← Chapters

အခန်း ၁၁၉၃

Vol. 100 Ch. 1193

အခန်း ၁၁၉၃

Vol. 100 Ch. 1193

အခန်း ၁၁၉၃ –

နောက်ဆုံးခရီးကို ပို့ဆောင်ပေးခြင်း။

မင်္ဂလာပွဲ အခမ်းအနားကို လူပေါင်းတစ်ထောင်ကျော် ဆံ့လောက်အောင် ကျယ်ဝန်းခမ်းနားလှသော ခန်းမဆောင်ကြီး တစ်ခု အတွင်း၌ ကျင်းပခဲ့ခြင်းပေပင်။

သို့သော်လည်း လျန်ဝမ်ယုနှင့် ဖန်းယွီရုံတို့၏မင်္ဂလာပွဲသို့ လျန်မိသားစုဝင် အနည်းငယ်မျှသာ တက်ရောက်ခဲ့ကြသည်။

ရောက်ရှိလာသည့် ဂုဏ်သရေရှိ ဧည့်သည်တော်များမှာလည်း အနည်းစုသာ ရှိပေ၏။

ထို့အပြင် မင်္ဂလာပွဲကို ဦးဆောင်ကျင်းပပေးသူမှာ မိသားစုခေါင်းဆောင် ဖြစ်သူ လျန်ကျိပေ့ကိုယ်တိုင်မဟုတ်ဘဲ မဟာ အကြီးအကဲလျန်ယွန်တုသာ ဖြစ်သည်။

ဤအရာအားလုံးက လျန်ဝမ်ယုသည် မိသားစုအတွင်း အဆင့်အတန်း နိမ့်ကျလွန်းပြီး လုံးဝ တန်ဖိုးထားခြင်း မခံရကြောင်း ပြသနေခြင်းပေပင်။

များမကြာမီတွင် လူတိုင်း၏ စူးစိုက်ကြည့်ရှုမှုများအောက်၌ လျန်ဝမ်ယုနှင့် ဖန်ယွီရုံတို့ဇနီးမောင်နှံသည် မင်္ဂလာခန်းမကြီး အတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာ၏။

“ ခဏနေပါဦး ... ။ ”

ထိုစဉ် အေးစက်သော ဟန့်တားသံနှင့်အတူ လူတစ်စုခန်းမထဲဝင်ရောက်လာ၏။ ဤသည်မှာ မိသားစုခေါင်းဆောင် လျန်ကျိပေ့ပေပင်။

မြွေပွေးပုံကို ရေးထွင်းထားသော ဝတ်ရုံရှည်ကြီးကို ခန့်ညားစွာ ဆင်မြန်းလျက် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်လေသည်။

သူ့ထံမှ သူတော်စင် အင်မော်တယ် ရောင်ဝါများ ပြင်းထန်စွာ ထွက်ပေါ်နေတော့၏။ သူ့နောက်တွင် လျန်မိစု၏ အရေးပါသော လူအိုကြီးတစ်စုက လိုက်ပါလာသည်။

လျန်မိသားစုဝင်တိုင်း မျက်ခုံးပင့်လိုက်ကြသည်။ အကြောင်းမူကား လွန်ခဲ့သည့်ရက်က မျိုးနွယ်စုခေါင်းဆောင် လျန်ကျိပေ့သည် မင်္ဂလာပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း ကြေငြာထား၏။

ယနေ့တွင်မူ သူကိုယ်တိုင် ရောက်လာရုံတင်မကဘဲ မျိုးနွယ်စု၏ ထိပ်တန်း အကြီးအကဲများကိုပင် ခေါ်ဆောင်လာသည်။

“ ဒီနေ့ ... ငါသာရောက်မလာခဲ့ရင် ငါတို့ လျန်မိသားစုတစ်ခုလုံးဟာ ကပ်ဘေးကြီးထဲကို သေချာပေါက် နစ်မြုပ်သွားလိမ့်မယ်။ ”

