← Chapters

တုယူ၏အရေးမစိုက်မှု

Vol. 179 Ch. 2554

တုယူ၏အရေးမစိုက်မှု

Vol. 179 Ch. 2554

မင်းသမီးဒွန်ဟောင်ရောက်ရှိလာပြီးနောက် ထျန်းယန်မြို့သခင်၏အပြုံးမှာ ပို၍ပင်ကြီးမားလာသည်။ ဤချပ်ဝတ်လက်နက်ပွဲတော်သည် လွန်ခဲ့သောနှစ်တစ်ထောင်အတွင်း၌ အကြီးကျယ်အခမ်းနားဆုံး ပွဲတော်တစ်ခုဖြစ်သည်။

“မင်းသမီး... မင်းသမီးက အခုပိုပြီးတောင် နန်းဆန်လာတယ်။ ကျုပ် မင်းသမီးကိုတွေ့လိုက်တဲ့အခါတိုင်း ကျေကျေနပ်နပ် အံ့အားသင့်သွားရတာချည်းပဲ”

ဘေးတွင် ထိုင်နေသောသူတစ်ယောက်က ပြုံးလျှက်ပြောလိုက်၏။ သူက မင်းသမီးကို ပြောလိုက်သော လေသံကို ထောက်စာလျှင် သူ၏အဆင့်အတန်းသည်လည်း သာမန်မဟုတ်ကြောင်း သိနိုင်၏။

သူသည် ထိုက်ရှန့်ကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်မှ ကုန်းမြေသခင်ဖြစ်ပြီး တစ်ချိန်က အရှင်ဒွန်ဟောင်၏နောက်လိုက်ဖြစ်ခဲ့ဖူးသူတစ်ဦးလည်းဖြစ်သည်။ အရှင်ဒွန်ဟောင်သည် လောကကြီးကို စည်းရုံးပြီးနောက်တွင် ကုန်းမြေသခင်အိမ်တော်များကို တည်ထောင်ခဲ့သည်။ ထိုထိုက်ရှန့်ကုန်းမြေမှ ကုန်းမြေသခင်သည် အရှင်ဒွန်ဟောင်၏လက်အောက်မှ ထူးကဲစွမ်းအားကြီးသော ကျင့်ကြံသူတစ်ဦးဖြစ်ခဲ့ဖူး၏။

ထျန်းယန်မြို့သခင်သည်ပင် သူနှင့်တွေ့လျှင် ရိုသေသမှုပြရန် လိုအပ်၏။ ဤအကြိမ်သည် သူ့အတွက် ထျန်းယန်မြို့တွင်ကျင်းပသော ချပ်ဝတ်လက်နက်ပွဲတော်သို့ ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်သည်။

မင်းသမီးဒွန်ဟောင်က ကုန်းမြေသခင်ထိုက်ရှန့်ကို ကြည့်၍ ပြောလိုက်၏။

“ဆရာကြီး... အခုကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းသွားပြီဆိုတော့ ကျွန်မကို မင်းသမီးလို့ခေါ်နေစရာမလို‌တော့ပါဘူး။ ဆရာကြီးအနေနဲ့ ကျွန်မကို တိယွမ်လို့ ခေါ်နိုင်ပါတယ်”

“မင်းသမီး... မင်းသမီးက ကျုပ်ကို အသိအမှတ်ပြုတာ ကျုပ်ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ကျုပ် မင်းသမီးအပေါ် မရိုင်းပြချင်ပါဘူး”

ကုန်းမြေသခင်ထိုက်ရှန့်က ပြုံးလျှက် ပြောလိုက်၏။ တိယွမ်ဆိုသည်မှာ မင်းသမီးဒွန်ဟောင်၏အမည်ဖြစ်သည်။

သူမ၏အမည်အပြည့်အစုံသည် ဒွန်ဟောင်တိယွမ်ဖြစ်သည်။

“တိယွမ်...”

