့ဒီကိစ္စတွေကို ဘယ်တော့မှ ငါမစဉ်းစားဘူး… ငါ့ရဲ့ ကောင်းကင်ဘုံကပ်ဘေးဒုက္ခက မကြာခင် ရောက်လာတော့မယ်… ဒီတစ်ကြိမ် ကပ်ဘေးဒုက္ခက ငါ့အတွက် အရမ်းအရေးကြီးတယ်… အမှားသေးသေးလေးတောင် ပါလို့မရဘူး… မဟုတ်ရင် ငါ့ရဲ့ အသက်ဝိညာဉ်က ထာဝရ ပျက်စီးသွားနိုင်တယ် ”

ချန်းရှီသည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ အလင်းရောင်တချို့ ရှိ၏။ ထို့ပြင် စိုးရိမ်ပူပန်သော အရိပ်အယောင်လည်း ရှိ၏။

ဤတစ်ကြိမ် ကောင်းကင်ဘုံကပ်ဘေးဒုက္ခက သူ့အတွက် အလွန်အရေးကြီးသည်။ ယင်းက သူ့ဘဝအောင်မြင်မှုနှင့် ဆက်စပ်နေသည်။ အပင်ဝိညာဉ်များသည် ကပ်ဘေးဒုက္ခကို သေချာပေါက် ကျော်လွှားကြရမည်။ ယင်းကို ကျော်လွှားနိုင်လျှင် သူတို့က ခန္ဓာကိုယ်နှင့် အပြည့်အဝ ပေါင်းစည်းနိုင်သွားလိမ့်မည်။ ထိုအချိန်ကျလျှင် သူတို့၏ ကျင့်ကြံခြင်းက အလျှင်အမြန် တိုးတတ်သွားလိမ့်မည်။ သူတို့က မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ အမှန်တကယ် ခြေချနိုင်သွားလိမ့်မည်။

အခြားတစ်ဖက်တွင် အကယ်၍ ကပ်ဘေးဒုက္ခကို သူမကျော်လွှားနိုင်ခဲ့လျှင် ထာဝရပျက်စီးခြင်းက သူ့ကို စောင့်ကြိုနေလိမ့်မည်။

“ အမ ဒီတစ်ကြိမ် ကပ်ဘေးဒုက္ခကို ကျော်လွှားနိုင်လိမ့်မယ်လို့ ကျူးအာ ယုံကြည်တယ်… ဒါ့အပြင် အမ ကပ်ဘေးဒုက္ခ ကျော်လွှားတဲ့အခါ အမမဒူဆာနဲ့ တခြားလူတွေကိုလည်း ငါဖိတ်ခေါ်မယ် ”

ဇာမဏီငှက်၏ လေသံက ဖော်မပြနိုင်အောင် တည်ကြည်မြဲမြံသည်။

“ အင်း ”

ချန်းရှီက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူက မည်သည့်စကားမှ ထပ်မပြောဘဲ မဏ္ဍပ်ထဲမှာ တိတ်တဆိတ် ထိုင်နေသည်။ ချိုင့်ဝှမ်းထဲမှ ပန်းမျိုးတစ်ရာချီက သူ၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်လာသည်။ အရောင်အသွေးစုံလင်သော ပန်းမျိုးတစ်ရာချီ၏ ဖုံးလွှမ်းအောက်မှာ ချန်းရှီ၏ ခန္ဓာကိုယ်က ရောင်စုံအလင်း တောက်ပလာသည်။ သူက ပန်းဘုရင်မနှင့် ဆင်တူသွားသည်။

ထိုအခိုက်အတန့်မှာ သီရှီထျန်က အမွေအနှစ်လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားသည်။ သူက လှိုဏ်ဂူအဆုံးသို့ ရောက်သည်အထိ လမ်းလျှောက်သွားသည်။ လှိုဏ်ဂူအဆုံးတွင် ကျောက်တုံးများဖြင့် ပြုလုပ်ထားသော စာအုပ်စင်များကို သူမြင်တွေ့သွားသည်။ ထိုစာအုပ်စင်များပေါ်တွင် ရှေးဟောင်းစာအုပ်များကို စီရီထားသည်။ ထိုရှေးဟောင်းစာအုပ်များသည် မှတ်တမ်းတင်ကျောက်စိမ်းပြားများ မဟုတ်ကြပေ။ ယင်းအစား စာအုပ်များကို ဝိညာဉ်ဝါးအမျိုးမျိုး၊ ဝိညာဉ်သစ်ပင်များနှင့် တိရိစ္ဆာန်အရေပြားများဖြင့် ပြုလုပ်ထားသည်။ ရှေးခေတ်ကာလတွင် မိစ္ဆာများသည် ကျင့်စဉ်များကို မှတ်တမ်းတင်ရန် ကျောက်စိမ်းပြားများအစား ဝါးကို အဓိကအသုံးပြုခဲ့ကြဟန် ရ၏။

