← Chapters

အခန်း ၇၇-၇၈

Vol. 8 Ch. 77-78

အခန်း ၇၇-၇၈

Vol. 8 Ch. 77-78

Chapter 77+78

~

အခန်း ၇၇+၇၈ : ဒါ..ဒါ..ဒီအနံ့.. ဒီအရသာ..

~

ငါးမျှား ထွက်သွားသူများ အားလုံး ပြန်ရောက်လာ​​ကြသည် ။

ကျားဒုံရွှီသည် သူ၏ လေးလံသော ခန္ဓာကိုယ်ကို သယ်၍ ပင်ပန်းနွမ်းနယ်ဟန်ဖြင့် အိမ်ထဲသို့ ဝင်လာ၏ ။

" ဒုံရွှီ.. ငါးမိခဲ့လား .."

တံခါးဝတွင် ထိုင်၍ ဖိနပ်အောက်ခံ ချုပ်နေသော ကျားကျန်းရှီက သူမသားဖြစ်သူ ဖြစ်လာသည်ကို မြင်လျှင် ထရပ်ပြီး အလောတကြီး မေးလိုက်သည် ။

သူမက ကျားဒုံရွှီ သယ်လာသော ပုံးကို ငုံ့ကြည့်ပြီး အထင်သေးဟန်ဖြင့်...

" ဟမ်.. ဒါလေးပဲလား.. "

ပုံးထဲတွင် ရှိနေသည်က ငါးဖြူလေး လေးငါးကောင် ။ ၂ လျန်ပင် ရှိမည် မထင်ရ ။

ဤသည်က ကျားဒုံရွှီနှင့် ယီကျုံးဟိုင် နှစ်ယောက်ပေါင်း ဖမ်းမိထားသည့် အရေအတွက်ပင် ဖြစ်သည် ။

" အမေ့ကို သားပြောသားပဲ.. အဲ့ရေကန်မှာ ငါးမျှားရတာ မလွယ်ပါဘူးဆို..အမေမှ မယုံတာ.. . "

ကျားဒုံရွှီက အကူအညီမဲ့ဟန်ဖြင့် ...

" ဒါပေမဲ့ သိပ်တော့ မဆိုးလှပါဘူး.. ဒီလောက်ဆို ငါးစွပ်ပြုတ် တစ်ခွက်စာတော့ ရပါတယ်.. သား ခဏနေ ဟွိုင်ရုကို ချက်ခိုင်းလိုက်မယ်.. "

သူနှင့် ယီကျုံးဟိုင်တို့ ဆရာတပည့်နှစ်ယောက် ဟောက်ဟိုင်ကန်သို့ ရောက်လျှင် ဆွံ့အသွားသည် ။

ကန်ဘောင်တစ်လျှောက် ငါးမျှား သူများနှင့် ပြည့်ကျပ်နေပြီး ခြေချရန်ပင် နေရာမရှိ ။

နောက်ဆုံးတွင် နေရာနှစ်ခု ရှာနိုင်ခဲ့ပြီး ဤငါးများ ရရှိခဲ့ခြင်းဖြစ်သည် ။

သို့ပေသိ ကျားဒုံရွှီတို့ ဖမ်းမိသည့် ပမာဏမှာ ပုံမှန်သာ ဖြစ်သည် ။ ဟောက်ဟိုင်ကန်တွင် ငါးမျှားရသည်က အရမ်းလွယ်နေလျှင် တစ်မြို့လုံး ဆင်းဖမ်းကြပေလိမ့်မည် ။ သူတို့ သိခွင့် ရလိုက်မည်ပင် မဟုတ်ပေ ။

ကျားကျန်းရှီက...

" ရန်ရွေ့ဟွား ကြွားနေတာဆိုတာ ငါသိသားပဲ.. ငါ့သားတောင် မမိနိုင်တာ သူ့သား ယန်လောင်အာက ဘာမှ အဖြစ်ရှိမှာ မဟုတ်ဘူး.. "

သူမ၏ အမြင်အရ ကျားဒုံရွှီသည် ခြံဝင်းထဲရှိ လူငယ်အားလုံးထက် ထူးချွန်ပြီး အပြတ်အသတ်သာလွန်သည် ။