ရီဖူရှင်း အံ့အားသင့်သွားသည်။

‘ဒွန်ဟောင်တိယွမ်’

သူသည် မင်းသမီးဒွန်ဟောင်၏ အမည်အပြည့်အစုံကို မသိခဲ့သဖြင့် ယခု အမည်အပြည့်အစုံကိုကြားလိုက်ရသောအခါ အနည်းငယ်ထူးဆန်းသလိုဖြစ်နေ၏။

အရှင်ဒွန်ဟောင်သည် မင်းသမီးကို အဘယ်ကြောင့် “တိယွမ်” ဟု အမည်ပေးထားရသနည်းဟု သူတွေးမိနေသည်။

ရှချင်းယွမ်သည်လည်း သူမ၏အမည်တွင် “ယွမ်” ဟူသောစာလုံးပါ၏။

မင်းသမီး၏ အမည်အပြည့်အစုံကို မသိသူမှာ ရီဖူရှင်းတစ်ယောက်တည်းသာမဟုတ်ပေ။ မင်းသမီးဒွန်ဟောင်၏ အမည်အပြည့်အစုံကို လူအနည်းငယ်သာသိ၏။ ကောင်းကင်ဒေသရှိ ကုန်းမြေဒေသမှ သူများအားလုံးသည် သူမကို မင်းသမီးဟုသာ ခေါ်ဝေါ်ရသည်မဟုတ်ပါလား။ ကောင်းကင်ဒေသသည် ကျယ်ဝန်းသော်လည်း အရှင်ဒွန်ဟောင်တစ်ယောက်သာ သူမကို သူမ၏အမည်တပ်၍ ခေါ်နိုင်၏။

ထို့ကြောင့် အသက်အရွယ်ကြီးရင့်သူအချို့နှင့် အင်ပါယာနန်းတော်တွင် အရေးပါသောရာထူးအဆင့်အတန်းရှိသူများမှလွဲ၍ ဒွန်ဟောင်တိယွမ်၏အမည်ကို တခြားမည်သူမှ မသိကြပေ။

“မင်းသမီး... ဧည့်သည်အားလုံးနီးပါး ရောက်နေပါပြီ။ ကျုပ်တို့ အခုစကြတော့မလား”

ထျန်းယန်မြို့သခင်သည် မင်းသမီးဒွန်ဟောင်ကို မေးလိုက်သည်။

“ကျွန်မက ပွဲကြည့်ပရိသတ်ပါပဲ။ ချပ်ဝတ်လက်နက်ပွဲတော်က ထျန်းယန်မြို့ရဲ့ ပွဲတော်ပါ။ ကျွန်မ ဝင်မရှုပ်လိုပါဘူး။ ဒီမှာ မြို့သခင်ပဲ ဆုံးဖြတ်ချက်ချရမှာပေါ့။ ကျွန်မဒီမှာ မရှိဘူးလို့ပဲ သဘောထားပါ”

မင်းသမီးဒွန်ဟောင်သည် ရိုးစင်းသောလေသံဖြင့် ပြောလိုက်၏။

“ကောင်းပါပြီ...”

ထျန်းယန်မြို့သခင် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူသည် လူအုပ်ကိုကြည့်၍ ကျယ်လောင်သောအသံဖြင့် အော်ပြောလိုက်၏။

“မင်းသမီးက ချပ်ဝတ်လက်နက်ပွဲတော်အတွက် ကိုယ်တိုင်လာခဲ့တာပါ။ ကောင်းကင်ဒေသတစ်ခွင်လုံးက မိတ်ဆွေတွေကလည်း ထျန်းယန်မြို့ကို ဂုဏ်ပြုစကားဆိုဖို့နဲ့ ပြိုင်ပွဲကိုကြည့်ဖို့ ရောက်လာကြတယ်။ ဒီတစ်ခေါက်ပွဲတော်က ထျန်းယန်မြို့မှာ ကျင်းပခဲ့တဲ့ ပွဲတော်တွေထဲမှာ အကြီးကျယ်အခမ်းနားဆုံးပဲ။ အဲဒါကြောင့် ကျင်းပတော့မယ့် ချပ်ဝက်လက်နက်ပြုလုပ်သူပြိုင်ပွဲမှာ အားလုံးပဲ ကျုပ်ရဲ့ မျှော်လင့်ချက်ကို ပြည့်ဝအောင်လုပ်ပေးနိုင်လိမ့်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်”

“ဒီချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲမှာ ပွဲစဉ်ဆယ်ပွဲရှိပါမယ်။ ရှေ့ပိုင်းကိုးပွဲမှာ ရန်ဟောင် အဆင့်တစ်ကနေ အဆင့်ကိုးထိရှိတဲ့ ကျင့်ကြံသူတွေက ပြင်ဆင်ထားတဲ့ ချပ်ဝတ်လက်နက်ပြုလုပ်ရာနေရာ ပြိုင်ပွဲကွင်းကိုးကွင်းမှာ လက်နက်တွေ ပြုလုပ်ရမယ်။ နေရာတစ်ခုစီတိုင်းက အဆင့်တိုင်းက အကောင်းဆုံး ချပ်ဝတ်လက်နက်ပြုလုပ်သူတွေက မြို့သခင်ရုံးတော်ထဲကိုဝင်ပြီး ဆယ်ပွဲမြောက်ကို ယှဉ်ပြိုင်ရမယ်... အဲဒီပွဲက ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်ပါပဲ”