လျန်ကျိပေ့မှ ခန်းမအလယ်သို့ လျှောက်လှမ်းလာပြီးနောက် စင်မြင့်ပေါ် လှမ်းတက်ကာ ပြောကြားလိုက်သည်။

တစ်ဆက်တည်းမှာပင် ထက်မြက်သော မျက်ဝန်းများက လျန်ဝမ်ယုထံရောက်ရှိသွားကာ အေးစက်လာ၏။

“ မင်းလို အသုံးမကျတဲ့ အမှိုက်က ဘာအပြစ်တွေ လုပ်ထားလဲဆိုတာ ရှေ့ထွက်ပြီး ဘာလို့ဝန်မခံသေးတာလဲ ဟမ့် ... ။ ”

“ ဦးလေး ... မင်းဘာကိုဆိုလိုတာလဲ ။ ”

လျန်ဝမ်ယုမှ ဂရုမစိုက်ဘဲ တုန့်ပြန်လိုက်သည်။ သူ့ဘေးရှိ ဖန်းယွီရုံခမျာ တစ်ကိုယ်လုံးအေးခဲသွားတော့၏။ လျန်ကျိပေ့မှ နှာခေါင်းရှုံ့ကာ လှောင်ပြောင်လျက်၊

“ ဟမ့် ... မင်းရဲ့မျိုးနွယ်စုအပေါ် ကောက်ကျစ်တဲ့ရည်ရွယ်ချက်တွေကို ... ဒီမှာ လူသိရှင်ကြား ချပြစေချင်တာလား။ ”

-ဟု မေးမြန်းလိုက်သည်။ ထို့နောက် လျန်ဝမ်ယုဘေးရှိ ဖန်ယွီရုံထံ လက်ညှိုးထိုးပြပြီး

“ ဒီအမှိုက်က တစ်ညတည်းနဲ့ မျိုးနွယ်စုတစ်ခုလုံး အသတ်ခံရတဲ့ နဂါးခြင်္သေ့ မျိုးနွယ်စုရဲ့ အကြွင်းအကျန်တစ်ယောက်ပဲ မဟုတ်လား။ ”

ထိုစကားကို ကြားသောအခါ ခန်းမဆောင်ကြီးတစ်ခုလုံး ဗုံးတစ်လုံး ပေါက်ကွဲ သွားသကဲ့သို့ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ရတော့သည်။

လွန်ခဲ့သည့် ဆယ်နှစ်ခန့်က အဖြူရောင်မြက်ခင်းပြင်ပြည်နယ်တွင် တုန်လှုပ် ခြောက်ခြားဖွယ်ရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ဖူး၏။

ရှေးဟောင်း သြဇာကြီးမားလှသော နဂါးခြင်္သေ့မျိုးနွယ်သည် နောက်တစ်နေ့မနက်၌ လုံးဝပျောက်ကွယ်သွားရ၏။

ထိုစဉ်က အင်‌မော်တယ်ဘုရင် (၁၃) ပါးနှင့်အတူ မျိုးနွယ်စုဝင်ပေါင်းများစွာ ရက်ရက် စက်စက်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

အဆိုးရွားဆုံးအချက်မှာ သူတို့၏ လျှို့ဝှက်ဘိုးဘေးမြေသည်ပင် အစအနမကျန် ဖျက်ဆီးခြင်းခံခဲ့ရခြင်းပေပင်။

ယနေ့တိုင် ဤမျှလောက် အင်အားကြီးမားလှသည့် မျိုးနွယ်စုကြီးတစ်ခုကို တစ်ညတည်းနှင့် သုတ်သင်ခဲ့သည့် တရားခံ မည်သူဖြစ်မည်ကို မသိကြချေ။

ထိုဖြစ်ရပ်သည် အဖြူရောင်မြက်ခင်းပြင် ပြည်နယ်တစ်ခုလုံးကို သွေးပျက်ထိတ်လန့်စေ တော့၏။

ယခု လျန်ဝမ်ယု၏ လုပ်ရပ်သည် ကြွင်းကျန်ရစ်ခဲ့သော ထိုမျိုးနွယ်မှအမျိုးသမီး တစ်ယောက်ကို လက်ထပ်ခြင်းဖြစ်သည်။