ယင်းတို့ကို စာအုပ်စင်များပေါ်မှာ တင်ထားစဉ် အလွန်ရိုးရှင်းပုံပေါ်သည်။

သီရှီထျန်က ဘေးဘီကို လှည့်ပတ်ကြည့်လိုက်လေရာ ဤနေရာတွင် ရှေးဟောင်းစာအုပ်အများကြီး မရှိကြောင်း ရှာတွေ့သွားသည်။ ဤနေရာမှာ စာအုပ်ဒါဇင်ခန့်သာ ရှိ၏။ သို့သော်လည်း သူမအံ့ဩပေ။

မိစ္ဆာမျိုးနွယ်စု၏ အမွေအနှစ်များက အချိန်မြစ်ထဲမှာ ပျောက်ဆုံးသွားပြီ ဖြစ်သည်။ ယခုကဲ့သို့ ကျင့်စဉ်ဒါဇင်ခန့်ကို သူမြင်တွေ့ရသည်မှာ အတော်လေး အံ့ဖွယ်ကောင်းနေပြီ ဖြစ်၏။

ယင်းတို့ကို လေ့လာနိုင်ခြင်းက သူ့အတွက် မဟာအခွင့်အရေးတစ်ခု ဖြစ်သည်။

“ ဖတ်… ဖတ်… ”

အချိန်သည် အလွန်တိုတောင်းသည်။ ထို့ကြောင့် မည်သည့်အချိန်မှ သူမဖြုန်းတီးချင်ပေ။ သူက စာအုပ်စင်ဆီသို့ လျှောက်သွားပြီး စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်သည်။ သူက ဝါးစာလိပ်ကို ဖြန့်လိုက်ပြီး အပေါ်မှ စဖတ်လိုက်သည်။

“ အမှောင်ယင်လစန္ဒာကျင့်စဉ် ”

ကျင့်စဉ်၏ နာမည်က သူ၏ မျက်စိအရှေ့မှာ ချက်ချင်း ထွက်ပေါ်လာသည်။ ကျင့်စဉ်၏ နာမည်ကို သူမြင်လိုက်ရုံဖြင့်ပင် ယင်းက အေးစက်မှုနှင့် ယင်ဓာတ်ကို အထူးပြုသော ကျင့်စဉ်ဖြစ်ကြောင်း ချက်ချင်း သူသိလိုက်သည်။ အမှောင်ယင်လစန္ဒာကျင့်စဉ်က သီရှီထျန်နှင့် မသင့်တော်ပေ။ သို့သော်လည်း သူက စာအုပ်ကို အောက်ပြန်မချပေ။ ယင်းအစား သူက စာအုပ်ထဲမှ စာကြောင်းအားလုံးကို သေချာဖတ်ရှုလိုက်သည်။ သူက စာလုံးတစ်လုံးစီတိုင်းကို သူ၏ စိတ်ထဲမှာ သေချာမှတ်သားလိုက်သည်။

သူ့မှာ ဓာတ်ပုံမှတ်ဉာဏ်ရှိသည်။ ထို့ကြောင့် စာအုပ်ထဲမှ အကြောင်းအရာများကို မှတ်သားခြင်းက သူ့အတွက် ခက်ခဲသောကိစ္စ မဟုတ်ပေ။

သို့သော် မှတ်သားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းက မတူကွဲပြားသောအရာ ဖြစ်သည်။ သီရှီထျန်၏ မှတ်သားမှုအမြန်နှုန်းက အလွန်မြန်သည်။ အမှောင်ယင်လစန္ဒာကျင့်စဉ်ကို သူမှတ်သားရန် အချိန်အကြာကြီး မလိုအပ်ခဲ့ပေ။ ထို့နောက် သူက တုံ့ဆိုင်းမနေဘဲ ကျင့်စဉ်ကို သူ့နေရာမှာ ပြန်ချလိုက်ပြီး နောက်ထပ် ရှေးဟောင်းစာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်သည်။