“ပြိုင်ပွဲဝင်တွေအနေနဲ့ မြို့သခင်ရုံးတော်ထဲကို ဝင်ခွင့်ရတာနဲ့ ဆုလာဘ်ရရှိမယ်။ ဒါမှမဟုတ် အဲဒီပြိုင်ပွဲဝင်တွေက ကျင့်ကြံဖို့အတွက် မြို့သခင်ရုံးတော်ဝင်အဖြစ် ပူးပေါင်းနိုင်ပြီးတော့ ဒီမှာ လက်နက်တွေပြုလုပ်နိုင်တယ်။ အဲဒီလိုဆို ပြိုင်ပွဲဝင်တွေက အကောင်းဆုံး ကျင့်ကြံခြင်းအတွေ့အကြုံကို ရရှိနိုင်ပြီးတော့ အကောင်းဆုံး ချပ်ဝတ်လက်နက်ပြုလုပ်ရာပတ်ဝန်းကျင်မှာလည်း နေထိုင်နိုင်ပါလိမ့်မယ်”

“ဆယ်ပွဲမြောက်မှာ မြို့သခင်ရုံးတော်ကို ဝင်ခွင့်ရတဲ့ ပြိုင်ပွဲဝင်အကုန်လုံး တစ်ချိန်တည်းမှာပဲ လက်နက်တွေပြုလုပ်ရမယ်။ အဆင့်တိုင်းက အတော်ဆုံးလူတွေကိုသာ အဲဒီနောက်ဆုံးပြိုင်ပွဲအတွက် ရွေးချယ်မှာဖြစ်တယ်။ ရန်ဟောင်အဆင့်ကိုးဆင့်အပြင် ကပ်ဘေးအဆင့်ကကျင့်ကြံသူတွေလည်း ပြိုင်ပွဲဝင်ကြမှာဆို့တော့ သူတို့က မြို့သခင်ရုံးတော်ထဲမှာ ကျင်းပမယ့် နောက်ဆုံးပြိုင်ပွဲကို တန်းယှဉ်ပြိုင်ခွင့်ရမယ်”

လူအုပ်သည် ထျန်းယန်မြို့သခင်ပြောလိုက်သော စကားများကြောင့် အတော်လေးစိတ်လှုပ်ရှားသွားကြသည်။ နှစ်တစ်ရာလျှင် တစ်ကြိမ်သာကျင်းပသည့် ကျော်ကြားသော ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲသည် မကြာခင်တွင် စတင်တော့ပေမည်။ သူတို့သည် စည်းမျဉ်းများကို ကောင်းစွာသိရှိထားပြီဖြစ်သည်။

ရီဖူရှင်းအပါအဝင် လူအနည်းသာ စည်းမျဉ်းများကို ရှင်းရှင်းလင်းလင်းမသိကြသေးပေ။ သို့သော် မြို့သခင်၏ ရှင်းပြမှုကြောင့် ထျန်းယန်မြို့ထဲတွင်လည်း ပြိုင်ပွဲစင်မြင့်ကိုးခုကို ပြင်ဆင်ထားကြောင်း ရီဖူရှင်းသိလိုက်ရသည်။ ထိုစင်မြင့်တစ်ခုချင်းစီမှ အတော်ဆုံးချပ်ဝတ်လက်နက်ပြုလုပ်သူများသည် မြို့သခင်ရုံးတော်ထဲတွင် စုဝေး၍ နောက်ဆုံးပြိုင်ပွဲကို ယှဉ်ပြိုင်ရပေမည်။

သူတို့သည် အဆင့်ကွာခြားသော်လည်း မြို့သခင်ရုံးတော်ထဲတွင် တစ်ဦးကိုတစ်ဦး ယှဉ်ပြိုင်ရပေမည်။  ကျင့်ကြံခြင်းအဆင့်နိမ့်သူများသည် ကျင့်ကြံခြင်းအဆင့်မြင့်သူများကို သေချာပေါက်ယှဉ်နိုင်မည်မဟုတ်ပေ။ သို့သော် ပြိုင်ပွဲအတွင်း၌ သူတို့၏ အရည်အချင်းများကို ပြသနိုင်ပေသေးသည်။

