← Chapters

အခန်း ၁၂၇၆

Vol. 128 Ch. 1276

အခန်း ၁၂၇၆

Vol. 128 Ch. 1276

အခန်း (၁၂၇၆) အမည်ခံ စည်းမျဉ်းများ

ယခင်က အဆင်အခြင်မဲ့ပုံရသော အရာများက ယခုအခါ မမျှော်လင့်ဘဲတည်ငြိမ်ပြီး အေးချမ်းနေပုံရ၏။

ဤဧည့်သည်က မကောင်းသော ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း ဖြစ်သည်။

ယိုယောင်က မသေမျိုးသုံးပါးဂိုဏ်း၏ ထိပ်တန်းတပည့်နေရာကို ရရှိရန်ကြိုးပမ်းနေ၏။ သေချာသည်မှာ ချီရှန်းတစ်ဦးတည်းကသာ သူမကို စောင့်ကြည့်နေခြင်း မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ခိုင်ယွမ်စီရင်စု၏နယ်နမိတ်တွင်..

အစိမ်းရောင် ဝတ်ရုံနှင့် အမျိုးသားတစ်ဦး လမ်းလျှောက်လာပြီး၊ သူ၏ အသွင်အပြင်မှာ သာမန်ဖြစ်သော်လည်း တပည့်အချို့၏ရှေ့တွင် ရပ်နေချိန်၌ ထူးချွန်သောအငွေ့အသက်တစ်ခုကို သဘာဝကျကျ ထုတ်လွှတ်နေ၏။

"လီရှန်း၊ စီနီယာအစ်ကို ဟိုမှာကြည့်အုံး" တပည့်တစ်ဦးက တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားပြီး ခြေလှမ်းအနည်းငယ် ရှေ့တိုးကာ နတ်ဆိုး သွေးများဖြင့် နီရဲနေသော မြေကြီးပေါ်ရှိ ချိုင့်ခွက်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

၎င်းမှာ သဘောထားပျော့ပျောင်းမှုကြောင့် မဟုတ်ကြောင်း ရှင်းလင်းနေ၏။ ပြီးခဲ့သည့်ညက ခိုင်ယွမ်စီရင်စုက အမှန်တကယ်ပင် နတ်ဆိုးကပ်ဘေးတစ်ခုကို ကြုံတွေ့ခဲ့ရသည်။ သို့သော် ဤနတ်ဆိုးများသည် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် လျင်မြန်ပြီး အလွယ်တကူရှင်းလင်းခံလိုက်ရပုံရ၏။

လီရှန်းက သာမန်ကာလျှံကာသာ တစ်ချက် ကြည့်လိုက်ပြီးနောက် သူ၏အကြည့်ကို ရုပ်သိမ်းကာ အဝေးရှိ လယ်ယာအိမ်များဆီသို့ ပြန်လှည့်လိုက်သည်။

ဤနတ်ဆိုးကပ်ဘေးထက် သူက အခြားကိစ္စရပ်များကို ပို၍ ဂရုစိုက်နေပုံရ၏။

"လီရှန်း၊ စီနီယာအစ်ကို" တပည့်ဖြစ်သူက သူ အတွေးလွန်နေသည်ကို မြင်သောအခါ ညင်သာစွာ သတိပေးလိုက်မိသည်။

"ဟူး။"

လီရှန်းက သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး မှတ်ချက်ချလိုက်၏။ "စိတ်နေသဘောထားအရဆိုရင် ငါက ဒီအစစ်အမှန်အရှင် ထိုက်ရွှီကို မယှဉ်နိုင်ပါဘူး။"

"ဘာလို့ အဲဒီလို ပြောရတာလဲ စီနီယာအစ်ကို။" တပည့်များ၏မျက်လုံးများရှိ ဇဝေဇဝါဖြစ်မှုများက အံ့သြမှုအဖြစ်သို့ ပြောင်းလဲသွား၏။ အဘယ်ကြောင့်ဆိုသော် ဤစီနီယာအစ်ကိုက ဂိုဏ်းအတွင်းထိပ်တန်း ထူးချွန်သော ကောင်းကင်ပါရမီရှင် သုံးဦးအနက် တစ်ဦးဖြစ်ကြောင်း သိထားကြသောကြောင့် ဖြစ်သည်။

