← Chapters

ခရမ်းကြယ်စင် သွေးမျိုးဆက်၏ သားရဲတစ်ရာ နတ်ဆိုး

Vol. 27 Ch. 371

ခရမ်းကြယ်စင် သွေးမျိုးဆက်၏ သားရဲတစ်ရာ နတ်ဆိုး

Vol. 27 Ch. 371

အန်လင်း ပထမတွေးထားသည်မှာ လှိုင်ခေါင်းက ရည်ရွယ်ချက်ရှိရှိနှင့် အကြောက်တရားနှင့် မသေချာသည့် ခံစားချက်ကို ဖန်တီးရန် ကြက်သွေးရောင်ခြယ်ထားသည်ဟု ဖြစ်၏။ သို့သော်လည်း အနီးကပ် သေချာ လေ့လာကြည့်ပါက လှိုင်းခေါင်းတစ်လျှောက် စွန်းပေနေသည့် ကြက်သွေးရောင်အရည်များမှာ အမှန်တော့ သွေးများဖြစ်သည်ကို တွေ့လိုက်ရ၏။

"ဒီသွေးတွေက စွန်းနေတာ အတော်ကြာလောက်ပြီနေမှာ။ ဒါပေမဲ့ ကြည့်ရတာ လတ်လတ်ဆတ်ဆတ်နဲ့ ထင်ရှားနေတုန်းပဲ။ သုတေသနအဖွဲ့အစည်းမှာ လတ်ဆတ်မှုကို ကြာရှည်ထိန်းထားနိုင်တဲ့ နည်းပညာရှိမယ်လို့ ဘယ်သူက ထင်မှာလဲ။" အန်လင်းက သဘောတကျ ခေါင်းငြိမ့်လိုက်၏။

တပိုင်က အန်လင်းနောက်မှ လိုက်လာပြီး သူ့ပတ်ဝန်းကျင်မှ လေထဲသို့ ရှုရှိုက်လိုက်ကာ ရှေ့သို့သတိတကြီး ကြည့်နေတော့၏။ သူကလေထဲတွင် အလွန်အမင်း မနှစ်မြို့ဖွယ် ရနံ့တစ်ခုကို ထောက်လှမ်းမိ၏။ ထိုသည်မှာ သွေးမဟုတ်ပါပေ။ သို့သော်လည်း ထိုအစား ထိုသည်မှာ သူ့ကိုယ်တွင်းမှ မနှစ်မြို့ဖွယ် မသိစိတ်ကို အစပျိုးပေးသော တစ်စုံတစ်ခုဖြစ်၏။

မကြာမီမှာပင် သူတို့က နောက်ထပ်သော လှိုင်ဂူကဲ့သို့ အခန်းတစ်ခန်းထဲသို့ ရောက်လာ၏။

အခန်းအလယ်တွင် ချိတ်ဆွဲထားသော ထုလုံးရှည်ပုံ ဖန်စည်ပိုင်းကြီးမှလွဲ၍ အခန်းတစ်ခုလုံးမှာ ဘာမှမရှိပါပေ။

ဖန်စည်ပိုင်းထဲတွင်တော့ တစ်ကိုယ်လုံးတွင် အစိမ်းရောင် ကြေးခွံများ ဖုံးအုပ်ထားကာ၊ အရိုးများသည့်တောင်ပံနီတစ်စုံနှင့် နဂါးခေါင်းများရှိသည့် မကောင်းဆိုးဝါးတစ်ကောင်ရှိ၏။ ထိုသညွှာ အနီရောင်အရည်ထဲတွင် မျက်လုံးများပိတ်လျှက် ချိတ်ဆွဲခံထားရပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေသည်ဟု ထင်ရလေ၏။

"အပြစ်များ စမ်းသပ်မှုမှ ကြိုဆိုပါသည်။ ဖန်စည်ပိုင်းများထဲရှိ သားရဲတစ်ရာ နတ်ဆိုးမှာ သုတေသန အဖွဲ့အစည်းကြီး၏ ကျဆုံးသွားသော စမ်းသပ်မှုများထဲမှ တစ်ခုဖြစ်၏။ ထိုသည်မှာ သန္ဓေပြောင်း သားရဲတစ်ရာကျော်၏ သွေးမျိုးဆက်များ ပေါင်းစပ်ထားသော ဖန်တီးမှုတစ်ခုဖြစ်၏။ ထိုသည်မှာ သွေးမျိုးဆက် အသက်ပုံစံ ဖန်တီးခြင်းများ၏ အထွပ်အထိပ်သတ္တဝါတစ်ကောင်ဖြစ်သော်လည်း သေစေနိုင်သော အပြစ်အနာအဆာတစ်ခုပိုင်ဆိုင်ထား၏။ ထိုအပြစ်အနာအဆာမှာ ထိုသည်က စိတ်မမှန်တော့ပဲ သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်ခြင်းကိုသာ လုပ်ဆောင်နိုင်သော စက်ကိရိယာတစ်ခုဖြစ်လာ၏။"