“အခု... ပထမပွဲစဉ် စတင်ပြီဖြစ်ကြောင်း ကြေညာလိုက်တယ်”

ထျန်းယန်မြို့သခင်က ပြောလိုက်၏။

အသံလှိုင်းများသည် လေထုကိုဖြတ်သန်းကာ ကောင်းကင်ထက်ရှိ မှန်ကြီးကို တုန်ခါသွားစေ၏။ ထို့နောက် ထိုအသံလှိုင်းများသည် မြို့တစ်ခွင်လုံး ပျံ့နှံ့သွား၏။

များစွာသော ကျင့်ကြံသူများသည် ရုတ်ခြည်းပင် စိတ်တက်ကြွလာကာ စိတ်လှုပ်ရှားသွားကြသည်။ သူတို့သည် ကောင်းကင်ထက်ရှိ မှန်ကြီးကို မော့ကြည့်လိုက်ကြပြီး မြို့တွင်းရှိ ပြိုင်ပွဲကွင်းကိုးကွင်းမှ လူများသည် သူတို့ရှေ့ရှိ ပြိုင်ပွဲစင်မြင့်များကို ကြည့်လိုက်ကြသည်။ ထိုနေရာတွင် ပြိုင်ပွဲကိုကြီးကြပ်နေသော မြို့သခင်ရုံးတော်မှ တာဝန်ရှိသူများလည်းရှိသည်။ သူတို့သည် ပြိုင်ပွဲအတွင်း၌ ပြုလုပ်သော မည်သည့်လက်နက်သည် စွမ်းအားကြီးဆုံးဖြစ်သည်ကို အကဲဖြတ်မည်ဖြစ်ပြီး မြို့သခင်ရုံးတော်အတွင်းသို့ သွားရမည့် အနိုင်ရရှိသူကို ဆုံးဖြတ်မည်ဖြစ်သည်။

ထိုအခိုက်တွင် မြို့တွင်းရှိ ပြိုင်ပွဲကွင်းကိုးကွင်းလုံးမှ ကျွမ်းကျင်ချပ်ဝတ်လက်နက်ပြုလုပ်သူများသည် လူအုပ်အတွင်းမှထွက်ကာ အလယ်ရှိ ပြိုင်ပွဲစင်မြင့်သို့ လျှောက်သွားလိုက်ကြ၏။ ပထမပွဲစဉ်သည် ရန်ဟောင်အဆင့်တစ်ရှိသည့် ချပ်ဝတ်လက်နက်ပြုလုပ်သူများ ယှဉ်ပြိုင်ရမည့်ပွဲဖြစ်သည်။

ပြိုင်ပွဲစင်မြင့် ကိုးခုစလုံးသည် ပြိုင်ပွဲဝင်များစွာဆန့်ပေရာ သူတို့သည် လက်နက်များကို တစ်ပြိုင်တည်းပြုလုပ်နိုင်၏။ ထို့အပြင် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ချပ်ဝတ်လက်နက်ပြုလုပ်သူများသည် အရည်အချင်းပြည့်ဝသူများသာဖြစ်သည်။ အရည်အချင်းမပြည့်ဝသူများသည် သူတို့၏အရည်အချင်းအပြည့်ဝမှုကို လူအများ‌ရှေ့တွင် မပြသလိုကြပေ။ ထို့ကြောင့် ထိုနေရာတွင် ပြိုင်ပွဲဝင်များစွာမရှိသဖြင့် ချပ်ဝတ်လက်နက်ပြုလုပ်ရန် ပြင်ဆင်ထားသော ပြိုင်ပွဲကွင်းကိုးကွင်းသည် ချပ်ဝတ်လက်နက်ပြုလုပ်သူပြိုင်ပွဲကို စိတ်ဝင်စားသော ကျင့်ကြံသူအားလုံးအတွက် ကောင်းကောင်းဆန့်၏။

ကောင်းကင်ထက်ရှိ မှန်ကြီးကြောင့် မြို့သခင်ရုံးတော် အတွင်းနှင့် အပြင်သည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသကဲ့သို့ပင်။ ထို့အပြင် ထျန်းယန်မြို့တစ်မြို့လုံးသည် တစ်နေရာတည်းဖြစ်သွားသလိုပင် ထင်ရ၏။ မြို့တွင်းမှလူများသည် ပြိုင်ပွဲကွင်းကိုးကွင်းမှ အခြေအနေများကိုသာမက မြို့သခင်ရုံးတော်အတွင်း၌ ဖြစ်ပျက်နေသည်များကိုလည်း မြင်ရ၏။