ထိုက်ရွှီ ဆေးဧကရာဇ်က စီနီယာအစ်မ ယိုယောင်၏ တိုက်ခိုက်မှုကို အမှန်တကယ် ခုခံနိုင်ခဲ့လျှင်ပင်၊ ဤမျှ သက်ပြင်းချစရာ မလိုသင့်ပေ။

"ဟိုဘက်ကို ကြည့်။" လီရှန်းက ရေပုံးများ သယ်ဆောင်လာသော ဒုက္ခသည်အုပ်စုဆီသို့ သူ၏ အကြည့်ကို ဦးတည်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်၏။

"မြောက်ပိုင်းတိုက်ကြီးတစ်ခုလုံးမှာ ငါတို့ရဲ့ ဂိုဏ်းတူတပည့်တွေ အားလုံးက ဧကရာဇ်ချီကို ဘယ်လို လုယူရမလဲဆိုတာကို အပြင်းအထန် စဉ်းစားနေကြတယ်၊ ငါလည်း ချွင်းချက် မဟုတ်ပါဘူး။"

"ရေနဲ့ ဆန်ကို ထိန်းချုပ်တာပဲဖြစ်ဖြစ်၊ မြို့ထဲကို မဟာနတ်ဆိုးကြီးတွေ လွှတ်တာပဲဖြစ်ဖြစ်၊ အားလုံးက သူတို့ရဲ့ဘဝတွေကို ပိုခက်ခဲအောင် လုပ်ဖို့ နည်းလမ်းတွေချည်းပဲ၊ လူသားဧကရာဇ် က မထိုက်တန်ဘူး၊ မသေမျိုးဂိုဏ်းကသာ ကြင်နာတတ်တယ်ဆိုတာကို သူတို့ကို ပြသဖို့လေ။"

"ဒါပေမယ့် ဒီလူကတော့ ဆန့်ကျင်ဘက် လမ်းကြောင်းကိုလျှောက်ဖို့ ရွေးချယ်ခဲ့တယ်။" လီရှန်းက သူ၏အပြုံးကို ဖျောက်လိုက်၏။

"အဲဒါက ဘာကို ဆိုလိုတာလဲ။" တပည့်များမှာ ကြက်သေသေနေကြသည်။

"ငါတို့ရဲ့ ရုပ်ဆိုးတဲ့လောဘက ယုံကြည်မှုကင်းမဲ့တာကနေ မြစ်ဖျားခံတာပဲ၊ ငါတို့က ဝန်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ ဒီနယ်မြေကို ဆုံးရှုံးရမှာကို ကြောက်တယ်၊ ဒါကြောင့် လက်ထဲမှာ ရှိနေတုန်း အမိအရ စားသောက်ထားချင်တဲ့ အလိုလိုသိစိတ် ဖြစ်လာတာပေါ့။"

လီရှန်းက ခေါင်းခါလိုက်၏။ "ဒါက ဒီအရပ်သားတွေနဲ့ ရေနဲ့ ဆန်အတွက် လုနေတာနဲ့ ဘာမှမကွာပါဘူး။"

"သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တယ်၊ ဆိုလိုတာက ခိုင်ယွမ်စီရင်စုကို သူ့ဆီကနေ ဘယ်သူမှ ယူသွားမှာ မဟုတ်ဘူးဆိုတာကို သူက ယုံကြည်မှု ရှိနေတာပဲ။ ရေစီးကြောင်းလေးမှန်နေတာကို ဘာလို့ ချက်ချင်းအကျိုးအမြတ်အတွက် အလျင်စလို လုပ်ရမှာလဲ။"

ဤစကားကို ကြားသောအခါ တပည့်များက အချင်းချင်း အပြန်အလှန်ကြည့်လိုက်ကြ၏။ "စီနီယာအစ်ကို အရမ်းတွေးလွန်းနေတာများလား။ ဘာပဲဖြစ်ဖြစ် ခိုင်ယွမ်စီရင်စုက တစ်ချိန်က အဖွဲ့သုံးဖွဲ့ လုခဲ့ကြတာလေ။ သူ့ရဲ့ချဉ်းကပ်ပုံက တခြားသူတွေနဲ့ ပွင့်ပွင့်လင်းလင်းထိပ်တိုက်တွေ့တာကို ရှောင်ရှားပြီး၊ လျှို့ဝှက်စွာနဲ့ ယုံကြည်မှုစွမ်းအင်ရင်းမြစ်တွေကို ရယူနေတာ ဖြစ်နိုင်တယ်လေ။"

"ဖြစ်နိုင်ပါတယ်။"