"သားရဲတစ်နတ်ဆိုးကို အနိုင်ပိုင်းပြီး စမ်းသပ်မှုကို ဖြတ်ကျော်ပါ။ ရှေ့က အစမ်းသပ်ခံများ၏ အချက်အလက်များအရ ဤစမ်းသပ်မှုအတွက် အသက်ရှင်နိုင်ချေမှာ သုညဖြစ်ပါသည်။ ဤစမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါက သင့်အား ကြိုက်နှစ်သက်ရာ မည်သည့်အမွေအနှစ်ကိုမဆို ရွေးချယ်ရန် အခွင့်အရေးတစ်ခု ပေးမည်ဖြစ်၏။ သင်က ဤစမ်းသပ်မှုကို လက်ခံပါသလား။"

ပိုင်လင်း၏ အသံမှာ အခန်းထဲမှ ထွက်ပေါ်လာပြီး ဒီတစ်ကြိမ်တွင်တော့ သူမက စမ်းသပ်မှုနဲ့ပတ်သတ်၍ သတင်းအချက်အလက်များအတိအကျ ​ဖော်ပြလာပေ၏။

အန်လင်းမှာ ဤသည်က တိုက်ခိုက်ရမည့် စမ်းသပ်မှုဖြစ်သည်ကို ကြားသောအခါ အတော်လေး စိတ်သက်သာရာရသွားလေ၏။

သူက တိုက်ပွဲထဲတွင် မည်သူ့ကိုမှ မကြောက်ရွံ့ဖူးသေးပါပေ။

"စမ်းသပ်မှု စတင်လိုက်ကြရအောင်။"

အန်လင်း၏ သိုလှောင်လက်စွပ်မှာ လင်းလက်သွားပြီး မိစ္ဆာရှင်းဓားက သူ့လက်ထဲတွင် ပေါ်လာလေ၏။

ဖန်စည်ပိုင်းများက ပွင့်လာပြီး အနီရောင်အရည်များက မြေကြီးပေါ်သို့ ထိုးထွက်လာပေတော့၏။

သားရဲတစ်ရာ နတ်ဆိုးမှာ မြေပေါ်သို့ ပြင်းထန်သော အသံတစ်ခုနှင့် ပြုတ်ကျလာ၏။ သူ့၏ မျက်လုံးများမှာ ပိတ်ထားဆဲဖြစ်ကာ အိပ်ပျော်နေသေးပုံထင်ရ၏။

အန်လင်း : "..."

တပိုင် : "..."

"အစ်ကိုကြီးပိုင်၊ ကျွန်တော်တို့က အဲ့တာကြီးကို အရင်နှိုးသင့်လား။ ဝုတ်..." တပိုင်က မေးလာ၏။

အန်လင်း၏ မျက်နှာပေါ်တွင် နိမိတ်ဆိုးသော အပြုံးတစ်ခုက ပေါ်လာလေ၏။ "သေချာပေါက်နိုးသင့်တာပေါ့ကွ။"

သူစကားပြောနေစဉ်တွင် သူ့၏ ဘယ်လက်၌ လျှပ်စီးက လည်ပတ်စပြုလာပြီး တစ်ချိန်တည်းမှာပင် သူ့ညာလက်မှာလဲ ရွှေရောင်အလင်းတောက်တောက်တစ်ခု တောက်ပလာလေ၏။

"တောင်ခွင်း လျှပ်စီးလက်သီး..."

ကြီးမားသည့် လက်သီးအလင်းတန်းကြီးက ဖျက်စီးစေတတ်သော စွမ်းအင်ကြီးနှင့် ပြည့်နှက်နေကာ မြေပြင်ပေါ်တွင် လဲနေဆဲဖြစ်သော သားရဲတစ်ရာ နတ်ဆိုးကြီးဆီသို့ ပျံသန်းသွားလေတော့သည်။

အသုံးမပြုမီ အားသွင်းရန် လိုအပ်သော အစွမ်းထက် နည်းလမ်းများမှာ ဤကဲ့သို့ ရှုခင်းများနှင့် အလွန်လိုက်ဖက်လှ၏။

ဘုန်း...

