← Chapters

အခန်း ၁၁၉၈

Vol. 100 Ch. 1198

အခန်း ၁၁၉၈

Vol. 100 Ch. 1198

အခန်း ၁၁၉၈ –

ဗောဓိမိခင်နှင့်ခလေး ခေါင်းလောင်း။

အသက်(၂၀)ခန့်သာ ရှိနေသည့် ဤလူငယ်သည် ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်ကျွမ်းကျင်သူတစ်ဦး ဖြစ်နေချေ၏။

“ ငါ ... ငါ တောင်းပန်။ ”

“ ခရစ် ...။ ”

“ ဘန်း ... ။ ”

စကားမဆုံးမီ လည်ပင်းကို ကြိတ်ချေခံလိုက်ရကာ ခန္ဓာကိုယ်ကြီးတစ်ခုလုံး ချက်ချင်း ကြေမွသေဆုံးသွားတော့၏။ ဝိညာဉ်ပင် လွတ်မြောက်ခြင်း မရှိခဲ့ချေ။

ရက်စက်ကြမ်းကြုတ်ကာ ပြတ်သားလွန်းချေ၏။ ငယ်ရွယ်ချောမောသော လူငယ်တစ်ယောက်သည် ထိုသို့ လွှမ်းမိုးကြီးစိုး နေသည်မှာ မယုံနိုင်စရာပေပင်။

လေထဲတွင် လွင့်မျောနေသော သွေးမြူများထံငေးကြည့်လျက် သင်္ဘောပေါ်မှ လူတိုင်း တိတ်ဆိတ်ကုန်၏။

ဤသည်မှာ လူငယ်အသွင်ယူထားသော မြေခွေးအိုကြီးပင်လော။ ယင်ရှုသည်ပင် မျက်ခုံး ပင့်လိုက်ရ၏။

စုရီက လေထုအလယ် အေးခဲနေသော ရပ်နေသော ယင်ရှုထံမော့ကြည့်လိုက်ပြီးနောက် သက်ပြင်းချကာ၊

“ သေရှင်တိုက်ပွဲတစ်ခုမှာ ... ရန်သူကို ခွန်အားအပြည့်တိုက်ပြီး ချက်ချင်းသတ်ရတယ် ဒါပေမယ့် မင်းကတော့ ... မင်းကိုယ်မင်း ခုခံကာကွယ်ဖို့ပဲ စဉ်းစားနေတယ် ...

... မင်းက ဒီလူရဲ့ သေလုမျောပါး နောက်ဆုံးတန်ပြန်တိုက်ခိုက်မှုကို စိတ်ပူနေတာ ဆိုပေမယ့် ... ဒါကသူကို အပြစ်မရှိတဲ့လူတွေီ ဓားစားခံလုပ်ဖို့ အခွင့်အရေးရသွားတယ်။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

ယင်ရှုတစ်ယောက် အနည်းငယ် မှင်သပ်သွားပြီး တစ်ဖက်လူသည် မိမိအပေါ် လမ်းညွှန်ပေးနေကြောင်း တားလည်လိုက်၏။

ထို့ကြောင့် မသက်မသာဖြင့် ချက်ချင်း တည်ငြိမ်အောင်ပြုပြင်ယူကာ လက်နှစ်ဖက်ကို ဆုပ်ကိုင်ဂါရဝပြုလိုက်ရသည်။

“ ဘာပဲဖြစ်ဖြစ် ... ဒီနတ်ဆိုးအိုကြီးကို သတ်ဖြတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ ... ။ ”

“ အဟေး ... နတ်သမီးယင်ရှု ... ငါက မင်းရဲ့အမာခံပရိသတ်ပဲ မင်းကို အရမ်းလေးစား အားကျသူပါ ...

... ဒီနေ့တော့ ငါတို့ ကံကြမ္မာကြောင့် ဆုံတွေ့ခွင့်ရပြီ မင်းဘာလို့ သင်္ဘောပေါ်လာပြီး စကားမပြောရတာလဲ။ ”

ယွဲ့ဟောင်ဖန်းက စုရီရှေ့သို့ လှမ်းတက်လိုက်ကာ စိတ်မထိန်းနိုင်တော့ဘဲ နှုတ်ဆက်ဖိတ်ကြားလေသည်။

ယင်ရှုမှ ယွဲ့ဟောင်ဖန်းစကားကြောင့် အနည်းငယ်ရှက်ရွံ့လာပြီး စုရီထံခိုးကြည့်ကာ၊

“ ဒါတွေက ... ဂုဏ်သတင်း အချို့ပါ ဒီလောက်အထိ ချီးကျူးခံရဖို့ မထိုက်တန်ပါဘူး။ ”

-ဟု တုန့်ပြန်လိုက်သည်။

“ ဟားဟားဟား .... နတ်သမီးယင်ရှု မင်းနှိမ့်ချမနေပါနဲ့ ... မင်းက ဗလာနယ်ပယ် အင်မော်တယ် အဆင့်မှာ ပထမပါ ...