မြို့သခင်ရုံးတော်အတွင်း၌ ထိပ်တန်းအဆင့် လူများသည် ရုံးတော်အတွင်းရှိ စင်မြင့်ကိုးခုပေါ်ရှိ မှန်ကိုးချပ်မှတဆင့် ပြိုင်ပွဲကွင်းကိုးကွင်းတွင် ဖြစ်ပျက်နေသည်များကို ကြည့်နေကြသည်။ သူတို့သည် ခေါင်းမော့၍ ကောင်းကင်ထက်ရှိ မှန်ကြီးကို ကြည့်ရန်မလိုပေ။ စင်မြင့်ကိုးခုပေါ်ရှိ မှန်များမှ ပုံရိပ်များသည် ပို၍ပင် ကြည်လင်လေသည်။ သူတို့သည် မြို့သခင်ရုံးတော်ထဲ၌ ထိုင်နေရင်းပင် ပြိုင်ပွဲဝင်အားလုံး လက်နက်များပြုလုပ်နေသည်ကို မြင်နိုင်၏။

ထိုထိပ်သီးများသည် သူတို့၏နတ်အာရုံကိုအသုံးပြု၍ပင် မြို့တွင်းရှိ ပြိုင်ပွဲကွင်းကိုးကွင်းစလုံးကို မြင်နိုင်၏။

“စနေပြီ...”

ပြိုင်ပွဲကွင်းအလယ်လို့ သွားရောက်ယှဉ်ပြိုင်ကြသော ချပ်ဝတ်လက်နက်ပြုလုပ်သူများသည် စတင်နေပြီဖြစ်သည်။ သူတို့သည် သူတို့၏ လက်နက်နယ်မြေများကို ပြင်ဆင်နေကြ၏။ ထိုလက်နက်နယ်မြေအတွင်း၌ ချပ်ဝတ်လက်နက်ပြုလုပ်ရန်အတွက် လိုအပ်သော ပစ္စည်းများ ထွက်ပေါ်လာလေသည်။ ထိုနယ်မြေထဲတွင် မဟာလမ်းစဉ်သံနက်နှင့် ဥက္ကာခဲများကဲ့သို့ ရတနာအမျိုးမျိုး၊ ပစ္စည်းအမျိုးမျိုးနှင့် စွမ်းအားကြီးသော လမ်းစဉ်မီးတောက်အမျိုးမျိုး ရှိသည်။ ထိုအဖြစ်အပျက်အားလုံးကို မှန်များထဲတွင် မြင်နိုင်၏။

ချပ်ဝတ်လက်နက်ပြုလုပ်ရာတွင် မကျွမ်းကျင်သောသူများပင် ထိုခမ်းနားသော မြင်ကွင်းများကြောင့် ရင်ဖိုစိတ်လှုပ်ရှားနေကြသည်။

မြို့သခင်ရုံးတော်မှ စွမ်းအားကြီး ကျင့်ကြံသူများနောက်တွင် ရပ်ကာ ပြိုင်ပွဲကို တိတ်တဆိတ်ကြည့်နေသော ရီဖူရှင်းသည်ပင် စိတ်လှုပ်ရှားနေသည်။ သူ၏ရည်မှန်းချက်သည် စီဝေ့ကြယ်ကောင်းကင်ကို နံပါတ်တစ် အာခီမီအင်အားစုတစ်စုအဖြစ် ပြောင်းလဲနိုင်ရန်ဖြစ်သည်။ သို့သော် သူမြင်လိုက်ရသောအရာများကြောင့် ထိုသို့လုပ်နိုင်ရန် သူ့ထံ၌လိုအပ်ချက်များစွာရှိသေးကြောင်း သူသဘောပေါက်သွားသည်။