ဤလုပ်ရပ်သည် မည့်သူ့ကိုမဆို သွေးပျက်စေသည်မှာ သဘာဝပေပင်။ ယင်းက လျန်မိသားစုကြီး တစ်ခုလုံးကို ကပ်ဘေးကြီး အတွင်းသို့ ဆွဲသွင်းခြင်းမည်၏။

ထိုအချက်ကို လျန်မိသားစုဝင်တိုင်း သိရှိလိုက်ကြရာ ချက်ချင်းမျက်နှာများ ဖြူဖျော့ သွားကြတော့သည်။

မင်္ဂလာပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များသည်လည်း ထိတ်လန့်ကုန် လေသည်။ မျိုးနွယ်စုခေါင်းဆောင် လျန်ကျိပေ့မှ အဘယ့်ကြောင့် ဤမင်္ဂလာပွဲကို တားဆီးနေမှန်း နာလည်လာကုန်၏။

“ ဒါက တကယ့်ကို ယုတ်မာလိုက်တဲ့ စိတ်ကူးပဲ ကံကောင်းထောက်မစွာနဲ့ မျိုးနွယ်စု ခေါင်းဆောင်က အချိန်မီ ရောက်လာလို့ ဒီမင်္ဂလာပွဲက မပြီးမြောက်သေးတာ။ ”

“ မှန်တယ် မဟုတ်ရင်တော့ ... လျန်မိသားစုတစ်ခုလုံး ဒီကပ်ဆိုးကြီးထဲကနေ ရုန်းထွက်မရတော့မှာ ငါကြောက်တယ်။ ”

လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က တုန်လှုပ်စွာဖြင့် တိုးတိုးလေး ဆိုလိုက်သည်။ ရုတ်တရက်ဆိုသလို ခန်းမအတွင်းရှိ လူတိုင်း၏ ဒေါသနှင့် သတ်ဖြတ်လိုသော အကြည့်များမှာ ဖန်ယွီရုံထံ ကျရောက်လာခဲ့၏။

တစ်ဖက်တွင် ဖန်ယွီရုံသည် များပြားလှသောနတ်အာရုံများ ကျရောက်လာ သဖြင့် မျက်နှာဖြူဖျော့ပြီး ထိတ်လန့်လာသည်။

ယွဲ့ဟောင်ဖန်းက စုရီကို မသိမသာ ခိုးကြည့်လိုက်သည်။ စုရီသည် ဤမျှစွာသော ကပ်ဘေးကြီးကို ဂရုစိုက်ပုံမပြချေ။ ထို့ကြောင့် သူသည်လည်း စိတ်အေးလက်အေးဖြစ်လာ၏။

တစ်ဆက်တည်းမှာပင် စုရီသည် နဂါးခြင်္သေ့မျိုးနွယ်မှ ဤကောင်လေးအတွက် တိမ်မျှော်စင်တွင် အင်မော်တယ်များအားလုံးကို သတ်ဖြတ်ခဲ့ကြောင်း သိပုံမရချေ။

မဟာအကြီးအကဲ လျန်ယွန်တုမှ ဒေါသများတောက်လောင်လာကာ၊

“ လျန်ဝမ်ယု ... မင်းတကယ့်ကို သေထိုက်တဲ့ ကောင်ပဲ။ ”

- ဟု အော်ဟစ်ကျိန်ဆဲတော့သည်။

လျန်မိသားစုဝင် အားလုံး၏အကြည့်များ လျန်ဝမ်ယုနှင့် ဖန်းယွီရုံတို့ထံ ကျဆင်းလာပြီး သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ပိုမို ပြင်းထန်လာလေသည်။

“ ဟားဟားဟား ... ။ ”

ဤအချိန်တွင် လျန်ဝမ်ယုသည် မျက်နှာတစ်ပြင်လုံး သွေးဆုတ် ဖြူဖျော့လျက် ရုတ်တရက် ဒေါသတကြီး ရယ်မောလိုက်၏။

“ မင်းတို့ ငါ့ကို ဖယ်ရှားချင်လို့ အပြစ်ရှာချင်ရင် ... ကြိုက်တဲ့ အကြောင်းပြချက် ပေးလို့ရတယ် အတိတ်တုန်းက မင်းတို့တွေ ပူးပေါင်းပြီး ငါ့ရဲ့မိဘတွေကို လုပ်ကြံခဲ့တဲ့ ...

