← Chapters

နယ်မြေ ထိုးဖောက် လက်သည်းကို မှန်ကန်စွာ အသုံးပြုခြင်း

Vol. 27 Ch. 372

နယ်မြေ ထိုးဖောက် လက်သည်းကို မှန်ကန်စွာ အသုံးပြုခြင်း

Vol. 27 Ch. 372

ကြက်သွေးရောင်မီးတောက်ပယ်လယ်၏ အထဲတွင် အန်လင်း၏ အဝတ်အစားများက မွစာကြဲဆုတ်ပြဲသွားပြီး သူ့ကိုယ်ကို လောင်ကျွမ်းနေသော မီးတောက်များမှ ကာကွယ်ထားသော အောက်ထဲမှ အပြာရောင် အလင်းတန်း အလွှာပါးလေးကို လှစ်ဟာပြနေလေ၏။

ကောင်းကင်ဘုံရေခဲပိုးထည်က အသက်ဝင်လာပြီး ဝတ်ဆင်သူအား ဤပေါက်ကွဲမှု၏ အင်အားမှ ကာကွယ်ပေးထားလေ၏။

သို့သော်လည်း စိတ်ဝိညာဉ် ကိရိယာများထဲတ​ွင် သိုလှောင်ထားသော စွမ်းအင်မှာ ကန့်သတ်ချက်ရှိသည်ကို အန်လင်းက သိပြီး ထိုအရာမှာ ခုခံရေး အကာအကွယ်ကို လက်တစ်ဆုတ်စာအကြိမ်အရေအတွက်သာ အသက်ဝင်စေမှာ ဖြစ်၍ စွမ်းအင်မကုန်ခမ်းမီ ဤတိုက်ပွဲကို အဆုံးသတ်ရပေမည်။

သိမ်းငှက်ငိုသံက ထွက်ပေါ်လာပြီး သားရဲတစ်ရာ နတ်ဆိုးက သူ့၏ အရိုးထူထူတောင်ပံများကို ခပ်ကျယ်ကျယ်ဖြန့်ထုတ်ကာ အန်လင်းဆီသို့ မကောင်းဆိုးဝါး သိမ်းငှက်တစ်ကောင်ကဲ့သို့ ထိုးသုတ်လာလေတော့သည်။

အန်လင်းက ထိုထူးဆန်းလှသည့် အရိုးထူထူ တောင်ပံများကို တစ်ချက်စိုက်ကြည့်လိုက်ပြီး သူ့၏ လေပြင်းဓားနည်းလမ်းကို ထပ်မံထုတ်လွှင့်လိုက်လေ၏။

မိစ္ဆာရှင်းဓားက လေထုကို ဖြတ်ကာ အဖြူရောင် လေပြင်း လခြမ်းတစ်ခုကို ခုတ်ပိုင်းလိုက်ကာ သားရဲတစ်ရာနတ်ဆိုး၏ တောင်ပံများဆီသို့ သိသိသာသာအရှိန်နှင့် တိုးဝင်သွားတော့သည်။

ဘုန်း...

သူ့ဓား၏ ဓားသွားက နတ်ဆိုး၏ အရိုထူတောင်ပံနှင့် ထိတွေခွင့်မရခင်မှာပင် လေဟာနယ် အကာအကွယ်ကြောင့် ယိုင်သွားသည်ကို တွေ့လိုက်ရ၏။ တိုက်ခတ်မှု၏ နောက်ကွယ်မှ လွှမ်းမိုးဖွယ် အားအင်ကြီးက ဓားသွားကို အန်လင်းလက်ထဲမှ စုတ်ဖြဲပစ်တော့လုနီးပါးပင်။

မဟုတ်ဘူး... ထိုသည်က သူလိုက်ရှာနေသော အားနည်းချက်မဟုတ်ပါပေ...။

သူက သားရဲတစ်ရာ နတ်ဆိုး၏ ​လေဟာနယ်အကာအကွယ်ကို ချိုးဖောက်ရန် သူလုပ်နိုင်သည်မှာ တွန်းအားပေးခြင်း တစ်ခုတည်းသာ ရှိသည်ဟု ဖြစ်နိုင်လား။

သို့သော်လည်း သူက ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်ကို အသုံးပြုသည်တောင်မှ လေဟာနယ် အကာအကွယ်ကို မချိုးဖောက်နိုင်ပါက မည်သို့ ဖြစ်မည်နည်း။ သရဲလောက၏ မူရင်းစွမ်းအားကို တစ်ကြိမ်အသုံးပြုလိုက်ပြီး နောက်ဆက်တွဲ အကျိုးသက်ရောက်မှုနှင့် အားအင်ကုန်ခမ်းသွားပါက သူက လုံးဝပင် အကာအကွယ်မဲ့ ဖြစ်သွားပေလိမ့်မည်။

"နဂါးနက် လျှပ်စီး..."

