← Chapters

အခန်း ၁၁၉၇

Vol. 100 Ch. 1197

အခန်း ၁၁၉၇

Vol. 100 Ch. 1197

အခန်း ၁၁၉၇ –

နတ်သမီးနှင့် မိစ္ဆာ ... ။

ထိုနေ့တွင် လျန်မျိုးနွယ်စုအတွင်း ဖြစ်ပျက်သွားခဲ့သော အနိဋ္ဌာန်မြင်ကွင်းများသည် အဖြူရောင်မြက်ခင်းပြင်ဒေသအနှံ့ ပျံ့နှံ့သွား၏။

သူတော်စင် အင်မော်တယ် အင်အားစုတစ်ခုသည် မိမိပိုင်နယ်မြေကြီးတွင် ဤသို့သတ်ဖြတ်ခံရသည်မှာ မယုံနိုင်စရာပင်။

ထိုနေ့မှာပင် ရတနာသင်္ဘောကြီး တစ်စင်းဖြင့် စုရီ၊ ယွဲ့ဟောင်ဖန်း၊ လျန်ဝမ်ယု၊ ဖန်ယွီကျုံး၊ ဖန်ဟန်နှင့် ချီဖူဖန်းတို့သည် မြို့တော်မှ ထွက်လာခဲ့ကြသည်။

စုရီက ဝိုင်အိုးကို လက်တစ်ဖက်မှ ကိုင်ဆောင်ထားလျက် သင်္ဘောလက်ရန်းဘေး၌ ရပ်နေပြီး အစိမ်းရောင် ဝတ်ရုံစများလေထဲ တဖျတ်ဖျတ် လွင့်မျောနေခဲ့သည်။

“ သခင် နောက်နှစ်ရက်အတွင်းမှာ လော့မြစ်ကမ်းဘေးကို ရောက်ရှိပါလိမ့်မယ်။ ”

ချီဖူဖန်းက ရိုသေလေးစားစွာ သတင်းပို့လာသည်။ စုရီမှ ခေါင်းညိတ်ပြပြီး၊

“ အခုက စပြီး ငါ့ကို သခင်လေးလို့ ခေါ်ပါ။ ”

-ဟု အမိန့်ပေးလိုက်၏။

“ ဟုတ်ကဲ့ နားလည်ပါပြီ။ ”

ချီဖူဖန်းမှ လေးနက်စွာခေါင်းညိတ်သည်။

ဤကာလအတွင်း ချီဖူဖန်းကို စုံစမ်းခိုင်းခဲ့သော အတိတ်မှဇာတ်လမ်းဟောင်း အချို့မှာ မအောင်မြင်ခဲ့ချေ။ ဓမ္မအဆုံးခေတ်၌ အရာအားလုံး တိမ်မြုပ်သွားပုံရသည်။

ထို့ကြောင့် ချီဖူဖန်းခမျာ စုရီမှ အပြစ်မတင်သော်လည်း မပြစ်ရှိသလို ခံစားနေရသည်။

ထို့ကြောင့် လော့မြစ်ကမ်းဘေး၌ ဝမ်ယဲ့ တည်ထောင်ခဲ့သော ထာဝရည အကယ်ဒမီခမျာ ဖျက်ဆီးခံလိုက်ရခြင်းကဲ့သို့ စိတ်မကောင်းဖွယ် သတင်းအချို့သည်သာ ပေးပို့နိုင်ခဲ့၏။

“ မင်းအတွက် တာဝန်နှစ်ခုရှိတယ် ... ။ ”

စုရီက ချီဖူဖန်းကို ကြည့်ကာ ပြောလိုက်သည်။

“ အမိန့်ရှိပါ သခင်လေး။ ”

“ ဒီတာဝန်ကို ထမ်းဆောင်နေတဲ့ အချိန်မှာသတိထားပါ တစ်ခုခုထူးခြားတာနဲ့ ငါ့ကို ချက်ချင်း ဆက်သွယ်ပါ ပေါ့ပေါ့ဆဆ မလုပ်ပါနဲ့။ ”