... လုပ်ရပ်ကို ငါမေ့မယ်ထင်လား အခု ထပ်ပြီး ငါ့မင်္ဂလာဆောင်မှာ ပြဿနာရှာတယ် ဒီမိသားစုထဲမှာ ငါ့မျိုးဆက်ကျန်မှာကို မင်းတို့ ကြောက်နေကြတာလား။ ”

“ တိတ်စမ်း ... လူယုတ်မာလေး အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ရပ်လိုက်ပါ မင်းရဲ့ မိဘတွေသေဆုံးမှုကို ငါတို့အားလုံး စုံစမ်းပြီးပြီ ဒီအတွက်အဖြေလည်းထုတ်ပေးခဲ့တယ် ...

... ဒါပေမယ့် မင်းက အခုလို နဂါးခြင်္သေမျိုးနွယ်က အကြွင်းအကျန်တစ်ဦးနဲ့ တိတ်တဆိတ် လက်ထပ်တာဟာ ...

... လျန်မိသားစုတစ်ခုလုံးကို ကပ်ဘေးထဲဆွဲသွင်းပြီး ရည်ရွယ်ချက်ရှိရှိ လက်စားချေနေတာကို မင်းငြင်းရဲလား။ ”

“ ဦးလေး ... မင်း ငါသေတာကိုပဲ မြင်ချင်နေတာ မဟုတ်ဘူးလား ဒါဆိုဘာလို့အခု လာမသတ်တာလဲ ဒီလောက်အထိ အဓိပ္ပါယ်မဲ့ အကြောင်းပြချက်တွေကို သုံးမနေပါနဲ့။”

လျန်ဝမ်ယုတစ်ယောက် ဒေါသတကြီး အော်ဟစ်စကားပြောနေလျက်မှ ရင်ဘတ်ကို ဖိကာ ပြင်းပြင်းထန်ထန် ချောင်းဆိုးလာ၏။

နှုတ်ခမ်းထောင့်မှ မည်းနက်သော သွေးပုပ်များ စီးကျလာသဖြင့် သုတ်လိုက်ပြီး၊

“ ဦးလေးကျိ ... အခုခန္ဓာကိုယ်ထဲမှာ နှစ်ပေါင်းများစွာ တိုက်စားနေတဲ့ အဆိပ်တွေက မင်းနဲ့မဆိုင်ဘူးလို့ ... လူအများရှေ့မှာ မင်းရဲ့ တာအိုနှလုံးသားနဲ့ ကျိန်ဆိုရဲလား။ ”

-ဟု နာကျည်းစွာ မေးမြန်းလိုက်သည်။

ဤအချိန်တွင် လျန်ဝမ်ယုသည် ဒေါသအဟုန်ကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေပြီး၊ မျက်ဝန်းများထဲတွင် နက်ရှိုင်းသော နာကျည်းမှု အမုန်းတရားများ ပြည့်လျှံနေခဲ့၏။

ခန်းမကြီးအတွင်းရှိ လေထုမှာ အနည်းငယ်လေးလံလာချေပြီ။ ဧည့်သည်များ၏ မျက်နှာအမူအရာများမှာလည်း အမျိုးမျိုး ပြောင်းကုန်၏။

မည်သူသည် ထင်မှတ်ထားမည်နည်း။ မင်္ဂလာပွဲတစ်ခုသည် မိသားစုအတွင်းမှ အမှောင် ဘက်ခြမ်းကို လှစ်ဟပြနေသည်။

တစ်ဖက်တွင် မျိုးနွယ်စုခေါင်းဆောင် လျန်ကျိပေ့မှ မျက်ဝန်းများ လုံးဝ အေးစက်ကာ ဂရုမစိုက်ဟန်ဖြင့် လျန်ဝမ်ယုနှင့် ဆက်လက် ငြင်းခုံနေရန် ပျင်းရိသွားလေသည်။