သားရဲတစ်ရာနတ်ဆိုးကြီးက သူ့ရှေ့တွင် လက်ဆန့်ထုတ်လိုက်ပြီး အနက်ရောင်လျှပ်စီးများက သူ့လက်ဖဝါးတွင် စုစည်းစပြုလာလေတော့သည်။ လျှပ်စီးထဲတွင် ပြည့်နှက်နေသော စွမ်းအင်မှာ ပိုပို၍ ကြောက်စရာကောင်းလာပြီး ထိုအရာ၏ ပတ်လည်ရှိနေရာလပ်မှာ တောက်ပစပြုလာပြီး လေထုသည်လည်း အကြောက်တရားနှင့် တုန်ယင်နေတော့၏။

ဘုန်း...

ရေစည်ပိုင်းကြီးကဲ့သို့ ထူထည်းသော လျှပ်စီးစွမ်းအားကြီးတစ်ခုက နဂါးတစ်ကောင်ကဲ့သို့ လေထုကို ဖြတ်သန်းကာ အန်လင်းဆီသို ဆင်းသက်လာတော့သည်။

အန်လင်းက သူ့ပေါ်သို့ ကျရောက်လာသောလျှပ်စီးဆီသို့ လက်ချောင်းတစ်ခုညွှန်ပြလိုက်၏။ လျှပ်စီးခြယ်လှယ် နည်းစနစ်...။

လျှပ်စီးကြောင်းကြီးက လေထဲတွင်ပင် ချက်ချင်းပင် အေးခဲသွားလေ၏။

ရပ်တန့်နေသော လျှပ်စီးကြောင်းကြီးကို ကြည့်ကာ သားရဲတစ်ရာ နတ်ဆိုး၏ ကြောက်မက်ဖွယ် အမူအရာမှာ အနည်းငယ် တုံ့ဆိုင်းသွားလေ၏။

လျှပ်စီးချဲ့ခြင်း နည်းစနစ်...

ခွမ်း...

မမြင်နိုင်သော လှိုင်းငယ်လေးများက လျှပ်စီးတစ်ခုလုံးပေါ်တွင် ဖြစ်ပေါ်လာပြီး ထိုအရာကို ပို၍ အစွမ်းထက်အောင် လှုံ့ဆော်နေပေ၏။

အန်လင်းက သူ့လက်ချောင်းကို တစ်ခြားဦးတည်ချက်သို့ ညွှန်ပြလိုက်ပြီး အနက်ရောင်လျှပ်စီးကြောင်းကြီးက တွန့်လိမ်သွားကာ ချက်ချ်ပင် သားရဲတစ်ရာ နတ်ဆိုး၏ ရင်ဘတ်သို့ ထိုးဖောက်သွားတော့၏။

ဘုန်း...

အနက်ရောင် လျှပ်စီးကြောင်းကြီးက သားရဲတစ်ရာ နတ်ဆိုး၏ ရင်ဘတ်ကို ထိုးဖောက်သွားပြီး ကြီးမားသော မီးကျွမ်းနေသည့် အပေါက်ကြီးတစ်ခုကို ချန်ထားခဲ့ပြီး ကြက်သွေးရောင်သွေးများက ရေပန်းကဲ့သို့ ပန်းထွက်လာလေ၏။

"အား..." သားရဲတစ်ရာ နတ်ဆိုးကြီးက ထိပ်လန့်နာကျင်မှုဖြင့် အော်ငြီးလိုက်လေ၏။

အန်လင်းက ထိုသည်ကို မြင်သည်နှင့် သဘောပေါက်သွားပြီး ကစားပွဲကို ပြောင်းပြန်လှန်ရန်အတွက် ပထမဆုံး ဖြစ်နိုင်သော နည်းလမ်းကို ဖန်တီးလိုက်၏။