စုရီက ထပ်မံ ညွှန်ကြားလိုက်သည်။ ချီဖူဖန်းတစ်ယောက် လေးနက်စွာ ခေါင်းညိတ် ပြတော့၏။

“ အဲဒါက ပြင်ပနတ်ဆိုးမျိုးရိုးတွေ အင်မော်တယ်မြေထဲကို စိမ့်ဝင်နေတယ် ဒါက နည်းနည်းထူးဆန်းတယ် ကောင်းကင်တံခါးမှာ ပြဿနာတစ်ခုခုရှိလား စုံစမ်းပါ ... ။ ”

“ ဟုတ်ကဲ့ နားလည်ပါပြီ။ ”

“ ဒုတိယတာဝန်ကတော့ ... ဖန်မောင်နှမတွေရဲ့ နဂါးခြင်္သေ့မျိုးနွယ်တစ်ခုလုံး အစုလိုက်အပြုံလိုက် ဖျက်ဆီးခံလိုက်ခဲ့ရတဲ့ နောက်ကွယ်က တရားခံကို စုံစမ်းစစ်ပါ ...

... ဘာပဲဖြစ်ဖြစ် ... ဒီမျိုးနွယ်စုရဲ့ အငြိုးအတေးကိုတော့ ကျူးလွန်သူတွေရဲ့သွေးနဲ့ ပြန်လက်စားချေရလိမ့်မယ်။ ”

ဤအကြောင်းကို ပြောသည့်အခိုက်တွင် စုရီသည် မျက်ဝန်းများ အေးစက်ကာ သတ်ဖြတ် လိုခြင်း ဆန္ဒများ ပြသလာ၏။

“ စိတ်ချပါ သခင်လေး ... ။ ”

ချီဖူဖန်းမှ ထပ်မံ၍ ကတိပြုလိုက်သည်။ စုရီက သိုလှောင်လက်စွပ်အတွင်းမှကျောက်စိမ်း တံဆိပ်သုံးခုကိုထုတ်ယူကာ ချီဖူဖန်းထံသို့ ပေးအပ်လိုက်သည်။

“ ပထမဆုံး ကျောက်စိမ်းတံဆိပ်မှာ နတ်ယန္တရားခန်းမရဲ့ အထူးဧည်သည်တော် အမှတ်အသားပဲ ဒါကို အသုံးပြုပြီး နတ်ယန္တရား ခန်းမဆီကနေ လိုအပ်တဲ့ သတင်းအားလုံးကို အလွယ်တကူ စုဆောင်းနိုင်လိမ့်မယ် ...

.. ဒုတိယ ကျောက်စိမ်းတံဆိပ်က ... ပြင်ပနတ်ဆိုးတွေရဲ့ အဓိက နတ်ဆိုးမျိုးနွယ်စု ကိုးခုရဲ့ ... မွေးရာပါလက္ခဏာတွေ ...

... သူတို့ရဲ့ လျှို့ဝှက်နည်းစနစ်တွေနဲ့၊ အားနည်းချက်တွေ အားလုံးကို အသေးစိတ် မှတ်တမ်းတင်ပေးထားတယ် ...

... နောက်ဆုံး တတိယ ကျောက်စိမ်းတံဆိပ်ကတော့ ... ငါ့ရဲ့ဓားပဲ မင်းမှာ အသက်အန္တရာယ်နဲ့ကြုံရရင် ထုတ်သုံးလိုက်ပါ။ ”

“ ကျေးဇူးတင်ပါတယ် သခင်လေး။ ”

ချီဖူဖန်းက ကျောက်စိမ်းတံဆိပ်များကို ရိုသေစွာဖြင့် လက်ခံလိုက်ပြီး၊

“ ဒီဂျူနီယာအနေနဲ့ ... သခင်လေး ပေးအပ်တဲ့တာဝန်တွေကို ... အသက်ပေးပြီး အစွမ်းကုန် ကြိုးစားပေးမှာပါ။ ”