ရွှေရောင်လျှပ်စီးက ထိုးထွက်လာပြီး အခန်းတစ်ခုလုံးသို့ ပျံသန်းနေသည့် စွမ်းအင် အမြောက်အများကို ပို့ဆောင်လိုက်လေ၏။ အန်လင်းနှင့်တပိုင်သည်လည်း ပေါက်ကွဲမှု၏ စွမ်းအားကြောင့် နောက်သို့ ဆုတ်လိုက်ရလေ၏။ သူတို့မှာ သားရဲတစ်ရာနတ်ဆိုးကြီးသည် ထိုတိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီး မဟုတ်ပါက သေလုဆဲဆဲဖြစ်နေလောက်မည်မှာ သေချာလှ၏။

အရိပ်သဏ္ဍာန်ပုံရိပ်တစ်ခုက ပေါက်ကွဲမှုကို ပြင်းထန်စွာဖြတ်သန်းလာပြီး အန်လင်းဆီသို့ တစ်ဟုန်ထိုး ဝင်တိုက်လာသောအခါ အန်လင်းက အခြေအနေကို ချင့်ချိန်ရန် အံ့ချီးစစ်မေးသိုင်းကို အသက်သွင်းလိုက်၏။

မြန်လွန်းတယ်...။

အဆုံး၌ အန်လင်း၏ ဆံပင်များက ထောင်သွားရ၏။ သားရဲတစ်ရာ နတ်ဆိုးမှာ အလွန်ကို လျင်မြန်ပေသည်။ သားရဲတစ်ရာ နတ်ဆိုးက သူ့၏ အံချီးစစ်မေးသိုင်းအသုံးပြုမှုကို ဖြတ်သန်းကာ တိုက်ခိုက်ရန် ရည်ရွယ်လာသည်ကို မြင်သော်လည်း ခုခံရန်အတွက် တွက်ဆရန်အတွက် အန်လင်းမှာ အချိန်မရှိသည့် ပမာဏအထိပင် ဖြစ်၏။

လေပြင်းဓား...။

သူ့၏ မိစ္ဆာရှင်းဓားမှာ ချက်ချင်းပင် အရှိန်မြင့်လာပြီး လေထုအား အဖြူရောင်အလင်းတန်းတစ်ခုနှင့် ခုတ်ပိုင်းလိုက်ပြီး အန်လင်း ရန်သူ၏ အစိမ်းရောင် လက်သည်းများနှင့် တိုက်မိသွား၏။

ဘုန်း...

တိုက်ခတ်မှုက သူတို့ပတ်လည်တွင် လေပြင်းများတိုက်ခတ်စေပြီး မြေပြင်၌ ကြီးမားသော တွင်းကျယ်ကြီးတစ်ခု ဖြစ်ပေါ်စေ၏။

အန်လင်းက သားရဲတစ်ရာနတ်ဆိုးဆီမှ မဖော်ပြတတ်သောစွမ်းအင်တစ်ခုကို ခံစားမိပြီး ထိုစွမ်းအင်မှာ သူ့ကိုယ်ပိုင်ထက်ပင် ကြီးမားနေလေ၏။

သူကနောက်ဆုံးတွင်တော့ သားရဲတစ်ရာနတ်ဆိုး၏ ရှင်းလင်းသော မြင်ကွင်းကို ပထမဆုံးတွေ့လိုက်ရပြီဖြစ်သည်။

ထိုသားရဲတစ်ရာနတ်ဆိုးမှာ တောင်ခွင်းလျှပ်စစ်လက်သီး၏ တိုက်ခိုက်မှုကို ခံရပြီးသည့်တိုင် အနည်းငယ်မျှပင် ဒဏ်ရာရသည့်ပုံ မပေါ်ပါချေ။ ထိုအရာ၌ ရက်စက်သော အရောင်တို့ဖြင့် လင်းလက်နေသော ခရမ်းရောင်မျက်လုံးတစ်စုံရှိနေပြီး ထိုအရာ၏ ကြက်သွေးရောင် အရိုးများသော တောင်ပံများသည်လည်း နေသားမကျသည့်မြင်ကွင်းဖြင့် တွန့်လိမ်နေလေတော့၏။

"ကြီးမြတ် ခြင်္သေ့ဟိန်းသံ..."