ထို့အပြင် စီဝေ့ကြယ်ကောင်းကင်၏ အာခီမီနန်းတော်သည်လည်း လိုအပ်ချက်များစွာရှိပေသေးသည်။ ထိုရည်မှန်းချက်သည် ညတွင်းချင်အောင်မြင်နိုင်သော ရည်မှန်းချက်မဟုတ်ပေ။ သူသာ အာခီမီပညာ၏ သက်ရောက်မှုကို မြှင့်တင်ရန် ထိပ်တန်းဆေးလုံးအချို့ဖော်စပ်နိုင်ခဲ့လျှင် ထိုရည်မှန်းချက်ကို အကောင်ထည်ဖော်ချင်ဖော်နိုင်ပေလိမ့်မည်။ သို့သော် ထျန်းယန်မြို့၏ ချပ်ဝတ်လက်နက်ပြုလုပ်သည့် စွမ်းရည်အရ သူတို့သည် ထျန်းယန်မြို့၏ပြိုင်ဘက်မဟုတ်‌သေးပေ။ သူတို့သည် ထျန်းယန်မြို့ကို မီနိုင်ရန် လိုအပ်ချက်များစွာရှိပေသေးသည်။

သို့သော် စီဝေ့အင်ပါယာနန်းတော်သည် ကျင့်ကြံသူများစွာကို အုပ်ချုပ်နေရ၏။ဖြစ်ရာ ထိုကျင့်ကြံသူများထဲတွင် ပညာရှင်အဆင့်အထိရောက်လာနိုင်မည့် ပါရမီပါသောအာခီမီဆရာများလည်း ရှိနိုင်၏။ သူသည် တာအိုဘုန်းတော်ကြီးမူကို ထိုသူများကို များနိုင်သမျှ များများရှာရန် အမှန်ပင်ပြောရပေမည်။ အခါအခွင့်သင့်လျှင် သူသည်လည်း ဤကဲ့သို့ပွဲတော်မျိုးကို ကျင်းပ၍ ပါရမီရှိသူများကို စီဝေ့အင်ပါယာနန်းတော်၏ အာခီမီနန်းတော်သို့ဝင်ရန် စည်းရုံးသိမ်းသွင်းရပေမည်။  ထိုမှသာ ပါရမီရှိသူများကို မဆုံးရှုံးမည်ဖြစ်သည်။

ပါရမီရှိသူများ လာရောက်ပူးပေါင်းလိုရန် ပတ်ဝန်းကျင်ကောင်းရှိရပေမည်။ ထျန်းယန်မြို့သည် ချပ်ဝတ်လက်နက်ပြုလုပ်သူများအတွက် အကောင်းဆုံးပတ်ဝန်းကျင်ရှိသည်။ သူသည်လည်း စီဝေ့ကြယ်ကောင်းကင်ကို အာခီမီဆရာများအတွက် အကောင်းဆုံးပတ်ဝန်းကျင်ဖြစ်အောင် လုပ်ဆောင်ရပေမည်။ ပထမအဆင့်အနေဖြင့် ဤပွဲတော်ပြီးဆုံးသွားလျှင် သူသည် တာအိုဘုန်းတော်ကြီးမူကို အာခီမီဆရာများအတွက် ပတ်ဝန်းကျင်ကောင်းဖန်တီးရန် ပြောရပေမည်။

ထိုတာအိုဘုန်းတော်ကြီးသည် သူ့ကိုလှည့်ဖျားရန်ကြံခဲ့ဖူးသဖြင့် သူသည် ထိုဘုန်းတော်ကြီးကို တခြားသူများထက်ပို၍ ကြိုးကြိုးစားစားလုပ်ခိုင်းရပေမည်။

ထျန်းယန်မြို့သခင်သည် ပြိုင်ပွဲကွင်းကိုးကွင်းကို တစ်ချက်မျှသာကြည့်၍ ပြုံးလိုက်သည်။ သူ့အမြင်တွင် မြို့သခင်ရုံး‌တော်ထဲတွင် ကျင်းပမည့် ဆယ်ပွဲမြောက်ပွဲစဉ်သည်သာ ကြည့်ရန်အထိုက်တန်ဆုံးဖြစ်သည်ဟု ထင်၏။ တခြားပွဲစဉ်များသည် အစသာဖြစ်သည်။

“လှံအင်ပါယာတုယူက ကိုယ့်ရဲ့လမ်းစဉ်ကို သက်သေပြပြီး ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့ပြီလို့ ကျုပ်ကြားပါတယ်။ ဒီနေ့ ဒီမှာ မဟာအင်ပါယာရဲ့ တပည့်ရင်းကို တွေ့ရတာ ကျုပ် တကယ်ဝမ်းမြောက်မိပါတယ်”

ထျန်းယန်မြို့သခင်က လှံအင်ပါယာတုယူကို ပြောလိုက်၏။ သူသည် အာလာပသလာပ ပြောလိုက်ခြင်းသာဖြစ်သည်။

“ကျုပ်လည်း ဝမ်းမြောက်မိပါတယ် မြို့သခင်...”