... မင်းရဲ့ ပါရမီနဲ့ အရည်အချင်းက အံ့သြစရာကောင်းလောက်အောင် ထူးချွန်ပြီး ... ဓားပညာမှာ အသိအမှတ်ပြုခံထားရတဲ့ ပြိုင်ဘက်ကင်း ဓားအင်မော်တယ်ပါပဲ။ ”

ယွဲ့ဟောင်ဖန်း မျက်နှာတွင် လွန်စွာစိတ်အားထက်နေပြီး ယင်ရှုအတွက် တိုက်ပွဲဝင်လိုသော သူရဲကောင်းအလား ချီးကျူးစကားများ တရစပ်ဆိုနေတော့၏။

ယင်ရှုခမျာ ပို၍မသက်မသာ ခံစားလိုက်ရသည်။ ဤလူကား မည်သူနည်း။ သူမတို့သည် တိုက်ဆိုင်မှုတစ်ခုကြောင့်သာ ဆုံတွေ့ခဲ့ကြခြင်း ဖြစ်သည်မဟုတ်လော။

ယခုမူ တစ်ဖက်လူသည် မိမိအပေါ်တွင် အလွန်အမင်း စိတ်အားထက်သန်မြှောက်ပင့် လွန်းနေသည် မဟုတ်လော။

“ ချွင် ချွင် ချွင် ... ။ ”

ထိုကြောင့် ထွက်ခွာရန် ပြင်လိုက်စဉ် ရုတ်တရက် သူမလက်ကောက်မှ ကြည်လင် ဆန်းကြယ်လှသော ခေါင်းလောင်းသံများ မြည်ဟည်းလာခဲ့သည်။

မိခင်ကို မြင်သော သားသမီး၊ သို့မဟုတ် သားသမီးကိုမြင်သော မိခင်ကဲ့သို့ ရွှင်မြူးနေ၏။ ဤသည်မှာ မိခင်နှင့် ကလေး ခေါင်းလောင်း အဆောင်ပေပင်။

အံ့အားသင့်စွာဖြင့် ခေါင်းမော့ကြည့် လိုက်သောအခါတွင် ကျောက်စိမ်းရောင်ဝတ် လူငယ်လက်ထဲတွင် ခေါင်းလောင်းငယ်တစ်ခု ကိုင်ထားသည်ကို မြင်လိုက်ရ၏။

ယွဲ့ဟောင်ဖန်းသည်ပင် ထိုမှသာ စုရီကိုသတိရသွားပြီး ရှေ့မှဖယ်လိုက်ကာ ရှက်ရွံ သွားတော့၏။ စုရီမှ ပြုံးလျက် ယွဲ့ဟောင်ဖန်းနှင့် အခြားသူများကို ခေတ္တမျှ ထွက်ခွာသွားရန် ညွှန်ကြားလိုက်သည်။

လူတိုင်း လိမ္မာပါးနပ်စွာဖြင့် သင်္ဘောအခန်းထဲသို့ ဝင်ရောက်ပျောက်ကွယ် ကုန်၏။ အခြားသော ခရီးသွားများသည်လည်း ပါးနပ်စွာ ဆုတ်ခွာကုန်ကြတော့သည်။

“ သင်္ဘောပေါ်ဆင်းလာခဲ့ ငါတို့ စကားပြောကြရအောင်။ ”

စုရီက ယင်ရှုကို ဖိတ်ခေါ်လိုက်သည်။ ထို့နောက် ကြိမ်ကုလားထိုင်ကို ဆွဲထုတ်ကာ ပေါ့ပေါ့ပါးပါးပင် ထိုင်ချလိုက်၏။

ယင်ရှုတစ်ယောက် ထိုအပြုအမူကြောင့် အံ့အားသင့်မှု၊တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုများ ဝင်ရောက်လာချေပြီ။

အချိန်အတော်ကြာ တိတ်ဆိတ်သွား ပြီးနောက် အသက်ကိုပြင်းပြင်းရှူသွင်းလျက် သင်္ဘောပေါ်သို့ ဆင်းသက်လိုက်တော့၏။