လေဟာနယ် အကာအကွယ်မှာ သားရဲ့တစ်ရာ နတ်ဆိုး၏ ကိုယ်ပိုင်စွမ်းအင်ကို မတားဆီးနိုင်ပါပေ။

လေးလေးနက်နက်တွေးတောပြီးနောက်တွင်တော့ တစ်စုံတစ်ခုကို တွက်ချက်၍ ရနိုင်ပေသည်။ သားရဲတစ်ရာ နတ်ဆိုးက ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူရန်လိုအပ်ပြီး ထို့နောက်တွင်တော့ မန္တန်များ မဖန်တီးခင်တွင် ထိုအရာကို အသွင်းပြောင်းရန်လိုအပ်ပေ၏။ အကယ်၍ လေဟာနယ် အကာအကွယ်မှာ သူ့ကိုယ်ပိုင်စွမ်းအားဖြတ်သန်းခြင်းမှပင် တားမြစ်နေပါက ထိုအရာက ဖန်တီးလိုက်သော မန္တန်ကိုယ်တိုင်က လေဟာနယ် အကာအကွယ်ကို ထိမိပြီး ပေါက်ကွဲသွားပြီး ကိုယ့်ကိုယ်ကို ဖောက်ခွဲမိခြင်းအကျိုးဆက်ရပေလိမ့်မည်။

ဤတွေရှိချက်ပြီးသည့်နောက်တွင် အန်လင်း၏ နှလုံးသားထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေး သန်းလာပေတော့၏။

သို့သော်လည်း သူက လျှပ်စီးခြယ်လှယ်နည်းစနစ်နှင့် လျှပ်စီးချဲ့ခြင်း နည်းစနစ်များကို သုံးပြီး သားရဲတစ်ရာနတ်ဆိုးကို ထိခိုက်ရန်သာ ပြုလုပ်နိုင်ပါ၏။ သို့သော် တခြားသော သားရဲတစ်ရာ နတ်ဆိုး၏ မန္တန်နည်းလမ်းများကို သူက မည်သို့ထိန်းချုပ်နိုင်မည်နည်း။

သားရဲတစ်ရာ နတ်ဆိုး နောက်သို့ တုန်တုန်ယင်ယင်နှင့် ဆုတ်သွားစဉ်မှာပင် အပြာရောင် ဓားမေ့အလင်းတန်း တစ်သီကြီးက ကျရောက်လာပေတော့သည်။

သားရဲတစ်ရာ နတ်ဆိုးကြီးက သူ့၏ ထိခိုက်မှုများကြောင့် အနည်းငယ် ကြောင်နေဆဲဖြစ်ရာ ရှောင်တိမ်းရန် အခွင့်အရေးမရလိုက်ပါပေ။

သို့ဖြစ်ပါ၍ ဓားမော့အလင်းတန်းများမှာ လေထုကိုဖြတ်သန်း၍ သားရဲတစ်ရာ နတ်ဆိုးကြီးကို ရိုက်ခတ်လာတော့၏။ စွမ်းအင်ပေါက်ကွဲမှုကြီးက ထိုးထွက်လာသော်လည်း ဓားမော့အလင်းတန်းများမှာ သားရဲတစ်ရာနတ်ဆိုး၏ လေဟာနယ်အကာအကွယ်ကို မဖြတ်သန်းနိုင်ပါပေ။

သားရဲတစ်ရာနတ်ဆိုး၏ ရင်ဘတ်မှ အပေါက်ကြီးဆီမှ သွေးများက ထိုးထွက်နေဆဲဖြစ်သော်လည်း ဒဏ်ရာမှာ မကြာခင်တွင် ပြန်လည်ကောင်းမွန်စပြုလာပြီး သားရဲတစ်ရာနတ်ဆိုး၏ အသားစများက ရှံု့တွလာပြီး ချက်ချင် အသစ်ဖြစ်ပွားခြင်း ဖြစ်စဉ်က စတင်လာလေသည်။

အန်လင်းက သားရဲတစ်ရာနတ်ဆိုးကြီးကို လေးနက်သောအမူအရာဖြင့် ကြည့်လိုက်၏။ ဤကဲ့သို့ ကြောက်မက်ဖွယ် အသစ်ပြန်လည်ဖြစ်ပွားနိုင်သည့် စွမ်းအင်ပါရှိနေခြင်းမှာ သူ့အတွက် တခြားသောအကြပ်အတည်းတစ်ခုဖြစ်လေ၏။