တုယူသည် လွန်စွာ တည်ငြိမ်ပုံပေါ်လေသည်။ သူက အနည်းငယ် ခပ်တန်းတန်းဖြစ်သည်ဟု ထင်ရ၏။ သူစကားပြောနေသူမှာ ကောင်းကင်ဒေသ၏ ထိပ်သီးတစ်ဦးဖြစ်သည့် ထျန်းယန်မြို့သခင်ဖြစ်သော်လည်း သူသည် အရှင်ဒွန်ဟောင်၏ တပည့်ရင်းဖြစ်ပေရာ ဂုဏ်ငယ်စရာမရှိပေ။

ထို့အပြင် သူသည် လူမျိုးစုံနှင့် တွေ့ခဲ့ဖူး၏။

“လှံအင်ပါယာတုယူက အဆင့်တက်ပြီးသွားတဲ့နောက် ကိုယ့်အတွက်သင့်တော်တဲ့ လက်နက်ရှာတွေ့ပါပြီလား။ ထျန်းယန်မြို့က နံပါတ်(၁၃)အဖွဲ့က ပြုလုပ်တဲ့ လှံတွေက တကယ်ကောင်းတယ်ဆိုတာ လှံအင်ပါယာလည်း သိတယ်မလား”

ထျန်းယန်မြို့သခင်သည် လူအုပ်၏အနောက်ဘက်သို့ကြည့်၍ ပြောလိုက်၏။ ထိုနေရာတွင် နံပါတ်(၁၃)အဖွဲ့မှ ဝမ်တုန်းလိုင်လည်းရှိနေ၏။ သူသည် မြို့သခင်ရုံးတော်၏ လက်အောက်တွင်ရှိသူဖြစ်ပေရာ မြို့သခင်ရုံးတော်အတွင်း၌ ပြိုင်ပွဲကြည့်နိုင်ခြင်းမှာ သဘာဝကြ၏။

“ဝမ်တုန်းလိုင်... မင်းဆီမှာ လှံအင်ပါယာနဲ့ ထိုက်တန်တဲ့ နတ်လက်နက်ရှိလား”

ထျန်းယန်မြို့သခင်က မေးလိုက်သည်။

“ဟုတ်ကဲ့ ရှိပါတယ်။ တကယ်လို့ လှံအင်ပါယာသာလိုချင်ရင် သူ့အလိုရှိတဲ့အတိုင်း နောက်အသစ်တစ်ခုလည်း ပြုလုပ်ပေးနိုင်ပါတယ်”

ဝမ်တုန်းလိုင်က ပြောလိုက်၏။

“ရပါတယ်... ကျုပ်မှာ နတ်လက်နက်တွေ ပြည့်စုံပါတယ်။ ဒါပေမဲ့ အခုလို စေတနာထားတဲ့ကျေးဇူးတင်ပါတယ် မြို့သခင်”

တုယူက ရိုးစင်းသောလေသံဖြင့် ပြန်ပြောလိုက်၏။ သူသည် အရှင်ဒွန်ဟောင်၏ တပည့်ရင်းတစ်ဦးဖြစ်သဖြင့် နတ်လက်နက်များ ပြည့်စုံသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် အရှင်ဒွန်ဟောင်သည် သူ့ကို တိုက်ပွဲအတွင်း၌ နတ်လက်နက် တစ်ခါမှ မသုံးစေခဲ့ပေ။ ထိုအစား အရှင်ဒွန်ဟောင်သည် တုယူကို နတ်လက်နက်များမသုံးရန်သာ မပြတ်ပြောခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုမှသာ စစ်မှန်သည့် အစွမ်းထက်လှံသိုင်းကို ဆရာတစ်ဆူအဆင့်အထိကျွမ်းကျင်နိုင်မည်ဖြစ်သောကြောင့်ပင်။

“ကောင်းပါပြီ...”