“ ကျင့်စဉ်က မျိုးနွယ်စုတစ်ခု ရှင်သန်ကြီးထွားဖို့ အခြေခံအုတ်မြစ်ဖြစ်တယ်… အစကတော့ ချီဟောင်နဲ့ တခြားလူတွေအတွက် သင့်တော်တဲ့ ကျင့်စဉ်ကို ရှာဖွေပေးဖို့ တခြားနေရာတွေဆီ အနာဂတ်မှာ ငါခရီးထွက်ရလိမ့်မယ်လို့ တွေးထားခဲ့တာ… မထင်ထားဘူး… ပန်းမျိုးတစ်ရာချိုင့်ဝှမ်းက ငါ့ရဲ့ ရည်ရွယ်ချက်တစ်ခုကို ဖြည့်ဆည်းပေးနိုင်မယ်လို့… ကြည့်ရတာ ကောင်းကင်ဘုံက ငါ့ကို ကူညီပေးနေတာ ဖြစ်မယ် ”

စက်ကရာသည် ရှေးဟောင်းစာအုပ်ထဲမှ အကြောင်းအရာများကို ဝမ်းသာပျော်ရွှင်စွာ မှတ်သားနေသည်။ ထို့နောက် သူက အရှေ့တစ်ကြိမ်အတိုင်း ထပ်မံ လုပ်ဆောင်လိုက်သည်။

ကျင့်စဉ်များ၏ အရေးပါမှုကို သူလျစ်လျူမရှုနိုင်ပေ။ အမှန်မှာ ကျင့်စဉ်များက သူ့အတွက် အလွန်အရေးကြီးသည်။ သို့သော်လည်း ရှေးဟောင်းစာအုပ်များသည် အလွယ်တကူ ရရှိနိုင်သောအရာ မဟုတ်ပေ။

အတိတ်မှာ သူသည် မသေမျိုးကျင့်ကြံသူရာထောင်ချီကို သတ်ဖြတ်ခဲ့ပြီး ကျင့်စဉ်အများအပြားကို ရရှိခဲ့သည်။ သို့သော်လည်း ယင်းတို့က အခြေခံကျင့်စဉ်များသာ ဖြစ်ကြသည်။ ယင်းတို့က ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများအတွက်သာ အသုံးဝင်သည်။ ယင်းတို့ထဲမှ မည်သည့်စာအုပ်မှ သူ၏ ကျင့်ကြံခြင်းကို အကူအညီမပေးနိုင်ပေ။

အစက သူသည် အနာဂတ်တွင် မသေမျိုးကျင့်ကြံခြင်းလောကဆီသို့ ခရီးထွက်ပြီး ကျင့်စဉ်များ သွားရှာဖွေမည်ဟု စီစဉ်ထားသည်။ သို့သော်လည်း မသေမျိုးကျင့်ကြံခြင်းလောက၏ ကျင့်စဉ်များက မိစ္ဆာမျိုးနွယ်စု၏ ကျင့်စဉ်များနှင့် ကွဲပြားခြားနားသည်။ အကယ်၍ သူက မသေမျိုးကျင့်စဉ်များကို ရှာတွေ့သွားလျှင်ပင် ယင်းတို့ကို တိုက်ရိုက် အသုံးချနိုင်လိမ့်မည် မဟုတ်ချေ။ ထိုပြဿနာသည် သူ၏ နှလုံးသားထဲမှာ ဆူးတစ်ချောင်းသဖွယ် ရှိနေသည်။ ကံကောင်းသည်မှာ ထိုပြဿနာက ယနေ့ ပြေလည်သွားသည်။ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှ အမွေအနှစ်ကျင့်စဉ်များက သူလိုအပ်နေသောအရာ ဖြစ်သည်။