သားရဲတစ်ရာနတ်ဆိုးသည်လည်း အန်လင်းဆီသို့စူးစူးစိုက်စိုက်ကြည့်နေလေ၏။ အကြောက်တစ်ရားတစ်ခုက ထိုအရာ၏ မျက်လုံးများထဲတွင် ဖျတ်ခနဲ လက်သွားပြီး တုံ့ဆိုင်းနေသော အမူအရာက သူ့မျက်နှာ​ပေါ်တွင် ပေါ်လာလေ၏။

ဘန်း...

လျှပ်စီးကြောင်းတစ်ခုက အန်လင်းဆီသို့ လင်းလက်လာလေ၏။

အန်လင်းက လာရောက်နေသော လျှပ်စီးကြောင်းကြီးကိုကြည့်ကာ တုံ့ဆိုင်းနေ၏။ သူက လျှပ်စီးကြိုးကိုင်ခြင်းနည်းလမ်းကို အသုံးပြုသင့်သည်လား။

လျှပ်စီးကြောင်းကြီးက အရမ်းအစွမ်းမထက်ပါပေ... ဤသည်က စမ်းသပ်တိုက်ခိုက်မှုလား။

သူက မည်သည့် ခုခံခြင်းမှ မရှိပဲ နေရာတွင်သာ ရပ်ကျန်နေရန် ဒုတိယဆုံးဖြတ်ချက်အခွဲတစ်ခုကို ပြုလုပ်လိုက်၏။

လျှပ်စီးကြောင်းကြီးက အန်လင်းဆီသို့ အသံကျယ်ကြီးနှင့် ကျရောက်လာပြီး သူ့ခန္ဓာကိုယ်မှ အနက်ရောင်မီးခိုးများထွက်လာစေပြီး သူ့ခေါင်းပေါ်မှ ဆံပင်များကို လှိုင်းပုံစံ ကောက်သွားစေတော့သည်။

"ငနုံ။ မင်း ညစာမစားရသေးဘူးလား။ မင်းရဲ့ လျှပ်စီးက ဘာလို့ သောက်ကျိုးနည်း အားပျော့နေရတာလဲ။" အန်လင်းက လှောင်ပြောင် ပြောဆိုလိုက်၏။

"ဝေါင်း..." သားရဲတစ်ရာ နတ်ဆိုးမှာ အန်လင်း၏ ထောင်​ချောက်ထဲသို့ ကျရောက်သွားပြီး ကမ္ဘာမြေတုန်လှုပ်စေနိုင်သော ဟိန်းသံကြီးနှင့် အံကြိတ်လိုက်၏။

"နဂါး ဟာလာပြင် လျှပ်စီး..." သားရဲတစ်ရာနတ်ဆိုးကြီးက အစွမ်းထက် လျှပ်စီးမန္တန်နည်းလမ်းကြီးတစ်ခုကို ထပ်မံ ထုတ်လွှတ်လိုက်ပြန်၏။

ထိုအရာကြီး ထုတ်လွှတ်လိုက်သော ရွှေရောင်အံ့ချီး လျှပ်စီးများက ရှေ့တစ်ခေါက်က ထုတ်လွှင့်လိုက်သည်ထက်ပင် ဤတစ်ကြိမ်၌ ပို၍အစွမ်းထက်လေ၏။

ရွှေရောင်လျှပ်စီးကြီးက ထိုအရာကို ပျော်ရွှင်သောအမူအရာနှင့် စောင့်မျှော်နေသော အန်လင်းဆီသို့ ကျရောက်လာ၏။

ထိုငတုံးက တခြားသော လျှပ်စီးမန္တန်တစ်ခုကို အသုံးပြုပါက လျှပ်စီးခြယ်လှယ် နည်းစနစ်က အလုပ်မဖြစ်ဘူးဟု ထင်နေတာလား။ ကြည့်ရသည်မှာ သူ့၏ ကစားပွဲကိုပြောင်းပြန်လှန် ပစ်နိုင်သည့် အားသာချက်ကို အသုံးပြုနိုင်သည့် အဓိက အကြောင်းအရာမှာ သားရဲတစ်ရာနတ်ဆိုး၏ ဉာဏ်ရည်နည်းပါးမှုကြောင့် ဖြစ်ပေ၏။