“ လျန်မိသားစုဝင်တို့ ... ဒီနေ့ အဲဒီလူယုတ်မာနဲ့ နဂါးခြင်္သေ့မျိုးနွယ်အမှိုက်ကို ချက်ချင်းဖမ်းဆီးပါ ခုခံဝံ့ရင် ... နေရာမှာတင် သတ်ပစ်လိုက်ကြ၊ ပြီးတော့ ... ။ ”

စကားပြောနေစဉ် သူ့မျက်ဝန်းများသည် မိုးကြိုးမုန်တိုင်းများ တောက်လောင်လျက်ဖြင့် စုရီနှင့်ဖန်ဟန်တို့နှစ်ဦးထံ ကျရောက်လာ၏။

တစ်ဆက်တည်းမှာ ရေခဲတမျှ အေးစက်သောအမူအရာဖြင့်၊

“ ဒီလူငယ် နှစ်ယောက်က နဂါးခြင်္သေ့မျိုးနွယ်ရဲ့ ကြံရာပါ သစ္စာဖောက်တွေ ဖြစ်တယ်ဆိုတာ သေချာတယ် ဒါကြောင့် ...

... သူတို့နှစ်ယောက်ကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားပါ ... ဒီနေ့ ငါတို့ လျန်မိသားစုရဲ့ ပုန်းကွယ်နေတဲ့အန္တရာယ်တွေကို တစ်ခါတည်း ဖယ်ရှားပစ်ရမယ်။ ”

စကားလုံးတိုင်းသည် ခိုင်မာပြတ်သားကာ လေထုအလယ် အချိန်အတော်ကြာသည်အထိ ပဲ့တင်ထပ်နေခဲ့သည်။

“ ဘယ်သူသတ္တိရှိလဲ။ ”

ယွဲ့ဟောင်ဖန်းမှ ဒေါသတကြီး ချက်ချင်း ထရပ်လိုက်ပြီး သူ့လက်သီးဖြင့် စားပွဲကို ဝုန်းခနဲ နေအောင် ဆောင့်ချလိုက်သည်။

သို့တိုင် လျန်ကျိပေ့မှ ဂရုမစိုက်ဘဲ၊

“ သခင်လေးယွဲ့ ... မင်းအမှားမလုပ်ဖို့ ငါအကြံပေးချင်တယ် မဟုတ်ရင် ... မင်းကိုပါ ငါ ထိန်းသိမ်းရလိမ့်မယ် ဒီအတွက် ယွဲ့မျိုးနွယ်ကို ငါကိုယ်တိုင် ဖြေရှင်းချက်ပေးနိုင်တယ်။ ”

-ဟု ပြတ်သားစွာ ပြောကြားလိုက်သည်။

ယွဲ့ဟောင်ဖန်းခမျာ အံကြိတ်လျက် တစ်ကိုယ်လုံး တုန်ရီသွား၏။ သို့တိုင်သူတော်စင် အင်မော်တယ်တစ်ပါးမှ ဆုံးဖြတ်ပြီးနောက် သူ့၌ လုပ်နိုင်စရာမရှိတော့ချေ။

ထိုအချိန်တွင် စုရီက ဖြည်းညှင်းစွာ ထရပ်လိုက်ကာ၊

“ လုံလောက်ပြီ ယွဲ့ဟောင်ဖန်း ... မင်း နောက်ဆုတ်နေပါ။ ”

-ဟု ဆိုလိုက်လေသည်။

“ ဟုတ်ကဲ့ ... ။ ”

ယွဲ့ဟောင်ဖန်းခမျာ ချက်ချင်းပင် ပါးစပ်ပိတ်လျက် ထိုင်ခုံတွင် ပြန်လည်ထိုင်ချ လိုက်တော့သည်။