အကယ်၍ ယင်းတို့အားလုံးကို သူမှတ်သားနိုင်မည်ဆိုလျှင် ချိုင့်ဝှမ်းဆီသို့ သူပြန်ရောက်သည့်အခါ ယင်းတို့ကို ပြန်ချရေးပြီး သူ၏ လက်အောက်ငယ်သားများကို လက်ဆင့်ကမ်းပေးနိုင်လိမ့်မည်။ ထိုအချိန်ကျလျှင် ချီဟောင်နှင့် တခြားလူများသည် ကျင့်ကြံရန် ကိုယ်ပိုင်ကျင့်စဉ်တစ်ခု ရှိသွားကြလိမ့်မည်။ ကျင့်စဉ်၏ အထောက်အပံ့ဖြင့်ဆိုလျှင် သူတို့၏ ကျင့်ကြံခြင်းအမြန်နှုန်းက ပိုပြီးမြန်ဆန်လာပြီး သူတို့၏ တိုက်ပွဲစွမ်းအားက သိသိသာသာ တိုးတတ်သွားလိမ့်မည်။

ကျင့်ကြံခြင်းနည်းလမ်းများနှင့် ကျင့်စဉ်များသည် အဖွဲ့အစည်းတစ်ခု၏ အခြေခံအုတ်မြစ် ဖြစ်သည်။

သီရှီထျန်၏ စိတ်ထဲ၌ ထိုအတွေးရှိနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်၏။ သူက ချိုင့်ဝှမ်းထဲတွင် ကျင့်စဉ်များနှင့် ရှေးဟောင်းစာအုပ်များကို အထူးသိမ်းဆည်းပေးနိုင်မည့် လျှို့ဝှက်ကျမ်းစာဆောင်တစ်ခုကို ဆောက်လုပ်ချင်သည်။ အနာဂတ်တွင် သူရှာဖွေတွေ့ရှိလာမည့် ကျင့်စဉ်များနှင့် ရှေးဟောင်းစာအုပ်များကို လျှို့ဝှက်ကျမ်းစာဆောင်ထဲမှာ သိမ်းဆည်းထားမည်။ ထိုသို့လုပ်ဆောင်သည့်အခါ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းသည် ကျင့်စဉ်များနှင့် ရှေးဟောင်းစာအုပ်များ မရှိမည်ကို စိုးရိမ်ရန် မလိုတော့ပေ။ မှန်ပေသည်။ ယင်းက အနာဂတ်ကိစ္စ ဖြစ်သည်။ လောလောဆယ်တွင် အလှမ်းဝေးကွာနေသေးသည်။

သူက စာအုပ်တစ်အုပ်ချင်းစီ၏ အကြောင်းအရာအားလုံးကို သေချာဂရုတစိုက် မှတ်သားနေသည်။ သူ၏ မှတ်သားမှုအမြန်နှုန်းက အလွန်မြန်သည်။ ရေနွေးအိုးတစ်အိုးဆူချိန်ခန့် ကြာပြီးလျှင် သူက လက်ထဲမှ စာအုပ်ကို အောက်ပြန်ချလိုက်ပြီး နောက်တစ်အုပ်ကို ကောက်ကိုင်လိုက်သည်။

ထိုသို့ဖတ်ရှုနေစဉ် သီရှီထျန်က တစ်စုံတစ်ခုကို ရှာတွေ့သွားသည်။

ဤရှေးဟောင်းစာအုပ်များသည် မိစ္ဆာကျင့်ကြံခြင်းနည်းလမ်းများ ဖြစ်ကြသည်။ သို့သော်လည်း ထူးဆန်းသည်မှာ ယင်းတို့ထဲမှ အများစုက ခေတ်သစ်မိစ္ဆာကျင့်ကြံခြင်းနည်းလမ်းများ ဖြစ်သည်။ ရှေးဟောင်းမိစ္ဆာကျင့်ကြံခြင်းနည်းလမ်းက တစ်ခုသာ ပါရှိသည်။ ထိုရှေးဟောင်းစာအုပ်၏ နာမည်က ‘ ထျန်းမိစ္ဆာနတ်ဘုရားသုတ်သင်ကျင့်စဉ် ’ ဖြစ်သည်။ သီရှီထျန်သည် ထိုစာအုပ်ကို သေချာဖတ်ရှုခဲ့သည်။