နိမိတ်ဆိုးသော အသံတစ်ခုက သားရဲတစ်ရာ နတ်ဆိုး၏ ပါးစပ်မှ ထွက်လာလေ၏

"ဝေါင်း..."

သူ့၏ အစိမ်းရောင် လက်ဖဝါးဆီမှ မှောင်မိုက်သော အသံလှိုင်းကြီးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး အန်လင်းကို လေထုထဲသို့ နောက်ပြန်လှန်ပျံသွားစေနိုင်သော အလွန်အမင်း စွမ်းအားကြီး ဟိန်းသံကြီးတစ်ခုကို ထုတ်လွှတ်နေလေ၏။

သားရဲတစ်ရာ နတ်ဆိုးကြီးမှာ အန်လင်းဆီသို့ နီးကပ်လာမည့်အချိန်တွင် အပြာရောင်ဓားမော့ အလင်းတန်းတစ်စုက အဝေးဆီမှ သူ့ထံသို့ ပျံသန်းလာကြ၏။

"အရိပ်မြွေ ခြေလှမ်း..."

သားရဲတစ်ရာ နတ်ဆိုးမှာ အန်လင်းနောက်သို့ လိုက်နေရင်းမှ တုံ့ဆိုင်းသွားပြီး ထူးဆန်းလှသော်လည်း အလွန်အမင်း မြန်ဆန်လှသည့် ရွေ့လျားမှုတစ်ခုကို ပြုလုပ်လိုက်၏။ ထိုအရာ၏ ခန္ဓာကိုယ်မှာ အလင်းယိုင်သော နောက်ဆက်တွဲ အရိပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး ချက်ချင်းပင် အစွမ်းထက် ဓားမောက်အလင်းတန်းကို ရှောင်ရှားလိုက်ကာ သူ့၏ ရုပ်ဝတ္ထုခန္ဓာကိုယ်မှာ တပိုင်၏ ရှေ့တွင် ရုတ်တရက်ပေါ်လာလေ၏။

"ဘတ်တံ ခွဲထွက်ခြင်း လက်ဝါး..."

အစိမ်းရောင် လက်ဖဝါး အလင်းတန်းကြီးက ချက်ချင်းပင် တပိုင်ပေါ်သို့ စုဆုံလာပြီး တုန်လှုပ်နေသော သူ့အား နောက်ဆုတ်သွားစေလိုက်ပြီး သူ့ခန္ဓာကိုမှာ လေပြင်းများ၏ တိုက်ခတ်ခြင်းခံလိုက်ရ၏။ သို့သော်လည်း လက်ဖဝါးအလင်းတန်းမှာ လေထုကိုယ်တိုင်ကိုပင် ပုံစံတစ်မျိုးမျိုး အပြောင်းခံလိုက်ရပြီး သူတို့၏ စွမ်းအင်များမှာ နေရာလပ်ကို ဖြတ်သန်းကာ ကျော်လွန်နေပြီး တပိုင်၏ ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ တိုးဝင်လာတော့၏။

တပိုင်က အဝတ်စုတ်အရုပ်တစ်ခုကဲ့သို့ နောက်ပြန်ကျသွားပြီး သူ့ခန္ဓာကိုယ်မှာ သတ္ထုနံရံဆီသို့ ပြင်းထန်စွာ တိုက်မိသွားလေ၏။

ထိုအခိုက်အတန့်၌ပင် ကောင်းကင်နှင့်မြေကြီးမှာ အမှောင်ထုနှင့် ရုတ်တရက် ဖုံးကွယ်ခြင်းခံလိုက်ရပြီး ဓားတစ်ချောင်းက လေထဲတွင်ဖြတ်၍ ရွှီးခနဲမြည်လာသော အသံတစ်ခုက အမှောင်ထုထဲမှ ထွက်ပေါ်လာ၏။

အန်လင်းက စစ်နတ်ဘုရား၏ ဓားချက်ခြောက်ချက်မှ အရိပ်ကျားနည်းလမ်းကို အသုံးပြုပြီး မိစ္ဆာရှင်းဓား၏ ဓားသွားက သားရဲတစ်ရာနတ်ဆိုး၏ လည်ပင်းဆီသို့ ချက်ချင်းပင်ကျရောက်သွားတော့သည်။ အသံတိတ် ဓားအလင်းတန်းမှာ သူ့၏ အောက်ဘက်ရှိ သတ္ထုကြမ်းပြင်ကိုပင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု လှီးဖြတ်ပစ်လိုက်နိုင်၏။