ဤမြင်ကွင်းက ခန်းမအတွင်းရှိ ဧည့်သည်တော် အများအပြားကို အံ့အားသင့် သွားစေသည်။

ယွဲ့ဟောင်ဖန်းကဲ့သို့ တစ်စုံတစ်ဦးသည် အမိန့်ကို အကြွင်းမဲ့နာခံနေချေ၏။ တစ်ဖက်တွင် စုရီပေးအပ်ခဲ့သော ‘ကောင်းကင်ဘုံ ကောင်းချီး မင်္ဂလာ ခေါင်းလောင်း’ကို သတိရလာသောအခါ လျန်ယွန်တုမှ မျက်မှောင်ကြုတ်သွား၏။

“ မျိုးနွယ်စုခေါင်းဆောင် ... ခဏနေပါဦး တာအိုစုကို ... သူ့ဘက်ကနေ ကိစ္စတွေကို အရင် ရှင်းပြခွင့်ပေးသင့်တယ် မဟုတ်လား။ ”

ထို့ကြောင့် လျန်ယွမ်တုမှ အလျင်အမြန် သတိဝင်ပေးလိုက်၏။ လျန်ကျိပေ့တစ်ယောက် မျက်ဝန်းများမှေးစင်းလျက် စုရီကိုကြည့်ကာ၊

“ ကောင်းပြီ ... မင်း ပြောစမ်း။ ”

-ဟု အမိန့်ပေးလေသည်။ တစ်ဖက်တွင် စုရီသည်လည်း ခေါင်းရမ်းလျက်ဖြင့်၊

“ ငါကတော့ ဒီနေ့မင်းတို့တွေ ရှင်းပြချက် ပေးချင်ရင်တောင် ခွင့်မလွှတ်နိုင်ဘူး ငါလာရတဲ့ ရည်ရွယ်ချက်က မင်းတို့လျန်မိသားစုကို နောက်ဆုံးခရီးပို့ဆောင်ပေးဖို့ပဲ။ ”

-ဟု တည်ငြိမ်စွာ ပြောကြားလိုက်လေသည်။

လူတိုင်းတိတ်ဆိတ်ကုန်၏။ သူတော်စင် အင်မော်တယ်ရှေ့တွင် မည်သူသည် ဤသို့သော မောက်မာစွာပြုမူဝံ့သနည်း။ ဤလူငယ်သည် မည်သို့သောနောက်ခံမျိုးရှိနေသဖြင့် သည်မျှ ရဲဝံ့နေရသနည်း။

“ မင်း ... သေချင်နေတာပဲ။ ”

“ သတ် ... ။ ”

လျန်မိသားစု၏ အစောင့်များမှာ လက်နက်များဆွဲကိုင်လျက် ချက်ချင်းပြေးဝင် တိုက်ခိုက်လာကြတော့သည်။

“ ရွှပ် ... ။ ”

“ အား ... ။ ”

လူအုပ်ကြီးက ချက်ချင်းပင် စုရီတို့နှင့် ဝေးရာသို့ဆုတ်ခွာလိုက်န်၏။ သို့သော် သူတို့၏ ဆုတ်ခွာမှု မပြီးဆုံးခင်မှာပင် အစောင့်(၁၄)ဦးမှာ စပါးပင်များကဲ့သို့ ဓားအလင်းတစ်လက်ဖြင့် ထက်ပိုင်းဖြတ်ခြင်း ခံလိုက်ရချေပြီ။

“ ဘန်း ဘန်း ဘန်း ... ။ ”

ခန္ဓာကိုယ်များခမျာ လေထဲအလယ် ချက်ချင်းပေါက်ကွဲသွားကုန်ပြီး ဝိညာဉ်သည်ပါ လွင့်ပြယ်သွားခဲ့၏။

တစ်ချက်ပင် မခံနိုင်ခဲ့ကြချေ။ သွေးမြူများ ခန်းမအတွင်း ချက်ချင်းပြည့်လျှံသွားလေသည်။ ဖြစ်စဉ်မှာ လျင်မြန်လွန်းပြီး ဧည့်သည်များခမျာ အသက်ရှူရန်ပင် မေ့လျော့ကုန်တော့၏။

***

All Chapters