ထိုစာအုပ်က မပြည့်စုံကြောင်း သူရှာတွေ့သွားသည်။ စာအုပ်ထဲမှာ ကျင့်စဉ်၏ ပထမအပိုင်းသာလျှင် ပါဝင်သည်။ ဒုတိယအပိုင်းသည်တော့ ပျောက်ဆုံးနေသည်။ ကြည့်ရသည်မှာ ဒုတိယအပိုင်းက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပျောက်ဆုံးနေခဲ့ဟန် ရ၏။ သို့တိုင် ထိုကျင့်စဉ်က အလွန်အံ့ဖွယ်ကောင်းသည်။ ယင်းက သာမန်မိစ္ဆာကျင့်စဉ် မဟုတ်ပေ။ ယင်းက သတ်ဖြတ်မှုများဖြင့် ကျင့်ကြံရသော အထွတ်အမြတ်ကျင့်စဉ်တစ်ခု ဖြစ်သည်။

‘ ထျန်းမိစ္ဆာနတ်ဘုရားသုတ်သင်ကျင့်စဉ် ’ကို ကျင့်ကြံပြီး ဖွဲ့စည်းလိုက်သော မိစ္ဆာသွေးကြောများသည် ‘ ကျားဟိန်းသံကျင့်စဉ် ’ထဲမှာ မှတ်တမ်းတင်ထားသော မိစ္ဆာသွေးကြောများနှင့် လုံးဝ ကွဲပြားသည်။ တစ်စုံတစ်ယောက်က ‘ ထျန်းမိစ္ဆာနတ်ဘုရားသုတ်သင်ကျင့်စဉ် ’ကို ကျင့်ကြံပြီး မိစ္ဆာသွေးကြောများကို ဖွဲ့စည်းမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်ထဲ၌ နတ်ဘုရားသတ်ဖြတ်ခြင်းမိစ္ဆာသွေးကြောများ ဖွဲ့စည်းသွားလိမ့်မည်။ ယင်းက အကန့်အသတ်မဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ရက်စက်ကြမ်းကြုတ်သောချီကို ထုတ်လွှတ်ပေးလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်သွားမည်ဆိုလျှင် သူ၏ သတ်ဖြတ်ခြင်းစွမ်းအားက ပြိုင်ဘက်ကင်းသွားလိမ့်မည်။ သူက သက်ရှိများကို ပိုပြီးသတ်ဖြတ်လေ ပိုပြီးအစွမ်းထက်လာလေ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းသည်လည်း ပိုပြီးမြန်ဆန်လာလိမ့်မည်။

တစ်စုံတစ်ယောက်သည် သက်ရှိသန်းပေါင်းများစွာကို သတ်ဖြတ်ပြီးလျှင် နတ်ဘုရားတစ်ပါးကို သတ်ဖြတ်နိုင်သည်အထိ သန်မာသွားလိမ့်မည်။ ယင်းက သတ်ဖြတ်မှုများကို အထူးပြုသော မိစ္ဆာကျင့်စဉ်တစ်ခု ဖြစ်သည်။ တစ်စုံတစ်ယောက်သည် ထိုကျင့်စဉ်ကို ရွေးချယ်မည်ဆိုလျှင် အလောင်းတောင်နှင့် သွေးပင်လယ်ကို ဖြတ်ကျော်ရလိမ့်မည်။

ထို့ပြင် ဤမပြည့်စုံသော ရှေးဟောင်းစာအုပ်က မဟာမိစ္ဆာနယ်ပယ်အထိ ကျင့်ကြံနိုင်သည်။ သို့သော်လည်း မဟာမိစ္ဆာနယ်ပယ်ပြီးနောက် မည်သို့ဆက်ကျင့်ကြံရမည်ကို မရေးထားပေ။ သို့တိုင်အောင် မဟာမိစ္ဆာများသည် ကောင်းကင်နှင့် မြေပြင်ကြား၌ အတားအဆီးမဲ့စွာ သွားလာနိုင်သော ပညာရှင်များ ဖြစ်ကြသည်။ တစ်စုံတစ်ယောက်သည် “ ထျန်းမိစ္ဆာနတ်ဘုရားသုတ်သင်ကျင့်စဉ် ”ကို ကျင့်ကြံမည်ဆိုလျှင် ကိုယ့်ထက် အဆင့်ပိုမြင့်သော ရန်သူများကိုပင် ရင်ဆိုင်နိုင်လိမ့်မည်။ ဤကျင့်စဉ်က ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းစွမ်းအားကို ကိုယ်စားပြုသည်။

All Chapters