လီရှန်းက ၎င်းကို လုံးဝ ပယ်ချခြင်း မပြုဘဲ၊ ပြုံးကာ သူ၏ခြေလှမ်းများကို ဆက်လှမ်းလိုက်၏။

သို့သော် ယိုယောင်နှင့် ယှဉ်ပြိုင်ရန် ရဲတင်းသူတစ်ဦးက ထိုအရေးမပါသော အခြားသူများကို တကယ် ဂရုစိုက်ပါမည်လော။

လောလောဆယ်တွင် ဤကိစ္စများကို ဆက်တွေးနေရန် မလိုအပ်ပေ။

အခြေအနေက ပြီးဆုံးရန် အလှမ်းဝေးနေဆဲ ဖြစ်၏။

ယနေ့ပြီးနောက် အစစ်အမှန်အရှင် ထိုက်ရွှီ ဟူသော အမည်က မြောက်ပိုင်းတိုက်ကြီး တစ်ခုလုံးတွင် သေချာပေါက်ပဲ့တင်ထပ်သွားမည် ဖြစ်သော်လည်း ၎င်းက မည်မျှကြာကြာခံမည်ဆိုသည်မှာ မသေချာပေ။

မည်သို့ပင်ဆိုစေ တပည့်များကြားတွင် နယ်မြေလုပွဲများ၌အနိုင်အရှုံးဆိုသည်မှာ ပုံမှန်ဖြစ်သော်လည်း၊ ယိုယောင်က ကွဲပြား၏။ သူမက ရှုံးနိမ့်၍ မရသလို၊ သူတို့သုံးယောက်လည်း မရှုံးရဲပေ။

ဒီမိန်းမ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မလဲ ကြည့်ကြတာပေါ့။

သူမ၏ လက်ရှိ မျက်နှာအခြေအနေကို စိတ်ကူးကြည့်ရုံဖြင့် လီရှန်းက အတော်လေး ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။

...

မြောက်ပိုင်းတိုက်ကြီး၊ ချင်းကွမ်းဂူ

လင်းရှို့တောင်တန်းများကြားတွင် ရှည်လျားသော ကျောက်လှေကားတစ်ခုက တိမ်များနှင့် မြူခိုးများကို ဖြတ်သန်း၍ တွန့်လိမ်သွား၏။

ရတနာ သရဖူဆောင်းထားသော အမည်းရောင် ဂါဝန်နှင့် အမျိုးသမီးတစ်ဦးက တိမ်များကို မစီးဘဲ ကျောက်လှေကားပေါ်သို့ အေးအေးလူလူတက်လာသည်။

သူမ၏ အမူအရာက ပြောင်းလဲခြင်း မရှိဘဲ မည်သည့် ဝမ်းသာမှု သို့မဟုတ် ဒေါသကိုမျှ မပြသပေ။

လှေကားအဆုံးသို့ ရောက်ရှိပြီး တိတ်ဆိတ်ငြိမ်သက်နေသောဗိမာန်ငယ်လေးကို မော့ကြည့်လိုက်ချိန်မှသာ သူမ၏ခြေလှမ်းများ နောက်ဆုံးတွင် ယိမ်းယိုင်သွား၏။

ယိုယောင်၏ စိတ်ခံစားမှုများက သူမ၏ အပြင်ပန်း အသွင်အပြင်က ညွှန်ပြနေသလောက် တည်ငြိမ်မနေကြောင်း ရှင်းလင်းနေသည်။

ဗိမာန်ငယ်လေး၏အဝင်ဝတွင် ကြိုးကြာကလေး က သူ၏ဘေးရှိ အခြား နှုတ်ခမ်းနီနီ သွားဖြူဖြူ ကလေးငယ်၏လက်မောင်းကို ဆွဲကိုင်ကာ သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလျက် တစ်ဖက်လူကို တိတ်တဆိတ် အချက်ပြလိုက်၏။

သို့သော် ကလေးငယ်က တစ်ခဏမျှတုံ့ဆိုင်းနေပြီးနောက် ကြိုးကြာကလေး၏လက်ကို ပြင်းထန်စွာ ခါချလိုက်ပြီး၊ အတင်းအကျပ်ပြုံးကာ ရှေ့သို့ တိုးသွားပြီး သူမကိုညင်သာစွာ နှုတ်ဆက်လိုက်သည်။ "စီနီယာအစ်မ ယိုယောင် ပြန်ရောက်လာပြီပဲ... ကျွန်တော့်ရဲ့ အစ်ကိုက ဘယ်မှာလဲလို့ မေးလို့ရမလား"