သူမ သား မလုပ်နိုင်သည့် အရာကို မည်သူမှ လုပ်နိုင်မည်မဟုတ် ။

အခြားသူများ၏ အခြေအနေကလည်း ကျားဒုံရွှီနှင့် မထူးမခြားနားပင် ။

ထို့ကြောင့် ငါးမျှားခြင်း၌ ရူးသွပ်မှုက လျင်မြန်စွာ ရောက်ရှိလာပြီး လျင်မြန်စွာပင် ပြန်လည်ပျောက်ကွယ်သွားသည် ။

နောက်ဆုံးတွင်တော့ လူတိုင်းသည် ယန်ကျီဝမ် မဟုတ်ပေ ။ ယန်ကျီဝမ်ပင်လျှင် စနစ်မှ ပေးထားသော ငါးစာကြောင့် အဆင်ပြေနေခြင်း ဖြစ်သည် ။

.........

ညစာ စားချိန်....

ယန်ကျီဝမ် မီးဖိုချောင်ထဲတွင် အလုပ်များနေသည်။

ယန်ဖာကွေ့က စားပွဲတွင် ထိုင်၍ ရေနွေးကြမ်း သောက်နေ၏ ။ လက်ဖက်ခြောက် အနံ့ကို အားရအောင် ရှူရှိုက်ပြီး​နောက် တစ်ငုံံသောက်ပြီး ချီးကျူးစကား ပြောသည် ။

" ဒုတိယသားရဲ့ ဟင်းချက်စွမ်းရည်က ပိုကောင်းလာပါလား.. ရှာကျူးတောင် ယှဥ်နိုင်မယ် မထင်ဘူး ဒီကလေး ဘယ်က သင်ထားတာလဲ.. "

တံခါးဝတွင် ထိုင်နေသော ရန်ရွေ့ဟွားက နှာခေါင်းရှုံ့လိုက်ပြီး...

" ဟမ့်.. ဆီတွေ ဒီလောက် သုံးမှတော့ ဘယ်လိုလုပ် မမွှေးပဲ နေမလဲ.. ရှင် ကိုယ်တိုင်ချက်လည်း ဒီအနံ့ပဲနေမှာ.. "

ယန်ဖူကွေ့ မတက်နိုင်ဟန်ဖြင့် ခေါင်းခါ၏ ။ သူက ဒုတိယသား၏ ဟင်းချက်ကျွမ်းကျင်မှုကို ပြောနေခြင်း ဖြစ်သော်လည်း ရန်ရွေ့ဟွားက ဆီပမာဏကိုသာ စဥ်းစားနေသည် ။

ယန်ဖူကွေ့က...

" အဘွားကြီး.. ဒုတိယသားက ကိုယ့်ခြေထောက်​ပေါ် ကိုယ်ရပ်တည်နိုင်နေပြီ ဆိုတော့ နောင်ကျရင် ငါတို့အခြေအနေက ပိုကောင်းလာလိမ့်မယ်.. အရမ်းကြီး နှမြောမနေနဲ့.. "

" ကျုပ်ကို ကပ်စေးနဲတယ် ပြောတာလား.. "

ရန်ရွေ့ဟွားက စိတ်တိုသွားပြီး..

" ကျုပ် တစ်ပြားကို နှစ်ပြားခွာပြီး မချွေတာရင် အကုန်လုံး ငတ်သေကုန်ကြမယ်.. ကျုပ်ကို ကပ်စေးနဲတယ် လာပြောနေတာလား.. "

" အဘွားကြီး.. စိတ်လျော့ပါဟ.."

ယန်ဖူကွေ့က...

" အရင်က ဒီမိသားစုမှာ ငါတစ်ယောက်ထဲရဲ့ လစာပဲ ရှိတာလေ..သားကြီးကလည်း အားမကိုးရဘူး .. ပြဿနာကောင်.. ခုတော့ ဒုတိယသားက ထောက်ပံ့ပေး နိုင်ပြီ ဆိုတော့ သူ့ စိတ်ကြိုက်လုပ်ပါစေ.. "