အန်လင်းက ဤအစွမ်းထက် လျှပ်စီးကြောင်းကြီးကို တကယ့်ကို ကောင်းကောင်းမွန်မွန်အသုံးချပါမည်။

လျှပ်စီးခြယ်လှယ် နည်းစနစ်၊ လျှပ်စီးချဲ့ခြင်း နည်းစနစ်။

ရွှေရောင်လျှပ်စီးကြီးက သားရဲတစ်ရာ နတ်ဆိုးကြီး၏ မယုံသင်္ကာအကြည့်အောက်တွင် ခတ္တရပ်တန့်သွားပြီး တောက်ပသောအလင်းတန်းကြီးနှင့် ထွန်းလင်းလာကာ ပို၍ပင် စွမ်းအားကြီးလာတော့သည်။ လျှပ်စီးကြောင်းကြီးက ပြန်လှည့်သွားပြီး ထိုအရာကြီး၏ ဦးခေါင်းဆီသို့ မရပ်တန့်နိုင်သော အားအင်နှင့် မယုံကြည်နိုင်ဖွယ် အရှိန်တို့နှင့် ထိုးဆင်းလာတော့သည်။

ဘုန်း...

သားရဲတစ်ရာနတ်ဆိုးကြီး၏ ဦးခေါင်းတွင် အပေါက်ကြီးတစ်ခု ချက်ချင်း ပေါက်သွားလေတော့သည်။

ဦးခေါင်းမှာ သက်ရှိသတ္တဝါများ အများစုအတွက် မရှိမဖြစ်အစိတ်အပိုင်းဖြစ်၏။ ထို့ကြောင့် အန်လင်းက လျှပ်စီးကြောင်းကို သားရဲတစ်ရာ နတ်ဆိုး၏ ဦးခေါင်းကို ဦးတည်လိုက်ခြင်းဖြစ်ပြီး တစ်ချက်တည်းနှင့် ထိုအရာကိုသတ်နိုင်ရန် ရည်ရွယ်ထားခြင်းပင်။

သားရဲတစ်ရာ နတ်ဆိုးကြီး၏ မျက်လုံးများက အန်လင်း၏ မျက်လုံးရှေ့တွင် ထွက်ကျလာ၏။ ထူးဆန်းသည့် အရည်တစ်ချို့က ထိုအရာ၏ ခေါင်းမှ မီးကျွမ်းနေသည့် အပေါက်ကြီူမှ စီးကျနေသော်လည်း သွေးအများစုမှာ လျှပ်စီးကြီး၏ လောင်ကျွမ်းမှုကြောင့် ချက်ချင်းပင် အငွေ့ပျံသွားကြလေတော့၏။

အဲ့တာကြီးက သေသွားပြီလား။

အန်လင်း၏ အသက်ရှုနှုန်းများက အနည်းငယ် လေးလံလာ၏။

စက္ကန့်အနည်းငယ်အကြာတွင် သူ့သွေးများကို အေးစက်စေသော အသံတစ်ခုကို ကြားလိုက်ရ၏။

ထိုသည်မှာ အသားစများက တွားသွားက အတူတကွ တွဲဆက်နေသော အသံပင်။ ခပ်မှိန်မှိန် ကြက်သွေးရောင် အလင်းတစ်ခုက သားရဲတစ်ရာ နတ်ဆိုးကြီး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ့ဟာသူ ပြန်လည် အသစ်ဖြစ်လာတော့၏။

အန်လင်းက စိတ်ပျက်ခြင်းများ ပြည့်နှက်စေသော မြင်းကွင်း၌ နှလုံးသားများ တုန်ယင်လာပေတော့သည်။ ထိုအရာကြီး၏ အသက်စွမ်းအင်မှာ ရိုးရှင်းလှစွာ ကြောက်မက်ဖွယ် ကောင်းလှပေ၏။

သူဘာလုပ်ရမည်နည်း...။ သားရဲတစ်ရာ နတ်ဆိုးက သူ့ကိုယ်ပိုင် တိုက်ခိုက်မှုများကို ခံနိုင်ရည်မရှိသည့် ငတုံးတစ်ကောင်ဖြစ်နေပင်လျှင်တောင်မှ သူ့ကို အနိုင်ပိုင်းရန် မဖြစ်နိုင်သေးပါပေ...။