ချင်းကွမ်း အရှင်၏ လက်အောက်တွင် ကြိုးကြာ နှင့် သမင်ဟူသော ကလေးအစေခံနှစ်ဦး ရှိ၏။

ဤလူငယ်မှာ လုထုံပင်။

ဤအခိုက်အတန့်တွင် သူက သိသာထင်ရှားစွာ ဂနာမငြိမ်ဖြစ်နေပြီး၊ သူ၏နှုက်ဆက်မှုကပင် အာရုံလွင့်နေပုံရကာ သူ၏အာရုံစူးစိုက်မှုက ယိုယောင်၏ မျက်နှာပေါ်တွင်သာ စူးစိုက်နေ၏။

"နင်ငါ့ကို ဘယ်လို ခေါ်လိုက်တယ်" ယိုယောင်က အေးစက်စွာ လှမ်းကြည့်လိုက်သည်။

"ဆရာ..." လုထုံသည် သူ၏အမှားကို သတိပြုမိသွားသဖြင့် စကားတစ်ဝက်တွင် ရပ်တန့်သွားပြီး လျင်မြန်စွာ ဦးညွှတ်လိုက်၏။ "မသေမျိုးဆရာသခင်မ ယိုယောင်"

သူသည် ချင်းကွမ်း အရှင်၏ လက်အောက်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည့်တိုင်၊ လောလောဆယ်တွင် သူသည် ကလေးအစေခံ တစ်ဦးသာ ဖြစ်နေသေး၏။ စီနီယာအစ်မဟူသော အသုံးအနှုန်းက ပုံမှန်အားဖြင့်ပြဿနာမရှိနိုင်သော်လည်း၊ အပြစ်ရှာမည်ဆိုပါက နယ်ကျွံသည်ဟု သတ်မှတ်ခံရခြင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

"နင့်ရဲ့နေရာကို မှတ်ထား" ယိုယောင်က သူမ၏ အင်္ကျီလက်ကို ညင်သာစွာ ဝှေ့ယမ်းကာ သူ့ကို ကျော်ဖြတ်ပြီး ဗိမာန်ငယ်လေးထဲသို့ တည့်တည့် ဝင်သွား၏။

သူမ၏ ပုံရိပ်က အမြင်အာရုံမှ ပျောက်ကွယ်သွားချိန်မှသာ လုထုံက သူ၏ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရာ သူ၏တစ်ကိုယ်လုံးက အနည်းငယ် တုန်ယင်နေ၏။

"ဟူး" ကြိုးကြာကလေးက တိတ်တဆိတ် ချဉ်းကပ်လာပြီး သူ၏ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။ နှစ်ဦးစလုံးက ဘာမှမပြောသော်လည်း နားလည်မှုက အပြန်အလှန် ရှိနေ၏။

အကယ်၍ ဘာမှမဖြစ်ခဲ့ဘူးဆိုလျှင် ယိုယောင်က ဘာကြောင့် ဤကဲ့သို့ရှောင်လွှဲသည့် အမူအရာမျိုးပြုမူနေမည်နည်း။

အာဏာပြနေသလို ထင်ရပေမယ့် တကယ်တမ်းမှာတော့ ကိုယ့်ကိုယ်ကိုယ်သံသယဝင်မှုတွေ စွန်းထင်းနေတယ်။ အရင်က စီနီယာအစ်မက ဘယ်တော့မှ ဒီလို တုံ့ပြန်မှာမဟုတ်ဘူး။

ကိစ္စကို ရှောင်လွှဲခြင်းကပင် အဖြေတစ်ခုဖြစ်နေပြီဖြစ်၏။

"ခိုင်ယွမ်စီရင်စုကို ဘယ်သူ စီမံခန့်ခွဲနေတာလဲ" လုထုံ၏ မျက်လုံးများတွင် မုန်းတီးမှု အရိပ်အယောင်တစ်ခု လင်းလက်လာ၏။

ကြိုးကြာကလေးက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။ "ထိုက်ရွှီ ဆေးဧကရာဇ်"

တောင်ပိုင်းတိုက်ကြီးတွင်ရှိစဉ်က ထျန်းဝူကဲ့သို့ လူ၏ပစ်မှတ်ထားခံရချိန်မှာပင် သူ၏မျက်နှာကိုပင် မပြရဲဘဲ ဆရာ့၏ကာကွယ်မှုအောက်တွင် မှီခိုနေရသောသူက၊ ထိုသမင်နတ်ဆိုး၏လက်ထဲမှ ခိုင်ယွမ်စီရင်စုအားဆက်ထိန်းထားနိုင်သည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပါသည်။

ဤအကြောင်းကို တွေးမိသောအခါ သူက ဗိမာန်ငယ်လေးထဲမှ ထွက်လာသော အဘွားအိုကို သာမန်ကာလျှံကာတစ်ချက် လှမ်းကြည့်လိုက်၏။

"..."