-ဟု ကတိပေးလာခဲ့သည်။

ထိုနေ့မှာပင် ချီဖူဖန်းသည် ရတနာသင်္ဘောကြီးပေါ်မှ တစ်ယောက်တည်း ဖယ်ခွာသွားတော့၏။

ထို့နောက် စုရီသည် ဖန်မောင်နှစ်မနှင့် လျန်ဝမ်ယုတို့ကို ခေါ်ယူလျက်၊

“ ငါတို့ မနက်ဖြန်ကျရင် မီးတိမ်လွှာ အင်မော်တယ်မြို့ကို ရောက်လိမ့်မယ် အဲဒီမှာ မင်းတို့တွေကို အခြေချနေထိုင်ဖို့ ငါ့မိတ်ဆွေဆီ လိုက်ပို့ပေးမယ်။ ”

-ဟု အသိပေးလိုက်သည်။

မီးတိမ်လွှာအင်မော်တယ်မြို့တွင် ပျော်ရွှင်ခြင်းမျှော်စင်၏ ဌာနခွဲတစ်ခုရှိသည်။ ထို့ကြောင့် ချင်းဝေထံဆက်သွယ်ကာ သူတို့ကို ဤနေရာတွင် ထားရှိခဲ့မည်ဖြစ်၏။

“ မင်းတို့ရဲ့ နဂါးခြင်္သေ့မျိုးရိုးကို ဖျက်ဆီးပစ်ခဲ့တဲ့ တရားခံအစစ်အမှန်ကိုတော့ ငါတို့ရှာဖွေနေတယ် တွေ့ရှိတာနဲ့တစ်ပြိုင်နက်... ငါကိုယ်တိုင် လက်စားချေပေးမယ်။ ”

“ ကျေးဇူးတင်ပါတယ် အစ်ကိုစု ... ဒါနဲ့ ငါတို့မောင်နှစ်မကို ဘာလို့ ဒီလောက်အထိ ကူညီပေးနေရတာလဲ။ ”

ဖန်ဟန်မှ အနည်းငယ် ရှုပ်ထွေးသွားဟန်ဖြင့်မေးမြန်းလိုက်၏။ စုရီက အသာအယာ ပြုံးပြလိုက်ပြီး၊

“ လောလောဆယ်တော့ ... ငါ မပြောနိုင်သေးဘူး ဒါပေမယ့် မကြာခင်မှာပဲ မင်းတို့တွေသဘာဝအတိုင်း နားလည်လာ ပါလိမ့်မယ်။ ”

- ဟု ဖြေကြားခဲ့သည်။

ဖန်ယွီရုံမှ ခဏမျှ တွန့်ဆုတ်နေပြီး သူ့ဘေးနားရှိ လျန်ဝမ်ယုကိုတစ်ချက်ကြည့်ကာ သတိထားလျက် ထပ်မံမေးမြန်းလာ၏။

“ ဒါဆို အစ်ကိုလျန်ဝမ်ယုကော ... အတူခေါ်သွားလို့ရမလား။ ”

စုရီမှ ခေါင်းညိတ်ပြလိုက်သည်။ သူသည် လျန်ဝမ်ယု၏ အတိတ်က အပြုအမူများအပေါ်၌ ကြီးကြီးမားမား ခံစားချက်မရှိတော့ချေ။

“ ကျေးဇူးတင်ပါတယ် စီနီယာ ... ။ ”

ထိုစဉ်မှာပင် တောင်တန်းတစ်ခုအတွင်း ပြင်းထန်သောတိုက်ပွဲကြီး ဖြစ်ပွားနေသည်ကို အဝေးမှ မြင်လိုက်ရသည်။

လရောင်ခြည်ကဲ့သို့ ပြာလဲ့လဲ့ အဖြူဖျော့ဖျော့ဝတ်လုံနှင့် အမျိုးသမီးတစ်ဦးက သွေးနီရောင်ဝတ်အဖိုးကြီးတစ်ဦးကို ခုခံ တိုက်ခိုက်နေခြင်း ဖြစ်သည်။