( ပြောချင်တာလေး ရှိလို့ပါဗျ 😁 .. ခုက ၁၉၅၈.. ဒီဇာတ်လမ်း အစက မော်စီတုန်းရဲ့ Great Leap Forwrd ၊ နိုင်ငံရေး ဖိနှိပ်မှု နဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့် ဖြစ်တဲ့ ၅၉ ၆၀ ၆၁ တရုတ် အငတ်ဘေးရဲ့ အစအချိန်ဗျ.. အဲ့တုန်းက တရုတ်မှာ လူ ၁၅ သန်းကနေ ၅၅ သန်း ကြား ငတ်သေတယ်လို့ တချို့ပညာရှင်တွေက ခန့်မှန်းကြသလို ၊ တချို့ပညာရှင် တွေကလည်း ၃၀ သန်းကနေ ၅၀ သန်းကျော်အထိ ငတ်သေခဲ့တယ်လို့ ခန့်မှန်းကြတယ်..သစ်ခေါက် ဘာညာ ဝါးစားလို့ ရတာမှန်သမျှ စားခဲ့ရသလို တချို့နေရာတွေဆိုရင် လူသားစားတာတွေ ရှိတယ်တဲ့.. )

ယခုအချိန်အတောအတွင်း ယန်ဖူကွေ့၏ အတွေးက ပြောင်းလဲလာခဲ့လေပြီ ။ ယခင်ကလို အလွန်အကျွံ ကပ်စေးနဲခြင်း မရှိတော့ပေ ။

( ယန်ဖူကွေ့ရဲ့ ကုန်းဆင်းစကေးကို မိလ္လာလှည်းလာရင်တောင် အလွတ်မပေးဘဲ တစ်တို့လောက် မြည်းကြည့်တက်သူလို့ သတ်မှတ်ထားကြတယ်.. )

မှန်ပေ၏ ။ ဤသို့ အနည်းငယ် ရက်ရောလာခြင်းမှာ မိသားစု အတွင်း၌သာ ဖြစ်ပြီး အပြင်လူများနှင့် ဆိုလျှင်တော့ ယခင်က ယန်ဖူကွေ့ ဖြစ်နေဆဲပင် ။

တစ်သက်လုံး တွက်ချက်လာသူ ဖြစ်၍ အချိန်တိုအတွင်း ပြောင်းလဲရန် မဖြစ်နိုင်ပေ ။

ယခု သူ အနည်းငယ် ပြောင်းလဲ လာရခြင်းမှာလည်း ယန်ကျီဝမ်က မသိမသာ ဦးဆောင်သူ ဖြစ်လာပြီး သူ ထိန်းချုပ်၍ မရတော့ခြင်းကြောင့်ပင် ။

ထို့ကြောင့် ​ငြိမ်​ငြိမ်လေးနေပြီး ကောင်းကောင်းစားရန်သာ ဆုံးဖြတ်ထား၏ ။

မည်သို့ပင် ဆိုစေကာမူ ဒုတိယသား၏ သိတက်မှုကြောင့် ယန်မိသားစု၏ ဝမ်းဗိုက်များ စိုပြေလာရသည်က အမှန်ပင် မဟုတ်ပါလော ။

" ရှင်က သူ့ကို ကျပ်ကျပ် အလိုလိုက်နေ.. နောက်ဆို ရှင်ခေါင်းကိုက် နေရလိမ့်မယ် .."

ရန်ရွေ့ဟွားက ယန်ဖူကွေ့ကို နဂါးမျက်စောင်း ထိုးလိုက်ပြီး ထပ်မပြောတော့ပေ ။

ယန်ဖူကွေ့က ခေါင်းခါရုံသာ တက်နိုင်၏ ။ သူ့မိန်းမ မည်မျှ ခေါင်းမာတက်မှန်း သူနားလည်သည် ။

" ဝါးး.. အနံ့က မွှေးလိုက်တာ.. အကိုနှစ် ဟင်းချက် နေပြန်ပြီလား.. "

ထိုအခိုက် ယန်ကျီဖန့် ပြန်ရောက်လာသည် ။ အနံ့ ရသည်နှင့် သူ့အမေ၏ လက်ရာမဟုတ်မှန်း သူ သိလိုက်၏ ။

သူ့အမေ ဟသ်းချက်လျှင် အရာအားလုံး တွန့်တိုသဖြင့် အနံ့မကောင်း ။ အကိုနှစ်၏ လက်ရာသာ ဧကန်မုချ ဖြစ်ပေမည် ။

ထို့နောက် ယန်ကျီဖန့်က စိတ်လှုပ်ရှားစွာဖြင့် မီးဖိုချောင်သို့ ပြေး၍..