ထျန်းယန်မြို့သခင်သည် ပြုံးလျှက်ပြောလိုက်၏။

“အင်ပါယာနန်းတော်က နတ်လက်နက်တွေ ပြည့်စုံမှာ အသေချာပါပဲ”

“ဝမ်ထန်... ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက တုန်းလိုင် ကျင်းပတဲ့ပြိုင်ပွဲမှာ အစွမ်းထက်လှံသမားတစ်ယောက် ဝင်ပြိုင်ခဲ့တယ်လို့ မင်းပြောတယ်မလား။ မင်းသူ့ကို ဒီနေရာကို ဖိတ်ခေါ်ခဲ့လား”

ထျန်းယန်မြို့သခင်က ဝမ်ထန်ကို မေးလိုက်သည်။

“ဖိတ်ခေါ်ခဲ့ပါတယ် အဖေ...”

ဝမ်ထန်က ခေါင်းညိတ်လိုက်၏။ သူသည် ရီဖူရှင်းကို လှည့်ကြည့်၍ ပြောလိုက်၏။

“ချန်ခုန်းက ငွေလှံတစ်‌ချောင်းကို သုံးပါတယ်။ သူ့ရဲ့ လှံစွမ်းရည်က တော်တော်လေး အံ့အားသင့်စရာကောင်းတယ်... သူက သူ့ပြိုင်ဘက်တွေအကုန်လုံးကို လှံချက်တစ်ချက်စီနဲ့ အနိုင်ယူခဲ့တာပါ။ သူက နတ်လက်နက်ကို အလွယ်တကူပဲ အနိုင်ရသွားတာပါ”

“တွေ့ရတာဝမ်းသာပါတယ် မြို့သခင်”

ရီဖူရှင်းက ထျန်းယန်မြို့သခင်က သူ့ကိုကြည့်နေသည်ကို တွေ့လိုက်သောအခါ ဦးညွှတ်၍ အရိုအသေပေးလိုက်၏။

“အင်း...”

ထျန်းယန်မြို့သခင်သည်လည်း သူ့ကို အနည်းငယ်ခေါင်းညိတ်ပြ၍ ပြန်အရိုအသေးပေးလိုက်၏။

“လှံအင်ပါယာတုက မဟာအင်ပါယာရဲ့ တပည့်ရင်းပဲ။ သူ့ရဲ့ လှံစွမ်းရည်က ပြောင်မြောက်တယ်။ သူ့အတွက် ကောင်းကင်ဒေသမှာပြိုင်ဘက်မရှိဘူးလို့ ငါထင်ခဲ့တာ။ သူ ထျန်းယန်မြို့ကို ရောက်လာတာ ကြုံတောင့်ကြုံခဲ အခွင့်အရေးပဲ။ အခွင့်သာရင် မင်း လှံအင်ပါယာတုကို ညွှန်ကြားပြသပေးဖို့ ‌တောင်းဆိုကြည့်ပေါ့... အဲဒီလိုဆို မင်းလည်း မင်းရဲ့စွမ်းရည်ကို မြှင့်တင်နိုင်မှာပဲ”

“လှံသိုင်းကျင့်ကြံတာလား...”

တုယူသည် ရီဖူရှင်းကိုကြည့်လိုက်သည်။ သူသည် ငွေရောင်မျက်နှာဖုံးတစ်ခုနှင့် မျက်နှာဖုံးအနောက်မှ စူးရှသောအကြည့်ကို တွေ့လိုက်ရသည်။ သို့သော် သူသည် ရီဖူရှင်းကို အလေးအနက်မထားဟန်ဖြင် အကြည့်ပြန်ရုတ်သိမ်းလိုက်သည်။

သူသည် ‌သေချာပေါက် ရီဖူရှင်းကို အရေးစိုက်ရန် မလိုပေ။ ထိုလူသည် မြို့သခင်ရုံးတော်နှင့် ပူးပေါင်းလိုသော တိုက်ခိုက်စွမ်းရည်ကောင်းကောင်းရှိသူတစ်ဦးသာဖြစ်သည်။ သူ့ကိုတိုက်ခိုက်ခြင်းသည် လှံလမ်းစဉ်နှင့် ဆန့်ကျင်သလိုဖြစ်နေပေလိမ့်မည်။

ရီဖူရှင်းသည် တုယူ၏အကြည့်အတွင်းရှိ အရေးမစိုက်မှုကို သတိပြုမိလိုက်သည်။ တုယူသည် အရှင်ဒွန်ဟောင်၏ တပည့်တစ်ဦးဖြစ်သဖြင့် ပြင်ပလောကများမှ ကျင့်ကြံသူတစ်ဦးကို သေချာပေါက် အရေးစိုက်မည်မဟုတ်ပေ။

All Chapters