အမျိုးသမီးသည် အဝေးမှပင် ပြိုင်ဘက်ကင်းအလှတရားကို ပိုင်ဆိုင်ကြောင်း မြင်နိုင်ကာ ဗလာနယ်ပယ်အင်မော်တယ် ရောင်ဝါကို ပြသထား၏။

သူ့ပြိုင်ဘက်များမှာ အဖိုးအိုမှာမူ အလွန်အမင်း မကောင်းဆိုးဝါးဆန်လှသော ရောင်ဝါဖြင့် သူတော်စင် အင်မော်တယ် တစ်ပါးဖြစ်သည်။

ထိုတိုက်ပွဲက ရတနာသင်္ဘောပေါ်မှ အခြားသောခရီးသွားများကို ဆွဲဆောင်သွား၏။ ကြည့်နေဆဲမှာပင် အမျိုးသမီးသည် ဝှက်ဖဲ အချို့ကို ထုတ်ဖော်လိုက်ကာ အဖိုးကြီးကို ဖိအားပေးလာနိုင်သည်။

လူတိုင်း ပါးစပ်အဟောင်းသားဖြင့် စိတ်လှုပ်ရှားကုန်၏။ ဤမျှချောမောလှပသော မိန်းကလေးတစ်ယောက်ကို မည်သူသည် ဒဏ်ရာများဖြင့် မြင်လိုမည်နည်း။

“ ငါမှတ်မိပြီ ... သူမက ... ကျောက်စိမ်းအလင်းမြင့်မြတ်မြေရဲ့ နံပါတ်တစ် ပါရမီရှင်ယင်ရှုပဲ .. ဗလာနယ်ပယ်အင်မော်တယ် အဆင့်သတ်မှတ်ချက်မှာ ပထမရထားတယ်။ ”

ယွဲ့ဟောင်ဖန်းမှ ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်တော့သည်။ သို့မှသာ လူတိုင်း မှတ်မိကုန်၏။

“ မထူးဆန်းတော့ပါဘူး ဒီအမျိုးသမီး အရမ်းအစွမ်းထက်နေတာ သာမန်ပါပဲ။ ”

ယင်ရှုအမည်သည် အင်မော်တယ်မြေ ပြည်နယ်ကြီး(၄၉)ခုလုံးတွင် ကျော်ကြားလှ၏။ ပြိုင်ဘက်ကင်းအလှတရားနှင့် ဓားရေးကြောင့် ဓားအင်မော်တယ်အဖြစ်ပင် တင်စားကြသည်။

ပါရမီနှင့် အရည်အချင်းသည် မျိုးဆက်တူအတွင်း တုနှိုင်းမဲ့ကာ သန့်ရှင်းသော သမီးတော်ရာထူးကို ထိုက်ထိုက်တန်တန် ရရှိထားချေ၏။

စုရီသာလျှင် တိတ်ဆိတ်လျက် အတွေးထဲ နစ်မျောသွားခဲ့သည်။ ဝမ်ယဲ့ဘဝ၌ အမျိုးသမီး မိတ်ဆွေတစ်ယောက်ကို သတိရလာ၏။

ထိုအမျိုးသမီးသည် ဓားတစ်လက် ကိုင်ဆွဲလျက် အမျိုးသား သူရဲကောင်းများစွာကို သိမ်ငယ်သွားစေအောင် အစွမ်းထက်သည်။

“ ကျောက်စိမ်းအလင်း ကောင်းကင် ရောင်ပြန်မန္တန်၊ သန့်စင်မှုကိုးပါး တိုက်ပွဲဝင်ခန္ဓာ၊ ရှေးဟောင်းတိမ်ထင်းရှူးဓား ... တကယ်ပဲ ယင်ရှန်ရွယ်ရဲ့ ဂျူနီယာတစ်ယောက်လား။ ”

စုရီက တိုးတိုးလေး ညည်းတွားမိသည်။ ထိုစဉ် ယင်ရှုနှင့် တိုက်ခိုက်နေသော အဖိုးအိုမှာ ရတနာသင်္ဘောကို သတိထားမိသွားပြီး မျက်ဝန်းများတောက်ပလာ၏။