သားရဲတစ်ရာ နတ်ဆိုး လည်ပင်း၏ မြင်ကွင်း၌ အထိတ်တလန့် လှိုင်းချက်များက သူ့နှလုံးသားကို ရိုက်ခတ်ကာ သူ့၏ မျက်ဆံများက အပြင်း အထန်ကြုံ့ဝင်သွားတော့၏။

မိစ္ဆာရှင်းဓားက သားရဲတစ်ရာနတ်ဆိုး၏ လည်ပင်းက လက်မဝက်မျှပင် မပိုင်းဖြတ်နိုင်ပါပေ။

အဲ့တာက ဘယ်လိုလုပ်ပြီးများ ...

မဟုတ်သေးဘူး။ ခဏလေး။

အနီးကပ်စစ်ဆေးလိုက်သောအခါ အန်လင်းသဘောပေါက်သွားသည်က မိစ္ဆာရှင်းဓား၏ ဓားသွားနှင့် သားရဲတစ်ရာ နတ်ဆိုး၏ အစိမ်းရောင် ကြေးခွံများကြားတွင် ငွေရောင် နေရာလပ်လေးတစ်ခုရှိနေပေ၏။ ထိုငွေရောင်နေရာလပ်လေးမှာ လုံးဝမထိုးဖောက်နိုင်သော သမဏိပြားတစ်ခုကဲ့သို့ မိစ္ဆာရှင်းဓားကို သူ့လမ်းကြောင်း၌ လုံးဝ ရပ်တန့်ထားပေတော့သည်။

"ဆိုင်ကလုန်း နဂါး..."

သားရဲတစ်ရာနတ်ဆိုးမှာ အန်လင်းဆီသို့ ကြမ်းတမ်း၊ အညှာမဲ့သော အပြုံးတစ်ခုနှင့် လှည့်လာပြီး ငါးမန်းကဲ့သို့ ချွန်ထက်လှသော သွားတန်းကြီးကို ထုတ်ပြနေ၏။

ဘုန်း...

အစိမ်းရောင် ဆိုင်ကလုန်းလေပြင်းက သူ့ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာပြီး မရေမတွက်နိုင်သော ငါးမန်းသွားများအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုသွားများက သတ္ထုမြေပြင်ကို စုတ်ဖြဲကာ အန်လင်း၏ ကိုယ်လုံးဆီသို့ တိုးဝင်လာတော့သည်။

ချွန်ထက်သော သွားများ၏ တိုက်ခိုက်မှုအောက်တွင် သွေးများပန်းထွက်လာပြီး လေတောင်ပံများက သူ့နောက်ကျောတွင် ဖြစ်ပေါ်လာပြီး အန်လင်းက ကမန်းကတန်း တပ်ဆုပ်လိုက်ရ၏။ သူက ရုတ်တရက် နားလည်စပြုလာလေပြီ။

အဘယ့်ကြောင့် တောင်ခွင်း လျှပ်စီး လက်သီးက သားရဲတစ်ရာနတ်ဆိုးကို မထိခိုက်နိုင်စေသည်နှင့် အဘယ့်ကြောင့် မိစ္ဆာရှင်းဓားက ထိုအရာ၏ အရေပြားကို ထိတွေ့ရန် မလုပ်ဆောင်နိုင်သည်ကို သူက နားလည်သွားလေပြီ...

ထိုသည်မှာ လေဟာနယ် အတားအဆီးကြောင့်ပင်။

ခန်းမအပြင်ဘက်တွင် ချိတ်ဆွဲထားသော စက်ရုပ်များကဲ့သို့ပင် သားရဲတစ်ရာ နတ်ဆိုးမှာလဲ သူ့တစ်ကိုယ်လုံးသို့  လွှမ်းခြုံထားသော လေဟာနယ် အတားအဆီးတစ်ခု ရှိလေ၏။ ထိုကြောင့် ထိုအရာကို ပြင်ပတိုက်ခိုက်မှုများအားလုံးကို ခံနိုင်ရည်ပေးအပ်ထားပြီး မကျော်လွှားနိုင်စေခြင်းဖြစ်သည်။