"ဒီလိုပုံစံနဲ့ နင်နိုင်မှာမဟုတ်ဘူး။ နယ်မြေထိုးဖောက် လက်သည်းကို သုံး။" အေးစက်စက် အသံတစ်ခုက အန်လင်းခေါင်းထဲတွင် ထွက်ပေါ်လာ၏။

မိစ္ဆာရှင်းဓားက သူ့အား စကားပြောနေသည်ကို သဘောပေါက်သွားသောအခါ အန်လင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားတော့၏။ "ရှဲ့လေး၊ နယ်မြေထိုးဖောက် လက်သည်းက အလုပ်ဖြစ်လောက်လား။ အဲ့တာ မန္တန်ဖွဲ့စည်းခြင်းတွေကို ထိုးဖောက်ဖို့ပဲသုံးတာမဟုတ်လား။ အဲ့တာက တခြား လက်နက်အများစုထက် ထိုးဖောက်နိုင်စွမ်းနည်းနည်းတော့ပိုပြီး အသိဉာဏ်လည်း ပိုပိုင်ဆိုင်တယ်။ ဒါပေမဲ့ လေဟာနယ် အကာအကွယ်ကိုတော့ မဖောက်နိုင်လောက်ဘူးနော်။"

မိစ္ဆာရှင်းဓား : "ပါးစပ်ပိတ်ထားစမ်း။ တစ်စုံတစ်ယောက်က မင်းကို သေနတ်တစ်လက်ပေးရင် အဲ့တာကို တူတစ်ချောင်းလို အသုံးပြုပြီး စွမ်းအားအများစုကို ပြုလုပ်မှာလား။"

အန်လင်း : "..."

"ငါမင်းကို ကြိုးကိုင်ခြယ်လှယ်ခြင်း မန္တန်တစ်ခု ဖန်တီးပေးမယ်။ ဦးနှောက်ထဲသေချာမှတ်ထား။" မိစ္ဆာရှင်းဓား၏ စိတ်မရှည်သောလေသံက အန်လင်း၏ စိတ်ထဲ၌ ဆက်ပြောလာ၏။ "မင်းရဲ့ ဝိညာဉ်နဲ့ ဆက်သွယ်ဖို့ မင်းရဲ့စိတ်ကို အသုံးပြု၊ မင်းဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို တစ်ခုတည်ပေါင်းစည်းပြီးတော့ မင်းရဲ့ သက်ရှိစွမ်းအင်ကို ဝင်ရိုးစွန်း ကိုးခုအထိ သိပ်သည်းစေလိုက်..."

သားရဲတစ်ရာ နတ်ဆိုးမှာ အလွန်အမင်း နှေးကွေးစွာ ပြန်လည်ကုသနေပြီး နေရာ၌ပင် မြဲမြဲရပ်နေသည်မှာ ဦးခေါင်းဒဏ်ရာသည် အလွန်ပြင်းထန်သည့်ပုံပင်။

အန်လင်း၏ မျက်လုံးများက အလွန်အမင်းတောက်ပလာပြီး အနက်ရောင်မြူခိုးများက သူ့ကိုယ်မှ ထွက်လာလေတော့သည်။ သူ့၏ အရှိန်အဝါမှာ ပေါက်ကွဲထွက်မတတ် သန်မာလာပြီး ကြောက်မက်ဖွယ် စွမ်းအင်က သူ့ကိုယ်ထဲမှထိုးထွက်စပြုလာလေတော့၏။

ကမ္ဘာအောက်ခြေ၏ မူလ စွမ်းအင်...။

အနီရောင် အလင်းတန်းတစ်ခုနှင့် ကြက်သွေးရောင် လက်သည်းတစ်ခုက လေထဲတွင် ပေါ်လာတော့သည်။

သူက နေရာတွင် ရပ်နေဆဲဖြစ်သော သားရဲတစ်ရာ နတ်ဆိုးဆီသို့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားကာ ယုံကြည်မှုအပြည့်နှင့် အပြုံးတစ်ခု ဖြစ်ပေါ်လာလေ၏။

"နယ်မြေထိုးဖောက် လက်သည်းရဲ့ စွမ်းအား အစစ်ရဲ့ အရသာကို မင်းကို မြည်းခိုင်းမယ်။"

***

All Chapters