“ မင်း ... အညံ့မခံရင် အဲဒီလူတွေကို ငါသတ်မယ်။ ”

စကားဆုံးသည်နှင့် လျှပ်စီအလား ရတနာသင်္ဘောထံသို့ ပျံသန်းလာတော့သည်။ ယင်ရှုတစ်ယောက် မျက်လုံးပြူးသွားချေပြီ။ ဤလူယုတ်မာသည် အသက်ကြီးသော်မှ အလေးချိန်မရှိချေ။

“ သတိထား ... ။ ”

စိုးရိမ်တကြီးနှင့် အော်ဟစ် သတိပေးကာ နောက်ပါးမှ ချက်ချင်း ဟန့်တားရန် လိုက်ပါလာ ခဲ့လေသည်။

ထိုမြင်ကွင်းကြောင့် သင်္ဘောပေါ်မှ လူအများသည် ထိတ်လန့်ကုန်၏။ ဤသည်မှာ သာမန်ခရီးသွားသင်္ဘောတစ်စင်းပေပင်။

သူတော်စင် အင်မော်တယ် နတ်ဆိုး တစ်ပါးသည်သာ လိုက်လံတိုက်ခိုက်လာပါ အချိန်အကြာကြီး တောင့်ခံနိုင်မည် မဟုတ်ချေ။

“ ဒီလူယုတ်မာက ငါတို့ကို အသုံးချချင်နေတယ် မြန်မြန် လမ်းကဖယ်ကြ။ ”

“ အစီရင်ကို ချက်ချင်း အသက်သွင်း။ ”

လူတိုင်း သင်္ဘောလက်ရန်းမှ ဆုတ်ခွာကုန်သည်။ ယွဲ့ဟောင်ဖန်း၊ ဖန်ဟန်နှင့် လျန်ဝမ်ယုသာလျှင် တည်ငြိမ်စွာကျန်ရစ်ခဲ့၏။

သူတို့မျက်ဝန်းများတွင် အပြေးအလွှား ပျံသန်းလာသည့်အဖိုးအိုထံ သနားကြင်နာသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

“ ဟမ့် ... ။ ”

အဖိုးအိုသည်လည်း ထိတ်လန့်ခြင်း မရှိဘဲ သူ့ထံရပ်ကြည့်နေသော လူတစ်စုကိုမြင်ချိန်တွင် တစ်စုံတစ်ရာမှားယွင်းနေကြောင်း ခံစားမိ၏။

သို့သော် နောက်ပါးမှလိုက်ပါလာသော ယင်ရှုကြောင့် ဆုတ်ခွာရန် နည်းလမ်းမရှိချေ။ အဆုံးတွင် သင်္ဘောလက်ရန်း၌ ပေါ့ပေါ့ပါးပါး ရပ်နေသောလူငယ်ထံ ဦးတည်လိုက်တော့၏။

“ သတိထား ... ။ ”

ယင်ရှုမှ ထိတ်လန့်စွာ အော်ဟစ်လိုက်၏။ သို့သော် နောက်တစ်ခဏမှာပင် မယုံနိုင်ဖွယ်ရာ မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

သင်္ဘောလက်ရန်းတွင် ရပ်နေသော ကျောက်စိမ်းရောင်ဝတ် လူငယ်မှ လက်ဆန့်ပြီး အဖိုးအိုလည်ပင်းထံ ဖမ်းဆုပ်လိုက်‌ခြင်းဖြစ်၏။

ထိုလုပ်ရပ်သည် ပိုးမွှားတစ်ကောင်ကို ဖမ်းယူလိုက်သကဲ့သို့ အားမစိုက်ထုတ်ခဲ့ရဘဲ အလွန်အမင်း လွယ်ကူလွန်းနေသည်။

“ မင်း ... ။ ”

အဖိုးအိုသည်ပင် ထိတ်လန့်တကြား အော်ဟစ်လျက် အစွမ်းကုန်ရုန်းကန်တော့၏။ ထောင်ချောက်အတွင်း တိုးဝင်လာမိသော သားကောင်တစ်ကောင်နှင့် မခြားချေ။

***

All Chapters