အကယ်၍ သူက သားရဲတစ်ရာ နတ်ဆိုးကို ထိခိုက်မှုတစ်ခု ပြုလုပ်လိုပါက လေဟာနယ်အတအဆီးကို အရင်ဆုံး ကျော်ဖြတ်ရပေလိမ့်မည်။

အခြေခံအားဖြင့် ပြောရပါက လေဟာနယ်သို့အပြန် အဆင့် ခွန်အားကြီး ပုဂ္ဂိုလ်များသာလျှင် လေဟာနယ် အကာအကွယ်များကို ဖြတ်ကျော်နိုင်ပေလိမ့်မည်။

ထိုသို့ဆိုပါက သူက မည်သို့ တိုက်ခိုက်ရမည်နည်း။ တိုက်ခိုက်ရခြင်း၏ ရည်ရွယ်ချက်က သောက်ကျိုးနည်း ဘာဖြစ်တော့မှာလဲ။

သူ့ရန်သူမှာ အစွမ်းထက်နည်းလမ်း အများအပြားနှင့် လေဟာနယ်သို့အပြန်အဆင့် ခွန်အားကြီး ပုဂ္ဂိုလ်များသာ ချိုးဖျက်နိုင်သောဟလေဟာနယ် သံချပ်ကာ ဝတ်စုံတစ်ခုကို ပိုင်ဆိုင်ထား၏။ ထိုသည်မှာ ကျော်လွှား၍ မရနိုင်နေပြီး ဖြစ်သည်။ သူက သရဲလောက၏ မူရင်းစွမ်းအားကို အသုံးပြုလျှင်တောင်မှ အန်လင်းက ထိုအရာကို အနိုင်မယူနိုင်လောက်ပါပေ။

သားရဲတစ်ရာ နတ်ဆိုးက လက်ဖဝါးများထဲတွင် ကြက်သွေးရောင် မီးတောက်များ စုစည်းကာ အန်လင်းဆီသို့ တစ်ဖန် ပြန်လည် ပြေးဝင်လာ၏။

အန်လင်းက အနက်ရောင် ဓားအလင်းတန်းတစ်ခုကို ခုတ်ပိုင်းလိုက်၏။ သို့သော်လည်း ထိုသည်လည်း သားရဲတစ်ရာ နတ်ဆိုး၏ လျင်မြန်လှသော ရွှေ့လျားမှု နည်းပညာဖြင့် ထပ်မံရှောင်တိမ်းခံလိုက်ရပေတော့သည်။

အန်လင်း၏ နှလုံးသားထဲသို့ စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်လာပေ၏။ သားရဲတစ်ရာ နတ်ဆိုးက မည်သိုဆိုဆို ဖျက်ဆီး၍မရနိုင်တာကို ဘာကြောင့်များ ရှောင်နေသေးတာလဲ။

ထိုသည်က ရှင်သန်လိုစိတ်တစ်ခုတည်းကြောင့်လား။

သို့မဟုတ် ဖြစ်နိုင်သည်က လေဟာနယ် အတားအဆီး သံချပ်ကာမှာ ထိန်းသိမ်းထားရန်အတွက် စွမ်းအင် အသုံးပြုရန် လိုအပ်နေသေးသည်လား။

"ဖီးနစ် မီးတောက် မန္တန်..."

ထိုအရာက သူ့လက်ဖဝါးကို အန်လင်းဆီသို့ ဖိလိုက်ကာ ကြက်သွေးရောင် မီးတောက်များက အလွန်အမင်း တောက်ပနေသည့် မီးဘောလုံးကြီးတစ်ခု ဖြစ်လာလေတော့၏။ ထို့နောက်တွင် မီးဘောလုံးကြီးက လက်လုပ်ဗုံးတစ်ခုကဲ့သို့ ပေါက်ကွဲထွက်သွားပြီး သူတို့ပတ်လည်သို့ အစွမ်းထက် စွမ်းအင်များ တိုက်ခတ်သွားလေတော့သည်။

ဘုန်း...

အခန်းတစ်ခုလုံးက ထိုအခိုက်အတန့်တွင် တုန်ယင်နေတော့လေ၏။

တောက်လောင်နေသော ကြက်သွေးရောင် မီးတောက်များက အရာအားလုံးကို ဝါးမျိုကာ အခန်းကြီးကို မီးပင်လယ်ကြီးအဖြစ်သို့ ပြောင်းပစ်လေတော့၏။

***

All Chapters