ကျောက်စိမ်းကန်ဘိုးဘေးက အတင်းအကျပ်ပြုံးကာ ကလေးအစေခံနှစ်ဦးကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် သူမက ခေါင်းကို ထပ်မံ ငုံ့ကာ တိတ်ဆိတ်စွာဖြင့် တောင်အောက်သို့ ဆင်းသွား၏။

သူမ၏အင်္ကျီလက်ထဲတွင် ဖုံးကွယ်ထားသော လက်ဖဝါးထဲမှချွေးများကို မည်သူမျှ သတိမထားမိကြပေ။ သူမ၏ခန့်မှန်းချက်က အမှန်တကယ် မှန်ကန်နေခဲ့သည်။

မဟာကပ်ဘေးနှင့် ကံကြမ္မာအကြောင်း ပက်သက်သူများ အမှန်တကယ် ရှိနေ၏။

ယိုယောင်က သူမ၏ဆရာထံ သတင်းမပို့ရသေးသော်လည်း..

ကျောက်စိမ်းကန်ဘိုးဘေး က တံတွေးကို ခဲယဉ်းစွာ မြိုချလိုက်ပြီး၊ ပြန်မလာသေးသော အရှင်ရှုယွီ နှင့် ရှန်းတောင်ဘိုးဘေးတို့သည် ယခုအခါ မိုးမြေ၏ဝိညာဉ်များ ဖြစ်နေလောက်ပြီဖြစ်ကြောင်း ပြန်လည်အမှတ်ရသွား၏။

ဒီအုပ်စုက တောင်ပိုင်းတိုက်ကြီးကို အထင်သေးခဲ့ကြတယ်။ ငါတို့ အသုံးမကျဘူးလို့ ထင်နေကြပြီး၊ ယိုယောင်ထက်မလျော့တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ကျားနဂါးဖိနှိပ်ခြင်း ဗောဓိသတ္တက သွတ်သွင်းပေးခဲ့တဲ့ အကြောက်တရားကို နည်းနည်းလေးတောင် မသိကြဘူး။

ဒီဗောဓိသတ္တဆီကနေ လွတ်မြောက်လာနိုင်ခဲ့တဲ့ ထိုက်ရွှီ ဆေးဧကရာဇ်က ဘယ်လိုလုပ်ပြီး ယှဉ်ပြိုင်ဖို့ လွယ်ကူနိုင်မှာလဲ။

ချင်းကွမ်းဂူက ကပ်ဘေးနှင့် ပတ်သက်နေသူ တစ်ဦးကို စော်ကားမိသွားသဖြင့်၊ ကျောက်စိမ်းကန်က ယခုအခါ အခြားဂိုဏ်းတစ်ခုကို ရှာဖွေသင့်မသင့် စဉ်းစားနေပြီ ဖြစ်၏။

ထိုစဉ် ထိုဗိမာန်ငယ်လေးထဲတွင်တော့

ပိန်ပါးသောပုံရိပ်တစ်ခုက ဒူးထောက်နေသော အမျိုးသမီးကိုကျောခိုင်းလျက် ရပ်နေပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ "ရှုံးနိမ့်သွားပြီလား"

ယိုယောင်က သူမ၏နှုတ်ခမ်းနီနီလေးများကို ကိုက်လိုက်၏။ အချိန်အတော်ကြာမှသာ သူမက ပြောလိုက်သည်။ "တပည့် မရှုံးပါဘူး၊ မရှုံးရဲပါဘူး..."

"အကျိုးအကြောင်းဆီလျော်အောင် လိမ်ပြောနေတာပဲ"

ချင်းကွမ်းအရှင် က သူမကို ခံစားချက်ကင်းမဲ့စွာ လှမ်းကြည့်လိုက်၏။ "မင်း ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ"

"သူက ဂျူနီယာမောင်လေးရှုယွီ ကို သတ်ခဲ့တယ်..."