" အကိုနှစ်.. ဘာတွေချက်လို့ ဒီလောက်တောင် မွှေးနေရတာလဲ.. "

" သွားသွား..အပြင်ကစောင့်.. ခဏနေရင် စားလို့ ရတော့မယ်.. "

" ဟုတ် အကိုနှစ်.. "

ဆယ်မိနှစ်ကျော်ကြာလျှင်...

ယန်ကျီဝမ် ဟင်းအိုးကို စားပွဲပေါ်သို့ သယ်လာသည် ။

ညစာအတွက် အဓိက စားစရာမှာ ပြောင်းဖူးပေါင်းနှင့် မန်ထိုဖြစ်ပြီး မန်ထိုက မနက်က လုပ်ထားခြင်း ဖြစ်သည် ။

အရံဟင်းလျာမှာ ဤ ငါးစွပ်ပြုတ်ပင် ။

စားပွဲတွင် မိသားစု ဝိုင်းထိုင်ကြပြီး​နောက်....

ယန်ကျီဝမ်က...

" အဖေ မြည်းကြည့်အုံး.. ဒီနေ့ သားချက်ထားတာက အရင်ရက်ကထက် အများကြီး ပိုကောင်းတယ်.. "

ထိပ်တန်းစားဖိုမှူး ကျွမ်းကျင်မှုကို ရထား၍ ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည် ။

ယန်ဖူကွေ့က ခေါင်းညိတ်ပြီး ငါးအသားကို တူဖြင့် ညှပ်၍ ပါးစပ်ထဲသို့ ထည့်လိုက်သည် ။ သူ၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားပြီး...

" အရသာ ရှိလိုက်တာ.. ကောင်းလိုက်တာ.. အရင်ရက်က ချက်တာထက် အများကြီး ပိုကောင်းတယ် .."

ယန်ဖူကွေ့၏ ချီးကျူးစကား ဆုံးသည်နှင့် တူသံများ ဆူညံသွား၏ ။

ယခုအကြိမ်တွင်မတော့ ယန်ကျီချန်း သင်ခန်းစာ ရသွားလေပြီ ။ သူ ငါးအသား တစ်ဖက်ကို အသက်အောင့်၍ ယူလိုက်ပြီး ယန်ကျီဝမ် ဘာမှ မပြောမှ သက်ပြင်းချနိုင်သည် ။

" အနံ့က ဒီကနေလာတာ.. "

အံ့အားသင့်နေသည့် အသံတစ်ခုထွက်ပေါ်လာပြီး အခန်းထဲသို့ ပုံရိပ်တစ်ခု ပြေးဝင်လာကာ စားပွဲပေါ်ရှိ ငါးစွပ်ပြုတ်အိုးကို ငုံ့နမ်းလိုက်သည် ။

" အ.. "

နောက် တစ်စက္ကန့်တွင် ထိုပုံရိပ်က ယန်ကျီတိ၏ တူကို လုယူလိုက်၍ ယန်ကျီတိက နှုတ်ခမ်းဆူကာ မကျေမနပ် ဖြစ်သွား၏ ။

ဝင်လာသော ပုံရိပ်က ယန်မိသားစု တစ်ခုလုံးကို လျစ်လျူရှူ ထားပြီး တူဖြင့် ငါးအသား တစ်ဖက်ကို ယူကာ ပါးစပ်ထဲ ထည့်၍ မျက်လုံးမှေးစင်းပြီး အရသာခံနေသည် ။

" ပီနံ ငရုတ်သီး.. စီချွမ် ငရုတ်ကောင်း ..ငရုတ်သီးခြောက်.. "

" အရသာ ပိုကောင်းအောင် ဟင်းသီးဟင်းရွက်တွေ ရောထားတယ်.. ဒါပေမဲ့ ဂေါ်ဖီထုပ် သုံးတာက သိပ်မလိုက်ဘူး.. ပဲပင်ပေါက် နဲ့ဆို ပိုကောင်းမှာ.. ဟင်းချက်နည်းကတော့ အံသြစရာပဲ.. "

ထိုလူက ဟင်းအိုးထဲ တူဖြင့် မွှေနှောက် ရှာဖွေနေ၍ ယန်မိသားစုက မျက်နှာများက တဖြည်းဖြည်း မည်းမှောင်လာသည် ။

" ဘန်း.."

ယန်ဖူကွေ့က ဒေါသတကြီး စားပွဲကို လက်သီးဖြင့် ထုလိုက်ပြီး...