ယင်ရှုသည် အမှန်တကယ်ပင် အလွန် လှပချောမောသူဖြစ်သည်ဟု ဆိုရမည်။ သူမ၏ အသားအရေမှာ အနီးကပ်သော် တောက်ပပြီး နူးညံ့စိုပြည်နေချေ၏။

မျက်လုံးများသည် ဓားကဲ့သို့ စူးရှကာ နက်မှောင်သော ဆံပင်များကို ထုံးဖွဲ့ထားပုံအရ တုနှိုင်းမဲ့အလှတရား ဖော်ညွှန်းထားသည်။ အထူးသဖြင့် လှုပ်ရှားမှုတိုင်းသည် ပန်းချီကားများအလားပေပင်။

သို့သော် ထိုပြိုင်ဘက်ကင်း အလှတရားများသည် စုရီအတွက်မူ အခြားသော အမျိုးသမီးတစ်ဦး၏ ပုံရိပ်ကိုသာ မြင်လာစေ၏။

ယင်ရှု၏ မျက်နှာသွင်ပြင်များသည် ထိုအမျိုးသမီးနှင့် များစွာဆင်တူနေသော်လည်း စိတ်နေစိတ်ထားမှာမူ လုံးဝ ကွဲပြားသည်။

ယင်ရှန်ရွယ်သည် အမြဲတမ်း အေးစက်ပြီး မာနကြီး၏။ ဓားကဲ့သို့ ထက်ရှပြတ်သားနေကာ ရက်စက်ချေပြီ။ ယင်ရှုမှာမူ ညကောင်းကင်ယံမှ လမင်းအလား ကြည်လင်ပြီး နူးညံ့လှပေ၏။

ထို့ကြောင့်ပင် သူမ ပြိုင်ဘက်ကို လွတ်မြောက်စေခြင်းပေပင်။ စုရီက ဝိုင်အိုးကို မော့သောက်ကာ၊

“ ငါ့ကိုလာရှာဖို့အတွက် ... မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

“ ဒါဆို စီနီယာက တကယ်ပဲ ... ။ ”

“ အဟက် ... ယင်ရှန်ရွယ်ရဲ့ မျိုးဆက်တစ်ယောက်ဖြစ်ပြီးတော့ ... ငါ့ကို မြင်နေရတာတောင် ဘာလို့ မမှတ်မိရတာလဲ။ ”

ထို့နောက် စုရီက အံ့အားသင့်နေသော ယင်ရှုလက်ကောက်ဝတ်ရှိ ခေါင်းလောင်းလေး အပေါ် ကြည့်လိုက်ကာ၊

“ မင်း ငါနဲ့ မိုင်တစ်ထောင်ကို ရောက်လာတည်းက ... ဗောဓိပင်စေ့ကနေ သူမ ကိုယ်တိုင် ဖန်တီးခဲ့တဲ့ ဗောဓိမိခင်ခေါင်းလောင်း ကနေ ငါ့ကိုခံစားမိတယ် ... ။ ”

ဗောဓိမိခင်ခေါင်းလောင်း။ ဤသည်မှာ အတိတ်က ယင်ရှန်ရွယ်ကိုယ်တိုင်ဖန်တီးခဲ့သည့် အံ့ဖွယ်ရတနာများအနက်မှ တစ်ပါး ဖြစ်သည်။

ကျင့်ကြံသူများ၏ စိတ်အာရုံကို နှောင့်ယှက်တတ်သော အရာအားလုံးအပေါ် ဖယ်ရှားပေးနိုင်၏။ အတွင်းအပြင် နတ်ဆိုးများ အားလုံးကို နှိမ်နင်းပေး၏။

ကျင့်ကြံခြင်း လမ်းစဉ်တွင် ဤဗောဓိမိခင်နှင့်ကလေး ခေါင်းလောင်းထံပါးမှ ကောင်းချီးပေးမှုကို ရရှိထားပါက နက်နဲလှသော ဉာဏ်အလင်းများကို အလွယ်တကူ ရရှိစေမည်။

ထိုမျှမက ဤဗောဓိခေါင်းလောင်းကို သန့်စင်ရန်အတွက် ယင်ရှန်ရွယ်အသုံးပြုခဲ့သော ဗောဓိစေ့သည် ဝမ်ယဲ့မှလက်ဆောင်အဖြစ် ပေးအပ်ခဲ့သော အဖိုးတန်ရတနာပေပင်။

“ တကယ်ပဲ ဧကရာဇ်သခင်လား။ ”

“ မင်း ... ဗောဓိမိခင်ခေါင်းလောင်းနဲ့ ငါ့ကိုလာရှာပြီး အခုဘာလို့ ဒီလောက်အထိ အံ့သြနေရတာလဲ။ ”