ယိုယောင်က အသက်ပြင်းပြင်းရှူလိုက်သော်လည်း သူမ စကားမဆုံးမီမှာပင် သူမ၏ဆရာက ဖြတ်ပြောလိုက်၏။

"သက်သေ ရှိလား"

ယိုယောင်က ခေါင်းမော့ကာ သက်ပြင်းရှည်ကြီးတစ်ခုချလိုက်ပြီး သူမ၏မျက်လုံးအိမ်များက စိတ်ပျက်မှုများကြောင့် တုန်ယင်နေ၏။ "မရှိပါဘူး"

ချင်းကွမ်းအရှင် က သူ၏အကြည့်ကို လွှဲလိုက်သည်။ ဤအဆင့်ရောက်နေပြီဖြစ်ရာ သူ၏ဒုတိယ တပည့်မှာ ဆိုးရွားသောကံကြမ္မာနှင့် ကြုံတွေ့ခဲ့ရကြောင်း သူသဘာဝကျကျ ယူဆလိုက်သော်လည်း၊ ဤလက်ရှိ တပည့်က သူ၏ခွင့်ပြုချက်ကိုသာ တောင်းခံနေ၏။

နတ်ဆိုးများကို သတ်ဖြတ်ပြီးပြီဖြစ်ရာ ယခုအခါ တိုက်ရိုက်ဝင်ရောက်စွက်ဖက်မှုသာ လိုအပ်တော့သည်။

သို့သော် မြောက်ပိုင်းတိုက်ကြီးတွင် ကျင့်ကြံသူများက နယ်မြေများအတွက် တိုက်ရိုက်တိုက်ခိုက်သည့် အစဉ်အလာ မရှိပေ။ ထို့ကြောင့် မျက်နှာပြန်လည်ဆယ်ယူရန် ကိုယ်ရေးကိုယ်တာရန်ငြိုးကို အကြောင်းပြချက်အဖြစ် အသုံးပြုလိုခြင်းဖြစ်၏။

"ပြီးခဲ့တဲ့အကြိမ်က ဆရာသခင်ချီယွင် မေးတုန်းက မင်း ဘာပြောခဲ့လဲဆိုတာ မှတ်မိလား"

"တပည့် ပြောခဲ့တာက... အဲဒီလူက အပြစ်မရှိဘူးလို့ပါ။" ယိုယောင်က ဇဝေဇဝါဖြစ်စွာဖြင့် ရပ်တန့်သွား၏။

"သူက အပြစ်မရှိသလို၊ ဒီတောင်ပိုင်းတိုက်ကြီးက ကျင့်ကြံသူကလည်း သဘာဝကျကျ အပြစ်မရှိဘူးပေါ့၊ဘာပဲဖြစ်ဖြစ် မင်းရဲ့ဂျူနီယာညီလေး ကိုယ်တိုင်က သေလမ်းကိုဖိတ်ခေါ်ခဲ့တာ မဟုတ်ဘူးလား။အဲဒီအတိုင်းပဲ မင်းလည်း အပြစ်ကင်းနိုင်ပါတယ်"

ချင်းကွမ်းအရှင်၏ မျက်နှာက ပိုမို ခံစားချက်ကင်းမဲ့လာ၏။ "ဒါကြောင့် ဆင်ခြေရှာနေတာတွေကို ရပ်လိုက်တော့။မင်းမှာ အချိန်သိပ်မရှိဘူး၊ မြန်မြန် လှုပ်ရှားရမယ်"

ဂိုဏ်းချုပ်က နီးကပ်လာသော ကပ်ဘေးကို စောင့်ကြည့်နေပြီး ထူးချွန်သူများကို ရွေးချယ်ရန် ရှာဖွေနေ၏။ ဤအခြေအနေများအောက်တွင် ချင်းကွမ်းဂူ မျိုးဆက်က နောက်ကောက်ကျန်ရစ်၍ မဖြစ်ပေ။

၎င်းသည် ကပ်ဘေးတစ်ခုဖြစ်သဖြင့် သေဆုံးခြင်းကို ရှောင်လွှဲရန် နည်းလမ်း မရှိပေ။

မငြိမ်မသက်မှုများက စတင်နေပြီဖြစ်ရာ၊ ပိုပြီး ကြီးထွားလာစေယုံသာတတ်နိုင်သည်။

All Chapters