" ရှာကျူး... မင်း ဒါဘာလုပ်တာလဲ.. "

မှန်ပေ၏ ။ ခွင့်မတောင်းဘဲ ပြေးဝင်လာသူက ရှာကျူးပင် ။

သူ​ ပြေးဝင်လာပြီး ဟင်းအိုးကို အနံ့ခံခြင်း ယန်ကျီတိ၏ တူကို လုပြီး နှိုက်စားလိုက်ခြင်း က ယန်မိသားစုကို ကြောင်အ သွားစေသည် ။

ဤသည်က လူသားတစ်ယောက် လုပ်သင့်သည့် ကိစ္စလော ။

ယခု ယန်မိသားစုဝင်များက ရှာကျူးအား ဒေါသတ​ကြီး ဝိုင်းကြည့်နေကြ၏ ။

ထမင်းစားနေချိန် အလည်လာခြင်းက ရိုင်းလှပြီဖြစ်ရာ လာ၍ လုစားနေခြင်းဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ချေ ။

" အကိုကျူး.. အကိုကျူး..."

ထိုအခိုက် ယန်ကျီဖန့်နှင့် အသက်တူအရွယ်တူ မိန်းကလေးတစ်ယောက် ပြေးဝင်လာသည် ။

ကောင်မလေးက ဆယ့်လေး ဆယ့်ငါးနှစ်သာ ရှိဦးမည်ဖြစ်ပြီး ကလေးရုပ် မပျောက်သေး ။ ခေါင်းတွင် ကျစ်စမြီးနှစ်ချောင်း ကျစ်ထား၏ ။

ရှာကျူးက တူကို ကိုင်ထားပြီး ငေးငိုင်နေသည်ကို မြင်လျှင် သဘောပေါက်သွားပြီး နောက်သို့ အမြန်ပြန်ဆွဲကာ..

" အကို.. ဘာလုပ်နေတာလဲ.. "

တဆက်တည်းပင် သူမက ယန်ဖူကွေ့အား တောင်းပန်သည် ။

" တတိယဦးလေး.. သမီးတောင်းပန်ပါတယ်.. သူ့ကို ဆွဲထားတာ မရလိုက်ဘူး.. သမီး တောင်းပန်ပါတယ် .. "

ယန်ကျီဝမ် အံ့သြသွားသည် ။

' မိုးရေလေးပါလား.. ( ဟဲယွီဆွေ.. နာမည်အဓိပ္ပါယ်က မိုးရေ ..)..'

သူ၏ ယခင် မှတ်ညဏ်များထဲတွင် တွေ့ဖူးသော်လည်း ယခု မြင်ဖူးသည်က ပထမဆုံးအကြိမ် ဖြစ်သည် ။

ယခုအချိန်၌ ယွီဆွေ၏ မျက်နှာလေးက ဖောင်းကားနေဆဲပင် ။

ရှာကျူးသည် သံမဏိစက်ရုံ၏ ခေါင်းဆောင် စားဖိုမှူးဖြစ်၍ ကောင်းသော အရာများကို အိမ်သို့ ပြန်ယူလာလေ့ရှိ၏ ။

ကျားဒုံရွှီ မသေသေးသလို ချင်ဟွိုင်ရု၏ ကြာပန်းဖြူ အတက်က နိုးထ မလာသေး၍ အနာဂတ်တွင် ဖြစ်လာမည့် ဝါးခြမ်းပြား ဟဲယွီဆွေ ဖြစ်မလာသေးချေ ။

သူမ ၏ ရုပ်ရည်က မဆိုးပေ ။ ရှာကျူးနှင့် မောင်နှမ ဆိုသည်ကို ကျိန်တွယ်၍ ပြောရချေမည် ။

မိဘတူသော်လည်း ရုပ်မတူသည်ကို ယန်ကျီဝမ် နားမလည်နိုင်​ ။

" ငါးကို ဒီလို ချက်နိုင်တယ်ဆိုတာ.. ငါ ဘယ်တုန်းကမှ မစဥ်းစားမိခဲ့ဘူး.. "

ရှာကျူးက ဒေါသထွက်နေသော ယန်ဖူကွေ့ကို လုံးဝ ဂရုမစိုက် ။ သူက ယန်မိသားစုကို ဝေ့ကြည့်ပြီး ပြန်မေးလိုက်၏ ။

" ဒီငါးစွပ်ပြုတ်ကို ဘယ်သူချက်တာလဲ.. "

All Chapters