“ စီနီယာ ... ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့ ဒီလောကကြီးထဲမှာ စီနီယာကိုမှတ်မိသွားကြမဲ့ ဘယ်သူမဆို သေချာပေါက်အံ့အားသင့်မှာပါ။ ”

ဧကရာဇ်သခင်ဟူသည် ဓားတာအိုတွင် အတုမဲ့အင်မော်တယ်တစ်ပါးဖြစ်ကာ နတ်ဘုရား အဖြစ်ပင် တင်စားကြသည်။

ထိုသူ့နှင့်ပတ်သက်၍ အင်မော်တယ်မြေ၌ မရေမတွက်နိုင်သော ဒဏ္ဍာရီများစွာ ရှိခဲ့သည်။ ဓမ္မအဆုံးခေတ်မတိုင်မီ အင်မော်တယ်မြေ၏ ကောင်းကင်ကြီးလည်းဖြစ်၏။

ဤကဲ့သို့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးတစ်ပါးနှင့် မျက်နှာချင်းဆိုင်ရချိန်တွင် မည်သည့်ဂျူနီယာမဆို တည်ငြိမ်မှု ပျက်ပြားသွားမည်ဖြစ်သည်။

“ စီနီယာ ... ဒီဂျူနီယာက ဆရာ့ရဲ့ အမိန့်နဲ့ရောက်ရှိလာတာပါ။ ”

“ မင်းဆရာက ဘယ်သူလဲ အသေးစိတ်ပြောပြပါ။ ”

များမကြာခင် ယင်ရှုမှ အကြောင်းအရာကို ရှည်လျားစွာရှင်းပြလာတော့၏။ များမကြာခင် ကာလအတွင်း ထိုက်ချင်းဂိုဏ်း အင်မော်တယ် တံခါးမှ တက်ရောက်လာသော ပါရမီရှင်များကို လိုက်လံဖမ်းဆီးသည့် သတင်းပျံ့နှံ့ခဲ့သည်။

သို့သော် ထိုအစွမ်းထက် ပုဂ္ဂိုလ်များအားလုံးကို သုတ်သင်ခြင်းခံခဲ့ရကာ မည်သူ့ကိုမျှ ဖမ်းဆီးမိခြင်း မရှိခဲ့ချေ။

ထို့ကြောင့် စုရီတို့မျှော်လင့်ထားသည့် အတိုင်း ကျောက်စိမ်းအလင်း မြင့်မြတ်မြေမှ နတ်ဘုရားဆင့်ခေါ်ခြင်း ပညာရပ်ကို အသုံးပြုကာ စစ်ဆေးကြည့်ခဲ့၏။

ဤနည်းစနစ်ကို အသုံးပြုခြင်းအားဖြင့် အဖြူရောင်သမင်ဖြူတောင်တွင် တိုက်ပွဲများ မြင်ကွင်းကို ပြန်၍ပုံဖော်လာနိုင်ခဲ့သည်။

ယင်ရှုဆရာမှ ထိုက်ချင်းဂိုဏ်းက လိုက်လံ ရှာဖွေနေသော တစ်စုံတစ်ဦးသည် ဧကရာဇ် သခင် ပြန်လည်ဝင်စားလာနိုင်ခြေ အလွန်အမင်း များပြားကြောင်း မှန်းဆခဲ့သည်။

ယင်းသည် သူမ၏ ထင်မြင်ချက်မျှသာ ဖြစ်ပြီး၊ တရားဝင် အတည်မပြုနိုင်သောကြောင့် ယင်ရှုကို စုံစမ်းရန်စေလွှတ်ခြင်းပေပင်။

ဤသတင်းသည် ထိပ်တန်း လျှို့ဝှက်ချက်တစ်ခုအဖြစ် ယင်ရှုဆရာမှ သတ်မှတ်ကာ ပြင်ပသို့ ထိန်ချန်ထားခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ဧကရာဇ်သခင်နှင့် ပတ်သတ်သော အကြောင်းအရာများစွာသည် အင်‌မော်တယ်မြေ၌ တားမြစ်ချက်တစ်ခု ဖြစ်သောကြောင့်ဖြစ်၏။

ထို့ကြောင့် ယနေ့ညတွင် စုရီနှင့် သူမ တွေ့ဆုံရသည့်တိုက်ဆိုင်မှုသည် အံ့အားသင့် စရာ ဖြစ်နေခဲ့ခြင်းဖြစ်လေသည်။

စုရီက သူမပြောပြသမျှ အကြောင်းအရာများအပေါ် တိတ်ဆိတ်စွာ နားထောင်နေခဲ့တော့သည်။

***

All Chapters